Truyen3h.Co

Her Devil Hero

Part 12

KimFany059

#Unicode

"Roseanne!"

Ruby Jane မှာ လက်ထဲက ဘောပင်ပြုတ်ကျသွားပြီး မော့ကြည့်သောအခါ သူမကို ပြုံးပြီး ကြည့်နေတဲ့ Roseanneကို တွေ့ရလေသည်

"Long time no seeနော်....Ruby... အာ ဘာတဲ့ Jennie တဲ့ ..."

Ruby Jane ရဲ့ ရင်ဘတ်က နာမည်ကဒ်ကို ဖတ်ပြီး Roseanne နှုတ်ဆက်လိုက်သည်

"ဒီ ဒီကို ဘယ်လိုလုပ်ရောက်လာတာလည်း "

"Hey အခန်းထဲ ကော်ဖီကုန်နေလို့ လာပို့ခိုင်းပေးပါအုံး အခန်းနံပါတ် 501 "

ဟိုတယ်မှ ဧည့်သည်တစ်ယောက်က ရောက်လာသောကြောင့် Roseanneတို့ စကားပြတ်သွားတယ်

"ဟုတ်ကဲ့ Sir ပို့ခိုင်းလိုက်ပါမယ် "

"ကြည့်ရတာ မင်း အလုပ်ရှုပ်နေတဲ့ ပုံဘဲ အလုပ်ကို အေးဆေးလုပ်ပါ Ruby နောက်မှ အေးဆေးတွေ့ကြတာပေါ့....ချစ်တယ်နော် "

Roseanne မျက်စိမှိတ်ပြပြီး ဓာတ်လှေကားထဲ ဝင်သွားတယ်

Ruby Janeကတော့ ဓာတ်လှေကားထဲ ဝင်သွားတဲ့ Roseanne ကို ကြည့်ပြီး ကျောက်ရုပ်ကြီးလို မတ်တပ်မေ့နေသည်

"Hey Jennie ငါနောက်ကျသွားတယ် sorry ငါ့ကောင်မလေးဆီ မုန့်သွားပို့ပေးနေရလို့ "

Liam သူမ ပခုံးကို လာပုတ်တဲ့အခါမှ Ruby Jane အသိစိတ် ပြန်ဝင်လာသည်

"ဘာတွေထူးသေးလည်း "

Liam မှာ တစ်နေ့တာ စာအုပ်ကို ဖတ်ရင်းမေးတော့ Ruby Jane အခန်းနံပါတ် 501က ကော်ဖီတောင်းထားတာကို သတိရပြီး သက်ဆိုင်ရာ ဌာနကို ဖုန်းဆက်ကာ အခန်းနံပါတ်  501ဆီ ကော်ဖီထုပ် ပို့ပေးဖို့ ပြောလေသည်

Ruby Janeမှာ သူမ ဒီလောက်ထိ နာမည်ပြောင်းပြီး ဟိုတယ်သေးသေးလေးမှာ အလုပ်လုပ်နေတာတောင် Roseanne တစ်ယောက်က ဘယ်လိုရှာတွေ့သွားလည်းဆိုတာ စဥ်းစားမရဖြစ်နေသည်

တီတီတီ

Ruby Jane မှာ ဧည့်သည်သွင်းနေစဥ် ဖုန်းမြည်လာသောကြောင့် Liamက ကိုင်လိုက်သည်

"Hey Jennie. ..အခန်းနံပါတ် 205က ကိုရီးယားလူမျိုးထင်တယ် မင်းနဲ့စကားပြောချင်လို့ထင်တယ် Jennieလို့ အဲ့တစ်ခွန်းဘဲ English လိုပြောပြီး ကျန်တာ ကိုရီးယားလို ပြောနေတယ်...."

Liam စကားကြောင့် Ruby Jane သက်ပြင်းချလိုက်သည်

"Ok Liam... ဒါဆို မိတ္တူ ကူးထားတဲ့ သူတို့ passport တွေကို system ထဲ ထည့်ပေးပါလား "

"Fine Jennie "

Ruby Jane လုပ်လက်စအလုပ်ကို Liamဆီ လွှဲလိုက်ပြီး ဖုန်းကိုင်လိုက်သည်

"Hello Jennie from Reception "

"Hello အချစ်ကလေး.... "

"Yes Madam ဘာအလိုရှိလို့လည်း မသိဘူး ဘာကူညီပေးရမလည်းရှင့် ...."

တစ်ဖက်က Ruby Janeက တစ်ရိုတစ်သေပြောနေလို့ Roseanne ရယ်ပြီး လက်ထဲက ဘီယာဗူးကို ကြည့်ရင်း

"အလိုရှိတာကတော့ မင်းဘဲ Jennie ကူညီရမှာကတော့ Dutyထွက်ရင် ငါနဲ့ ခဏလိုက်တွေ့ပေး "

"Roseanne. ..နင် ဘာတွေလုပ်ဖို့ စဥ်းစားနေတယ်ဆိုတာ မသိပေမယ့် ငါ့ကို ဆက်မနှောင့်ယှက်ပါနဲ့ဟာ.... ငါ တကယ်... "

"အင်း မင်း ငါနဲ့မတွေ့ချင်ဘူးဆိုရင် မနက်ဖြန်ကျ အခန်းနံပါတ် 204က ဘိုးတော်ရဲ့ အလောင်းကိုတွေ့ရလိမ့်မယ် အချစ်ကလေး "

"နင် နင် ငါ့ကို ခြိမ်းခြောက်နေတာလား...."

"ခြိမ်းခြောက်တာ မဟုတ်ပါဘူး ငါ့စကားနားမထောင်ရင် ဘာဖြစ်မယ်ဆိုတာ ပြောပြတာပါ မင်းလည်း သိပါတယ် Ruby ရ ငါက ငါ့စကားနားမထောင်ရင် ဘာလုပ်တတ်တယ်ဆိုတာရယ် အပြောနဲ့အလုပ်ညီတယ်ဆိုတာ မင်းအသိဆုံးပါ "

တစ်ဖက်က Roseanneက ခြိမ်းခြောက်စကားပြောနေလို့ Ruby Jane အသက်ဝဝရှူပြီး သက်ပြင်းချလိုက်သည်

"ကောင်းပြီ ညဆယ်ခွဲကျ အလုပ်ဆင်းပြီ ခဏတွေ့ကြမယ် ခဏဘဲနော် "

"Yes ဒါမှ ငါ့အချစ်ကလေး Ruby "

"အခု အလုပ်များနေလို့ ဖုန်းချလိုက်ပြီ "

"Ok baby. ..."

Ruby Jane ဖုန်းချပြီး သက်ပြင်းချလိုက်တော့ Liamမှာ စိတ်ပူလို့ မေးလိုက်သည်

"Jennie ဟို ကိုရီးယားမက ဘာရစ်လိုက်လို့လည်း မင်း သက်ပြင်းတွေ တအားချနေတယ်... "

"Aww ဒီနားတစ်ဝိုက် ကိုရီးယားစားသောက်ဆိုင် ဘယ်နားရှိလည်းဆိုပြီး ရစ်နေလို့ပါ ဘာမှမဟုတ်ဘူးရယ် "

Liamကို အမှန်တိုင်း မပြောပြချင်လို့ Ruby Jane လိမ်ပြောလိုက်သည် 

Ruby Jane မှာ Roseanne နဲ့ တွေ့ရင် ဘာပြောရမလည်းဆိုတာ စဥ်းစားနေသည်....

လူတစ်ယောက်ကို ထပ်ပြီး သတ်ပစ်မှာဆိုးလို့သာ Roseanneနဲ့ တွေ့ရတယ်......Ruby Jane စိတ်ထဲမှာတော့ Roseanne ကို ကြောက်နေမိသည်

Ruby Jane စိုးရိမ်စိတ်တွေနဲ့ အလုပ်လုပ်နေရင်း
ဂျူတီဆင်းချိန်နား နီးလာသည်

Roseanne တစ်ယောက် ဓာတ်လှေကားထဲက ထွက်လာပြီး ချောင်းဟန့်လိုက်သည်

Ruby Jane လည်း သူမကို လှမ်းကြည့်ရင် မျက်ခုံးပင့်ပြပြီး ဟိုတယ်ထဲက ထွက်သွားသည်

Ruby Jane ဂျူတီပြီးလို့ Uniform လဲပြီး ဟိုတယ်ထဲက ထွက်လာတော့ ဟိုတယ်အပြင်ဘက်တွင် လမ်းမီးတိုင်ကို မှီကာ စီးကရက်ဖွာနေတဲ့ Roseanneကို တွေ့ရလေသည်

"ဆေးလိပ်တွေ ဘာလို့သောက်နေတာလည်း "

Ruby Jane သူကိုယ်တိုင်တောင် မသိလိုက်ဘဲ Roseanne လက်က ဆေးလိပ်ကို ယူပြီး မြေကြီးပေါ် ပစ်ချလိုက်သည်

"Hey ဘာလုပ်တာလည်း "

"ငါ ဆေးလိပ်နံ့တွေ မခံနိုင်ဘူး.... မသောက်နဲ့...."

"ဆေးလိပ်တွေ သောက်မယ့်အစား Ruby နှုတ်ခမ်းကိုဘဲ လာနမ်းပါ့လား စွဲလမ်းတာချင်း အတူတူ Ruby နှုတ်ခမ်းက အန္တရာယ် မရှိဘူးလေဆိုပြီး မပြောဘူးလား "

"ဆုတောင်းလေ...."

Ruby Jane စကားကြောင့် Roseanne ရယ်လိုက် သည်

"ကဲ ဘယ်သွားမှာလည်း Roseanne "

"မင်းနဲ့ တွေ့ချင်လို့သာ ချိန်းတာ ဘယ်သွားရမှန်းငါမသိဘူး ပြီးကျ ငါ့မှာ မော်တော်ယာဥ်လည်းမရှိဘူးလေ "

"Humm ငါ့မှာစက်ဘီးရှိတယ် ဒီနားမှာ ညနက်ထိဖွင့်ထဲ ကော်ဖီဆိုင်လေးတစ်ဆိုင်ရှိတယ် အဲ့ကို သွားမယ်လေ "

"ကောင်းပြီ "

"ဒါဆို ခဏစောင့် ငါစက်ဘီးထုတ်လိုက်အုံးမယ်'

Ruby Jane တစ်ယောက် မော်တော်ယာဥ်တွေ ထားတဲ့ဘက်ကို သွားပြီး သူမ စက်ဘီးကို ထုတ်လေသည်

ထို့နောက်

"ငါ နင်းရမှာလား "

Roseanneက စက်ဘီးအနောက်မှာ ထိုင်လို့ Ruby Jane မေးလိုက်သည်

"အင်းလေ ငါက စက်ဘီးမနင်းတတ်ဘူး "

"ဆိုင်ကယ်ကျ မောင်းတတ်ပြီး စက်ဘီးကျ မနင်းတတ်ဘူးတဲ့ အံ့သြဘ "

Ruby Jane မျက်မှောင်ကြုတ်ကာ ပြောပြီး စက်ဘီးပေါ် တက်ခွလိုက်သည်

Ruby Janeရဲ့ ခါးကို Roseanne ဖက်ပြီး Ruby Jane နောက်ကျောပေါ် မျက်နှာလေးအပ်ကာ Roseanne သူမနှာခေါင်းလေးနဲ့ Ruby Janeရဲ့ နောက်ကျောကို ပွတ်သပ်နေသည်

Ruby Janeမှာတော့ Roseanneရဲ့ အပြုအမူကြောင့် ကြက်သီးတွေ ထလာပြီး ရင်တွေခုန်လာပြန်သည်

သူ ဘယ်လောက်ဘဲ ထွက်ပြေးပြေး Roseanneနဲ့ တွေ့ရင် Roseanne အပြုအမူကြား ဘာလို့ ရင်ခုန်ပြီး ကျရှုံးသွားမှန်း Ruby Jane မသိတော့ပေ

"Ruby. ..မင်းရော ငါနဲ့လျှောက်လည်တုံးကလေ ငါ့ခါးကို ဖက်ထားရတော့ အခုလိုဘဲ ရင်ခုန်လားဟင်....ငါတော့ ရင်တွေခုန်လွန်းလို့ ရင်ဘတ်တစ်ခုလုံး ပေါက်ကွဲသွားတော့မလို ခံစားနေရတယ်...."

Roseanneရဲ့ စကားကြောင့် Ruby Jane စိတ်လှုပ်ရှားသွားပြီး ဒူးတွေတုန်လာသည် စက်ဘီးတောင် မနည်း ကြိုးစားအားထုတ်နင်းနေရင်း ကော်ဖီဆိုင်ကို ရောက်ဖို့သာ ဆုတောင်းနေမိသည်

#TBC

#zawgyi

"Roseanne!"













"ဘာတွေထူးသေးလည်း "



တီတီတီ





"Fine Jennie "



"Hello အချစ်ကလေး.... "












"Ok baby. ..."













"Hey ဘာလုပ်တာလည်း "



"ဆုတောင်းလေ...."





"ကောင်းပြီ "



ထို့နောက်

"ငါ နင်းရမှာလား "










#TBC

Bạn đang đọc truyện trên: Truyen3h.Co