Part 18
#Unicode
"Roseanne "
Ruby Jane ဂျူတီက ထွက်လာတော့ ကားထဲမှာ သူမကို စောင့်နေတဲ့ Roseanne ကို လှမ်းခေါ်လိုက်သည်
"Duty ဆင်းပြီလား Ruby "
Roseanne ကားပေါ်က ဆင်းလာပြီး Ruby Janeရဲ့ စက်ဘီးကို ကူသယ်ပေးကာ ကားနောက်ခန်းထဲ ထည့်ပေးလိုက်သည်
အိမ်ပြန်လမ်းတွင် Roseanneတို့ တိတ်ဆိတ်နေကြသည်
အရင်က စကားမရှိစကားရှာ ပြောလေ့ရှိတဲ့ Roseanneမှာ ယခုတော့ Ruby Janeကို ဘာမှမပြောဘဲ တိတ်ဆိတ်စွာနဲ့ ကားမောင်းနေသည်
Roseanne တစ်ယောက် သူမကို စိတ်ဆိုးနေတယ်ဆိုတာ Ruby Jane သိသည်
အိမ်ကိုရောက်သောအခါ
"ဟင် အိမ်တံခါးက သော့ခတ်ထားတာ ခုမှ သတိရတယ် နင် ဟိုတယ်က Check out လုပ်ပြီး ဘယ်မှာနေနေတာလည်း "
Ruby Jane တစ်ယောက် ကားပေါ်က ဆင်းလာမှ အိမ်တံခါးသော့ခတ်ထားတာကို သတိရပြီး Roseanneကို မေးလိုက်သည်
"ကားထဲမှာ နေနေတာ "
Roseanneရဲ့ စကားကြောင့် Ruby Jane အားနာပြီး စိတ်မကောင်းဖြစ်သွားတယ်
အခန်းထဲရောက်သောအခါ Roseanneကတော့ ပက်လက်လှဲပြီး အိပ်နေသည်
Ruby Janeမှာ Roseanneကို ကျောပေးရာကနေ Roseanne ဘက် ပြန်လှည့်လိုက်သည်
"Roseanne "
"အင်း.... "
"ငါနဲ့ Liamက သူငယ်ချင်းပါ "
"အင်း သိတယ်လေ.....နင် ငါ့ကိုပြောပြဖူးတယ်လေ..."
"ခုနက ကိစ္စက သူက ငါ့ကို အလုပ်ကိစ္စတစ်ခုကို အကူအညီတောင်းတာ ငါက မလုပ်ပေးလို့..."
"နင့်ပခုံးကို ကိုင်လိုက်တာပေါ့ "
"အာ ဒီတိုင်း သူငယ်ချင်း လုပ်ဖော်ကိုင်ဖက်တွေပါ သူများတွေနဲ့လည်း အဲ့လိုဘဲလေ "
"Aww ...."
"နင်ကလည်းဟာ အဲ့လိုကြီး စိတ်မဆိုးပါနဲ့...."
"ငါ ကောင်လေးတွေနဲ့ ရောနှောနေတာတွေ ငါ မကြိုက်ဘူးဆိုတာ နင် ဟိုးကတည်းက သိတယ်မလား "
"သိပါတယ် ဒါကြောင့် ငါ တောင်းပန်နေတာပါ နောက် နင် မကြိုက်ရင် Liamနဲ့ ငါ မရောတော့ဘူးလေနော် "
Ruby Janeမှာ Liam ကို Roseanne တစ်ခုခုလုပ်ပစ်မှာ စိတ်ပူပြီး ချော့နေသည်
"Roseanne. ..."
Roseanne က ဘာမှပြန်မပြောသောကြောင့် Roseanneရဲ့ လက်မောင်းကို ဆွဲကိုင်ပြီး Ruby Jane ချွဲလိုက်သည်
"ဘာလည်း "
"စိတ်မဆိုးပါနဲ့လို့...နော် '
"စိတ်ဆိုးပြေစေချင်တာလား "
"ဟုတ်တယ် နော် နော် "
"ကောင်းပြီလေ စိတ်ဆိုးပြေစေချင်တယ်ဆိုရင် ငါ့ကို အာဘွားပေး "
Roseanne သူမပါးကို ဖောင်းပြပြီး လက်ညိုးထိုးပြတော့ Ruby Jane ရှက်သွားတယ်
သို့သော်လည်း Leoတုံးကလို ဖြစ်ရပ်မျိုး ထပ်အဖြစ်မခံစေချင်တော့လို့ Roseanne ကို အနုနည်းနဲ့ ချော့ဖို့ Ruby Jane ဆုံးဖြတ်ချက် ချလိုက်သည်
ပြွတ်စ်
Ruby Janeက သူမ ပါးလေးကို တကယ် လာနမ်းသောကြောင့် Roseanne အံ့သြသွားတယ်
"Ruby. ...."
Ruby Janeမှာ ရှက်ပြီး Roseanneကို ကျောပေးလိုက်သည်
"နင်သိလား Ruby Jane. ...ငါ ဘာလို့ ငယ်ကတည်းကနေ ခုထိ နင့်ကို အနိုင်ကျင့်တဲ့သူတွေ လက်ကနေ ကာကွယ်ခဲ့လည်းဆိုတာ...."
"ငါက နင့်ရဲ့ အချစ်ဆုံး သူငယ်ချင်းမို့လို့မလား "
"ဟင့်အင်း မဟုတ်ဘူး "
Roseanne ပြောပြီး Ruby Janeပေါ် တက်ခွသည်
"Roseanne ဘာလုပ်တာလဲ "
"နင်က ငါ့အချစ်ဆုံး သူငယ်ချင်း မဟုတ်ဘူး .....ငါ အချစ်ရဆုံးသော အမျိုးသမီးဘဲ ငါနင့်ကို ချစ်တယ် Ruby ....ငါ နင့်ကို ပိုင်ဆိုင်ချင်တယ် "
Roseanne ပြောပြီး Ruby Janeရဲ့ လည်ပင်းကို နမ်းတော့ Ruby Janeမှာ ရုန်းလေသည်
"ဖယ်ပါ Roseanne ငါ မကြိုက်ဘူး ...."
Rubyက ငြင်းနေပေမယ့် Roseanneက ဇွတ်နမ်းပြီး အဆင့်ကျော်ဖို့ ကြိုးစားနေသောကြောင့် Ruby ဘာမှမတွေးမိဘဲ ရုတ်တရက် Roseanneကို ရိုက်လိုက်မိသည်
ဖြန်း
"Ruby. ..."
အရိုက်ခံရတဲ့ သူမရဲ့ပါးကို ကိုင်ပြီး Ruby Janeကို Roseanne တအံ့တသြနဲ့ ကြည့်လိုက်မိသည်
ခုနက သူမကို လာနမ်းသောကြောင့် Roseanneမှာ Ruby Janeက အခွင့်အရေးပေးတယ် ထင်ပြီး လုပ်ခဲ့မိတာလေ
ခုတော့ အရိုက်ခံရတဲ့ သူမမျက်နှာလေးကို ကိုင်ပြီး Roseanne တစ်ယောက် တအံ့တသြဖြစ်နေသည်
"နင်..."
"ငါ ငါ မရည်ရွယ်ပါဘူး Roseanne "
Ruby Janeမှာ သူမ လက်လွန်သွားကြောင်း သိပြီး Roseanneကို တောင်းပန်ပေမယ့် Roseanneမှာ ခေါင်းခါပြပြီး Ruby Jane ကိုယ်ပေါ်က ဆင်းလိုက်သည်
Roseanne ဘာမှမပြောဘဲ သူမဖုန်းနဲ့ ကားသော့ကို ကောက်ယူပြီး Ruby Jane အခန်းထဲက ထွက်လာသည်
"Roseanne Roseanne. .."
Ruby Jane လိုက်ခေါ်ပေမယ့် Roseanneမှာ ကားနဲ့ မောင်းထွက်သွားသည်
"ဟာ ဒုက္ခပါဘဲ ငါကလည်း ဘာလုပ်မိလည်း မသိဘူး "
Roseanneမှာတော့ အရိုက်ခံရလို့ စိတ်တိုပြီး Ruby Jane အိမ်ကနေ မောင်းထွက်လာစဥ် Liamဆီက message ဝင်လာလို့ ကားကို လမ်းဘေးထိုးရပ်လိုက်သည်
From Liam
Roseanne အထင်မလွဲပါနဲ့နော် ကျွန်တော်နဲ့ Jennieက ရိုးရိုးသားသားပါ....စိတ်မဆိုးပါနဲ့နော်......
To Liam
အင်း...
From Liam
ဟိုလေ မနက်ဖြန် ကျွန်တော့်နားရက်....
Ruby Janeဆီက အရိုက်ခံရလို့ စိတ်တိုနေတဲ့ Roseanne တစ်ယောက်မှာ Liamရဲ့ messageကို ဖတ်ပြီး Devil smileနဲ့ ပြုံးလိုက်သည်
To Liam
သိပါတယ် တို့တွေ Blind Date လုပ်ကြမလား ....တို့အိမ်မှာ အရုပ်တွေနဲ့ ကစားမယ်လေ
Roseanneရဲ့ Message ကို ဖတ်ပြီး Liamမှာ အရမ်းပျော်သွားတယ်
From Liam
တကယ်လား...ဒါဆို မနက်ဖြန် ဘယ်မှာတွေ့မလည်း
To Liam
မြို့ထဲက Golden Star coffee ဆိုင်ကို လာခဲ့လေ
From Liam
ကောင်းပြီ good night ပါနော် မနက်ဖြန်အတွက် ရင်ခုန်နေပါပြီ
Roseanneလည်း Liamကို စာပြန်မပို့ဘဲ နီးစပ်ရာ Motel ဆီ သွားလိုက်သည်
Liamကတော့ အပျော်တွေလွန်ပြီး 24 hours စတိုးဆိုင်ကို သွားကာ အဖော်တွေ ဝယ်ယူနေသည်
TIME TO PLAY LIAM!
Liamမှာ စိတ်လှုပ်ရှားလွန်းလို့ ကားမောင်းနေတဲ့ Roseanneကို ခဏခဏ ခိုးကြည့်နေသည်
"ဟို အခုက ဘယ်ကိုသွားနေတာလည်းဟင် "
"မနေ့ညက တို့ပြောခဲ့တယ်လေ တို့အိမ်ကို သွားမယ်လို့ "
"ဟင် Roseanneဆီမှာ အိမ်ရှိတာလား "
"အင်း ဟုတ်တယ် ဒီမှာ စီးပွားရေးလုပ်နေတာ နည်းနည်းကြာမှာမို့ အိမ်ငှားထားတာ "
"Aww ဒါကြောင့် ညက Check out ထွက်သွားတာကိုး ဒါပေမယ့် Jennieကို ပြောတော့ကျ သူ့အိမ်မှာနေမယ်ဆို "
Liamက မေးခွန်းတွေ ဆက်တိုက်မေးနေသောကြောင့် Roseanne မျက်မှောင်ကြုတ်မိသည်
"Liamက တော်တော် အမေးအမြန်းထူပြီး စကားများတယ်နော် တို့က စကားများတဲ့ ကောင်လေးတွေဆို မကြိုက်ဘူး "
Roseanneရဲ့ စကားကြောင့် Liamမှာ ပြာပြာသလဲနဲ့ တောင်းပန်လိုက်သည်
"ရပါတယ်... "
Roseanneရဲ့ အိမ်ကိုရောက်တော့ Liamမှာ ရင်တွေအရမ်းခုန်နေသည်
"ကဲ အိမ်ထဲဝင်ခဲ့လေ Liam. ....ရေလေးဘာလေး အရင်သောက်ပြီးမှ မြေတိုက်ခန်းက Playground မှာ ကစားကြမယ်လေ "
"ကြိုက်တယ်ဗျာ လိုရမယ်ရ အဖော်ဝယ်ခဲ့တယ် "
Liamမှာ သူ့ဘောင်းဘီအိတ်ထဲက အဖော်ထုပ်တွေ ထုတ်ပြတော့ Roseanne မှာ ရယ်လိုက်သည်
Liamကို အမောပြေရေတိုက်ပြီးနောက် Roseanne သူမရဲ့ မြေအောက်ခန်းထဲသို့ Liamကို ခေါ်လာသည်
WELCOME TO MY HELL !!!!
Liamကတော့ တဏှာစိတ်ကြောင့် ငရဲထဲရောက်နေမှန်း မသိ ဖြစ်နေသည်
#TBC
#zawgyi
"Roseanne "
Ruby Jane ဂ်ဴတီက ထြက္လာေတာ့ ကားထဲမွာ သူမကို ေစာင့္ေနတဲ့ Roseanne ကို လွမ္းေခၚလိုက္သည္
"Duty ဆင္းၿပီလား Ruby "
Roseanne ကားေပၚက ဆင္းလာၿပီး Ruby Janeရဲ႕ စက္ဘီးကို ကူသယ္ေပးကာ ကားေနာက္ခန္းထဲ ထည့္ေပးလိုက္သည္
အိမ္ျပန္လမ္းတြင္ Roseanneတို႔ တိတ္ဆိတ္ေနၾကသည္
အရင္က စကားမရွိစကားရွာ ေျပာေလ့ရွိတဲ့ Roseanneမွာ ယခုေတာ့ Ruby Janeကို ဘာမွမေျပာဘဲ တိတ္ဆိတ္စြာနဲ႕ ကားေမာင္းေနသည္
Roseanne တစ္ေယာက္ သူမကို စိတ္ဆိုးေနတယ္ဆိုတာ Ruby Jane သိသည္
အိမ္ကိုေရာက္ေသာအခါ
"ဟင္ အိမ္တံခါးက ေသာ့ခတ္ထားတာ ခုမွ သတိရတယ္ နင္ ဟိုတယ္က Check out လုပ္ၿပီး ဘယ္မွာေနေနတာလည္း "
Ruby Jane တစ္ေယာက္ ကားေပၚက ဆင္းလာမွ အိမ္တံခါးေသာ့ခတ္ထားတာကို သတိရၿပီး Roseanneကို ေမးလိုက္သည္
"ကားထဲမွာ ေနေနတာ "
Roseanneရဲ႕ စကားေၾကာင့္ Ruby Jane အားနာၿပီး စိတ္မေကာင္းျဖစ္သြားတယ္
အခန္းထဲေရာက္ေသာအခါ Roseanneကေတာ့ ပက္လက္လွဲၿပီး အိပ္ေနသည္
Ruby Janeမွာ Roseanneကို ေက်ာေပးရာကေန Roseanne ဘက္ ျပန္လွည့္လိုက္သည္
"Roseanne "
"အင္း.... "
"ငါနဲ႕ Liamက သူငယ္ခ်င္းပါ "
"အင္း သိတယ္ေလ.....နင္ ငါ့ကိုေျပာျပဖူးတယ္ေလ..."
"ခုနက ကိစၥက သူက ငါ့ကို အလုပ္ကိစၥတစ္ခုကို အကူအညီေတာင္းတာ ငါက မလုပ္ေပးလို႔..."
"နင့္ပခုံးကို ကိုင္လိုက္တာေပါ့ "
"အာ ဒီတိုင္း သူငယ္ခ်င္း လုပ္ေဖာ္ကိုင္ဖက္ေတြပါ သူမ်ားေတြနဲ႕လည္း အဲ့လိုဘဲေလ "
"Aww ...."
"နင္ကလည္းဟာ အဲ့လိုႀကီး စိတ္မဆိုးပါနဲ႕...."
"ငါ ေကာင္ေလးေတြနဲ႕ ေရာႏွောေနတာေတြ ငါ မႀကိဳက္ဘူးဆိုတာ နင္ ဟိုးကတည္းက သိတယ္မလား "
"သိပါတယ္ ဒါေၾကာင့္ ငါ ေတာင္းပန္ေနတာပါ ေနာက္ နင္ မႀကိဳက္ရင္ Liamနဲ႕ ငါ မေရာေတာ့ဘူးေလေနာ္ "
Ruby Janeမွာ Liam ကို Roseanne တစ္ခုခုလုပ္ပစ္မွာ စိတ္ပူၿပီး ေခ်ာ့ေနသည္
"Roseanne. ..."
Roseanne က ဘာမွျပန္မေျပာေသာေၾကာင့္ Roseanneရဲ႕ လက္ေမာင္းကို ဆြဲကိုင္ၿပီး Ruby Jane ခြၽဲလိုက္သည္
"ဘာလည္း "
"စိတ္မဆိုးပါနဲ႕လို႔...ေနာ္ '
"စိတ္ဆိုးေျပေစခ်င္တာလား "
"ဟုတ္တယ္ ေနာ္ ေနာ္ "
"ေကာင္းၿပီေလ စိတ္ဆိုးေျပေစခ်င္တယ္ဆိုရင္ ငါ့ကို အာဘြားေပး "
Roseanne သူမပါးကို ေဖာင္းျပၿပီး လက္ညိုးထိုးျပေတာ့ Ruby Jane ရွက္သြားတယ္
သို႔ေသာ္လည္း Leoတုံးကလို ျဖစ္ရပ္မ်ိဳး ထပ္အျဖစ္မခံေစခ်င္ေတာ့လို႔ Roseanne ကို အႏုနည္းနဲ႕ ေခ်ာ့ဖို႔ Ruby Jane ဆုံးျဖတ္ခ်က္ ခ်လိဳက္သည္
ႁပြတ္စ္
Ruby Janeက သူမ ပါးေလးကို တကယ္ လာနမ္းေသာေၾကာင့္ Roseanne အံ့ၾသသြားတယ္
"Ruby. ...."
Ruby Janeမွာ ရွက္ၿပီး Roseanneကို ေက်ာေပးလိုက္သည္
"နင္သိလား Ruby Jane. ...ငါ ဘာလို႔ ငယ္ကတည္းကေန ခုထိ နင့္ကို အနိုင္က်င့္တဲ့သူေတြ လက္ကေန ကာကြယ္ခဲ့လည္းဆိုတာ...."
"ငါက နင့္ရဲ႕ အခ်စ္ဆုံး သူငယ္ခ်င္းမို႔လို႔မလား "
"ဟင့္အင္း မဟုတ္ဘူး "
Roseanne ေျပာၿပီး Ruby Janeေပၚ တက္ခြသည္
"Roseanne ဘာလုပ္တာလဲ "
"နင္က ငါ့အခ်စ္ဆုံး သူငယ္ခ်င္း မဟုတ္ဘူး .....ငါ အခ်စ္ရဆုံးေသာ အမ်ိဳးသမီးဘဲ ငါနင့္ကို ခ်စ္တယ္ Ruby ....ငါ နင့္ကို ပိုင္ဆိုင္ခ်င္တယ္ "
Roseanne ေျပာၿပီး Ruby Janeရဲ႕ လည္ပင္းကို နမ္းေတာ့ Ruby Janeမွာ ႐ုန္းေလသည္
"ဖယ္ပါ Roseanne ငါ မႀကိဳက္ဘူး ...."
Rubyက ျငင္းေနေပမယ့္ Roseanneက ဇြတ္နမ္းၿပီး အဆင့္ေက်ာ္ဖို႔ ႀကိဳးစားေနေသာေၾကာင့္ Ruby ဘာမွမေတြးမိဘဲ ႐ုတ္တရက္ Roseanneကို ရိုက္လိုက္မိသည္
ျဖန္း
"Ruby. ..."
အရိုက္ခံရတဲ့ သူမရဲ႕ပါးကို ကိုင္ၿပီး Ruby Janeကို Roseanne တအံ့တၾသနဲ႕ ၾကည့္လိုက္မိသည္
ခုနက သူမကို လာနမ္းေသာေၾကာင့္ Roseanneမွာ Ruby Janeက အခြင့္အေရးေပးတယ္ ထင္ၿပီး လုပ္ခဲ့မိတာေလ
ခုေတာ့ အရိုက္ခံရတဲ့ သူမမ်က္ႏွာေလးကို ကိုင္ၿပီး Roseanne တစ္ေယာက္ တအံ့တၾသျဖစ္ေနသည္
"နင္..."
"ငါ ငါ မရည္႐ြယ္ပါဘူး Roseanne "
Ruby Janeမွာ သူမ လက္လြန္သြားေၾကာင္း သိၿပီး Roseanneကို ေတာင္းပန္ေပမယ့္ Roseanneမွာ ေခါင္းခါျပၿပီး Ruby Jane ကိုယ္ေပၚက ဆင္းလိုက္သည္
Roseanne ဘာမွမေျပာဘဲ သူမဖုန္းနဲ႕ ကားေသာ့ကို ေကာက္ယူၿပီး Ruby Jane အခန္းထဲက ထြက္လာသည္
"Roseanne Roseanne. .."
Ruby Jane လိုက္ေခၚေပမယ့္ Roseanneမွာ ကားနဲ႕ ေမာင္းထြက္သြားသည္
"ဟာ ဒုကၡပါဘဲ ငါကလည္း ဘာလုပ္မိလည္း မသိဘူး "
Roseanneမွာေတာ့ အရိုက္ခံရလို႔ စိတ္တိုၿပီး Ruby Jane အိမ္ကေန ေမာင္းထြက္လာစဥ္ Liamဆီက message ဝင္လာလို႔ ကားကို လမ္းေဘးထိုးရပ္လိုက္သည္
From Liam
Roseanne အထင္မလြဲပါနဲ႕ေနာ္ ကြၽန္ေတာ္နဲ႕ Jennieက ရိုးရိုးသားသားပါ....စိတ္မဆိုးပါနဲ႕ေနာ္......
To Liam
အင္း...
From Liam
ဟိုေလ မနက္ျဖန္ ကြၽန္ေတာ့္နားရက္....
Ruby Janeဆီက အရိုက္ခံရလို႔ စိတ္တိုေနတဲ့ Roseanne တစ္ေယာက္မွာ Liamရဲ႕ messageကို ဖတ္ၿပီး Devil smileနဲ႕ ၿပဳံးလိုက္သည္
To Liam
သိပါတယ္ တို႔ေတြ Blind Date လုပ္ၾကမလား ....တို႔အိမ္မွာ အ႐ုပ္ေတြနဲ႕ ကစားမယ္ေလ
Roseanneရဲ႕ Message ကို ဖတ္ၿပီး Liamမွာ အရမ္းေပ်ာ္သြားတယ္
From Liam
တကယ္လား...ဒါဆို မနက္ျဖန္ ဘယ္မွာေတြ႕မလည္း
To Liam
ၿမိဳ႕ထဲက Golden Star coffee ဆိုင္ကို လာခဲ့ေလ
From Liam
ေကာင္းၿပီ good night ပါေနာ္ မနက္ျဖန္အတြက္ ရင္ခုန္ေနပါၿပီ
Roseanneလည္း Liamကို စာျပန္မပို႔ဘဲ နီးစပ္ရာ Motel ဆီ သြားလိုက္သည္
Liamကေတာ့ အေပ်ာ္ေတြလြန္ၿပီး 24 hours စတိုးဆိုင္ကို သြားကာ အေဖာ္ေတြ ဝယ္ယူေနသည္
TIME TO PLAY LIAM!
Liamမွာ စိတ္လႈပ္ရွားလြန္းလို႔ ကားေမာင္းေနတဲ့ Roseanneကို ခဏခဏ ခိုးၾကည့္ေနသည္
"ဟို အခုက ဘယ္ကိုသြားေနတာလည္းဟင္ "
"မေန႕ညက တို႔ေျပာခဲ့တယ္ေလ တို႔အိမ္ကို သြားမယ္လို႔ "
"ဟင္ Roseanneဆီမွာ အိမ္ရွိတာလား "
"အင္း ဟုတ္တယ္ ဒီမွာ စီးပြားေရးလုပ္ေနတာ နည္းနည္းၾကာမွာမို႔ အိမ္ငွားထားတာ "
"Aww ဒါေၾကာင့္ ညက Check out ထြက္သြားတာကိုး ဒါေပမယ့္ Jennieကို ေျပာေတာ့က် သူ႕အိမ္မွာေနမယ္ဆို "
Liamက ေမးခြန္းေတြ ဆက္တိုက္ေမးေနေသာေၾကာင့္ Roseanne မ်က္ေမွာင္ၾကဳတ္မိသည္
"Liamက ေတာ္ေတာ္ အေမးအျမန္းထူၿပီး စကားမ်ားတယ္ေနာ္ တို႔က စကားမ်ားတဲ့ ေကာင္ေလးေတြဆို မႀကိဳက္ဘူး "
Roseanneရဲ႕ စကားေၾကာင့္ Liamမွာ ျပာျပာသလဲနဲ႕ ေတာင္းပန္လိုက္သည္
"ရပါတယ္... "
Roseanneရဲ႕ အိမ္ကိုေရာက္ေတာ့ Liamမွာ ရင္ေတြအရမ္းခုန္ေနသည္
"ကဲ အိမ္ထဲဝင္ခဲ့ေလ Liam. ....ေရေလးဘာေလး အရင္ေသာက္ၿပီးမွ ေျမတိုက္ခန္းက Playground မွာ ကစားၾကမယ္ေလ "
"ႀကိဳက္တယ္ဗ်ာ လိုရမယ္ရ အေဖာ္ဝယ္ခဲ့တယ္ "
Liamမွာ သူ႕ေဘာင္းဘီအိတ္ထဲက အေဖာ္ထုပ္ေတြ ထုတ္ျပေတာ့ Roseanne မွာ ရယ္လိုက္သည္
Liamကို အေမာေျပေရတိုက္ၿပီးေနာက္ Roseanne သူမရဲ႕ ေျမေအာက္ခန္းထဲသို႔ Liamကို ေခၚလာသည္
WELCOME TO MY HELL !!!!
Liamကေတာ့ တဏွာစိတ္ေၾကာင့္ ငရဲထဲေရာက္ေနမွန္း မသိ ျဖစ္ေနသည္
#TBC
Bạn đang đọc truyện trên: Truyen3h.Co