Part 17
#Unicode
Ruby Janeကတော့ Evening Dutyမို့ မနက်ပိုင်း ပြင်သစ်စကားပြော သင်တန်းတက်နေချိန် Roseanneကတော့ ကားတစ်စီးနဲ့ မြို့ကို ပတ်ကာ လိုအပ်တဲ့ ပစ္စည်းတွေကို ဝယ်လေသည်
လိုချင်တာတွေရပြီးနောက်မှာတော့ Roseanne တစ်ယောက် သူမ ငှားထားတဲ့ မြို့စွန်က အိမ်ကို မောင်းသွားလေသည်
Roseanne လေတချွန်ချွန်နဲ့ မြေတိုက်ခန်းထဲတွင် သူမဝယ်လာတဲ့ ပစ္စည်းတွေကို တပ်ဆင်နေသည်
ထို့နောက် အရာအားလုံး တပ်ဆင်ပြီးနောက် အပေါ်ပြန်တက်လာပြီး ဧည့်ခန်းက ဆိုဖာပေါ်ထိုင်ချပြီး ဝယ်လာတဲ့ ဘာဂါကို ထုတ်စားလေသည်
Roseanne ဘာဂါစားရင်း ဖုန်းကို ဖွင့်လိုက်သည်
ထို့နောက် Liam နဲ့ ပြောထားတဲ့ စာတွေကို ပြန်ဖတ်နေသည်
Flashback
"Roseanne နဲ့ ခင်ချင်လို့ ရလားဟင် "
Liamရဲ့ messageကို ဖတ်ပြီး Roseanne တစ်ယောက် Ruby Janeကို လှမ်းကြည့်လိုက်သည်
Ruby Janeမှာတော့ Roseanneကို ကျောပေးပြီး စိတ်ချလက်ချနဲ့ အိပ်နေသည်
Roseanne မဲ့ပြုံးပြုံးပြီး Liamရဲ့ messageကို reply ပြန်လုပ်လိုက်သည်
"ရပါတယ် တို့ phone numberကို ဘယ်လိုသိတာလည်း...."
"စိတ်တော့မဆိုးနဲ့နော် ကိုယ်လေ ဟို....ဟိုတယ်က Roseanneရဲ့ Fileထဲက မှတ်လာတာ "
"အို ဒါဆို ရှင်က စည်းကမ်းချိုးဖောက်တာပေါ့ ဧည့်သည်ရဲ့ information ကိုယ်ရေးအချက်အလက်ကို အပြင်ပေါက်ကြားခွင့်မရှိတာကို ရှင်ကတောင် တို့ ဖုန်းနံပါတ်ကို ယူလာတယ်တဲ့လား "
"အဲ့လိုဖြစ်သွားလို့ Roseanne စိတ်ရှုပ်သွားတယ်ဆို တောင်းပန်ပါတယ်...ကိုယ်က Roseanneကို သဘောကျနေလို့ပါ.....ဟိုလေ သန်ဘက်ခါကျ ကျွန်တော် အလုပ်နားတယ် Roseanneနဲ့ တွေ့ချင်လို့ရလားဟင် "
Roseanne တစ်ယောက် Liamရဲ့ Message ကို ဖတ်ပြီး တစ်ခုခုကို စဥ်းစားနေသည်
"Roseanne. ....စိတ်ဆိုးသွားတာလား reply ပြန်ပါအုံး...."
Liam က စာထပ်ပို့သောကြောင့် Roseanne မှာ အကြံတစ်ခု ဝင်လာပြီး reply ပြန်လိုက်သည်
"တို့ကို စဥ်းစားခွင့်ပေးပါအုံး မနက်ဖြန်ကျ အဖြေကို ရှင့်ဆီ စာပို့လိုက်ပါမယ် "
Roseanneရဲ့ စကားကြောင့် Liamမှာ ပျော်သွားသည်
"တကယ်လား 😍 ဒါဆို ကိုယ် Roseanneရဲ့ messageကို မျှော်နေမယ်နော် Good Nightပါ Roseanne အိမ်မက်လှလှမက်ပါစေ "
"Ok Good Night Liam "
Roseanne reply ပြန်လုပ်ပြီး ဖုန်းပိတ်ကာ စားပွဲခုံပေါ် တင်လိုက်သည်
Liamကို ဘယ်လို အကွက်ရွေ့ ကစားရမယ်ဆိုတာ Roseanne တွေးရင်း မိုးလင်းသွားခဲ့သည်
End of Flashback
Roseanne message ဖတ်ပြီးနောက် နာရီကို ကြည့်တော့ နေ့လည် တစ်နာရီ ထိုးနေပြီ
ဒီချိန်ဆို Ruby Jane သင်တန်းဆင်းပြီဆိုတာ သိလို့ Ruby Janeဆီ ဖုန်းဆက်လိုက်သည်
"Hello "
"Ruby အိမ်ပြန်ရောက်ပြီလား "
"ရောက်ပြီ ခုဘဲ နေ့လည်စာစားပြီး အလုပ်သွားဖို့ပြင်နေတာ "
"Aww အင်းပါ အသံလေး ကြားချင်လို့ ဖုန်းဆက်လိုက်တာ "
Roseanne ရဲ့ စကားကြောင့် Ruby Jane ရှက်သွားသည်
"နင်ရော အခု ဘယ်မှာလည်း...."
"ငါလား အခု စားသောက်ဆိုင် တစ်ဆိုင်မှာ နေ့လည်စာ စားနေတာ နင် ဘာစားချင်လည်း ငါ ဝယ်ခဲ့မယ်လေ "
"ရပါတယ် မဝယ်ခဲ့ပါနဲ့ ဒါဘဲနော် ငါ အလုပ်သွားတော့မလို့ "
"အလုပ်ကို သေချာဂရုစိုက်သွားနော် Ruby ချစ်တယ် မွ "
Roseanne စကားကြောင့် Ruby ရင်တွေခုန်လွန်းပြီး ဖုန်းချပစ်လိုက်သည်
"ငါ သူ့အပေါ်ကို အရင်က စိတ်တွေ ပြန်ဝင်နေတာလား...... "
Ruby Jane သူ့ကိုယ်သူ ပြန်မေးပြီး အိမ်ထဲကနေ ထွက်လာသည်
"Roseanneကို ငါ သေချာပေါက် လိုက်တော့မယ် Jennie "
Liamရဲ့ စကားကြောင့် Ruby Janeမှာ စာအုပ်ထဲ စာရေးနေရာက ရပ်သွားသည်
"သေချာသွားပြီ မနက်က ငါ့ဆော်ကို လမ်းခွဲစကားပြောခဲ့တယ်...."
"ဟူး သူကသာ ဇွတ် Roseanne ကို တမ်းတမ်းစွဲနေတာ Roseanneက ငါ့ကို ကြိုက်နေတာ သူမသိဘူး ဒီကောင်တော့ အရှခံချင်နေတာဘဲ "
Ruby Jane စိတ်ထဲကနေ တွေးပြီး ပေးစရာရှိတဲ့ guest နဲ့ ပတ်သက်တဲ့ Information တွေ စာအုပ်ထဲချရေးနေသည်
"Jennie "
"ဘာတုံးဟာ..."
တစ်နေ့လည်လုံး Roseanne အကြောင်း တရစပ်ပြောနေတဲ့ Liamကို Ruby Jane သိပ်ပြီး စိတ်မရှည်တော့ပေ
"နင်ကလည်းဟာ ငါ့ကို ငြိုငြင်တာလား.....လုပ်ပါအုံး သူ့ရဲ့ social account လေးတွေ ပေးပါအုံး ငါ့ကို Facebook or Instagram သူသုံးတာလေးတွေ ပေးပါလား '
"မသိဘူး "
"လုပ်ပါ Jennieရာ နင်ကလည်းကွာ ငါက နင့်ဆို အမြဲ ကူညီပေးနေတာကို "
Liamမှာ Jennieရဲ့ ပခုံးကို ဆောင့်ကိုင်ပြီး ပြောနေစဥ် Roseanne မှာ ဟိုတယ်ထဲသို့ ရောက်လာသည်
"အခန်းသော့ပေး "
Roseanne ရဲ့ အသံကြောင့် Ruby Janeရော Liamပါ လန့်သွားတယ်
"Roseanne. .."
"အခန်းသော့ပေးပါ "
Roseanne လေသံမာမာနဲ့ ပြောသောကြောင့် Ruby Janeမှာ အခန်းသော့ကို ယူကာ Roseanneကို အမြန်ပေးလိုက်သည်
"တောက်...."
Roseanne တောက်ခေါက်ပြီး ဓာတ်လှေကားထဲ ဝင်သွားသည်
"သွားပြီ Roseanne တော့ အထင်လွဲသွားပြီ ထင်တယ် "
Liamနဲ့ Ruby Janeမှာ ပြိုင်တူပြောမိလေသည်
Roseanne အခန်းထဲရောက်တော့ mini ရေခဲသေတ္တာထဲက ဘီယာဗူးကို ထုတ်ယူပြီး ဖောက်သောက်လိုက်သည်
"အင်း ကစားပွဲကတော့ စပြီ "
Roseanne တွေးရင်း Reception ကို ဖုန်းဆက်လိုက်သည်
"Good Evening Reception How May I Help You!"
Ruby Janeမှာ Roseanne အခန်းဆီက ဖုန်းလာလို့ ကြောက်ကြောက်လန့်လန့်နဲ့ ဖုန်းကိုင်လိုက်သည်
"Check out လုပ်မယ် House keeping လွှတ်ပေးပါ "
"ရှင် "
Ruby Janeမှာ Roseanneရဲ့ စကားကြောင့် လန့်သွားလေသည်
"Check out လုပ်မယ်လို့ပြောနေတာ မကြားဘူးလား "
"ဟို ကိုရီးယားကို ပြန်တော့မလို့လား "
"မပြန်ဘူး "
"ဟင် ဒါဆို ဟိုတယ်က Check out ထွက်ရင် နင် ဘယ်မှာနေမှာလည်း...."
"နင့်အိမ်မှာနေမှာ Ruby အခန်းခနဲ့ တခြားဟာတွေ တွက်ထား ငါ အောက်ရောက်လာရင် ရှင်းမယ် '
Roseanne ပြောပြီး ဖုန်းချလိုက်သည်
ထို့နောက် သူမ ကျောပိုးအိတ်ကို လွယ်ကာ အောက်ထပ်သို့ ဆင်းလာသည်
"Roseanne ပြန် ပြန်တော့မှာလားဟင် "
Liamမှာ မျက်နှာငယ်လေးနဲ့ မေးတော့ Roseanne ပြုံးပြပြီး
"မဟုတ်ပါဘူး ပိုက်ဆံလည်းသိပ်မလောက်တော့လို့ Ruby Jane အိမ်မှာနေမလို့လေ "
"Aww တော်သေးတာပေါ့ ဟီး နောက်ဆို Ruby Janeရဲ့ အိမ်ကို ခဏခဏလာလည်ရမယ် "
"Welcomeပါရှင် အဟင်းဟင်း.... '
Roseanne အသံကြောင့် Liamတော့မသိ Ruby Janeမှာတော့ ကြက်သီးထနေသည်
Roseanne ဘာအကွက်တွေ ရွေ့နေမှန်း Ruby Jane တစ်ယောက်မသိရဘူးလေ
"ညကျ လာကြိုမယ်နော် Ruby. ..."
Roseanne ပိုက်ဆံရှင်းပြီးနောက် Ruby Janeကို နှုတ်ဆက်ပြီး ဟိုတယ်က ထွက်သွားသည်
Ruby Janeကတော့ မကောင်းတာ တစ်ခုခုဖြစ်မလာဖို့ ရင်တထိတ်ထိတ်နဲ့ ဆုတောင်းနေသည်
#Tbc
Next part Warning 🚨🤧
မနက်ဖြန် အပြင်ထွက်မယ့်သူတွေလည်း အစစအရာရာ ပတ်ဝန်းကျင်ကို ဂရုစိုက်ကြပါနော် အပြင်ထွက်ခွင့်မရတဲ့ ကလေးတွေလည်း အင်တာနက်ပေါ်ကနေ information တွေ အများသိအောင် shareရင်း keyboard Fighter လုပ်ကြမယ်နော် ✊
#zawgyi
Ruby Janeကေတာ့ Evening Dutyမို႔ မနက္ပိုင္း ျပင္သစ္စကားေျပာ သင္တန္းတက္ေနခ်ိန္ Roseanneကေတာ့ ကားတစ္စီးနဲ႕ ၿမိဳ႕ကို ပတ္ကာ လိုအပ္တဲ့ ပစၥည္းေတြကို ဝယ္ေလသည္
လိုခ်င္တာေတြရၿပီးေနာက္မွာေတာ့ Roseanne တစ္ေယာက္ သူမ ငွားထားတဲ့ ၿမိဳ႕စြန္က အိမ္ကို ေမာင္းသြားေလသည္
Roseanne ေလတခြၽန္ခြၽန္နဲ႕ ေျမတိုက္ခန္းထဲတြင္ သူမဝယ္လာတဲ့ ပစၥည္းေတြကို တပ္ဆင္ေနသည္
ထို႔ေနာက္ အရာအားလုံး တပ္ဆင္ၿပီးေနာက္ အေပၚျပန္တက္လာၿပီး ဧည့္ခန္းက ဆိုဖာေပၚထိုင္ခ်ၿပီး ဝယ္လာတဲ့ ဘာဂါကို ထုတ္စားေလသည္
Roseanne ဘာဂါစားရင္း ဖုန္းကို ဖြင့္လိုက္သည္
ထို႔ေနာက္ Liam နဲ႕ ေျပာထားတဲ့ စာေတြကို ျပန္ဖတ္ေနသည္
Flashback
"Roseanne နဲ႕ ခင္ခ်င္လို႔ ရလားဟင္ "
Liamရဲ႕ messageကို ဖတ္ၿပီး Roseanne တစ္ေယာက္ Ruby Janeကို လွမ္းၾကည့္လိုက္သည္
Ruby Janeမွာေတာ့ Roseanneကို ေက်ာေပးၿပီး စိတ္ခ်လက္ခ်နဲ႕ အိပ္ေနသည္
Roseanne မဲ့ၿပဳံးၿပဳံးၿပီး Liamရဲ႕ messageကို reply ျပန္လုပ္လိုက္သည္
"ရပါတယ္ တို႔ phone numberကို ဘယ္လိုသိတာလည္း...."
"စိတ္ေတာ့မဆိုးနဲ႕ေနာ္ ကိုယ္ေလ ဟို....ဟိုတယ္က Roseanneရဲ႕ Fileထဲက မွတ္လာတာ "
"အို ဒါဆို ရွင္က စည္းကမ္းခ်ိဳးေဖာက္တာေပါ့ ဧည့္သည္ရဲ႕ information ကိုယ္ေရးအခ်က္အလက္ကို အျပင္ေပါက္ၾကားခြင့္မရွိတာကို ရွင္ကေတာင္ တို႔ ဖုန္းနံပါတ္ကို ယူလာတယ္တဲ့လား "
"အဲ့လိုျဖစ္သြားလို႔ Roseanne စိတ္ရႈပ္သြားတယ္ဆို ေတာင္းပန္ပါတယ္...ကိုယ္က Roseanneကို သေဘာက်ေနလို႔ပါ.....ဟိုေလ သန္ဘက္ခါက် ကြၽန္ေတာ္ အလုပ္နားတယ္ Roseanneနဲ႕ ေတြ႕ခ်င္လို႔ရလားဟင္ "
Roseanne တစ္ေယာက္ Liamရဲ႕ Message ကို ဖတ္ၿပီး တစ္ခုခုကို စဥ္းစားေနသည္
"Roseanne. ....စိတ္ဆိုးသြားတာလား reply ျပန္ပါအုံး...."
Liam က စာထပ္ပို႔ေသာေၾကာင့္ Roseanne မွာ အႀကံတစ္ခု ဝင္လာၿပီး reply ျပန္လိုက္သည္
"တို႔ကို စဥ္းစားခြင့္ေပးပါအုံး မနက္ျဖန္က် အေျဖကို ရွင့္ဆီ စာပို႔လိုက္ပါမယ္ "
Roseanneရဲ႕ စကားေၾကာင့္ Liamမွာ ေပ်ာ္သြားသည္
"တကယ္လား 😍 ဒါဆို ကိုယ္ Roseanneရဲ႕ messageကို ေမွ်ာ္ေနမယ္ေနာ္ Good Nightပါ Roseanne အိမ္မက္လွလွမက္ပါေစ "
"Ok Good Night Liam "
Roseanne reply ျပန္လုပ္ၿပီး ဖုန္းပိတ္ကာ စားပြဲခုံေပၚ တင္လိုက္သည္
Liamကို ဘယ္လို အကြက္ေ႐ြ႕ ကစားရမယ္ဆိုတာ Roseanne ေတြးရင္း မိုးလင္းသြားခဲ့သည္
End of Flashback
Roseanne message ဖတ္ၿပီးေနာက္ နာရီကို ၾကည့္ေတာ့ ေန႕လည္ တစ္နာရီ ထိုးေနၿပီ
ဒီခ်ိန္ဆို Ruby Jane သင္တန္းဆင္းၿပီဆိုတာ သိလို႔ Ruby Janeဆီ ဖုန္းဆက္လိုက္သည္
"Hello "
"Ruby အိမ္ျပန္ေရာက္ၿပီလား "
"ေရာက္ၿပီ ခုဘဲ ေန႕လည္စာစားၿပီး အလုပ္သြားဖို႔ျပင္ေနတာ "
"Aww အင္းပါ အသံေလး ၾကားခ်င္လို႔ ဖုန္းဆက္လိုက္တာ "
Roseanne ရဲ႕ စကားေၾကာင့္ Ruby Jane ရွက္သြားသည္
"နင္ေရာ အခု ဘယ္မွာလည္း...."
"ငါလား အခု စားေသာက္ဆိုင္ တစ္ဆိုင္မွာ ေန႕လည္စာ စားေနတာ နင္ ဘာစားခ်င္လည္း ငါ ဝယ္ခဲ့မယ္ေလ "
"ရပါတယ္ မဝယ္ခဲ့ပါနဲ႕ ဒါဘဲေနာ္ ငါ အလုပ္သြားေတာ့မလို႔ "
"အလုပ္ကို ေသခ်ာဂ႐ုစိုက္သြားေနာ္ Ruby ခ်စ္တယ္ မြ "
Roseanne စကားေၾကာင့္ Ruby ရင္ေတြခုန္လြန္းၿပီး ဖုန္းခ်ပစ္လိုက္သည္
"ငါ သူ႕အေပၚကို အရင္က စိတ္ေတြ ျပန္ဝင္ေနတာလား...... "
Ruby Jane သူ႕ကိုယ္သူ ျပန္ေမးၿပီး အိမ္ထဲကေန ထြက္လာသည္
"Roseanneကို ငါ ေသခ်ာေပါက္ လိုက္ေတာ့မယ္ Jennie "
Liamရဲ႕ စကားေၾကာင့္ Ruby Janeမွာ စာအုပ္ထဲ စာေရးေနရာက ရပ္သြားသည္
"ေသခ်ာသြားၿပီ မနက္က ငါ့ေဆာ္ကို လမ္းခြဲစကားေျပာခဲ့တယ္...."
"ဟူး သူကသာ ဇြတ္ Roseanne ကို တမ္းတမ္းစြဲေနတာ Roseanneက ငါ့ကို ႀကိဳက္ေနတာ သူမသိဘူး ဒီေကာင္ေတာ့ အရွခံခ်င္ေနတာဘဲ "
Ruby Jane စိတ္ထဲကေန ေတြးၿပီး ေပးစရာရွိတဲ့ guest နဲ႕ ပတ္သက္တဲ့ Information ေတြ စာအုပ္ထဲခ်ေရးေနသည္
"Jennie "
"ဘာတုံးဟာ..."
တစ္ေန႕လည္လုံး Roseanne အေၾကာင္း တရစပ္ေျပာေနတဲ့ Liamကို Ruby Jane သိပ္ၿပီး စိတ္မရွည္ေတာ့ေပ
"နင္ကလည္းဟာ ငါ့ကို ၿငိဳျငင္တာလား.....လုပ္ပါအုံး သူ႕ရဲ႕ social account ေလးေတြ ေပးပါအုံး ငါ့ကို Facebook or Instagram သူသုံးတာေလးေတြ ေပးပါလား '
"မသိဘူး "
"လုပ္ပါ Jennieရာ နင္ကလည္းကြာ ငါက နင့္ဆို အၿမဲ ကူညီေပးေနတာကို "
Liamမွာ Jennieရဲ႕ ပခုံးကို ေဆာင့္ကိုင္ၿပီး ေျပာေနစဥ္ Roseanne မွာ ဟိုတယ္ထဲသို႔ ေရာက္လာသည္
"အခန္းေသာ့ေပး "
Roseanne ရဲ႕ အသံေၾကာင့္ Ruby Janeေရာ Liamပါ လန့္သြားတယ္
"Roseanne. .."
"အခန္းေသာ့ေပးပါ "
Roseanne ေလသံမာမာနဲ႕ ေျပာေသာေၾကာင့္ Ruby Janeမွာ အခန္းေသာ့ကို ယူကာ Roseanneကို အျမန္ေပးလိုက္သည္
"ေတာက္...."
Roseanne ေတာက္ေခါက္ၿပီး ဓာတ္ေလွကားထဲ ဝင္သြားသည္
"သြားၿပီ Roseanne ေတာ့ အထင္လြဲသြားၿပီ ထင္တယ္ "
Liamနဲ႕ Ruby Janeမွာ ၿပိဳင္တူေျပာမိေလသည္
Roseanne အခန္းထဲေရာက္ေတာ့ mini ေရခဲေသတၱာထဲက ဘီယာဗူးကို ထုတ္ယူၿပီး ေဖာက္ေသာက္လိုက္သည္
"အင္း ကစားပြဲကေတာ့ စၿပီ "
Roseanne ေတြးရင္း Reception ကို ဖုန္းဆက္လိုက္သည္
"Good Evening Reception How May I Help You!"
Ruby Janeမွာ Roseanne အခန္းဆီက ဖုန္းလာလို႔ ေၾကာက္ေၾကာက္လန့္လန့္နဲ႕ ဖုန္းကိုင္လိုက္သည္
"Check out လုပ္မယ္ House keeping လႊတ္ေပးပါ "
"ရွင္ "
Ruby Janeမွာ Roseanneရဲ႕ စကားေၾကာင့္ လန့္သြားေလသည္
"Check out လုပ္မယ္လို႔ေျပာေနတာ မၾကားဘူးလား "
"ဟို ကိုရီးယားကို ျပန္ေတာ့မလို႔လား "
"မျပန္ဘူး "
"ဟင္ ဒါဆို ဟိုတယ္က Check out ထြက္ရင္ နင္ ဘယ္မွာေနမွာလည္း...."
"နင့္အိမ္မွာေနမွာ Ruby အခန္းခနဲ႕ တျခားဟာေတြ တြက္ထား ငါ ေအာက္ေရာက္လာရင္ ရွင္းမယ္ '
Roseanne ေျပာၿပီး ဖုန္းခ်လိဳက္သည္
ထို႔ေနာက္ သူမ ေက်ာပိုးအိတ္ကို လြယ္ကာ ေအာက္ထပ္သို႔ ဆင္းလာသည္
"Roseanne ျပန္ ျပန္ေတာ့မွာလားဟင္ "
Liamမွာ မ်က္ႏွာငယ္ေလးနဲ႕ ေမးေတာ့ Roseanne ၿပဳံးျပၿပီး
"မဟုတ္ပါဘူး ပိုက္ဆံလည္းသိပ္မေလာက္ေတာ့လို႔ Ruby Jane အိမ္မွာေနမလို႔ေလ "
"Aww ေတာ္ေသးတာေပါ့ ဟီး ေနာက္ဆို Ruby Janeရဲ႕ အိမ္ကို ခဏခဏလာလည္ရမယ္ "
"Welcomeပါရွင္ အဟင္းဟင္း.... '
Roseanne အသံေၾကာင့္ Liamေတာ့မသိ Ruby Janeမွာေတာ့ ၾကက္သီးထေနသည္
Roseanne ဘာအကြက္ေတြ ေ႐ြ႕ေနမွန္း Ruby Jane တစ္ေယာက္မသိရဘူးေလ
"ညက် လာႀကိဳမယ္ေနာ္ Ruby. ..."
Roseanne ပိုက္ဆံရွင္းၿပီးေနာက္ Ruby Janeကို ႏႈတ္ဆက္ၿပီး ဟိုတယ္က ထြက္သြားသည္
Ruby Janeကေတာ့ မေကာင္းတာ တစ္ခုခုျဖစ္မလာဖို႔ ရင္တထိတ္ထိတ္နဲ႕ ဆုေတာင္းေနသည္
#Tbc
Next part Warning 🚨🤧
မနက္ျဖန္ အျပင္ထြက္မယ့္သူေတြလည္း အစစအရာရာ ပတ္ဝန္းက်င္ကို ဂ႐ုစိုက္ၾကပါေနာ္ အျပင္ထြက္ခြင့္မရတဲ့ ကေလးေတြလည္း အင္တာနက္ေပၚကေန information ေတြ အမ်ားသိေအာင္ shareရင္း keyboard Fighter လုပ္ၾကမယ္ေနာ္ ✊✊❤
Bạn đang đọc truyện trên: Truyen3h.Co