Truyen3h.Co

Her Devil Hero

Part 20

KimFany059

#unicode

Liamကို အားပါးတရ နှိပ်စက်ပြီးနောက် Roseanne မြေတိုက်ခန်းထဲက ပြန်ထွက်လာသည်

ဖုန်းကို ဖွင့်ကြည့်တော့ Ruby Janeဆီက messageတွေနဲ့ Miss called တွေ အများကြီးကို တွေ့ရသည်

Ruby Jane ပို့တဲ့စာတွေ ဖတ်ပြီး သူမကို စိတ်ဆိုးနေတာတောင် Roseanne မေ့သွားသည်ထိ ပြုံးမိသွားတယ်

တကယ်ပါ Roseanne တစ်ယောက်က Ruby Janeကို ကြာကြာစိတ်မဆိုးနိုင်ပါဘူး

နာရီကို ကြည့်တော့ ည ရှစ်နာရီထိုးနေပြီ...Ruby Jane dutyဆင်းတာ အမှီရောက်ဖို့ ခုကတည်းက အိမ်ကနေ ထွက်ဖို့ ဆုံးဖြတ်လိုက်သည်

လေလေးချွန်ပြီး ကားမောင်းရင်း ရှေ့ဆက်မယ့်အစီအစဥ်တွေကို Roseanne စဥ်းစားနေသည်

ဟိုတယ်ရှေ့တွင် Ruby Jane ဂျူတီဆင်းမယ့်အချိန်ကို ဘာဂါစားရင်း Roseanne ကားထဲကနေ စောင့်နေသည်

Ruby Jane ဂျူတီကဆင်းလာတော့ Roseanne ရဲ့ ကားကို တွေ့ပြီး အရမ်းပျော်သွားတယ်

"Roseanne. ..."

Roseanne မှာ Ruby Janeရဲ့ အသံကို ကြားတော့ ကားပေါ်ကနေ ဆင်းလာသည်

Ruby Janeမှာ သူမကိုယ်တိုင်တောင် မသိလိုက်ဘဲ Roseanneကို ပြေးဖက်လိုက်သည်

"လူဆိုးမ ....."

Roseanneမှာ သူမကို ပြေးဖက်တဲ့ Ruby Janeကြောင့် သဘောကျပြီး ပြုံးလိုက်သည်

"ဘာလို့ ဖုန်းဆက်တာကို မကိုင်တာလည်း ဘာလို့ messge ပြန်မပို့တာလည်း ငါ ဘယ်လောက် စိတ်ပူခဲ့လည်းဆိုတာ သိလား "

"Miyanhae ငါ အလုပ်များနေလို့ "

Ruby Jane ရဲ့ စက်ဘီးကို ကားနောက်ခန်းထဲ ထည့်ရင်း Roseanne လိမ်ပြောလိုက်သည်

"ဘာအလုပ်တွေ လုပ်နေတာလည်း "

Roseanne ရဲ့ ကားပေါ်တွင် ခါးပတ်ပတ်ရင်း Ruby Jane မေးလိုက်သည်

"အင်း ဒီမှာနေရင်း စီးပွားရေးလုပ်ရမလား တွေးနေတာ ပြီးတော့ အိမ်တစ်လုံးရှာငှားထားတော့ အဲ့အိမ်ကို ပြန်လည် ပြင်ဆင်နေတာကြောင့် နင်ဖုန်းခေါ်တာကို မသိတာ "

Roseanne ကားစက်နှိုးပြီး ပြောတော့ Ruby Jane မျက်မှောင်ကြုတ်သွားတယ်

"အိမ်ငှားထားတယ်ဆိုတော့ နင်က ငါ့အိမ်မှာ မနေချင်ဘူးဆိုတဲ့သဘောလား...."

Ruby Jane မေးခွန်းကို Roseanneမဖြေဘဲ ငြိမ်နေတော့ Ruby Jane သက်ပြင်းချလိုက်သည်

"မနေ့ညက နင့်ကို ရိုက်လိုက်မိတဲ့အတွက် တောင်းပန်ပါတယ်...အဲ့အတွက်ကြောင့် နင် အိမ်ငှားနေတာဆိုရင်တော့ ငါ စိတ်မကောင်းဘူး Roseanne "

"အဲ့လိုမဟုတ်ပါဘူး....ဒီတိုင်း...."

"ဘာ ဒီအတိုင်းလည်း......"

Roseanne ကားမောင်းရင်း လမ်းဘေးတစ်နေရာကို ကားထိုးရပ်လိုက်သည်

"နင့်ကို ငါချစ်တယ် Ruby... ဒါကို နင်လည်းသိပါတယ်...."

"ဟို "

"ငါ နင့်ကို ချစ်တယ်ပြောတိုင်း ဟိုလိုလို ဒီလိုလို စကားတွေ စကားလမ်းကြောင်းလွှဲတာတွေ ထပ်မကြားချင်တော့ဘူးဟာ...ဒီတော့ နင် ငါ့ကို ချစ်လား မချစ်ဘူးလားဆိုတာဖြေ....နင် မချစ်ဘူးဖြေရင် ကားတင်ပြေးမှာ...."

"ငါ့ကို စဥ်းစားချိန်ပေးပါလား ...."

"ငါ နင့်ကို ချစ်တယ်လို့ ကျောင်းသူဘဝကတည်းက ပြောလာခဲ့တာလေ Rubyရာ နင် ဘယ်ချိန်ထိ စဥ်းစားနေအုံးမှာလည်း "

"ဒါဆို ကတိတစ်ခုပေး....နင် ကတိပေးရင် ငါနင့်ကို အဖြေပေးမယ် Roseanne "

"ဘာကတိလည်း...."

"အရင်ကလို ငါ့အတွက် ဘာမှမတွေးဘဲ မစဥ်းစားမဆင်ခြင်ဘဲ လျှောက်မလုပ်ပါဘူးလို့ ကတိပေးရမယ် နင် ကတိပေးမယ်ဆိုရင် ငါ နင့်ကို အဖြေပေးမယ်..."

Ruby Janeက ပြောတော့ Roseanne အဖြေရဖို့အတွက် အလွယ်တကူဘဲ ခေါင်းညိတ်ပြလိုက်သည်

နောက်ကွယ်မှာ လုပ်နေတာတွေ Ruby Janeမှ မသိနိုင်တာလေ.....

"ကောင်းပြီ ငါကတိပေးတယ်.....ဒါဆို နင် ငါ့ကို ချစ်လား "

Roseanne ကမေးတော့ Ruby Jane ရှက်ပြီး ခေါင်းညိတ်ပြသည်

ရှက်ပြီး  နီရဲနေတဲ့ Ruby Janeရဲ့ ပါးဖောင်းဖောင်းလေးကို Roseanne သူမ နှာခေါင်းလေး နစ်ဝင်သွားတဲ့အထိ ဖိနမ်းပစ်လိုက်သည်

"ချစ်တယ် Ruby ...."

Ruby Janeရဲ့ နှုတ်ခမ်းလေးကို နမ်းပြီး Roseanne ကားစက်နှိုးကာ Ruby Janeရဲ့ အိမ်သို့ မောင်းသွားသည်

At Ruby Jane's House

"Roseanne. .."

"Humm "

"မနက်ဖြန် ငါ့နားရက်လေ အဲ့တာ ငါတို့ လျှောက်လည်ကြမလား...."

"သင်တန်းရှိသေးတယ် မဟုတ်လား "

"သင်တန်းပျက်လို့ရတာဘဲ...."

"ဘာသာစကားသင်တန်းက တစ်ရက်ပျက်ရင် နောက်ရက်တွေကျ လိုက်မမှီဘူး Ruby ရ မပျက်ပါနဲ့.... သင်တန်းပြီးမှ နေ့လည်စာစားပြီး လျှောက်လည်ကြမယ်လေ "

"အင်း နင်ပြောတဲ့အတိုင်း လုပ်မယ်.....Good Night Roseanne... "

Ruby Jane ပြောပြီး Roseanneရဲ့ ရင်ခွင်ထဲ ခေါင်းလေးတိုးဝှေ့ အိပ်တော့ Roseanneမှာ Ruby Janeကို တင်းတင်းကြပ်ကြပ် ဖက်ထားလေသည်

သူမ နှလုံးသားနဲ့ ဦးနှောက်က Roseanneကို ချစ်ဖို့ မချစ်ဖို့ ငြင်းနေကြပေမယ့် Ruby Janeကတော့ နှလုံးသားကို ရွေးချယ်ခဲ့ပြီး Roseanneကို ချစ်ခဲ့သည်....

သူမ ရွေးချယ်မှု ထပ်ပြီး မမှားဖို့.....ဆုတောင်းရင်း Roseanneရဲ့ စိတ်က အရင်လို မဟုတ်ဖို့ မျှော်လင့်ရင်း Ruby Jane အိပ်ပျော်သွားသည်

Ruby Jane အိပ်ရာက နိုးလာတော့ သူမဘေးနားတွင် Roseanneကို မတွေ့ရသောကြောင့် လန့်သွားသည်

"Roseanne! '

"Ruby ငါ ရှိတယ် နင့်အတွက် မနက်စာလုပ်ပေးနေတာ "

အခန်းအပြင်ကနေ လှမ်းအော်တဲ့ Roseanne ကြောင့် Ruby Jane စိတ်အေးသွားတယ်

Ruby Jane မျက်နှာသစ်ပြီး ထွက်လာတော့ ပေါင်မုန့်ကြက်ဥကြော်နေတဲ့ Roseanneကို တွေ့ရသည်

Roseanneရဲ့ နောက်ကျောလေးက အစ အရမ်းကြည့်ကောင်းနေသည်

အရင်က ကြောက်စိတ်ကြောင့် ထိန်းထားရတဲ့ စိတ်တွေက အခုတော့ ပွင့်ထွက်လာပြီ ထင်ရပါတယ်....Roseanneရဲ့ နောက်ကျောလေးကို ကြည့်ပြီး Ruby Jane သဘောကျလွန်းလို့ ပြေးဖက်လိုက်သည်

"Good morning Ruby. ..."

"Morning Roseanne ဘာလို့ အစောကြီးထနေတာလည်း "

"နင့်အတွက် မနက်စာ လုပ်ပေးချင်လို့ပေါ့ "

Ruby Janeရဲ့ ပါးဖောင်းဖောင်းလေးကို ဆွဲညှစ်ပြီး Roseanne ပြောလိုက်သည်

"ကဲ မနက်စာ ရပြီ စားရအောင် အချစ်လေး.."

"Ok "

Roseanneနဲ့ အတူ မနက်စာ စားပြီးနောက် Ruby Janeမှာ ရေချိုးပြီး သင်တန်းသွားဖို့ ပြင်လေသည်

Roseanne လည်း Ruby Janeကို သင်တန်းသို့ လိုက်ပို့ပေးသည်

"စာသေချာလုပ်နော် Ruby "

"အင်းပါ..... "

Roseanneရဲ့ ပါးကို ဖြတ်ခနဲနမ်းပြီး Ruby Jane ကားပေါ်ကနေ ဆင်းပြေးသွားသည်

Roseanneကတော့ သင်တန်းထဲထိ ဝင်သွားတဲ့ Ruby Janeကို ကြည့်ပြီးနောက် Liamကို လက်စဖျောက်ဖို့ သူ ဝယ်ထားတဲ့ မြို့စွန်က အိမ်ကို မောင်းသွားလေသည်

လေချွန်သံနဲ့အတူ Roseanne မြေတိုက်ခန်းထဲ ဝင်လာသည်

Roseanneရဲ့ လေချွန်သံကြောင့် လေပေါ်မှာ လက်တွေခြေတွေကို ကြိုးချည်ခံထားရတဲ့ Liam တစ်ယောက် ရုန်းကန်လေသည်

"Good Morning ကောင်လေး.....တို့ ပြန်ရောက်ပြီနော် တို့ကို လွမ်းနေလား......"

Roseanne ပြောပြီး ကြာပွတ်ကို ကောက်ကိုင်လိုက်သည်

"Come on boy မသေခင်လေး game တစ်ချို့ ကစားရအောင်လေ...."

Roseanne ပြောပြီး သူမ လက်က ကြာပွတ်ကို မြှောက်လိုက်သည်

#Tbc

မနက်ဖြန် အပြင်ထွက်မယ့်သူများ အစစအရာရာအဆင်ပြေပါစေ မထိခိုက်အောင် ဂရုစိုက်ကြပါ တံတားတွေ လက်ရန်းတွေလည်း သတိထားပြီး ရဲကား ရေကား စစ်သားတွေကိုလည်း သတိထားပြီး ရှောင်ရှားကြပါနော် အားလုံးဘဲ စစ်အာဏာရှင်နဲ့အပေါင်းအပါတွေကို ဒေါသတွေ ထိန်းပြီး စည်းလုံးညီညွှတ်စွာနဲ့ တွန်းလှန်ကြမယ် Fighting 💪

#Zawgyi









"Roseanne. ..."



"လူဆိုးမ ....."













"ဘာ ဒီအတိုင်းလည်း......"



"ဟို "





"ဘာကတိလည်း...."







"ချစ်တယ် Ruby ...."


At Ruby Jane's House

"Roseanne. .."

"Humm "










"Roseanne! '






"Good morning Ruby. ..."





"Ok "



"စာသေချာလုပ်နော် Ruby "

"အင်းပါ..... "









#Tbc


Bạn đang đọc truyện trên: Truyen3h.Co