Truyen3h.Co

Her Devil Hero

Part 21

KimFany059

#unicode

Roseanne အိမ်နောက်ဖေးက မြေကွက်နေရာတွင် Liamရဲ့ အလောင်းကို မြှုပ်ပြီးနောက် လက်ဆေးကာ Ruby Janeကို ကြိုဖို့ ထွက်လာခဲ့သည်

"စောင့်နေတာ ကြာပြီလား Roseanne "

ကားထဲကို ဝင်လာပြီး မေးတဲ့ Ruby Jane ကြောင့် Roseanne ခေါင်းခါပြသည်

"မကြာသေးပါဘူး....ဗိုက်ဆာနေပြီလား နေ့လည်စာ အရင်သွားစားရအောင် "

"အင်း ဆာနေပြီ ဟီး...."

သွားဖုံးလေးတွေပေါ်အောင်ထိ ကလေးတစ်ယောက်လို ပြုံးပြတဲ့ Ruby Janeရဲ့ ခေါင်းလေးကို Roseanne ခပ်ဖွဖွလေး ပုတ်လိုက်သည်

"ဒါဆို သွားကြစို့ ...."

စားသောက်ဆိုင်ကို သွားရာလမ်းတွင်

"စာတွေရော လိုက်နိုင်လား Ruby "

"လိုက်နိုင်ပါတယ် ...နည်းနည်းတော့ ခက်တယ် "

"အင်းပေါ့ ဘာသာစကားတစ်မျိုး သင်ယူရတာ လွယ်မှ မလွယ်တာ..."

Roseanne ပြောပြီး ကားမောင်းရင်း လက်တစ်ဖက်က Jennie ရဲ့ လက်ကို ကိုင်လိုက်သည်

"နင်နဲ့ ချစ်သူ ဖြစ်နေရတာ ငါ့အတွက် အိမ်မက် တစ်ခုလိုဘဲ မယုံကြည်နိုင်သေးဘူး ဖြစ်နေတယ်....."

"အပြင်မှာ တကယ်ဖြစ်နေလို့ နင် ငါ့လက်ကို ကိုင်နေတာပေါ့ Roseanne ရ...."

"ငါ့ကို ပြန်ချစ်ပေးလို့ ကျေးဇူးတင်ပါတယ် Ruby "

"နင်က Koreaကို မပြန်တော့ဘူးလား Roseanne "

"နင် ဒီမှာ ရှိနေသ၍ ငါ Korea ကို မပြန်တော့ဘူး....နင်နဲ့ အတူရှိချင်တယ်...."

"Companyကေရာ..."

"ငါအဖေ ဦးစီးနေတယ်လေ.. ..companyကို....စိတ်မချရင် နင် ငါနဲ့ယူပြီး Koreaကို ပြန်လိုက်ခဲ့ပေါ့ Rubyရ .."

Roseanne စကားကြောင့် Ruby Jane ရှက်ပြီး မျက်နှာလေး နီသွားသည်

"အာ..."

စားသောက်ဆိုင်တွင် စားသောက်ကြရင်း

"Ruby ဘယ်သွားချင်လည်း...."

"နေ့လည်ဆိုတော့ ပန်းချီပြခန်းသွားရအောင်...အေးအေးဆေးဆေး ပန်းချီတွေ ကြည့်ရအောင်လေ...."

"ကောင်းသားဘဲ "

Ruby Janeတို့ စားသောက်ပြီးနောက် ပန်းချီပြခန်းသို့ သွားလည်ကြသည်

ပန်းချီတွေကို စိတ်ဝင်တစား Roseanne ကြည့်နေစဉ် Ruby Jane ဆီသို့ ဖုန်းဝင်လာသည်

"Hello Jennie "

"Hello Charlie.... "

"Jennie. ..Liamနဲ့ အဆက်အသွယ်ရလား "

Roseanneမှာ ပန်းချီကားတွေ ကြည့်ရင်း Ruby Jane ဖုန်းပြောတာကို အာရုံစွင့်ကာ နားထောင်လိုက်သည်

"ဟင် မရပါဘူး ဘာဖြစ်လို့လည်း Charlie "

"သူ Morning dutyကျတာကို လာမဆင်းဘူးလေ အဲ့တာ အိပ်ရာထနောက်ကျလို့ နေ့လည်များ လာမလားလို့ စောင့်နေတာ မလာသေးလို့ ဖုန်းဆက်လို့လည်းမရဘူး အဲ့တာ နင်နဲ့များ အဆက်အသွယ်ရမလားလို့ "

Charlie ပြောတဲ့ စကားကို နားထောင်ပြီး Ruby Janeမှာ Roseanneကို လှမ်းကြည့်လိုက်သည်

Roseanneကတော့ ဘာမှမသိတဲ့ပုံစံနဲ့ ပန်းချီကားတွေကို ဓာတ်ပုံရိုက်နေသည်

"ဟို ဧည့်သည်နဲ့များ သွား dateနေတာလားမသိဘူး သူဖုန်းနံပါတ် ယူသွားတဲ့ တစ်ယောက်လေ...."

"အာ သူ့ကို ခုလေးတင် တွေ့ခဲ့တာ သူတစ်ယောက်တည်းပါ Liamကို မတွေ့ပါဘူး "

Jennieမှာ လိမ်ပြောလိုက်ပေမယ့် စိတ်ထဲမှာတော့ ရှုပ်ထွေးလာသည်

"ဟုတ်လား အင်းပါ ဒါဆိုလည်း ငါ ဂျူတီထွက်ရင် သူ့အိမ်သွားကြည့်အုံးမယ် လဒက နေမကောင်းဖြစ်နေတာလားမသိ ဒါဘဲနော် Jennie ဧည့်သည်လာနေလို့..."

Charlie ဖုန်းချသွားတော့ Jennieလည်း သက်ပြင်းချပြီး ဖုန်းချလိုက်သည်

"Ruby ဘာဖြစ်လို့လည်း "

Roseanneမှာ ဘာမှမသိတဲ့ပုံစံနဲ့ မေးလိုက်သည်

"Aww အလုပ်က တစ်ယောက်လေ သူ့ဂျူတီဆင်းရမှာကို လာမဆင်းလို့တဲ့ ဖုန်းဆက်တော့လည်း မကိုင်ဘူးပြောတယ် .."

"Aww နေမကောင်းလို့နေမှာပါ "

"Liamလေ သူ့ကို သိတယ်မလား Roseanne "

"ဟင် ဘယ်သူလည်း.... "

Roseanneမှာ မသိတဲ့ပုံစံနဲ့ ခပ်တည်တည်ဘဲ Ruby Janeကို မေးလိုက်သည်

" ငါနဲ့ အမြဲ ဂျူတီကျတဲ့ ကောင်လေးလေ "

"Aww သူလား အင်း "

"ခုန Charlieက ဖုန်းဆက်တော့ Liamက Roseanneရဲ့ ဖုန်းနံပါတ်ပါ ယူထားတယ်ပြောလို့လေ အဲ့တာ Roseanneများ သူနဲ့ တွေ့ဖြစ်လားလို့"

"ဟင့်အင်း သူနဲ့ တွေ့ဖို့နေနေသာသာ သူကလည်း ငါ့ကို မဆက်သွယ်ပါဘူး...."

"Aww "

"ဘာလည်း Rubyက ငါ့ကို သံသယဝင်တာလား "

Roseanneက မျက်မှောင်ကြုတ်ပြီး မေးတော့ Ruby Janeမှာ ခေါင်းခါပြသည်

"မဟုတ်ပါဘူး အော် ဒါနဲ့ ဒါပြီးရင် Roseanne ငှားထားတဲ့ အိမ်ကို သွားကြမလား "

"ဘာလို့လည်း "

"မရောက်ဖူးလို့လေ ရောက်ဖူးချင်လို့ပါ ဘာလည်း မခေါ်ချင်တာလား "

Ruby Jane နှုတ်ခမ်းစူပြီး ပြောတော့ Roseanneမှာ ခေါင်းခါပြပြီး

"အာ မဟုတ်ပါဘူး လာ သွားမယ်လေ...."

Roseanne တစ်ယောက် Ruby Janeရဲ့ လက်ကို တွဲပြီး ပြခန်းထဲက ထွက်လာသည်

ကားမောင်းနေတဲ့ တစ်လျှောက်လုံး Ruby Janeကို ဘယ်လိုကိုင်တွယ်ရမလည်း တွေးနေသည်

ခုနကတောင် Ruby Janeက သူမကို သံသယဝင်နေသေးတာလေ....

"ဒါ ငါ့အိမ်ဘဲ Ruby. ...."

Ruby Janeကို သူမရဲ့ အိမ်ထဲသို့ Roseanne ခေါ်လာသည်

"ခဏထိုင်အုံးလေ ငါ မုန့်ပြင်လိုက်မယ် အသားညှပ်ပေါင်မုန့်ကြော်စားမလား "

"အင်း..."

"ဒါဆို ဒီမှာ ခဏထိုင်အုံးနော် ငါ မုန့်သွားလုပ်လိုက်အုံးမယ်...."

Roseanne မှာ မီးဖိုခန်းထဲ မသွားခင် သူမ အခန်းထဲ အရင်ဝင်ပြီး အိတ်ထဲက အိပ်ဆေးတစ်ချို့ကို ယူလိုက်သည်

ထို့နောက် မီးဖိုခန်းထဲ ဝင်သွားပြီး အိပ်ဆေးတွေကို ကြိတ်ကာ အသားနဲ့ရော ကြော်လိုက်သည်

Ruby Janeကတော့ ဘာမှမသိဘဲ Roseanne အိမ်ကို လျှောက်ကြည့်ရင်း သော့ခတ်ထားတဲ့ မြေတိုက်ခန်းကို တွေ့ရသည်

အခန်းနားမှာ သွေးညှီနံ့ ရနေလို့ Ruby Jane စိတ်ထဲ သံသယဝင်လာစဥ်

"Hey Ruby မုန့်ရပြီ လာ "

"Roseanne ဒီအခန်းက ဘာအခန်းလည်း သော့ခတ်ထားလို့...ပြီးတော့ သွေးညှီနံ့ ရသလားလို့ "

Ruby Janeရဲ့ စကားကြောင့် Roseanne မျက်နှာတစ်ချက် ပျက်သွားပေမယ့် ပြန်ဟန်ဆောင်ထိန်းကာ

"Aww မသိဘူးဟ အိမ်ရှင်က အဲ့အခန်းသော့ ငါ့ကိုပေးမသွားဘူး ကြည့်ရတာ အဲ့ထဲအကောင် တစ်ကောင်ကောင် သေနေလို့နေမယ် လာ မုန့်ရပြီ သွားစားရအောင် "

Ruby Janeရဲ့ လက်ကို ဆွဲပြီး Roseanne ဧည့်ခန်းထဲသို့ ခေါ်လာသည်

"Wow နင့်အသားညှပ်ပေါင်မုန့်ကြော်က တော်တော်စားကောင်းတာဘဲ "

Ruby Janeမှာ အိပ်ဆေးတွေ ထည့်ထားမှန်းမသိတဲ့ အသားညှပ် ပေါင်မုန့်ကြော်ကို စားရင်း Roseanneကို ချီးကျူးလိုက်သည်

Roseanneကတော့ ပြုံးပြီး ခေါင်းညိတ်ပြသည်

"ဒါတွေ စားပြီးရင် ရုပ်ရှင် ကြည့်ရအောင်လေ....အဲ့မှာ ခွေတစ်ချို့ရှိတယ် Ruby ရွေးထားနှင့် ငါ ပန်းကန်ဆေးပြီး လာခဲ့မယ် "

"Ok "

Ruby Jane မုန့်စားပြီး နောက် ခွေရွေးဖို့ Tvစင်ဘက် သွားလိုက်သည်

ခွေတွေရွေးရင်း မျက်လုံးက စင်းလာပြီး Ruby Jane ငုတ်တုတ် အိပ်ပျော်သွားသည်

Roseanneကတော့ ရေစိုနေတဲ့ လက်ကို အဝတ်နဲ့သုတ်ပြီး Ruby Janeကို ပွေ့ချီကာ သူ့အခန်းထဲသို့ ခေါ်သွားသည်

#tbc

အားလုံးဘဲ ဒီနေ့ စိတ်မကောင်းဖြစ် ဝမ်းနည်းနေကြမှာပေါ့ ဘာမှ စိတ်မကောင်းမဖြစ်ပါနဲ့ ဒီသတင်းက အမှန်မဟုတ်ပါဘူး YGကလည်း ဘာမှရေရေရာရာမပြောထားပေမယ့် ယခု Koreaမှာ ဖြစ်နေတဲ့ မြို့တော်ဝန် ရဲ့ sexual caseနဲ့ valley ball teamရဲ့ bully Scandal caseကို ဖုံးချင်လို့ လွန်ခဲ့တဲ့ ရက်ကတည်းက တစ်ခြား kpopအဖွဲ့က memberတွေကို ကျောင်းမှာ bullyပါတယ်ဆိုပြီး ဆွဲထည့်ကြတာပါ

သို့သော်လည်း Sexual scandal ဘာညာ caseက ဖုံးမသွားတာကြောင့် Kpop king ဖြစ်တဲ့ GDနဲ့ IT girl Jennieက တွဲနေပါတယ်ဆိုပြီး စောက်ကျင့်မကောင်းစွာနဲ့ ထိုးကျွေးခဲ့ပါတယ်

အဲ့လို ထိုးကျွေးပေမယ့် အားလုံးက အမှန်တရားသိနေတော့ အရာမဝင်ဘူးပေါ့ဗျာ

ဒါကြောင့်မို့ Jennieလေးကို မမုန်းပါနဲ့ ကာကွယ်ပေးပါ ပိုချစ်ပေးပါ Jendeukie မှာ BLACKPINKနဲ့ တို့တွေဘဲ ရှိတာပါ
authorကတော့ Ficတွေ ဖျက်မပစ်တဲ့အပြင် Chaennie, Jensoo fic အသစ်တွေပါ ထပ်တိုးရေးပြီး Jendeukie လေးကို ပိုအချစ်တိုးလို့ ကာကွယ်ပေးသွားမှာပါ ညကင်းစောင့်ရင်း ရေးထားတဲ့ Ficလေးတွေရှိပါသေးတယ် ဒီ ficလေး ပြီးရင် တင်ပေးမှာပါ

အားလုံးဘဲ တစ်ကိုယ်ကောင်းမဆန်ဘဲ Jekdeukieလေးကို နားလည်ပေးပြီး ချစ်ပေးဖို့ မျှော်လင့်ပါတယ် ခုချိန် negative cmtတွေကြား သူ စိတ်ပင်ပန်းနေမှာပါ IGမှာ Positive cmtတွေ မန့်ပေးကြပါအုံး❤

#zawgyi

Roseanne အိမ္ေနာက္ေဖးက ေျမကြက္ေနရာတြင္ Liamရဲ႕ အေလာင္းကို ျမႇုပ္ၿပီးေနာက္ လက္ေဆးကာ Ruby Janeကို ႀကိဳဖို႔ ထြက္လာခဲ့သည္

"ေစာင့္ေနတာ ၾကာၿပီလား Roseanne "

ကားထဲကို ဝင္လာၿပီး ေမးတဲ့ Ruby Jane ေၾကာင့္ Roseanne ေခါင္းခါျပသည္

"မၾကာေသးပါဘူး....ဗိုက္ဆာေနၿပီလား ေန႕လည္စာ အရင္သြားစားရေအာင္ "

"အင္း ဆာေနၿပီ ဟီး...."

သြားဖုံးေလးေတြေပၚေအာင္ထိ ကေလးတစ္ေယာက္လို ၿပဳံးျပတဲ့ Ruby Janeရဲ႕ ေခါင္းေလးကို Roseanne ခပ္ဖြဖြေလး ပုတ္လိုက္သည္

"ဒါဆို သြားၾကစို႔ ...."

စားေသာက္ဆိုင္ကို သြားရာလမ္းတြင္

"စာေတြေရာ လိုက္နိုင္လား Ruby "

"လိုက္နိုင္ပါတယ္ ...နည္းနည္းေတာ့ ခက္တယ္ "

"အင္းေပါ့ ဘာသာစကားတစ္မ်ိဳး သင္ယူရတာ လြယ္မွ မလြယ္တာ..."

Roseanne ေျပာၿပီး ကားေမာင္းရင္း လက္တစ္ဖက္က Jennie ရဲ႕ လက္ကို ကိုင္လိုက္သည္

"နင္နဲ႕ ခ်စ္သူ ျဖစ္ေနရတာ ငါ့အတြက္ အိမ္မက္ တစ္ခုလိုဘဲ မယုံၾကည္နိုင္ေသးဘူး ျဖစ္ေနတယ္....."

"အျပင္မွာ တကယ္ျဖစ္ေနလို႔ နင္ ငါ့လက္ကို ကိုင္ေနတာေပါ့ Roseanne ရ...."

"ငါ့ကို ျပန္ခ်စ္ေပးလို႔ ေက်းဇူးတင္ပါတယ္ Ruby "

"နင္က Koreaကို မျပန္ေတာ့ဘူးလား Roseanne "

"နင္ ဒီမွာ ရွိေနသ၍ ငါ Korea ကို မျပန္ေတာ့ဘူး....နင္နဲ႕ အတူရွိခ်င္တယ္...."

"Companyေကရာ..."

"ငါအေဖ ဦးစီးေနတယ္ေလ.. ..companyကို....စိတ္မခ်ရင္ နင္ ငါနဲ႕ယူၿပီး Koreaကို ျပန္လိုက္ခဲ့ေပါ့ Rubyရ .."

Roseanne စကားေၾကာင့္ Ruby Jane ရွက္ၿပီး မ်က္ႏွာေလး နီသြားသည္

"အာ..."

စားေသာက္ဆိုင္တြင္ စားေသာက္ၾကရင္း

"Ruby ဘယ္သြားခ်င္လည္း...."

"ေန႕လည္ဆိုေတာ့ ပန္းခ်ီျပခန္းသြားရေအာင္...ေအးေအးေဆးေဆး ပန္းခ်ီေတြ ၾကည့္ရေအာင္ေလ...."

"ေကာင္းသားဘဲ "

Ruby Janeတို႔ စားေသာက္ၿပီးေနာက္ ပန္းခ်ီျပခန္းသို႔ သြားလည္ၾကသည္

ပန္းခ်ီေတြကို စိတ္ဝင္တစား Roseanne ၾကည့္ေနစဥ္ Ruby Jane ဆီသို႔ ဖုန္းဝင္လာသည္

"Hello Jennie "

"Hello Charlie.... "

"Jennie. ..Liamနဲ႕ အဆက္အသြယ္ရလား "

Roseanneမွာ ပန္းခ်ီကားေတြ ၾကည့္ရင္း Ruby Jane ဖုန္းေျပာတာကို အာ႐ုံစြင့္ကာ နားေထာင္လိုက္သည္

"ဟင္ မရပါဘူး ဘာျဖစ္လို႔လည္း Charlie "

"သူ Morning dutyက်တာကို လာမဆင္းဘူးေလ အဲ့တာ အိပ္ရာထေနာက္က်လိဳ႕ ေန႕လည္မ်ား လာမလားလို႔ ေစာင့္ေနတာ မလာေသးလို႔ ဖုန္းဆက္လို႔လည္းမရဘူး အဲ့တာ နင္နဲ႕မ်ား အဆက္အသြယ္ရမလားလို႔ "

Charlie ေျပာတဲ့ စကားကို နားေထာင္ၿပီး Ruby Janeမွာ Roseanneကို လွမ္းၾကည့္လိုက္သည္

Roseanneကေတာ့ ဘာမွမသိတဲ့ပုံစံနဲ႕ ပန္းခ်ီကားေတြကို ဓာတ္ပုံရိုက္ေနသည္

"ဟို ဧည့္သည္နဲ႕မ်ား သြား dateေနတာလားမသိဘူး သူဖုန္းနံပါတ္ ယူသြားတဲ့ တစ္ေယာက္ေလ...."

"အာ သူ႕ကို ခုေလးတင္ ေတြ႕ခဲ့တာ သူတစ္ေယာက္တည္းပါ Liamကို မေတြ႕ပါဘူး "

Jennieမွာ လိမ္ေျပာလိုက္ေပမယ့္ စိတ္ထဲမွာေတာ့ ရႈပ္ေထြးလာသည္

"ဟုတ္လား အင္းပါ ဒါဆိုလည္း ငါ ဂ်ဴတီထြက္ရင္ သူ႕အိမ္သြားၾကည့္အုံးမယ္ လဒက ေနမေကာင္းျဖစ္ေနတာလားမသိ ဒါဘဲေနာ္ Jennie ဧည့္သည္လာေနလို႔..."

Charlie ဖုန္းခ်သြားေတာ့ Jennieလည္း သက္ျပင္းခ်ၿပီး ဖုန္းခ်လိဳက္သည္

"Ruby ဘာျဖစ္လို႔လည္း "

Roseanneမွာ ဘာမွမသိတဲ့ပုံစံနဲ႕ ေမးလိုက္သည္

"Aww အလုပ္က တစ္ေယာက္ေလ သူ႕ဂ်ဴတီဆင္းရမွာကို လာမဆင္းလို႔တဲ့ ဖုန္းဆက္ေတာ့လည္း မကိုင္ဘူးေျပာတယ္ .."

"Aww ေနမေကာင္းလို႔ေနမွာပါ "

"Liamေလ သူ႕ကို သိတယ္မလား Roseanne "

"ဟင္ ဘယ္သူလည္း.... "

Roseanneမွာ မသိတဲ့ပုံစံနဲ႕ ခပ္တည္တည္ဘဲ Ruby Janeကို ေမးလိုက္သည္

" ငါနဲ႕ အၿမဲ ဂ်ဴတီက်တဲ့ ေကာင္ေလးေလ "

"Aww သူလား အင္း "

"ခုန Charlieက ဖုန္းဆက္ေတာ့ Liamက Roseanneရဲ႕ ဖုန္းနံပါတ္ပါ ယူထားတယ္ေျပာလို႔ေလ အဲ့တာ Roseanneမ်ား သူနဲ႕ ေတြ႕ျဖစ္လားလို႔"

"ဟင့္အင္း သူနဲ႕ ေတြ႕ဖို႔ေနေနသာသာ သူကလည္း ငါ့ကို မဆက္သြယ္ပါဘူး...."

"Aww "

"ဘာလည္း Rubyက ငါ့ကို သံသယဝင္တာလား "

Roseanneက မ်က္ေမွာင္ၾကဳတ္ၿပီး ေမးေတာ့ Ruby Janeမွာ ေခါင္းခါျပသည္

"မဟုတ္ပါဘူး ေအာ္ ဒါနဲ႕ ဒါၿပီးရင္ Roseanne ငွားထားတဲ့ အိမ္ကို သြားၾကမလား "

"ဘာလို႔လည္း "

"မေရာက္ဖူးလို႔ေလ ေရာက္ဖူးခ်င္လို႔ပါ ဘာလည္း မေခၚခ်င္တာလား "

Ruby Jane ႏႈတ္ခမ္းစူၿပီး ေျပာေတာ့ Roseanneမွာ ေခါင္းခါျပၿပီး

"အာ မဟုတ္ပါဘူး လာ သြားမယ္ေလ...."

Roseanne တစ္ေယာက္ Ruby Janeရဲ႕ လက္ကို တြဲၿပီး ျပခန္းထဲက ထြက္လာသည္

ကားေမာင္းေနတဲ့ တစ္ေလွ်ာက္လုံး Ruby Janeကို ဘယ္လိုကိုင္တြယ္ရမလည္း ေတြးေနသည္

ခုနကေတာင္ Ruby Janeက သူမကို သံသယဝင္ေနေသးတာေလ....

"ဒါ ငါ့အိမ္ဘဲ Ruby. ...."

Ruby Janeကို သူမရဲ႕ အိမ္ထဲသို႔ Roseanne ေခၚလာသည္

"ခဏထိုင္အုံးေလ ငါ မုန့္ျပင္လိုက္မယ္ အသားညွပ္ေပါင္မုန့္ေၾကာ္စားမလား "

"အင္း..."

"ဒါဆို ဒီမွာ ခဏထိုင္အုံးေနာ္ ငါ မုန့္သြားလုပ္လိုက္အုံးမယ္...."

Roseanne မွာ မီးဖိုခန္းထဲ မသြားခင္ သူမ အခန္းထဲ အရင္ဝင္ၿပီး အိတ္ထဲက အိပ္ေဆးတစ္ခ်ိဳ႕ကို ယူလိုက္သည္

ထို႔ေနာက္ မီးဖိုခန္းထဲ ဝင္သြားၿပီး အိပ္ေဆးေတြကို ႀကိတ္ကာ အသားနဲ႕ေရာ ေၾကာ္လိုက္သည္

Ruby Janeကေတာ့ ဘာမွမသိဘဲ Roseanne အိမ္ကို ေလွ်ာက္ၾကည့္ရင္း ေသာ့ခတ္ထားတဲ့ ေျမတိုက္ခန္းကို ေတြ႕ရသည္

အခန္းနားမွာ ေသြးညွီနံ႕ ရေနလို႔ Ruby Jane စိတ္ထဲ သံသယဝင္လာစဥ္

"Hey Ruby မုန့္ရၿပီ လာ "

"Roseanne ဒီအခန္းက ဘာအခန္းလည္း ေသာ့ခတ္ထားလို႔...ၿပီးေတာ့ ေသြးညွီနံ႕ ရသလားလို႔ "

Ruby Janeရဲ႕ စကားေၾကာင့္ Roseanne မ်က္ႏွာတစ္ခ်က္ ပ်က္သြားေပမယ့္ ျပန္ဟန္ေဆာင္ထိန္းကာ

"Aww မသိဘူးဟ အိမ္ရွင္က အဲ့အခန္းေသာ့ ငါ့ကိုေပးမသြားဘူး ၾကည့္ရတာ အဲ့ထဲအေကာင္ တစ္ေကာင္ေကာင္ ေသေနလို႔ေနမယ္ လာ မုန့္ရၿပီ သြားစားရေအာင္ "

Ruby Janeရဲ႕ လက္ကို ဆြဲၿပီး Roseanne ဧည့္ခန္းထဲသို႔ ေခၚလာသည္

"Wow နင့္အသားညွပ္ေပါင္မုန့္ေၾကာ္က ေတာ္ေတာ္စားေကာင္းတာဘဲ "

Ruby Janeမွာ အိပ္ေဆးေတြ ထည့္ထားမွန္းမသိတဲ့ အသားညွပ္ ေပါင္မုန့္ေၾကာ္ကို စားရင္း Roseanneကို ခ်ီးက်ဴးလိုက္သည္

Roseanneကေတာ့ ၿပဳံးၿပီး ေခါင္းညိတ္ျပသည္

"ဒါေတြ စားၿပီးရင္ ႐ုပ္ရွင္ ၾကည့္ရေအာင္ေလ....အဲ့မွာ ေခြတစ္ခ်ိဳ႕ရွိတယ္ Ruby ေ႐ြးထားႏွင့္ ငါ ပန္းကန္ေဆးၿပီး လာခဲ့မယ္ "

"Ok "

Ruby Jane မုန့္စားၿပီး ေနာက္ ေခြေ႐ြးဖို႔ Tvစင္ဘက္ သြားလိုက္သည္

ေခြေတြေ႐ြးရင္း မ်က္လုံးက စင္းလာၿပီး Ruby Jane ငုတ္တုတ္ အိပ္ေပ်ာ္သြားသည္

Roseanneကေတာ့ ေရစိုေနတဲ့ လက္ကို အဝတ္နဲ႕သုတ္ၿပီး Ruby Janeကို ေပြ႕ခ်ီကာ သူ႕အခန္းထဲသို႔ ေခၚသြားသည္

#tbc

အားလုံးဘဲ ဒီေန႕ စိတ္မေကာင္းျဖစ္ ဝမ္းနည္းေနၾကမွာေပါ့ ဘာမွ စိတ္မေကာင္းမျဖစ္ပါနဲ႕ ဒီသတင္းက အမွန္မဟုတ္ပါဘူး YGကလည္း ဘာမွေရေရရာရာမေျပာထားေပမယ့္ ယခု Koreaမွာ ျဖစ္ေနတဲ့ ၿမိဳ႕ေတာ္ဝန္ ရဲ႕ sexual caseနဲ႕ valley ball teamရဲ႕ bully Scandal caseကို ဖုံးခ်င္လို႔ လြန္ခဲ့တဲ့ ရက္ကတည္းက တစ္ျခား kpopအဖြဲ႕က memberေတြကို ေက်ာင္းမွာ bullyပါတယ္ဆိုၿပီး ဆြဲထည့္ၾကတာပါ

သို႔ေသာ္လည္း Sexual scandal ဘာညာ caseက ဖုံးမသြားတာေၾကာင့္ Kpop king ျဖစ္တဲ့ GDနဲ႕ IT girl Jennieက တြဲေနပါတယ္ဆိုၿပီး ေစာက္က်င့္မေကာင္းစြာနဲ႕ ထိုးေကြၽးခဲ့ပါတယ္

အဲ့လို ထိုးေကြၽးေပမယ့္ အားလုံးက အမွန္တရားသိေနေတာ့ အရာမဝင္ဘူးေပါ့ဗ်ာ

ဒါေၾကာင့္မို႔ Jennieေလးကို မမုန္းပါနဲ႕ ကာကြယ္ေပးပါ ပိုခ်စ္ေပးပါ Jendeukie မွာ BLACKPINKနဲ႕ တို႔ေတြဘဲ ရွိတာပါ
authorကေတာ့ Ficေတြ ဖ်က္မပစ္တဲ့အျပင္ Chaennie, Jensoo fic အသစ္ေတြပါ ထပ္တိုးေရးၿပီး Jendeukie ေလးကို ပိုအခ်စ္တိုးလို႔ ကာကြယ္ေပးသြားမွာပါ ညကင္းေစာင့္ရင္း ေရးထားတဲ့ Ficေလးေတြရွိပါေသးတယ္ ဒီ ficေလး ၿပီးရင္ တင္ေပးမွာပါ

အားလုံးဘဲ တစ္ကိုယ္ေကာင္းမဆန္ဘဲ Jekdeukieေလးကို နားလည္ေပးၿပီး ခ်စ္ေပးဖို႔ ေမွ်ာ္လင့္ပါတယ္ ခုခ်ိန္ negative cmtေတြၾကား သူ စိတ္ပင္ပန္းေနမွာပါ IGမွာ Positive cmtေတြ မန့္ေပးၾကပါအုံး

Bạn đang đọc truyện trên: Truyen3h.Co