Part 3
#Unicode
Roseanne ဖုန်း alarm သံကြောင့် အိပ်ရာက နိုးလာတယ်
Roseanne ရဲ့ အခန်းတစ်ခန်းလုံးဟာ သူများတွေလို မီးတွေနဲ့ထိန်လင်းမနေဘဲ နေရောင်ခြည်လည်း မရှိဘဲ အနီရောင် မီးသီးမှိန်မှိန်လေးသာ ဖွင့်ထားသည်
အဲ့လို နေရတာကို Roseanne သဘောကျသည်
အခန်းတစ်ခန်းလုံးက နံရံမှာလည်း Roseanne ဆွဲထားတဲ့ စိတ္တဇပုံတွေ ပန်းချီကားတွေနဲ့ ပြည့်နှက်နေသည်
ဟုတ်ပါတယ် Roseanne က Psychopath တစ်ယောက်ပါ...သူမ အမေက သူမ လူမှန်းစသိခါစ အရွယ်မှာ ဖောက်ပြန်ပြီး သူမတို့ကို ထားခဲ့ကာ နောက်အိမ်ထောင်နောက် လိုက်သွားကတည်းက Roseanne စိတ်ဖောက်သွားခဲ့တာပါ
ရေချိူးပြီး မျက်လုံးကို မဲနက်နေအောင် eyelinerတွေဆိုးပြီး Ruby Janeနဲ့ မနက်စာအတူစားနိုင်ဖို့ ကျောင်းကို သွားဖို့ Roseanne အိမ်အောက်ကို ဆင်းလာသည်
"မမလေး နိုးလာပါပြီလား မနက်စာ အဆင်သင့် ဖြစ်ပါပြီ "
"ရတယ် အန်ကယ် မနက်စာ မစားတော့ဘူး ကျောင်းမှာ စာတွေလိုက်ကူးရမှာမို့ သွားတော့မယ် ဒါနဲ့ မနေ့က စက်ဘီး သေချာပြင်ပေးလိုက်လား "
"ဟုတ် မမလေး အမိန့်အတိုင်း သေချာလုပ်ပေးထားပါတယ် ကျောင်းသွားတော့မှာဆို ဒရိုင်ဘာကင်ကို "
"ဆိုင်ကယ်နဲ့ဘဲ သွားလိုက်ပါမယ် "
"သခင်ကြီးက Company မသွားခင် ကားနဲ့ လိုက်ပို့ဖို့ မှာထားလို့ပါ "
"မလိုပါဘူး အန်ကယ် "
Roseanne ပြောပြီး ဆိုင်ကယ်ပေါ် တက်ခွကာ ကျောင်းသို့ ထွက်လာခဲ့သည်
Ruby Janeရဲ့ စက်ဘီးလေးကို မတွေ့သေးတာကြောင့် ကျောင်းသို့ မရောက်သေးမှန်း Roseanne သိလိုက်သည်
ထို့ကြောင့် အတန်းထဲကနေ စောင့်မယ်ဆိုပြီး အတန်းဘက် လျှောက်လာသည်
အတန်းထဲ မဝင်ခင် အတန်းထဲက စကားပြောသံတွေထဲ Ruby Jane နာမည်ပါနေသောကြောင့် Roseanne မဝင်သေးဘဲ ရပ်နားထောင်လိုက်သည်
"Ji Yoonကလည်းကွာ မင်း Ruby Janeရဲ့ စက်ဘီးကို ဘီးဖောက်ခိုင်းလို့ ကိုယ် ဖောက်ပေးပြီးပြီလေ မင်း သူ့ကို ဒုက္ခရောက်စေချင်မှန်းသိလို့ ကိုယ် စက်ဘီးဘရိတ်ကြိုးတောင် ဖြတ်ခဲ့သေးတာ ကိုယ့်ကို အဖြေ ပြန်ပေးသင့်နေပြီ မဟုတ်ဘူးလား မင်း ဖြစ်စေချင်သလို ကိုယ် အကုန်လုပ်ပေးခဲ့တယ်လေ "
Roseanneမှာ ဒေါသတွေ ထွက်လွန်းလို့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်
အတန်းထဲ မဝင်တော့ဘဲ ဆိုင်ကယ်တွေထားတဲ့ နေရာဘက်သို့ Roseanne ပြန်သွားပြီး မနေ့က သူမ မှတ်ထားတဲ့ ဆိုင်ကယ်ကို သွားရှာလေသည်
Roseanne ဘေးနားဝန်းကျင်ကို တစ်ချက် ကြည့်ပြီး သူ့လွယ်အိတ်ထဲက ဓားကို ထုတ်ပြီး ဆိုင်ကယ် ဘရိတ်ကြိုးကို ဖြတ်လေသည်
"သူများကို ဒုက္ခ ပေးချင်တဲ့ ခွေးမသား ငရဲကို သွားပေတော့ "
Roseanne ဓားကို ပြန်သိမ်းပြီး သူမ ဘာမှမလုပ်သလို ပုံစံနဲ့ ထွက်လာခဲ့သည်
"Roseanne.... "
စက်ဘီးလေး တွန်းလာရင်း သူမကို လက်လှမ်းပြနေတဲ့ Ruby Janeကို မြင်တော့ Roseanne စိတ်တိုတာတွေတောင် ပျောက်သွားသည်
"Ruby. .."
Roseanne ပြုံးပြီး Rubyဆီ ပြေးသွားတယ်
"အခုမှ ရောက်တာလား Roseanne "
"အာ...ဟုတ်တယ်...."
"စက်ဘီး ပြင်ပေးလို့ ကျေးဇူးနော် Roseanne "
"ကျေးဇူးတင်ရင် မနက်စာ ဝယ်ကျွေး ငါ မနက်စာ မစားခဲ့ရဘူး "
"ဟုတ်ပါပြီ ဝယ်ကျွေးပါမယ် "
Ruby Jane စက်ဘီးထားပြီးနောက် Roseanneနဲ့အတူ ကန်တင်းကို ထွက်လာကြသည်
ပေါင်မုန့်ကြက်ဥကြော်ကို ကလေးတစ်ယောက်လို စားနေတဲ့ Ruby Janeကို ကြည့်ပြီး Roseanne အူယားနေမိသည်
"Ruby... "
"ရှင် "
"ဘယ်လိုထူးလိုက်တယ် ချစ်ဖို့ကောင်းလိုက်တာ "
Roseanne အူယားလွန်းလို့ Ruby Janeရဲ့ ပါးဖောင်းဖောင်းလေးကို ဆွဲညှစ်လိုက်သည်
"ဘာပြောမလို့လည်း "
"ရည်းစားရှိလား "
"ဟင့်အင်း မရှိဘူး "
"တော်သေးတာပေါ့ မထားနဲ့နော် "
"ဘာလို့လည်း "
"ငါ နင့်ကို ချစ်လို့ Ruby "
Roseanne ရဲ့ တည့်တိုးစကားကြောင့် Ruby အံ့သြသွားတယ်
"Roseanne ...ငါ "
"ဟင့်အင်း နင့်ဆီက ဘာအဖြေမှမလိုချင်ဘူး နင့်ကို ငါချစ်တယ် နင့်ကို ရည်းစားမထားစေချင်တဲ့ ငါ့စိတ်ကို သိစေချင်ရုံပါ...."
"အာ..."
"ရည်းစားမထားဘူးလို့ ကတိပေး မဟုတ်ရင် နင့်ရည်းစားထားလို့ကတော့ နင့်ရည်းစားကို ငါ သတ်ပစ်မှာ Ruby "
Roseanne ရဲ့ စကားကြောင့် Ruby Jane ကြက်သီးထပြီး ကျောချမ်းသွားသည်
Roseanne တို့ မနက်စာစားပြီး အတန်းထဲဝင်လာတော့ Ji Yoonကို Roseanne လှမ်းကြည့်လိုက်သည်
Ji Yoonမှာ Roseanneနဲ့ အကြည့်ချင်းမဆုံရဲလို့ ခေါင်းငုံ့ကာ စာဖတ်သလို ဟန်ဆောင်နေသည်
"Ruby. ...နင့် စက်ဘီးကို အဆိပ်သုတ်ထားပါလား "
ရုတ်တရက် စက်ဘီးအကြောင်း ထပြောတဲ့ Roseanne ကြောင့် Ruby Jane အူကြောင်ကြောင်နဲ့ ဖြစ်နေသည်
"ဘာ ဘာလို့လည်း "
"ခွေးတွေက နင့်စက်ဘီးကို လိုက်ကိုက်နေလို့လေ "
Roseanne ရဲ့ စကားကြောင့် Ji Yoon အရှိုက်ထိသွားပြီး အံကြိတ်ထားမိသည်
Ruby Janeကတော့ ဘာမှ မသိလို့ အူကြောင်ကြောင်နဲ့ Roseanneကို ကြည့်နေသည်
"ဘာမှမဟုတ်ဘူး အခု လာမယ့်အချိန်က English မလား ဘာတွေသင်ထားလည်းဆိုတာ ငါ့ကို ပြန်ပြောပါအုံး "
Roseanne ထိုင်ခုံမှာ ဝင်ထိုင်ပြီး Ruby Janeကို မေးလိုက်သည်
ညနေ ကျောင်းဆင်းတော့ Roseanne မှာ Ruby Janeရဲ့ စက်ဘီးကို ဘီးပေါက်အောင် လုပ်ထားတဲ့ ကောင်လေးနဲ့ ဆိုင်ကယ်ထားတဲ့ နေရာမှာ တွေ့တော့ ထိုကောင်လေး ကို ပြုံးပြလိုက်သည်
ကောင်လေးမှာတော့ Roseanne ရဲ့ အပွုံးအဓိပ်ပါယျကို မသိဘဲ Roseanne က သူ့ကို အထာပေးတယ်ထင်ပြီး ရှိုးထုတ်ကာ ဆိုင်ကယ်ပေါ် တက်ခွလိုက်သည်
"Bye Bitch "
Roseanne တိုးတိုးလေး ပြောပြီး သူမဆိုင်ကယ်ပေါ် တက်ခွလိုက်သည်
ထို့နောက် သီချင်းလေး ညည်းပြီး အိမ်သို့ ပြန်လာခဲ့သည်
#Tbc
#Zawgyi
Roseanne ဖုန္း alarm သံေၾကာင့္ အိပ္ရာက နိုးလာတယ္
Roseanne ရဲ႕ အခန္းတစ္ခန္းလုံးဟာ သူမ်ားေတြလို မီးေတြနဲ႕ထိန္လင္းမေနဘဲ ေနေရာင္ျခည္လည္း မရွိဘဲ အနီေရာင္ မီးသီးမွိန္မွိန္ေလးသာ ဖြင့္ထားသည္
အဲ့လို ေနရတာကို Roseanne သေဘာက်သည္
အခန္းတစ္ခန္းလုံးက နံရံမွာလည္း Roseanne ဆြဲထားတဲ့ စိတၱဇပုံေတြ ပန္းခ်ီကားေတြနဲ႕ ျပည့္ႏွက္ေနသည္
ဟုတ္ပါတယ္ Roseanne က Psychopath တစ္ေယာက္ပါ...သူမ အေမက သူမ လူမွန္းစသိခါစ အ႐ြယ္မွာ ေဖာက္ျပန္ၿပီး သူမတို႔ကို ထားခဲ့ကာ ေနာက္အိမ္ေထာင္ေနာက္ လိုက္သြားကတည္းက Roseanne စိတ္ေဖာက္သြားခဲ့တာပါ
ေရခ်ိဴးၿပီး မ်က္လုံးကို မဲနက္ေနေအာင္ eyelinerေတြဆိုးၿပီး Ruby Janeနဲ႕ မနက္စာအတူစားနိုင္ဖို႔ ေက်ာင္းကို သြားဖို႔ Roseanne အိမ္ေအာက္ကို ဆင္းလာသည္
"မမေလး နိုးလာပါၿပီလား မနက္စာ အဆင္သင့္ ျဖစ္ပါၿပီ "
"ရတယ္ အန္ကယ္ မနက္စာ မစားေတာ့ဘူး ေက်ာင္းမွာ စာေတြလိုက္ကူးရမွာမို႔ သြားေတာ့မယ္ ဒါနဲ႕ မေန႕က စက္ဘီး ေသခ်ာျပင္ေပးလိုက္လား "
"ဟုတ္ မမေလး အမိန့္အတိုင္း ေသခ်ာလုပ္ေပးထားပါတယ္ ေက်ာင္းသြားေတာ့မွာဆို ဒရိုင္ဘာကင္ကို "
"ဆိုင္ကယ္နဲ႕ဘဲ သြားလိုက္ပါမယ္ "
"သခင္ႀကီးက Company မသြားခင္ ကားနဲ႕ လိုက္ပို႔ဖို႔ မွာထားလို႔ပါ "
"မလိုပါဘူး အန္ကယ္ "
Roseanne ေျပာၿပီး ဆိုင္ကယ္ေပၚ တက္ခြကာ ေက်ာင္းသို႔ ထြက္လာခဲ့သည္
Ruby Janeရဲ႕ စက္ဘီးေလးကို မေတြ႕ေသးတာေၾကာင့္ ေက်ာင္းသို႔ မေရာက္ေသးမွန္း Roseanne သိလိုက္သည္
ထို႔ေၾကာင့္ အတန္းထဲကေန ေစာင့္မယ္ဆိုၿပီး အတန္းဘက္ ေလွ်ာက္လာသည္
အတန္းထဲ မဝင္ခင္ အတန္းထဲက စကားေျပာသံေတြထဲ Ruby Jane နာမည္ပါေနေသာေၾကာင့္ Roseanne မဝင္ေသးဘဲ ရပ္နားေထာင္လိုက္သည္
"Ji Yoonကလည္းကြာ မင္း Ruby Janeရဲ႕ စက္ဘီးကို ဘီးေဖာက္ခိုင္းလို႔ ကိုယ္ ေဖာက္ေပးၿပီးၿပီေလ မင္း သူ႕ကို ဒုကၡေရာက္ေစခ်င္မွန္းသိလို႔ ကိုယ္ စက္ဘီးဘရိတ္ႀကိဳးေတာင္ ျဖတ္ခဲ့ေသးတာ ကိုယ့္ကို အေျဖ ျပန္ေပးသင့္ေနၿပီ မဟုတ္ဘူးလား မင္း ျဖစ္ေစခ်င္သလို ကိုယ္ အကုန္လုပ္ေပးခဲ့တယ္ေလ "
Roseanneမွာ ေဒါသေတြ ထြက္လြန္းလို႔ လက္သီးကို က်စ္က်စ္ပါေအာင္ ဆုပ္ထားသည္
အတန္းထဲ မဝင္ေတာ့ဘဲ ဆိုင္ကယ္ေတြထားတဲ့ ေနရာဘက္သို႔ Roseanne ျပန္သြားၿပီး မေန႕က သူမ မွတ္ထားတဲ့ ဆိုင္ကယ္ကို သြားရွာေလသည္
Roseanne ေဘးနားဝန္းက်င္ကို တစ္ခ်က္ ၾကည့္ၿပီး သူ႕လြယ္အိတ္ထဲက ဓားကို ထုတ္ၿပီး ဆိုင္ကယ္ ဘရိတ္ႀကိဳးကို ျဖတ္ေလသည္
"သူမ်ားကို ဒုကၡ ေပးခ်င္တဲ့ ေခြးမသား ငရဲကို သြားေပေတာ့ "
Roseanne ဓားကို ျပန္သိမ္းၿပီး သူမ ဘာမွမလုပ္သလို ပုံစံနဲ႕ ထြက္လာခဲ့သည္
"Roseanne.... "
စက္ဘီးေလး တြန္းလာရင္း သူမကို လက္လွမ္းျပေနတဲ့ Ruby Janeကို ျမင္ေတာ့ Roseanne စိတ္တိုတာေတြေတာင္ ေပ်ာက္သြားသည္
"Ruby. .."
Roseanne ၿပဳံးၿပီး Rubyဆီ ေျပးသြားတယ္
"အခုမွ ေရာက္တာလား Roseanne "
"အာ...ဟုတ္တယ္...."
"စက္ဘီး ျပင္ေပးလို႔ ေက်းဇူးေနာ္ Roseanne "
"ေက်းဇူးတင္ရင္ မနက္စာ ဝယ္ေကြၽး ငါ မနက္စာ မစားခဲ့ရဘူး "
"ဟုတ္ပါၿပီ ဝယ္ေကြၽးပါမယ္ "
Ruby Jane စက္ဘီးထားၿပီးေနာက္ Roseanneနဲ႕အတူ ကန္တင္းကို ထြက္လာၾကသည္
ေပါင္မုန့္ၾကက္ဥေၾကာ္ကို ကေလးတစ္ေယာက္လို စားေနတဲ့ Ruby Janeကို ၾကည့္ၿပီး Roseanne အူယားေနမိသည္
"Ruby... "
"ရွင္ "
"ဘယ္လိုထူးလိုက္တယ္ ခ်စ္ဖို႔ေကာင္းလိုက္တာ "
Roseanne အူယားလြန္းလို႔ Ruby Janeရဲ႕ ပါးေဖာင္းေဖာင္းေလးကို ဆြဲညွစ္လိုက္သည္
"ဘာေျပာမလို႔လည္း "
"ရည္းစားရွိလား "
"ဟင့္အင္း မရွိဘူး "
"ေတာ္ေသးတာေပါ့ မထားနဲ႕ေနာ္ "
"ဘာလို႔လည္း "
"ငါ နင့္ကို ခ်စ္လို႔ Ruby "
Roseanne ရဲ႕ တည့္တိုးစကားေၾကာင့္ Ruby အံ့ၾသသြားတယ္
"Roseanne ...ငါ "
"ဟင့္အင္း နင့္ဆီက ဘာအေျဖမွမလိုခ်င္ဘူး နင့္ကို ငါခ်စ္တယ္ နင့္ကို ရည္းစားမထားေစခ်င္တဲ့ ငါ့စိတ္ကို သိေစခ်င္႐ုံပါ...."
"အာ..."
"ရည္းစားမထားဘူးလို႔ ကတိေပး မဟုတ္ရင္ နင့္ရည္းစားထားလို႔ကေတာ့ နင့္ရည္းစားကို ငါ သတ္ပစ္မွာ Ruby "
Roseanne ရဲ႕ စကားေၾကာင့္ Ruby Jane ၾကက္သီးထၿပီး ေက်ာခ်မ္းသြားသည္
Roseanne တို႔ မနက္စာစားၿပီး အတန္းထဲဝင္လာေတာ့ Ji Yoonကို Roseanne လွမ္းၾကည့္လိုက္သည္
Ji Yoonမွာ Roseanneနဲ႕ အၾကည့္ခ်င္းမဆုံရဲလို႔ ေခါင္းငုံ႕ကာ စာဖတ္သလို ဟန္ေဆာင္ေနသည္
"Ruby. ...နင့္ စက္ဘီးကို အဆိပ္သုတ္ထားပါလား "
႐ုတ္တရက္ စက္ဘီးအေၾကာင္း ထေျပာတဲ့ Roseanne ေၾကာင့္ Ruby Jane အူေၾကာင္ေၾကာင္နဲ႕ ျဖစ္ေနသည္
"ဘာ ဘာလို႔လည္း "
"ေခြးေတြက နင့္စက္ဘီးကို လိုက္ကိုက္ေနလို႔ေလ "
Roseanne ရဲ႕ စကားေၾကာင့္ Ji Yoon အရွိုက္ထိသြားၿပီး အံႀကိတ္ထားမိသည္
Ruby Janeကေတာ့ ဘာမွ မသိလို႔ အူေၾကာင္ေၾကာင္နဲ႕ Roseanneကို ၾကည့္ေနသည္
"ဘာမွမဟုတ္ဘူး အခု လာမယ့္အခ်ိန္က English မလား ဘာေတြသင္ထားလည္းဆိုတာ ငါ့ကို ျပန္ေျပာပါအုံး "
Roseanne ထိုင္ခုံမွာ ဝင္ထိုင္ၿပီး Ruby Janeကို ေမးလိုက္သည္
ညေန ေက်ာင္းဆင္းေတာ့ Roseanne မွာ Ruby Janeရဲ႕ စက္ဘီးကို ဘီးေပါက္ေအာင္ လုပ္ထားတဲ့ ေကာင္ေလးနဲ႕ ဆိုင္ကယ္ထားတဲ့ ေနရာမွာ ေတြ႕ေတာ့ ထိုေကာင္ေလး ကို ၿပဳံးျပလိုက္သည္
ေကာင္ေလးမွာေတာ့ Roseanne ရဲ႕ အပြုံးအဓိပ္ပါယ်ကိဳ မသိဘဲ Roseanne က သူ႕ကို အထာေပးတယ္ထင္ၿပီး ရွိုးထုတ္ကာ ဆိုင္ကယ္ေပၚ တက္ခြလိုက္သည္
"Bye Bitch "
Roseanne တိုးတိုးေလး ေျပာၿပီး သူမဆိုင္ကယ္ေပၚ တက္ခြလိုက္သည္
ထို႔ေနာက္ သီခ်င္းေလး ညည္းၿပီး အိမ္သို႔ ျပန္လာခဲ့သည္
#Tbc
Bạn đang đọc truyện trên: Truyen3h.Co