Truyen3h.Co

Her Devil Hero

Part 4

KimFany059

#Unicode

လေလေးတချွန်ချွန်နဲ့ အိမ်ထဲဝင်လာတဲ့ Roseanne ကို Mr. Park သတင်းစာဖတ်နေရာက ကြည့်လိုက်သည်

"ကျောင်းက ပြန်လာပြီလား သမီး "

"ဟုတ် Daddy ပြန်လာပါပြီ Daddy ဒီနေ့ အိမ်ပြန်ရောက်တာ စောတယ်နော် "

" သမီးလေး လေလေးတချွန်ချွန်နဲ့  တစ်ခုခုပျော်စရာရှိနေတာလား "

"ဟီးဟီး "

"Appa ငွေထုပ်ပိုက်ပြီး လိုက်ရှင်းရအုံးမယ် ထင်တယ် "

Mr. Park သူ့သမီးကို ကြည့်ကာ ရယ်ပြီး ပြောလိုက်သည်

သူ့သမီးအကြောင်း Mr. Parkသာ အသိဆုံးလေ.... မိတဆိုးသမီးလေးဆိုပြီး အလိုလိုက်ခဲ့တော့ Roseanneက ဆိုးချင်သလိုဆိုးနေတယ်လေ

မူလတန်း အလယ်တန်းကျောင်းတုံးကဆို Roseanne တစ်ယောက် ကိုယ်ထိလက်ရောက် လုပ်ခဲ့တဲ့ ကျောင်းသူ ကျောင်းသားတွေရဲ့ မိဘတွေကို Mr. Park စိတ်ကျေနပ်အောင် ငွေနဲ့လိုက်ဖုံးခဲ့ရသေးသည်

"ဒီတစ်ခါတော့ Appa လိုက်ရှင်းစရာမလိုတော့ပါဘူး သမီးက ငယ်ငယ်ကလို မဟုတ်တော့ဘူးလေ ရှောင်တတ်ရှားတတ်နေပြီ ဟီးဟီးဟီး "

Roseanne ကြောက်စရာကောင်းတဲ့ အသံနဲ့ ရယ်ပြီး အိမ်ပေါ်တက်သွားသည်

အိမ်ထော်ထိန်းမှာတော့ Mr.Parkနဲ့ သူ့သမီးကို ကြည့်ပြီး သက်ပြင်းချမိသည်

Roseanne အခန်းထဲရောက်တော့ စားပွဲပေါ်က A4 စာရွက်ကို ကောက်ယူပြီး ပုံထိုင်ဆွဲနေသည်

"မမလေး သခင်ကြီးက ညစာလာစားပါတဲ့ "

"ကောင်းပြီ လာခဲ့မယ် "

သူမ အခန်းရှေ့က Maid ကို ပြန်ပြောပြီး Roseanne သူဆွဲလက်စ ပုံကို လက်စသတ်လိုက်သည်

ထို့နောက် ပုံကို နံရံတွင် ကပ်လိုက်ပြီး စိတ်ကျေနပ်နေသည်

Roseanne ဆွဲထားတဲ့ ပန်းချီပုံမှာ ကောင်လေးတစ်ယောက် ကားတိုက်ခံရပြီး အသက်မဲ့နေသော ပုံပင်ဖြစ်သည်

*********************

ကျောင်းကန်တင်းတွင် Roseanneနဲ့ Ruby Janeတို့ မနက်စာ အတူစားနေကြသည်

"Roseanne နင် အရင်ကျောင်းကနေ ဘာလို့ ထွက်လာတာလည်း "

Roseanne မုန့်ကိုပြီးအောင် စားပြီး Ruby ကို ကြည့်လိုက်သည်

"အင်း ငါ့ကို ရန်လာစတဲ့ ကျောင်းသူကို ခုံနဲ့ကောက်ရိုက်လိုက်လို့ ကျောင်းအုပ်ကြီးကလည်း စည်းကမ်းကြီးတယ်လေ ဘာမှလုပ်မရဘူး အဲ့တာကြောင့် ထွက်လာတာ "

"အား နင် တော်တော် ဒေါသကြီးတာဘဲ Roseanne..... "

"အခုမှသိတာလား "

"ငယ်ငယ်ကတည်းက သိတာပါနော် နင် ငယ်ငယ်ကတည်းက အဆိုးလေး "

Ruby က ပြောပြီး Roseanneရဲ့ ပါးလေးကို လက်နဲ့ဆွဲညှစ်လိုက်သည်

Roesanneမှာ သူမပါးကို လာဆွဲညှစ်တဲ့ Rubyရဲ့ လက်ကို ကိုင်လိုက်သည်

"Ruby. .."

"ဟင် ..."

"ငါ နင့်ကို..ချစ်တယ်.. "

Roseanne ပြောတဲ့ စကားတွေကို Ruby
ကန်တင်းထဲ ရန်ထဖြစ်တဲ့ ကျောင်းသားတွေရဲ့ အသံကြောင့် သေချာမကြားလိုက်ရပေ

"Roseanne ခုန နင် ဘာပြောလိုက်တာလည်း ငါမကြားလိုက်လို့ "

"ခွေးသူတောင်းစားတွေ"

Roseanne ရဲ့ ကျိန်ဆဲစကားကြောင့် Ruby မျက်လုံးပြူးသွားသည်

"ဟင် "

"အာ နင့်ကို ဆဲတာ မဟုတ်ပါဘူး စားပြီးပြီဆို အတန်းသွားတက်ရအောင်လို့ ပြောတာပါ "

"Aww ဒါဆို သွားကြမယ်လေ "

Roseanne အတန်းထဲ ရောက်တော့ Ji Yoonကို ကြည့်ပြီး မဲ့ပြုံးပြုံးလိုက်သည်

Ji Yoonမှာ Roseanneတို့ အတန်းထဲဝင်လာတော့  

"ကျက်သရေကို မရှိဘူး " ဟု Roseanne ကြားအောင် ကျိန်ဆဲလေသည်

"ရန်မဖြစ်နဲ့ Roseanne "

Rubyမှာ ဟိုတစ်ခါကလို Roseanneတစ်ယောက် Ji Yoonကို ရန်လုပ်မှာဆိုးလို့ Roseanneရဲ့ လက်မောင်းကို ဆွဲပြီး ထိုင်ခုံဘက်သို့ ခေါ်သွားသည်

"Ji Yoon Ji Yoonရေ နင့်အတွက် စိတ်မကောင်းစရာ သတင်း ကြားလာတယ် "

အတန်းထဲ ပြေးဝင်လာတဲ့ Ji Yoonဘေးနား ထိုင်တဲ့ ကောင်မလေးရဲ့ အသံကြောင့် အတန်းထဲက ကျောင်းသူ ကျောင်းသား အားလုံး ငြိမ်သွားကြသည်

Rubyကတော့ သူများအကြောင်း စိတ်မဝင်စားလို့ လာမယ့်အချိန်ရဲ့ စာအုပ်ကို ထုတ်နေသည်

Roseanne ကတော့ မေးထောက်ကာ Ji Yoonကို ပြုံးပြုံးကြီး ကြည့်နေသည်

"ဘာဖြစ်တာလည်းဟ အလန့်တကြားနဲ့ "

"နင့်ကို ကြိုက်နေတဲ့ C အခန်းက Cha Minလေ "

"အင်း သူက ဘာဖြစ်လို့လည်း "

"မနေ့က အိမ်ပြန်လမ်းမှာ ဆိုင်ကယ် ဘရိတ်ကြိုးပျက်ပြီး ကားကို ဝင်တိုက်တာတဲ့ အဲ့မှာ လဲကျသွားတော့ အနောက်က ကားက သူ့ကို တိုက်ကြိတ်သွားလို့ ဦးနှောက်ပွင့်ပြီး နေရာမှာတင် ပွဲချင်းပြီး သေသွားတယ်တဲ့ "

ကောင်မလေးရဲ့ စကားကြောင့် Ji Yoon အပြင် အတန်းထဲက လူတွေပါ လန့်သွားကြသည်

မလန့်တဲ့သူကတော့ အဖြေကို ကြိုသိနေတဲ့ Roseanne ပင်....မနေ့ကတည်းက Cha Minနောက် လိုက်ချောင်းပြီး အပြည့်အစုံမြင်ခဲ့တယ်လေ

"Omo... သနားပါတယ် "

"Cha Min တစ်ယောက် ကောင်းရာဘုံကို ရောက်ပါစေကွာ "

Ji Yoon တစ်ယောက် အရမ်းလန့်ပြီး Cha Minကို စိတ်မကောင်းဖြစ်လို့ ငိုချမိသည်

"ဆိုင်ကယ် ဘရိတ်ကြိုးပျက်တာဆိုတော့ မဟုတ်မှ လွဲလို့...."

နင့်စက်ဘီးကို အဆိပ်သုတ်ထားပါလား ခွေးတွေက လိုက်ကိုက်နေလို့

Ji Yoon တစ်ခုခုကို ဆက်စပ်တွေးမိပြီး နောက်ကိုလှည့်ကြည့်တော့ Roseanneက သူမကို မျက်ခုံးပင့်ပြကာ ပြုံးပြနေသည်

"မ....မဟုတ်မှလွဲလို့ Cha Minက Rubyရဲ့ စက်ဘီးကို ဘီးဖောက်ပြီး ဘရိတ်ကြိုးဖြတ်လိုက်တာကို သူသိနေတာလား  "

Ji Yoon တွေးမိပြီး ကြက်သီးတွေ ထသွားသည်

"Ruby ငါ သန့်စင်ခန်း ခဏသွားအုံးမယ်နော် "

"လိုက်ခဲ့ရမလား "

"ရတယ် မလိုက်ပါနဲ့ ခဏနေ ကျောင်းတက်တော့မှာဘဲကို ငါ အမြန်သွားလိုက်မယ် "

Roseanne သန့်စင်ခန်းတွင် ကိစ္စ ပြီးစီးလို့ လက်ဆေးနေတုံး Ji Yoonက ရောက် လာသည်

Roseanne လက်ကို တစ်ရှူးနဲ့သုတ်ပြီး

"ကျက်သရေမရှိလိုက်တာ "

"Cha Min သေသွားတာ နင့်လက်ချက် မဟုတ်လား Roseanne "

Ji Yoon စကားကြောင့် Roseanne အံ့သြတဲ့ ပုံစံနဲ့ လက်ကို ပါးစပ်မှာ အုပ်လိုက်ပြီး

"Omo ဘယ်နဲ့ကြောင့် ငါ့ကို လာစွပ်စွဲနေတာလည်း ဘာအကြောင်းပြချက်ကြောင့်လည်း ပြောပါအုံး "

"Ruby Janeရဲ့ စက်ဘီး ဘရိတ်ကြိုးကို သူ ဖြတ်လိုက်တာ နင် သိတယ် မဟုတ်လား "

"ဟင် Ruby Janeရဲ့ စက်ဘီး ဘရိတ်ကြိုးကို သူ ဖြတ်လိုက်တာ ဟုတ်လား နင်ကလည်း သိနေတယ်ပေါ့ "

Roseanne စကားကြောင့် Ji Yoon  သူ့စကားမှားသွားပြီဆိုတာ သူမပြောသင့်တဲ့ စကားပြောမိပြီဆိုတာ သတိရသွားသည်

"ဟို ဟို "

"နားထောင် Ji Yoon. ....Cha Min သေတာက ငါ သတ်လို့မဟုတ်ဘူး သူ Rubyကို မကောင်းကြံလို့ ဝဋ်က သတ်သွားတာ ဝဋ်ဆိုတာ နေ့မကူးဘူး ချက်ချင်း လည်တတ်တယ်ဆိုတာ သိလား..... အင်း Ruby ကို မကောင်းကြံတဲ့ နင်လည်း ဘယ်အချိန် ဝဋ်လည်မလည်းဆိုတာ စောင့်နေလိုက်ပေါ့ "

Roseanne ပြောပြီး သန့်စင်ခန်း အပြင်ဘက်ကို ထွက်မယ်လုပ်တော့ Ji Yoon က သူ့လက်ကို လှမ်းဆွဲလိုက်သည်

"နင် နင် "

"ဘာပြောစရာရှိသေးလို့ ငါ့လက်ကို လာဆွဲတာလည်း ဘာလည်း ဝဋ်လည်ချင်နေပြီလား....နင့်ကို ငါ သတ်ပေးရမလား......."

သန့်စင်ခန်း တံခါးကို ပိတ်ကာ နှုတ်ခမ်းကို လျှာနဲ့သပ်ပြီး ပြောလိုက်တဲ့ Roseanne  စကားကြောင့် Ji Yoon ကြက်သီးထသွားလေသည်

#Tbc

#Zawgyi

ေလေလးတခြၽန္ခြၽန္နဲ႕ အိမ္ထဲဝင္လာတဲ့ Roseanne ကို Mr. Park သတင္းစာဖတ္ေနရာက ၾကည့္လိုက္သည္

"ေက်ာင္းက ျပန္လာၿပီလား သမီး "

"ဟုတ္ Daddy ျပန္လာပါၿပီ Daddy ဒီေန႕ အိမ္ျပန္ေရာက္တာ ေစာတယ္ေနာ္ "

" သမီးေလး ေလေလးတခြၽန္ခြၽန္နဲ႕  တစ္ခုခုေပ်ာ္စရာရွိေနတာလား "

"ဟီးဟီး "

"Appa ေငြထုပ္ပိုက္ၿပီး လိုက္ရွင္းရအုံးမယ္ ထင္တယ္ "

Mr. Park သူ႕သမီးကို ၾကည့္ကာ ရယ္ၿပီး ေျပာလိုက္သည္

သူ႕သမီးအေၾကာင္း Mr. Parkသာ အသိဆုံးေလ.... မိတဆိုးသမီးေလးဆိုၿပီး အလိုလိုက္ခဲ့ေတာ့ Roseanneက ဆိုးခ်င္သလိုဆိုးေနတယ္ေလ

မူလတန္း အလယ္တန္းေက်ာင္းတုံးကဆို Roseanne တစ္ေယာက္ ကိုယ္ထိလက္ေရာက္ လုပ္ခဲ့တဲ့ ေက်ာင္းသူ ေက်ာင္းသားေတြရဲ႕ မိဘေတြကို Mr. Park စိတ္ေက်နပ္ေအာင္ ေငြနဲ႕လိုက္ဖုံးခဲ့ရေသးသည္

"ဒီတစ္ခါေတာ့ Appa လိုက္ရွင္းစရာမလိုေတာ့ပါဘူး သမီးက ငယ္ငယ္ကလို မဟုတ္ေတာ့ဘူးေလ ေရွာင္တတ္ရွားတတ္ေနၿပီ ဟီးဟီးဟီး "

Roseanne ေၾကာက္စရာေကာင္းတဲ့ အသံနဲ႕ ရယ္ၿပီး အိမ္ေပၚတက္သြားသည္

အိမ္ေထာ္ထိန္းမွာေတာ့ Mr.Parkနဲ႕ သူ႕သမီးကို ၾကည့္ၿပီး သက္ျပင္းခ်မိသည္

Roseanne အခန္းထဲေရာက္ေတာ့ စားပြဲေပၚက A4 စာ႐ြက္ကို ေကာက္ယူၿပီး ပုံထိုင္ဆြဲေနသည္

"မမေလး သခင္ႀကီးက ညစာလာစားပါတဲ့ "

"ေကာင္းၿပီ လာခဲ့မယ္ "

သူမ အခန္းေရွ႕က Maid ကို ျပန္ေျပာၿပီး Roseanne သူဆြဲလက္စ ပုံကို လက္စသတ္လိုက္သည္

ထို႔ေနာက္ ပုံကို နံရံတြင္ ကပ္လိုက္ၿပီး စိတ္ေက်နပ္ေနသည္

Roseanne ဆြဲထားတဲ့ ပန္းခ်ီပုံမွာ ေကာင္ေလးတစ္ေယာက္ ကားတိုက္ခံရၿပီး အသက္မဲ့ေနေသာ ပုံပင္ျဖစ္သည္

*********************

ေက်ာင္းကန္တင္းတြင္ Roseanneနဲ႕ Ruby Janeတို႔ မနက္စာ အတူစားေနၾကသည္

"Roseanne နင္ အရင္ေက်ာင္းကေန ဘာလို႔ ထြက္လာတာလည္း "

Roseanne မုန့္ကိုၿပီးေအာင္ စားၿပီး Ruby ကို ၾကည့္လိုက္သည္

"အင္း ငါ့ကို ရန္လာစတဲ့ ေက်ာင္းသူကို ခုံနဲ႕ေကာက္ရိုက္လိုက္လို႔ ေက်ာင္းအုပ္ႀကီးကလည္း စည္းကမ္းႀကီးတယ္ေလ ဘာမွလုပ္မရဘူး အဲ့တာေၾကာင့္ ထြက္လာတာ "

"အား နင္ ေတာ္ေတာ္ ေဒါသႀကီးတာဘဲ Roseanne..... "

"အခုမွသိတာလား "

"ငယ္ငယ္ကတည္းက သိတာပါေနာ္ နင္ ငယ္ငယ္ကတည္းက အဆိုးေလး "

Ruby က ေျပာၿပီး Roseanneရဲ႕ ပါးေလးကို လက္နဲ႕ဆြဲညွစ္လိုက္သည္

Roesanneမွာ သူမပါးကို လာဆြဲညွစ္တဲ့ Rubyရဲ႕ လက္ကို ကိုင္လိုက္သည္

"Ruby. .."

"ဟင္ ..."

"ငါ နင့္ကို..ခ်စ္တယ္.. "

Roseanne ေျပာတဲ့ စကားေတြကို Ruby
ကန္တင္းထဲ ရန္ထျဖစ္တဲ့ ေက်ာင္းသားေတြရဲ႕ အသံေၾကာင့္ ေသခ်ာမၾကားလိုက္ရေပ

"Roseanne ခုန နင္ ဘာေျပာလိုက္တာလည္း ငါမၾကားလိုက္လို႔ "

"ေခြးသူေတာင္းစားေတြ"

Roseanne ရဲ႕ က်ိန္ဆဲစကားေၾကာင့္ Ruby မ်က္လုံးျပဴးသြားသည္

"ဟင္ "

"အာ နင့္ကို ဆဲတာ မဟုတ္ပါဘူး စားၿပီးၿပီဆို အတန္းသြားတက္ရေအာင္လို႔ ေျပာတာပါ "

"Aww ဒါဆို သြားၾကမယ္ေလ "

Roseanne အတန္းထဲ ေရာက္ေတာ့ Ji Yoonကို ၾကည့္ၿပီး မဲ့ၿပဳံးၿပဳံးလိုက္သည္

Ji Yoonမွာ Roseanneတို႔ အတန္းထဲဝင္လာေတာ့  

"က်က္သေရကို မရွိဘူး " ဟု Roseanne ၾကားေအာင္ က်ိန္ဆဲေလသည္

"ရန္မျဖစ္နဲ႕ Roseanne "

Rubyမွာ ဟိုတစ္ခါကလို Roseanneတစ္ေယာက္ Ji Yoonကို ရန္လုပ္မွာဆိုးလို႔ Roseanneရဲ႕ လက္ေမာင္းကို ဆြဲၿပီး ထိုင္ခုံဘက္သို႔ ေခၚသြားသည္

"Ji Yoon Ji Yoonေရ နင့္အတြက္ စိတ္မေကာင္းစရာ သတင္း ၾကားလာတယ္ "

အတန္းထဲ ေျပးဝင္လာတဲ့ Ji Yoonေဘးနား ထိုင္တဲ့ ေကာင္မေလးရဲ႕ အသံေၾကာင့္ အတန္းထဲက ေက်ာင္းသူ ေက်ာင္းသား အားလုံး ၿငိမ္သြားၾကသည္

Rubyကေတာ့ သူမ်ားအေၾကာင္း စိတ္မဝင္စားလို႔ လာမယ့္အခ်ိန္ရဲ႕ စာအုပ္ကို ထုတ္ေနသည္

Roseanne ကေတာ့ ေမးေထာက္ကာ Ji Yoonကို ၿပဳံးၿပဳံးႀကီး ၾကည့္ေနသည္

"ဘာျဖစ္တာလည္းဟ အလန့္တၾကားနဲ႕ "

"နင့္ကို ႀကိဳက္ေနတဲ့ C အခန္းက Cha Minေလ "

"အင္း သူက ဘာျဖစ္လို႔လည္း "

"မေန႕က အိမ္ျပန္လမ္းမွာ ဆိုင္ကယ္ ဘရိတ္ႀကိဳးပ်က္ၿပီး ကားကို ဝင္တိုက္တာတဲ့ အဲ့မွာ လဲက်သြားေတာ့ အေနာက္က ကားက သူ႕ကို တိုက္ႀကိတ္သြားလို႔ ဦးႏွောက္ပြင့္ၿပီး ေနရာမွာတင္ ပြဲခ်င္းၿပီး ေသသြားတယ္တဲ့ "

ေကာင္မေလးရဲ႕ စကားေၾကာင့္ Ji Yoon အျပင္ အတန္းထဲက လူေတြပါ လန့္သြားၾကသည္

မလန့္တဲ့သူကေတာ့ အေျဖကို ႀကိဳသိေနတဲ့ Roseanne ပင္....မေန႕ကတည္းက Cha Minေနာက္ လိုက္ေခ်ာင္းၿပီး အျပည့္အစုံျမင္ခဲ့တယ္ေလ

"Omo... သနားပါတယ္ "

"Cha Min တစ္ေယာက္ ေကာင္းရာဘုံကို ေရာက္ပါေစကြာ "

Ji Yoon တစ္ေယာက္ အရမ္းလန့္ၿပီး Cha Minကို စိတ္မေကာင္းျဖစ္လို႔ ငိုခ်မိသည္

"ဆိုင္ကယ္ ဘရိတ္ႀကိဳးပ်က္တာဆိုေတာ့ မဟုတ္မွ လြဲလို႔...."

နင့္စက္ဘီးကို အဆိပ္သုတ္ထားပါလား ေခြးေတြက လိုက္ကိုက္ေနလို႔

Ji Yoon တစ္ခုခုကို ဆက္စပ္ေတြးမိၿပီး ေနာက္ကိုလွည့္ၾကည့္ေတာ့ Roseanneက သူမကို မ်က္ခုံးပင့္ျပကာ ၿပဳံးျပေနသည္

"မ....မဟုတ္မွလြဲလို႔ Cha Minက Rubyရဲ႕ စက္ဘီးကို ဘီးေဖာက္ၿပီး ဘရိတ္ႀကိဳးျဖတ္လိုက္တာကို သူသိေနတာလား  "

Ji Yoon ေတြးမိၿပီး ၾကက္သီးေတြ ထသြားသည္

"Ruby ငါ သန့္စင္ခန္း ခဏသြားအုံးမယ္ေနာ္ "

"လိုက္ခဲ့ရမလား "

"ရတယ္ မလိုက္ပါနဲ႕ ခဏေန ေက်ာင္းတက္ေတာ့မွာဘဲကို ငါ အျမန္သြားလိုက္မယ္ "

Roseanne သန့္စင္ခန္းတြင္ ကိစၥ ၿပီးစီးလို႔ လက္ေဆးေနတုံး Ji Yoonက ေရာက္ လာသည္

Roseanne လက္ကို တစ္ရႉးနဲ႕သုတ္ၿပီး

"က်က္သေရမရွိလိုက္တာ "

"Cha Min ေသသြားတာ နင့္လက္ခ်က္ မဟုတ္လား Roseanne "

Ji Yoon စကားေၾကာင့္ Roseanne အံ့ၾသတဲ့ ပုံစံနဲ႕ လက္ကို ပါးစပ္မွာ အုပ္လိုက္ၿပီး

"Omo ဘယ္နဲ႕ေၾကာင့္ ငါ့ကို လာစြပ္စြဲေနတာလည္း ဘာအေၾကာင္းျပခ်က္ေၾကာင့္လည္း ေျပာပါအုံး "

"Ruby Janeရဲ႕ စက္ဘီး ဘရိတ္ႀကိဳးကို သူ ျဖတ္လိုက္တာ နင္ သိတယ္ မဟုတ္လား "

"ဟင္ Ruby Janeရဲ႕ စက္ဘီး ဘရိတ္ႀကိဳးကို သူ ျဖတ္လိုက္တာ ဟုတ္လား နင္ကလည္း သိေနတယ္ေပါ့ "

Roseanne စကားေၾကာင့္ Ji Yoon  သူ႕စကားမွားသြားၿပီဆိုတာ သူမေျပာသင့္တဲ့ စကားေျပာမိၿပီဆိုတာ သတိရသြားသည္

"ဟို ဟို "

"နားေထာင္ Ji Yoon. ....Cha Min ေသတာက ငါ သတ္လို႔မဟုတ္ဘူး သူ Rubyကို မေကာင္းႀကံလို႔ ဝဋ္က သတ္သြားတာ ဝဋ္ဆိုတာ ေန႕မကူးဘူး ခ်က္ခ်င္း လည္တတ္တယ္ဆိုတာ သိလား..... အင္း Ruby ကို မေကာင္းႀကံတဲ့ နင္လည္း ဘယ္အခ်ိန္ ဝဋ္လည္မလည္းဆိုတာ ေစာင့္ေနလိုက္ေပါ့ "

Roseanne ေျပာၿပီး သန့္စင္ခန္း အျပင္ဘက္ကို ထြက္မယ္လုပ္ေတာ့ Ji Yoon က သူ႕လက္ကို လွမ္းဆြဲလိုက္သည္

"နင္ နင္ "

"ဘာေျပာစရာရွိေသးလို႔ ငါ့လက္ကို လာဆြဲတာလည္း ဘာလည္း ဝဋ္လည္ခ်င္ေနၿပီလား....နင့္ကို ငါ သတ္ေပးရမလား......."

သန့္စင္ခန္း တံခါးကို ပိတ္ကာ ႏႈတ္ခမ္းကို လွ်ာနဲ႕သပ္ၿပီး ေျပာလိုက္တဲ့ Roseanne  စကားေၾကာင့္ Ji Yoon ၾကက္သီးထသြားေလသည္

#Tbc

Bạn đang đọc truyện trên: Truyen3h.Co