Part 7
#zawgyi
"စီနီယာ အမႈတစ္ခုကို ေျဖာင္းယမ္း ရဲစခန္းက ကြၽန္ေတာ္တို႔ကို လာလႊဲေျပာင္းထားတယ္ "
Minoရဲ႕ စကားေၾကာင့္ ပဲေခါက္ဆြဲ စားေနတဲ့ စုံေထာက္ Kim Jisooမွာ Minoကို လွမ္းၾကည့္လိုက္သည္
"ဘာ အမႈလည္း "
"ေျဖာင္းယမ္း အထက္တန္းေက်ာင္းမွာ ေက်ာင္းသူတစ္ေယာက္ ေပ်ာက္ေနတာ တစ္ပတ္ရွိၿပီလို႔ သူ႕မိဘေတြက ရဲစခန္းမွာ လာတိုင္ၾကတယ္ ရဲေတြကလည္း ရွာလို႔ မေတြ႕ဘူးျဖစ္ေနတယ္ ဒါေၾကာင့္မို႔လို႔ ကြၽန္ေတာ္တို႔ကို အဲ့အမႈတာဝန္ယူဖို႔ အထက္က အမိန့္ခ်လိဳက္တယ္ "
Jisoo မွာ ပဲေခါက္ဆြဲစားရင္ Minoေျပာတာကို ေခါင္းညိတ္ၿပီး နားေထာင္လိုက္သည္
"အင္း ဒါဆို ေန႕လည္စာစားၿပီးရင္ အဲ့ေက်ာင္းကို သြားၿပီး စုံစမ္းၾကတာေပါ့ "
Jisoo ေျပာၿပီး ပဲေခါက္ဆြဲထဲ မုန့္ညွင္းခ်ဥ္ထည့္ကာ စားလိုက္သည္
Ruby Janeနဲ႕ Roseanne မွာ ေက်ာင္းကန္တင္းတြင္ ေန႕လည္စာစားေနၾကသည္
Roseanne နဲ႕ ကစားကြင္းအတူသြားၿပီးတဲ့ေန႕က စၿပီး Roseanneကို ေတြ႕ရင္ Jennie ရင္ခုန္လာတာလိုလို Roseanne အနားေရာက္လာရင္ ေျခေထာက္ေတြ တုန္လာတာလိုလို ခံစားေနရၿပီး သူမခံစားခ်က္က ဘယ္လိုျဖစ္ေနတယ္ဆိုတာ Jennie ကိုယ္တိုင္ သေဘာမေပါက္နားမလည္ေသးေပ
"ဟိုေလ Ruby Jane. ..."
Roseanne ထမင္းစားရင္း ေကာင္ေလးတစ္ေယာက္က သူမတို႔ စားပြဲေရွ႕လာရပ္ၿပီး Ruby Janeရဲ႕ နာမည္ကိုေခၚလို႔ ေမာ့ၾကည့္လိုက္သည္
"ဟုတ္ ေျပာပါ Leo Shii "
"ဟာ Ruby Janeက ကြၽန္ေတာ့္နာမည္ကို သိေနတာလား "
Ruby Janeက Leoနာမည္ကို သိေနလို႔ Roseanne မ်က္ေမွာင္ၾကဳတ္သြားသည္
"ေက်ာင္းရဲ႕ King ဘဲေလ မသိဘဲေနပါ့မလား "
Roseanne မွာ Rubyရဲ႕ စကားေၾကာင့္ မ်က္ႏွာပ်က္သြားတယ္
"ဝမ္းသာလိုက္တာဗ်ာ...ဟိုေလ ကြၽန္ေတာ္ လာမယ့္စေနေန႕က် Ruby Janeနဲ႕ ဒိတ္ခ်င္လို႔ေလ ေျပာရမယ္ဆိုရင္ Ruby Janeကို ကြၽန္ေတာ္ သေဘာက်တယ္...."
Leoရဲ႕ စကားေၾကာင့္ Roseanne စိတ္တိုၿပီး ကန္တင္းထဲ ထမရိုက္မိေအာင္ ထိန္းထားရသည္
"ဟိုေလ ေသာၾကာေန႕က် ကြၽန္ေတာ့္ကို အေျဖေပးလို႔ရလားဟင္ "
Ruby Janeကို ၾကည့္ရတာလည္း Leoေျပာတဲ့ စကားကို ရွက္ေနပုံေပၚသည္ ေခါင္းငုံ႕ၿပီး ေခါင္းညိတ္ျပေသာေၾကာင့္ Roseanne လက္သီးကို က်စ္က်စ္ပါေအာင္ ဆုပ္ထားသည္
Ruby Janeက ေခါင္းညိတ္ျပေတာ့ Leoမွာ ေပ်ာ္ၿပီး ထခုန္သည္
"ဒါဆို ေသာၾကာေန႕က် ကြၽန္ေတာ္ အေျဖလာေတာင္းမယ္ေနာ္ Ruby Jane "
Leoေျပာၿပီး ခုန္ေပါက္ကာ ထြက္သြားသည္
"စားေလ ထမင္းေတြ ေအးေနၿပီ Ruby "
Ruby Janeမွာ Roseanne ရဲ႕ စကားကို အေတြးလြန္ေနေသာေၾကာင့္ ၾကားပုံမေပၚေပ....
"Ruby သူ႕ကို ငါ သတ္လိုက္ရမလား "
Roseanne ရဲ႕ ေဒါသအသံေၾကာင့္ Ruby Jane လန့္သြားတယ္
"ဟင္ ဘာ ဘာေျပာလိုက္တာလည္းဟင္ "
"Leoဆိုတဲ့ ေကာင္ကို ငါ သတ္လိုက္ရမလား Ruby "
"အာ နင္ကလည္း ေလွ်ာက္စမေနနဲ႕ ဒါက မစေကာင္းဘူး "
"စေနတာ မဟုတ္ဘူး Ruby. ..သူ နင့္ကို စကားလာေျပာၿပီး ေနာက္ နင္ စိတ္လြင့္ေနတာ ငါ့စကားေတာင္ ျပန္မေျပာနိုင္ဘူးေလ...."
Roseanne ရဲ႕ စကားေၾကာင့္ Ruby Janeမွာ ဘာေျပာရမွန္းမသိျဖစ္ေနသည္
"ဟို..."
"ငါ့ကို အေလးမထားတာ မႀကိဳက္ဘူး Ruby. ..ငါက နင့္ကို ဂ႐ုစိုက္ၿပီး အေလးထားသေလာက္ နင္က ငါ့စကားကို ဟိုေကာင္ေၾကာင့္ ျပန္မေျဖနိုင္ ျပန္မေျပာနိုင္ျဖစ္ေနတယ္ေလ"
"ငါ ငါေတာင္းပန္ပါတယ္ Roseanne "
"ဒါ ပထမဆုံးနဲ႕ ေနာက္ဆုံးေနာ္ Ruby. ...ေနာက္တစ္ခါ ဒါမ်ိဳးထပ္ျဖစ္ရင္ေတာ့ အဲ့ေကာင္ကို Leoဆိုတဲ့ ေကာင္ကို ငါ သတ္မယ္ "
Roseanne ႀကိမ္းဝါးၿပီး ထထြက္သြားသည္
Rubyကေတာ့ ကန္တင္းမွာ Roseanne ရဲ႕ စကားေတြေၾကာင့္ ၿငိမ္သက္ေနသည္
"Aww Roseanne သမီးေလး စုံေထာက္ေတြ ေရာက္ေနတာ သမီးနဲ႕ စကားေျပာခ်င္လို႔တဲ့...ေက်ာင္းအုပ္ႀကီး ႐ုံးခန္းကို ဆရာမနဲ႕ လိုက္ခဲ့ေပးပါအုံး"
Roseanne အတန္းဘက္ကို သြားစဥ္ အတန္းပိုင္ဆရာမမွ Roseanne ကို ေတြ႕ၿပီး ႐ုံးခန္းဘက္ကို ေခၚသြားသည္
"Roseanne ဟုတ္တယ္မလား "
Roseanne သူမနာမည္ကို ေမးတဲ့ သူမေရွ႕မွာ ထိုင္ေနတဲ့ စုံေထာက္ ေကာင္မေလးရဲ႕ ေမးခြန္းကို ေခါင္းညိတ္ျပသည္
"အမရဲ႕ နာမည္က Jisooပါ ေျဖာင္းယမ္းနယ္ေျမက စုံေထာက္ပါ "
"ဟုတ္ကဲ့ ဘာကိစၥေၾကာင့္ ကြၽန္မကို ေခၚေတြ႕တာလည္း မသိဘူး "
Roseanneမွာ စုံေထာက္ေရွ႕မွာ ေၾကာက္မေနဘဲ တည္တည္ၿငိမ္ၿငိမ္နဲ႕ ေမးခြန္းျပန္ထုတ္လိုက္သည္
"အင္း ကိစၥကေတာ့ ညီမေလးတို႔ အတန္းထဲက Ji Yoon ဆိုတဲ့ ေကာင္မေလး အတန္းမတက္တာ ၾကာၿပီဆိုတာ ညီမေလး သတိထားမိလား "
"ခင္တဲ့သူ မဟုတ္ေတာ့ သတိမထားမိဘူး အမ "
"အမက အခု သူ႕အမႈကို ကိုင္ေနတာ သူ ေပ်ာက္ေနတာ တစ္ပတ္ေက်ာ္ၾကာၿပီး ခုထိ ရွာမေတြ႕ေသးလို႔ အမတို႔ ေက်ာင္းကို အေျခအေနလာစုံစမ္းတာေလ "
"ဟုတ္ "
"Ji Yoonနဲ႕ ညီမေလး တစ္ခါ ျပႆနာ ျဖစ္ဖူးတယ္လို႔ ေက်ာင္းသားတစ္ခ်ိဳ႕က ေျပာလို႔ ညီမေလးကို အခုလိုေခၚေမးတာပါ "
"Aww ျပႆနာျဖစ္ခဲ့တာ ၾကာပါၿပီ ကြၽန္မ သူငယ္ခ်င္းကို သူက အနိုင္က်င့္လို႔ ကြၽန္မက အျမင္မေတာ္လို႔ ဝင္ၿပီး ေျပာရာကေန စကားမ်ားၿပီး ျပႆနာတက္ခဲ့တာပါ အဲ့ေနာက္ပိုင္း သူနဲ႕ စကားေတာင္ ေသခ်ာမေျပာဖူးပါဘူး "
Roseanne တည္တည္ၿငိမ္ၿငိမ္နဲ႕ ျပန္ေျဖလိုက္သည္
Jisooနဲ႕ Minoမွာ Roseanne ရဲ႕ အသံနဲ႕ မ်က္လုံးကို အကဲခတ္ေနပမယ့္ Roseanneက တည္ၿငိမ္ေနေတာ့ သဲလြန္စရွာမရေပ
"ေအာ္ အင္းပါ အမတို႔နဲ႕ ပူးေပါင္းေပးလို႔ ေက်းဇူးတင္ပါတယ္ေနာ္ "
"ရပါတယ္ Ji Yoonကို အမတို႔ အျမန္ရွာေတြ႕ပါေစလို႔ ဆုေတာင္းေပးပါတယ္ ေမးစရာမရွိဘူးဆိုရင္ေတာ့ ခြင့္ျပဳပါအုံး "
Roseanne မွာ Jisooကို ႏႈတ္ဆက္ၿပီး ႐ုံးခန္းထဲက ထြက္လာသည္
Jisooကေတာ့ သူရသမွ် သတင္းေတြကို noteထဲမွတ္ေနသည္
Roseanneကေတာ့ သူမ ေဘာင္းဘီအိတ္ထဲက ပီေကကို ထုတ္ဝါးၿပီး အတန္းဘက္ကို ျပန္သြားေလသည္
"စုံေထာက္တဲ့ ေစာက္ထုံပါဘဲ....အဟက္ "
စုံေထာက္ Jisooကို ဟားၿပီး Roseanne အတန္းထဲ ဝင္သြားေလသည္
#Tbc
#Unicode
"စီနီယာ အမှုတစ်ခုကို ဖြောင်းယမ်း ရဲစခန်းက ကျွန်တော်တို့ကို လာလွှဲပြောင်းထားတယ် "
Minoရဲ့ စကားကြောင့် ပဲခေါက်ဆွဲ စားနေတဲ့ စုံထောက် Kim Jisooမှာ Minoကို လှမ်းကြည့်လိုက်သည်
"ဘာ အမှုလည်း "
"ဖြောင်းယမ်း အထက်တန်းကျောင်းမှာ ကျောင်းသူတစ်ယောက် ပျောက်နေတာ တစ်ပတ်ရှိပြီလို့ သူ့မိဘတွေက ရဲစခန်းမှာ လာတိုင်ကြတယ် ရဲတွေကလည်း ရှာလို့ မတွေ့ဘူးဖြစ်နေတယ် ဒါကြောင့်မို့လို့ ကျွန်တော်တို့ကို အဲ့အမှုတာဝန်ယူဖို့ အထက်က အမိန့်ချလိုက်တယ် "
Jisoo မှာ ပဲခေါက်ဆွဲစားရင် Minoပြောတာကို ခေါင်းညိတ်ပြီး နားထောင်လိုက်သည်
"အင်း ဒါဆို နေ့လည်စာစားပြီးရင် အဲ့ကျောင်းကို သွားပြီး စုံစမ်းကြတာပေါ့ "
Jisoo ပြောပြီး ပဲခေါက်ဆွဲထဲ မုန့်ညှင်းချဥ်ထည့်ကာ စားလိုက်သည်
Ruby Janeနဲ့ Roseanne မှာ ကျောင်းကန်တင်းတွင် နေ့လည်စာစားနေကြသည်
Roseanne နဲ့ ကစားကွင်းအတူသွားပြီးတဲ့နေ့က စပြီး Roseanneကို တွေ့ရင် Jennie ရင်ခုန်လာတာလိုလို Roseanne အနားရောက်လာရင် ခြေထောက်တွေ တုန်လာတာလိုလို ခံစားနေရပြီး သူမခံစားချက်က ဘယ်လိုဖြစ်နေတယ်ဆိုတာ Jennie ကိုယ်တိုင် သဘောမပေါက်နားမလည်သေးပေ
"ဟိုလေ Ruby Jane. ..."
Roseanne ထမင်းစားရင်း ကောင်လေးတစ်ယောက်က သူမတို့ စားပွဲရှေ့လာရပ်ပြီး Ruby Janeရဲ့ နာမည်ကိုခေါ်လို့ မော့ကြည့်လိုက်သည်
"ဟုတ် ပြောပါ Leo Shii "
"ဟာ Ruby Janeက ကျွန်တော့်နာမည်ကို သိနေတာလား "
Ruby Janeက Leoနာမည်ကို သိနေလို့ Roseanne မျက်မှောင်ကြုတ်သွားသည်
"ကျောင်းရဲ့ King ဘဲလေ မသိဘဲနေပါ့မလား "
Roseanne မှာ Rubyရဲ့ စကားကြောင့် မျက်နှာပျက်သွားတယ်
"ဝမ်းသာလိုက်တာဗျာ...ဟိုလေ ကျွန်တော် လာမယ့်စနေနေ့ကျ Ruby Janeနဲ့ ဒိတ်ချင်လို့လေ ပြောရမယ်ဆိုရင် Ruby Janeကို ကျွန်တော် သဘောကျတယ်...."
Leoရဲ့ စကားကြောင့် Roseanne စိတ်တိုပြီး ကန်တင်းထဲ ထမရိုက်မိအောင် ထိန်းထားရသည်
"ဟိုလေ သောကြာနေ့ကျ ကျွန်တော့်ကို အဖြေပေးလို့ရလားဟင် "
Ruby Janeကို ကြည့်ရတာလည်း Leoပြောတဲ့ စကားကို ရှက်နေပုံပေါ်သည် ခေါင်းငုံ့ပြီး ခေါင်းညိတ်ပြသောကြောင့် Roseanne လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်
Ruby Janeက ခေါင်းညိတ်ပြတော့ Leoမှာ ပျော်ပြီး ထခုန်သည်
"ဒါဆို သောကြာနေ့ကျ ကျွန်တော် အဖြေလာတောင်းမယ်နော် Ruby Jane "
Leoပြောပြီး ခုန်ပေါက်ကာ ထွက်သွားသည်
"စားလေ ထမင်းတွေ အေးနေပြီ Ruby "
Ruby Janeမှာ Roseanne ရဲ့ စကားကို အတွေးလွန်နေသောကြောင့် ကြားပုံမပေါ်ပေ....
"Ruby သူ့ကို ငါ သတ်လိုက်ရမလား "
Roseanne ရဲ့ ဒေါသအသံကြောင့် Ruby Jane လန့်သွားတယ်
"ဟင် ဘာ ဘာပြောလိုက်တာလည်းဟင် "
"Leoဆိုတဲ့ ကောင်ကို ငါ သတ်လိုက်ရမလား Ruby "
"အာ နင်ကလည်း လျှောက်စမနေနဲ့ ဒါက မစကောင်းဘူး "
"စနေတာ မဟုတ်ဘူး Ruby. ..သူ နင့်ကို စကားလာပြောပြီး နောက် နင် စိတ်လွင့်နေတာ ငါ့စကားတောင် ပြန်မပြောနိုင်ဘူးလေ...."
Roseanne ရဲ့ စကားကြောင့် Ruby Janeမှာ ဘာပြောရမှန်းမသိဖြစ်နေသည်
"ဟို..."
"ငါ့ကို အလေးမထားတာ မကြိုက်ဘူး Ruby. ..ငါက နင့်ကို ဂရုစိုက်ပြီး အလေးထားသလောက် နင်က ငါ့စကားကို ဟိုကောင်ကြောင့် ပြန်မဖြေနိုင် ပြန်မပြောနိုင်ဖြစ်နေတယ်လေ"
"ငါ ငါတောင်းပန်ပါတယ် Roseanne "
"ဒါ ပထမဆုံးနဲ့ နောက်ဆုံးနော် Ruby. ...နောက်တစ်ခါ ဒါမျိုးထပ်ဖြစ်ရင်တော့ အဲ့ကောင်ကို Leoဆိုတဲ့ ကောင်ကို ငါ သတ်မယ် "
Roseanne ကြိမ်းဝါးပြီး ထထွက်သွားသည်
Rubyကတော့ ကန်တင်းမှာ Roseanne ရဲ့ စကားတွေကြောင့် ငြိမ်သက်နေသည်
"Aww Roseanne သမီးလေး စုံထောက်တွေ ရောက်နေတာ သမီးနဲ့ စကားပြောချင်လို့တဲ့...ကျောင်းအုပ်ကြီး ရုံးခန်းကို ဆရာမနဲ့ လိုက်ခဲ့ပေးပါအုံး"
Roseanne အတန်းဘက်ကို သွားစဥ် အတန်းပိုင်ဆရာမမှ Roseanne ကို တွေ့ပြီး ရုံးခန်းဘက်ကို ခေါ်သွားသည်
"Roseanne ဟုတ်တယ်မလား "
Roseanne သူမနာမည်ကို မေးတဲ့ သူမရှေ့မှာ ထိုင်နေတဲ့ စုံထောက် ကောင်မလေးရဲ့ မေးခွန်းကို ခေါင်းညိတ်ပြသည်
"အမရဲ့ နာမည်က Jisooပါ ဖြောင်းယမ်းနယ်မြေက စုံထောက်ပါ "
"ဟုတ်ကဲ့ ဘာကိစ္စကြောင့် ကျွန်မကို ခေါ်တွေ့တာလည်း မသိဘူး "
Roseanneမှာ စုံထောက်ရှေ့မှာ ကြောက်မနေဘဲ တည်တည်ငြိမ်ငြိမ်နဲ့ မေးခွန်းပြန်ထုတ်လိုက်သည်
"အင်း ကိစ္စကတော့ ညီမလေးတို့ အတန်းထဲက Ji Yoon ဆိုတဲ့ ကောင်မလေး အတန်းမတက်တာ ကြာပြီဆိုတာ ညီမလေး သတိထားမိလား "
"ခင်တဲ့သူ မဟုတ်တော့ သတိမထားမိဘူး အမ "
"အမက အခု သူ့အမှုကို ကိုင်နေတာ သူ ပျောက်နေတာ တစ်ပတ်ကျော်ကြာပြီး ခုထိ ရှာမတွေ့သေးလို့ အမတို့ ကျောင်းကို အခြေအနေလာစုံစမ်းတာလေ "
"ဟုတ် "
"Ji Yoonနဲ့ ညီမလေး တစ်ခါ ပြဿနာ ဖြစ်ဖူးတယ်လို့ ကျောင်းသားတစ်ချို့က ပြောလို့ ညီမလေးကို အခုလိုခေါ်မေးတာပါ "
"Aww ပြဿနာဖြစ်ခဲ့တာ ကြာပါပြီ ကျွန်မ သူငယ်ချင်းကို သူက အနိုင်ကျင့်လို့ ကျွန်မက အမြင်မတော်လို့ ဝင်ပြီး ပြောရာကနေ စကားများပြီး ပြဿနာတက်ခဲ့တာပါ အဲ့နောက်ပိုင်း သူနဲ့ စကားတောင် သေချာမပြောဖူးပါဘူး "
Roseanne တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ဖြေလိုက်သည်
Jisooနဲ့ Minoမှာ Roseanne ရဲ့ အသံနဲ့ မျက်လုံးကို အကဲခတ်နေပမယ့် Roseanneက တည်ငြိမ်နေတော့ သဲလွန်စရှာမရပေ
"အော် အင်းပါ အမတို့နဲ့ ပူးပေါင်းပေးလို့ ကျေးဇူးတင်ပါတယ်နော် "
"ရပါတယ် Ji Yoonကို အမတို့ အမြန်ရှာတွေ့ပါစေလို့ ဆုတောင်းပေးပါတယ် မေးစရာမရှိဘူးဆိုရင်တော့ ခွင့်ပြုပါအုံး "
Roseanne မှာ Jisooကို နှုတ်ဆက်ပြီး ရုံးခန်းထဲက ထွက်လာသည်
Jisooကတော့ သူရသမျှ သတင်းတွေကို noteထဲမှတ်နေသည်
Roseanneကတော့ သူမ ဘောင်းဘီအိတ်ထဲက ပီကေကို ထုတ်ဝါးပြီး အတန်းဘက်ကို ပြန်သွားလေသည်
"စုံထောက်တဲ့ စောက်ထုံပါဘဲ....အဟက် "
စုံထောက် Jisooကို ဟားပြီး Roseanne အတန်းထဲ ဝင်သွားလေသည်
#Tbc
Bạn đang đọc truyện trên: Truyen3h.Co