Truyen3h.Co

Her Devil Hero

Part 6

KimFany059


#zawgyi

Roseanne Alarm ျမည္သံေၾကာင့္ အိပ္ရာကေန နိုးလာသည္

ေရခ်ိဳး အဝတ္အစားလဲကာ Ruby Janeဆီ သြားဖို႔ အိမ္ေအာက္ထပ္ကို ေလေလးခြၽန္ကာ ဆင္းလာသည္

"သမီး အေစာႀကီးနိုးေနပါလား "

အိမ္ေအာက္ထဲကို ေရာက္ေတာ့ ဧည့္ခန္းထဲ သတင္းစာထိုင္ဖတ္ေနတဲ့ သူမအေဖက Roseanne ကို ေျပာလိုက္သည္

"Good Morning Daddy ဟုတ္တယ္ သူငယ္ခ်င္း တစ္ေယာက္နဲ႕ ကစားကြင္းသြားဖို႔ ခ်ိန္းထားလို႔ေလ ခုသြားမလို႔ "

"မနက္စာ စားသြားအုံးေလ '

"မစားေတာ့ဘူး Daddy သူနဲ႕မွ အတူစားလိုက္မယ္ "

"ေကာင္းၿပီ ေကာင္းၿပီ ျပႆနာေတာ့ ရွာမလာနဲ႕ေနာ္ Roseanne "

"စိတ္ခ်ပါ Daddyရ Mood ေကာင္းေလး ဝင္ေနလို႔ ဘာ ျပႆနာမွ ရွာမလာဘူး ဟုတ္ၿပီလား Bye ညေနမွ ေတြ႕မယ္ Daddy အာ ဒါနဲ႕ မုန့္ဖိုးေလးေပးပါအုံး အဟီး "

Roseanne စပ္ၿဖီးၿဖီးနဲ႕ မုန့္ဖိုးေတာင္းေတာ့ Mr. Parkမွာ သူ႕သမီးကို ၾကည့္ၿပီး ရယ္ကာ ပိုက္ဆံအိတ္ထဲကေန ပိုက္ဆံေတြ ထုတ္ေပးေလသည္

"ေက်းဇူးတင္ပါတယ္ Daddy is the best မြ"

Roseanne သူ႕အေဖကို နမ္းၿပီး ၿခံထဲဆင္းသြားသည္

"အန္ကယ္... Chaw ေျပာသလို လုပ္ၿပီးၿပီလား "

"အကုန္စစ္ေဆးၿပီး ဆီအျပည့္ထည့္ေပးထားပါတယ္ မမေလး "

"ဟုတ္ၿပီ....အကယ္၍ လမ္းမွာ ဆိုက္ကယ္တစ္ခုခုျဖစ္သြားရင္ေတာ့ ဟင္းဟင္း ဘာျဖစ္မယ္ဆိုတာ အန္ကယ္သိတယ္ေနာ္ "

Roseanne မွာ အိမ္ေတာ္ထိန္းကို ၿခိမ္းေျခာက္ၿပီး ဆိုင္ကယ္ေပၚ တက္ခြကာ စက္ႏွိုးလိုက္သည္

Ruby Janeရဲ႕ အိမ္ေရွ႕ေရာက္ေတာ့ Roseanne ဖုန္းကို ထုတ္ကာ Ruby Janeဆီ ဆက္လိုက္သည္

"Hello Roseanne ေရာက္ၿပီလား "

"အင္း နင့္အိမ္ေရွ႕မွာ ေရာက္ၿပီ ထြက္ခဲ့ေတာ့ ..."

"Ok ok... Omma Chaw သူငယ္ခ်င္းလာေခၚလို႔ လိုက္သြားၿပီေနာ္ "

Ruby Janeမွာ ဖုန္းခ်ၿပီး သူမ အေမကို ႏႈတ္ဆက္ကာ ထြက္လာခဲ့သည္

Ruby Jane အိမ္အျပင္ကို ေရာက္ေတာ့ ဆိုင္ကယ္ကို မွီကာ သူမကို ၿပဳံးၾကည့္ေနတဲ့ Roseanne ကို ေတြ႕ရေလသည္

ဆံပင္ကို စုစည္းထားၿပီး သာေရဂ်ာကင္ကို ဝတ္ထားတဲ့ Roseanne ဟာ ေကာင္ေလးေတြထက္ေတာင္ ခန့္ညားေနသည္

Ruby Jane မွာ Roseanne ဆီ သြားေတာ့ Roseanne မွာ Ruby Janeကို ဆိုင္ကယ္ဦးထုပ္ ေသခ်ာေဆာင္းေပးေလသည္

"Morning Ruby အိပ္ေရးဝရဲ႕လား "

"ဝပါတယ္ ညက ေစာေစာအိပ္ထားတာ "

"မနက္စာ စားၿပီးၿပီလား "

"ဟင့္အင္း မစားရေသးဘူး "

"ဒါဆို ကစားကြင္းမသြားခင္ မနက္စာ အရင္ဝင္စားရေအာင္ "

"Ok "

Roseanne ဆိုင္ကယ္ေပၚ တက္ၿပီး စက္ႏွိုးေတာ့ Ruby Janeလည္း ဆိုင္ကယ္ေပၚ တက္ကာ Roseanne ရဲ႕ ခါးကို ဖက္လိုက္သည္

Roseanne မွာ ဒီလို Ruby ကဖက္မယ္ဆိုတာ ႀကိဳသိေသာ္လည္း လက္ေတြ႕ ဖက္ခံလိုက္ရေတာ့ ရင္ေတြ အရမ္းခုန္သြားသည္

Ruby Janeကလည္း Roseanne ခါးကို ဖက္လိုက္တဲ့အခ်ိန္ စိတ္ထဲ ေဖာ္ျပလို႔မရတဲ့ ခံစားခ်က္တစ္ခု ျဖစ္ေပၚလာသည္

Cafeဆိုင္ တစ္ဆိုင္တြင္ Ruby Janeနဲ႕ Roseanne တို႔ မနက္စာစားေနၾကသည္

"Roseanne စားေလ ငါ့မ်က္ႏွာမွာ တစ္ခုခုေပေနလို႔လား "

Roseanne က မနက္စာမစားဘဲ သူမ မ်က္ႏွာကိုဘဲ ထိုင္ၾကည့္ေနလို႔ Ruby Jane ေမးလိုက္သည္

"မဟုတ္ပါဘူး နင္ မုန့္စားေနတာေလးက ခ်စ္ဖို႔ေကာင္းလို႔ ထိုင္ၾကည့္ေနတာ "

"အာ "

Roseanne ရဲ႕ စကားေၾကာင့္ Ruby Jane ရွက္ၿပီး မ်က္ႏွာေလး နီရဲလာသည္

"နင့္မ်က္ႏွာေလး နီရဲေနပါလား ဘာလို႔လည္း ရွက္ေနတာလား "

"အာ မရွက္ပါဘူးေနာ္ မိတ္ကပ္လိမ္းထားလို႔ပါ "

"Haha ဟုတ္လို႔လား "

"ဟုတ္တာေပါ့ ငါက ဘာလို႔ရွက္ရမွာလည္း "

"ထားပါေတာ့ေလ ဟီးဟီး "

Ruby Jane ပိုရွက္သြားမွာဆိုးလို႔ Roseanne မစေတာ့ဘဲ ေနလိုက္သည္

ကစားကြင္းကိုေရာက္ေတာ့ Ruby Janeတို႔ ရိုလာကိုစတာ စစီးၾကသည္

Ruby Janeက အျမင့္ကို ေၾကာက္လို႔ Roseanne ရဲ႕ လက္ကို ကိုင္ကာ အေသေအာ္ေနခ်ိန္ Roseanne ကေတာ့ ကေလးတစ္ေယာက္လို ေအာ္ေနတဲ့ Ruby Janeကို ၾကည့္ၿပီး သေဘာက်စြာ ရယ္ေနသည္

ေဝါ့!!

သန့္စင္ခန္းထဲ အန္ေနတဲ့ Ruby Janeကို Roseanne တစ္ေယာက္ အေနာက္ကေန ႏွိပ္ေပးေနရသည္

"ေၾကာက္တတ္ရင္ ဘာလို႔ စီးေနတာလည္း Rubyရယ္ ခုေတာ့ နင္ အန္ေနရၿပီ "

"တစ္ခါမွ မစီးဖူးလို႔ စီးၾကည့္တာ ဒီေလာက္ေၾကာက္ရမယ္မွန္းမွ မသိတာ"

"ျဖစ္ရမယ္ လာ ပါးစပ္ထဲ ခါးမေနေအာင္ ေရခဲမုန့္စားရေအာင္ "

Ruby Janeတို႔ သန့္စင္ခန္းကေန ထြက္လာၿပီးေနာက္ ေရခဲမုန့္ဝယ္ၿပီး ခုံတန္းရွည္တြင္ ထိုင္စားေနၾကသည္

ကေလးတစ္ေယာက္လို ေရခဲမုန့္ကို ေပပြေနေအာင္ စားေနတဲ့ Ruby Janeကို Roseanne သေဘာက်စြာၾကည့္ရင္း

"Ruby "

"ဟင္ "

"စေတာ္ဘယ္ရီက စားေကာင္းလား "

"ေကာင္းတယ္ "

"ငါ ျမည္းၾကည့္လို႔ရလား "

Roseanne ေမးေတာ့ Ruby Janeမွာ ေခါင္းညိတ္ျပၿပီး Roseanne ကို ေကြၽးဖို႔ ေရခဲမုန့္ကို ဇြန္းနဲ႕ခပ္ေနစဥ္ Roseanne က သူမရဲ႕ ႏႈတ္ခမ္းကို လွ်ာနဲ႕လာလွ်က္ေသာေၾကာင့္ Ruby Jane ေက်ာက္႐ုပ္ျဖစ္သြားသည္

"အင္း စေတာ္ဘယ္ရီ အရသာေလးက ေကာင္းသားဘဲ "

Roseanne ရဲ႕ စကားကို Ruby Janeမွာ ျပန္မေျပာနိုင္ေတာ့ေပ ေက်ာက္႐ုပ္လိုသာ ၿငိမ္သက္ေနသည္

"Ruby နင္ေရာ ငါ့နို႔ကို ျမည္းအုံးမလား "

"ဟင္ "

Ruby Janeမွာ Roseanne ရဲ႕ စကားေၾကာင့္ မ်က္လုံးျပဴးသြားသည္

"အာ ငါေျပာတာက နို႔အရသာ ေရခဲမုန့္ေလ ဟီး နင္က ဘာထင္ေနတာလည္း "

"ဘာ ဘာမွမထင္ပါဘူး "

"မထင္ဘူးဆို ျမည္းမလား "

Roseanne ႏႈတ္ခမ္း စူၿပီး ေျပာေတာ့ Ruby Jane ေခါင္းအျမန္ခါကာ

"အာ မ မျမည္းေတာ့ဘူး သရဲအိမ္ပါလား ဝင္ၾကည့္ရေအာင္ "

"ျဖစ္လို႔လား နင္က ေၾကာက္တတ္တာကို "

"ရတယ္ ျဖစ္တယ္ ငါမေၾကာက္ပါဘူး "

တကယ္ေတာ့ Roseanne နဲ႕ ႐ူးေၾကာင္ေၾကာင္ အေျခအေနက ႐ုန္းထြက္ခ်င္လို႔ သရဲအိမ္ဘက္ကို Ruby Jane ေျပးသြားသည္

မေၾကာက္ပါဘူး ေျပာတဲ့ Ruby Jane တစ္ေယာက္ သရဲအိမ္ထဲေရာက္ေတာ့ Roseanne ရဲ႕ ရင္ခြင္ထဲကေန မထြက္ေတာ့ေပ

#Tbc

#Unicode

Roseanne Alarm မြည်သံကြောင့် အိပ်ရာကနေ နိုးလာသည်

ရေချိုး အဝတ်အစားလဲကာ Ruby Janeဆီ သွားဖို့ အိမ်အောက်ထပ်ကို လေလေးချွန်ကာ ဆင်းလာသည်

"သမီး အစောကြီးနိုးနေပါလား "

အိမ်အောက်ထဲကို ရောက်တော့ ဧည့်ခန်းထဲ သတင်းစာထိုင်ဖတ်နေတဲ့ သူမအဖေက Roseanne ကို ပြောလိုက်သည်

"Good Morning Daddy ဟုတ်တယ် သူငယ်ချင်း တစ်ယောက်နဲ့ ကစားကွင်းသွားဖို့ ချိန်းထားလို့လေ ခုသွားမလို့ "

"မနက်စာ စားသွားအုံးလေ '

"မစားတော့ဘူး Daddy သူနဲ့မှ အတူစားလိုက်မယ် "

"ကောင်းပြီ ကောင်းပြီ ပြဿနာတော့ ရှာမလာနဲ့နော် Roseanne "

"စိတ်ချပါ Daddyရ Mood ကောင်းလေး ဝင်နေလို့ ဘာ ပြဿနာမှ ရှာမလာဘူး ဟုတ်ပြီလား Bye ညနေမှ တွေ့မယ် Daddy အာ ဒါနဲ့ မုန့်ဖိုးလေးပေးပါအုံး အဟီး "

Roseanne စပ်ဖြီးဖြီးနဲ့ မုန့်ဖိုးတောင်းတော့ Mr. Parkမှာ သူ့သမီးကို ကြည့်ပြီး ရယ်ကာ ပိုက်ဆံအိတ်ထဲကနေ ပိုက်ဆံတွေ ထုတ်ပေးလေသည်

"ကျေးဇူးတင်ပါတယ် Daddy is the best မွ"

Roseanne သူ့အဖေကို နမ်းပြီး ခြံထဲဆင်းသွားသည်

"အန်ကယ်... Chaw ပြောသလို လုပ်ပြီးပြီလား "

"အကုန်စစ်ဆေးပြီး ဆီအပြည့်ထည့်ပေးထားပါတယ် မမလေး "

"ဟုတ်ပြီ....အကယ်၍ လမ်းမှာ ဆိုက်ကယ်တစ်ခုခုဖြစ်သွားရင်တော့ ဟင်းဟင်း ဘာဖြစ်မယ်ဆိုတာ အန်ကယ်သိတယ်နော် "

Roseanne မှာ အိမ်တော်ထိန်းကို ခြိမ်းခြောက်ပြီး ဆိုင်ကယ်ပေါ် တက်ခွကာ စက်နှိုးလိုက်သည်

Ruby Janeရဲ့ အိမ်ရှေ့ရောက်တော့ Roseanne ဖုန်းကို ထုတ်ကာ Ruby Janeဆီ ဆက်လိုက်သည်

"Hello Roseanne ရောက်ပြီလား "

"အင်း နင့်အိမ်ရှေ့မှာ ရောက်ပြီ ထွက်ခဲ့တော့ ..."

"Ok ok... Omma Chaw သူငယ်ချင်းလာခေါ်လို့ လိုက်သွားပြီနော် "

Ruby Janeမှာ ဖုန်းချပြီး သူမ အမေကို နှုတ်ဆက်ကာ ထွက်လာခဲ့သည်

Ruby Jane အိမ်အပြင်ကို ရောက်တော့ ဆိုင်ကယ်ကို မှီကာ သူမကို ပြုံးကြည့်နေတဲ့ Roseanne ကို တွေ့ရလေသည်

ဆံပင်ကို စုစည်းထားပြီး သာရေဂျာကင်ကို ဝတ်ထားတဲ့ Roseanne ဟာ ကောင်လေးတွေထက်တောင် ခန့်ညားနေသည်

Ruby Jane မှာ Roseanne ဆီ သွားတော့ Roseanne မှာ Ruby Janeကို ဆိုင်ကယ်ဦးထုပ် သေချာဆောင်းပေးလေသည်

"Morning Ruby အိပ်ရေးဝရဲ့လား "

"ဝပါတယ် ညက စောစောအိပ်ထားတာ "

"မနက်စာ စားပြီးပြီလား "

"ဟင့်အင်း မစားရသေးဘူး "

"ဒါဆို ကစားကွင်းမသွားခင် မနက်စာ အရင်ဝင်စားရအောင် "

"Ok "

Roseanne ဆိုင်ကယ်ပေါ် တက်ပြီး စက်နှိုးတော့ Ruby Janeလည်း ဆိုင်ကယ်ပေါ် တက်ကာ Roseanne ရဲ့ ခါးကို ဖက်လိုက်သည်

Roseanne မှာ ဒီလို Ruby ကဖက်မယ်ဆိုတာ ကြိုသိသော်လည်း လက်တွေ့ ဖက်ခံလိုက်ရတော့ ရင်တွေ အရမ်းခုန်သွားသည်

Ruby Janeကလည်း Roseanne ခါးကို ဖက်လိုက်တဲ့အချိန် စိတ်ထဲ ဖော်ပြလို့မရတဲ့ ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်

Cafeဆိုင် တစ်ဆိုင်တွင် Ruby Janeနဲ့ Roseanne တို့ မနက်စာစားနေကြသည်

"Roseanne စားလေ ငါ့မျက်နှာမှာ တစ်ခုခုပေနေလို့လား "

Roseanne က မနက်စာမစားဘဲ သူမ မျက်နှာကိုဘဲ ထိုင်ကြည့်နေလို့ Ruby Jane မေးလိုက်သည်

"မဟုတ်ပါဘူး နင် မုန့်စားနေတာလေးက ချစ်ဖို့ကောင်းလို့ ထိုင်ကြည့်နေတာ "

"အာ "

Roseanne ရဲ့ စကားကြောင့် Ruby Jane ရှက်ပြီး မျက်နှာလေး နီရဲလာသည်

"နင့်မျက်နှာလေး နီရဲနေပါလား ဘာလို့လည်း ရှက်နေတာလား "

"အာ မရှက်ပါဘူးနော် မိတ်ကပ်လိမ်းထားလို့ပါ "

"Haha ဟုတ်လို့လား "

"ဟုတ်တာပေါ့ ငါက ဘာလို့ရှက်ရမှာလည်း "

"ထားပါတော့လေ ဟီးဟီး "

Ruby Jane ပိုရှက်သွားမှာဆိုးလို့ Roseanne မစတော့ဘဲ နေလိုက်သည်

ကစားကွင်းကိုရောက်တော့ Ruby Janeတို့ ရိုလာကိုစတာ စစီးကြသည်

Ruby Janeက အမြင့်ကို ကြောက်လို့ Roseanne ရဲ့ လက်ကို ကိုင်ကာ အသေအော်နေချိန် Roseanne ကတော့ ကလေးတစ်ယောက်လို အော်နေတဲ့ Ruby Janeကို ကြည့်ပြီး သဘောကျစွာ ရယ်နေသည်

ဝေါ့!!

သန့်စင်ခန်းထဲ အန်နေတဲ့ Ruby Janeကို Roseanne တစ်ယောက် အနောက်ကနေ နှိပ်ပေးနေရသည်

"ကြောက်တတ်ရင် ဘာလို့ စီးနေတာလည်း Rubyရယ် ခုတော့ နင် အန်နေရပြီ "

"တစ်ခါမှ မစီးဖူးလို့ စီးကြည့်တာ ဒီလောက်ကြောက်ရမယ်မှန်းမှ မသိတာ"

"ဖြစ်ရမယ် လာ ပါးစပ်ထဲ ခါးမနေအောင် ရေခဲမုန့်စားရအောင် "

Ruby Janeတို့ သန့်စင်ခန်းကနေ ထွက်လာပြီးနောက် ရေခဲမုန့်ဝယ်ပြီး ခုံတန်းရှည်တွင် ထိုင်စားနေကြသည်

ကလေးတစ်ယောက်လို ရေခဲမုန့်ကို ပေပွနေအောင် စားနေတဲ့ Ruby Janeကို Roseanne သဘောကျစွာကြည့်ရင်း

"Ruby "

"ဟင် "

"စတော်ဘယ်ရီက စားကောင်းလား "

"ကောင်းတယ် "

"ငါ မြည်းကြည့်လို့ရလား "

Roseanne မေးတော့ Ruby Janeမှာ ခေါင်းညိတ်ပြပြီး Roseanne ကို ကျွေးဖို့ ရေခဲမုန့်ကို ဇွန်းနဲ့ခပ်နေစဥ် Roseanne က သူမရဲ့ နှုတ်ခမ်းကို လျှာနဲ့လာလျှက်သောကြောင့် Ruby Jane ကျောက်ရုပ်ဖြစ်သွားသည်

"အင်း စတော်ဘယ်ရီ အရသာလေးက ကောင်းသားဘဲ "

Roseanne ရဲ့ စကားကို Ruby Janeမှာ ပြန်မပြောနိုင်တော့ပေ ကျောက်ရုပ်လိုသာ ငြိမ်သက်နေသည်

"Ruby နင်ရော ငါ့နို့ကို မြည်းအုံးမလား "

"ဟင် "

Ruby Janeမှာ Roseanne ရဲ့ စကားကြောင့် မျက်လုံးပြူးသွားသည်

"အာ ငါပြောတာက နို့အရသာ ရေခဲမုန့်လေ ဟီး နင်က ဘာထင်နေတာလည်း "

"ဘာ ဘာမှမထင်ပါဘူး "

"မထင်ဘူးဆို မြည်းမလား "

Roseanne နှုတ်ခမ်း စူပြီး ပြောတော့ Ruby Jane ခေါင်းအမြန်ခါကာ

"အာ မ မမြည်းတော့ဘူး သရဲအိမ်ပါလား ဝင်ကြည့်ရအောင် "

"ဖြစ်လို့လား နင်က ကြောက်တတ်တာကို "

"ရတယ် ဖြစ်တယ် ငါမကြောက်ပါဘူး "

တကယ်တော့ Roseanne နဲ့ ရူးကြောင်ကြောင် အခြေအနေက ရုန်းထွက်ချင်လို့ သရဲအိမ်ဘက်ကို Ruby Jane ပြေးသွားသည်

မကြောက်ပါဘူး ပြောတဲ့ Ruby Jane တစ်ယောက် သရဲအိမ်ထဲရောက်တော့ Roseanne ရဲ့ ရင်ခွင်ထဲကနေ မထွက်တော့ပေ

#Tbc

Bạn đang đọc truyện trên: Truyen3h.Co