Truyen3h.Co

Hurt

Final

KimFany059

#Unicode

Jennie မှာ Jisooကို ကြည့်ရင်း ပြုံးနေသည်မှာ ပါးစပ်ကိုမပိတ်တော့ပေ

Jisoo အပြုအမူတွေကြောင့် သူမ ဗိုက်ထဲ လိပ်ပြာတွေပျံဝဲနေသလို ခံစားနေရသည်

"ချစ်တယ် Jenလေး "

Jisooပြောပြီး Jennieရဲ့ လက်ကို တပြွတ်ပြွတ်နဲ့ နမ်းလေသည်

"Jen သိပါတယ် Chuu ရယ် Jenလည်း Chuu ကို အရမ်းချစ်တာ ....ဒါပေမယ့် Jen လက်ကို ခဏခဏမနမ်းပါနဲ့တော့ "

Jennie စတော့ Jisoo နှုတ်ခမ်းစူပြီး

"မရဘူးကွာ မရဘူး နမ်းမှာဘဲ "

Jennie မှာ သူမချစ်သူရဲ့ မျက်နှာလေးကို စိုက်ကြည့်နေသည်

ထိုမျက်နှာလေးကို နှစ်နှစ်ဆက်တိုက် မတွေ့ရ မနမ်းရ မထိတွေ့ရဘူးလေ

"Chuu "

"ဟင် "

"Jen တောင်းပန်ပါတယ် "

"ဘာလို့လည်း "

Jennieမှာ သူမကို ဘာလို့ တောင်းပန်မှန်း Jisoo မသိလို့ မေးလိုက်သည်

"Chuuအတွက် လက်ဆောင်တွေမစီစဥ်ပေးနိုင်လို့ မပြင်ဆင်နိုင်ခဲ့လို့ "

Jennie ပြောပြီး ခေါင်းငုံ့ထားလိုက်သည်

"Chuu စိတ်ပျက်သွားမယ်လို့ Jen ထင်နေတာလား "

Jennieက ခေါင်းညိတ်ပြတော့ Jisoo သက်ပြင်းချပြီး Jennieရဲ့ မျက်နှာလေးကို ကိုင်လိုက်သည်

"နားထောင်Jennie Kim ...Chuuအတွက် လက်ဆောင် မပြင်ပေးထားလည်း ဘာမှမဖြစ်ဘူးရယ် ခဏနေ Chuu ပြင်ဆင်ထားတဲ့ Jenအတွက် လက်ဆောင်လေးကိုသာ လက်ခံပေး....နော် "

Jisoo ပြောပြီး Jennieရဲ့ ဆံပင်လေးတွေကို လက်နဲ့ဖွလိုက်သည်

"ဟင် Chuuက Jenအတွက် တစ်ခုခု စီစဥ်ထားတာလား "

"ဒါပေါ့ လေဆိပ်ရောက်ရင် သိရမယ်လေ "

မိနစ်အနည်းငယ်ကြာတော့ Jensoo တို့ လေဆိပ်ရောက်ပြီလေ

"Chuu ဒါက Chuuရဲ့ လေယာဥ်ဆီ သွားတဲ့လမ်း မဟုတ်ဘူးလေ "

Jisooတို့မှာ ပရိတ်သတ်တွေနဲ့ လေယာဥ်ကွင်းတစ်ခုလုံး ရှုပ်ယှက်ခက်နေမှာမလိုလားလို့ private လေယာဥ်ငှားလိုက်ခြင်း ဖြစ်သည်

"ဘယ်သူက လေယာဥ်ဆီ သွားမယ်ပြောလို့လည်း "

Jennieမှာ အံ့သြစွာဖြင့် Jisoo ဆွဲခေါ်ရာနောက်သာ လိုက်လာသည်

"Jennie Ruby Jane Kim..... Chuuတို့ နှစ်တွေအတော်ကြာကြီး ဖြတ်သန်းခဲ့တယ်နော်...ကြားထဲမှာ လေးငါးနှစ်လောက်ကွဲခဲ့ရပေမယ့်  အဲ့တာတွေက အရေးမပါတော့ပါဘူး .....နောက် နှစ်နှစ်အတွက် Jenကို စိတ်ပူစိတ်မောတာမျိူး မဖြစ်စေချင်ဘူး ဒါကြောင့် Jen စိတ်သက်တောင့်သက်သာဖြစ်ရအောင် Chuuက Jen အပိုင်လို့ ခံစားရအောင် Jenက chuuအပိုင်လို့ ခံစားရအောင်အတွက် Chuu လက်ဆောင် တစ်ခု စီစဥ်ထားတယ် "

Jisoo ပြောပြီး သူမဘောင်းဘီအိတ်ထဲက ဘူးလေးကို ထုတ်ယူလိုက်သည်

"ဒီလက်စွပ်လေးကို Jen မြင်ဖူးမှာပါ "

Jisoo စိတ်လှုပ်ရှားနေတာကို ကြည့်ပြီး Jennie ရယ်လိုက်သည် သို့သော် Jisooက သူ့ရှေ့ ဒူးထောက်လိုက်သောကြောင့် Jennie ပါးစပ်အဟောင်းသား ဖြစ်သွားသည်

"Jen. ..Chuuရဲ့ ဖက်ထုပ်လေး ...Chuu နဲ့ ခွဲနေရတဲ့ နှစ်နှစ်အတွင်းမှာ Jen စိတ်ဓာတ်ကျပြီး ကြောက်နေမယ်ဆိုတာ သိပါတယ် ဒါကြောင့် Jen စိုးရိမ်မှုတွေ မရှိရအောင် အခုလို လက်ထပ်ခွင့်တောင်းနေတာပါ ခုချက်ချင်း လက်ထပ်ရမယ်လို့ Chuuမဆိုလိုပါဘူး ဒါပေမယ့် Jenကို လက်ထပ်ဖို့ Chuu အဆင်သင့် ဖြစ်နေပြီဆိုတာ အရင်ကရော ခုရော နောင်ရော Jenကဘဲ Chuu အတွက် တစ်ဦးတည်းသော မိန်းကလေးဆိုတာ Jenကို သိစေချင်လို့ပါ....ပြီးကျ နောက်နှစ်နှစ်နေရင် Jenနဲ့အတူ ပျော်ပျော်ရွင်ရွင်နဲ့ "

"Jisoo Yes. ..."

Jennieမှာ ရုတ်တရက် သူ့စကားကို ဖြတ်ပြောလိုက်သောကြောင့် Jisoo ကြောင်သွားသည်

"ဟမ် "

"တီတီတာတာလေးတွေ ပြောမနေနဲ့တော့ Jenကို အခုချက်ချင်း လက်စွပ်စွပ်ပေးတော့ Jen ဝတ်ချင်လှပြီ"

Jennieမှာ မျက်ရည်အဝဲသားနဲ့ ပြောနေသည်

"O ok.... Jennie Kim မင်း ကိုယ့်ရဲ့ သတို့သမီး ဖြစ်ပေးနိုင်မလား "

"သတို့သမီးဘဲ ဖြစ်ပေးရမှာလား မိန်းမဖြစ်ပေးလို့ မရဘူးလား..."

"ဖြစ် ဖြစ်ပေးရမှာပေါ့ Jenရ "

Jennieမှာ ပျော်လွန်းလို့ Jisoo ကို ဖက်လိုက်သည်

Jisooမှာ လက်စွပ်ကို Jennieလက်မှာလည်း စွပ်ပေးရော Lisaနဲ့ Seulgi ရယ် Jinwooနဲ့ Minoတို့မှာ မီးပန်းတွေ ဖောက်ပေးကြသည်

"Jen လက်လေးနဲ့ အရမ်းလိုက်တာဘဲ လက်စွပ်က...Jenကို လက်စွပ် စွပ်ပေးရမယ့်နေ့ကို Chuu အကြာကြီး စောင့်နေခဲ့ရတာ...Chuu အရှုံးပေးခဲ့မလိုတောင် ဖြစ်သေးတယ်....Jenနဲ့ အတူရှိဖို့ အခွင့်အရေး မရတော့ဘူး ထင်နေတာ ကျေးဇူးတင်ပါတယ် "

Jisoo ပြောရင်း မျက်ရည်တွေကျလာတယ်

"Jenကို အဆုံးထိ လက်မလွှတ်ပေးလို့ ကျေးဇူးတင်ပါတယ် Jenရဲ့ ဘဝထဲ ပျော်ရွှင်စရာတွေ ပြန်ယူလာပေးလို့ ကျေးဇူးတင်ပါတယ် တစ်ခါတစ်လေ Jenလုပ်ခဲ့တဲ့ မကောင်းတဲ့အရာတွေအတွက် Chuuနဲ့ မထိုက်တန်ဘူးလို့တောင် ခံစားရတယ် Chuu ကတော့ အမြဲ Jenကို ချစ်ပေးပြီး ကတိတည်ပေးခဲ့လို့ တကယ် ကျေးဇူးတင်ပါတယ် "

Jennieပြောပြီး Jisooရဲ့ လည်ပင်းကို ဖက်ကာ Jisooရဲ့ အသည်းပုံနှုတ်ခမ်းလေးကို တရှိုက်မတ်မတ် နမ်းလိုက်သည်

Jisooလည်း Jennie ရဲ့ အနမ်းတွေကို ပြန်လည်တုံ့ပြန်ရင်း

The End

နောက်ဆုံးတော့ ဒီ Ficလေး ပြီးသွားပါပြီကျွန်တော် Tranတာ သိပ်မကောင်းပေမယ့် အဆုံးထိ ဖတ်ပေး voteပေး Cmtပေးကြသူများ အားလုံးကို ကျေးဇူးတင်ပါတယ် 🖤

#zawgyi



"ချစ်တယ် Jenလေး "







"Chuu "

"ဟင် "

"Jen တောင်းပန်ပါတယ် "

"ဘာလို့လည်း "















"Jennie Ruby Jane Kim..... Chuuတို့ နှစ်တွေအတော်ကြာကြီး ဖြတ်သန်းခဲ့တယ်နော်...ကြားထဲမှာ လေးငါးနှစ်လောက်ကွဲခဲ့ရပေမယ့်  အဲ့တာတွေက အရေးမပါတော့ပါဘူး .....နောက် နှစ်နှစ်အတွက် Jenကို စိတ်ပူစိတ်မောတာမျိုး မဖြစ်စေချင်ဘူး ဒါကြောင့် Jen စိတ်သက်တောင့်သက်သာဖြစ်ရအောင် Chuuက Jen အပိုင်လို့ ခံစားရအောင် Jenက chuuအပိုင်လို့ ခံစားရအောင်အတွက် Chuu လက်ဆောင် တစ်ခု စီစဉ်ထားတယ် "





"Jisoo Yes. ..."


"ဟမ် "













The End


Bạn đang đọc truyện trên: Truyen3h.Co