Part 50
#Unicode
"Hello Lisa "
Jisooမှာ Lisa ဆီ ဖုန်းဆက်ရင်း ဓာတ်လှေကားပေါ်က ဆင်းလာသည်
"Yo what up Jisoo စောစောစီးစီး ဖုန်းခေါ်လို့ပါလား ဘာများလည်း.... "
တစ်ဖက်က Lisa က ဖုန်းပြန်ဖြေသည်
"Airportကို သွားပေးပါလား Lisa "
"Airportကိုလား ဘာလို့လည်း လေယာဥ်ချိန်ပြင်ဖို့လား "
"အာ အဲ့လိုမဟုတ်ဘူးရယ် ဟီးဟီး "
"အဲ့တာဆို Airportကို ငါက ဘာသွားလုပ်ရမှာလည်းဟ "
Jisoo သက်ပြင်းချပြီး အစီအစဥ်တွေကို Lisaကို အစအဆုံးပြောပြလေသည်
"Ohhh အရမ်း sweetတာဘဲ Jisooရယ် "
Lisaက ချီးကျူးတော့ Jisoo မျက်ခုံးပင့်ပြီး သူမကိုယ်သူမ ဂုဏ်ယူနေသည်
"ငါ့ကိုယ်ငါ သိပါတယ် Lisaရ...နင် အခုသွားတာ ကောင်းမယ် ထင်တယ် မဟုတ်ရင် Party တက်ဖို့ နောက်ကျနေမယ် "
"ကောင်းပြီ ကောင်းပြီ....ဒါဆိုလည်း ခဏနေကျမှ တွေ့ကြတာပေါ့ CEO Kim Jisoo "
Jisooမှာ ပြုံးပြီး သူမကားပေါ် တက်လိုက်သည်
ထို့နောက် ကားစက်နှိုးကာ Seoulကို ထွက်လာသည် Seoulတွင် Seulgiရယ် သူမရယ် Minoရယ် Meeting တစ်ခု လုပ်စရာရှိတယ်လေ
Jennieမှာ အိပ်နေရင်း အေးလာသလို ခံစားရလို့ သူမဘေးနားက Jisooကို ဖက်ဖို့လုပ်ပေမယ့် Jisooက သူမဘေးနားတွင် ရှိမနေပေ
Jisoo မရှိမှန်းလည်း Jennie သိရော ချက်ချင်း အိပ်ရာကထပြီး ဖုန်းလိုက်ရှာလေသည်
"Chuu ဘယ်ရောက်နေတာလည်း "
Jennie ပြောရင်း Jisooဆီ ဖုန်းဆက်လိုက်သည်
"Hello baby Good Morning ပါ....နိုးပြီလား "
"ဘာ Good Morning လည်း အခန်းထဲမှာလည်း မရှိဘူး ဘယ်သွားနေတာလည်း "
"Seoul ကို ပြန်သွားနေတာ "
Jisooရဲ့ စကားကြောင့် Jennie မျက်လုံးပြူးသွားသည်
"ဟမ်....Jenကိုလည်း နှိုးမသွားဘူး ....နေပါအုံး Chuuက တစ်ယောက်တည်း ပြန်သွားတော့ Jenက Seoulကို ဘယ်လိုပြန်ရမှာလည်း ကားလည်း မရှိဘူးလေ "
တစ်ဖက်က လန့်နေတဲ့ Jennieကြောင့် Jisoo ရယ်လိုက်သည်
"Clam down အချစ်လေး....Jinwooတို့ မိသားစု လာခေါ်လိမ့်မယ်........တစ်ယောက်တည်း ထားခဲ့ရလို့ Sorry ပါ...ဒါပေမယ့် Partyမှာ ထပ်တွေ့ရမှာဘဲလေ Jen ရ"
"ဒါပေမယ့် ကျန်နေတဲ့အချိန်လေးကို Chuuနဲ့အတူ ကုန်ဆုံးချင်တာကို "
Jennieက ချစ်စရာကောင်းတဲ့ အသံလေးနဲ့ပြောတော့ Jisoo ထပ်ရယ်ပြန်သည်
"Chuu ဘာလို့ တစ်ချိန်လုံး ရယ်နေတာလည်း "
"Jenက ချစ်ဖို့ကောင်းလို့ ရယ်မိတာ Sorryနော် အခု မြို့ထဲရောက်နေပြီမို့ ကားလမ်းတွေရှုပ်နေတော့ Chuu ဖုန်းချလိုက်ပြီနော်....ခဏနေ Partyမှာ တွေ့မယ် ချစ်တယ်နော် "
"ဟွန့် ချစ်တယ်ပြောတာနဲ့ စိတ်ဆိုးပြေမယ် ထင်နေတာလား ချစ်တယ် ဒါဘဲ..."
Jennie ပြောပြီး ဖုန်းချလိုက်သည်
"ဒီနေ့ကတော့ ....."
"သရုပ်ဆောင်တွေ အားလုံးက နောက်တစ်နာရီဆို ရောက်လာကြတော့မှာပါ "
"JSLM အဖွဲ့သားတွေကလည်း ဒီပါတီပြီးတာနဲ့ Japanကို တန်းပြန်မယ်လို့ သိရပါတယ် "
Jennieမှာ သတင်းကို ဆက်မကြည့်ချင်တာနဲ့ Vanကားပေါ်က Tvကို ပိတ်လိုက်သည်
သူမရဲ့ ချစ်သူက ဂျပန်ကို ပြန်တော့မယ့် အကြောင်းတွေ ထပ်ပြီး မကြားချင်တော့ဘူးလေ .....
သူမ သိပြီးသားဆိုပေမယ့် အဲ့အကြောင်းတွေ ကြားနေရရင် သူမ ပိုဝမ်းနည်းပြီး ငိုမိမှာဆိုးလို့ပါ
"နင့်သမီးလေးက ချစ်စရာလေးနော် Jinwoo "
Jinwooရဲ့ ကလေးလေးကို စနောက်ရင်း Jennie ပြောလိုက်သည်
"ဒါပေါ့ ငါနဲ့တူတာကိုး "
"ဆုတောင်းလေ Unnie Sandara နဲ့တူလို့ လှပြီး ချစ်ဖို့ကောင်းနေတာကို "
Jennieရဲ့ စကားကြောင့် Jinwooရဲ့ မိန်းမဖြစ်သူ Daraမှာ ရှက်ပြီး ရယ်လေသည်
မိနစ်အနည်းငယ်ကြာတော့ Jennie မှာ Dorm ကို ပြန်ရောက်ပြီလေ....Jinwooတို့ကို ကျေးဇူးတင်စကားပြောပြီး Jennieမှာ ကားပေါ်က ဆင်းလာသည်
Knock knock
Jennie တံခါးခေါက်ပေမယ့် Ireneက တံခါးလာမဖွင့်သေးပေ
Knock Knock
နှစ်ခါသုံးခါခေါက်ပြီးနောက် Ireneက တံခါးလာမဖွင့်သေးသောကြောင့် Jennie မှာ စိတ်မရှည်တော့ပေ
"Irene Bitchရေ ဘာလုပ်နေလို့ သောက်တံခါးကို လာမဖွင့်ပေးသေးတာလည်း "
"ရေချိုးနေလို့ Jennie Bitchရေ....."
Irene အော်ပြီး အိမ်တံခါး လာဖွင့်လိုက်သည် ( idolနဲ့ မန်နေဂျာ အဲ့လို ချစ်ကြတာ)
Jennie အိမ်ထဲသို့ဝင်လာပြီး Ireneကို ကြည့်လိုက်သည်
"အံမယ် အဲ့ outfitလေးနဲ့ လိုက်သားဘဲ ဂျာကင် က ဘယ်ကဝယ်တာလည်း "
"ဟီးဟီး တကယ်တော့ ငါ့ကောင်မလေး Seulgi ပေးတာလေ သူ့ဂျာကင်လေး.....ငါက သဘောကျတယ်ပြောလို့ သူက ချွတ်ပေးတာ ...သူပေးတဲ့နေ့ကစပြီး ဒီဂျာကင်ကို ငါမလျှော်ရသေးဘူး ဘာလို့လည်း သိလား "
"မသိချင်ပေမယ့်လည်း ရှင့်ကြည့်ရတာ ပြောပြချင်နေပုံ တအားပေါ်နေလို့ သိချင်ယောင်ဆောင်လိုက်ပါမယ် ဘာလို့လည်းပြော "
"သူ့ ကိုယ်သင်းရနံ့လေး ပျောက်သွားမှာဆိုးလို့ ငါမလျှော်တာ "
Irene ပြောရင်း ဂျာကင်လေးကို နမ်းနေသောကြောင့် Jennieမှာ နှာခေါင်းရှုံလိုက်သည်
"နင် အဲ့ဂျာကင်ကို နှစ်နှစ်လုံး မလျှော်ဘဲ ထားမလို့လား "
"ဒါပေါ့ Seulကို သတိရတိုင်း ဒီဂျာကင်လေး ထုတ်ရှူနေမှာ "
Jennieမှာ Ireneကို ပြောမနိုင်ဘူးဆိုပြီး ခေါင်းခါပြကာ အဝတ်အစားလဲဖို့ သူမအခန်းထဲ ဝင်သွားသည်
"Jisoo အားလုံး အဆင်ပြေတယ် နင် အဆင်သင့် ဖြစ်ပြီလား "
Lisaမှာ စားသောက်ဆိုင်ထဲ Jisooနဲ့အတူ ဝင်လာရင်း မေးလိုက်သည်
"ငါ စိတ်လှုပ်ရှားနေပေမယ့် ဒါက အချိန်ကောင်းဘဲလေ ..."
Jisoo ပြောရင်း သက်ပြင်းချလိုက်သည်
"နင်တို့နှစ်ယောက် ဘယ်ရောက်နေကြတာလည်း ဒီမှာ စောင့်နေရတာ အကြာကြီးဘဲ "
Lisa မှာ ပွစိပွစိလုပ်ပြီး သူမတို့ကို ဆူတော့မယ့် Chaeyoungရဲ့ နှုတ်ခမ်းလေးကို ပြွတ်ခနဲ နမ်းလိုက်သည်
အစားချစ်သူဖြစ်တဲ့ သူမကောင်မလေး ဗိုက်ဆာနေပြီဆိုတာ Lisa သိတယ်လေ.... ဗိုက်ဆာတဲ့အခါ ပွစိပွစိ လုပ်တတ်တာ Lisa အသိဆုံးမို့ Chaeyoung ရဲ့ နှုတ်ခမ်းလေးကို နမ်းလိုက်ခြင်း ဖြစ်သည်
"ကဲပါ ဗိုက်ဆာနေမှာပေါ့ လာ သွားကြစို့ "
Lisa သူ့ကောင်မလေး လက်ကိုတွဲပြီး အခန်းထဲကို ဝင်သွားသည်
ထို့နောက် ပန်းကန်ပြားတွေ ယူပြီး Chaeyoung အတွက် စားစရာတွေ ထည့်ပေးနေသည်
Jisooမှာတော့ တစ်ခြားသူတွေနဲ့ စကားပြောနေတဲ့ Jennieကို ကြည့်ပြီး ပြုံးနေသည်
Jennieမှာ Jisoo ကိုလည်း တွေ့ရော ချက်ချင်း မျက်ရည်ကျလာသောကြောင့် Hyorinမှာ ထအော်လေသည်
"Yah Kim Jisoo ဘာကြောင်ကြည့်နေတာလည်း ငါ့သမီးမင်းသမီးလေးကို သွားချော့လေ "
Hyorin ရဲ့ စကားကြောင့် Seulgiတို့မှာ ရယ်ကြလေသည်
Jisooမှာလည်း ချက်ချင်း Jennieဆီ ပြေးသွားပြီး ငိုနေတဲ့ ကောင်မလေးကို သူမရင်ခွင်ထဲ ဆွဲသွင်းကာ ချော့နေသည်
"ဒါနဲ့ Sir Taeyangက သူ့မိန်းမနဲ့ အဆင်ပြေသွားပြီလား "
Lisaမှာ Jeongyeonနားကပ်ပြီး မေးလိုက်သည်
"အင်း ပြေသွားပြီတဲ့ "
"ဘယ်သူက စချော့တာလည်း "
"Mrs. Kimတဲ့ ....ပြီးကျပြောရအုံးမယ် လန့်မသွားနဲ့အုံး Jennieအတွက် အငယ်လေးရလာတော့မယ်တဲ့ "
Jeongyeonရဲ့ စကားကြောင့် Lisa အံ့သြသွားတယ်
"Wow မြန်တာ "
"Mrs. Kimက Sir Taeyang ထပ်ပြီး ထွက်မသွားအောင် ချုပ်လိုက်တာနေမယ် "
"Hahaha "
"Ash သူတို့က အရမ်းနားငြီးတာဘဲ "
Lisa တို့ကိုကြည့်ပြီး Ireneကပြောတော့ Seulgi မှာ ရယ်ပြီး Irene လက်ကိုနမ်းလိုက်သည်
"ကဲပါ အချစ်ရာ သူတို့ကို ဂရုစိုက်မနေနဲ့....."
"ဒီနေ့က ကျွန်မတို့ ရိုက်ကူးရေးရဲ့ နောက်ဆုံးနေ့ပေါ့နော်....Drama ရိုက်ကူးခဲ့တုံးက အမှတ်တရတွေ အမြဲ သတိရနေမှာပါ ...ဒါက အပြီးနှုတ်ဆက်တာတော့ မဟုတ်ပါဘူး....နှစ်နှစ်ပြည့်ရင် JSLM အဖွဲ့လိုက် Koreaကို ရုံးချုပ်ပြောင်းဖွင့်မှာမို့ ဒီက လူတွေနဲ့ ထပ်တွေ့ချင်ပါသေးတယ် ...ထပ်တွေ့ကြမယ် မဟုတ်လား '
"Naeee. ...."
Jisoo မှာ မျက်ရည်တွေနဲ့ ပြုံးကား အားလုံးကို နှုတ်ဆက်လိုက်သည်
#tbc
နောက်တစ်ပိုင်းဆို ဒီFicလေး ပြီးတော့မယ်....လွမ်းနေရတော့မှာဘဲ JSLMအဖွဲ့သားတွေနဲ့ Idolတွေ မန်နေဂျာတို့ကို.....🙁
#Zawgyi
"Hello Lisa "
"ဒီနေ့ကတော့ ....."
"ဒါပေါ့ ငါနဲ့တူတာကိုး "
Knock knock
Knock Knock
"အင်း ပြေသွားပြီတဲ့ "
"ဘယ်သူက စချော့တာလည်း "
"Wow မြန်တာ "
"Hahaha "
"Naeee. ...."
#tbc
Bạn đang đọc truyện trên: Truyen3h.Co