Part 1
#Unicode
"Ughh ပင်ပန်းလိုက်တာ...."
Jennie သူမ အကြိုက်ဆုံး မွေ့ရာလေးပေါ် လှဲအိပ်ပြီး ညည်းညူလိုက်သည်
"ဟူး ငါက အရမ်းလည်း နာမည်မကြီးဘဲနဲ့ ဘာလို့ ငါ့ schedule တွေက အမြဲ ပြည့်နေရတာလည်း "
Jennie Kim. ...သူမဟာ JJ Studio ရဲ့ မော်ဒယ်တစ်ယောက်ပါ ....သူမရဲ့ အကြည့်တစ်ချက်အောက်မှာ ပရိတ်သတ်အားလုံး အေးခဲသွားနိုင်လို့ Ice princessလို့ နာမည်ပြောင်လေးလည်း ပေးခံရသူ ဖြစ်သည်
"ငယ်က နာမည်မကြီးဘူးလို့ ဘယ်သူက ပြောတာလည်း "
JJ studioရဲ့ CEO ဖြစ်သူက သူမရဲ့ ကင်မရာကို စားပွဲခုံပေါ် တင်ရင်း မေးလိုက်သည်
"ငယ့်ရဲ့ social medi account တွေမှာ follower တွေ သိန်းချီရှိနေတာကို မေ့နေတာလား....နင်ကဖြင့် ငါ့ Studio ထက်တောင် နာမည်ကြီးနေတာကို "
Jennieမှာ သူမရဲ့ CEOကို စိတ်ဆိုးချင်ယောင်ဆောင်ပြီး ကျောပေးထားပေမယ့် တကယ်တမ်းတော့ သူမ ရှက်နေတာကို CEO မမြင်အောင် ကျောပေးထားခြင်း ဖြစ်သည်
"စိတ်ဆိုးနေတာလား...."
CEO ဖြစ်တဲ့ Kim Jisooက သနားစရာကောင်းတဲ့ မျက်လုံးလေးနဲ့ Jennieကို ကြည့်ကာ သူမ ပခုံးပေါ် မျက်နှာလေးတင်ပြီး မေးလိုက်သည်
"Jendeukie "
Jennie တစ်ယောက် Jisoo သက်ပြင်းချသံကြားတော့ ရယ်ချင်စိတ်ကို မအောင့်နိုင်တော့ဘဲ Jisoo ဘက်ကို လှည့်လိုက်သည်
ထို့နောက် Jisoo မျက်နှာလေးကို ကိုင်ပြီး အသည်းပုံနှုတ်ခမ်းလေးအား ပြွတ်ခနဲ နမ်းလိုက်သည်
Jisoo ပြုံးပြီး Jennieကို သူမရဲ့ ရင်ခွင်ထဲ ဆွဲဖက်လိုက်သည်
ထို့နောက် Jennieရဲ့ ဆံပင်ကို ဖွဖွလေးနမ်းပြီး
"Hey ....မ ရဲ့ ခေါင်းလျှော်ရည် ယူသုံးထားပြန်ပြီလား ငယ် "
Jisoo ပြောတော့ Jennie ရယ်ပြီး
"ဟုတ်တယ် ယူသုံးလိုက်တယ် ဘာဖြစ်လည်း ပြော "
"ဘာမှမဖြစ်ပါဘူး ငယ်ရဲ့ "
"အဲ့အနံ့လေး သဘောကျလို့ ...ပြီးတော့ မ ကိုလည်း ငယ် ချစ်တယ် "
"မ လည်း Jendeukieကို အရမ်းချစ်တာဘဲ Happy 5th anniversary ပါကွယ် "
Jensooတို့ ချစ်သူသက်တမ်းက ငါးနှစ်ပြည့်သွားပေမယ့် သူမတို့ တစ်ယောက်အပေါ်တစ်ယောက်ထားတဲ့ ခံစားချက်ကတော့ အရင်တိုင်းဘဲ မပြောင်းလဲပေ
Jennieကို သူမရဲ့ ချစ်သူဖြစ်ပေးနိုင်မလားလို့ Jisoo မေးခဲ့တာ ငါးနှစ်ပြည့်သွားပြီ
ငါးနှစ်သက်တမ်းကို အချစ်တွေ ပြဿနာတွေ အနမ်းတွေ ပွေ့ဖက်မှုတွေနဲ့ အတူ Jensooတို့ ဖြတ်သန်းခဲ့ကြသည်
"Let's go မ ညစာချက်ကျွေးမယ် "
Jisooမှာ Jennieရဲ့ လက်ကို ဆွဲပြီး ကုတင်ပေါ်က ထူလိုက်သည်
ထို့နောက် Jennieကို မီးဖိုချောင်ဘက်သို့ ဆွဲခေါ်လာသည်
မီးဖိုချောင်ကို ရောက်တော့ Jisoo အသီးအရွက်တွေကို ရေဆေးလိုက်သည်
"ဘာလုပ်ပေးရမလည်း မ..."
"ဘာမှလုပ်ပေးစရာမလိုပါဘူး မ ဟင်းချက်တာကိုဘဲ ကြည့်နေနော် Jendeukie. ....ငယ််အတွက် မ ညစာကောင်းကောင်းချက်ပေးမယ်... .."
Jisoo နွေးထွေးတဲ့အပြုံးလေး ပြုံပြတော့ Jennie သူမရဲ့ gummy smileလေးပေါ်အောင် ပြုံးလိုက်သည်
ထိုအပြုံးလေးကြောင့်ဘဲ Jisoo နှလုံးသားလေး အရည်ပျော်ခဲ့ရတာ.....
ဟင်းရွက်ဆေးနေတဲ့ Jisooရဲ့ နောက်ကျောလေးကို Jennie အနောက်ကနေ ပွေ့ဖက်လိုက်သည်
Jisooရဲ့ နောက်ကျောလေးက Jennieအတွက် အရမ်းနွေးထွေးစေတယ်
Jisoo သူမအတွက် ချက်ပေးတဲ့ အစားအသောက်အားလုံးကို Jennie နှစ်သက်တယ်
Jisooက သူမကို မင်းသမီးလေးလို ဂရုစိုက်ဆက်ဆံတာကိုလည်း Jennie သဘောကျတယ်
သူမတို့ အမြဲ ရန်ဖြစ်တဲ့အခါတိုင်း Jisooက သူမရဲ့ မာနကို နှိမ့်ချပြီး Jennie ကို အမြဲတောင်းပန်ခဲ့တာကိုလည်း Jennie သဘောကျတယ်
သူမ သဝန်တိုတိုင်း Jisooက အနမ်းလေးနဲ့ ချော့တာကိုလည်း Jennieသဘောကျတယ်
ထိုအချက်တွေကြောင့် သူမတို့ အချစ်သက်တမ်းက ပိုမိုမြဲလာတာလည်း အမှန်ပါဘဲ
Jisooက သူမရှေ့ ပန်းကန်ပြားလာချတော့ Jennieပျော်ပြီး လက်ခုပ်တီးလိုက်သည်
"စားကြစို့ "
မိနစ်အနည်းငယ်ကြာတော့ Jensooတို့ ညစာစားပြီးသွားတယ်
Jennie ပန်းကန်ဆေးမယ်လုပ်ပေမယ့် Jisooက သူမကို ရုပ်ရှင်ကြည့်ရန်အတွက် ဇာတ်ကားကောင်းကောင်းလေးရွေးထားဖို့ ပြောလိုက်သည်
Jennie ဧည့်ခန်းထဲ သွားပြီး ရုပ်ရှင်ရွေးနေစဥ် သူမ ဖုန်းထဲ message ဝင်လာသည်
Message ပို့သူက သူမ အမေဖြစ်သောကြောင့် Jennie အမြန်ဖွင့်ဖတ်လိုက်သည်
"ငယ်ရေ မ ပန်းကန်ဆေးပြီးပြီ ရုပ်ရှင်ရွေးနေပြီလား "
Jisoo ပန်းကန်ဆေးပြီး Jennieဆီလာတော့ Jennie ငိုနေတာကို တွေ့လိုက်ရသည်
"ဟင် ငယ် ဘာလို့ ငိုနေတာလည်း........ "
"ငယ် အိမ်ပြန်တော့မယ် Ji. ..."
Jennie သူမ ဖုန်းနဲ့အိတ်ကို ကောက်ကိုင်ပြီး ထလိုက်တော့ Jisoo မှာ Jennie လက်ကိုလှမ်းဆွဲလိုက်သည်
"ငယ် ဘာတွေပြောနေတာလည်း ဒါ မတို့ အိမ်လေ "
Jennie ဘာဖြစ်သွားမှန်း Jisoo မသိပေ ဒါကြောင့်မို့ Jisoo ဘာဖြစ်နေမှန်းသိအောင် မေးနေသည်
"အမေ့အိမ်ပြန်မလို့ ဒီအတောအတွင်း ငယ့်နောက်လိုက်မလာပါနဲ့ ငယ့်ကိုလည်း မဆက်သွယ်ပဲ နေပေးပါ ....ငယ့်ကို အချိန်ခဏပေးပါ "
Jennieရဲ့ စကားကြောင့် Jisoo သူမ ချစ်သူ လက်ကို လွှတ်ပေးလိုက်သည်
Jennie တံခါးကို ဆောင့်ပိတ်ပြီး ထွက်သွားတော့ Jisoo လဲကျသွားသည်
"ငယ် ဘာတွေဖြစ်နေတာလည်းဟာ ဒါ မတို့အိမ်လေ မတို့ လက်ထပ်ပြီး သာယာတဲ့ မိသားစုလေး တည်ဆောက်ဖို့ ဝယ်ထားတဲ့ အိမ်လေးလေ "
နောက်တစ်နေ့ မနက် Jennie အိမ်သို့ Jisoo လိုက်သွားလေသည်
"ကျေးဇူးပြုပြီး Jennieနဲ့ တွေ့ခွင့်ပေးပါလား Mrs. Kim "
Jisooမှာ Jennieရဲ့ အမေဖြစ်သူ Hyorinကို တောင်းပန်နေသည်
"Jisoo ညည်းကို သူက မတွေ့ချင်ဘူးလို့ ငါ ဘယ်နှခါပြောရမလည်း "
Hyorin အော်လိုက်တော့ Jisoo သက်ပြင်းချလိုက်သည်
သူမရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ ချစ်သူလေးဟာ ဒီတစ်ခါရော ဘာကိစ္စကြောင့် သူမကို စိတ်ဆိုးနေမှန်း Jisoo မသိ....
ညစာတောင် အတူစားခဲ့တုံးကတောင် ပျော်ရွှင်ရယ်မောနေတာ ရုတ်တရက် ဘာကြောင့် Jennie အခုလို ဖြစ်သွားမှန်း Jisoo တွေးမရပေ
Jisoo သူမရဲ့ ချစ်သူဆီ message ပို့လိုက်သည်
To - Baby Jendeukie
ငယ် ဘာကြောင့် စိတ်ဆိုးနေလည်း မသိပေမယ့် မ တောင်းပန်ပါတယ်.....ကျေးဇူးပြုပြီး မ တို့အတွက် ခက်ခဲအောင် မလုပ်ပါနဲ့ စကားပြောကြရအောင်ပါနော်
Jisoo သူမ ချစ်သူကို messageပို့ပြီး သူမ studioသို့ မောင်းထွက်လာခဲ့သည်
သူမ ချစ်သူ အိမ်ရှေ့ ဆက်နေချင်ပေမယ့် ကိစ္စတစ်ခုပေါ်လာသောကြောင့်Studioသို့ ထွက်လာခဲ့သည်
"ရုံးခန်းထဲမှာ မိန်းကလေး တစ်ယောက် စောင့်နေတယ် ဒါနဲ့ ဘာဖြစ်လာတာလည်း "
Jisooမျက်နှာ ဝမ်းနည်းနေတဲ့ပုံပေါ်နေတာ Lisa သတိထားမိလို့ မေးလိုက်သည်
"Jennieနဲ့ငါ မနေ့ညက ရန်ဖြစ်ထားလို့ "
Lisa ဆက်မေးမလို့ လုပ်ပေမယ့် Jisooက သူမ ရုံးခန်းထဲ ဝင်သွားလေသည်
"ကြည့်ရတာ မနေ့က ရန်ဖြစ်တာ တော်တော်အခြေအနေဆိုးတယ် ထင်တယ် Jisoo တော်တော်မျက်နှာပျက်နေတာ "
Studio teamရဲ့ chief editor တစ်ယောက် ဖြစ်တဲ့ Seulgi က ဝင်ပြောလိုက်သည်
"နင်ပြောတာ မှန်တယ်"
Jisoo သူမ စားပွဲခုံရှေ့ ထိုင်နေတဲ့ ကောင်မလေးတွေ့သောအခါ
"Nayeon "
"Yo Kim Jisoo "
Nayeonမှာ Jisoo အသံကြားတော့ အနောက်လှည့်ပြီး နှုတ်ဆက်လေသည်
"ဟယ် နင့််ကြည့်ရတာ ဝမ်းနည်းနေတဲ့ပုံနဲ့ ဘာဖြစ်လာတာလည်း "
Jisoo သူမ ထိုင်ခုံမှာ ထိုင်လိုက်ပြီး laptopကို ဖွင့်လိုက်သည်
"မနေ့က Jennieနဲ့ စကားများထားလို့....ကျစ် ငါတို့ရဲ့ ငါးနှစ်ပြည့်တဲ့ anniversary ကျမှ.... "
"Aww သနားစရာကောင်းတဲ့Jisooလေး ကဲပါ စိတ်ပူမနေနဲ့ နင့်အတွက် သတင်းကောင်းပါတယ် ငါပြောတဲ့ သတင်းကြားရင် နင်တို့နှစ်ယောက်လုံး ပျော်သွားလိမ့်မယ် ခန နေပါအုံး ဘယ်ရောက်သွားတုံး "
Nayeonရဲ့ စကားကြောင့် Jisoo ပြုံးလိုက်သည်
Nayeonကတော့ Jisooကို ပြဖို့ တစ်စုံတစ်ခုကို သူမ အိတ်ထဲ ပြန်ရှာနေသည်
Ting. ....
Jisooအပြုံးတွေက ပိုမို တောက်ပလာတယ် ဘာလို့ဆို သူမ ဖုန်းထဲ Jennieရဲ့ message ဝင်လာသောကြောင့် ဖြစ်သည်
From Baby Jendeukie
ငါ ဆက်ပြီး သည်းမခံနိုင်တော့ဘူး လမ်းခွဲရအောင် Jisoo
"ဒန်တန်တန့် ရော့ ဒီမှာ YJY Entertainment ရဲ့ Jennie အတွက် contract ...."
Jisoo မှာ Nayeonပေးတဲ့ စာအိတ်လေးကြည့်ပြီး မျက်ရည်တွေကျလာသည်
"Come on aigoo ဘာလို့ ငိုနေတာလည်း Jisooရ Jennie ကို idol အဖြစ်တွေ့ရတော့မှာမို့ ပျော်နေတာလား "
"ဒါပေါ့ Nayeonရ နောက်ဆုံးတော့ သူ့ အိမ်မက်တွေ တကယ်ဖြစ်လာပြီ "
"အေးပါ ငါ နင်တို့နှစ်ယောက်ကို ကူညီခဲ့တာလို့ သူ့ကို နင်ဘဲပြောလိုက်နော် ဒီစာချုပ်လေးက နင်တို့ ငါးနှစ်ပြည့််အတွက် လက်ဆောင်ပေးတယ်လို့ သဘောထားလိုက် သိလား"
"ကျေးဇူးပါ Nayeonရယ် ဒါပေမယ့်.....သူ့ကို ငါ ပြောပြနိုင်မယ်မထင်ဘူး.....သူ ခုလေးတင် ငါ့ကို လမ်းခွဲစကားပြောလိုက်တယ် "
Jisoo စိတ်မထိန်းနိုင်လို့ စားပွဲခုံပေါ်မှောက်ပြီး ငိုလိုက်သည်
"ကြည့် သူ အဲ့ကောင်မလေးကို ဖက်ထားတာ မြင်လား "
Hyorin မနေ့ညက Jennieကိုပို့ထားတဲ့ ပုံကို လက်ညိုးထိုးပြပြီး ပြောလိုက်သည်
"သူတို့ကြည့်ရတာ အရမ်းပျော်နေတာဘဲ တစ်ခြားမိန်းကလေးတစ်ယောက်နဲ့ ရယ်မောပြုံးရွှင်နေတဲ့ Jisooကို ကြည့်ပြီး ငါ နာကျင်လာတယ် "
"Jennie sweetie သမီး သူနဲ့ လမ်းခွဲလိုက်တာ အကောင်းဆုံးဘဲ ဒါ ရိုးရိုး lunch dateမှ မဟုတ်တာ ကြည့်အုံး သမီးရဲ့ လူက ဘယ်လောက်ပြုံးနေလည်းဆိုတာ အဲ့ကောင်မလေးနဲ့ သူ ခဏခဏတွေ့နေတာ ပုံတွေက သက်သေဘဲ "
"ဒါပေမယ့် Omma ရယ် သူတို့က သူငယ်ချင်းတွေဆိုရင်ရော "
Jisoo သူမကို ဘယ်လောက်ချစ်တယ်ဆိုတာ Jennie အသိဆုံး...သူမတို့ ငါးနှစ်လုံး တည်ဆောက်လာတဲ့ အချစ်အိမ်လေးကို သူမအမေပြတဲ့ ပုံလေးတွေကြောင့် မပျက်စီးစေလို....
"သူငယ်ချင်း ဟုတ်လား ဒါဆို အဲ့သူငယ်ချင်းနဲ့ ဘယ်နေရာ ဘယ်အချိန်မှာ သွားတွေ့မယ်ဆိုတာရော သူ သမီးကို အမှန်တိုင်းပြောပြရဲ့လား Jennie ...အဲ့ကောင်မလေးကို သမီး သိရောသိရဲ့လား ...Jennie အခု သမီး အရမ်းနာကျင်နေတယ်မလား.... တစ်ခါတစ်လေ ကိုယ်ပျော်ရွှင်ဖို့အတွက် တစ်စုံတစ်ယောက်ကို လက်လွှတ်လိုက်တာ အကောင်းဆုံးဘဲ Ommaနဲ့ Appaလိုပေါ့ "
Hyorin ငိုနေတဲ့ သူ့သမီးလက်ကို ကိုင်ပြီး ပြောလိုက်သည်
Jennie သူမ အမေ စကားကြောင့် စိတ်တွေရှုပ်ထွေးလာပြီး Jisoo ဆီသို့ message ပို့လိုက်သည်
To : My Jichu
ငါ ထပ်ပြီး သည်းမခံနိုင်တော့ဘူး လမ်းခွဲရအောင် Jisoo
#TBC
Hello "Aff"ကနေ ဒီficလေးကို ဖတ်ရင်း Author သဘောကျလာလို့ ခွင့်တောင်းပြီး tranလိုက်ပါတယ်ဗျာ့ tranရုံဘဲ ဘာမှစဥ်းစားစရာမလိုတော့ Update မကြာဘဲ နှစ်ရက်တစ်ခါ ဒါလေး ပုံမှန် updateပေးပါမယ်❤😁
#Zawgyi
#Unicode
"Ughh ပင္ပန္းလိုက္တာ...."
Jennie သူမ အႀကိဳက္ဆုံး ေမြ႕ရာေလးေပၚ လွဲအိပ္ၿပီး ညည္းၫူလိုက္သည္
"ဟူး ငါက အရမ္းလည္း နာမည္မႀကီးဘဲနဲ႕ ဘာလို႔ ငါ့ schedule ေတြက အၿမဲ ျပည့္ေနရတာလည္း "
Jennie Kim. ...သူမဟာ JJ Studio ရဲ႕ ေမာ္ဒယ္တစ္ေယာက္ပါ ....သူမရဲ႕ အၾကည့္တစ္ခ်က္ေအာက္မွာ ပရိတ္သတ္အားလုံး ေအးခဲသြားနိုင္လို႔ Ice princessလို႔ နာမည္ေျပာင္ေလးလည္း ေပးခံရသူ ျဖစ္သည္
"ငယ္က နာမည္မႀကီးဘူးလို႔ ဘယ္သူက ေျပာတာလည္း "
JJ studioရဲ႕ CEO ျဖစ္သူက သူမရဲ႕ ကင္မရာကို စားပြဲခုံေပၚ တင္ရင္း ေမးလိုက္သည္
"ငယ့္ရဲ႕ social medi account ေတြမွာ follower ေတြ သိန္းခ်ီရွိေနတာကို ေမ့ေနတာလား....နင္ကျဖင့္ ငါ့ Studio ထက္ေတာင္ နာမည္ႀကီးေနတာကို "
Jennieမွာ သူမရဲ႕ CEOကို စိတ္ဆိုးခ်င္ေယာင္ေဆာင္ၿပီး ေက်ာေပးထားေပမယ့္ တကယ္တမ္းေတာ့ သူမ ရွက္ေနတာကို CEO မျမင္ေအာင္ ေက်ာေပးထားျခင္း ျဖစ္သည္
"စိတ္ဆိုးေနတာလား...."
CEO ျဖစ္တဲ့ Kim Jisooက သနားစရာေကာင္းတဲ့ မ်က္လုံးေလးနဲ႕ Jennieကို ၾကည့္ကာ သူမ ပခုံးေပၚ မ်က္ႏွာေလးတင္ၿပီး ေမးလိုက္သည္
"Jendeukie "
Jennie တစ္ေယာက္ Jisoo သက္ျပင္းခ်သံၾကားေတာ့ ရယ္ခ်င္စိတ္ကို မေအာင့္နိုင္ေတာ့ဘဲ Jisoo ဘက္ကို လွည့္လိုက္သည္
ထို႔ေနာက္ Jisoo မ်က္ႏွာေလးကို ကိုင္ၿပီး အသည္းပုံႏႈတ္ခမ္းေလးအား ႁပြတ္ခနဲ နမ္းလိုက္သည္
Jisoo ၿပဳံးၿပီး Jennieကို သူမရဲ႕ ရင္ခြင္ထဲ ဆြဲဖက္လိုက္သည္
ထို႔ေနာက္ Jennieရဲ႕ ဆံပင္ကို ဖြဖြေလးနမ္းၿပီး
"Hey ....မ ရဲ႕ ေခါင္းေလွ်ာ္ရည္ ယူသုံးထားျပန္ၿပီလား ငယ္ "
Jisoo ေျပာေတာ့ Jennie ရယ္ၿပီး
"ဟုတ္တယ္ ယူသုံးလိုက္တယ္ ဘာျဖစ္လည္း ေျပာ "
"ဘာမွမျဖစ္ပါဘူး ငယ္ရဲ႕ "
"အဲ့အနံ႕ေလး သေဘာက်လိဳ႕ ...ၿပီးေတာ့ မ ကိုလည္း ငယ္ ခ်စ္တယ္ "
"မ လည္း Jendeukieကို အရမ္းခ်စ္တာဘဲ Happy 5th anniversary ပါကြယ္ "
Jensooတို႔ ခ်စ္သူသက္တမ္းက ငါးႏွစ္ျပည့္သြားေပမယ့္ သူမတို႔ တစ္ေယာက္အေပၚတစ္ေယာက္ထားတဲ့ ခံစားခ်က္ကေတာ့ အရင္တိုင္းဘဲ မေျပာင္းလဲေပ
Jennieကို သူမရဲ႕ ခ်စ္သူျဖစ္ေပးနိုင္မလားလို႔ Jisoo ေမးခဲ့တာ ငါးႏွစ္ျပည့္သြားၿပီ
ငါးႏွစ္သက္တမ္းကို အခ်စ္ေတြ ျပႆနာေတြ အနမ္းေတြ ေပြ႕ဖက္မႈေတြနဲ႕ အတူ Jensooတို႔ ျဖတ္သန္းခဲ့ၾကသည္
"Let's go မ ညစာခ်က္ေကြၽးမယ္ "
Jisooမွာ Jennieရဲ႕ လက္ကို ဆြဲၿပီး ကုတင္ေပၚက ထူလိုက္သည္
ထို႔ေနာက္ Jennieကို မီးဖိုေခ်ာင္ဘက္သို႔ ဆြဲေခၚလာသည္
မီးဖိုေခ်ာင္ကို ေရာက္ေတာ့ Jisoo အသီးအ႐ြက္ေတြကို ေရေဆးလိုက္သည္
"ဘာလုပ္ေပးရမလည္း မ..."
"ဘာမွလုပ္ေပးစရာမလိုပါဘူး မ ဟင္းခ်က္တာကိုဘဲ ၾကည့္ေနေနာ္ Jendeukie. ....ငယ္္အတြက္ မ ညစာေကာင္းေကာင္းခ်က္ေပးမယ္... .."
Jisoo ႏြေးေထြးတဲ့အၿပဳံးေလး ၿပဳံျပေတာ့ Jennie သူမရဲ႕ gummy smileေလးေပၚေအာင္ ၿပဳံးလိုက္သည္
ထိုအၿပဳံးေလးေၾကာင့္ဘဲ Jisoo ႏွလုံးသားေလး အရည္ေပ်ာ္ခဲ့ရတာ.....
ဟင္း႐ြက္ေဆးေနတဲ့ Jisooရဲ႕ ေနာက္ေက်ာေလးကို Jennie အေနာက္ကေန ေပြ႕ဖက္လိုက္သည္
Jisooရဲ႕ ေနာက္ေက်ာေလးက Jennieအတြက္ အရမ္းႏြေးေထြးေစတယ္
Jisoo သူမအတြက္ ခ်က္ေပးတဲ့ အစားအေသာက္အားလုံးကို Jennie ႏွစ္သက္တယ္
Jisooက သူမကို မင္းသမီးေလးလို ဂ႐ုစိုက္ဆက္ဆံတာကိုလည္း Jennie သေဘာက်တယ္
သူမတို႔ အၿမဲ ရန္ျဖစ္တဲ့အခါတိုင္း Jisooက သူမရဲ႕ မာနကို ႏွိမ့္ခ်ၿပီး Jennie ကို အၿမဲေတာင္းပန္ခဲ့တာကိုလည္း Jennie သေဘာက်တယ္
သူမ သဝန္တိုတိုင္း Jisooက အနမ္းေလးနဲ႕ ေခ်ာ့တာကိုလည္း Jennieသေဘာက်တယ္
ထိုအခ်က္ေတြေၾကာင့္ သူမတို႔ အခ်စ္သက္တမ္းက ပိုမိုၿမဲလာတာလည္း အမွန္ပါဘဲ
Jisooက သူမေရွ႕ ပန္းကန္ျပားလာခ်ေတာ့ Jennieေပ်ာ္ၿပီး လက္ခုပ္တီးလိုက္သည္
"စားၾကစို႔ "
မိနစ္အနည္းငယ္ၾကာေတာ့ Jensooတို႔ ညစာစားၿပီးသြားတယ္
Jennie ပန္းကန္ေဆးမယ္လုပ္ေပမယ့္ Jisooက သူမကို ႐ုပ္ရွင္ၾကည့္ရန္အတြက္ ဇာတ္ကားေကာင္းေကာင္းေလးေ႐ြးထားဖို႔ ေျပာလိုက္သည္
Jennie ဧည့္ခန္းထဲ သြားၿပီး ႐ုပ္ရွင္ေ႐ြးေနစဥ္ သူမ ဖုန္းထဲ message ဝင္လာသည္
Message ပို႔သူက သူမ အေမျဖစ္ေသာေၾကာင့္ Jennie အျမန္ဖြင့္ဖတ္လိုက္သည္
"ငယ္ေရ မ ပန္းကန္ေဆးၿပီးၿပီ ႐ုပ္ရွင္ေ႐ြးေနၿပီလား "
Jisoo ပန္းကန္ေဆးၿပီး Jennieဆီလာေတာ့ Jennie ငိုေနတာကို ေတြ႕လိုက္ရသည္
"ဟင္ ငယ္ ဘာလို႔ ငိုေနတာလည္း........ "
"ငယ္ အိမ္ျပန္ေတာ့မယ္ Ji. ..."
Jennie သူမ ဖုန္းနဲ႕အိတ္ကို ေကာက္ကိုင္ၿပီး ထလိုက္ေတာ့ Jisoo မွာ Jennie လက္ကိုလွမ္းဆြဲလိုက္သည္
"ငယ္ ဘာေတြေျပာေနတာလည္း ဒါ မတို႔ အိမ္ေလ "
Jennie ဘာျဖစ္သြားမွန္း Jisoo မသိေပ ဒါေၾကာင့္မို႔ Jisoo ဘာျဖစ္ေနမွန္းသိေအာင္ ေမးေနသည္
"အေမ့အိမ္ျပန္မလို႔ ဒီအေတာအတြင္း ငယ့္ေနာက္လိုက္မလာပါနဲ႕ ငယ့္ကိုလည္း မဆက္သြယ္ပဲ ေနေပးပါ ....ငယ့္ကို အခ်ိန္ခဏေပးပါ "
Jennieရဲ႕ စကားေၾကာင့္ Jisoo သူမ ခ်စ္သူ လက္ကို လႊတ္ေပးလိုက္သည္
Jennie တံခါးကို ေဆာင့္ပိတ္ၿပီး ထြက္သြားေတာ့ Jisoo လဲက်သြားသည္
"ငယ္ ဘာေတြျဖစ္ေနတာလည္းဟာ ဒါ မတို႔အိမ္ေလ မတို႔ လက္ထပ္ၿပီး သာယာတဲ့ မိသားစုေလး တည္ေဆာက္ဖို႔ ဝယ္ထားတဲ့ အိမ္ေလးေလ "
ေနာက္တစ္ေန႕ မနက္ Jennie အိမ္သို႔ Jisoo လိုက္သြားေလသည္
"ေက်းဇူးျပဳၿပီး Jennieနဲ႕ ေတြ႕ခြင့္ေပးပါလား Mrs. Kim "
Jisooမွာ Jennieရဲ႕ အေမျဖစ္သူ Hyorinကို ေတာင္းပန္ေနသည္
"Jisoo ညည္းကို သူက မေတြ႕ခ်င္ဘူးလို႔ ငါ ဘယ္ႏွခါေျပာရမလည္း "
Hyorin ေအာ္လိုက္ေတာ့ Jisoo သက္ျပင္းခ်လိဳက္သည္
သူမရဲ႕ တစ္ကိုယ္ေကာင္းဆန္တဲ့ ခ်စ္သူေလးဟာ ဒီတစ္ခါေရာ ဘာကိစၥေၾကာင့္ သူမကို စိတ္ဆိုးေနမွန္း Jisoo မသိ....
ညစာေတာင္ အတူစားခဲ့တုံးကေတာင္ ေပ်ာ္႐ႊင္ရယ္ေမာေနတာ ႐ုတ္တရက္ ဘာေၾကာင့္ Jennie အခုလို ျဖစ္သြားမွန္း Jisoo ေတြးမရေပ
Jisoo သူမရဲ႕ ခ်စ္သူဆီ message ပို႔လိုက္သည္
To - Baby Jendeukie
ငယ္ ဘာေၾကာင့္ စိတ္ဆိုးေနလည္း မသိေပမယ့္ မ ေတာင္းပန္ပါတယ္.....ေက်းဇူးျပဳၿပီး မ တို႔အတြက္ ခက္ခဲေအာင္ မလုပ္ပါနဲ႕ စကားေျပာၾကရေအာင္ပါေနာ္
Jisoo သူမ ခ်စ္သူကို messageပို႔ၿပီး သူမ studioသို႔ ေမာင္းထြက္လာခဲ့သည္
သူမ ခ်စ္သူ အိမ္ေရွ႕ ဆက္ေနခ်င္ေပမယ့္ ကိစၥတစ္ခုေပၚလာေသာေၾကာင့္Studioသို႔ ထြက္လာခဲ့သည္
"႐ုံးခန္းထဲမွာ မိန္းကေလး တစ္ေယာက္ ေစာင့္ေနတယ္ ဒါနဲ႕ ဘာျဖစ္လာတာလည္း "
Jisooမ်က္ႏွာ ဝမ္းနည္းေနတဲ့ပုံေပၚေနတာ Lisa သတိထားမိလို႔ ေမးလိုက္သည္
"Jennieနဲ႕ငါ မေန႕ညက ရန္ျဖစ္ထားလို႔ "
Lisa ဆက္ေမးမလို႔ လုပ္ေပမယ့္ Jisooက သူမ ႐ုံးခန္းထဲ ဝင္သြားေလသည္
"ၾကည့္ရတာ မေန႕က ရန္ျဖစ္တာ ေတာ္ေတာ္အေျခအေနဆိုးတယ္ ထင္တယ္ Jisoo ေတာ္ေတာ္မ်က္ႏွာပ်က္ေနတာ "
Studio teamရဲ႕ chief editor တစ္ေယာက္ ျဖစ္တဲ့ Seulgi က ဝင္ေျပာလိုက္သည္
"နင္ေျပာတာ မွန္တယ္"
Jisoo သူမ စားပြဲခုံေရွ႕ ထိုင္ေနတဲ့ ေကာင္မေလးေတြ႕ေသာအခါ
"Nayeon "
"Yo Kim Jisoo "
Nayeonမွာ Jisoo အသံၾကားေတာ့ အေနာက္လွည့္ၿပီး ႏႈတ္ဆက္ေလသည္
"ဟယ္ နင့္္ၾကည့္ရတာ ဝမ္းနည္းေနတဲ့ပုံနဲ႕ ဘာျဖစ္လာတာလည္း "
Jisoo သူမ ထိုင္ခုံမွာ ထိုင္လိုက္ၿပီး laptopကို ဖြင့္လိုက္သည္
"မေန႕က Jennieနဲ႕ စကားမ်ားထားလို႔....က်စ္ ငါတို႔ရဲ႕ ငါးႏွစ္ျပည့္တဲ့ anniversary က်မွ.... "
"Aww သနားစရာေကာင္းတဲ့Jisooေလး ကဲပါ စိတ္ပူမေနနဲ႕ နင့္အတြက္ သတင္းေကာင္းပါတယ္ ငါေျပာတဲ့ သတင္းၾကားရင္ နင္တို႔ႏွစ္ေယာက္လုံး ေပ်ာ္သြားလိမ့္မယ္ ခန ေနပါအုံး ဘယ္ေရာက္သြားတုံး "
Nayeonရဲ႕ စကားေၾကာင့္ Jisoo ၿပဳံးလိုက္သည္
Nayeonကေတာ့ Jisooကို ျပဖို႔ တစ္စုံတစ္ခုကို သူမ အိတ္ထဲ ျပန္ရွာေနသည္
Ting. ....
Jisooအၿပဳံးေတြက ပိုမို ေတာက္ပလာတယ္ ဘာလို႔ဆို သူမ ဖုန္းထဲ Jennieရဲ႕ message ဝင္လာေသာေၾကာင့္ ျဖစ္သည္
From Baby Jendeukie
ငါ ဆက္ၿပီး သည္းမခံနိုင္ေတာ့ဘူး လမ္းခြဲရေအာင္ Jisoo
"ဒန္တန္တန့္ ေရာ့ ဒီမွာ YJY Entertainment ရဲ႕ Jennie အတြက္ contract ...."
Jisoo မွာ Nayeonေပးတဲ့ စာအိတ္ေလးၾကည့္ၿပီး မ်က္ရည္ေတြက်လာသည္
"Come on aigoo ဘာလို႔ ငိုေနတာလည္း Jisooရ Jennie ကို idol အျဖစ္ေတြ႕ရေတာ့မွာမို႔ ေပ်ာ္ေနတာလား "
"ဒါေပါ့ Nayeonရ ေနာက္ဆုံးေတာ့ သူ႕ အိမ္မက္ေတြ တကယ္ျဖစ္လာၿပီ "
"ေအးပါ ငါ နင္တို႔ႏွစ္ေယာက္ကို ကူညီခဲ့တာလို႔ သူ႕ကို နင္ဘဲေျပာလိုက္ေနာ္ ဒီစာခ်ဳပ္ေလးက နင္တို႔ ငါးႏွစ္ျပည့္္အတြက္ လက္ေဆာင္ေပးတယ္လို႔ သေဘာထားလိုက္ သိလား"
"ေက်းဇူးပါ Nayeonရယ္ ဒါေပမယ့္.....သူ႕ကို ငါ ေျပာျပနိုင္မယ္မထင္ဘူး.....သူ ခုေလးတင္ ငါ့ကို လမ္းခြဲစကားေျပာလိုက္တယ္ "
Jisoo စိတ္မထိန္းနိုင္လို႔ စားပြဲခုံေပၚေမွာက္ၿပီး ငိုလိုက္သည္
"ၾကည့္ သူ အဲ့ေကာင္မေလးကို ဖက္ထားတာ ျမင္လား "
Hyorin မေန႕ညက Jennieကိုပို႔ထားတဲ့ ပုံကို လက္ညိုးထိုးျပၿပီး ေျပာလိုက္သည္
"သူတို႔ၾကည့္ရတာ အရမ္းေပ်ာ္ေနတာဘဲ တစ္ျခားမိန္းကေလးတစ္ေယာက္နဲ႕ ရယ္ေမာၿပဳံး႐ႊင္ေနတဲ့ Jisooကို ၾကည့္ၿပီး ငါ နာက်င္လာတယ္ "
"Jennie sweetie သမီး သူနဲ႕ လမ္းခြဲလိုက္တာ အေကာင္းဆုံးဘဲ ဒါ ရိုးရိုး lunch dateမွ မဟုတ္တာ ၾကည့္အုံး သမီးရဲ႕ လူက ဘယ္ေလာက္ၿပဳံးေနလည္းဆိုတာ အဲ့ေကာင္မေလးနဲ႕ သူ ခဏခဏေတြ႕ေနတာ ပုံေတြက သက္ေသဘဲ "
"ဒါေပမယ့္ Omma ရယ္ သူတို႔က သူငယ္ခ်င္းေတြဆိုရင္ေရာ "
Jisoo သူမကို ဘယ္ေလာက္ခ်စ္တယ္ဆိုတာ Jennie အသိဆုံး...သူမတို႔ ငါးႏွစ္လုံး တည္ေဆာက္လာတဲ့ အခ်စ္အိမ္ေလးကို သူမအေမျပတဲ့ ပုံေလးေတြေၾကာင့္ မပ်က္စီးေစလို....
"သူငယ္ခ်င္း ဟုတ္လား ဒါဆို အဲ့သူငယ္ခ်င္းနဲ႕ ဘယ္ေနရာ ဘယ္အခ်ိန္မွာ သြားေတြ႕မယ္ဆိုတာေရာ သူ သမီးကို အမွန္တိုင္းေျပာျပရဲ႕လား Jennie ...အဲ့ေကာင္မေလးကို သမီး သိေရာသိရဲ႕လား ...Jennie အခု သမီး အရမ္းနာက်င္ေနတယ္မလား.... တစ္ခါတစ္ေလ ကိုယ္ေပ်ာ္႐ႊင္ဖို႔အတြက္ တစ္စုံတစ္ေယာက္ကို လက္လႊတ္လိုက္တာ အေကာင္းဆုံးဘဲ႕ Ommaနဲ႕ Appaလိုေပါ့ "
Hyorin ငိုေနတဲ့ သူ႕သမီးလက္ကို ကိုင္ၿပီး ေျပာလိုက္သည္
Jennie သူမ အေမ စကားေၾကာင့္ စိတ္ေတြရႈပ္ေထြးလာၿပီး Jisoo ဆီသို႔ message ပို႔လိုက္သည္
To : My Jichu
ငါ ထပ္ၿပီး သည္းမခံနိုင္ေတာ့ဘူး လမ္းခြဲရေအာင္ Jisoo
#TBC
Hello "Aff"ကေန ဒီficေလးကို ဖတ္ရင္း Author သေဘာက်လာလို႔ ခြင့္ေတာင္းၿပီး tranလိုက္ပါတယ္ဗ်ာ့ tran႐ုံဘဲ ဘာမွစဥ္းစားစရာမလိုေတာ့ Update မၾကာဘဲ ႏွစ္ရက္တစ္ခါ ဒါေလး ပုံမွန္ updateေပးပါမယ္😁 ❤
Bạn đang đọc truyện trên: Truyen3h.Co