Part 2
#Unicode
"ဘာ....ဘယ်လိုဖြစ်တာလည်း "
Lisa တစ်ယောက် Jisooက သူမ Jennieနဲ့ လမ်းခွဲတဲ့အကြောင်း ပြောတာကြားပြီး အော်လိုက်သည်
"ဘာကြောင့် လမ်းခွဲတယ်ဆိုတာရော နင့်ကိုပြောလား "
Seulgi မေးတော့ Jisoo သက်ပြင်းချပြီး ခေါင်းခါလိုက်သည်
"ခုနက ငါ့ကို ဆက်သီးမခံနိုင်တော့ဘူး လမ်းခွဲမယ်ဆိုပြီး စာပို့ခဲ့တာ . ."
"မဟုတ်သေးပါဘူး လာ Unnie "
Jisoo နဲ့ Seulgiကို Jennieအိမ်သို့ Lisa ခေါ်လာသည်
Jisooကို အကြောင်းပြချက်မရှိဘဲ လမ်းခွဲလိုက်လို့ Lisa တော်တော်လေး Jennieကို စိတ်ဆိုးနေသည်
"Lisa ဘယ်သွားမလို့လည်း "
"Jennie အိမ်လေ ....Unnie မတွေးမိဘူးလား Mrs. Kim က Jennie ကို Unnieနဲ့ လမ်းခွဲဖို့ တိုက်တွန်းတယ်ဆိုတာ...."
Seulgi စကားကြောင့် Jisoo အံ့သြသွားတယ်
"ဟမ် ဘာပြောချင်တာလည်း "
"Come on Jisoo နင့်ကို ဆင်းရဲလို့ဆိုပြီး သူက နှိမ်ပြီး မကြိုက်နေတာ ငါတို့လည်းသိနေတာဘဲ "
"အဲ့တာတော့ သိပါတယ် ဒါပေမယ့် သူ အဲ့လိုတော့ မလုပ်လောက်ပါဘူး သူက Jennie အမေဘဲလေ သူ့သမီးအတွက် ဘာကကောင်းတယ်ဆိုတာ သူသိမှာပါ "
"အဲ့တာကြောင့်ဘဲ မိန်းကလေးချင်းကြိုက်နေတဲ့ သူ့သမီးကို နင်နဲ့လမ်းခွဲခိုင်းတာပေါ့ အရူးရဲ့ "
Seulgi စိတ်တိုပြီး Jisooရဲ့ လက်မောင်းကို ရိုက်ပစ်လိုက်သည်
"ဒါ ဒါပေမယ့် "
"Jennie အိမ်ကိုရောက်ပြီ ဆင်း "
Seulgiနဲ့ Lisaတို့ Jisooကို ကားပေါ်က ဆင်းခိုင်းလေသည်
"ဒီကို ဘာလာလုပ်ပြန်တာလည်း "
Bellသံကြောင့် Hyorin အိမ်ထဲကနေ ထွက်လာလေသည်
"Jennie ဘယ်မှာလည်းဟင် chaw သူနဲ့ စကားပြောစရာရှိလို့ပါ "
Hyorin လည်း Jisooကို အိမ်ထဲ ဝင်ခွင့်ပြုလိုက်သည်
"Jendeukie bae. ....အခန်းထဲက ထွက်လာပေးပါအုံး..... မ ငယ်နဲ့ စကားပြောချင်တယ် "
"Jennie အိမ်မှာ မရှိတော့ဘူး Jisoo. .....အောင်မြင်တဲ့ agency တစ်ခုက သူ့ကို ကမ်းလှမ်းလို့သွားပြီ '
Hyorin မဲ့ပြုံးပြုံးပြီး ပြောလိုက်သည်
"ညည်းသိလား အခုလောက်နဲ့ Jennie ကို လက်လွှတ်လိုက်တာ ကောင်းမယ်ထင်တယ် ဘာလို့လည်းဆို မကြာခင် သူက နာမည်ကြီး idol တစ်ယောက် ဖြစ်လာတော့မယ်လေ မိန်းကလေးချင်းဆိုတဲ့ အယူဝါဒကို ငါတို့နိုင်ငံက လက်ခံသေးတာ မဟုတ်ဘူး အဲ့တော့ Jennie တက်လမ်းအတွက် လမ်းခွဲလိုက်တာ အကောင်းဆုံးဘဲ မဟုတ်လား "
Jisoo သူမကိုအကြောနဲ့ လာပြောလို့ စိတ်တိုပြီး သူမရှေ့က Tvကို ဝုန်းခနဲ ထုချပစ်လိုက်သည်
"ဟဲ့ ဒါဘာလုပ်တာလည်း အဲ့ Tvက ညည်းအသက်ထက် စျေးကြီးတယ် ညည်းတို့လို ဆင်းရဲတဲ့သူတွေကလေ ပိုက်ဆံလည်းမရှိ ယဥ်ကျေးမှုလည်းမရှိနဲ့ အမလေး Jennie က ညည်းနဲ့ လမ်းခွဲလိုက်တာ မှန်သွားတယ် မဟုတ်ရင် သူ့ပိုက်ဆံတွေက ညည်းထိုင်ဖြုန်းနေတာနဲ့ ကုန်မှာ "
"ဒီမှာ အန်တီ ကျွန်မ တစ်ခါမှ Jennieရဲ့ပိုက်ဆံကို ယူမသုံးဖူးဘူး ကျွန်မ studioက ရတဲ့ပိုက်ဆံဘဲ ကျွန်မသုံးတာ"
Jisoo စကားလည်းဆုံးရော Hyorinရဲ့ လက်ဝါးက Jisoo ပါးပေါ်ရောက်လာသည်
ဖြန်း
"ညည်းက ဆင်းရဲသားဆိုတာ ကိုယ့်ကိုကိုယ်သိစမ်းပါအေ ဓာတ်ပုံလေးနည်းနည်းလောက် ရိုက်ရရုံနဲ့ မိသားစုတစ်ခုလုံးကို ညည်း ဗိုက်ဝအောင် ရှာမကျွေးနိုင်ပါဘူး "
"အန်တီ ဘာပြောလိုက်လို့ Jennie ကျွန်မကို လမ်းခွဲသွားလည်းဆိုတာ မသိပေမယ့် ကျွန်မက အန်တီ့သမီးကို တကယ်ချစ်တာပါ "
"အောင်မယ် ညည်းပါးစပ်က ချစ်တယ်ဆိုတဲ့ စကားပြောရဲသေးတယ် "
Hyorin ထပ်ပြီး ပါးရိုက်ဖို့ လက်ရွယ်တော့ Hyorin လက်ကို Jisoo ဖယ်ပြီး အိမ်ထဲက ထွက်လာခဲ့သည်
"ကျွန်မ အသားကိုထပ်မထိပါနဲ့ "
"Jisoo. ..."
Jisoo အိမ်တံခါးရှေ့ရောက်တော့ သူမကို ရပ်ကြည့်နေတဲ့ သူမ ချစ်ရသူလေးကို တွေ့ရလေသည်
"ငယ် သွားကြစို့ "
Jennieရဲ့လက်ကို Jisoo တွဲလိုက်ပေမယ့် Jennieက ဖြုတ်ချလိုက်သည်
"ဒါ ငါ့အိမ်လေ ဘယ်ကိုထပ်သွားရမှာလည်း သွားသင့်တာက...."
"Jennie please တော်ပါတော့ဟာ "
Jisoo ရုတ်တရက် ထအော်လိုက်သောကြောင့် Jennieတိို့ သားအမိလန့်သွားလေသည်
"ငယ်.... ဘယ်လိုများ ငါးနှစ်တာ ခံစားချက် သံယောဇဉ်ကို အခုလို လွှင့်ပစ်ရက်တာလည်း .....အကြောင်းပြချက်မရှိဘဲ ဘာလို့ လမ်းခွဲစကားပြောရတာလည်း ကောင်းတယ် သိပ်ကောင်းပါတယ် ငါးနှစ်လုံး ရန်ဖြစ်တိုင်း အလျော့ပေးပြီး ငယ် မကြိုက်တာတွေ ပြင်ခဲ့လည်း ထပ်ပြီး အကြောင်းပြချက်မရှိဘဲ ထားခဲ့ခံရပြန်တယ် "
Jisoo မငိုမိအောင် ထိန်းပြီး ပြောနေပေမယ့် Jisoo အသံတွေ တုန်ရီနေတာကို Jennie သတိထားမိသည်
"ဒါပေမယ့် မအတွက်ကျတော့ရော.....ငယ် ဘာလို့ မအပေါ် အဲ့လောက်ထိ လုပ်ရက်တာလည်း "
"Innocent ယောင်ဆောင်တာ ရပ်လိုက်ပါတော့ Jisooရယ် ငါ့အပေါ် ဖောက်ပြန်နေတာ မသိဘူးထင်နေတာလား "
"ဖောက်ပြန်တယ် ဟုတ်လား ငယ့်ရဲ့ မကောင်းဆိုးဝါး အမေက ပြောတာလား "
"ငါ့အမေကို အဲ့လိုမပြောနဲ့ "
"ပြောတယ် ဘာဖြစ်လည်း ငယ့်အမေက တကယ် အကျင့်မကောင်းတဲ့ မကောင်းဆိုးဝါးဘဲ ...ငယ် မကို ယုံကြည်တယ်လို့ ထင်ခဲ့တာ ငယ့်တစ်ယောက်တည်းကိုဘဲ မချစ်တယ်ဆိုတာ ငယ်သိတယ်လို့ ထင်ခဲ့တာ အဟက် ငယ့်အမေရဲ့ စကားတစ်ခွန်းကြောင့် အခုလို လမ်းခွဲရမယ်လို့တစ်ခါမှ မတွေးခဲ့ဖူးဘူး "
"Omar..... Omar သိမ်းထားတဲ့ ဓာတ်ပုံတွေပေးပါအုံး မဖောက်ပြန်ဘူးလို့ ငြင်းနေတဲ့ တစ်ယောက်ကိုပြချင်လို့ "
"ဘာသက်သေတွေ ပုံတွေရှိရှိ ငယ်သာ မကို တကယ်ချစ်ရင် မဆီက ဖြေရှင်းချက်တောင်းရမယ် မ ရှင်းပြတာကို နားထောင်ရမယ်လေ ဒါမှ မ တို့ ပြဿနာတွေကို ဖြေရှင်းနိုင်မှာ အာ မေ့လို့ ငယ် ဖြေရှင်းလိုက်ပြီဘဲ.....မတို့ Relationship ကို အဆုံးသတ်တဲ့ နည်းနဲ့ ဖြေရှင်းလိုက်တာဘဲ "
Jisoo သက်ပြင်းချပြီး အဝေးကို ငေးကြည့်လိုက်သည်
"ငယ် sorryပါ....မ တကယ် တကယ်ကို ငယ့်ကို စိတ်ပျက်သွားပြီ ငယ့်ကို တစ်ကယ်ချစ်ပြီး ငယ့် ဘေးနား ထာဝရ စောင့်ရှောက်ပေးနိုင်တဲ့သူနဲ့ တွေ့ပါစေလို့ မ မျှော်လင့်ပါတယ် "
Jisoo ပြောပြီး Jennie ပေးထားတဲ့ မွေးနေ့လက်ဆောင် လက်စွပ်လေးကို ချွတ်ပြီး Jennieကို ပြန်ပေးလိုက်သည်
"ငယ့်ကို လက်လွှတ်ပေးမှ ငယ် ပျော်မယ်ဆို.....မ နောက်ဆုံးအချိန်ထိ ငယ့်ကို ပျော်အောင် လုပ်ပေးနိုင်သားဘဲ.......good bye ငယ်...."
Jisoo နှုတ်ဆက်စကားပြောပြီး Jennieတို့ အိမ်ထဲကထွက်လာခဲ့သည်
အပြင်ကနေ အိမ်ထဲကို ချောင်းကြည့်နေတဲ့ Lisaတို့လည်း ငိုပြီး ထွက်လာတဲ့ သူ့သူငယ်ချင်းကို ဝိုင်းဖက်ရင်း နှစ်သိမ့်နေကြသည်
"Omar ပြောတာ မမှန်ဘူးလား သမီး အခု တွေ့လား အိမ်ထဲထိလာပြီး စော်ကားသွားတာ "
"သူ တကယ် မကောင်းတဲ့သူဘဲ "
Jennie သူမ ဦးနှောက်က Jisooကို မုန်းဖို့ တိုက်တွန်းနေပေမယ့် နှလုံးသားက လက်မခံနိုင်သေးပေ ......
ယခုတော့ Jisoo လက်လွှတ်လိုက်လို့ Jensooတို့ နှစ်ယောက် တကယ် လမ်းခွဲသွားခဲ့ပြီ
#Tbc
#Unicode
"ဘာ....ဘယ္လိုျဖစ္တာလည္း "
Lisa တစ္ေယာက္ Jisooက သူမ Jennieနဲ႕ လမ္းခြဲတဲ့အေၾကာင္း ေျပာတာၾကားၿပီး ေအာ္လိုက္သည္
"ဘာေၾကာင့္ လမ္းခြဲတယ္ဆိုတာေရာ နင့္ကိုေျပာလား "
Seulgi ေမးေတာ့ Jisoo သက္ျပင္းခ်ၿပီး ေခါင္းခါလိုက္သည္
"ခုနက ငါ့ကို ဆက္သီးမခံနိုင္ေတာ့ဘူး လမ္းခြဲမယ္ဆိုၿပီး စာပို႔ခဲ့တာ . ."
"မဟုတ္ေသးပါဘူး လာ Unnie "
Jisoo နဲ႕ Seulgiကို Jennieအိမ္သို႔ Lisa ေခၚလာသည္
Jisooကို အေၾကာင္းျပခ်က္မရွိဘဲ လမ္းခြဲလိုက္လို႔ Lisa ေတာ္ေတာ္ေလး Jennieကို စိတ္ဆိုးေနသည္
"Lisa ဘယ္သြားမလို႔လည္း "
"Jennie အိမ္ေလ ....Unnie မေတြးမိဘူးလား Mrs. Kim က Jennie ကို Unnieနဲ႕ လမ္းခြဲဖို႔ တိုက္တြန္းတယ္ဆိုတာ...."
Seulgi စကားေၾကာင့္ Jisoo အံ့ၾသသြားတယ္
"ဟမ္ ဘာေျပာခ်င္တာလည္း "
"Come on Jisoo နင့္ကို ဆင္းရဲလို႔ဆိုၿပီး သူက ႏွိမ္ၿပီး မႀကိဳက္ေနတာ ငါတို႔လည္းသိေနတာဘဲ "
"အဲ့တာေတာ့ သိပါတယ္ ဒါေပမယ့္ သူ အဲ့လိုေတာ့ မလုပ္ေလာက္ပါဘူး သူက Jennie အေမဘဲေလ သူ႕သမီးအတြက္ ဘာကေကာင္းတယ္ဆိုတာ သူသိမွာပါ "
"အဲ့တာေၾကာင့္ဘဲ မိန္းကေလးခ်င္းႀကိဳက္ေနတဲ့ သူ႕သမီးကို နင္နဲ႕လမ္းခြဲခိုင္းတာေပါ့ အ႐ူးရဲ႕ "
Seulgi စိတ္တိုၿပီး Jisooရဲ႕ လက္ေမာင္းကို ရိုက္ပစ္လိုက္သည္
"ဒါ ဒါေပမယ့္ "
"Jennie အိမ္ကိုေရာက္ၿပီ ဆင္း "
Seulgiနဲ႕ Lisaတို႔ Jisooကို ကားေပၚက ဆင္းခိုင္းေလသည္
"ဒီကို ဘာလာလုပ္ျပန္တာလည္း "
Bellသံေၾကာင့္ Hyorin အိမ္ထဲကေန ထြက္လာေလသည္
"Jennie ဘယ္မွာလည္းဟင္ chaw သူနဲ႕ စကားေျပာစရာရွိလို႔ပါ "
Hyorin လည္း Jisooကို အိမ္ထဲ ဝင္ခြင့္ျပဳလိုက္သည္
"Jendeukie bae. ....အခန္းထဲက ထြက္လာေပးပါအုံး..... မ ငယ္နဲ႕ စကားေျပာခ်င္တယ္ "
"Jennie အိမ္မွာ မရွိေတာ့ဘူး Jisoo. .....ေအာင္ျမင္တဲ့ agency တစ္ခုက သူ႕ကို ကမ္းလွမ္းလို႔သြားၿပီ '
Hyorin မဲ့ၿပဳံးၿပဳံးၿပီး ေျပာလိုက္သည္
"ညည္းသိလား အခုေလာက္နဲ႕ Jennie ကို လက္လႊတ္လိုက္တာ ေကာင္းမယ္ထင္တယ္ ဘာလို႔လည္းဆို မၾကာခင္ သူက နာမည္ႀကီး idol တစ္ေယာက္ ျဖစ္လာေတာ့မယ္ေလ မိန္းကေလးခ်င္းဆိုတဲ့ အယူဝါဒကို ငါတို႔နိုင္ငံက လက္ခံေသးတာ မဟုတ္ဘူး အဲ့ေတာ့ Jennie တက္လမ္းအတြက္ လမ္းခြဲလိုက္တာ အေကာင္းဆုံးဘဲ မဟုတ္လား "
Jisoo သူမကိုအေၾကာနဲ႕ လာေျပာလို႔ စိတ္တိုၿပီး သူမေရွ႕က Tvကို ဝုန္းခနဲ ထုခ်ပစ္လိုက္သည္
"ဟဲ့ ဒါဘာလုပ္တာလည္း အဲ့ Tvက ညည္းအသက္ထက္ ေစ်းႀကီးတယ္ ညည္းတို႔လို ဆင္းရဲတဲ့သူေတြကေလ ပိုက္ဆံလည္းမရွိ ယဥ္ေက်းမႈလည္းမရွိနဲ႕ အမေလး Jennie က ညည္းနဲ႕ လမ္းခြဲလိုက္တာ မွန္သြားတယ္ မဟုတ္ရင္ သူ႕ပိုက္ဆံေတြက ညည္းထိုင္ျဖဳန္းေနတာနဲ႕ ကုန္မွာ "
"ဒီမွာ အန္တီ ကြၽန္မ တစ္ခါမွ Jennieရဲ႕ပိုက္ဆံကို ယူမသုံးဖူးဘူး ကြၽန္မ studioက ရတဲ့ပိုက္ဆံဘဲ ကြၽန္မသုံးတာ"
Jisoo စကားလည္းဆုံးေရာ Hyorinရဲ႕ လက္ဝါးက Jisoo ပါးေပၚေရာက္လာသည္
ျဖန္း
"ညည္းက ဆင္းရဲသားဆိုတာ ကိုယ့္ကိုကိုယ္သိစမ္းပါေအ ဓာတ္ပုံေလးနည္းနည္းေလာက္ ရိုက္ရ႐ုံနဲ႕ မိသားစုတစ္ခုလုံးကို ညည္း ဗိုက္ဝေအာင္ ရွာမေကြၽးနိုင္ပါဘူး "
"အန္တီ ဘာေျပာလိုက္လို႔ Jennie ကြၽန္မကို လမ္းခြဲသြားလည္းဆိုတာ မသိေပမယ့္ ကြၽန္မက အန္တီ့သမီးကို တကယ္ခ်စ္တာပါ "
"ေအာင္မယ္ ညည္းပါးစပ္က ခ်စ္တယ္ဆိုတဲ့ စကားေျပာရဲေသးတယ္ "
Hyorin ထပ္ၿပီး ပါးရိုက္ဖို႔ လက္႐ြယ္ေတာ့ Hyorin လက္ကို Jisoo ဖယ္ၿပီး အိမ္ထဲက ထြက္လာခဲ့သည္
"ကြၽန္မ အသားကိုထပ္မထိပါနဲ႕ "
"Jisoo. ..."
Jisoo အိမ္တံခါးေရွ႕ေရာက္ေတာ့ သူမကို ရပ္ၾကည့္ေနတဲ့ သူမ ခ်စ္ရသူေလးကို ေတြ႕ရေလသည္
"ငယ္ သြားၾကစို႔ "
Jennieရဲ႕လက္ကို Jisoo တြဲလိုက္ေပမယ့္ Jennieက ျဖဳတ္ခ်လိဳက္သည္
"ဒါ ငါ့အိမ္ေလ ဘယ္ကိုထပ္သြားရမွာလည္း သြားသင့္တာက...."
"Jennie please ေတာ္ပါေတာ့ဟာ "
Jisoo ႐ုတ္တရက္ ထေအာ္လိုက္ေသာေၾကာင့္ Jennieတိို႔ သားအမိလန့္သြားေလသည္
"ငယ္.... ဘယ္လိုမ်ား ငါးႏွစ္တာ ခံစားခ်က္ သံေယာဇဥ္ကို အခုလို လႊင့္ပစ္ရက္တာလည္း .....အေၾကာင္းျပခ်က္မရွိဘဲ ဘာလို႔ လမ္းခြဲစကားေျပာရတာလည္း ေကာင္းတယ္ သိပ္ေကာင္းပါတယ္ ငါးႏွစ္လုံး ရန္ျဖစ္တိုင္း အေလ်ာ့ေပးၿပီး ငယ္ မႀကိဳက္တာေတြ ျပင္ခဲ့လည္း ထပ္ၿပီး အေၾကာင္းျပခ်က္မရွိဘဲ ထားခဲ့ခံရျပန္တယ္ "
Jisoo မငိုမိေအာင္ ထိန္းၿပီး ေျပာေနေပမယ့္ Jisoo အသံေတြ တုန္ရီေနတာကို Jennie သတိထားမိသည္
"ဒါေပမယ့္ မအတြက္က်ေတာ့ေရာ.....ငယ္ ဘာလို႔ မအေပၚ အဲ့ေလာက္ထိ လုပ္ရက္တာလည္း "
"Innocent ေယာင္ေဆာင္တာ ရပ္လိုက္ပါေတာ့ Jisooရယ္ ငါ့အေပၚ ေဖာက္ျပန္ေနတာ မသိဘူးထင္ေနတာလား "
"ေဖာက္ျပန္တယ္ ဟုတ္လား ငယ့္ရဲ႕ မေကာင္းဆိုးဝါး အေမက ေျပာတာလား "
"ငါ့အေမကို အဲ့လိုမေျပာနဲ႕ "
"ေျပာတယ္ ဘာျဖစ္လည္း ငယ့္အေမက တကယ္ အက်င့္မေကာင္းတဲ့ မေကာင္းဆိုးဝါးဘဲ ...ငယ္ မကို ယုံၾကည္တယ္လို႔ ထင္ခဲ့တာ ငယ့္တစ္ေယာက္တည္းကိုဘဲ မခ်စ္တယ္ဆိုတာ ငယ္သိတယ္လို႔ ထင္ခဲ့တာ အဟက္ ငယ့္အေမရဲ႕ စကားတစ္ခြန္းေၾကာင့္ အခုလို လမ္းခြဲရမယ္လို႔တစ္ခါမွ မေတြးခဲ့ဖူးဘူး "
"Omar..... Omar သိမ္းထားတဲ့ ဓာတ္ပုံေတြေပးပါအုံး မေဖာက္ျပန္ဘူးလို႔ ျငင္းေနတဲ့ တစ္ေယာက္ကိုျပခ်င္လို႔ "
"ဘာသက္ေသေတြ ပုံေတြရွိရွိ ငယ္သာ မကို တကယ္ခ်စ္ရင္ မဆီက ေျဖရွင္းခ်က္ေတာင္းရမယ္ မ ရွင္းျပတာကို နားေထာင္ရမယ္ေလ ဒါမွ မ တို႔ ျပႆနာေတြကို ေျဖရွင္းနိုင္မွာ အာ ေမ့လို႔ ငယ္ ေျဖရွင္းလိုက္ၿပီဘဲ.....မတို႔ Relationship ကို အဆုံးသတ္တဲ့ နည္းနဲ႕ ေျဖရွင္းလိုက္တာဘဲ "
Jisoo သက္ျပင္းခ်ၿပီး အေဝးကို ေငးၾကည့္လိုက္သည္
"ငယ္ sorryပါ....မ တကယ္ တကယ္ကို ငယ့္ကို စိတ္ပ်က္သြားၿပီ ငယ့္ကို တစ္ကယ္ခ်စ္ၿပီး ငယ့္ဘးနား ထာဝရ ေစာင့္ေရွာက္ေပးနိုင္တဲ့သူနဲ႕ ေတြ႕ပါေစလို႔ မ ေမွ်ာ္လင့္ပါတယ္ "
Jisoo ေျပာၿပီး Jennie ေပးထားတဲ့ ေမြးေန႕လက္ေဆာင္ လက္စြပ္ေလးကို ခြၽတ္ၿပီး Jennieကို ျပန္ေပးလိုက္သည္
"ငယ့္ကို လက္လႊတ္ေပးမွ ငယ္ ေပ်ာ္မယ္ဆို.....မ ေနာက္ဆုံးအခ်ိန္ထိ ငယ့္ကို ေပ်ာ္ေအာင္ လုပ္ေပးနိုင္သားဘဲ.......good bye ငယ္...."
Jisoo ႏႈတ္ဆက္စကားေျပာၿပီး Jennieတို႔ အိမ္ထဲကထြက္လာခဲ့သည္
အျပင္ကေန အိမ္ထဲကို ေခ်ာင္းၾကည့္ေနတဲ့ Lisaတို႔လည္း ငိုၿပီး ထြက္လာတဲ့ သူ႕သူငယ္ခ်င္းကို ဝိုင္းဖက္ရင္း ႏွစ္သိမ့္ေနၾကသည္
"Omar ေျပာတာ မမွန္ဘူးလား သမီး အခု ေတြ႕လား အိမ္ထဲထိလာၿပီး ေစာ္ကားသြားတာ "
"သူ တကယ္ မေကာင္းတဲ့သူဘဲ "
Jennie သူမ ဦးႏွောက္က Jisooကို မုန္းဖို႔ တိုက္တြန္းေနေပမယ့္ ႏွလုံးသားက လက္မခံနိုင္ေသးေပ ......
ယခုေတာ့ Jisoo လက္လႊတ္လိုက္လို႔ Jensooတို႔ ႏွစ္ေယာက္ တကယ္ လမ္းခြဲသြားခဲ့ၿပီ
#Tbc
Bạn đang đọc truyện trên: Truyen3h.Co