Part 11
#Unicode
"ဒီမှာကြည့် "
Jeongyeon ပြောပြီး ဘူးထဲက လက်စွပ်ကို ထုတ်ပြသည်
"ဒါ ဘာလို့ထင်လည်း "
Jeongyeonပြောတော့ Jisoo သူမမေးစေ့ကိုကိုင်ပြီး စဉ်းစားဟန်ဆောင်နေသည်
"ဟဲ့ လက်ထပ်လက်စွပ်ကြီး မြင်နေတာကို ဘာတွေစဉ်းစားနေတာလည်း "
Jeongyeon သူမ သူငယ်ချင်း Jisooရဲ့ နဖူးကို ရိုက်ပြီး မျက်စောင်းထိုးလိုက်သည်
"Ouch ! "
Jisoo အရိုက်ခံရတဲ့ သူမရဲ့ နဖူးကို ကိုင်ပြီး အာမေဋိတ်အသံထွက်လိုက်သည်
"ငါ ဒီလက်စွပ်နဲ့ ဘာလုပ်မယ်ထင်လည်း "
"သိဘူးလေ ငါ့ဆီ ရောင်းစားမလို့လား ငါ မဝယ်နိုင်သေးဘူးနော် ရည်းစားမရှိဘူး "
"Yah Kim Jisoo ပြောင်ချော်ချော်မလုပ်နဲ့ "
Jeongyeon အော်လိုက်တော့ စနောက်သန်တဲ့ Jisoo မှာ တခစ်ခစ်ရယ်လေသည်
"အေးပါ မလုပ်တော့ပါဘူး "
"ငါ ဒီလက်စွပ်နဲ့ Nayeonကို လက်ထပ်ခွင့်တောင်းမလို့ "
"Aww ဟမ် တကယ်လားဟ "
Jisoo သူမ သူငယ်ချင်းရဲ့ စကားကြောင့် အရမ်းအံ့သြသွားတယ်
"ဟုတ်တယ် ဒါပေမယ့် ဘယ်ချိန်လက်ထပ်ခွင့်တောင်းရမလည်းဆိုတာတော့ မတွေးရသေးဘူး ဘာလို့ဆို သူရော ငါရော အလုပ်တွေရှုပ်နေတာလေ "
"နင့်အတွက် ဂုဏ်ယူပါတယ် Jeongကြီးရေ.... "
"အင်း သူ့ကိုငါ suprise လုပ်ချင်တာလေ အဲ့တာ နင် ကူညီပေးပါအုံး "
"ဟာ နင် အကူအညီတောင်းစရာမလိုပါဘူးဟ ငါအလိုက်တသိကို လုပ်ပေးအုံးမှာ ဘာလို့ဆို လွန်ခဲ့တဲ့ နှစ်တွေက နင်ငါ့ကို ကူညီပေးထားတာဘဲလေ "
Jisoo စကားကြောင့် Jeongyeon ပြုံးလိုက်သည် သို့သော် စိတ်ထဲမှာတော့ Jisooအတွက် အားနာနေမိသည်
"နင် သိလား Jisoo အဲ့ကောင်မလေးက ရိုင်းလည်းရိုင်း တစ်ကိုယ်ကောင်းကလည်းဆန်သေး ပြန်ပြောနားမထောင်နဲ့ နင် အရင်က သူ့ကို ဘယ်လိုများ သီးခံခဲ့လည်း ငါတွေးတောင်မရဘူး ...."
"Jennieက အမြဲ အဲ့လိုပါဘဲ ဒါပေမယ့် သေချာပေါင်းကြည့်ရင် သူက နူးညံ့ပြီး ချစ်စရာကောင်းတဲ့ ကောင်မလေးဆိုတာ ငါပြောတာ ယုံ...နေပါအုံး Miss Yoo. ...ရှင့် agency ကို ဒီလို Big 3ထဲ ပါလာအောင် လေးငါးနှစ်အတွင်း ကြိုးစားကူညီထောက်ပံ့ပေးခဲ့တဲ့ idolကို ရှင် ဘယ်လိုပြောလိုက်တယ် "
Jisooမှာ သူမ ကလေးကို မကောင်းပြောလို့ ခါးထောက်ပြီး Jeongyeonကို ရန်လုပ်လိုက်သည်
"Haha အေးပါကွာ လာ cheer "
Jisooနဲ့Jeongyeonတို့ အရက်ခွက်ချင်း တိုက်ပြီး အော်လိုက်ကြသည်
ထိုစဉ် Jeongyeonတို့ အိမ်ထဲ တစ်ယောက်ယောက်က တံခါးဖွင့်ဝင်လာသံကြားလို့ လှည့်ကြည့်သောအခါ Nayeon ဖြစ်နေသည်
"Good evening bae. .."
Nayeon အိမ်ထဲဝင်လာပြီး သူမကောင်မလေးကို နမ်းလိုက်သည်
"ဒါနဲ့ Jisoo နင်က ဒီမှာ ဘာလုပ်နေတာလည်း "
"Hey hey ငါ့ကို အဲ့လိုလာမမေးနဲ့ နင့် ဘေဘီက ငါ့ကို ဖုန်းဆက်ခေါ်လို့ လာရတာ "
"Humm Bae ဘာလို့ အဲ့အရူးကို ခေါ်ရတာလည်း"
"Yah Nayeon နင် နင့်သူငယ်ချင်းကို ဘယ်လို... ပြောရက်လိုက်တာ အား ရင်ထဲနေလို့မကောင်းဘူး "
"သေလိုက် "
Nayeonတို့ တစ်ယောက်ကို တစ်ယောက် စနေစဉ် Jeongyeonမှာ လက်စွပ်ဘူးကို Nayeon မမြင်အောင် ဘောင်းဘီအိတ်ထဲ ထည့်လိုက်သည်
Jisooတို့ သောက်စားရင်း နာရီအနည်းငယ်ကြာသောအခါ
"ကဲ ငါ ပြန်တော့မယ်နော်.....Nayeon နင်ကတော့ မူးနေလို့ မပြန်နဲ့ Jeongyeon အိမ်မှာဘဲ အိပ်လိုက် "
"အမလေး စိတ်ချ မူးနေလို့ကို မပြန်တာ "
Nayeon စကားကြောင့် Jisoo ရယ်ပြီး Nayeonတို့ကို နှုတ်ဆက်ကာ Jeongyeonအိမ်က ထွက်လာခဲ့သည်
Jisoo အပြင်ရောက်တော့ မဲမှောင်နေတဲ့ ကောင်းကင်ကြီးကို ကြည့်ပြီး သက်ပြင်းချမိသည်
ဘာလို့ဆို သူမ ကားကို coffee ဆိုင်မှာ Seulgi အတွက်ထားခဲ့ပြီး ဘတ်စ်ကား စီးရင်း Jeongyeonဆီသို့ လာခဲ့သောကြောင့် ဖြစ်သည်
"မိုးရေထဲ လမ်းလျှောက်ရတော့မှာပေါ့...."
Jisoo ရေရွတ်ပြီး ဘတ်စ်စကား မှတ်တိုင်ဘက်သို့ လျှောက်သွားသည်
"Ireneရ ငါတကယ် သေချာပါတယ်ဟ ဘယ်သူမှ ငါ့ကိုမှတ်မိမှာ မဟုတ်ဘူး ဘာလို့ဆို ငါ ဦးထုပ်ဆောင်းထားတယ် maskလည်း တပ်ထားတယ် မျက်မှန်လည်း တပ်ထားတယ် စိတ်မပူပါနဲ့ ငါ မုန့်ဝယ်ပြီးတာနဲ့ အိမ်ကို တန်းပြန်လာမှာ come on Ireneကလည်း ငါနင့်ကို အေလးမထားတာ မဟုတ်ပါဘူး ဗိုက်ဆာလို့ပါဟ တကယ်ဘဲ တော်ပြီ ဒါဘဲ "
Jennie ဖုန်းချပြီး သူမဝယ်ထားတဲ့ မုန့်တွေကို cashier ဘက် သွားရှင်းလိုက်သည်
Jennie ခေါက်ဆွဲဘူးထဲ ရေနွေးထည့်ပြီး စတိုးဆိုင်ရဲ့ ချောင်ကျတဲ့ ဘက်ကို သွားထိုင်လိုက်သည်
"Ash မိုးရွာနေတာဘဲ ငါ့မှာ ထီးလည်း မပါဘူး "
မိုးစက်တွေကို ပြတင်းပေါက်ကနေ တွေ့လိုက်ရလို့ Jennie ထီးမပါခဲ့ကြောင်း သတိရသွားသည်
"Excuse me. ..Unnie "
သူမကို ခေါ်သံကြားလို့ လှည့်ကြည့်တော့ ကလေးမလေးက Jennieကို ကြည့်နေသည်
"Omo ချစ်စရာလေး "
Jennieက ကလေးချစ်တတ်သူ ဖြစ်သည် ...သူမ ငယ်ငယ်ကဆို ညီမေလး မောင်လေး လိုချင်လို့ သူမ အေမကို မွေးပေးဖို့တောင် တောင်းဆိုဖူးသည်
"Unnie နေမကောင်းဘူးလား "
ကလေးမလေးမှာ Jennie ဘေးနား ဝင်ထိုင်ပြီးမေးလိုက်သည်
"ဘာလို့လည်း ....Unnie ပုံစံက နေမကောင်းတဲ့ပုံ ပေါ်နေလို့လား "
ကောင်မလေး မေးခွန်းကြောင့် Jennie ရယ်ပြီး ပြောလိုက်သည်
"Unnieက အဝတ်အစားတွေအများကြီး ဝတ်ထားတဲ့အပြင် မျက်နှာကိုပါ ကာထားလို့ "
"Aww mask တပ်ထားတယ်ဆိုတာက Unnieက ရုပ်ဆိုးလို့လေ....လူတွေက Unnie မျက်နှာကို မြင်ရင် ရုပ်ဆိုးမဆိုပြီး ဝိုင်းကဲ့ရဲ့ကြလို့ "
Jennieရဲ့ စကားကြောင့် ကလေးမလေးမှာ
ခေါင်းခါပြီး Jennieရဲ့လက်ကို ကိုင်လိုက်သည်
"ဒီလောကကြီးမှာ ရုပ်ဆိုးတဲ့သူဆိုတာ မရှိပါဘူး Unnie ရယ် ....မျက်နှာရုပ်ဆိုးတာထက် ပေါင်းသင်းဆက်ဆံရေး စိတ်ထားကောင်းဖို့ အရေးကြီးတာပါ ......ရုပ် ဘယ်လောက်ချောချော စိတ်ထားမကောင်းရင် အလကားဘဲ ဒါကြောင့် သူတို့ပြောတာ နားထောင်မနေနဲ့...ဘယ်သူမှ မပြည့်စုံဘူးလို့ Ommaက ပြောဖူးတယ် "
Jennie မှာ ကလေးမလေးရဲ့ ရင့်ကျက်မှုကို ကြည့်ပြီး အံ့သြနေသည်
"Unnieမှာ ကောင်လေးရှိလား "
"မရှိဘူး "
"ကောင်မလေးရော "
ကလေးမလေးရဲ့ စကားကြောင့် Jennie ရုတ်တရက် Jisooကို သတိရသွားသည်
"No မရှိဘူး Unnieက single "
"Aww စိတ်မပူပါနဲ့ တစ်နေ့ကျ Unnieကို တကယ်ချစ်တဲ့သူ ပေါ်လာမှာပါ ဒါကြောင့် ဘယ်သူက မကောင်းပြောပြော စိတ်ထဲမထားနဲ့နော် Unnie Fighting ....chaw သွားတော့မယ်နော် Ommaစောင့်နေလို့"
ကလေးမလေးမှာ Jennieကို နှုတ်ဆက်ပြီး ထွက်သွားတော့ ကလေးမလေးရဲ့ စကားတစ်ချို့ကြောင့် Jisooကို Jennie သတိရသွားသည်
Flashback
Jennie ကျောင်းမလာသည့်အပြင် Jisoo ဖုန်းကိုပါ မကိုင်လို့ Jisoo စိတ်ပူပြီး Jennieရဲ့ အိမ်ကို လိုက်သွားသည်
"Annyeonghasayeo "
Jisoo အိမ်တံခါးဖွင့်ပေးတဲ့ Hyorinကို ခေါင်းငုံ့ပြီး နှုတ်ဆက်လိုက်သည်
"ဒီကို ဘာလာလုပ်တာလည်း "l
"Jennie ကျောင်းကိုလည်းမလာ ဖုန်းလည်း မကိုင်လို့ စိတ်ပူလို့ လာကြည့်တာ chaw သူနဲ့တွေ့လို့ရလားဟင် "
Hyorinမှာ မျက်နှာရှုံ့မဲ့ပြီး ဝင်ခိုင်းလိုက်သည်
Jennie ရဲ့ အခန်းရှေ့ရောက်တော့ Jisoo တံခါးခေါက်လိုက်သည်
"Omma chaw အခန်းရှင်းနေလို့ ..."
Jennie အခန်းတံခါးဖွင့်ပေးလိုက်သောအခါ
"Jendeukie ဘာလို့ ကိုယ့်ဖုန်းကို မကိုင်တာလည်း "
Jisooကို တွေ့ရတော့ Jennie အော်လေသည်
"အား..."
"ဟင် ဘာ ဘာဖြစ်တာလည်း Jendeukie "
Jisooမေးတော့ Jennie သူမနှာခေါင်းကို လက်နဲ့ကာပြီး ခေါင်းခါပြသည်
"Sorry Ji လောလောဆယ် Jenနဲ့တွေ့ခွင့်မရသေးဘူး ပြဿနာရှိလို့ "
Jisooကို နှင်ထုတ်ဖို့ Jennie ကြိုးစားပေမယ့် Jisoo မွာ အခန်းထဲ ရအောင်ဝင်လာသည်
"ဘာဖြစ်လို့လည်း ဘာပြဿနာ ရှိလို့လည်း ကိုယ်ပါ တူတူဖြေရှင်းပေးမယ်လေ "
Jisooပြောပြီး Jennieရဲ့ ကုတင်ပေါ်ထိုင်လိုက်သည်
ထို့နောက် အလှကုန်ပစ္စည်းတစ်ခုကို တွေ့တော့ အညွှန်းစာရွက်ကို Jisoo ကောက်ယူဖတ်လိုက်သည်
"ဝက်ခြံပျောက်ဆေးဆိုပါလား "
"Ash Kim Jisoo နင်တကယ် စိတ်ပျက်စရာဘဲ မုန်းလိုက်တာ "
Jennieပြောပြီး Jisooကို ရိုက်တော့ Jennieရဲ့ လက်နှစ်ဖက်လုံးကို Jisoo ချုပ်လိုက်သည်
ထို့နောက် Jennie မျက်နှာကို စိုက်ကြည့်တော့ Jennie ခေါင်းငုံ့ပြီး
"Jen ကို မကြည့်ပါနဲ့ Jen အခုမလှဘူး ရုပ်ဆိုးနေတယ် "
"ဘယ်သူက ကိုယ့်ကလေးလေးကို မလှဘူးပြောတာလည်း ဒီဝက်ခြံပေါက်လို့ ကျောင်းမလာတာလား "
Jisoo မေးခွန်းကြောင့် Jennieခေါင်းညိတ်ပြတော့ Jisooမှာ Jennieကို ဆွဲဖက်ပြီး
"Aigooo Jendeukie မျက်နှာမှာ ဝက်ခြံမကလို့ ဘာရှိနေနေ အချစ်မလျော့ပါဘူး Jendeukie ဖြစ်နေလို့ကို ချစ်တာ "
End of flashback
#TBC
နောက်တပိုင်းဆို Jensooတို့ တွေ့ပါတော့မယ် ဒန်တန်တန့် 😁
#Zawgyi
"ဒီမှာကြည့် "
"ဒါ ဘာလို့ထင်လည်း "
"Ouch ! "
"အေးပါ မလုပ်တော့ပါဘူး "
"Aww ဟမ် တကယ်လားဟ "
"Haha အေးပါကွာ လာ cheer "
"Good evening bae. .."
"သေလိုက် "
"Excuse me. ..Unnie "
"Omo ချစ်စရာလေး "
"မရှိဘူး "
"ကောင်မလေးရော "
Flashback
"Annyeonghasayeo "
"အား..."
End of flashback
#TBC
Bạn đang đọc truyện trên: Truyen3h.Co