Part 12
#Unicode
"ဟိုလေ ထီးမရောင်းဘူးလားဟင် "
Jennie cashier ကောင်မလေးကို မေးတော့ ဝန်ထမ်းကောင်မလေးမှာ ခေါင်းခါပြသည်
"ဟုတ် မရောင်းပါဘူးရှင် အားနာပါတယ် Madam. .... မိုးတိတ်တဲ့အထိ ဆိုင်ထဲမှာ ဒါမှမဟုတ် ဆိုင်အပြင်က မိုးခိုလို့ရတဲ့နေရာမှာ စောင့်လို့ရပါတယ် "
ဝန်ထမ်းကောင်မလေးမှာ တောင်းပန်စကားပြောပြီး အကြံပေးလိုက်သည်
Jennieလည်း အထဲမှာမနေချင်လို့ ဆိုင်အပြင်ဘက်က မိုးလွတ်တဲ့နေရာမှာ သွားရပ်လိုက်သည်
10 minutes
30 minutes
1 hour
တစ်နာရီကြာတဲ့ထိ မိုးကမတိတ်သေးဘဲ ရွာနေသည်
Jennieမှာ ဆိုင်ရှေ့အကြာကြီး ရပ်နေရလို့ ခြေထောက်တွေနာလာသည်
သူမ မန်နေဂျာဆီ ဖုန်းဆက်ပေမယ့်လည်း ဖုန်းက စက်ပိတ်ထားသောကြောင့် မရပေ
"ငါ တကယ် ကံဆိုးတာဘဲ "
Jennie သူမကိုယ်သူမ ရေရွတ်လိုက်သည်
မိနစ်အနည်းငယ်ကြာတော့ ခရမ်းရောင်ထီးလေး ကိုင်ထားတဲ့ ကောင်မလေးတစ်ယောက် Jennieဆီ ပြေးလာသည်
"ရော့ ဒါယူထားလိုက် "
ကောင်မလေးမှာ သူ့လက်ထဲက ထီးကို Jennieအား ပေးလိုက်သည်
"What? "
"ဒီထီးကို ယူလိုက်လို့ ပြီးတော့ မင်း အိမ်ပြန်သင့်ပြီ မင်းခြေထောက်တွေလည်း တုန်ခါနေပြီ..ကြည့်ရတာ ဒီမှာ အကြာကြီး မတ်တပ်ရပ်နေတာဖြစ်မယ်..."
ကောင်မလေးရဲ့ မျက်နှာကို ထီးနဲ့ကွယ်ထားလို့ ဘယ်သူမှန်း Jennie မသိပေမယ့် ထီးကိုယူပြီး ကျေးဇူးတင်စကား ပြောလိုက်သည်
"ကျေးဇူးတင်ပါတယ်....ပြန်တွေ့တဲ့အခါ ထီးပြန်ပေးပါမယ် ဟို "
"Oh come on မင်း ပြန်ပေးစရာမလိုပါဘူး "
"အဲ့အသံ....ငါ အဲ့အသံကို ရင်းရင်းနှီးနှီးသိနေတယ် "
Jennie ကောင်မလေးရဲ့အသံကို ရင်းရင်းနှီးနှီး သိနေလို့ စိတ်ထဲ တွေးနေသည်
Jennieသိချင်စိတ်နဲ့ ကောင်မလေးမျက်နှာကို ကာထားတဲ့ ထီးကို ဖယ်လိုက်သောအခါ
"Jisoo. ...."
Jennieရဲ့ ကမ္ဘာကြီးက ရုတ်တရက် ရပ်သွားပြီး သူမ မျက်လုံးထဲ Jisooက လွဲလို့ ကျန်တာ မမြင်တော့ပေ
Jisooရဲ့ မျက်နှာကို စိုက်ကြည့်ရင်း Jennie တစ်ခုချင်းစီ ပြန်တွေးနေသည်
အဲ့ဒီ နှာခေါင်းလေး သူမတို့ ကစားတဲ့အခါတိုင်း အဲ့နှာခေါင်းလေးနဲ့ Jennieကို လာလာနမ်းခဲ့တာ
သူမကို အမြဲ ချိုမြိန်တဲ့ အနမ်းတွေပေးတဲ့ အသည်းပုံနှုတ်ခမ်းလေး....
သူမ ပျင်းတိုင်း သွားသွားထိတွေ့ရတဲ့ ပါးလေး
နေဝင်ချိန်တွေကို သူမနဲ့အတူ ကြည့်ခဲ့တဲ့ မျက်ဝန်းတစ်စုံလေး
"Jennie?"
Jisooမှာလည်း maskတွေတပ်ထား ဦးထုပ်ဆောင်းထားတဲ့ ကောင်မလေးက ဘယ်သူလည်းဆိုတာ သိသွားသည်
"Wow မတွေ့တာတောင် အတော်ကြာရောပေါ့ ...ဒါနဲ့ ဒီမှာ ဘာရပ်လုပ်နေတာလည်း ကားနဲ့ဒရိုင်ဘာရော...ဘယ်မှာလည်း "
Jisooမှာ သူမတို့ အခြေအနေကို စိတ်မသက်မသာ အဆင်မပြေ မဖြစ်စေချင်သောကြောင့် စကားကို ပုံမှန်အတိုင်း ပြောလိုက်သည်
သို့သော် Jennieမှာတော့ သူမကို သူမတို့ကြား ဘာမှမဖြစ်ခဲ့သလို လေသံနဲ့ အဲ့လိုပြောရလားလို့ စိတ်တိုပြီးစိတ်ပျက်နေသည်
"ခေါက်ဆွဲပြုတ် စားချင်လို့ ဒီကိုလာတာ အဲ့မှာ မိုးစရွာတာဘဲ....ကားလည်း ယူမလာသလို နားရက်မို့ ဒရိုင်ဘာလည်း မရှိဘူးလေ..."
Jennie ပြောရင်း သူမ အေးတိုင်း နွေးထွေးမှုပေးခဲ့တဲ့ Jisooလက်ကို ကြည့်လိုက်သည်
"Ahh "
Jisoo ခေါင်းညိတ်ပြီး သူမခေါင်းကို ကုတ်လိုက်သည်
"ဒါနဲ့ နင်ကရော ဒီကို ဘာလာလုပ်တာလည်း "
Jennie သူမရဲ့ စိတ်လှုပ်ရှားနေတဲ့အသံကို ထိန်းပြီး မေးလိုက်သည်
"ဒီနားလေးက သူငယ်ချင်းအိမ်ကို အလည်လာတာ မိုးက အခုထိ သည်းတုံးဘဲဆိုတော့ Humm အချမ်းပြေ ကော်ဖီသောက်ကြမလား "
********
"မင်းအတွက် ကိုယ် ဝမ်းသာပါတယ် Jennie. ...နောက်ဆုံးတော့ မင်းရဲ့ အိမ်မက်ပန်းတိုင်ဆီ ရောက်နိုင်ခဲ့ပြီ မင်းက ငါတို့နိုင်ငံရဲ့ တကယ့် ကြယ်ပွင့်လေး ဖြစ်နေတာသိလား....မင်းနဲ့တွေ့ရတာ တကယ် ပျော်မိတယ် "
Jisoo ကော်ဖီခွက်ကို ကိုင်ရင်း ပြောတော့ Jennie ပြုံးလိုက်သည်
စိတ်ထဲမှာတော့ သူမရဲ့ အိမ်မက်ကို Jisooက အခုထိ မှတ်မိနေသေးလို့ ကြိတ်ပျော်နေသလို အတိတ်တုံးက သူမတို့အိမ်မက်အကြောင်း ဖလှယ်ပြောကြရင်း အိမ်မက်တွေတကယ် ဖြစ်လာအောင် အတူကြိုးစားမယ်ဆိုတဲ့ ကတိကို သတိရပြီး စိတ်လည်းတိုမိသည်
"ပျော်စရာကောင်းတဲ့ အမှတ်တရတွေနဲ့ ကတိတွေက အတိတ်မှာဘဲ ကျန်ခဲ့ပါပြီလေ "
Jennie သူ့ကိုယ်သူပြန်နှစ်သိမ့်လိုက်သည်
"Studioကို အခုထိ manage လုပ်တုံးလား "
Jennie သိချင်လို့ မေးလိုက်သည် ဘာလို့ဆို သူမတို့ လမ်းခွဲတဲ့နေ့ကတည်းက Studioအကြောင်း ဘာမှ စုံစမ်းမရခဲ့သောကြောင့် ဖြစ်သည်
Jennie မေးခွန်းကြောင့် Jisoo ချောင်းဟန့်ပြီး
"အဟမ်း ဟို ငါတို့ လမ်းခွဲတဲ့ နေ့က ငါ Studio ကို ပိတ်ပစ်လိုက်တာ ပြီးတော့ ဂျပန်မှာ ငါ သင်တန်းသွားတက်တယ် အခု ငါ.....Flim companyတစ်ခုရဲ့ CEO ဖြစ်နေပြီ "
"Wow မိုက်လိုက်တာ နင်လည်း နင့်အိမ်မက်ကို ဖြစ်အောင် အကောင်အထည်ဖော်ခဲ့တာဘဲ "
Jennie ပြုံးပြီး ပြောလိုက်သည်
ထို့နောက် ဘာစကားမှမပြောဘဲ Jensoo တို့ နှစ်ယောက် တိတ်ဆိတ်သွားပြန်သည်
Jennieကဘဲ တိတ်ဆိတ်မှုကို ထပ်ဖြိုခွဲလိုက်သည်
"ဟို အချစ်ရေးကရော ဘယ်လိုလည်း..... Single လား ရည်းစားရှိပြီလား ဒါမှမဟုတ် လက်ထပ်လိုက်ပြီလား "
Jisoo လက်က လက်စွပ်ကိုကြည့်ပြီး Jennie မေးလိုက်သည်
Jisoo ထိုအခါမှ သူမလက်မှာ စွပ်ထားတဲ့ လက်စွပ်ကို သတိရပြီး မသိသာအောင် သူမလက်ကို ခုံအောက်သို့ ချလိုက်သည်
"Humm တစ်ယောက်တည်းပါဘဲ "
Jisoo ထိုသို့ဖြေလိုက်ပေမယ့် သူမစိတ်ထဲမှာတော့ Single ဟုတ်မဟုတ် ဘာဆိုင်လို့ သိချင်တာလည်းလို့ ပြန်မေးချင်မိသည် သို့သော် ရည်းစားဟောင်းတစ်ယောက် အနေနဲ့ ရိုင်းသလို ဖြစ်သွားမှာဆိုးလို့ မမေးဘဲ နေလိုက်သည်
"မင်းရော....မင်းနဲ့ဒိတ်ချင်တဲ့ အဆိုတော်တွေ မင်းသားတွေ အများကြီး ရှိတယ်ဆိုတာ ငါ သေချာတယ် "
Jennieက ဟုတ်တယ်လို့ဖြေလိုက်ရင် သူမ အသည်းနှလုံး တစ်ခုလုံး ကွဲကြေသွားမှာကို Jisoo သိပေမယ့် သူမတို့ စကားဝိုင်းအတွက် ပြန်မေးလိုက်သည်
"သူတို့ကတော့ ဒိတ်ဖို့ လာမေးပါတယ် ဒါပေမယ့် သိတဲ့အတိုင်း ဂေးနေတာဆိုတော့ ဟီးဟီး အခုထိ Singleပါဘဲ "
Jennieရဲ့ ဟာသစကားကြောင့် Jisoo ရယ်လိုက်သည်
"ဒါဆို Kaiက ဘယ်သူလည်း "
Jisoo ပြန်ပြီး စနောက်လိုက်သည်
တကယ်တော့ Kaiနဲ့ Jennieရဲ့ Rumorတွေ အများကြီး ကြားထားသောကြောင့် Jennieဆီက အမှန်တိုင်း ဖြေတာကို လိုချင်လို့ မေးလိုက်ခြင်းဖြစ်သည်
"အာ သူလား သူက ငါ့ကိုသဘောကျတာပါ ငါက မကျပါဘူးဟာ.... "
Jennie ပြောပြီး ကိတ်မုန့်ကိုဇွန်းနဲ့ထိုးလိုက်သည်
Jisooကတော့ ကျောက်ရုပ်တစ်ရုပ်လို သူမရဲ့ ရည်းစားဟောင်း လှုပ်ရှားမှုတွေကို စိုက်ကြည့်နေသည်
"Yah ဘာလို့စိုက်ကြည့်နေတာလည်း ငါ အရည်ပျော်တော့မယ် "
Jennie စလိုက်ပေမယ့် Jisoo မကြားပေ
"ကိုယ် မင်းကို အရမ်းလွမ်းတယ် "
Jisoo ပါးစပ်ကနေ ရုတ်တရက် Jennieကို လွမ်းကြောင်း ပြောမိသွားသည်
"Well ငါကတော့ နင့်ကို လွမ်းလည်းမလွမ်းဘူး.... လွမ်းချင်စိတ်လည်း မရှိဘူး "
"အာ မဟုတ်ဘူး Jennie ကိုယ် မရည်ရွယ်ပါဘူး ...."
"ငါ့ကို သစ္စာ ဖောက်ခဲ့ပြီးမှ ဘာလို့ လွမ်းတယ်လို့ ပြောတာလည်း ဘာလို့လည်း ဘာလည်း နင့်ဘေးက မိန်းမထက် ငါက သာတယ်ဆိုတာ သိသွားလို့လား "
Jennie စကားကြောင့် Jisoo အံကြိတ်ပြီး တစ်ဖက်ကို လှည့်လိုက်သည်
" နင်သာ သစ္စာ မဖောက်ခဲ့ရင် အခုချိန်ထိ နင့်ဘေးနား ငါရှိနေအုံးမှာ နင်ကလည်း ငါ့အနားရှိပေးပြီး ငါတို့အိမ်မက်တွေကို အတူအကောင်အထည်ဖော်နိုင်ခဲ့မှာ ...ငါတို့ ကတိတွေ အိမ်မက်တွေကို တကယ်ဖြစ်လာအောင် ပြောင်းလဲနိုင်ခဲ့မှာ ဒါပေမယ့် နင်ကတော့ ငါနဲ့လမ်းခွဲရအောင်လုပ်ပြီး ငါ့ဘေးကထွက်သွားတယ်....အခုကျမှ ငါ့ကိုလွမ်းတယ်တဲ့လား "
Jennie ပြောပြီး ပိုက်ဆံကိုထုတ်ကာ စားပွဲခုံပေါ်သို့ တင်လိုက်သည်
ထို့နောက် ထီးကိုယူပြီး စတိုးဆိုင်ထဲကနေ ထွက်လာခဲ့သည်
"စောက်ရူးဘဲ Jennie. ...သူ့ကိုမေ့နိုင်ခဲ့ပြီ ထင်ခဲ့တာ ဘာလို့ စောက်ရူးလိုငိုနေတာလည်း "
Jennie မိုးရေထဲ လမ်းလျှောက်ရင်း သူမကိုယ်သူမ ကျိန်ဆဲလိုက်သည်
Jisooက အခု သူမအပေါ် လွှမ်းမိုးနိုင်ခြင်းကို Jennie အရမ်းမုန်းမိသည်
"ခေါင်းဆောင်ရေ Dinner က အဆင်သင့်ဖြစ်နေပြီ "
Jisoo ကုတင်ပေါ် ပက်လက် လှဲအိပ်ပြီး မျက်နှာကြက်ကို ကြည့်နေစဥ် အခန်းရှေ့က Minoအော်သံကို ကြားရလေသည်
"ခဏနေ လာခဲ့မယ် Mino "
"Ok. ..."
Jisoo သက်ပြင်းချပြီး jennieရဲ့ ပုံတွေမရှိတဲ့ မျက်နှာကြက်ကိုသာ ထပ်ငေးကြည့်မိသည်
"နင် တကယ် ဦးနှောက်မရှိတာဘဲ Jisoo "
Jisoo သူမကိုယ်သူမ ကျိန်ဆဲပြီး သူမ လက်မှာဝတ်ထားတဲ့ လက်စွပ်လေးကို ကြည့်လိုက်သည်
"တကယ်တော့ ဒီလက်စွပ်က မင်းအတွက်ပါ ကလေးရ....ကိုယ်တို့ လမ်းခွဲလိုက်လို့ မင်းကို မပေးနိုင်ခဲ့တာ "
Jisoo ပြောရင်း မျက်ရည်တွေကျလာသည်
"ကိုယ် မင်းအပေါ် ဘယ်တုံးကမှ သစ္စာ မဖောက်ခဲ့ပါဘူး ....ဘယ်တော့မှ ဖောက်မှာလည်း မဟုတ်ဘူး Jendeukie ရယ် ကိုယ်မင်းကို အားလုံးထက်ပိုချစ်တာ ကိုယ့်ကိုကိုယ်ထက်တောင် မင်းကို ပိုချစ်တာပါ...."
Jisoo ငိုရင်း Jennieရဲ့ ပိုစတာကို ကြည့်ပြီး ပြောလိုက်သည်
#TBC
#zawgyi
"ဟိုေလ ထီးမေရာင္းဘူးလားဟင္ "
Jennie cashier ေကာင္မေလးကို ေမးေတာ့ ဝန္ထမ္းေကာင္မေလးမွာ ေခါင္းခါျပသည္
"ဟုတ္ မေရာင္းပါဘူးရွင္ အားနာပါတယ္ Madam. .... မိုးတိတ္တဲ့အထိ ဆိုင္ထဲမွာ ဒါမွမဟုတ္ ဆိုင္အျပင္က မိုးခိုလို႔ရတဲ့ေနရာမွာ ေစာင့္လို႔ရပါတယ္ "
ဝန္ထမ္းေကာင္မေလးမွာ ေတာင္းပန္စကားေျပာၿပီး အႀကံေပးလိုက္သည္
Jennieလည္း အထဲမွာမေနခ်င္လို႔ ဆိုင္အျပင္ဘက္က မိုးလြတ္တဲ့ေနရာမွာ သြားရပ္လိုက္သည္
10 minutes
30 minutes
1 hour
တစ္နာရီၾကာတဲ့ထိ မိုးကမတိတ္ေသးဘဲ ႐ြာေနသည္
Jennieမွာ ဆိုင္ေရွ႕အၾကာႀကီး ရပ္ေနရလို႔ ေျခေထာက္ေတြနာလာသည္
သူမ မန္ေနဂ်ာဆီ ဖုန္းဆက္ေပမယ့္လည္း ဖုန္းက စက္ပိတ္ထားေသာေၾကာင့္ မရေပ
"ငါ တကယ္ ကံဆိုးတာဘဲ "
Jennie သူမကိုယ္သူမ ေရ႐ြတ္လိုက္သည္
မိနစ္အနည္းငယ္ၾကာေတာ့ ခရမ္းေရာင္ထီးေလး ကိုင္ထားတဲ့ ေကာင္မေလးတစ္ေယာက္ Jennieဆီ ေျပးလာသည္
"ေရာ့ ဒါယူထားလိုက္ "
ေကာင္မေလးမွာ သူ႕လက္ထဲက ထီးကို Jennieအား ေပးလိုက္သည္
"What? "
"ဒီထီးကို ယူလိုက္လို႔ ၿပီးေတာ့ မင္း အိမ္ျပန္သင့္ၿပီ မင္းေျခေထာက္ေတြလည္း တုန္ခါေနၿပီ..ၾကည့္ရတာ ဒီမွာ အၾကာႀကီး မတ္တပ္ရပ္ေနတာျဖစ္မယ္..."
ေကာင္မေလးရဲ႕ မ်က္ႏွာကို ထီးနဲ႕ကြယ္ထားလို႔ ဘယ္သူမွန္း Jennie မသိေပမယ့္ ထီးကိုယူၿပီး ေက်းဇူးတင္စကား ေျပာလိုက္သည္
"ေက်းဇူးတင္ပါတယ္....ျပန္ေတြ႕တဲ့အခါ ထီးျပန္ေပးပါမယ္ ဟို "
"Oh come on မင္း ျပန္ေပးစရာမလိုပါဘူး "
"အဲ့အသံ....ငါ အဲ့အသံကို ရင္းရင္းႏွီးႏွီးသိေနတယ္ "
Jennie ေကာင္မေလးရဲ႕အသံကို ရင္းရင္းႏွီးႏွီး သိေနလို႔ စိတ္ထဲ ေတြးေနသည္
Jennieသိခ်င္စိတ္နဲ႕ ေကာင္မေလးမ်က္ႏွာကို ကာထားတဲ့ ထီးကို ဖယ္လိုက္ေသာအခါ
"Jisoo. ...."
Jennieရဲ႕ ကမၻာႀကီးက ႐ုတ္တရက္ ရပ္သြားၿပီး သူမ မ်က္လုံးထဲ Jisooက လြဲလို႔ က်န္တာ မျမင္ေတာ့ေပ
Jisooရဲ႕ မ်က္ႏွာကို စိုက္ၾကည့္ရင္း Jennie တစ္ခုခ်င္းစီ ျပန္ေတြးေနသည္
အဲ့ဒီ ႏွာေခါင္းေလး သူမတို႔ ကစားတဲ့အခါတိုင္း အဲ့ႏွာေခါင္းေလးနဲ႕ Jennieကို လာလာနမ္းခဲ့တာ
သူမကို အၿမဲ ခ်ိဳၿမိန္တဲ့ အနမ္းေတြေပးတဲ့ အသည္းပုံႏႈတ္ခမ္းေလး....
သူမ ပ်င္းတိုင္း သြားသြားထိေတြ႕ရတဲ့ ပါးေလး
ေနဝင္ခ်ိန္ေတြကို သူမနဲ႕အတူ ၾကည့္ခဲ့တဲ့ မ်က္ဝန္းတစ္စုံေလး
"Jennie?"
Jisooမွာလည္း maskေတြတပ္ထား ဦးထုပ္ေဆာင္းထားတဲ့ ေကာင္မေလးက ဘယ္သူလည္းဆိုတာ သိသြားသည္
"Wow မေတြ႕တာေတာင္ အေတာ္ၾကာေရာေပါ့ ...ဒါနဲ႕ ဒီမွာ ဘာရပ္လုပ္ေနတာလည္း ကားနဲ႕ဒရိုင္ဘာေရာ...ဘယ္မွာလည္း "
Jisooမွာ သူမတို႔ အေျခအေနကို စိတ္မသက္မသာ အဆင္မေျပ မျဖစ္ေစခ်င္ေသာေၾကာင့္ စကားကို ပုံမွန္အတိုင္း ေျပာလိုက္သည္
သို႔ေသာ္ Jennieမွာေတာ့ သူမကို သူမတို႔ၾကား ဘာမွမျဖစ္ခဲ့သလို ေလသံနဲ႕ အဲ့လိုေျပာရလားလို႔ စိတ္တိုၿပီးစိတ္ပ်က္ေနသည္
"ေခါက္ဆြဲျပဳတ္ စားခ်င္လို႔ ဒီကိုလာတာ အဲ့မွာ မိုးစ႐ြာတာဘဲ....ကားလည္း ယူမလာသလို နားရက္မို႔ ဒရိုင္ဘာလည္း မရွိဘူးေလ..."
Jennie ေျပာရင္း သူမ ေအးတိုင္း ႏြေးေထြးမႈေပးခဲ့တဲ့ Jisooလက္ကို ၾကည့္လိုက္သည္
"Ahh "
Jisoo ေခါင္းညိတ္ၿပီး သူမေခါင္းကို ကုတ္လိုက္သည္
"ဒါနဲ႕ နင္ကေရာ ဒီကို ဘာလာလုပ္တာလည္း "
Jennie သူမရဲ႕ စိတ္လႈပ္ရွားေနတဲ့အသံကို ထိန္းၿပီး ေမးလိုက္သည္
"ဒီနားေလးက သူငယ္ခ်င္းအိမ္ကို အလည္လာတာ မိုးက အခုထိ သည္းတုံးဘဲဆိုေတာ့ Humm အခ်မ္းေျပ ေကာ္ဖီေသာက္ၾကမလား "
********
"မင္းအတြက္ ကိုယ္ ဝမ္းသာပါတယ္ Jennie. ...ေနာက္ဆုံးေတာ့ မင္းရဲ႕ အိမ္မက္ပန္းတိုင္ဆီ ေရာက္နိုင္ခဲ့ၿပီ မင္းက ငါတို႔နိုင္ငံရဲ႕ တကယ့္ ၾကယ္ပြင့္ေလး ျဖစ္ေနတာသိလား....မင္းနဲ႕ေတြ႕ရတာ တကယ္ ေပ်ာ္မိတယ္ "
Jisoo ေကာ္ဖီခြက္ကို ကိုင္ရင္း ေျပာေတာ့ Jennie ၿပဳံးလိုက္သည္
စိတ္ထဲမွာေတာ့ သူမရဲ႕ အိမ္မက္ကို Jisooက အခုထိ မွတ္မိေနေသးလို႔ ႀကိတ္ေပ်ာ္ေနသလို အတိတ္တုံးက သူမတို႔အိမ္မက္အေၾကာင္း ဖလွယ္ေျပာၾကရင္း အိမ္မက္ေတြတကယ္ ျဖစ္လာေအာင္ အတူႀကိဳးစားမယ္ဆိုတဲ့ ကတိကို သတိရၿပီး စိတ္လည္းတိုမိသည္
"ေပ်ာ္စရာေကာင္းတဲ့ အမွတ္တရေတြနဲ႕ ကတိေတြက အတိတ္မွာဘဲ က်န္ခဲ့ပါၿပီေလ "
Jennie သူ႕ကိုယ္သူျပန္ႏွစ္သိမ့္လိုက္သည္
"Studioကို အခုထိ manage လုပ္တုံးလား "
Jennie သိခ်င္လို႔ ေမးလိုက္သည္ ဘာလို႔ဆို သူမတို႔ လမ္းခြဲတဲ့ေန႕ကတည္းက Studioအေၾကာင္း ဘာမွ စုံစမ္းမရခဲ့ေသာေၾကာင့္ ျဖစ္သည္
Jennie ေမးခြန္းေၾကာင့္ Jisoo ေခ်ာင္းဟန့္ၿပီး
"အဟမ္း ဟို ငါတို႔ လမ္းခြဲတဲ့ ေန႕က ငါ Studio ကို ပိတ္ပစ္လိုက္တာ ၿပီးေတာ့ ဂ်ပန္မွာ ငါ သင္တန္းသြားတက္တယ္ အခု ငါ.....Flim companyတစ္ခုရဲ႕ CEO ျဖစ္ေနၿပီ "
"Wow မိုက္လိုက္တာ နင္လည္း နင့္အိမ္မက္ကို ျဖစ္ေအာင္ အေကာင္အထည္ေဖာ္ခဲ့တာဘဲ "
Jennie ၿပဳံးၿပီး ေျပာလိုက္သည္
ထို႔ေနာက္ ဘာစကားမွမေျပာဘဲ Jensoo တို႔ ႏွစ္ေယာက္ တိတ္ဆိတ္သြားျပန္သည္
Jennieကဘဲ တိတ္ဆိတ္မႈကို ထပ္ၿဖိဳခြဲလိုက္သည္
"ဟို အခ်စ္ေရးကေရာ ဘယ္လိုလည္း..... Single လား ရည္းစားရွိၿပီလား ဒါမွမဟုတ္ လက္ထပ္လိုက္ၿပီလား "
Jisoo လက္က လက္စြပ္ကိုၾကည့္ၿပီး Jennie ေမးလိုက္သည္
Jisoo ထိုအခါမွ သူမလက္မွာ စြပ္ထားတဲ့ လက္စြပ္ကို သတိရၿပီး မသိသာေအာင္ သူမလက္ကို ခုံေအာက္သို႔ ခ်လိဳက္သည္
"Humm တစ္ေယာက္တည္းပါဘဲ "
Jisoo ထိုသို႔ေျဖလိုက္ေပမယ့္ သူမစိတ္ထဲမွာေတာ့ Single ဟုတ္မဟုတ္ ဘာဆိုင္လို႔ သိခ်င္တာလည္းလို႔ ျပန္ေမးခ်င္မိသည္ သို႔ေသာ္ ရည္းစားေဟာင္းတစ္ေယာက္ အေနနဲ႕ ရိုင္းသလို ျဖစ္သြားမွာဆိုးလို႔ မေမးဘဲ ေနလိုက္သည္
"မင္းေရာ....မင္းနဲ႕ဒိတ္ခ်င္တဲ့ အဆိုေတာ္ေတြ မင္းသားေတြ အမ်ားႀကီး ရွိတယ္ဆိုတာ ငါ ေသခ်ာတယ္ "
Jennieက ဟုတ္တယ္လို႔ေျဖလိုက္ရင္ သူမ အသည္းႏွလုံး တစ္ခုလုံး ကြဲေၾကသြားမွာကို Jisoo သိေပမယ့္ သူမတို႔ စကားဝိုင္းအတြက္ ျပန္ေမးလိုက္သည္
"သူတို႔ကေတာ့ ဒိတ္ဖို႔ လာေမးပါတယ္ ဒါေပမယ့္ သိတဲ့အတိုင္း ေဂးေနတာဆိုေတာ့ ဟီးဟီး အခုထိ Singleပါဘဲ "
Jennieရဲ႕ ဟာသစကားေၾကာင့္ Jisoo ရယ္လိုက္သည္
"ဒါဆို Kaiက ဘယ္သူလည္း "
Jisoo ျပန္ၿပီး စေနာက္လိုက္သည္
တကယ္ေတာ့ Kaiနဲ႕ Jennieရဲ႕ Rumorေတြ အမ်ားႀကီး ၾကားထားေသာေၾကာင့္ Jennieဆီက အမွန္တိုင္း ေျဖတာကို လိုခ်င္လို႔ ေမးလိုက္ျခင္းျဖစ္သည္
"အာ သူလား သူက ငါ့ကိုသေဘာက်တာပါ ငါက မက်ပါဘူးဟာ.... "
Jennie ေျပာၿပီး ကိတ္မုန့္ကိုဇြန္းနဲ႕ထိုးလိုက္သည္
Jisooကေတာ့ ေက်ာက္႐ုပ္တစ္႐ုပ္လို သူမရဲ႕ ရည္းစားေဟာင္း လႈပ္ရွားမႈေတြကို စိုက္ၾကည့္ေနသည္
"Yah ဘာလို႔စိုက္ၾကည့္ေနတာလည္း ငါ အရည္ေပ်ာ္ေတာ့မယ္ "
Jennie စလိုက္ေပမယ့္ Jisoo မၾကားေပ
"ကိုယ္ မင္းကို အရမ္းလြမ္းတယ္ "
Jisoo ပါးစပ္ကေန ႐ုတ္တရက္ Jennieကို လြမ္းေၾကာင္း ေျပာမိသြားသည္
"Well ငါကေတာ့ နင့္ကို လြမ္းလည္းမလြမ္းဘူး.... လြမ္းခ်င္စိတ္လည္း မရွိဘူး "
"အာ မဟုတ္ဘူး Jennie ကိုယ္ မရည္႐ြယ္ပါဘူး ...."
"ငါ့ကို သစၥာ ေဖာက္ခဲ့ၿပီးမွ ဘာလို႔ လြမ္းတယ္လို႔ ေျပာတာလည္း ဘာလို႔လည္း ဘာလည္း နင့္ေဘးက မိန္းမထက္ ငါက သာတယ္ဆိုတာ သိသြားလို႔လား "
Jennie စကားေၾကာင့္ Jisoo အံႀကိတ္ၿပီး တစ္ဖက္ကို လွည့္လိုက္သည္
" နင္သာ သစၥာ မေဖာက္ခဲ့ရင္ အခုခ်ိန္ထိ နင့္ေဘးနား ငါရွိေနအုံးမွာ နင္ကလည္း ငါ့အနားရွိေပးၿပီး ငါတို႔အိမ္မက္ေတြကို အတူအေကာင္အထည္ေဖာ္နိုင္ခဲ့မွာ ...ငါတို႔ ကတိေတြ အိမ္မက္ေတြကို တကယ္ျဖစ္လာေအာင္ ေျပာင္းလဲနိုင္ခဲ့မွာ ဒါေပမယ့္ နင္ကေတာ့ ငါနဲ႕လမ္းခြဲရေအာင္လုပ္ၿပီး ငါ့ေဘးကထြက္သြားတယ္....အခုက်မွ ငါ့ကိုလြမ္းတယ္တဲ့လား "
Jennie ေျပာၿပီး ပိုက္ဆံကိုထုတ္ကာ စားပြဲခုံေပၚသို႔ တင္လိုက္သည္
ထို႔ေနာက္ ထီးကိုယူၿပီး စတိုးဆိုင္ထဲကေန ထြက္လာခဲ့သည္
"ေစာက္႐ူးဘဲ Jennie. ...သူ႕ကိုေမ့နိုင္ခဲ့ၿပီ ထင္ခဲ့တာ ဘာလို႔ ေစာက္႐ူးလိုငိုေနတာလည္း "
Jennie မိုးေရထဲ လမ္းေလွ်ာက္ရင္း သူမကိုယ္သူမ က်ိန္ဆဲလိုက္သည္
Jisooက အခု သူမအေပၚ လႊမ္းမိုးနိုင္ျခင္းကို Jennie အရမ္းမုန္းမိသည္
"ေခါင္းေဆာင္ေရ Dinner က အဆင္သင့္ျဖစ္ေနၿပီ "
Jisoo ကုတင္ေပၚ ပက္လက္ လွဲအိပ္ၿပီး မ်က္ႏွာၾကက္ကို ၾကည့္ေနစဥ္ အခန္းေရွ႕က Minoေအာ္သံကို ၾကားရေလသည္
"ခဏေန လာခဲ့မယ္ Mino "
"Ok. ..."
Jisoo သက္ျပင္းခ်ၿပီး jennieရဲ႕ ပုံေတြမရွိတဲ့ မ်က္ႏွာၾကက္ကိုသာ ထပ္ေငးၾကည့္မိသည္
"နင္ တကယ္ ဦးႏွောက္မရွိတာဘဲ Jisoo "
Jisoo သူမကိုယ္သူမ က်ိန္ဆဲၿပီး သူမ လက္မွာဝတ္ထားတဲ့ လက္စြပ္ေလးကို ၾကည့္လိုက္သည္
"တကယ္ေတာ့ ဒီလက္စြပ္က မင္းအတြက္ပါ ကေလးရ....ကိုယ္တို႔ လမ္းခြဲလိုက္လို႔ မင္းကို မေပးနိုင္ခဲ့တာ "
Jisoo ေျပာရင္း မ်က္ရည္ေတြက်လာသည္
"ကိုယ္ မင္းအေပၚ ဘယ္တုံးကမွ သစၥာ မေဖာက္ခဲ့ပါဘူး ....ဘယ္ေတာ့မွ ေဖာက္မွာလည္း မဟုတ္ဘူး Jendeukie ရယ္ ကိုယ္မင္းကို အားလုံးထက္ပိုခ်စ္တာ ကိုယ့္ကိုကိုယ္ထက္ေတာင္ မင္းကို ပိုခ်စ္တာပါ...."
Jisoo ငိုရင္း Jennieရဲ႕ ပိုစတာကို ၾကည့္ၿပီး ေျပာလိုက္သည္
#TBC
Bạn đang đọc truyện trên: Truyen3h.Co