Part 20
#Unicode
"ဒီနေ့တော့ ဒီလောက်ပါဘဲ အားလုံး အလုပ်ကြိုးစားပေးလို့ ကျေးဇူးတင်ပါတယ် "
Jisooရဲ့ နွေးထွေးတဲ့အပြုံးနဲ့ စကားကြောင့် ရိုက်ကွင်းက ဝန်ထမ်းတွေလည်း ကျေးဇူးတင်စကားပြောပြီး ပစ္စည်းတွေ သိမ်းလိုက်ကြသည်...Jisooလည်း ပစ္စည်းတွေကူသိမ်းပေးလေသည်
"Jisoo "
"Hey Irene "
"စစတွေ့ချင်းကတော့ ငါက နင့်ကို အလုပ်မှန်သမျှ ဝန်ထမ်းတွေကို ခိုင်းမယ့် ငပျင်း CEO ထင်ခဲ့တာ အခုတော့ အထင်အမြင်လွဲသွားပြီ ....ငါ့ petလေးနဲ့ အလုပ်တွဲလုပ်မှ နင်က အကောင်းဆုံး CEOနဲ့ ဒါရိုက်တာ ဆိုတာ ငါ သိသွားတယ် "
Jisooရဲ့ ပခုံးကို ပုတ်ပြီး Irene ချီးကျူးစကားပြောလိုက်သည်
"ငါ့အလုပ်ငါ သေချာလုပ်တာပါဟာ နင် ချီးကျူးသလောက်ထိ မတော်ပါဘူး "
Irene စကားကြောင့် Jisoo ရှက်သွားတာကို Irene ကြည့်ပြီး ရယ်လေသည်
"Oh my god. ..နင် ရှက်နေတာလေးက ချစ်စရာလေး ....ငါနဲ့အတူ ရှိနေတိုင်း နင်ရှက်နေတာလေး မြင်ရဖို့ ဆုတောင်းရမယ် ဟိဟိ "
Irene ပြောပြီး Jisoo မျက်နှာလေးကို လက်ညိုးနဲ့ တို့ပြန်သည်
"ဒါပေမယ့် ငါတကယ်ပြောတာသိလား နင်က အတော်ဆုံး ဒါရိုက်တာဘဲ "
Ireneပြောပြီး Jisooနှာခေါင်းလေးကို လက်ညိုးနဲ့ တို့ပြန်သည်
"တစ်ချို့ဒါရိုက်တာတွေဆိုလေ မင်းသမီးက idolက နည်းနည်းမှားရင်ကို သီးမခံနိုင်ကြဘူး နင်ကတော့ အဲ့လိုမဟုတ်ဘူး အရမ်း cool ဖြစ်တယ် နင်နဲ့အတူ နောက်လတွေလည်း အလုပ်တွဲလုပ်ရမှာကို ငါ သဘောကျနေပြီ "
Irene ပြောပြီး လက်မထောင်ပြသည်
"Hehe. .ဒါပေါ့ ငါက Cool ဖြစ်တဲ့ CEO Kimဘဲ "
"ဒါပေါ့ နင်က CEO Kimဘဲ ဒါကြောင့်မို့ international celebrity တွေက နင်နဲ့အလုပ်တွဲလုပ်ရတာ သဘောကျပြီး နင့်ကို စွဲလမ်းနေကြတာလေ "
သူမ စကားကြောင့်J isoo ရှက်ပြီး ခေါင်းငုံ့သွားလို့ Irene သဘောကျပြီး ရယ်ပြန်သည်
မန်နေဂျာနဲ့ CEOတို့ တဟီးဟီးတဟားဟားနဲ့ စကားပြောနေတာရင်း တစ်စုံတစ်ယောက်က သူမတို့ကို ကြည့်ပြီး မျက်စောင်းတွေထိုးနေတာကို သတိမထားမိပေ
"Yah!! Kim Jisoo "
Jisoo သူမနာမည်ခေါ်လို့ လှည့်ကြည့်တော့ မျက်မှောင်ကြုတ်ကာ သူမတို့ဆီ လျှောက်လာတဲ့ ကောင်မလေးကြောင့် အပြုံးတွေ ပျောက်ကွယ်သွားသည်
"He hello Seulgi... "
Seulgi ဘာမှမပြောဘဲ Jisoo လက်ကို ဆောင့်ဆွဲကာ သူတို့နားနေခန်းကို ဆွဲခေါ်သွားသည်
Irene ကတော့ Seulgi တို့ကို ကြည့်ပြီး ရယ်ရင်းကျန်ခဲ့သည်
"ဘာဖြစ်တာလည်းဟ "
အခန်းထဲတွင် Seulgi တစ်ယောက် Jisooလက်မောင်းကို တရစပ်ထိုးနေလို့ Jinwooတစ်ယောက် အံ့သြပြီး မေးလိုက်သည်
Jisooမှာတော့ အူတိုနေတဲ့ ဝက်ဝံပေါက်စလေးရဲ့ ထိုးချက်တွေကို ကာရင်းရယ်နေရလို့ Jinwoo မေးတာကို မဖြေနိုင်ပေ
Seulgi လက်သီးနဲ့ထိုးလို့ဝမှ ထိုင်ခုံမှာ ထိုင်လိုက်ပြီး သူမ leaderကို မျက်စောင်းထိုးကာ
"သူလေ Ireneနဲ့ အီစီကလီလုပ်နေတာ "
Seulgiရဲ့ ငိုမဲ့မဲ့အသံကြောင့် တစ်ဖွဲ့သားလုံး ရယ်လိုက်ကြသည်
"ငါသာ Ireneဆိုရင်လေ နင့်ဒီအသံကို ကြားပြီး ချက်ချင်း အဆက်အသွယ် ဖြတ်ပစ်မှာ ကလေးကျနေတာဘဲ အသံက "
Lisa စကားကို တစ်ဖွဲ့လုံး ခေါင်းညိတ်ပြီး ထောက်ခံကြသည်
"Jisooဆီမှာ ဟိုတလောက clubမှာတွေ့ခဲ့တဲ့ အဆိုတော် ကောင်မလေးရဲ့ ဖုန်းနံပါတ်ရှိတာ နင်သိရင် ငါ့ကို အခုလို စနိုင်မှာ မဟုတ်ဘူးနော် Manobal "
"နင့်မှာ သူ့နံပါတ်ရှိတာလား Jisoo"
Lisa တစ်ယောက် ကြက်ကြော် စားရင်း အလုပ်များနေတဲ့ သူမ CEOကို လှမ်းမေးလိုက်သည်
CEO ပြန်မဖြေခင် Lisaမှာ Seulgiကို လက်ညိုးထိုးပြီး
"Manoban... Manobal မဟုတ်ဘူးဟဲ့ "
"ငါ စကားပြောလို့ရပြီလား "
Jisoo ကြက်ကြော်စားပြီးနောက် တစ်ရှူးနဲ့ လက်သုတ်ရင်း ပြောတော့ Lisa ခေါင်းညိတ်ပြသည်
"သူ့အိမ်မက်တွေ အကောင်အထည်ဖော်ပေးချင်လို့ င့ါ business cardကို သူ့ပေးပြီး သူ့ဖုန်းနံပါတ်ကို ငါယူထားတာ ဒါဘဲ သူ့ကို ကြိုက်နေလို့ မဟုတ်ဘူး ထိုင်းမရဲ့...ပြီးတော့ ဟိုဝက်ဝံစုတ်...နင့် မန်နေဂျာကိုလည်း ငါက သူငယ်ချင်းလို သဘောထားတာ ဘာသဘောမှမရှိဘူး "
"တကယ်လား ဒါဆို ဘာလို့ ဟိုတို့ဒီတို့နဲ့ ရှက်နေရတာလည်း "
"Seulgi ပါးစပ်ပိတ်.....Jisoo ငါ့ကို သူ့ဖုန်းနံပါတ် ပေးပါလားဟင် ပြီးတော့ သူ့နာမည်လည်း ပြောပြ "
Jisooခေါင်းခါပြပြီး ဘူးထဲက လက်ကျန် ကြက်ကြော်ကို ယူကာ အခန်းထဲက ထွက်လာသည်
ရိုက်ကွင်းအပြင်က မြက်ခင်းပေါ် ကြက်ကြော်စားရင်း နေဝင်ချိန်ကို ကြည့်နေသည်
Jisoo အရင်က သူမနဲ့ Jennie နေဝင်ချိန်အတူ ကြည့်ခဲ့တဲ့ အချိန်တွေကို သတိရသွားတယ်
Jisoo သက်ပြင်းချပြီး ကြက်ကြော်အရိုးတွေကို အမှိုက်ပုံးထဲ သေချာထည့်နေစဥ် Nayeonဆီက message ဝင်လာသည်
Nayeon
Chu. ...Jeongyeonက Chaeyoungကို ဖြစ်နိုင်ရင် အမြန် တွေ့ချင်နေပြီတဲ့....စာချုပ်အတွက်လည်း အသင့်ဖြစ်နေပြီ
Jisoo မှာ message ကို ဖတ်ပြီး ပြုံးမိသွားတယ်
ထို့နောက် Nayeonကို ကျေးဇူးတင်စကား ပြန်ပြောလိုက်သည်...
Jisooတို့ အိမ်ပြန်ဖို့ ကားပေါ်ရောက်နေကြသည်
Jisooကတော့ ကားမောင်းရမှာမို့ ဓာတ်ဆီရှိမရှိစစ်ဆေးပြီး ကားပေါ်လူစုံမစုံ စစ်ဆေးနေသည်
"ဟိုမှာ Ireneနဲ့ Jennie မဟုတ်လား "
Ireneတို့မှာ သူမတို့ ကားဘက်ကို လျှောက်လာလို့ Seulgi ကားပေါ်က ဆင်းပြီး Ireneတို့ဆီ ပြေးသွားသည်
"Irene ....ပြဿနာရှိလို့လား "
"အင်း ခုန ဒရိုင်ဘာက ဖုန်းဆက်တယ် ကားက စက်ရပ်သွားလို့တဲ့ ဝပ်ရှော့ရောက်နေတယ် လာမခေါ်နိုင်ဘူးဆိုပြီး....အဲ့တာကြောင့်မို့ taxi ငှားမလို့ အသိဆီဖုန်းဆက်တာလည်း ဆက်မရဘူး "
Irene စိတ်ပျက်နေတဲ့ လေသံနဲ့ပြောပေမယ့် Seulgiမှာ Ireneကို ကြည့်ပြီး သဘောကျလို့ ရယ်လိုက်သည်
"ဘာလို့ ရယ်တာလည်း ရယ်စရာပါလို့လား "
Seulgiကို Irene ရန်လုပ်တော့ Seulgi ခေါင်းခါပြပြီး
"မဟုတ်ပါဘူး နင် စိတ်ပျက်နေတဲ့ ပုံစံလေးက ချစ်စရာလေးမို့ "
Seulgi စကားကြောင့် Irene ရှက်သွားတယ်
"Excuse me. .ကျွန်မ ဖြစ်တည်မှုကို မေ့နေကြလားရှင့် "
Jennie သူမ မန်နေဂျာနဲ့ seulgi တို့ကိုကြည့်ပြီး မေးလိုက်သည်
"Oh sorry "
"Irene Jennie. ...ကားပေါ်တက်လေ Jisoo က အိမ်ပြန်ပို့ပေးမယ်လို့ပြောတယ် "
ကားပြတင်းပေါက် ဖွင့်ကာ Jinwooအော်ပြောတော့ Ireneတို့လည်း ခေါင်းညိတ်ပြီး ကားပေါ်တက်ကြသည်
ကားပေါ်တွင် Irene က Seulgiနဲ့ Minoဘေးနား ဝင် ထိုင်သည်... Lisaနဲ့ Jinwooက တစ်ယောက် တစ်ခုံဆီ ထိုင်ကြလို့ Jennie ထိုင်စရာနေရာမရှိပေ
"Jisoo. ..Jennie ရှေ့ခန်းမှာ ထိုင်လို့ရတယ်မလား နောက်ခန်းက ပြည့်နေလို့ "
"ရပါတယ် လာထိုင်ပါ "
Jisoo စကားကြောင့် Jennieမှာ Jisooဘေးနား ဝင်ထိုင်ပြီး ကျေးဇူးတင်စကား ပြောလိုက်သည်
"Gomawo Jisoo"
"Yeah. ..Jisooက ဝယ်ကျွေးမယ်တဲ့ဟေ့ "
JSLM အဖွဲ့သားတွေမှာ ဝမ်းသာအားရအော်ပြီး စားသောက်ဆိုင်ထဲ ဝင်သွားကြသည်
Jisooမှာတော့ သူ့အဖွဲ့သားတွေကို ကြည့်ရင်း ရယ်ပြီး လိုက်လာသည်
စားသောက်အခန်းထဲတွင် Jisooမှာ Ireneတို့ကို အနေမခက်အောင် Ireneတို့ ဘေးနား ဝင်ထိုင်သည်
Mino Jennie Irene Jisoo တို့က တစ်ဖက် သူမတို့နဲ့ မျက်နှာချင်းမှာတော့ Lisa Seulgi နဲ့ Jinwooတို့က ထိုင်လိုက်ကြည်
"ငါတို့အားလုံးအတွက် ဝယ်ကျွေးမယ်ဆိုတော့ နင်က တော်တော် ချမ်းသာတာဘဲ Jisoo "
Jisooရဲ့ လက်မောင်းကို ဖွဖွလေး ထုပြီး Irene ပြောလိုက်သည်
"အာ့ နာတယ်နော်...."
"ဥုံဖွ...."
Seulgiနဲ့ Jennieမှာ သူမတို့ရှေ့ ပလူးပလဲလုပ်နေတဲ့ Irene နဲ့ Jisooကို မျက်မှောင်ကြုတ်ကာ ကြည့်နေကြသည်
"သူတို့တွေ ဘာလို့ အဲ့လိုအီစီကလီလုပ်နေကြတာလည်း အိမ်ပြန်ရောက်ရင် တွေ့မယ် Ireneမ သေဖို့သာပြင် ဟင်းဟင်း"
"နင်တို့ စားချင်တာတွေ အကုန်မှာစားကြနော် "
Jisoo မှာ Ireneတို့ကို ကြည့်ပြီးပြောစဥ် Jennieက သူမကို မျက်စောင်းထိုးသွားတာ တွေ့ပြီး ရယ်ချင်စိတ်ကိုထိန်းထားရသည်
"Jisoo. ..special event တခုခုရှိလို့များလား ဘာကြောင့် ငါတို့ကို ဝယ်ကျွေးရတာလည်း ပြောပါအုံး "
Mino စကားကြောင့် အားလုံးမှာ စိတ်ဝင်စားပြီး Jisooကို လှမ်းကြည့်ကြသည်
"အခု ကြော်ငြာချက်က နင်တို့အတွက် suprise ဖြစ်နိုင်တယ်သိလား "
Jisoo ပြုံးပြီးပြောလိုက်သည်
"ငါတို့ ညစာစားပွဲကို လာ joinမယ့် ကောင်မလေးတစ်ယောက် ရှိတယ် ခုလောက်ဆို ရောက်လောက်ပြီ "
"ဘယ်သူလည်း "
Seulgi သိချင်လို့ မေးလိုက်သည်
"ဟော သူရောက်လာပြီ "
စားသောက်အခန်းတံခါးဖွင့်ပြီး ဝင်လာတဲ့ ကောင်မလေးကို Jisoo လက်ပြနှုတ်ဆက်လိုက်သည်
"Miss Park ဒီကိုလာထိုင်ပါ "
Ireneအပါအဝင် အားလုံးမှာ အရပ်ရှည်ရှည် ဆံပင်ရွှေရောင်လေးနဲ့ ကောင်မလေးကိုလှည့်ကြည့်ကြသည်
"Shit "
Lisaမှာ ကောင်မလေးကို မြင်မြင်ချင်း သူမဖုန်းကို ထုတ်ကာ မှန်ကြည့်ပြီး ဆံပင်တွေသပ်နေသည်
"Annyeonghasayeo.... Park Chaeyoung ပါ"
ကောင်မလေးမှာ အဖွဲ့သားတွေကို နှုတ်ဆက်ပြီး Jisooဘေးနား ဝင်ထိုင်လိုက်သည်
"မင်းက clubက အဆိုတော်ဘဲ "
Jinwoo လက်ညိုးထိုးပြီး ပြောတော့ Chaeyoung ခေါင်းညိတ်ပြသည်
"Wow အဝေးကနေကြည့်တာတောင် အရမ်းလှတာ အခုအနီးကပ်ကြည့်တော့ ပိုလှတယ်ဗျာ့....ကြည့်ပါအုံး Jisooနဲ့ဘေးချင်းကပ်ရက်ထိုင်တော့ အတွဲတွေကြလို့ လိုက်ဖက်လိုက်တာ တွဲကြပါလား အား...."
Mino စကားမဆုံးသေး သူ့ခြေထောက် တက်နင်းခံရလို့ Minoအော်လေသည်
Mino ဘယ်သူ့လက်ချက်မှန်းသိတယ်လေ ဘာလို့ဆို သူ့ရှေ့က Lisaက သူ့ကို မျက်စောင်းတွေထိုးနေလို့လေ
"Shoe ဖိနပ်အဖြူ ဝတ်လာတဲ့နေ့မှ ခြေထောက်နှစ်ဖက်လုံးကို တက်နင်းလိုက် Lisa "
"Yah ငါ နင့်ရဲ့ညာဖက်ခြေထောက်ကို မတော်တဆ နင်းမိရုံပါ ဘာလို့နှစ်ဖက်လုံးကို တက်နင်းတယ်လို့ လိမ်ပြောတာလည်း"
"ဒါဆို ဘယ်ဘက်ခြေထောက် ဘယ်သူနင်းတာလည်း "
Mino သူ့ဘေးက Jennie ကို ကြည့်တော့ Jennie က ဖုန်းကြည့်နေသည် ဒါကြောင့်မို့ Lisaဘဲ နှစ်ဖက်လုံး တက်နင်းတယ်လို့ တွေးလိုက်သည်
"ညစာကျွေးတဲ့အပြင် အိမ်အထိ လိုက်ပို့ပေးလို့ ကျေးဇူးတင်ပါတယ် Jisoo "
Ireneမှာ Jisooကို ကျေးဇူးတင်စကားပြောတော့ Jisoo လက်ပြနှုတ်ဆက်လိုက်သည်
"ရပါတယ် အချင်းချင်းဘဲ ကျေးဇူးတင်စရာမလိုပါဘူးဟ သွားပြီနော် see u good night. ..."
Jisooတို့ကားလည်း ထွက်သွားရော Jennie မှာ Ireneကို ဆောင့်ဆွဲပြီး အိမ်ထဲကို ခေါ်လာသည်
#tbc
#zawgyi
"ဒီေန႕ေတာ့ ဒီေလာက္ပါဘဲ အားလုံး အလုပ္ႀကိဳးစားေပးလို႔ ေက်းဇူးတင္ပါတယ္ "
Jisooရဲ႕ ႏြေးေထြးတဲ့အၿပဳံးနဲ႕ စကားေၾကာင့္ ရိုက္ကြင္းက ဝန္ထမ္းေတြလည္း ေက်းဇူးတင္စကားေျပာၿပီး ပစၥည္းေတြ သိမ္းလိုက္ၾကသည္...Jisooလည္း ပစၥည္းေတြကူသိမ္းေပးေလသည္
"Jisoo "
"Hey Irene "
"စစေတြ႕ခ်င္းကေတာ့ ငါက နင့္ကို အလုပ္မွန္သမွ် ဝန္ထမ္းေတြကို ခိုင္းမယ့္ ငပ်င္း CEO ထင္ခဲ့တာ အခုေတာ့ အထင္အျမင္လြဲသြားၿပီ ....ငါ့ petေလးနဲ႕ အလုပ္တြဲလုပ္မွ နင္က အေကာင္းဆုံး CEOနဲ႕ ဒါရိုက္တာ ဆိုတာ ငါ သိသြားတယ္ "
Jisooရဲ႕ ပခုံးကို ပုတ္ၿပီး Irene ခ်ီးက်ဴးစကားေျပာလိုက္သည္
"ငါ့အလုပ္ငါ ေသခ်ာလုပ္တာပါဟာ နင္ ခ်ီးက်ဴးသေလာက္ထိ မေတာ္ပါဘူး "
Irene စကားေၾကာင့္ Jisoo ရွက္သြားတာကို Irene ၾကည့္ၿပီး ရယ္ေလသည္
"Oh my god. ..နင္ ရွက္ေနတာေလးက ခ်စ္စရာေလး ....ငါနဲ႕အတူ ရွိေနတိုင္း နင္ရွက္ေနတာေလး ျမင္ရဖို႔ ဆုေတာင္းရမယ္ ဟိဟိ "
Irene ေျပာၿပီး Jisoo မ်က္ႏွာေလးကို လက္ညိုးနဲ႕ တို႔ျပန္သည္
"ဒါေပမယ့္ ငါတကယ္ေျပာတာသိလား နင္က အေတာ္ဆုံး ဒါရိုက္တာဘဲ "
Ireneေျပာၿပီး Jisooႏွာေခါင္းေလးကို လက္ညိုးနဲ႕ တို႔ျပန္သည္
"တစ္ခ်ိဳ႕ဒါရိုက္တာေတြဆိုေလ မင္းသမီးက idolက နည္းနည္းမွားရင္ကို သီးမခံနိုင္ၾကဘူး နင္ကေတာ့ အဲ့လိုမဟုတ္ဘူး အရမ္း cool ျဖစ္တယ္ နင္နဲ႕အတူ ေနာက္လေတြလည္း အလုပ္တြဲလုပ္ရမွာကို ငါ သေဘာက်ေနၿပီ "
Irene ေျပာၿပီး လက္မေထာင္ျပသည္
"Hehe. .ဒါေပါ့ ငါက Cool ျဖစ္တဲ့ CEO Kimဘဲ "
"ဒါေပါ့ နင္က CEO Kimဘဲ ဒါေၾကာင့္မို႔ international celebrity ေတြက နင္နဲ႕အလုပ္တြဲလုပ္ရတာ သေဘာက်ၿပီး နင့္ကို စြဲလမ္းေနၾကတာေလ "
သူမ စကားေၾကာင့္J isoo ရွက္ၿပီး ေခါင္းငုံ႕သြားလို႔ Irene သေဘာက်ၿပီး ရယ္ျပန္သည္
မန္ေနဂ်ာနဲ႕ CEOတို႔ တဟီးဟီးတဟားဟားနဲ႕ စကားေျပာေနတာရင္း တစ္စုံတစ္ေယာက္က သူမတို႔ကို ၾကည့္ၿပီး မ်က္ေစာင္းေတြထိုးေနတာကို သတိမထားမိေပ
"Yah!! Kim Jisoo "
Jisoo သူမနာမည္ေခၚလို႔ လွည့္ၾကည့္ေတာ့ မ်က္ေမွာင္ၾကဳတ္ကာ သူမတို႔ဆီ ေလွ်ာက္လာတဲ့ ေကာင္မေလးေၾကာင့္ အၿပဳံးေတြ ေပ်ာက္ကြယ္သြားသည္
"He hello Seulgi... "
Seulgi ဘာမွမေျပာဘဲ Jisoo လက္ကို ေဆာင့္ဆြဲကာ သူတို႔နားေနခန္းကို ဆြဲေခၚသြားသည္
Irene ကေတာ့ Seulgi တို႔ကို ၾကည့္ၿပီး ရယ္ရင္းက်န္ခဲ့သည္
"ဘာျဖစ္တာလည္းဟ "
အခန္းထဲတြင္ Seulgi တစ္ေယာက္ Jisooလက္ေမာင္းကို တရစပ္ထိုးေနလို႔ Jinwooတစ္ေယာက္ အံ့ၾသၿပီး ေမးလိုက္သည္
Jisooမွာေတာ့ အူတိုေနတဲ့ ဝက္ဝံေပါက္စေလးရဲ႕ ထိုးခ်က္ေတြကို ကာရင္းရယ္ေနရလို႔ Jinwoo ေမးတာကို မေျဖနိုင္ေပ
Seulgi လက္သီးနဲ႕ထိုးလို႔ဝမွ ထိုင္ခုံမွာ ထိုင္လိုက္ၿပီး သူမ leaderကို မ်က္ေစာင္းထိုးကာ
"သူေလ Ireneနဲ႕ အီစီကလီလုပ္ေနတာ "
Seulgiရဲ႕ ငိုမဲ့မဲ့အသံေၾကာင့္ တစ္ဖြဲ႕သားလုံး ရယ္လိုက္ၾကသည္
"ငါသာ Ireneဆိုရင္ေလ နင့္ဒီအသံကို ၾကားၿပီး ခ်က္ခ်င္း အဆက္အသြယ္ ျဖတ္ပစ္မွာ ကေလးက်ေနတာဘဲ အသံက "
Lisa စကားကို တစ္ဖြဲ႕လုံး ေခါင္းညိတ္ၿပီး ေထာက္ခံၾကသည္
"Jisooဆီမွာ ဟိုတေလာက clubမွာေတြ႕ခဲ့တဲ့ အဆိုေတာ္ ေကာင္မေလးရဲ႕ ဖုန္းနံပါတ္ရွိတာ နင္သိရင္ ငါ့ကို အခုလို စနိုင္မွာ မဟုတ္ဘူးေနာ္ Manobal "
"နင့္မွာ သူ႕နံပါတ္ရွိတာလား Jisoo"
Lisa တစ္ေယာက္ ၾကက္ေၾကာ္ စားရင္း အလုပ္မ်ားေနတဲ့ သူမ CEOကို လွမ္းေမးလိုက္သည္
CEO ျပန္မေျဖခင္ Lisaမွာ Seulgiကို လက္ညိုးထိုးၿပီး
"Manoban... Manobal မဟုတ္ဘူးဟဲ့ "
"ငါ စကားေျပာလို႔ရၿပီလား "
Jisoo ၾကက္ေၾကာ္စားၿပီးေနာက္ တစ္ရႉးနဲ႕ လက္သုတ္ရင္း ေျပာေတာ့ Lisa ေခါင္းညိတ္ျပသည္
"သူ႕အိမ္မက္ေတြ အေကာင္အထည္ေဖာ္ေပးခ်င္လို႔ င့ါ business cardကို သူ႕ေပးၿပီး သူ႕ဖုန္းနံပါတ္ကို ငါယူထားတာ ဒါဘဲ သူ႕ကို ႀကိဳက္ေနလို႔ မဟုတ္ဘူး ထိုင္းမရဲ႕...ၿပီးေတာ့ ဟိုဝက္ဝံစုတ္...နင့္ မန္ေနဂ်ာကိုလည္း ငါက သူငယ္ခ်င္းလို သေဘာထားတာ ဘာသေဘာမွမရွိဘူး "
"တကယ္လား ဒါဆို ဘာလို႔ ဟိုတို႔ဒီတို႔နဲ႕ ရွက္ေနရတာလည္း "
"Seulgi ပါးစပ်ပိတ်.....Jisoo ငါ့ကို သူ႕ဖုန္းနံပါတ္ ေပးပါလားဟင္ ၿပီးေတာ့ သူ႕နာမည္လည္း ေျပာျပ "
Jisooေခါင္းခါျပၿပီး ဘူးထဲက လက္က်န္ ၾကက္ေၾကာ္ကို ယူကာ အခန္းထဲက ထြက္လာသည္
ရိုက္ကြင္းအျပင္က ျမက္ခင္းေပၚ ၾကက္ေၾကာ္စားရင္း ေနဝင္ခ်ိန္ကို ၾကည့္ေနသည္
Jisoo အရင္က သူမနဲ႕ Jennie ေနဝင္ခ်ိန္အတူ ၾကည့္ခဲ့တဲ့ အခ်ိန္ေတြကို သတိရသြားတယ္
Jisoo သက္ျပင္းခ်ၿပီး ၾကက္ေၾကာ္အရိုးေတြကို အမွိုက္ပုံးထဲ ေသခ်ာထည့္ေနစဥ္ Nayeonဆီက message ဝင္လာသည္
Nayeon
Chu. ...Jeongyeonက Chaeyoungကို ျဖစ္နိုင္ရင္ အျမန္ ေတြ႕ခ်င္ေနၿပီတဲ့....စာခ်ဳပ္အတြက္လည္း အသင့္ျဖစ္ေနၿပီ
Jisoo မွာ message ကို ဖတ္ၿပီး ၿပဳံးမိသြားတယ္
ထို႔ေနာက္ Nayeonကို ေက်းဇူးတင္စကား ျပန္ေျပာလိုက္သည္...
Jisooတို႔ အိမ္ျပန္ဖို႔ ကားေပၚေရာက္ေနၾကသည္
Jisooကေတာ့ ကားေမာင္းရမွာမို႔ ဓာတ္ဆီရွိမရွိစစ္ေဆးၿပီး ကားေပၚလူစုံမစုံ စစ္ေဆးေနသည္
"ဟိုမွာ Ireneနဲ႕ Jennie မဟုတ္လား "
Ireneတို႔မွာ သူမတို႔ ကားဘက္ကို ေလွ်ာက္လာလို႔ Seulgi ကားေပၚက ဆင္းၿပီး Ireneတို႔ဆီ ေျပးသြားသည္
"Irene ....ျပႆနာရွိလို႔လား "
"အင္း ခုန ဒရိုင္ဘာက ဖုန္းဆက္တယ္ ကားက စက္ရပ္သြားလို႔တဲ့ ဝပ္ေရွာ့ေရာက္ေနတယ္ လာမေခၚနိုင္ဘူးဆိုၿပီး....အဲ့တာေၾကာင့္မို႔ taxi ငွားမလို႔ အသိဆီဖုန္းဆက္တာလည္း ဆက္မရဘူး "
Irene စိတ္ပ်က္ေနတဲ့ ေလသံနဲ႕ေျပာေပမယ့္ Seulgiမွာ Ireneကို ၾကည့္ၿပီး သေဘာက်လိဳ႕ ရယ္လိုက္သည္
"ဘာလို႔ ရယ္တာလည္း ရယ္စရာပါလို႔လား "
Seulgiကို Irene ရန္လုပ္ေတာ့ Seulgi ေခါင္းခါျပၿပီး
"မဟုတ္ပါဘူး နင္ စိတ္ပ်က္ေနတဲ့ ပုံစံေလးက ခ်စ္စရာေလးမို႔ "
Seulgi စကားေၾကာင့္ Irene ရွက္သြားတယ္
"Excuse me. .ကြၽန္မ ျဖစ္တည္မႈကို ေမ့ေနၾကလားရွင့္ "
Jennie သူမ မန္ေနဂ်ာနဲ႕ seulgi တို႔ကိုၾကည့္ၿပီး ေမးလိုက္သည္
"Oh sorry "
"Irene Jennie. ...ကားေပၚတက္ေလ Jisoo က အိမ္ျပန္ပို႔ေပးမယ္လို႔ေျပာတယ္ "
ကားျပတင္းေပါက္ ဖြင့္ကာ Jinwooေအာ္ေျပာေတာ့ Ireneတို႔လည္း ေခါင္းညိတ္ၿပီး ကားေပၚတက္ၾကသည္
ကားေပၚတြင္ Irene က Seulgiနဲ႕ Minoေဘးနား ဝင္ ထိုင္သည္... Lisaနဲ႕ Jinwooက တစ္ေယာက္ တစ္ခုံဆီ ထိုင္ၾကလို႔ Jennie ထိုင္စရာေနရာမရွိေပ
"Jisoo. ..Jennie ေရွ႕ခန္းမွာ ထိုင္လို႔ရတယ္မလား ေနာက္ခန္းက ျပည့္ေနလို႔ "
"ရပါတယ္ လာထိုင္ပါ "
Jisoo စကားေၾကာင့္ Jennieမွာ Jisooေဘးနား ဝင္ထိုင္ၿပီး ေက်းဇူးတင္စကား ေျပာလိုက္သည္
"Gomawo Jisoo"
"Yeah. ..Jisooက ဝယ္ေကြၽးမယ္တဲ့ေဟ့ "
JSLM အဖြဲ႕သားေတြမွာ ဝမ္းသာအားရေအာ္ၿပီး စားေသာက္ဆိုင္ထဲ ဝင္သြားၾကသည္
Jisooမွာေတာ့ သူ႕အဖြဲ႕သားေတြကို ၾကည့္ရင္း ရယ္ၿပီး လိုက္လာသည္
စားေသာက္အခန္းထဲတြင္ Jisooမွာ Ireneတို႔ကို အေနမခက္ေအာင္ Ireneတို႔ ေဘးနား ဝင္ထိုင္သည္
Mino Jennie Irene Jisoo တို႔က တစ္ဖက္ သူမတို႔နဲ႕ မ်က္ႏွာခ်င္းမွာေတာ့ Lisa Seulgi နဲ႕ Jinwooတို႔က ထိုင္လိုက္ၾကည္
"ငါတို႔အားလုံးအတြက္ ဝယ္ေကြၽးမယ္ဆိုေတာ့ နင္က ေတာ္ေတာ္ ခ်မ္းသာတာဘဲ Jisoo "
Jisooရဲ႕ လက္ေမာင္းကို ဖြဖြေလး ထုၿပီး Irene ေျပာလိုက္သည္
"အာ့ နာတယ္ေနာ္...."
"ၪုံဖြ...."
Seulgiနဲ႕ Jennieမွာ သူမတို႔ေရွ႕ ပလူးပလဲလုပ္ေနတဲ့ Irene နဲ႕ Jisooကို မ်က္ေမွာင္ၾကဳတ္ကာ ၾကည့္ေနၾကသည္
"သူတို႔ေတြ ဘာလို႔ အဲ့လိုအီစီကလီလုပ္ေနၾကတာလည္း အိမ္ျပန္ေရာက္ရင္ ေတြ႕မယ္ Ireneမ ေသဖို႔သာျပင္ ဟင္းဟင္း"
"နင္တို႔ စားခ်င္တာေတြ အကုန္မွာစားၾကေနာ္ "
Jisoo မွာ Ireneတို႔ကို ၾကည့္ၿပီးေျပာစဥ္ Jennieက သူမကို မ်က္ေစာင္းထိုးသြားတာ ေတြ႕ၿပီး ရယ္ခ်င္စိတ္ကိုထိန္းထားရသည္
"Jisoo. ..special event တခုခုရွိလို႔မ်ားလား ဘာေၾကာင့္ ငါတို႔ကို ဝယ္ေကြၽးရတာလည္း ေျပာပါအုံး "
Mino စကားေၾကာင့္ အားလုံးမွာ စိတ္ဝင္စားၿပီး Jisooကို လွမ္းၾကည့္ၾကသည္
"အခု ေၾကာ္ျငာခ်က္က နင္တို႔အတြက္ suprise ျဖစ္နိုင္တယ္သိလား "
Jisoo ၿပဳံးၿပီးေျပာလိုက္သည္
"ငါတို႔ ညစာစားပြဲကို လာ joinမယ့္ ေကာင္မေလးတစ္ေယာက္ ရွိတယ္ ခုေလာက္ဆို ေရာက္ေလာက္ၿပီ "
"ဘယ္သူလည္း "
Seulgi သိခ်င္လို႔ ေမးလိုက္သည္
"ေဟာ သူေရာက္လာၿပီ "
စားေသာက္အခန္းတံခါးဖြင့္ၿပီး ဝင္လာတဲ့ ေကာင္မေလးကို Jisoo လက္ျပႏႈတ္ဆက္လိုက္သည္
"Miss Park ဒီကိုလာထိုင္ပါ "
Ireneအပါအဝင္ အားလုံးမွာ အရပ္ရွည္ရွည္ ဆံပင္ေ႐ႊေရာင္ေလးနဲ႕ ေကာင္မေလးကိုလွည့္ၾကည့္ၾကသည္
"Shit "
Lisaမွာ ေကာင္မေလးကို ျမင္ျမင္ခ်င္း သူမဖုန္းကို ထုတ္ကာ မွန္ၾကည့္ၿပီး ဆံပင္ေတြသပ္ေနသည္
"Annyeonghasayeo.... Park Chaeyoung ပါ"
ေကာင္မေလးမွာ အဖြဲ႕သားေတြကို ႏႈတ္ဆက္ၿပီး Jisooေဘးနား ဝင္ထိုင္လိုက္သည္
"မင္းက clubက အဆိုေတာ္ဘဲ "
Jinwoo လက္ညိုးထိုးၿပီး ေျပာေတာ့ Chaeyoung ေခါင္းညိတ္ျပသည္
"Wow အေဝးကေနၾကည့္တာေတာင္ အရမ္းလွတာ အခုအနီးကပ္ၾကည့္ေတာ့ ပိုလွတယ္ဗ်ာ့....ၾကည့္ပါအုံး Jisooနဲ႕ေဘးခ်င္းကပ္ရက္ထိုင္ေတာ့ အတြဲေတြၾကလို႔ လိုက္ဖက္လိုက္တာ တြဲၾကပါလား အား...."
Mino စကားမဆုံးေသး သူ႕ေျခေထာက္ တက္နင္းခံရလို႔ Minoေအာ္ေလသည္
Mino ဘယ္သူ႕လက္ခ်က္မွန္းသိတယ္ေလ ဘာလို႔ဆို သူ႕ေရွ႕က Lisaက သူ႕ကို မ်က္ေစာင္းေတြထိုးေနလို႔ေလ
"Shoe ဖိနပ္အျဖဴ ဝတ္လာတဲ့ေန႕မွ ေျခေထာက္ႏွစ္ဖက္လုံးကို တက္နင္းလိုက္ Lisa "
"Yah ငါ နင့္ရဲ႕ညာဖက္ေျခေထာက္ကို မေတာ္တဆ နင္းမိ႐ုံပါ ဘာလို႔ႏွစ္ဖက္လုံးကို တက္နင္းတယ္လို႔ လိမ္ေျပာတာလည္း"
"ဒါဆို ဘယ္ဘက္ေျခေထာက္ ဘယ္သူနင္းတာလည္း "
Mino သူ႕ေဘးက Jennie ကို ၾကည့္ေတာ့ Jennie က ဖုန္းၾကည့္ေနသည္ ဒါေၾကာင့္မို႔ Lisaဘဲ ႏွစ္ဖက္လုံး တက္နင္းတယ္လို႔ ေတြးလိုက္သည္
"ညစာေကြၽးတဲ့အျပင္ အိမ္အထိ လိုက္ပို႔ေပးလို႔ ေက်းဇူးတင္ပါတယ္ Jisoo "
Ireneမွာ Jisooကို ေက်းဇူးတင္စကားေျပာေတာ့ Jisoo လက္ျပႏႈတ္ဆက္လိုက္သည္
"ရပါတယ္ အခ်င္းခ်င္းဘဲ ေက်းဇူးတင္စရာမလိုပါဘူးဟ သြားၿပီေနာ္ see u good night. ..."
Jisooတို႔ကားလည္း ထြက္သြားေရာ Jennie မွာ Ireneကို ေဆာင့္ဆြဲၿပီး အိမ္ထဲကို ေခၚလာသည္
#tbc
Bạn đang đọc truyện trên: Truyen3h.Co