Truyen3h.Co

Hurt

Part 19

KimFany059

#Unicode

"နင့်ကြည့်ရတာ အရမ်း sexyကျတာဘဲ..Jen ...."

Seulgi တစ်ယောက် အဝတ်လဲခန်းထဲတွင် Idolကို ချီးကျူးလိုက်သည်

"Shooting အတွက် အဆင်သင့်ဖြစ်ပြီလား Jen. ..."

Seulgi မေးတော့ Jennie သက်ပြင်းချပြီး ခေါင်းခါပြသည်

ထို့နောက် Seulgiကို ကြည့်ကာ ပြုံးပြီး

"အမှန်တိုင်းပြောရရင် Shooting ထက် နင်တို့ CEOနဲ့ တွေ့ရမှာကို ပိုစိတ်လှုပ်ရှားတယ် "

Jennieရဲ့ စကားကြောင့် Seulgi ဟန်ဆောင်ပြီး ရယ်လိုက်သည်

"ကြားရတာ ဝမ်းသာစရာပါဘဲ ဒါပေမယ့် Jennie တစ်ခုတော့ ကတိပေးဟာ အကယ်၍ ကိစ္စ တစ်ခုခု ဖြစ်သွားခဲ့တောင် နင် အခုလိုလေးဘဲ နေပေးနော် "

Jennieမှာ Seulgiရဲ့ စကားကြောင့် မျက်မှောင်ကြုတ်သွားတယ်

Seulgiကို ဘာကြောင့်လည်းဆိုတာ မေးမလို့ဆိုပေမယ့် Lisaက ဓာတ်ပုံအနည်းငယ်ရိုက်ဖို့ ဆိုပြီး Jennieကို လှမ်းခေါ်သည်

Jennieလည်း အခန်းထဲက ထွက်လာပြီး ထိုင်းက ဓာတ်ပုံဆရာဆီ သွားလိုက်သည်

Lisaကို နှုတ်ဆက်မလို့ရှိသေး Lisa ရှေ့က ကောင်မလေးကြောင့် Jennie ခြေလှမ်းရပ်တန့်သွားတယ်

Jennie ကို ကျောပေးထားသောကြောင့် ကောင်မလေးက ဘယ်သူလည်းဆိုတာ Jennieမတွေ့ရပေမယ့် CEO ဖြစ်ရမယ်ဆိုပြီး နှုတ်ဆက်ဖို့ ကောင်မလေးရှိရာကို အမြန်သွားသည်

သို့သော် ကောင်မလေး အနား သူမ ရောကျခါနိီး ကောင်မလေးမှာ ထွက်သွားလေသည်

Lisaမှာ ကောင်မလေးကိုဘဲ လိုက်ကြည့်နေတဲ့ Jennie ကို လက်ပြပြီး ဆွဲခေါ်သွားသည်

"လာ ရိုက်ကြစို့ "

"Leader Nim အဆင်ပြေရဲ့လား "

Mino သူမဘေးနား လာထိုင်တဲ့ Jisooကို ကော်ဖီခွက်ကမ်းပေးပြီး မေးလိုက်သည်

"ပြေပါ့ရှင် Jennieကိုလည်း တွေ့ခဲ့တယ် သူတော်တော် sexyကျပြီး လှတာ "

Jisoo ကော်ဖီသောက်ပြီး ပြန်ဖြေလိုက်သည်

"ဒါပေါ့ Jennie Kimဘဲကို ဟားဟား "

Minoမှာ Seulgi ဝယ်ထားတဲ့ အာလူးကြော်ကို ဖောက်စားရင်း ပြောလိုက်သည်

Jisooနဲ့ Minoတို့ မုန့်စားရင်း စကားတွေပြောပြီး ရယ်မောနေကြသည်

"Camera က အဆင်သင့်ဖြစ်နေပြီ လာကြတော့ "

Jinwooရောက်လာပြီး Jisooနဲ့ Minoကို ဆွဲခေါ်သွားသည်

Jisoo အလယ်မှာနေပြီး သုံးယောက်သား Jennie ဆီကို သွားကြသည်

"နင့်ရဲ့ ဝမ်းနည်းမှုနဲ့ စတင်တိုက်ခိုက်ရတော့မယ် နင်လုပ်နိုင်ပါတယ် Fighting Ji "

Jisoo သူမကိုယ်သူမ အားပေးလိုက်သည်

Lisaရယ် Jennieနဲ့ Seulgiကတော့ ဓာတ်ပုံရိုက်ပြီးနောက် စကားရပ်ပြောနေကြသည်

Lisaမှာ Jisooတို့ လာနေတာကို မြင်ပြီး ချောင်းဟန့်ကာ

"Jennie ...Contract စချုပ်ကတည်းကနေ ခုထိ နင် CEOနဲ့မတွေ့ဖူးသေးဘူးနော် အခုတွေ့ရတော့မယ်ဆိုတော့ တစ်ခု ပြောချင်တယ် Personal ကိစ္စတွေကို အလုပ်မှာ မေ့ထားပေး မဟုတ်ရင် အလုပ်လုပ်ရတာ ခက်ခဲတယ်ဆိုတာ နင်သိတယ်မလား ငါတို့က Dramaထိပါ နင်နဲ့တွဲလုပ်ရမှာဆိုတော့ အနေခက်တာမျိုး ဘာညာမဖြစ်ချင်လို့ "

Lisa ဘာပြောမှန်း Jennie နားမလည်ပေမယ့် ခေါင်းသာညိတ်ပြလိုက်သည်

"ကဲ Jennie ဟိုမှာ ငါတို့ ခေါင်းဆောင်လာပြီ နှုတ်ဆက်လိုက်ပါအုံး ...."

Lisa စကားကြောင့် Jennie ကျောပေးထားရာကနေ လှည့်ကြည့်သောအခါ Jennie အံ့သြသွားပြီး မျက်လုံးပြူးသွားလေသည်

"Ji Jisoo. ..."

"Annyeonghasayeo... JSLM companyရဲ့ CEOနဲ့ ခေါင်းဆောင် Kim Jisooပါ "

Jisoo professional ဆန်စွာနှုတ်ဆက်ပြီး လက်ဆွဲနှုတ်ဆက်ဖို့ ကမ်းလှမ်းလေသည်

Jennieမှာ သူမExရဲ့ လက်ကို ကြည့်ပြီး မထိချင်ဖြစ်နေပေမယ့် Lisaပြောတဲ့ စကားကို ကြားယောင်ပြီး Jisooကို လက်ဆွဲနှုတ်ဆက်လိုက်သည်

"Jennie Kim ပါ "

"ကောင်းပြီ ဒါဆို အလုပ်စလုပ်ကြတာပေါ့ "

Jisoo ခေါင်းညိတ်ပြီး Jennie လက်ကို လွှတ်လိုက်သည် 

Jisooမှာ ဘယ်အခန်းကို ဘယ်လိုရိုက်မယ်ဆိုတာ Jennie ကို သေချာ ရှင်းပြနေသည်

Lisaတို့မှာ Jensooတို့ အတွဲကို အာရုံစိုက်ကာကြည့်နေကြသည်

Seulgi မှာဆို Jennieရဲ့ အီလည်လည်မျက်နှာကို ကြည့်ပြီး ရယ်ချင်စိတ်ကို ထိန်းထားနေရသည်

"ကဲ ဒါဆို Mv စရိုက်မယ် "

Jisoo လက်ခုပ်တီးပြီးပြောလို့ ဝန်ထမ်းတွေလည်း Mvရိုက်ဖို့ ပြင်ဆင်နေကြသည်

Mv ရိုက်ကွင်းဟာ Jisoo စီစဥ်ထားသလို အဆင်ပြေပြေချောချော့မွေ့မွေ့ဖြစ်နေသည်

ယခု Jennieက သူမ အင်ကျီကို ချွတ်ပြီး အဝတ်လျှော်စက်ထဲ ထည့်မယ့် အပိုင်း ရိုက်တော့မည်

ထို့ကြောင့် Seulgi တစ်ယောက် Jisooကို စနေသည်

"နှာခေါင်းသွေးလျှံဖို့ အသင့်ဖြစ်ပြီလား Jisoo "

"Yah. .."

Jisoo အဖွဲ့သားတွေမှာ Jennie လစ်ရင်လစ်သလို Jisooကို စနေကြသည်

Jisooကတော့ Jennieကို အကောင်းဆုံး အကြံဥာဏ်တွေပေးပြီး guideလုပ်ပေးသောကြောင့် Mv ရိုက်ရတာ သိပ်ခက်ခဲတာတွေမရှိပေ

"နင် အဆင်ပြေရဲ့လား "

Jisoo စိတ်ပူပြီး မေးလိုက်သည် Jisooက အမြဲတမ်း သူမနဲ့အလုပ်တွဲလုပ်တဲ့သူတွေကို ဂရုစိုက်တတ်သည်

ကျန်းမာရေးမကောင်းဘူး နေမကောင်းဘူးဆို လူတွေက စိတ်တိုတတ်တယ်လေ

ဒါကြောင့်မို့ အဆင်ပြေလား နေကောင်းလား မေးပြီး နေမကောင်းဘူးဆို ဖိအားမပေးဘဲ ရိုက်ကွင်းနားပေးလိုက်သည်

ဒါကြောင့်မို့ celebrity တွေက Kim Jisooကို သဘောကျကျတာလေ တချို့ကဆို Jisoo ဂရုစိုက်မှူအပေါ် အထင်လွဲပြီး  သူတို့နဲ့ Jisooက flirt နေတယ်တောင် ထင်ကြသေးသည်

"အဆင်ပြေပါတယ် "

ရာသီဥတုက အေးသောကြောင့် Jennie ချမ်းနေပေမယ့် တခြားသူတွေကို အနှောင့်အယှက်မဖြစ်စေချင်လို့ လိမ်ပြောလိုက်သည်

"Ok ဒါဆို စမယ် Ready 123..action. .."

Jinwoo သီချင်းအမြန်ဖွင့်ပြီး Jennieကို ကြည့်လိုက်သည်

ဒါရိုက်တာမှာ ကင်မရာသမားကို အကောင်းဆုံး angled တွေကို ပြကာ ရိုက်ခိုင်းသည်

ဒုတိယအပိုင်း ပြီးသွားတော့ Jisoo အော်လိုက်သည်

"Cuttt "

Irene ချက်ချင်းဘဲ Jennieဆီ ပြေးသွားပြီး jacket ပေးလိုက်သည် ဘာလို့ဆို သူမ idol ချမ်းနေတယ်ဆိုတာ သိတယ်လေ

"နင် အဆင်ပြေရဲ့လား "

"ပြေပါတယ် Irene "

Jennie ထပ်လိမ်လိုက်ပြန်သည် တကယ်ဆို သူမ Jisooရဲ့ စိတ်ပူနေတဲ့ မျက်နှာကို ခဏခဏပြန်မြင်ယောင်နေလို့ အဆင်မပြေပါ

ဆယ်မိနစ်နားပြီးသောအခါ Jisoo ရိုက်ကွင်းပြန်စသည်

သို့သော် Jisooကို မြင်လေ Jennie စိတ်လှုပ်ရှားနေလေမို့ ဒီတစ်ခါတော့ ရိုက်ကွင်းတွင် အလွဲလွဲအချော်ချော် ဖြစ်နေသည်

"Cut "

Jisooအော်ပြီး Jennieဆီ လျှောက်လာသည်

"Jennie. ....အဆင်ပြေရဲ့လား တစ်ခုခုဖြစ်နေတာလား..."

Jennie ဘာမှမပြောနိုင်ဘဲ နှုတ်ခမ်းတွေတုန်နေသည်

Jisoo သက်ပြင်းချပြီး သူမ jacketကို ချွတ်ကာ Jennieကို ခြုံပေးလေသည်။

"ဆယ်မိနစ်ထပ်နားမယ် ..ကဲ Jennie ဆယ်မိနစ်ထပ်နားမယ်နော် ဒါကြောင့်မို့ စိတ်ကို လျော့ထားပြီး နားလိုက်ပါအုံး အဆင်သင့်ဖြစ်ရင် ပြောနော် ငါတို့စောင့်နေတယ် "

Jisooပြောပြီး Jennieဆီက ထွက်လာသည်

"Fuck! လက်သည်းကိုက်နေတာ ရပ်လိုက်စမ်း Jennie "

Irene ကျိန်ဆဲပြီး Jennieရဲ့ လက်ကို ရိုက်လိုက်သည်

"လက်သည်းနီတွေ ပျက်ကုန်တော့မှာဘဲ "

Jennie ခေါင်းညိတ်ပြီး မှန်ထဲက သူမပုံရိပ်ကို ကြည့်လိုက်သည်

"နှလုံးခုန်မြန်နေတာ ရပ်စမ်း Jennie. ..Jisooက နင်ချမ်းနေလို့ သူ့ဂျာကင်ပေးတာ...တခြား ဘာသဘောမှမဟုတ်ဘူး လျှောက်တွေးမနေနဲ့ "

Jennie သူ့ကိုယ်သူ သတိပေးလိုက်သည်

"Miss Jisooကလေ တကယ့် ဒါရိုက်တာကောင်းဘဲ ဂျပန်က Celebrity တွေ ရွေးချယ်တဲ့ Top 5 best director ထဲမှာ သူက နံပါတ်တစ် ရထားတာ "

Make up artist ပြောသောစကားကို Jenreneတို့ ကြားပြီး Ireneမှာ စိတ်ဝင်စားပြီး မေးလိုက်သည်

"ဘာများလည်း "

"ဒီမှာ ဖတ်ကြည့် "

Make up artistမှာ ဖုန်းကနေ သတင်းတွေရှာပြီး Ireneကို ပေးလိုက်သည်

"မြောက်မြားစွာသော celebrity တွေက JSLM Companyက Kim Jisooကို အကောင်းဆုံး ဒါရိုက်တာအဖြစ် ရွေးချယ်ခဲ့ကြပါတယ် ခုနှစ်နှစ်အတွင်းမှာလည်း Kim Jisooဟာ award show အဘက်ဘက်ကနေ ဆုပေါင်း တစ်ရာကျော်ကိုလည်း သိမ်းပိုက်ထားသူ ဖြစ်ပါတယ် artist တွေဟာ Kim Jisooက အလွန်ဂရုစိုက်တတ်ပြီး နားလည်ပေးတတ်တဲ့ ဒါရိုက်တာ ဖြစ်ကြောင်း ပြောကြပါတယ်...တစ်ချို့ female artist တွေကဆို Kim Jisoo ဂရုစိုက်မှုတွေကြောင့် Kim Jisooအပေါ် သဘောကျသွားပါတယ်လို့ Mo Mo .Mina. နဲ့ Sanaတို့က အစီအစဥ်တစ်ခုမှာ ဝန်ခံသွားပါသေးတယ် ....."

"ဘာတေဖတ်နေတာလည်း နားငြီးတာ "

Jennie ပြောပြီး Irene လက်ထဲက ဖုန်းကိုဆွဲလုကာ Make up artist ကို ပြန်ပေးလေသည်

#TBC

နောက်အပိုင်းကစပြီး jealous Jendeukie လေးကို တွေ့ရပါတော့မယ် ဟိဟိ ချောင်းငါးလေးလည်း နောက်နှစ်ပိုင်းလောက်ဆို ပြန်ပါလာတော့မယ်နော်

#Zawgyi














သို့သော် ကောင်မလေး အနား သူမ ရောကျခါနီး ကောင်မလေးမှာ ထွက်သွားလေသည်


"လာ ရိုက်ကြစို့ "



















"Ji Jisoo. ..."




"Jennie Kim ပါ "






"ကဲ ဒါဆို Mv စရိုက်မယ် "






"Yah. .."



"နင် အဆင်ပြေရဲ့လား "





"အဆင်ပြေပါတယ် "






"Cuttt "


"နင် အဆင်ပြေရဲ့လား "

"ပြေပါတယ် Irene "




"Cut "















"ဘာများလည်း "

"ဒီမှာ ဖတ်ကြည့် "





#TBC


Bạn đang đọc truyện trên: Truyen3h.Co