Part 22
#Unicode
"မဟုတ်ဘူးလေ ရှင် ကျွန်မကို ဒီလို လာလုပ်လို့မရဘူး "
Hyorin ပြောပြီး စာရွက်တွေကို သူမနဲ့ စကားပြောနေတဲ့ သူဆီသို့ ပစ်ပေါက်လိုက်သည်
"Mrs. Kim. ..ကျွန်တော်တို့ ခင်ဗျားကို အချိန်အလုံလောက်ပေးထားခဲ့တယ်နော်.....ဒီရက်ပိုင်းအတွင်း အကြွေးမပေးနိုင်ဘူးဆိုရင်တော့ တရားရုံးမှာ တွေ့ကြတာပေါ့ "
Hyorinနဲ့ စကားပြောနေတဲ့ အမျိုးသားမှာ Hyorinကို ခြိမ်းခြောက်စကားပြောပြီး Hyorin ရုံးခန်းကနေ ထွက်သွားသည်
Hyorin စိတ်ရှုပ်ပြီး သူ့ဆံပင်တွေကို သူဆောင့်ဆွဲလိုက်သည်
Hyorin ရဲ့ Companyက အကြွေးတွေပိပြီး ဒေဝါလီခံရတော့နီးပါး ဖြစ်နေသည်
"Mrs. Kim.... "
Hyorin သူမ အတွင်းရေးမှူး ခေါ်သံကြောင့် လှမ်းကြည့်လိုက်သည်
"အမျိုးသားတစ်ဦးက Mrs. Kim နဲ့ တွေ့ချင်လို့ဆိုပြီး ပြောနေတယ် သူ့ကို အထဲလွှတ်ရမလား "
"Ok "
Hyorin ဘယ်သူမှန်းမသိဘဲ အထဲဝင်လာခိုင်းဖို့ ခွင့်ပြုလိုက်သည်
"Hello Hyorin "
အထဲဝင်လာသူကား တစ်ခြားမဟုတ် Taeyang ဖြစ်နေသည်
"ဒီကို ဘာလာလုပ်တာလည်း"
Hyorin မျက်မှောင်ကြုတ်ကာ မေးတော့ Taeyang ဆိုဖာမှာ ထိုင်လိုက်ပြီး
"ဒီတိုင်း လမ်းကြုံလို့ ဝင်လာတာ... ဒါနဲ့ မင်းကြည့်ရတာ တစ်ခုခု ဖြစ်နေသလိုဘဲ အဆင်ပြေရဲ့လား "
Taeyangမေးတော့ Hyorin မျက်နှာထားတင်းလိုက်ပြီး
"ကျွန်မ ဘာမှမဖြစ်ဘူး "
"Hyorin.... ကိုယ့်ပခုံးက မင်းပင်ပန်းလာတဲ့အချိန် မှီဖို့ အမြဲ အဆင်သင့်နော်....ကိုယ်က အခုထိ မင်းခင်ပွန်း ဖြစ်နေတုံးဆိုတာ သတိရပေးအုံးနော် "
Taeyang ထိုင်ရာကနေ ထလာပြီး Hyorinဆီ လျှောက်လာသည်
ထို့နောက် Hyorinရဲ့လက်ကို ကိုင်လိုက်ပြီး
"မင်းကို ကူညီခွင့်ပေးပါလား '
"ဘယ်လို ကူညီနိုင်မှာလည်း ကျွန်မမှာ အကြွေးတွေ ပိနေပြီး ဝန်ထမ်းတွေကိုလည်း လစာပုံမှန်မပေးနိုင်လို့ တစ်ယောက်ပြီးတစ်ယောက် ထွက်ကုန်ကြပြီ....Jennieကလည်း အရင်လိုမဟုတ်တော့ဘူး..... အခု ကျွန်မ မိသားစုပိုင်ဆိုင်တဲ့ company က ကျွန်မကြောင့် ပျက်စီးတော့မယ် "
"ကိုယ်တို့ အတူ ပြုပြင်နိုင်မှာပါ....ကိုယ့်ကို ယုံကြည်ပေးပါ "
Taeyang သူ့မိန်းမကို ဆွဲဖက်ပြီး နှစ်သိမ့်လေသည်
"One Two Three Shot! "
Lisaမှာ ကင်မရာခလုတ်ကို နှိပ်ပြီး ဓာတ်ပုံရိုက်ဖို့ အသင့်ပြင်နေတဲ့ သူမ memberတွေဆီ ပြေးသွားသည်
"နင် ဘာလို့ သူတို့နဲ့ အတူ ပုံမရိုက်တာလည်း "
Jennie ခုံတန်းရှည်ပေါ်တွင် သူမနဲ့အတူ ထိုင်နေတဲ့ Jisooကို မေးလိုက်သည်
"မရိုက်ချင်ဘူး ရှက်စရာကြီး "
Jisooပြောပြီး ရာသီဥတုက အေးသောကြောင့် ချမ်းလို့ သူမလက်တွေကို နွေးသွားအောင် ဘောင်းဘီအိတ်ထဲ ထည့်လိုက်သည်
"သူတို့က ရှက်စရာကောင်းတာတွေ လုပ်နေတာ မဟုတ်ဘူးလေ ဓာတ်ပုံရိုက်တာလေးကို နင်က ဘာဖြစ်.... တကယ် အရင်က ငါသိခဲ့တဲ့ Jisoo ပါဘဲ "
Jennie မျက်စောင်းထိုးပြီး Jisooကို ရန်တွေ့တော့ Jisoo ရယ်လေသည်
"ဒါပေါ့ ငါက အရင်တိုင်းဘဲ အရင်က Kim Jisoo ဘဲ "
Jisooထိုသို့ ပြောပေမယ့် တကယ်တမ်းတော့ အရင်ကလို နင့်ကို အရမ်းချစ်တဲ့ Jisooပါဘဲလို့ပြောချင်ပေမယ့် သူမတို့ အခြေအနေကို အနေရမခက်စေလိုသောကြောင့် မျိုသိပ်ထားလိုက်သည်
"နင် သူတို့နဲ့ ပုံသွားရိုက်သင့်တယ် သူတို့ရဲ့ ခေါင်းဆောင်မဟုတ်လား အနည်းဆုံး တစ်ပုံလောက်တော့ ရိုက်သင့်တယ်လေ "
"လွန်ခဲ့တဲ့ ခုနှစ်နှစ်တုံးက Company website မွာ ပုံတင်ဖို့ သူတို့နဲ့အတူတူ ရိုက်ပြီးသား ပုံသုံးပုံတောင်ရှိ "
"မလိုချင်ဘူး သူတို့နဲ့ ပုံရိုက်ကိုရိုက်ရမယ် "
Jennie မတ်တပ်ထရပ်ပြီး Jisoo လက်ကို ဆွဲလိုက်သည်
"ဒါပေမယ့် ...."
"Kim Jisoo. ..."
Jennie ခါးထောက်ပြီး Jisooကို မျက်မှောင်ကြုတ်ကာ ငေါက်လိုက်သည်
"Hey Guys. ...."
Jisoo အော်သံကြောင့် ဓာတ်ပုံရိုက်နေတဲ့ သူမ အဖွဲ့သားတွေမှာ Jisooကို လှည့်ကြည့်ကြသည်
"ငါလည်း ပါမယ်"
"နင် ဆေးများ မှားသောက်ထားသလား "
Mino အံ့သြပြီး မေးလိုက်သည်
"What? နင် ဘာတွေပြောနေတာလည်း "
"Oh my god. ..တကယ်တော့ ဆေးမှားသောက်ထားတာ Jisooက လွဲပြီး ငါတို့ဘဲဟေး Kim Jisooက ငါတို့နဲ့ ဓာတ်ပုံလာရိုက်တယ်တဲ့ "
Lisa ကင်မရာကိုင်ရင်း အော်ဟစ်လိုက်သည်
"Over လုပ်မနေနဲ့ Lisa. .."
"Lisa ကင်မရာ ငါ့ကိုပေး နင်တို့တစ်ဖွဲ့လုံးကို ပုံရိုက်ပေးမယ် "
"Jen နေအုံးလေ "
Lisaဆီကေန Jennie ကင်မရာယူလိုက်ပြီး
"One two three "
Jisooလည်း မတတ်သာဘဲ သူ့အဖွဲ့သားတွေရဲ့ ပေါကြောင်ကြောင် ပိုစ့်တွေ လိုက်လုပ်ရလေသည်
**********
"Jisoo. .."
Jisoo ရဲ့ လက်မောင်းကို Lisa လာတွဲတော့ Jisooမှာ Lisaလက်ကို ပုတ်လိုက်ပြီး
"ငါ့ကို စကားလာမပြောနဲ့ "
"ဘာလို့ ငါ့ကို စိတ်ဆိုးနေတာတုံး ငါက ဓာတ်ပုံရိုက်ဖို့ခေါ်တာလည်း မဟုတ်.... Jennieကြောင့် နင် ရိုက်ရတာကို "
"Hey guys ဂိမ်းကစားရအောင် ရေခဲမုန့်ဆိုင်ကို နောက်ကျမှ ရောက်တဲ့သူက အားလုံး စားမယ့် ရေခဲမုန့်ဖို့ ရှင်းရမယ်.."
Seulgi စကားလည်းဆုံးရော Mino Jinwooနဲ့ Lisa မှာ မလှမ်းမကမ်းက ရေခဲမုန့်ဆိုင်ကို ပြေးကြလေသည်
"Ash Jisoo ငါလည်း သူတို့နောက် လိုက်ပြေးပြီနော် အပျင်းကြီးမနေဘဲ ငါတို့နောက် အမှီလိုက်ပါ "
Seulgi ပြောပြီး Lisaတို့နောက် ပြေးလိုက်သွားသည်
"ပြေးလေ ဘာရပ်လုပ်နေတာလည်း "
မပြေးဘဲ Seulgiတို့ကို ကြည့်နေတဲ့ Jisooကို Jennie ပြောတော့ Jisoo ရယ်ပြီး
"ရေခဲမုန့်ဆိုင်ကို ငါအရင်ရောက်လည်း billက ငါဘဲ ရှင်းရမှာကို အမော မခံတော့ဘူး "
"အေးပါဟာ "
Jensooတို့ကြား တိတ်ဆိတ်မှုက ဝင်ရောက်လာသည် ......
"Jisoo. ."
တိတ်ဆိတ်မှုကို Jennieကဘဲ ဖြိုခွဲလိုက်သည်
"Hummm "
"နင် သတိထားမိလား ခုနှစ်နှစ်လောက် ကြာပြီးမှ ငါတို့ ပြန်တွေ့တာတောင် အနေရခက်တာမျိူး မရှိဘူးနော် ...."
"အင်း ဟုတ်ပါ့ Project တွေကြောင့်လည်း ပါမယ် ထင်တယ်... "
Jisoo စကားကြောင့် Jennie နည်းနည်း စိတ်ပျက်သွားပေမယ့် ဟန်ဆောင်ပြုံးကာ
"ဟုတ်မယ်....'
"ငါတို့ အထက်တန်းကျောင်းသူ သူငယ်ချင်း...ဘဝတုံးကနော်....ခုလို.... ညနေတိုင်း ပန်းခြံဘက် လမ်းအတူလျှောက်ဖြစ်တယ်နော်...အခုလည်း အဲ့တုံးကလို သူငယ်ချင်းဖြစ်ရရင် ကောင်းမယ် "
Jisoo မျက်လုံးမှိတ်ပြီး လက်ဆန့်တန်းကာ ပြောလိုက်သည်
"မဟုတ်ဘူး ငါ ပြောချင်တာက ငါတို့ အရင်ကလို ချစ်သူ ဖြစ်ရရင်ကောင်းမယ်လို့ ပြောချင်တာ ငါ နင့်ကို အရင်လို ချစ်နေတုံးဘဲဆိုတာ ပြောချင်တယ် ဒါပေမယ့် ငါ့ကြောင့် နင်စိတ်ရှုပ်သွားမှာစိုးတယ် ...ငါက နင့်ကို သစ္စာ မဖောက်ခဲ့ဘူး နင်အထင်လွဲခဲ့တာဆိုတာ သက်သေပြချင်မိတယ် ....အခုဆို ငါနင့်ကို ရွှေနန်းထက်မှာ ထားနိုင်တဲ့အဆင့်ရောက်ပြီဆိုတာ နင့်အမေ ဒေါ်ငွေခင် သိအောင် ပြချင်မိတယ် ဒါပေမယ့် ဘယ်ကနေ ဘယ်လိုစရမလည်း ငါမသိဘူး "
Jisooမှာ Jennieကို စကားတွေအများကြီး ပြောချင်ပေမယ့် သူမရင်ထဲမှာဘဲ သိမ်းထားလိုက်သည် ...နှစ်ယောက်လုံး အနေခက်နေရတာထက်စာရင် Jisoo တစ်ယောက်တည်း နာကျင်နေရတာ ပိုကောင်းတယ်လို့ တွေးလိုက်သည်
"ငါတို့ သူငယ်ချင်းအဖြစ် ပြန်နေလို့ရပါတယ် "
Jennie စကားကြောင့် Jisoo အတွေးတွေထဲကနေ ပြန်ထွက်လာသည်
"တကယ်လား "
"ဒါပေါ့...နှစ်တွေလည်း အတော်ကြာနေပြီဘဲကို ငါလည်း အရင်က ခံစားချက်တွေကို မေ့လိုက်နိုင်ပြီလေ ဒီတော့ အတိတ်ကိုမေ့ပြီး သူငယ်ချင်းအဖြစ် ရှေ့ဆက်ကြမယ်လေ... "
Jennie ဘာမှမဖြစ်သလို ပြောလိုက်ပေမယ့် သူမရင်ထဲမှာ တော်တော်နာကျင်နေသည်
သို့သော် ဟန်ဆောင်ပြုံးကာ Jisooကို လက်ဆွဲနှုတ်ဆက်ဖို့ လက်ကမ်းလှမ်းလိုက်သည်
"Ok သူငယ်ချင်း အဖြစ် ပြန်စကြတာပေါ့ "
Jennie နဲ့ လက်ဆွဲနှုတ်ဆက်ပြီး Jisoo ပြောလိုက်သည်
သူတစ်ယောက်တည်း နာကျင်နေတာမဟုတ်ကြောင်း သူတစ်ယောက်တည်း အရင်လိုခံစားချက် ရှိနေတာ မဟုတ်ကြောင်း Jisoo သိခဲ့မယ်ဆိုရင်.....
#Tbc
#Zawgyi
"မဟုတ္ဘူးေလ ရွင္ ကြၽန္မကို ဒီလို လာလုပ္လို႔မရဘူး "
Hyorin ေျပာၿပီး စာ႐ြက္ေတြကို သူမနဲ႕ စကားေျပာေနတဲ့ သူဆီသို႔ ပစ္ေပါက္လိုက္သည္
"Mrs. Kim. ..ကြၽန္ေတာ္တို႔ ခင္ဗ်ားကို အခ်ိန္အလုံေလာက္ေပးထားခဲ့တယ္ေနာ္.....ဒီရက္ပိုင္းအတြင္း အေႂကြးမေပးနိုင္ဘူးဆိုရင္ေတာ့ တရား႐ုံးမွာ ေတြ႕ၾကတာေပါ့ "
Hyorinနဲ႕ စကားေျပာေနတဲ့ အမ်ိဳးသားမွာ Hyorinကို ၿခိမ္းေျခာက္စကားေျပာၿပီး Hyorin ႐ုံးခန္းကေန ထြက္သြားသည္
Hyorin စိတ္ရႈပ္ၿပီး သူ႕ဆံပင္ေတြကို သူေဆာင့္ဆြဲလိုက္သည္
Hyorin ရဲ႕ Companyက အေႂကြးေတြပိၿပီး ေဒဝါလီခံရေတာ့နီးပါး ျဖစ္ေနသည္
"Mrs. Kim.... "
Hyorin သူမ အတြင္းေရးမႉး ေခၚသံေၾကာင့္ လွမ္းၾကည့္လိုက္သည္
"အမ်ိဳးသားတစ္ဦးက Mrs. Kim နဲ႕ ေတြ႕ခ်င္လို႔ဆိုၿပီး ေျပာေနတယ္ သူ႕ကို အထဲလႊတ္ရမလား "
"Ok "
Hyorin ဘယ္သူမွန္းမသိဘဲ အထဲဝင္လာခိုင္းဖို႔ ခြင့္ျပဳလိုက္သည္
"Hello Hyorin "
အထဲဝင္လာသူကား တစ္ျခားမဟုတ္ Taeyang ျဖစ္ေနသည္
"ဒီကို ဘာလာလုပ္တာလည္း"
Hyorin မ်က္ေမွာင္ၾကဳတ္ကာ ေမးေတာ့ Taeyang ဆိုဖာမွာ ထိုင္လိုက္ၿပီး
"ဒီတိုင္း လမ္းႀကဳံလို႔ ဝင္လာတာ... ဒါနဲ႕ မင္းၾကည့္ရတာ တစ္ခုခု ျဖစ္ေနသလိုဘဲ အဆင္ေျပရဲ႕လား "
Taeyangေမးေတာ့ Hyorin မ်က္ႏွာထားတင္းလိုက္ၿပီး
"ကြၽန္မ ဘာမွမျဖစ္ဘူး "
"Hyorin.... ကိုယ့္ပခုံးက မင္းပင္ပန္းလာတဲ့အခ်ိန္ မွီဖို႔ အၿမဲ အဆင္သင့္ေနာ္....ကိုယ္က အခုထိ မင္းခင္ပြန္း ျဖစ္ေနတုံးဆိုတာ သတိရေပးအုံးေနာ္ "
Taeyang ထိုင္ရာကေန ထလာၿပီး Hyorinဆီ ေလွ်ာက္လာသည္
ထို႔ေနာက္ Hyorinရဲ႕လက္ကို ကိုင္လိုက္ၿပီး
"မင္းကို ကူညီခြင့္ေပးပါလား '
"ဘယ္လို ကူညီနိုင္မွာလည္း ကြၽန္မမွာ အေႂကြးေတြ ပိေနၿပီး ဝန္ထမ္းေတြကိုလည္း လစာပုံမွန္မေပးနိုင္လို႔ တစ္ေယာက္ၿပီးတစ္ေယာက္ ထြက္ကုန္ၾကၿပီ....Jennieကလည္း အရင္လိုမဟုတ္ေတာ့ဘူး..... အခု ကြၽန္မ မိသားစုပိုင္ဆိုင္တဲ့ company က ကြၽန္မေၾကာင့္ ပ်က္စီးေတာ့မယ္ "
"ကိုယ္တို႔ အတူ ျပဳျပင္နိုင္မွာပါ....ကိုယ့္ကို ယုံၾကည္ေပးပါ "
Taeyang သူ႕မိန္းမကို ဆြဲဖက္ၿပီး ႏွစ္သိမ့္ေလသည္
"One Two Three Shot! "
Lisaမွာ ကင္မရာခလုတ္ကို ႏွိပ္ၿပီး ဓာတ္ပုံရိုက္ဖို႔ အသင့္ျပင္ေနတဲ့ သူမ memberေတြဆီ ေျပးသြားသည္
"နင္ ဘာလို႔ သူတို႔နဲ႕ အတူ ပုံမရိုက္တာလည္း "
Jennie ခုံတန္းရွည္ေပၚတြင္ သူမနဲ႕အတူ ထိုင္ေနတဲ့ Jisooကို ေမးလိုက္သည္
"မရိုက္ခ်င္ဘူး ရွက္စရာႀကီး "
Jisooေျပာၿပီး ရာသီဥတုက ေအးေသာေၾကာင့္ ခ်မ္းလို႔ သူမလက္ေတြကို ႏြေးသြားေအာင္ ေဘာင္းဘီအိတ္ထဲ ထည့္လိုက္သည္
"သူတို႔က ရွက္စရာေကာင္းတာေတြ လုပ္ေနတာ မဟုတ္ဘူးေလ ဓာတ္ပုံရိုက္တာေလးကို နင္က ဘာျဖစ္.... တကယ္ အရင္က ငါသိခဲ့တဲ့ Jisoo ပါဘဲ "
Jennie မ်က္ေစာင္းထိုးၿပီး Jisooကို ရန္ေတြ႕ေတာ့ Jisoo ရယ္ေလသည္
"ဒါေပါ့ ငါက အရင္တိုင္းဘဲ အရင္က Kim Jisoo ဘဲ "
Jisooထိုသို႔ ေျပာေပမယ့္ တကယ္တမ္းေတာ့ အရင္ကလို နင့္ကို အရမ္းခ်စ္တဲ့ Jisooပါဘဲလို႔ေျပာခ်င္ေပမယ့္ သူမတို႔ အေျခအေနကို အေနရမခက္ေစလိုေသာေၾကာင့္ မ်ိဳသိပ္ထားလိုက္သည္
"နင္ သူတို႔နဲ႕ ပုံသြားရိုက္သင့္တယ္ သူတို႔ရဲ႕ ေခါင္းေဆာင္မဟုတ္လား အနည္းဆုံး တစ္ပုံေလာက္ေတာ့ ရိုက္သင့္တယ္ေလ "
"လြန္ခဲ့တဲ့ ခုႏွစ္ႏွစ္တုံးက Company website မြာ ပုံတင္ဖို႔ သူတို႔နဲ႕အတူတူ ရိုက္ၿပီးသား ပုံသုံးပုံေတာင္ရွိ "
"မလိုခ်င္ဘူး သူတို႔နဲ႕ ပုံရိုက္ကိုရိုက္ရမယ္ "
Jennie မတ္တပ္ထရပ္ၿပီး Jisoo လက္ကို ဆြဲလိုက္သည္
"ဒါေပမယ့္ ...."
"Kim Jisoo. ..."
Jennie ခါးေထာက္ၿပီး Jisooကို မ်က္ေမွာင္ၾကဳတ္ကာ ေငါက္လိုက္သည္
"Hey Guys. ...."
Jisoo ေအာ္သံေၾကာင့္ ဓာတ္ပုံရိုက္ေနတဲ့ သူမ အဖြဲ႕သားေတြမွာ Jisooကို လွည့္ၾကည့္ၾကသည္
"ငါလည္း ပါမယ္"
"နင္ ေဆးမ်ား မွားေသာက္ထားသလား "
Mino အံ့ၾသၿပီး ေမးလိုက္သည္
"What? နင္ ဘာေတြေျပာေနတာလည္း "
"Oh my god. ..တကယ္ေတာ့ ေဆးမွားေသာက္ထားတာ Jisooက လြဲၿပီး ငါတို႔ဘဲေဟး Kim Jisooက ငါတို႔နဲ႕ ဓာတ္ပုံလာရိုက္တယ္တဲ့ "
Lisa ကင္မရာကိုင္ရင္း ေအာ္ဟစ္လိုက္သည္
"Over လုပ္မေနနဲ႕ Lisa. .."
"Lisa ကင္မရာ ငါ့ကိုေပး နင္တို႔တစ္ဖြဲ႕လုံးကို ပုံရိုက္ေပးမယ္ "
"Jen ေနအုံးေလ "
Lisaဆီေကန Jennie ကင္မရာယူလိုက္ၿပီး
"One two three "
Jisooလည္း မတတ္သာဘဲ သူ႕အဖြဲ႕သားေတြရဲ႕ ေပါေၾကာင္ေၾကာင္ ပိုစ့္ေတြ လိုက္လုပ္ရေလသည္
**********
"Jisoo. .."
Jisoo ရဲ႕ လက္ေမာင္းကို Lisa လာတြဲေတာ့ Jisooမွာ Lisaလက္ကို ပုတ္လိုက္ၿပီး
"ငါ့ကို စကားလာမေျပာနဲ႕ "
"ဘာလို႔ ငါ့ကို စိတ္ဆိုးေနတာတုံး ငါက ဓာတ္ပုံရိုက္ဖို႔ေခၚတာလည္း မဟုတ္.... Jennieေၾကာင့္ နင္ ရိုက္ရတာကို "
"Hey guys ဂိမ္းကစားရေအာင္ ေရခဲမုန့္ဆိုင္ကို ေနာက္က်မွ ေရာက္တဲ့သူက အားလုံး စားမယ့္ ေရခဲမုန့္ဖို႔ ရွင္းရမယ္.."
Seulgi စကားလည္းဆုံးေရာ Mino Jinwooနဲ႕ Lisa မွာ မလွမ္းမကမ္းက ေရခဲမုန့္ဆိုင္ကို ေျပးၾကေလသည္
"Ash Jisoo ငါလည္း သူတို႔ေနာက္ လိုက္ေျပးၿပီေနာ္ အပ်င္းႀကီးမေနဘဲ ငါတို႔ေနာက္ အမွီလိုက္ပါ "
Seulgi ေျပာၿပီး Lisaတို႔ေနာက္ ေျပးလိုက္သြားသည္
"ေျပးေလ ဘာရပ္လုပ္ေနတာလည္း "
မေျပးဘဲ Seulgiတို႔ကို ၾကည့္ေနတဲ့ Jisooကို Jennie ေျပာေတာ့ Jisoo ရယ္ၿပီး
"ေရခဲမုန့္ဆိုင္ကို ငါအရင္ေရာက္လည္း billက ငါဘဲ ရွင္းရမွာကို အေမာ မခံေတာ့ဘူး "
"ေအးပါဟာ "
Jensooတို႔ၾကား တိတ္ဆိတ္မႈက ဝင္ေရာက္လာသည္ ......
"Jisoo. ."
တိတ္ဆိတ္မႈကို Jennieကဘဲ ၿဖိဳခြဲလိုက္သည္
"Hummm "
"နင္ သတိထားမိလား ခုႏွစ္ႏွစ္ေလာက္ ၾကာၿပီးမွ ငါတို႔ ျပန္ေတြ႕တာေတာင္ အေနရခက္တာမ်ိဴး မရွိဘူးေနာ္ ...."
"အင္း ဟုတ္ပါ့ Project ေတြေၾကာင့္လည္း ပါမယ္ ထင္တယ္... "
Jisoo စကားေၾကာင့္ Jennie နည္းနည္း စိတ္ပ်က္သြားေပမယ့္ ဟန္ေဆာင္ၿပဳံးကာ
"ဟုတ္မယ္....'
"ငါတို႔ အထက္တန္းေက်ာင္းသူ သူငယ္ခ်င္း...ဘဝတုံးကေနာ္....ခုလို.... ညေနတိုင္း ပန္းၿခံဘက္ လမ္းအတူေလွ်ာက္ျဖစ္တယ္ေနာ္...အခုလည္း အဲ့တုံးကလို သူငယ္ခ်င္းျဖစ္ရရင္ ေကာင္းမယ္ "
Jisoo မ်က္လုံးမွိတ္ၿပီး လက္ဆန့္တန္းကာ ေျပာလိုက္သည္
"မဟုတ္ဘူး ငါ ေျပာခ်င္တာက ငါတို႔ အရင္ကလို ခ်စ္သူ ျဖစ္ရရင္ေကာင္းမယ္လို႔ ေျပာခ်င္တာ ငါ နင့္ကို အရင္လို ခ်စ္ေနတုံးဘဲဆိုတာ ေျပာခ်င္တယ္ ဒါေပမယ့္ ငါ့ေၾကာင့္ နင္စိတ္ရႈပ္သြားမွာစိုးတယ္ ...ငါက နင့္ကို သစၥာ မေဖာက္ခဲ့ဘူး နင္အထင္လြဲခဲ့တာဆိုတာ သက္ေသျပခ်င္မိတယ္ ....အခုဆို ငါနင့္ကို ေ႐ႊနန္းထက္မွာ ထားနိုင္တဲ့အဆင့္ေရာက္ၿပီဆိုတာ နင့္အေမ ေဒၚေငြခင္ သိေအာင္ ျပခ်င္မိတယ္ ဒါေပမယ့္ ဘယ္ကေန ဘယ္လိုစရမလည္း ငါမသိဘူး "
Jisooမွာ Jennieကို စကားေတြအမ်ားႀကီး ေျပာခ်င္ေပမယ့္ သူမရင္ထဲမွာဘဲ သိမ္းထားလိုက္သည္ ...ႏွစ္ေယာက္လုံး အေနခက္ေနရတာထက္စာရင္ Jisoo တစ္ေယာက္တည္း နာက်င္ေနရတာ ပိုေကာင္းတယ္လို႔ ေတြးလိုက္သည္
"ငါတို႔ သူငယ္ခ်င္းအျဖစ္ ျပန္ေနလို႔ရပါတယ္ "
Jennie စကားေၾကာင့္ Jisoo အေတြးေတြထဲကေန ျပန္ထြက္လာသည္
"တကယ္လား "
"ဒါေပါ့...ႏွစ္ေတြလည္း အေတာ္ၾကာေနၿပီဘဲကို ငါလည္း အရင္က ခံစားခ်က္ေတြကို ေမ့လိုက္နိုင္ၿပီေလ ဒီေတာ့ အတိတ္ကိုေမ့ၿပီး သူငယ္ခ်င္းအျဖစ္ ေရွ႕ဆက္ၾကမယ္ေလ... "
Jennie ဘာမွမျဖစ္သလို ေျပာလိုက္ေပမယ့္ သူမရင္ထဲမွာ ေတာ္ေတာ္နာက်င္ေနသည္
သို႔ေသာ္ ဟန္ေဆာင္ၿပဳံးကာ Jisooကို လက္ဆြဲႏႈတ္ဆက္ဖို႔ လက္ကမ္းလွမ္းလိုက္သည္
"Ok သူငယ္ခ်င္း အျဖစ္ ျပန္စၾကတာေပါ့ "
Jennie နဲ႕ လက္ဆြဲႏႈတ္ဆက္ၿပီး Jisoo ေျပာလိုက္သည္
သူတစ္ေယာက္တည္း နာက်င္ေနတာမဟုတ္ေၾကာင္း သူတစ္ေယာက္တည္း အရင္လိုခံစားခ်က္ ရွိေနတာ မဟုတ္ေၾကာင္း Jisoo သိခဲ့မယ္ဆိုရင္.....
#Tbc
Bạn đang đọc truyện trên: Truyen3h.Co