Part 23
#unicode
"Yah Jennie နင် ဘယ်ကမ္ဘာတွေသွား ဟယ် ဘာဖြစ်လာတာလည်း ".
Ireneမှာ သူမ မပါဘဲ companyကနေ ခိုးထွက်သွားတဲ့ Jennieကို ဆူမလို့ ရှိသေး Jennie ငိုလာတာ မြင်လိုက်ရတော့ စိတ်ပူသွားသည်
"Irene. ..ငါလေ ငါ...ငါ ထိန်းချုပ်ကိုင်တွယ်နိုင်မယ် ထင်ခဲ့တာ ...."
Jennie ပြောပြီး အိမ်ထဲဝင်လာကာ ဒူးထောက်ပြီး ငိုလေသည်
Ireneမှာ Jennieရဲ့ ပခုံးလေးကို ပုတ်ပေးရင်း
"Jennie. .ဘာဖြစ်တာလည်း.... ဘာတွေပြောနေတာလည်း.... "
Jennie ပြောနေတာတွေကို Irene တစ်ခုမှ နားမလည်ပေ...Irene တစ်ယောက် စိတ်ရှုပ်လာပြီလေ
"ငါ ထင်ခဲ့တာလေ...ငါ သူ့ကိုမေ့နိုင်ခဲ့ပြီ ထင်ခဲ့တာဟာ...."
Jennie ရေရွတ်ပြီး အကျယ်ကြီး အော်ငိုလေသည်
Ireneမှာ jennieငိုနေတာ ကြည့်ပြီး လွန်ခဲ့တဲ့ ခုနှစ်နှစ်ကျော်က Jennieကို စတွေ့ခဲ့ချိန်ကို သတိရသွားသည်
Flashback
"Hello Jennie Kim ငါက Irene Bae ပါ နင်မသေခင်ထိ နင့်မန်နေဂျာ လုပ်ပေးမယ့်သူပါ "
Irene ဟာသကြောင့် Jennie ရယ်လေသည်
"Hahaha ငါက Jennie Kim ပါ တွေ့ရတာ ဝမ်းသာပါတယ် "
Trainee ကောင်မလေးမှာ ဟန်ဆောင်ပြုံးပြီး မန်နေဂျာအသစ်ကို နှုတ်ဆက်လေသည်
Ireneကလည်း Jennie အပြုံးကို ကြည့်ပြီး တစ်ခုခုဖြစ်နေတယ်ဆိုတာ ရိပ်မိပြီး မေးလိုက်သည်
"Jennie တစ်ခုခုဖြစ်နေတာမလား "
"ငါ ဘာမှမဖြစ်ပါဘူး အဆင်ပြေပါတယ် "
Jennie ခေါင်းခါပြပြီး ငြင်းလိုက်သည်
"Jennie. ..နင် အနုပညာအလုပ်ကနေ အနားမယူခင်ထိ ငါတို့နှစ်ယောက်က အတူရှိနေမှာနော် ...ဒါကြောင့် ငါတို့တစ်ယောက်ကို တစ်ယောက် ယုံကြည်ပြီး ရင်ဖွင့်သင့်တယ် "
"ငါနဲ့ အချိန်အကြာကြီး တွဲခဲ့တဲ့ မိန်းကလေး
ချစ်သူနဲ့ လမ်းခွဲလိုက်ပြီ.... "
Jennieရဲ့ စကားကြောင့် Irene အံ့သြပြီး ပါးစပ်အဟောင်းသား ဖြစ်သွားသည်
"နင်ပြောချင်တာ Girlfriend လား "
"ဟုတ်တယ်"
"ဒါဆို နင်က lesbianလား "
Jennie သူမ မျက်နှာပေါ် စိီးကလြာတဲ့ မျက်ရည်တွေကို သုတ်ပြီး
"Please Irene ငါ့ကိုကြည့်ပြီး မဝေဖန်ပါနဲ့ ငါ့ကို နာကျင်စေမယ့် စကားတွေ ထပ်ပြီး မကြားချင်တော့ဘူး "
"ရော် ငါက ဘာလို့ ဝေဖန်ရမှာလည်း ငါလည့း Lesbian ဘဲကို .....ကဲပါ အဲ့အကြောင်းတွေပြောပြ "
"ငါ့ချစ်သူက ဖောက်ပြန်နေကြောင်း ငါ့အမေက ဖမ်းမိရော "
Jennie သူမပြောတာကို နားထောင်နေလားဆိုပြီး မန်နေဂျာကို လှမ်းကြည့်သည်
"ငါ နားထောင်နေပါတယ် "
"သူ့မှာ သက်သေတွေပါ ပါလာတဲ့ သူပြတဲ့ ဓာတ်ပုံတွေ ငါ တွေ့ခဲ့တယ် ငါ့ချစ်သူက တခြားမိန်းကလေးတစ်ယောက်နဲ့ ပျော်ရွှင်ရယ်မောနေတာ ဒါကြောင့်မို့ ငါတို့ relationship ကို ငါ ဖြတ်ပစ်ခဲ့တာ "
Jennie မျက်လုံးတွေ နှာခေါင်းရော မျက်နှာပါ ငိုထားရလွန်းလို့ နီရဲနေသည်
"Aww ဝမ်းနည်းစရာ ဇာတ်လမ်းလေးဘဲ "
"မပြီးသေးဘူးလေ နားထောင်ပါအုံး မန်နေဂျာရ "
Jennie စကားကြောင့် Irene ရှက်သွားတယ်
"အဲ့ဒီတော့ ငါတို့ လမ်းခွဲခဲ့ကြတယ် ဟုတ်တယ် ဒါပေမယ့် သူ ငါ့အပေါ်မဖောက်ပြန်လောက်ဘူးဆိုတာ ငါသိတယ် ...သူ ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး "
"ဒါဆို ဘာလို့ သူနဲ့နင် လမ်းခွဲခဲ့တာလည်း"
"ငါ့အမေရဲ့ စကားတွေအပေါ် နားယောင်မိပြီး လမ်းခွဲခဲ့မိတာ အခုတော့ သူ့ကို ငါ ဆုံးရှုံးသွားပြီ Ireneရယ် "
Jennieပြောပြီး Irene ကို ဖက်ငိုလေသည်
Ireneမှာ ဘယ်သူလည်းဆိုတာ မေးချင်ပေမယ့် Jennie က တအား ငိုနေလို့ ပြန်ဖက်ပြီးသာ နှစ်သိမ့်လိုက်သည်
End of Flashback
"နင် ရည်းစားဟောင်းနဲ့ တွေ့ခဲ့တာလား "
Irene မေးတော့ Jennie ခေါင်းညိတ်ပြသည်
"ခုနှစ်နှစ်ကြာပြီးနောက် ဒါက ဒုတိယအကြိမ် တွေ့တာဘဲ "
"ဘာ သူနဲ့တွေ့ခဲ့တာ နင် ငါ့လည်း မပြောဘူးနော် "
"ဒီနေ့ သူနဲ့တွေ့ပြီး ပန်းခြံမှာ စကားပြောဖြစ်တယ် ...ငါ သူနဲ့သူငယ်ချင်း အဖြစ် နေရအောင် ကမ်းလှမ်းတာကို သူလက်ခံခဲ့တယ် "
Jennie ပြောရင်း အသံဝင်သွားတော့ Irene ရယ်ချင်စိတ်ဝင်လာသည်
သို့သော် သူမ ရယ်ချင်နေတာကို Idolက သိနေပြီး မျက်စောင်းတွေဇွတ်ထိုးနေသောကြောင့် ရယ်ချင်စိတ်ကို ထိန်းထားရသည်
"သူငယ်ချင်းအဖြစ် ပြန်နေရပြီကို နင်ကမပျော်ဘူးလား "
"နင် ရူးနေတာလား Irene သူငယ်ချင်းလို နေရတာ ငါက ဘာလို့ပျော်ရမှာလည်း မပျော်ဘူးဟဲ့ မပျော်လို့ ငိုနေတာလေ ......ငါ့ပုံစံက crushဆီက ငြင်းခံရတဲ့ အထက်တန်းကျောင်းသူကျလို့ ......"
Jennieမှာ Ireneကို ရန်လုပ်ပြီး ထပ်ငိုပြန်သည်
"ဒီတော့ ပြောချင်တာက နင် သူ့အပေါ် ခံစားချက်က အရင်တိုင်းဘဲဆိုတာလား"
Jennie ငိုရာက ရပ်ပြီး သူမ မန်နေဂျာကို မျက်စောင်းထိုးကာ ကြည့်နေသည်
"Come on Jennie ငါ့ကို အဲ့လိုလာမကြည့်နဲ့ ငါ တကယ် ဘာမှကို နားမလည်တာ "
"ဟုတ်တယ် ဟုတ်တယ် သူ့အပေါ်ထားတဲ့ ငါ့ခံစားချက်တွေက အရင်တိုင်းဘဲ သူ့ကိုချစ်နေတုံးဘဲ ရှင်းပြီလား "
"ချစ်နေတုံးဘဲပြောပြီး နင်ကဘဲ သူ့ကို အရင်လမ်းခွဲခဲ့တာ မဟုတ်ဘူးလား "
"သူ့ကို လမ်းမခွဲချင်ဘူးလို့ နင့်ကို ငါပြောခဲ့တယ်လေ Ireneရ....လမ်းခွဲပြီးနောက် သူ့ကို ငါ စကားတွေပြောချင်ခဲ့တာ ဒါပေမယ် ငါကြောက်နေခဲ့လို့ "
"ဘာတွေကြောက်နေခဲ့တာလည်း "
"သူ့ကို နာကျင်အောင် ထပ်လုပ်မှာ ကြောက်တာ...အခုတော့ ငါ ငါ့လုပ်ရပ်တွေအပေါ်နောင်တရနေပါပြီ Ireneရယ်....သူ့ကို ရှင်းပြခွင့်မပေးဘဲ မိုက်ရူးရဲဆန်မိတာ.....သူ့ကို ငါ ပြန်လိုချင်တယ် Ireneရယ် ရူးလောက်အောင် လိုချင်တယ် သူ့ကိုငါ ချစ်တယ် ချစ်တယ်လို့..... "
Jennie ပြောပြီး ချုံးပွဲချကာ ငိုလေသည်
Ireneမှာ ကလေးတစ်ယောက်လို ငိုနေတဲ့ သူမ idolကို ပွေ့ဖက်ထားလိုက်သည်
"အရာအားလုံး အဆင်ပြေသွားပါလိမ့်မယ်...."
***************
"Okay 1!2!3 action!. .."
Jisoo အော်တော့ Jennieစပြီး သရုပ်ဆောင်လေသည်
အခု အပိုင်းက Jennie ကားထဲကနေ ထွက်လာပြီး ငိုရမယ့် အပိုင်းဖြစ်သည် (soloထဲကအပိုင်းလေး မြင်ယောင်ကြည့်ပါ😁 )
"Go Jennie. ..ခံစားချက်တွေ ပိုထည့်ပါ "
Jisoo မော်နီတာကို ကြည့်ပြီး ပြောသည်
"မင်းကို ငိုစေမယ့် အရာတွေ တွေးကြည့် "
Mino လှမ်းအော်လိုက်သည်
Mino စကားကြောင့် Jennie သူမနဲ့ Jisooတို့ရဲ့ အတိတ်ကို ပြန်တွေးလိုက်သည်
သူမတို့ လမ်းခွဲတဲ့အကြောင်းတွေပါ ပြန်တွေးရင်း မျက်ရည်တွေကျလာသည်....သူမ မျက်ရည်အစစ်တွေနဲ့ အတူ ရိုက်ကူးရေး စလေသည်
"Wow Jennieက တကယ် သရုပ်ဆောင် တော်တယ်နော် "
Seulgi ကြည့်ရင်း Ireneကို ပြောလိုက်သည်
"မဟုတ်ဘူး သူ သရုပ်ဆောင်နေတာ မဟုတ်ဘူး တကယ် ခံစားချက် အစစ်အမှန်နဲ့ ငိုနေတာ "
Irene စကားကြောင့် Seulgi အံ့သြသွားတယ်
"Seulgi "
"ဟုတ် "
"ငါ နင့်ကိုပြောစရာရှိတယ်..... ဘယ်သူ့ကိုမှ ပြန်မပြောရဘူးနော် အထူးသဖြင့် Jennie ကို"
"ဟုတ် မပြောပါဘူး "
"Jennie က သရုပ်ဆောင်နေတာမဟုတ်ဘူး တကယ် ငိုနေတာလို့ ငါ ပြောတာလေ ...."
"ဟုတ် "
"တကယ်တော့ မနေ့ညက သူ အိမ်ကို ငိုပြီး ပြန်လာတယ်....သူ့ ရည်းစားဟောင်းနဲ့ တွေ့ခဲ့တယ်တဲ့ "
Irene စကားကြောင့် Seulgi မျက်လုံးပြူးသွားသည်
"သူ့ရည်းစားဟောင်းနဲ့ သူငယ်ချင်း ဖြစ်သွားတယ်တဲ့ ဒါပေမယ့် သူက သူငယ်ချင်း ဖြစ်ချင်တာ မဟုတ်ဘူး... သူ့ရည်းစားဟောင်းကို ချစ်နေသေးတယ်လေ "
"ဘာ..."
"Debut မလုပ်ခင်ကတည်းက Jennie အဲ့ Relationship ကြောင့် အသေနာကျင်ပြီး ငိုခဲ့ဖူးတယ် ...Trainee ဘဝကတည်းက ဓာတ်ပုံသေးသေးလေးကို နေ့တိုင်းအရင်ကြည့်ပြီးမှ သူလုပ်စရာရှိတာတွေဆက်လုပ်တယ် ...တစ်ခါတစ်လေ လက်စွပ်လေး ကိုင်ပြီး ငိုတာ မြင်ဖူးသေးတယ် "
"တခြားထပ်ပြီး ပြောစရာရှိသေးလားဟင် "
Seulgi သိချင်လို့ ထပ်မေးလိုက်သည် ဒါမှ Jennieနဲ့ Jisoo ပြန်ပေါင်းထုပ်နိုင်ဖို့ သူကူညီလို့ရမှာလေ
"ရှိတာပေါ့ သူ့Exနဲ့ ပတ်သက်တာလေးတွေ သူလိုက်ဝယ်ဖူးတယ် "
"ဒါနဲ့ သူ့exက ဘယ်သူလည်းဆိုတာရော ပြောပြသေးလား "
"ဟင့်အင်း မပြောပြဘူး ငါလည်း မမေးပါဘူး သူအဆင်သင့်ဖြစ်ခဲ့အခါ ပြောလိမ့်မယ် "
Seulgi ထပ်ပြီး မေးချင်ပေမယ့် Ireneက သူမကို သံသယဝင်သွားမှာဆိုးလို့ မမေးဘဲ ထိန်းထားလိုက်သည်
"အိမ်း အခုတော့ ခုနှစ်နှစ်လုံး Jisoo တစ်ယောက်ဘဲ အသည်းကွဲနာကျင်ရတာ မဟုတ်ဘူးဆိုတာ ငါသိသွားပြီ "
Seulgi တွေးလိုက်သည်
#Tbc
#zawgyi
"Yah Jennie နင္ ဘယ္ကမၻာေတြသြား ဟယ္ ဘာျဖစ္လာတာလည္း ".
Ireneမွာ သူမ မပါဘဲ companyကေန ခိုးထြက္သြားတဲ့ Jennieကို ဆူမလို႔ ရွိေသး Jennie ငိုလာတာ ျမင္လိုက္ရေတာ့ စိတ္ပူသြားသည္
"Irene. ..ငါေလ ငါ...ငါ ထိန္းခ်ဳပ္ကိုင္တြယ္နိုင္မယ္ ထင္ခဲ့တာ ...."
Jennie ေျပာၿပီး အိမ္ထဲဝင္လာကာ ဒူးေထာက္ၿပီး ငိုေလသည္
Ireneမွာ Jennieရဲ႕ ပခုံးေလးကို ပုတ္ေပးရင္း
"Jennie. .ဘာျဖစ္တာလည္း.... ဘာေတြေျပာေနတာလည္း.... "
Jennie ေျပာေနတာေတြကို Irene တစ္ခုမွ နားမလည္ေပ...Irene တစ္ေယာက္ စိတ္ရႈပ္လာၿပီေလ
"ငါ ထင္ခဲ့တာေလ...ငါ သူ႕ကိုေမ့နိုင္ခဲ့ၿပီ ထင္ခဲ့တာဟာ...."
Jennie ေရ႐ြတ္ၿပီး အက်ယ္ႀကီး ေအာ္ငိုေလသည္
Ireneမွာ jennieငိုေနတာ ၾကည့္ၿပီး လြန္ခဲ့တဲ့ ခုႏွစ္ႏွစ္ေက်ာ္က Jennieကို စေတြ႕ခဲ့ခ်ိန္ကို သတိရသြားသည္
Flashback
"Hello Jennie Kim ငါက Irene Bae ပါ နင္မေသခင္ထိ နင့္မန္ေနဂ်ာ လုပ္ေပးမယ့္သူပါ "
Irene ဟာသေၾကာင့္ Jennie ရယ္ေလသည္
"Hahaha ငါက Jennie Kim ပါ ေတြ႕ရတာ ဝမ္းသာပါတယ္ "
Trainee ေကာင္မေလးမွာ ဟန္ေဆာင္ၿပဳံးၿပီး မန္ေနဂ်ာအသစ္ကို ႏႈတ္ဆက္ေလသည္
Ireneကလည္း Jennie အၿပဳံးကို ၾကည့္ၿပီး တစ္ခုခုျဖစ္ေနတယ္ဆိုတာ ရိပ္မိၿပီး ေမးလိုက္သည္
"Jennie တစ္ခုခုျဖစ္ေနတာမလား "
"ငါ ဘာမွမျဖစ္ပါဘူး အဆင္ေျပပါတယ္ "
Jennie ေခါင္းခါျပၿပီး ျငင္းလိုက္သည္
"Jennie. ..နင္ အႏုပညာအလုပ္ကေန အနားမယူခင္ထိ ငါတို႔ႏွစ္ေယာက္က အတူရွိေနမွာေနာ္ ...ဒါေၾကာင့္ ငါတို႔တစ္ေယာက္ကို တစ္ေယာက္ ယုံၾကည္ၿပီး ရင္ဖြင့္သင့္တယ္ "
"ငါနဲ႕ အခ်ိန္အၾကာႀကီး တြဲခဲ့တဲ့ မိန္းကေလး
ခ်စ္သူနဲ႕ လမ္းခြဲလိုက္ၿပီ.... "
Jennieရဲ႕ စကားေၾကာင့္ Irene အံ့ၾသၿပီး ပါးစပ္အေဟာင္းသား ျဖစ္သြားသည္
"နင္ေျပာခ်င္တာ Girlfriend လား "
"ဟုတ္တယ္"
"ဒါဆို နင္က lesbianလား "
Jennie သူမ မ်က္ႏွာေပၚ စိီးကလြာတဲ့ မ်က္ရည္ေတြကို သုတ္ၿပီး
"Please Irene ငါ့ကိုၾကည့္ၿပီး မေဝဖန္ပါနဲ႕ ငါ့ကို နာက်င္ေစမယ့္ စကားေတြ ထပ္ၿပီး မၾကားခ်င္ေတာ့ဘူး "
"ေရာ္ ငါက ဘာလို႔ ေဝဖန္ရမွာလည္း ငါလည့း Lesbian ဘဲကို .....ကဲပါ အဲ့အေၾကာင္းေတြေျပာျပ "
"ငါ့ခ်စ္သူက ေဖာက္ျပန္ေနေၾကာင္း ငါ့အေမက ဖမ္းမိေရာ "
Jennie သူမေျပာတာကို နားေထာင္ေနလားဆိုၿပီး မန္ေနဂ်ာကို လွမ္းၾကည့္သည္
"ငါ နားေထာင္ေနပါတယ္ "
"သူ႕မွာ သက္ေသေတြပါ ပါလာတဲ့ သူျပတဲ့ ဓာတ္ပုံေတြ ငါ ေတြ႕ခဲ့တယ္ ငါ့ခ်စ္သူက တျခားမိန္းကေလးတစ္ေယာက္နဲ႕ ေပ်ာ္႐ႊင္ရယ္ေမာေနတာ ဒါေၾကာင့္မို႔ ငါတို႔ relationship ကို ငါ ျဖတ္ပစ္ခဲ့တာ "
Jennie မ်က္လုံးေတြ ႏွာေခါင္းေရာ မ်က္ႏွာပါ ငိုထားရလြန္းလို႔ နီရဲေနသည္
"Aww ဝမ္းနည္းစရာ ဇာတ္လမ္းေလးဘဲ "
"မၿပီးေသးဘူးေလ နားေထာင္ပါအုံး မန္ေနဂ်ာရ "
Jennie စကားေၾကာင့္ Irene ရွက္သြားတယ္
"အဲ့ဒီေတာ့ ငါတို႔ လမ္းခြဲခဲ့ၾကတယ္ ဟုတ္တယ္ ဒါေပမယ့္ သူ ငါ့အေပၚမေဖာက္ျပန္ေလာက္ဘူးဆိုတာ ငါသိတယ္ ...သူ ဘယ္ေတာ့မွ လုပ္မွာ မဟုတ္ဘူး "
"ဒါဆို ဘာလို႔ သူနဲ႕နင္ လမ္းခြဲခဲ့တာလည္း"
"ငါ့အေမရဲ႕ စကားေတြအေပၚ နားေယာင္မိၿပီး လမ္းခြဲခဲ့မိတာ အခုေတာ့ သူ႕ကို ငါ ဆုံးရႈံးသြားၿပီ Ireneရယ္ "
Jennieေျပာၿပီး Irene ကို ဖက္ငိုေလသည္
Ireneမွာ ဘယ္သူလည္းဆိုတာ ေမးခ်င္ေပမယ့္ Jennie က တအား ငိုေနလို႔ ျပန္ဖက္ၿပီးသာ ႏွစ္သိမ့္လိုက္သည္
End of Flashback
"နင္ ရည္းစားေဟာင္းနဲ႕ ေတြ႕ခဲ့တာလား "
Irene ေမးေတာ့ Jennie ေခါင္းညိတ္ျပသည္
"ခုႏွစ္ႏွစ္ၾကာၿပီးေနာက္ ဒါက ဒုတိယအႀကိမ္ ေတြ႕တာဘဲ "
"ဘာ သူနဲ႕ေတြ႕ခဲ့တာ နင္ ငါ့လည္း မေျပာဘူးေနာ္ "
"ဒီေန႕ သူနဲ႕ေတြ႕ၿပီး ပန္းၿခံမွာ စကားေျပာျဖစ္တယ္ ...ငါ သူနဲ႕သူငယ္ခ်င္း အျဖစ္ ေနရေအာင္ ကမ္းလွမ္းတာကို သူလက္ခံခဲ့တယ္ "
Jennie ေျပာရင္း အသံဝင္သြားေတာ့ Irene ရယ္ခ်င္စိတ္ဝင္လာသည္
သို႔ေသာ္ သူမ ရယ္ခ်င္ေနတာကို Idolက သိေနၿပီး မ်က္ေစာင္းေတြဇြတ္ထိုးေနေသာေၾကာင့္ ရယ္ခ်င္စိတ္ကို ထိန္းထားရသည္
"သူငယ္ခ်င္းအျဖစ္ ျပန္ေနရၿပီကို နင္ကမေပ်ာ္ဘူးလား "
"နင္ ႐ူးေနတာလား Irene သူငယ္ခ်င္းလို ေနရတာ ငါက ဘာလို႔ေပ်ာ္ရမွာလည္း မေပ်ာ္ဘူးဟဲ့ မေပ်ာ္လို႔ ငိုေနတာေလ ......ငါ့ပုံစံက crushဆီက ျငင္းခံရတဲ့ အထက္တန္းေက်ာင္းသူက်လိဳ႕ ......"
Jennieမွာ Ireneကို ရန္လုပ္ၿပီး ထပ္ငိုျပန္သည္
"ဒီေတာ့ ေျပာခ်င္တာက နင္ သူ႕အေပၚ ခံစားခ်က္က အရင္တိုင္းဘဲဆိုတာလား"
Jennie ငိုရာက ရပ္ၿပီး သူမ မန္ေနဂ်ာကို မ်က္ေစာင္းထိုးကာ ၾကည့္ေနသည္
"Come on Jennie ငါ့ကို အဲ့လိုလာမၾကည့္နဲ႕ ငါ တကယ္ ဘာမွကို နားမလည္တာ "
"ဟုတ္တယ္ ဟုတ္တယ္ သူ႕အေပၚထားတဲ့ ငါ့ခံစားခ်က္ေတြက အရင္တိုင္းဘဲ သူ႕ကိုခ်စ္ေနတုံးဘဲ ရွင္းၿပီလား "
"ခ်စ္ေနတုံးဘဲေျပာၿပီး နင္ကဘဲ သူ႕ကို အရင္လမ္းခြဲခဲ့တာ မဟုတ္ဘူးလား "
"သူ႕ကို လမ္းမခြဲခ်င္ဘူးလို႔ နင့္ကို ငါေျပာခဲ့တယ္ေလ Ireneရ....လမ္းခြဲၿပီးေနာက္ သူ႕ကို ငါ စကားေတြေျပာခ်င္ခဲ့တာ ဒါေပမယ္ ငါေၾကာက္ေနခဲ့လို႔ "
"ဘာေတြေၾကာက္ေနခဲ့တာလည္း "
"သူ႕ကို နာက်င္ေအာင္ ထပ္လုပ္မွာ ေၾကာက္တာ...အခုေတာ့ ငါ ငါ့လုပ္ရပ္ေတြအေပၚေနာင္တရေနပါၿပီ Ireneရယ္....သူ႕ကို ရွင္းျပခြင့္မေပးဘဲ မိုက္႐ူးရဲဆန္မိတာ.....သူ႕ကို ငါ ျပန္လိုခ်င္တယ္ Ireneရယ္ ႐ူးေလာက္ေအာင္ လိုခ်င္တယ္ သူ႕ကိုငါ ခ်စ္တယ္ ခ်စ္တယ္လို႔..... "
Jennie ေျပာၿပီး ခ်ဳံးပြဲခ်ကာ ငိုေလသည္
Ireneမွာ ကေလးတစ္ေယာက္လို ငိုေနတဲ့ သူမ idolကို ေပြ႕ဖက္ထားလိုက္သည္
"အရာအားလုံး အဆင္ေျပသြားပါလိမ့္မယ္...."
***************
"Okay 1!2!3 action!. .."
Jisoo ေအာ္ေတာ့ Jennieစၿပီး သ႐ုပ္ေဆာင္ေလသည္
အခု အပိုင္းက Jennie ကားထဲကေန ထြက္လာၿပီး ငိုရမယ့္ အပိုင္းျဖစ္သည္ (soloထဲကအပိုင္းေလး ျမင္ေယာင္ၾကည့္ပါ😁 )
"Go Jennie. ..ခံစားခ်က္ေတြ ပိုထည့္ပါ "
Jisoo ေမာ္နီတာကို ၾကည့္ၿပီး ေျပာသည္
"မင္းကို ငိုေစမယ့္ အရာေတြ ေတြးၾကည့္ "
Mino လွမ္းေအာ္လိုက္သည္
Mino စကားေၾကာင့္ Jennie သူမနဲ႕ Jisooတို႔ရဲ႕ အတိတ္ကို ျပန္ေတြးလိုက္သည္
သူမတို႔ လမ္းခြဲတဲ့အေၾကာင္းေတြပါ ျပန္ေတြးရင္း မ်က္ရည္ေတြက်လာသည္....သူမ မ်က္ရည္အစစ္ေတြနဲ႕ အတူ ရိုက္ကူးေရး စေလသည္
"Wow Jennieက တကယ္ သ႐ုပ္ေဆာင္ ေတာ္တယ္ေနာ္ "
Seulgi ၾကည့္ရင္း Ireneကို ေျပာလိုက္သည္
"မဟုတ္ဘူး သူ သ႐ုပ္ေဆာင္ေနတာ မဟုတ္ဘူး တကယ္ ခံစားခ်က္ အစစ္အမွန္နဲ႕ ငိုေနတာ "
Irene စကားေၾကာင့္ Seulgi အံ့ၾသသြားတယ္
"Seulgi "
"ဟုတ္ "
"ငါ နင့္ကိုေျပာစရာရွိတယ္..... ဘယ္သူ႕ကိုမွ ျပန္မေျပာရဘူးေနာ္ အထူးသျဖင့္ Jennie ကို"
"ဟုတ္ မေျပာပါဘူး "
"Jennie က သ႐ုပ္ေဆာင္ေနတာမဟုတ္ဘူး တကယ္ ငိုေနတာလို႔ ငါ ေျပာတာေလ ...."
"ဟုတ္ "
"တကယ္ေတာ့ မေန႕ညက သူ အိမ္ကို ငိုၿပီး ျပန္လာတယ္....သူ႕ ရည္းစားေဟာင္းနဲ႕ ေတြ႕ခဲ့တယ္တဲ့ "
Irene စကားေၾကာင့္ Seulgi မ်က္လုံးျပဴးသြားသည္
"သူ႕ရည္းစားေဟာင္းနဲ႕ သူငယ္ခ်င္း ျဖစ္သြားတယ္တဲ့ ဒါေပမယ့္ သူက သူငယ္ခ်င္း ျဖစ္ခ်င္တာ မဟုတ္ဘူး... သူ႕ရည္းစားေဟာင္းကို ခ်စ္ေနေသးတယ္ေလ "
"ဘာ..."
"Debut မလုပ္ခင္ကတည္းက Jennie အဲ့ Relationship ေၾကာင့္ အေသနာက်င္ၿပီး ငိုခဲ့ဖူးတယ္ ...Trainee ဘဝကတည္းက ဓာတ္ပုံေသးေသးေလးကို ေန႕တိုင္းအရင္ၾကည့္ၿပီးမွ သူလုပ္စရာရွိတာေတြဆက္လုပ္တယ္ ...တစ္ခါတစ္ေလ လက္စြပ္ေလး ကိုင္ၿပီး ငိုတာ ျမင္ဖူးေသးတယ္ "
"တျခားထပ္ၿပီး ေျပာစရာရွိေသးလားဟင္ "
Seulgi သိခ်င္လို႔ ထပ္ေမးလိုက္သည္ ဒါမွ Jennieနဲ႕ Jisoo ျပန္ေပါင္းထုပ္နိုင္ဖို႔ သူကူညီလို႔ရမွာေလ
"ရွိတာေပါ့ သူ႕Exနဲ႕ ပတ္သက္တာေလးေတြ သူလိုက္ဝယ္ဖူးတယ္ "
"ဒါနဲ႕ သူ႕exက ဘယ္သူလည္းဆိုတာေရာ ေျပာျပေသးလား "
"ဟင့္အင္း မေျပာျပဘူး ငါလည္း မေမးပါဘူး သူအဆင္သင့္ျဖစ္ခဲ့အခါ ေျပာလိမ့္မယ္ "
Seulgi ထပ္ၿပီး ေမးခ်င္ေပမယ့္ Ireneက သူမကို သံသယဝင္သြားမွာဆိုးလို႔ မေမးဘဲ ထိန္းထားလိုက္သည္
"အိမ္း အခုေတာ့ ခုႏွစ္ႏွစ္လုံး Jisoo တစ္ေယာက္ဘဲ အသည္းကြဲနာက်င္ရတာ မဟုတ္ဘူးဆိုတာ ငါသိသြားၿပီ "
Seulgi ေတြးလိုက္သည္
#Tbc
Bạn đang đọc truyện trên: Truyen3h.Co