Truyen3h.Co

Hurt

Part 25

KimFany059

#unicode

"Good Morning. ..."

Jennie သူမအဖေကို breakfast စားဖို့ ထိုင်နေတာ တွေ့ရတော့ ပြုံးပြီး နှုတ်ဆက်လိုက်သည်

ထို့နောက် သူမ အဖေ ပါးတစ်ဖက်ကို နမ်းတော့ Hyorinက မျက်ခုံးပင့်ပြပြီး မေးလိုက်သည်

"Ommaကိုရော မနမ်းတော့ဘူးလား "

Jennie ရယ်ပြီး သူမအမေကိုလည်း ဖက်ကာ နမ်းလိုက်သည်

"ထိုင်လေ သမီး....မနက်စာ အဆင်သင့်ဖြစ်ပြီ "

"ဟုတ်... "

Jennie Taeyang တို့နဲ့ မျက်နှာချင်းဆိုင်တွင် ထိုင်ပြီး သူမ ပန်းကန်လုံးထဲ နွားနို့တွေ လောင်းထည့်လိုက်သည်

ထို့နောက် ပေါင်မုန့်အသားလေးတွေကို ဖဲ့ပြီး နွားနို့ထဲစိမ်လိုက်သည်

"Aigoo ငါ့သမီးလေးက ဘာမှမပြောင်းလဲသေးဘူးဘဲ "

Taeyangမှာ သူ့သမီးကို ကြည့်ရင်း ရေရွတ်လိုက်သည်

Hyorinမှာ မနက်စာစားရင်း သူ့ ယောက်ကျား လက်ကို ကိုင်သင့်မကိုင်သင့် တွေဝေနေတုံး သူ့ယောက်ကျားမှာ မျက်ရည်တွေဝဲနေတာကို တွေ့သွားတော့ စားပွဲခုံအောက်ကနေ Jennie မသိအောင် လက်ကိုင်လိုက်သည်

Taeyangမှာ သူ့မိန်းမက လက်လာကိုင်သောကြောင့် အရမ်းအံ့သြသွားတယ်

"Appa "

Taeyang သူ့မိန်းမကို ဘာလို့လည်းလို့ မေးမလို့လုပ်တုံး Jennieက သူ့ကိုလှမ်းခေါ်သောကြောင့်

"အင်း ပြောလေ သမီး "

"Appa ဖုန်းထဲက CEO Ms. Rabbit Kimရဲ့ ဖုန်းနံပါတ် သမီး ယူထားတယ်နော် "

"Aww အင်းပါ ဟုတ်ပါပြီ ဒါနဲ့ သူက CEOဆိုတာ သမီး ဘယ်လို သိ "

Jennie မျက်ခုံးပင့်ပြီး

"Appaရဲ့ contactထဲ သူ့တစ်ယောက်တည်းကိုဘဲ Ms လို့ မှတ်ထားတာလေ အဲ့တာကြောင့်မို့ သူ့ကို CEOလို့ တွေးလိုက်တာ"

Taeyangမှာ သူ့သမီး Smartကျပုံကို ကြည့်ပြီး သဘောကျလို့ ရယ်လေသည်

"ကလေးလေးရဲ့ သူတို့အားလုံးက CEOဘဲလေ မေ့နေသလား....Rabbit Kimက တစ်ဖွဲ့လုံးအတွက် အရင်ကတည်းက ဦးစီးပေးခဲ့လို့ သူ့ကို Main CEOလို့ သတ်မှတ်ထားကြတာ သူကအမြဲ သူတို့နာမည်ကို Appa ဖုန်း contact ကနေ ယူယူချိန်းကြသေးတယ် "

Taeyang သူ့ဖုန်းထဲက သူ့တပည့်တွေရဲ့ contact nameကိုပြတော့ Jennieမှာ အသေရယ်လေသည်

"Rabbit Kimကို ကြည့်ရတာ ပျော်ပျော်နေတတ်ပုံဘဲ "

"Nicknameတွေလည်း ကြည့်အုံး Milo,  Drinker,  Bear,Lalala, Rabbit Kimတဲ့ ကလေးဆန်လိုက်တာ "

Hyorin contact nameတွေကို ဖတ်ပြီးပြောတော့ Jennieမှာ ရယ်ပြီး

"Ommaရဲ့ ချစ်ဖို့ကောင်းပါတယ် Ommaကသာ ချစ်စရာကောင်းတာတွေကို မခံစားတတ်တာ "

Jennieတို့ သားအမိ ရန်ပွဲမစခင် Taeyang မှာ ထရပ်ပြီး

"ကဲ သားအမိတွေ အလုပ်သွားဖို့ ပြင်မယ် Appaက ပန်းကန်ဆေးပြီးရင် ရှေ့မှာစောင့်နေမယ် "

Taeyangပြောပြီး ပန်းကန်တွေကို ယူပြီး ဘေစင်တွင် သွားဆေးလေသည်

"Sir Taeyangရဲ့ သမီးက နင့်ကို စာပို့တယ် ဟုတ်လား "

Lisaမှာ Jisoo ပြတဲ့ message ကို ဖတ်ရင်းမေးတော့ Jisooကဂရုမစိုက်တဲ့ ပုံစံနဲ့ ခေါင်းညိတ်ပြသည်

"သူက ဘယ်လိုလုပ် နင့်ဖုန်းနံပါတ်ရပြီး စာပို့ကတာလည်း "

Seulgiမေးတော့ Jisoo သက်ပြင်းချပြီး

"Sir Taeyangဆီ ငါက messageပို့လိုက်တာကွာ ခဏကြာတော့ သူ့ဆီက စာရတာဘဲ "

"Hahaha ဒါဆို သေချာပြီ ငါလောင်းရဲတယ် Sir Taeyangရဲ့ သမီးက နင့်ကိုကြိုက်နေတာ Jisoo "

Minoရဲ့ စကားကြောင့် Jisoo မျက်မှောင်ကြုတ်သွားတယ်

"ငှယ် ဘာလို့လည်း "

Jisooမေးပြီး ကော်ဖီဖျော်လိုက်သည်

"သူသာ နင့်ကိုမကြိုက်ဘူးဆိုရင် စာပို့နေမှာမဟုတ်လေ "

Mino ကင်ချီထမင်းကြော်စားရင်း ပြောလိုက်သည်

"Ash နင်တို့ဟာလေ "

"Come on သူနဲ့ တစ်ရက်လောက် အပြင်ထွက်ကြည့်ပါလား ကြည့်ရတာ သူက hotမယ့်ပုံဘဲ "

Jinwoo နွားနို့သောက်ပြီး ပြောလိုက်သည်

"ငါ Jennieကို ချစ်နေတုံးဘဲဆိုတာ မေ့နေကြသလား "

"တခြားမိန်းကလေးတစ်ယောက်နဲ့ အပြင်သွားတာ Jennieနဲ့ ဘာဆိုင်လည်း နင်တို့က တွဲနေတာမှမဟုတ်တာ ဘာထိခိုက်စရာရှိလည်း မဟုတ်လည်း Sir Taeyangက Dinnerခေါ်ကျွေးရင် သူနဲ့တွေ့ရမှာဘဲ အဲ့ကျ သဘောကျရင် Dateကြည့် မကျရင် သူငယ်ချင်းအဖြစ်ထားလိုက်ပေါ့ "

Lisaပေါက်ပေါက်ဆုပ်စားရင်း ပြောတော့ Jisooမှာ မျက်မှောင်ကြုတ်ပြီး

"Lalisa မနက်စာကို ပေါက်ပေါက်ဆုပ် စားနေတာလား အရူးမ "

တစ်ဖက်က Seulgiမှာလည်း မနက်စာစားပြီးနောက် တစ်ယောက်တည်း အတွေးလွန်နေသည်

Seulgiမှာ Jisooကို Sir Taeyangရဲ့ သမီးနဲ့ အပြင်သွားဖို့ သဘောတူရမလား ဒါမှမဟုတ် Jennieနဲ့ ပြန်တွဲအောင်ဘဲ အောင်သွယ်ရမလား တွေဝေနေသည်

Seulgiမှာ စိတ်ရှုပ်ပြီး သူမလက်သည်းတွေကို ကိုက်လေသည်

"God. ..Jisooကို Sir Taeyang သမီးနဲ့တွေ့ခိုင်းရင် Jennie က နာကျင်ရမှာ ဘာလုပ်ရမလည်း.... "

Seulgi သူမ ဆံပင်တွေကို ဆောင့်ဆွဲရင်း တစ်ခုခုကို သတိရသွားတယ်

"Guys ဘယ်ချိန်ရှိပြီလည်း "

"ရှစ်နာရီခွဲပြီလေ ဘာလို့ ဟာ Shooting နောက်ကျပြန်ပြီ "

Seulgi သတိပေးစကားကြောင့် Lisaတို့ Shootingကို သတိရပြီး အမြန် ပြင်ဆင်ကြလေသည်

"တောင်းပန်ပါတယ် ထပ်ပြီး နောက်ကျသွားလို့ "

Seulgi ဝန်ထမ်းတွေနဲ့ တစ်နာရီလောက် စောင့်နေရတဲ့ Jennieတို့ကို တောင်းပန်လိုက်သည်

"ရပါတယ် ဒါနဲ့ ဒီ clubကတော်တော် မိုက်တယ် နင်တို့ ဘယ်လိုရှာတွေ့လည်း "

Jennie မေးခွန်းကြောင့် Seulgi ဘာဖြေရမှန်းမသိ ဖြစ်နေသည်

Jisoo နဲ့ အမြဲ လာသောက်နေကြ clubလို့ အမှန်တိုင်းပြောရမလား လိမ်ပြောရမလား Seulgi တွေဝေနေသည်

"ဟိုလေ "

"Jisoo. ...

Clubထဲ ဘာသီချင်းမှ ဖွင့်မထားတော့ ကောင်မလေးရဲ့ အော်သံကို clubထဲရှိ လူအားလုံးက ကြားနေရသည်

Jennieမှာ Jisooနာမည်ကို ခေါ်ပြီး Jisooကို ပြေးဖက်တဲ့ ကောင်မလေးကို မျက်မှောင်ကြုတ်ကာ ကြည့်နေသည်

Jisooကလည်း သဘောကျတဲ့ ရုပ်ကြီးနဲ့ ကောင်မလေးကို ပြန်ဖက်ထားသည်

"အဲ့ကောင်မလေးက ဘယ်သူလည်း "

Jennie လေသံမာမာနဲ့ Seulgiကို မေးလိုက်သည်

"ဟို သူ သူက ဒီ club ပိုင်ရှင်လေ "

"Yo Jisoo ဘယ်လိုလည်း အဆင်ပြေလား "

ကောင်မလေးမှာ Jisooနဲ့ ဂိုဏ်းစတားတွေလို ပခုံးချင်းတိုက်ပြီး နှုတ်ဆက်လိုက်သည်

"ပြေပါ့ နင်ရော ချာတိတ် "

Jisooပြောပြီး ကောင်မလေးရဲ့ ပခုံးကို ပုတ်လိုက်သည်

Seulgiမှာ Jennie စိတ်ဆိုးသဝန်တိုနေတာ ကြည့်ပြီး စိတ်ထဲ ကြိတ်ပျော်နေသည်

"ငါလည်း အဆင်ပြေပါတယ် Jennieရဲ့ mvအတွက် ငါ့ clubကို ရွေးပေးလို့ ကျေးဇူး "

ကောင်မလေးမှာ Jisooနဲ့ စကားပြောရင်း Jennieဘေးနားက Seulgiကို တွေ့ပြီး

"Oppa "

Jennieမှာ Aegyoအသံနဲ့ပြောပြီး Seulgiဆီ လျှောက်လာတဲ့ ကောင်မလေးကို ကြည့်ပြီး ပါးစပ်အဟောင်းသား ဖြစ်သွားသည်

"Seulgi Oppa ...Oppaကို အရမ်းလွမ်းနေတာ ငါ့ကိုရောမလွမ်းဘူးလား "

ကောင်မလေးမှာ Seulgiကို ဖက်ပြီး ပြောလိုက်သည်

Seulgiမှာ ဟန်ဆောင်ရယ်ပြီး သူမကို ဖက်ထားတဲ့ ကောင်မလေးလက်တွေကို သူမကိုယ်ပေါ်က ဖယ်လိုက်သည်

"ဟီး ငါလည်း နင့်ကို သတိရပါတယ် Yeri shii "

"Yeri. ..ရိုက်ကူးရေးစတော့မှာမို့ ဖယ်ပေးအုံး "

Minoရောက်လာပြီး Yeri ကို ဆွဲခေါ်သွားမှ Seulgi အသက်ဝဝ ရှူနိုင်တော့သည်

"ကဲ Jennie ရိုက်ကူးရေးစကြစို့ "

Jisoo သူမကို မျက်စောင်းတွေ ဆက်တိုက်ထိုးနေတဲ့ Jennieကို မသိချင်ယောင်ဆောင်ပြီး လှမ်းပြောလိုက်သည်

Yeriလေးက မွှေချတာ ဟိုမယ် ဂျယ်လီနင်ကုန်😂

#TBC

#zawgyi

"Good Morning. ..."






"ဟုတ်... "







"Appa "


"အင်း ပြောလေ သမီး "






















"ငှယ် ဘာလို့လည်း "




"Ash နင်တို့ဟာလေ "




















"ဟိုလေ "

"Jisoo. ...









"ပြေပါ့ နင်ရော ချာတိတ် "





"Oppa "











#TBC

Bạn đang đọc truyện trên: Truyen3h.Co