Part 24
#Unicode
"ကဲ Jennie ငါတို့ "
Jisoo စကားတွေဟာ သူမတို့ဆီပြေးလာတဲ့ ခွေးလေးနှစ်ကောင်ကြောင့် ရပ်သွားသည်
"Kai Kuma "
Jennie အော်လိုက်ပြီး ဒူးလေးထောက်ကာ သူမရဲ့ခွေးနှစ်ကောင်နဲ့ဆော့နေသည်
"Wow အဲ့နှစ်ကောင်က နင့်ခွေးလေးတွေလား "
Jisooမေးပြီး သူမလည်း ကြမ်းပြင်ပေါ် ထိုင်ချလိုက်တယ်လေ ဘာလို့ဆို ခွေးကလေးတွေနဲ့ဆော့ရတာ သူမ သဘောကျလို့ပါ
Jennie gummy smileလေး ပေါ်အောင် ပြုံးပြီး Jisooကို ခေါင်းညိတ်ပြသည်
"ပျော်စရာကြီးဘဲ နောက်တစ်ခါ ငါ့ခွေးလေးလည်း ခေါ်လာရမယ် ဒါမှ သူ သူငယ်ချင်းအသစ်တွေရမှာ "
Jisooရဲ့ စကားကြောင့် Jennie Kumaနဲ့ ဆော့နေရာက ရပ်သွားသည်
"နင့်မှာလည်း ခွေးရှိတာလား "
Jisooကို Jennie မေးလိုက်သည်
Jisoo ဖြေမလို့လုပ်ပေမယ့် Kuma က သူမကို ခုန်အုပ်ပြီး မျက်နှာကို လျှာနဲ့ရက်နေသောကြောင့် ရယ်မိသည်
"Kuma က နင့်ကို သဘောကျတာဘဲ "
"ဟုတ်မယ် ခုန နင့်မေးခွန်းကိုဖြေပါအုံးမယ် ငါ့မှာလည်း ခွေးလေးတစ်ကောင်ရှိတယ် "
Jisooရဲ့ စကားကြောင့် Jennie ပြုံးမိသွားတယ်
Flashback
Jennieနဲ့ Ireneတို့ ညနေပိုင်း လမ်းလျှောက်ထွက်နေစဥ် သစ်ပင်အောက်တွင် ခွေးလေးနှစ်ကောင်ကို တွေ့ရလေသည်
Jennieမှာ ခွေးလေးနှစ်ကောင်ကို အသည်းယားပြီး ပွေ့ချီလိုက်သည်
"Irene ကြည့်ပါအုံး ခွေးလေးတွေက ချစ်စရာလေး "
"Jennie... ခွေးတွေကို ချလိုက် ပိုင်ရှင်မြင်သွားလိမ့်မယ် "
"ရော် ပိုင်ရှင်မရှိလို့ ဒိီသဈပငအြောကမြှာ အိပ်နေကြတာပေါ့ ကြည့်အုံးလေ ညစ်ပတ်ပြီး အမွှေးတွေတောင် ရှည်နေရောပေါ့ မရဘူး သူတို့ကို ငါမွေးစားမယ်"
Irene ဘာမှမပြောခင် Jennieမှာ ခွေးလေးနှစ်ကောင်ကို ပွေ့ချီကာ ထွက်လာသည်
"အခုက စပြီး နင်က Kai ...ဟိုတစ်ယောက် Kuma. ..."
Jennieမှာ ခွေးလေးတွေကို နာမည်ပေးရင်း Jisooနဲ့ပေးထားတဲ့ ကတိကို သတိရသွားသည်
သူမတို့ လက်ထပ်ပြီးတဲ့အခါ ခွေးလေးတွေ အတူမွေးမယ်လို့ ကတိပေးဖူးတယ်လေ
"Ji. ..ငါတော့ ခွေးလေးတွေ မွေးလိုက်ပြီ နင်လည်း ကတိတည်မယ်လို့ မျှော်လင့်ပါတယ် "
End of Flashback
"သူ့နာမည်က Dalgomတဲ့ "
Jisoo သူမ ပိုက်ဆံအိတ်ထဲက Dalgomပုံလေး ထုတ်ပြလေသည်
"ချစ်စရာလေးဘဲ "
Jennie ပုံကို ကြည့်ပြီး ရေရွတ်လိုက်သည်
"Jisoo ဒီကို လာပါအုံး ပြောစရာရှိလို့ "
အခန်းထဲက Minoအော်သံကြောင့် Jisooတို့ စကားဝိုင်းပျက်သွားသည်
"ဒါဆို Jenလည်း ခဏနားနေအုံးနော် Minoတို့ဆီ သွားလိုက်အုံးမယ် "
Jisoo နှုတ်ဆက်ပြီး Minoတို့ဆီ သွားလေသည်
Jennieလည်း သူမ နားနေခန်းဘက် သွားတော့ သူမကို လက်ပိုက်ကြည့်နေတဲ့ Ireneကို တွေ့ရလေသည်
"ဘာလည်း "
"ခုန နင်တကယ် ငိုနေတာဘဲ....အဆင်ပြေရဲ့လား "
Irene မေးပြီး Jennieကို ဆွဲဖက်လိုက်သည်
"ငါ အဆင်ပြေပါတယ် Ireneရ.."
"Aww ဒါနဲ့ နင့်အမေ ဖုန်းထပ်ဆက်တယ် Jennie. .."
"ဘာလည်း သူ ပိုက်ဆံထပ်လိုချင်နေတာလား "
Jennie စိတ်ပျက်တဲ့လေသံနဲ့ ပြောတော့ Irene ခေါင်းခါပြသည်
"ဒါဆို ဘာလို့ သူကဖုန်းဆက်တာလည်း "
"သူ့ companyက မကြာခင် ဒေဝါလီခံရတော့မယ်တဲ့ ပြီးကျ သူလည်း အကြွေးတွေနဲ့ ပိနေတယ်တဲ့ "
"Gosh. ...သူက အကြွေး ဘယ်လောက်တောင် ဆပ်ဖို့လိုတာလည်း "
"သူ့အကြွေးတွေ နင်ဆပ်စရာမလိုတော့ပါဘူး "
"ဒါဆို ဘယ်သူက ဆပ်ပေးမှာလည်း "
Jennie မျက်မှောင်ကြုတ်ကာ မေးတော့ Irene သူမ ဖုန်းထဲက ပုံတစ်ပုံထုတ်ပြသည်
"နင့်အမေက ဒီပုံပို့ပေးတယ် ဒီပုံထဲက အမျိုးသားက ဆပ်ပေးမယ်ပြောတယ် "
Jennie မှာ Ireneပြတဲ့ ပုံကို သေချာကြည့်သောအခါ
"Appa "
"ဟမ် နင့် အဖေလား... "
"ဟုတ်တယ် ငါ့အဖေ.... "
"What Sir Taeyangက ဒေါ်လာ 15Mတောင် လိုတာ ဟုတ်လား "
Jisoo အံ့သြတကြီးမေးတော့ တစ်ဖွဲ့လုံးက ခေါင်းညိတ်ပြသည်
"ဘာလို့လည်း "
"သူ ပြောတာတော့ သူ့မိန်းမ companyက ငွေစာရင်းတွေရှုပ်ပြီး ဒေဝါလီခံတော့မလို ဖြစ်နေတော့ သူက ကူညီချင်လို့တဲ့ ဒါပေမယ့် သူ့မှာ ပိုက်ဆံလုံလုံလောက်လောက်မရှိတော့ ငါတို့ကို အကူအညီလှမ်းတောင်းတာ "
Seulgi သကျပွငျးခပြွိီး ပြောလိုက်သည်
"သူ့အသံက တကယ် stress ပိနေသလိုဘဲ "
"သူ့မိန်းမနဲ့ ပြန်ပေါင်းချင်လို့ အခုလို ကူညီဖို့ ဆုံးဖြတ်လိုက်တာထင်တယ် ဒါပေမယ့် သူ့မယ် ..."
"ကောင်းပြီ ငါတို့ သူ့ကို ကူညီရအောင်.....ငါတို့ကို ဒီအခြေအနေရောက်လာတာလည်း Sir Taeyangကြောင့်ဘဲလေ "
Jisoo လက်ခုပ်တီးပြီးပြောတော့ အားလုံးမှာ ဝမ်းသာသွားကြသည်
"Yeah... "
Jennieမှာ သူမ အမေရဲ့ အခြေအနေကို သိချင်လို့ အိမ်ကိုပြန်လာတော့ အိမ်ရှေ့တွင် သူမရင်းနှီးတဲ့ ကားတစ်စီးကို တွေ့ရလေသည်
အိမ်ထဲကို ဝင်လိုက်တော့ စာအုပ်ဖတ်နေတဲ့ သူ့အဖေရယ် ဟင်းချက်နေတဲ့ သူ့အမေကို မြင်ရတော့ Jennie ပျော်ပြီး မျက်ရည်တွေဝဲလာသည်
သူမ ထိုမြင်ကွင်းကို သတိရနေတာ ကြာပြီလေ
"Appa "
"Oh Jennie သမီးလေး ရောက်လာတာနဲ့ အတော်ဘဲ Hyorinရေ ညစာရပြီမလား သမီးအတွက်ပါ ခူးလိုက်နော်...လာ သမီး "
Taeyangမှာ Jennie လက်ကို တွဲပြီး ထမင်းစားခန်းထဲ ခေါ်သွားသည်
Jennieမှာ ထမင်းစားရင်း သူ့အဖေတို့ကို အကဲခတ်နေသည်
"Appaတို့ ပြန်ပေါင်းကြပြီလားဟင် "
"အဲ့လိုတော့ မဟုတ်သေးဘူး သမီး "
Taeyangဖြေတော့ Jennie သူ့အမေကို လှမ်းကြည့်သည်
Hyorin ကတော့ ရှက်ပြီး ခေါင်းငုံ့ထားနေသည်
ထမင်းစားပြီးနောက် မိသားစုသုံးယောက် ရုပ်ရှင် အတူကြည့်ကြလေသည်
Taeyangတို့ လင်မယားက ဆိုဖာတွင် ထိုင်ပြီး Jennieက ကော်ဇောပေါ်တွင် လှဲအိပ်နေသည်
ပေါက်ပေါက်ဆုပ်စားရင်း Taeyangနဲ့ လက်ချင်းထိမိတဲ့အခါ Hyorin မျက်နှာလေး နီရဲသွားတာကို Jennie သတိထားမိသည်
တကယ်တော့ Jennie ရုပ်ရှင်ထက် သူမ မိဘတွေကို ခိုးခိုးကြည့်နေသည်
ရုပ်ရှင်ပြီးတော့ Taeyangက အိပ်ပျော်နေသည်
Hyorinက ရေထသောက်မယ်လုပ်တော့ Jennie သူ့အမေ နားနားလေးကပ်ပြီး တိုးတိုးလေးပြောလိုက်သည်
"Ommaရာ Omma အသက်အရွယ်နဲ့ မလိုက် ရှက်မနေစမ်းပါနဲ့ လင်မယားတွေဘဲကို "
"Yah ဒီကလေးမ "
Hyorin ရှက်ရမ်းရမ်းပြီး မီးဖိုခန်းထဲ ပြေးသွားသည်
Jennieမှာ သူမအမေကို ကြည့်ပြီး ရယ်နေတုံး သူမ အဖေ ဖုန်းထဲ message ဝင်လာလို့ ယူကြည့်လိုက်သည်
From Ms. Rabbit Kim
ကောင်းသောညပါ Sir. ...Sirရဲ့ မိသားစု ပြဿနာတွေကို အမြန်ဆုံးဖြေရှင်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ် Fighting
Jennie ထို message ကို ဖတ်ပြီး သူ့အဖေပြောဖူးတဲ့ တပည့်တွေထဲက CEOဖြစ်မယ်လို့ တွေးရင်း ပြုံးလိုက်သည်
ဖုန်းကိုပိတ်မလို့ရှိသေး စာထပ်ဝင်လာပြန်သည်
From Ms. Rabbit Kim
Sir မိန်းမနဲ့ ပြန်အဆင်ပြေပြီး ကလေးလေး နောက်တစ်ယောက် ထပ်ယူသင့်တယ်နော် ဟိဟိ ကလေးလေးမွေးရင် Chawတို့ကို ဖိတ်ပါ😎
Jennieမှာ ထို messageကို ဖတ်ပြီး ရယ်လေသည်။
"Appaရဲ့ တပည့်မလေးက တော်တော်ရယ်ရတာဘဲ သူ့ဖုန်းနံပါတ် ယူထားအုံးမှ"
Jennie မှာ သူ့အဖေ ဖုန်းထဲက Ms. Rabbit Kimရဲ့ ဖုန်းနံပါတ်ကို ယူလိုက်သည်
"ကဲ ငါ့မှာ နင့်ဖုန်းနံပါတ် ရှိပြီ Ms.Rabbit Kim. ...."
#Tbc
Ms. Rabbit Kimက ဘယ်သူလည်း သိကြလား?
#Zawgyi
"ကဲ Jennie ငါတို႔ "
Jisoo စကားေတြဟာ သူမတို႔ဆီေျပးလာတဲ့ ေခြးေလးႏွစ္ေကာင္ေၾကာင့္ ရပ္သြားသည္
"Kai Kuma "
Jennie ေအာ္လိုက္ၿပီး ဒူးေလးေထာက္ကာ သူမရဲ႕ေခြးႏွစ္ေကာင္နဲ႕ေဆာ့ေနသည္
"Wow အဲ့ႏွစ္ေကာင္က နင့္ေခြးေလးေတြလား "
Jisooေမးၿပီး သူမလည္း ၾကမ္းျပင္ေပၚ ထိုင္ခ်လိဳက္တယ္ေလ ဘာလို႔ဆို ေခြးကေလးေတြနဲ႕ေဆာ့ရတာ သူမ သေဘာက်လိဳ႕ပါ
Jennie gummy smileေလး ေပၚေအာင္ ၿပဳံးၿပီး Jisooကို ေခါင္းညိတ္ျပသည္
"ေပ်ာ္စရာႀကီးဘဲ ေနာက္တစ္ခါ ငါ့ေခြးေလးလည္း ေခၚလာရမယ္ ဒါမွ သူ သူငယ္ခ်င္းအသစ္ေတြရမွာ "
Jisooရဲ႕ စကားေၾကာင့္ Jennie Kumaနဲ႕ ေဆာ့ေနရာက ရပ္သြားသည္
"နင့္မွာလည္း ေခြးရွိတာလား "
Jisooကို Jennie ေမးလိုက္သည္
Jisoo ေျဖမလို႔လုပ္ေပမယ့္ Kuma က သူမကို ခုန္အုပ္ၿပီး မ်က္ႏွာကို လွ်ာနဲ႕ရက္ေနေသာေၾကာင့္ ရယ္မိသည္
"Kuma က နင့္ကို သေဘာက်တာဘဲ "
"ဟုတ္မယ္ ခုန နင့္ေမးခြန္းကိုေျဖပါအုံးမယ္ ငါ့မွာလည္း ေခြးေလးတစ္ေကာင္ရွိတယ္ "
Jisooရဲ႕ စကားေၾကာင့္ Jennie ၿပဳံးမိသြားတယ္
Flashback
Jennieနဲ႕ Ireneတို႔ ညေနပိုင္း လမ္းေလွ်ာက္ထြက္ေနစဥ္ သစ္ပင္ေအာက္တြင္ ေခြးေလးႏွစ္ေကာင္ကို ေတြ႕ရေလသည္
Jennieမွာ ေခြးေလးႏွစ္ေကာင္ကို အသည္းယားၿပီး ေပြ႕ခ်ီလိုက္သည္
"Irene ၾကည့္ပါအုံး ေခြးေလးေတြက ခ်စ္စရာေလး "
"Jennie... ေခြးေတြကို ခ်လိဳက္ ပိုင္ရွင္ျမင္သြားလိမ့္မယ္ "
"ေရာ္ ပိုင္ရွင္မရွိလို႔ ဒိီသဈပငအြောကမြှာ အိပ္ေနၾကတာေပါ့ ၾကည့္အုံးေလ ညစ္ပတ္ၿပီး အေမႊးေတြေတာင္ ရွည္ေနေရာေပါ့ မရဘူး သူတို႔ကို ငါေမြးစားမယ္"
Irene ဘာမွမေျပာခင္ Jennieမွာ ေခြးေလးႏွစ္ေကာင္ကို ေပြ႕ခ်ီကာ ထြက္လာသည္
"အခုက စၿပီး နင္က Kai ...ဟိုတစ္ေယာက္ Kuma. ..."
Jennieမွာ ေခြးေလးေတြကို နာမည္ေပးရင္း Jisooနဲ႕ေပးထားတဲ့ ကတိကို သတိရသြားသည္
သူမတို႔ လက္ထပ္ၿပီးတဲ့အခါ ေခြးေလးေတြ အတူေမြးမယ္လို႔ ကတိေပးဖူးတယ္ေလ
"Ji. ..ငါေတာ့ ေခြးေလးေတြ ေမြးလိုက္ၿပီ နင္လည္း ကတိတည္မယ္လို႔ ေမွ်ာ္လင့္ပါတယ္ "
End of Flashback
"သူ႕နာမည္က Dalgomတဲ့ "
Jisoo သူမ ပိုက္ဆံအိတ္ထဲက Dalgomပုံေလး ထုတ္ျပေလသည္
"ခ်စ္စရာေလးဘဲ "
Jennie ပုံကို ၾကည့္ၿပီး ေရ႐ြတ္လိုက္သည္
"Jisoo ဒီကို လာပါအုံး ေျပာစရာရွိလို႔ "
အခန္းထဲက Minoေအာ္သံေၾကာင့္ Jisooတို႔ စကားဝိုင္းပ်က္သြားသည္
"ဒါဆို Jenလည္း ခဏနားေနအုံးေနာ္ Minoတို႔ဆီ သြားလိုက္အုံးမယ္ "
Jisoo ႏႈတ္ဆက္ၿပီး Minoတို႔ဆီ သြားေလသည္
Jennieလည္း သူမ နားေနခန္းဘက္ သြားေတာ့ သူမကို လက္ပိုက္ၾကည့္ေနတဲ့ Ireneကို ေတြ႕ရေလသည္
"ဘာလည္း "
"ခုန နင္တကယ္ ငိုေနတာဘဲ....အဆင္ေျပရဲ႕လား "
Irene ေမးၿပီး Jennieကို ဆြဲဖက္လိုက္သည္
"ငါ အဆင္ေျပပါတယ္ Ireneရ.."
"Aww ဒါနဲ႕ နင့္အေမ ဖုန္းထပ္ဆက္တယ္ Jennie. .."
"ဘာလည္း သူ ပိုက္ဆံထပ္လိုခ်င္ေနတာလား "
Jennie စိတ္ပ်က္တဲ့ေလသံနဲ႕ ေျပာေတာ့ Irene ေခါင္းခါျပသည္
"ဒါဆို ဘာလို႔ သူကဖုန္းဆက္တာလည္း "
"သူ႕ companyက မၾကာခင္ ေဒဝါလီခံရေတာ့မယ္တဲ့ ၿပီးက် သူလည္း အေႂကြးေတြနဲ႕ ပိေနတယ္တဲ့ "
"Gosh. ...သူက အေႂကြး ဘယ္ေလာက္ေတာင္ ဆပ္ဖို႔လိုတာလည္း "
"သူ႕အေႂကြးေတြ နင္ဆပ္စရာမလိုေတာ့ပါဘူး "
"ဒါဆို ဘယ္သူက ဆပ္ေပးမွာလည္း "
Jennie မ်က္ေမွာင္ၾကဳတ္ကာ ေမးေတာ့ Irene သူမ ဖုန္းထဲက ပုံတစ္ပုံထုတ္ျပသည္
"နင့္အေမက ဒီပုံပို႔ေပးတယ္ ဒီပုံထဲက အမ်ိဳးသားက ဆပ္ေပးမယ္ေျပာတယ္ "
Jennie မွာ Ireneျပတဲ့ ပုံကို ေသခ်ာၾကည့္ေသာအခါ
"Appa "
"ဟမ္ နင့္ အေဖလား... "
"ဟုတ္တယ္ ငါ့အေဖ.... "
"What Sir Taeyangက ေဒၚလာ 15Mေတာင္ လိုတာ ဟုတ္လား "
Jisoo အံ့ၾသတႀကီးေမးေတာ့ တစ္ဖြဲ႕လုံးက ေခါင္းညိတ္ျပသည္
"ဘာလို႔လည္း "
"သူ ေျပာတာေတာ့ သူ႕မိန္းမ companyက ေငြစာရင္းေတြရႈပ္ၿပီး ေဒဝါလီခံေတာ့မလို ျဖစ္ေနေတာ့ သူက ကူညီခ်င္လို႔တဲ့ ဒါေပမယ့္ သူ႕မွာ ပိုက္ဆံလုံလုံေလာက္ေလာက္မရွိေတာ့ ငါတို႔ကို အကူအညီလွမ္းေတာင္းတာ "
Seulgi သကျပွငျးခပြွိီး ေျပာလိုက္သည္
"သူ႕အသံက တကယ္ stress ပိေနသလိုဘဲ "
"သူ႕မိန္းမနဲ႕ ျပန္ေပါင္းခ်င္လို႔ အခုလို ကူညီဖို႔ ဆုံးျဖတ္လိုက္တာထင္တယ္ ဒါေပမယ့္ သူ႕မယ္ ..."
"ေကာင္းၿပီ ငါတို႔ သူ႕ကို ကူညီရေအာင္.....ငါတို႔ကို ဒီအေျခအေနေရာက္လာတာလည္း Sir Taeyangေၾကာင့္ဘဲေလ "
Jisoo လက္ခုပ္တီးၿပီးေျပာေတာ့ အားလုံးမွာ ဝမ္းသာသြားၾကသည္
"Yeah... "
Jennieမွာ သူမ အေမရဲ႕ အေျခအေနကို သိခ်င္လို႔ အိမ္ကိုျပန္လာေတာ့ အိမ္ေရွ႕တြင္ သူမရင္းႏွီးတဲ့ ကားတစ္စီးကို ေတြ႕ရေလသည္
အိမ္ထဲကို ဝင္လိုက္ေတာ့ စာအုပ္ဖတ္ေနတဲ့ သူ႕အေဖရယ္ ဟင္းခ်က္ေနတဲ့ သူ႕အေမကို ျမင္ရေတာ့ Jennie ေပ်ာ္ၿပီး မ်က္ရည္ေတြဝဲလာသည္
သူမ ထိုျမင္ကြင္းကို သတိရေနတာ ၾကာၿပီေလ
"Appa "
"Oh Jennie သမီးေလး ေရာက္လာတာနဲ႕ အေတာ္ဘဲ Hyorinေရ ညစာရၿပီမလား သမီးအတြက္ပါ ခူးလိုက္ေနာ္...လာ သမီး "
Taeyangမွာ Jennie လက္ကို တြဲၿပီး ထမင္းစားခန္းထဲ ေခၚသြားသည္
Jennieမွာ ထမင္းစားရင္း သူ႕အေဖတို႔ကို အကဲခတ္ေနသည္
"Appaတို႔ ျပန္ေပါင္းၾကၿပီလားဟင္ "
"အဲ့လိုေတာ့ မဟုတ္ေသးဘူး သမီး "
Taeyangေျဖေတာ့ Jennie သူ႕အေမကို လွမ္းၾကည့္သည္
Hyorin ကေတာ့ ရွက္ၿပီး ေခါင္းငုံ႕ထားေနသည္
ထမင္းစားၿပီးေနာက္ မိသားစုသုံးေယာက္ ႐ုပ္ရွင္ အတူၾကည့္ၾကေလသည္
Taeyangတို႔ လင္မယားက ဆိုဖာတြင္ ထိုင္ၿပီး Jennieက ေကာ္ေဇာေပၚတြင္ လွဲအိပ္ေနသည္
ေပါက္ေပါက္ဆုပ္စားရင္း Taeyangနဲ႕ လက္ခ်င္းထိမိတဲ့အခါ Hyorin မ်က္ႏွာေလး နီရဲသြားတာကို Jennie သတိထားမိသည္
တကယ္ေတာ့ Jennie ႐ုပ္ရွင္ထက္ သူမ မိဘေတြကို ခိုးခိုးၾကည့္ေနသည္
႐ုပ္ရွင္ၿပီးေတာ့ Taeyangက အိပ္ေပ်ာ္ေနသည္
Hyorinက ေရထေသာက္မယ္လုပ္ေတာ့ Jennie သူ႕အေမ နားနားေလးကပ္ၿပီး တိုးတိုးေလးေျပာလိုက္သည္
"Ommaရာ Omma အသက္အ႐ြယ္နဲ႕ မလိုက္ ရွက္မေနစမ္းပါနဲ႕ လင္မယားေတြဘဲကို "
"Yah ဒီကေလးမ "
Hyorin ရွက္ရမ္းရမ္းၿပီး မီးဖိုခန္းထဲ ေျပးသြားသည္
Jennieမွာ သူမအေမကို ၾကည့္ၿပီး ရယ္ေနတုံး သူမ အေဖ ဖုန္းထဲ message ဝင္လာလို႔ ယူၾကည့္လိုက္သည္
From Ms. Rabbit Kim
ေကာင္းေသာညပါ Sir. ...Sirရဲ႕ မိသားစု ျပႆနာေတြကို အျမန္ဆုံးေျဖရွင္းနိုင္ပါေစလို႔ ဆုေတာင္းေပးပါတယ္ Fighting
Jennie ထို message ကို ဖတ္ၿပီး သူ႕အေဖေျပာဖူးတဲ့ တပည့္ေတြထဲက CEOျဖစ္မယ္လို႔ ေတြးရင္း ၿပဳံးလိုက္သည္
ဖုန္းကိုပိတ္မလို႔ရွိေသး စာထပ္ဝင္လာျပန္သည္
From Ms. Rabbit Kim
Sir မိန္းမနဲ႕ ျပန္အဆင္ေျပၿပီး ကေလးေလး ေနာက္တစ္ေယာက္ ထပ္ယူသင့္တယ္ေနာ္ ဟိဟိ ကေလးေလးေမြးရင္ Chawတို႔ကို ဖိတ္ပါ😎
Jennieမွာ ထို messageကို ဖတ္ၿပီး ရယ္ေလသည္။
"Appaရဲ႕ တပည့္မေလးက ေတာ္ေတာ္ရယ္ရတာဘဲ သူ႕ဖုန္းနံပါတ္ ယူထားအုံးမွ"
Jennie မွာ သူ႕အေဖ ဖုန္းထဲက Ms. Rabbit Kimရဲ႕ ဖုန္းနံပါတ္ကို ယူလိုက္သည္
"ကဲ ငါ့မွာ နင့္ဖုန္းနံပါတ္ ရွိၿပီ Ms.Rabbit Kim. ...."
#Tbc
Ms. Rabbit Kimက ဘယ္သူလည္း သိၾကလား
Bạn đang đọc truyện trên: Truyen3h.Co