Part 27
#Unicode
Jennieရဲ့ Solo Music Video ရိုက်ပြီးနောက် ဒီနေ့ဟာ သီချင်းထွက်မယ့် နေ့ပင် ဖြစ်သည်
"Vlive စတော့မယ် ကြည့်ရအောင် "
Jeongyeonပြောပြီး Vlive ထဲဝင်ကာ ဖုန်းကို သူတို့ရှေ့မှာ ထားလိုက်သည်
"လူတွေက သီချင်းနဲ့ mvကို ဘယ်လိုတုံ့ပြန်မယ်ဆိုတာ ငါတော့ စိတ်လှုပ်ရှားနေပြီ "
Minoမှာ သူကိုယ်တိုင် produce လုပ်ထားတဲ့ သီချင်းကို ပရိတ်သတ်တွေ ဘယ်လိုတုံ့ပြန်မလည်းဆိုတာ သိချင်လို့ စိတ်လှုပ်ရှားနေသည်
သူ့ရဲ့သီချင်းကို မကောင်းဘူးဆိုပြီး တုံ့ပြန်ကြမလား Jennieကို မကောင်းပြောကြမလားလို့ Mino စိတ်ပူနေသေးသည်
"စိတ်မပူပါနဲ့ဟ ငါတို့ အားလုံး အကောင်းဆုံး ကြိုးစားခဲ့တာဘဲ သူများတွေရဲ့ မကောင်းတဲ့ စကားတွေကြောင့် ကိုယ့်ကိုကိုယ် အထိခိုက်မခံနဲ့ ....ငါတို့က နေ့ညမအိပ် ကြိုးစားပြီး editထားရတာ သူတို့က ကြည့်ပြီး ဝေဖန်ရုံနဲ့.... နင် စိတ်ထဲထည့်မနေနဲ့ "
Lisa ပြောပြီး Seulgiဆီက အာလူးကြော် နှိုက်စားလိုက်သည်
"Guys တိုးတိုးနေလို့မရဘူးလား Jennie အသံကို မကြားရဘူး နင်တို့အသံတွေချည်းဘဲ "
Jisoo စကားကြောင့် အားလုံး တိတ်ဆိတ်သွားကြသည်
တစ်နာရီကြာပြီးနောက် Jennieရဲ့ Vlive ပြီးသွားလေသည်... Jeongyeonမှာ သူ့ဝန်ထမ်းတွေကို ခေါ်ပြီး Music Videoကို Channel တွင် တင်ခိုင်းလိုက်သည်
မိနစ်အနည်းငယ်အတွင်းမှာ Music videoဟာ View အများကြီး ရပြီး Albumဟာလည်း လူတွေအများကြီး ဝယ်ကြသောကြောင့် Stockတောင် ပျက်သွားလေသည်
Jennie သူမ သူဌေးရုံးခန်းထဲ ဝင်လာတော့ JSLM အသင်းသားတွေက သူမ Music videoကို ကျေနပ်နေတဲ့အပြုံးတွေနဲ့ ကြည့်နေတာကို တွေ့လိုက်ရသည်
ထို့နောက် Jisoo လက်ထဲက သူမရဲ့ solo albumကို Jennie သတိထားမိသွားသည်
"Albumမှာ လက်မှတ်ထိုးပေးမယ်လေ "
Jisooဆီက albumကို Jennie ယူလိုက်သည်
Jeongyeonကလည်း လက်မှတ်ထိုးဖို့ Marker Penကို Jennieအား ပေးလိုက်သည်
Jennieလည်း albumပေါ်တွင် Jisooအတွက် လက်မှတ်ထိုးပေးလေသည်
"ကျေးဇူး...."
"Jennie မင်း အလုပ်ကြိုးစားခဲ့တယ် Congratulation "
Jeongyeon ပြောပြီး ထလာကာ Jennieကို ဖက်မယ်လုပ်ပေမယ့် Jennieက Jeongyeonနဲ့ လက်သာဆွဲပြီး ကျေးဇူးတင်စကားပြောလိုက်သည်
"ကျေးဇူးပါ CEO ..Music showsတွေပြီးတာနဲ့ Drama တန်းရိုက်မှာ မဟုတ်လား "
Jennie မေးတော့ Jinwoo ခေါင်းညိတ်ပြသည်
"ဒါပေါ့ "
"ဒါဆို တစ်ခြား သရုပ်ဆောင်တွေကရော....ငါ သူတို့နဲ့ မတွေ့ရသေးဘူးလေ...."
"ဇာတ်ညွှန်းဖတ်တဲ့အခါ သူတို့နဲ့ တွေ့ရပါလိမ့်မယ် "
Jinwoo ပြောတော့ Jennie ခေါင်းညိတ်ပြသည်
ထိုစဥ် Lisaက Jennie နားလေး ကပ်ပြီး တစ်ခုခုကို တိုးတိုးလေးပြောလေသည်
"Jisooရဲ့ Biggest fangirl တစ်ယောက်နဲ့ တွဲရိုက်ရမှာမို့ နင့်ကိုယ်နင် အသင့်ပြင်ထားပါ Jennie "
Lisa စကားကြောင့် Jennie စိတ်ထဲရှုပ်သွားပြီး Lisaကို CEO ရုံးခန်းထဲကနေ ဆွဲခေါ်လာသည်
"နင် ဘာတွေပြောနေတာလည်း ငါက ဘာလို့ ငါ့ကိုယ်ငါ အသင့်ပြင်ထားရမှာလည်း..."
"Come on Jennie မကြာခင် Jisooနဲ့ အဲ့တစ်ယောက် momentတွေ ကြည့်ပြီး နင် သဝန်တိုနေမှာ မတိုဘူး မပြောနဲ့ "
Lisa စကားကြောင့် Jennie ပိုပြီး စိတ်ရှုပ်လာသည်
"ငါက ဘာလို့သဝန်တိုရမှာလည်း Manobanရဲ့ "
"Oh ကြည့်ရတာ clubမှာ နင် မူးတုံးက အကြောင်းတွေ မမှတ်မိတော့ဘူး ထင်တယ် "
Lisa စကားကြောင့် Jennie မျက်လုံးပြူးသွားသည် ...သူမ တော်တော်မူးနေခဲ့လို့ ဘာတွေဖြစ်ခဲ့မှန်း Jennie မမှတ်မိဘူးလေ
"နင် ဘာတွေပြောနေတာလည်း "
Lisa သက်ပြင်းချပြီး သူမ ဘောင်းဘီအိတ်ထဲက ဖုန်းကိုထုတ်လိုက်သည်
ထို့နောက် Recorder ထဲဝင်ပြီး အသံဖိုင်ကို Jennieဆီ ပို့ပေးလိုက်သည်
"Jisooကို ချစ်နေသေးလားလို့ လာမေးတာ "
"ဘယ်လိုမေးခွန်းကြီးလည်း "
"ငါမေးတာသာ ဖြေစမ်းပါ သူ့ကို ချစ်နေသေးတယ်မလား "
"ဒါပေါ့ ချစ်နေသေးတယ်....ချစ်နေအုံးမှာဘဲ "
Jennie Recording ကို အံ့သြတကြီးနားထောင်နေတုံး Lisaက ပခုံးတွန့်ပြီး
"Record လုပ်ထားလိုက်တာ မှန်သွားပြီ ဟီးဟီး "
"Yah Lisa "
"ဘာလည်း "
"ကျေးဇူးပြုပြီး အဲ့ Recording ကို Jisoo မပြပါနဲ့ဟာ ငါ တောင်းပန်ပါတယ်နော်....နင် မပြဘူးဆို Chaeyoungနဲ့ အဆင်ပြေအောင် အောင်သွယ်ပေးမယ်လေ "
Chaeyoung ရဲ့ နာမည်ကြားလိုက်ရလို့ Lisa စိတ်လှုပ်ရှားသွားတယ်
"တကယ်လား နင်တကယ် ကူညီပေးမှာလား "
Lisa စိတ်လှုပ်ရှားပြီး မေးတော့ Jennie ခေါင်းညိတ်ပြသည်
"တကယ်ပေါ့ နင်သာ Jisooကို သွားမပြနဲ့ "
"မပြဘူး စိတ်ချ Jisoo မသိအောင် ဖွက်ထားမှာ "
Jennieတို့ စကားပြောနေစဥ် သူမတို့အနား Jisoo ရောက်လာသည်
"ငါမသိအောင် ဘာတွေဖွက်ထားဖို့ ပြောနေကြတာလည်း"
Jisoo အသံကြောင့် Jennieနဲ့ Lisaတို့ လန့်ပြီး တုန်သွားကြသည်
"Ji Jisoo "
Jennie ကို ကြည့်ပြီး Jisoo မျက်ခုံးပင့်ကာ ထပ်မေးပြန်သည်
"ဟို ဟို...ငါတို့က ဖွက်မလို့....."
"အေးလေ ဘာဖွက်မလို့လည်း "
"နင့်ဖုန်း...ဟုတ်တယ် နင့်ဖုန်းကို ဖွက်မလို့ နော့်Jennie "
Jennieကို တံတောင်နဲ့တွက်ပြီး Lisaပြောတော့
"ဟုတ်တယ် ဟုတ်တယ် အဲ့တာ ငါ..ငါ နင့်ဖုန်းကိုဖွက်ပြီး စရအောင်လို့ Lisaကို ပြောနေတာ "
"Aww ငါ့ကြောင့် နင်တို့ အစီအစဉ် ပျက်သွားပြီထင်တယ် Sorryနော် "
Jisoo ခေါင်းငုံ့ပြီး တောင်းပန်တော့ Jennieမှာ Jisoo ပခုံးကို ကိုင်လိုက်သည်
"ရပါတယ် တောင်းပန်စရာမလိုပါဘူး ဘာမှမဖြစ်ဘူးရယ်..."
Jennieက သူမ ပခုံးကို လာကိုင်လို့ Jisoo အရမ်းရင်ခုန်သွားတယ်...
Lisaမှာ Jensoo momentကို ကြည့်ပြီး အော်ချင်စိတ်ကို ထိန်းထားရသည်
"Jennie ဒီမှာ နင်နဲ့ သရုပ်ဆောင်ရမယ့် သူတွေ name list. ..internet မှာ ရှာကြည့်... "
Seulgi ရုံးခန်းထဲက ထွက်လာစဥ် Jisooပခုံးကို ကိုင်ထားတဲ့ Jennieကို မြင်ပြီး ပြုံးမိသွားတယ်
Jennie လည်း Seulgi လက်ထဲက စာရွက်ကို ယူပြီး ဖတ်လိုက်သည်
"Lee Soo Hyukနဲ့ Nam Joo Hyukနဲ့ ရိုက်ရမှာလား "
Jennie နည်းနည်းတော့ စိတ်မသက်မသာဖြစ်သွားတယ် ဘာလို့ဆို Lee Soo Hyukက သူမကို ခဏခဏ အီစီကလီ လာလာလုပ်လို့လေ
"အွန်း ဟုတ်တယ် သူတို့က အခု Koreaမှာ နာမည်ကြီး မင်းသားတွေလေ မဟုတ်ဘူးလား "
"Hong Soojooက ဘယ်သူလည်း "
Jennie မေးတော့ Lisa နဲ့ Seulgiမှာ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ပြီး ပီတီတီအပြုံးနဲ့ ပြုံးလိုက်ကြသည်
"အော် သူက ငါတို့ သူငယ်ချင်းလေ ....တရုတ်မှာ အစီအစဉ် တစ်ခုကြောင့် တွေ့ရင်း ရင်းနှီးသွားတာ... Soojooက သရုပ်ဆောင်ကောင်းပြီး လူမှုဆက်ဆံရေးလည်း ကောင်းတယ်
Jisooမှာ Jennie မေးခွန်းကို ဖြေလိုက်သည်
"ဟုတ်တယ် ငါတို့ သူငယ်ချင်း ဒါပေမယ့် Jisooနဲ့ ပိုရင်းနှီးတယ် "
"ဟုတ်ပါ့ ပြီးကျ အရမ်းလှတာ "
Seulgi ထပ်ပြောတော့ Jennie မျက်မှောင်ကြုတ်ကာ Jisoo ကိုကြည့်နေသည်
Jisooမှာ ဟန်ဆောင်ရယ်ပြီး Seulgi တို့ကို မျက်စောင်းထိုးလိုက်သည်
"Aww အင်း... အလုပ်ကြိုးစားပေးလို့ ကျေးဇူးနော် နောက် project ကျမှ တွေ့ကြတာပေါ့ Bye... "
Jennieမှာ Jisooတို့ တုံ့ပြန်မှုကို မစောင့်ဘဲ ရုံးခန်းထဲက ထွက်လာတဲ့ Ireneလက်ကို ဆောင့်ဆွဲပြီး သူမကားရှိရာသို့ ထွက်သွားသည်
"Hong Soojooနဲ့ ပတ်သက်တဲ့ အကြောင်းတွေ ရှာပေးပါလား Irene သူ့အကြောင်းတွေ သိချင်လို့ "
Jennie သူမအိမ်ပြန်ရောက်တော့ အခန်းထဲတွင် လှဲအိပ်နေသည်
ခဏကြာတော့ Irene စာရွက်တွေနဲ့ သူမ အခန်းထဲ ဝင်လာသည်
"Soojooနဲ့ ပတ်သက်တဲ့အကြောင်းတွေ စုလာခဲ့တယ် သူနဲ့သိလို့လား ဘာလို့ရှာခိုင်းတာလည်း "
"သူ့ကိုသိနေရင် ငါက အလကားနေ ရှာခိုင်းမလား "
"ပြီးရော "
Irene သူမ idolကို စာရွက်တွေပေးပြီး အခန်းထဲက ထွက်လာခဲ့သည်
Jennieလည်း Ireneပေးတဲ့ စာရွက်ကို ယူပြီး ဖတ်လိုက်သည်
"Hong Soojooက မော်ဒယ်အဖြစ်နဲ့ သူမ အနုပညာကို စတင်ခဲ့ပါတယ်.....Chinaက photoshoot တစ်ခုမှာ Jisooနဲ့ တွေ့ခဲ့ပြီး Jisooက Mini Dramaတစ်ခုမှာ မင်းသမီးအဖြစ် ပါဝင်ဖို့ Hong Soojooကို ကမ်းလှမ်းခဲ့ပါတယ် ထို Mini Dramaကြောင့် Soojoo နာမည်ကြီးသွားပြီး Dramaတွေ ကြော်ငြာတွေပါ လက်ခံခဲ့ပါတယ်....Mini Dramaကြောင့်ဘဲ JSLMအသင်းနဲ့ Hoojoo ရင်းနှီးသွားပြီး Hoojooရဲ့ အရေးကြီးတဲ့ fansign... eventပွဲတွေမှာဆို Jisoo အမြဲ သွားရောက် Support ခဲ့ပါတယ်...ထိုအရာတွေကြောင့်ဘဲ ပရိတ်သတ်တချို့က သူမတို့နှစ်ယောက်ကို 2Sooလို့တောင် shipကြပါသေးတယ် ..."
Jennie ဖတ်ရင်း ငိုချင်လာလို့ စာရွက်ကို လွှင့်ပစ်လိုက်သည်
Jisooက Soojooရဲ့ eventတွေ ပွဲတွေ တက်တဲ့အကြောင်းတွေက Jennieကို နာကျင်စေသည်
#Tbc
Seulgiတို့က အနှောက်တော့ Jendeukie တစ်ယောက် Soojooနဲ့ သဝန်တိုရအုံးမယ် xD
#Zawgyi
"ကျေးဇူး...."
"ဒါပေါ့ "
"Yah Lisa "
"ဘာလည်း "
"Ji Jisoo "
"ပြီးရော "
#Tbc
Bạn đang đọc truyện trên: Truyen3h.Co