Part 28
#unicode
"I'm going solo lo lo lo lo lo "
Jennieရဲ့ သီချင်းလည်း ပြီးရော ပရိတ်သတ်တွေမှာ လက်ခုပ်တီးပြီး Jennie နာမည်ကို အော်ဟစ်ကြသည်
Jennieမှာ ပရိတ်သတ်တွေကို ကျေးဇူးတင်စကား ပြောပြီးနောက် ဝန်ထမ်းတွေနဲ့အတူ နားနေခန်းသို့ ပြန်လာသည်
"Nice performance.... "
Jinwooက ချီးကျူးတော့ Jennieမှာ ကျေးဇူးတင်စကား ပြောလိုက်သည်
"အရမ်းလန်းတာဘဲ Jennie Kimရေ....ငါ့မယ် နင့် performance ကြည့်ပြီး ဘောင်းဘီတစ်ခုလုံး စို...."
Lisa စကားဆုံးအောင်မပြောလိုက်ရ ဘာလို့ဆို ဝက်ဝံပေါက်စလေးက အနောက်ကနေ ဖြန်းခနဲ Lisa ခေါင်းကို ဆော်လိုက်ခြင်းကြောင့် ဖြစ်သည်
"သူပြောတာတွေ စိတ်ထဲထားမနေနဲ့... ဒါနဲ့ နင် performance က တကယ်မိုက်တယ်ဟာ......"
Seulgi လက်မထောင်ပြီး Jennieကို ချီးကျူးလိုက်သည်
"Thank guys. .."
Ireneမှာ ကျေးဇူးတင်စကားပြောပြီး Jennie မျက်နှာပေါ်က ချွေးတွေကို သုတ်ပေးပြီး အမောပြေသောက်ဖို့ ရေဘူးပေးလိုက်သည်
"ကျေးဇူးပါ...ဒါနဲ့ တစ်ခြားနှစ်ယောက်ရော မတွေ့ပါလား ဘယ်သွားကြတာလည်း "
Jennieမှာ Minoနဲ့ Jisoo ကို မတွေ့လို့ မေးလိုက်သည်
Jisooကို မတွေ့ရခြင်းမှာ Jennieကို ပိုစိတ်တိုစေသည်....
"Minoက တစ်ခြားမင်းသားတွေနဲ့ တွေ့ဖို့ သွားတယ် Jisooကတော့ ငါလည်း..."
Seulgi စကားမဆုံးသေး အခန်းထဲတစ်စုံတစ်ယောက် ဝင်လာလို့ Jennie တို့ အခန်းတံခါးဘက်ကို လှမ်းကြည့်လိုက်ကြသည်
Jennieမှာ သူမရဲ့ lightstick နဲ့ bannerကို ကိုင်ထားတဲ့ Jisooကို မြင်တော့ အရမ်းပျော်သွားတယ်
ပြီးကျ Jennieနာမည်လေး ပါတဲ့ စကုတ်လေးနဲ့ ချစ်စရာကောင်းနေတဲ့ Jisooကို ကြည့်ပြီး Jennie တော်တော်လေး ရင်ခုန်နေသည်
"Performance က တော်တော်မိုက်တယ်ဟေး "
အခန်းထဲဝင်ဝင်လာခြင်း အော်ပြောတဲ့ Jisooကြောင့် Irene တို့ အားလုံး ရယ်ကြလေသည်
"Jen ...နင် တကယ် ကြိုးစားခဲ့တာဘဲ "
Jisoo လက်မထောင်ပြပြီး Jennieကို ချီးကျူးတော့ Jennie ရှက်ပြီး ခေါင်းငုံ့ထားသည်
"Gomawo Jisoo "
"နင် ဘယ်တွေသွားနေတာလည်း Jisoo "
Ireneမှာ Seulgiနဲ့ Lisaကြား ဝင်ထိုင်လိုက်တဲ့ Jisooကို မေးလိုက်သည်
"ငါလား.... ခုန လူအုပ်ကြီးထဲမှာလေ ငါက Jennie ရဲ့ biggest fanဟ..."
Jisooပြောရင်း Jennieရဲ့ fanchart လိုက်အော်ဆိုမိတာကို တွေးမိပြီး ပြုံးလိုက်သည်
Jennieရဲ့ music show stageကို တက်ရဖို့အတွက် Jisooမှာ သူမရဲ့ အချိန်ဇယားအလုပ်တွေတောင် ဖျက်ထားခဲ့သည်
"Aww ဒါကြောင့် နင့်မှာ lightstick ရှိနေတာကိုး "
Ireneပြောတော့ Jisoo ခေါင်းညိတ်ပြီး lightstick လေးကို ဝှေ့ယမ်းပြသည်
"ဒါ ပထမဆုံး jennieရဲ့ music show ကို live ကြည့်ဖူးတာ မဟုတ်လား...'
Seulgiမှာ Jennie ပိုပြီး ရှက်သွားအောင် Jisooကို မေးခွန်းတွေထပ်မေးသည်
Jisooမှာ ကလေးတစ်ယောက်လို ခေါင်းညိတ်ပြသည်
Lisaကလည်း အကြံတစ်ခု ထပ်ရပြီး လက်ဖျောက်တီးကာ
"Jennie "
"ဟင် "
"Japanမှာ နင် concert လာလုပ်တိုင်း fansign တွေ ဘာညာပွဲတွေရှိတိုင်း Jisoo က အမြဲ သွားတက်တာသိလား "
Jennieမှာ Lisa စကားကြောင့် အရမ်းအံ့သြသွားတယ်
တစ်နေ့ကဘဲ Jisooက သူမ rookie ဘဝတုံးက Soojooလို မ Support ခဲ့ဘူးဆိုပြီး ငိုနေခဲ့တာလေ
အခု Lisaဆီက ထိုစကားကြားရတော့ Jisooကို Jennie လှမ်းကြည့်လိုက်သည်
Jisooကလည်း Lisaပြောတာ မှန်ကြောင်း ခေါင်းညိတ်ပြသည်
"ဟုတ်တယ်... jeongyeonက နင့်ရဲ့ japan Debut stageပြင်ပေးထားတာ တော်တော်မိုက်တယ် ငါ့မှာ သဘောတွေကျခဲ့ရတာ ...."
"Jennie နင်အဆင်ပြေရဲ့လား "
Jennie မျက်နှာတွေအပြင် နားရွက်တွေပါ နီရဲလာတာကို Irene သတိထားမိပြီး မေးလိုက်သည်
"ငါ ဘာမှမဖြစ်ပါဘူး ခွင့်ပြုပါအုံး '
Jennie ပြောပြီး အခန်းထဲက ထွက်သွားကာ အဆောက်အဦးရဲ့ ခေါင်းမိုးဘက်သို့ သွားလေသည်
"သူ ဘာဖြစ်သွားတာလည်း "
"သူ့နောက် လိုက်သွားလေ Jisoo "
Jensoo Shipper တွေဖြစ်တဲ့ Seulgiတို့မှာ Jisooကို အခန်းအပြင်ဘက်သို့ တွန်းထုတ်လိုက်သည်
Jisooလည်း Jennieကို မြင်မိလားဆိုပြီး ဝန်ထမ်းတွေကိုမေးရင်း ခေါင်းမိုးထပ်သို့ ရောက်လာခဲ့သည်
ခေါင်းမိုးထပ်တွင် မတ်တပ်ရပ်ပြီး အဝေးကို ငေးကြည့်နေတဲ့ Jennie အနားကို Jisoo ရောက်လာသည်
"Hey.... "
Jisooက သူ့အနား မပြောမဆိုနဲ့ ရုတ်တရက်ရောက်လာလို့ Jennie လန့်သွားတယ်
"အမလေးလန့်လိုက်တာ Jisooရယ် '
Jennie ပြောပြီးJisooရဲ့ လက်မောင်းကို ရိုက်တော့ Jisooမှာ ရယ်လေသည်
"ဘာလို့ ဒီရောက်နေတာလည်း "
Jisooမေးတော့ Jennie ခေါင်းခါပြသည်
"ဘာမှမဟုတ်ပါဘူး '
ဆယ်မိနစ်လောက် Jensooတို့ကြား တိတ်ဆိတ်မှုက ဝင်ရောက်လာသည်
Jennieကဘဲ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်
"ငါ့ concert တွေ နင် အမြဲ ကြည့်တယ်ဆိုတာ တကယ်လားဟင် "
Jisooရဲ့ မျက်ဝန်းတွေကို ကြည့်ပြီး Jennie မေးလိုက်သည်....Jennie သူမရဲ့ ရင်ခုန်သံတွေကို ကြားနေရသည်
"ဒါပေါ့ ငါ အမှန်တိုင်းပြောတာပါဟ "
Jisoo ရယ်ပြီး အဝေးကို ကြည့်လိုက်သည်
"နင် Debut မလုပ်ခင်ကတည်းက အဝေးကနေ ငါ နင့်ကို အားပေးလာတာ "
Jisoo ပြောပြီး သူမ ဘောင်းဘီအိတ်ကို နှိုက်လိုက်သည်
"Japanမှာ နင် ပထမဆုံး fanmeeting လုပ်တုံးကလည်း ငါလာခဲ့တယ် ဒီမယ် နင့်ပုံလေးတွေ "
Jisoo သူ့ဖုန်းကို ထုတ်ပြီး သူ့ဖုန်းထဲက ပုံတွေကို Jennie ကို ပြလေသည်
Jennieမှာ Jisoo ရိုက်ထားတဲ့ သူ့ပုံလေးတွေကြည့်ပြီး ဗိုက်ထဲ လိပ်ပြာလေးတွေ ပျံသန်းသွားသလို ခံစားရသည်
"Fansign လာတာကို ဦးထုပ်ဆောင်းထားပြီး
maskရော မျက်မှန်ရော တပ်ထားတယ်ရော် "
Jisooရဲ့ ပုံကို ကြည့်ပြီး Jennie ရယ်လိုက်သည်
"ဒါပေါ့....ငါ နင့်ရှေ့ မျက်နှာ မပြရဲဘူးလေ....ကြောက်တာကိုး
"နေပါအုံး နင် comcertတွေ လာတယ်ဆိုလို့ ငါနင့်ကို တစ်ခါမှ မတွေ့ရဘူးရော် ငါပြောချင်တာကလေ VIPအတန်းတို့ backstageမှာ တွေ့ရဖို့ လက်မှတ်တွေ ဘာတွေဝယ်တာလေ "
"အင်း ဟုတ်တယ် ငါ ရိုးရိုးအတန်းကဘဲ ကြည့်ခဲ့တာ......."
Jisoo ခေါင်းညိတ်ပြီး သက်ပြင်းချလိုက်သည်
"ဘာလို့လည်း "
"ဘာလို့လည်းဆိုတော့ နင်က အဲ့တာမျိုးတွေ မကြိုက်ဘူးလေ ...နင့်အတွက် ပိုက်ဆံအများကြီး သုံးရင် နင်မကြိုက်လို့လေ....အဲ့တာကြောင့်... "
Jisooမှာ idolဆီက တုံ့ပြန်မှုမရလို့ စကားထပ်ပြောလေသည်
"ဒါပေမယ့် ငါနင်နဲ့ပတ်သက်သမျှ magazineတွေ albumတွေ goodsတွေအကုန် ဝယ်ပြီး စုဆောင်းခဲ့တယ်...ငါလေ နင့်ကို အမြဲ Support ခဲ့တာ သိလား "
Jisoo စကားတွေကြောင့် Jennie စိတ်မထိန်းနိုင်တော့ဘဲ ငိုချလေသည်
"ရော် ဆယ်ကျော်သက်အရွယ် ကလေးလည်း မဟုတ်တော့ဘူးကို ဘာလို့ငိုနေတာလည်း "
Jisoo မှာ Jennie မငိုအောင် စနောက်လိုက်ပေမယ့် Jennieက ပိုပြီး ငိုလေသည်
Flashback
"Jendeukie ရ လုပ်ပါ ကိုယ့်ကို စိတ်မဆိုးပါနဲ့ ကိုယ်ထပ်မလုပ်တော့ဘူးလို့ ကတိပေးတယ်လေ နော်...."
Jisooမှာ Jennieကို အနောက်ကနေ သိုင်းဖက်ပြီး ချော့နေသည်
"ကိုယ်က မင်း ပျော်ရအောင်လို့ VIP Tickets တွေ ဝယ်ပေးတာ...."
"Chuuရယ်....Jen ပျော်အောင်လို့ VIP Tickets တွေ ဝယ်ပေးတာ ဟုတ်ပေမယ့်လေ အဲ့ VIP လက်မှတ်ဖိုးက Chuu သုံးလစာမုန့်ဖိုးလောက်ရှိတယ်လေ ....ဒီပကာသနတွေက Jenအတွက် မလိုပါဘူး Chuuရယ် Chuu သာ Jenနား အမြဲရှိနေရုံနဲ့တင် Jen ပျော်နေပါပြီ....'
"Miyan. .."
"တောင်းပန်စရာမလိုပါဘူး.... ချစ်တယ် Chu "
Jennie ပြောတော့ Jisooမှာ Jennie ရဲ့ ပါးဖောင်းဖောင်းလေးကို နမ်းလိုက်သည်
ထို့နောက် VIP အတန်းထဲ သူမ အကြိုက်ဆုံး One Direction ကို ကြည့်ပြီး ခုန်ပေါက်နေတဲ့ Jennieကို ကြည့်ရင်း Jisooပါ ပျော်နေသည်
End of Flashback
#tbc
#Zwgyi
"I'm going solo lo lo lo lo lo "
"Nice performance.... "
"Thank guys. .."
"Gomawo Jisoo "
"Jennie "
"ဟင် "
"သူ ဘာဖြစ်သွားတာလည်း "
"Hey.... "
"ဘာမှမဟုတ်ပါဘူး '
"ဘာလို့လည်း "
Flashback
"Miyan. .."
End of Flashback
#tbc
Bạn đang đọc truyện trên: Truyen3h.Co