Truyen3h.Co

Hurt

Part 37

KimFany059

#Unicode

"အဲ့ကောင်မလေးက ဘယ်သူလည်း "

Jennieမှာ Jisooရဲ့ ကားပေါ်တက်ရင်း မေးလိုက်သည်

"Chuu လည်း မသိဘူးလေ "

Jisoo အမှန်တိုင်းပြောလိုက်သည်....Sunmiကို ခုနကမှ Jisoo မြင်ဖူးတာလေ

"Seulgiရဲ့ အီစီကလီတွေထဲက တစ်ယောက်မဟုတ်လား "

Jennieမေးတော့ Jisooမှာ သူ့ချစ်သူကောင်မလေးရဲ့ လေသံကို သိပ်မကြိုက်ပေ

ထို့ကြောင့် Jennieကို မျက်မှောင်ကြုတ်ကာ Jisoo ကြည့်လိုက်သည်

"Chuu မသိဘူးလို့ ပြောပြီးပြီလေ သူတို့နှစ်ယောက်က ဘာမှန်းကို Chuu တကယ်မသိတာ "

Jisoo စိတ်မကြည်တဲ့အသံ မပေါက်အောင် ထိန်းပြောနေရသည်

"Chuu ....Jen တကယ်ပြောတာနော် Ireneကို သူ သစ္စာ ဖောက်လို့ကတော့ Jen လေ Chuu ရဲ့ သူငယ်ချင်းကို သတ်ပစ်မှာနော် Oh my gosh "

"သစ္စာဖောက်တယ် ဟုတ်လား သူတို့က ချစ်သူတွေမှ မဟုတ်သေး ouchh. ...Jenကလည်း Chuuက အမှန်ပြောတာကို "

Jisooမှာ သူ့ပေါင်ကို Jennie က ထုလိုက်သောကြောင့် မျက်နှာလေး ရှုံ့မဲ့သွားသည်

သို့သော်လည်း Jennie မျက်နှာက ဖိအားများပြီး Serious ဖြစ်နေလို့ Jisooကဘဲ စိတ်လျော့လိုက်သည်

"Jenက Seulgiကို သဘောမကျဘူးဆိုတာ Chuu သိပါတယ် ဒါပေမယ့် Chuu တကယ်ပြောတာ သိလား Seulgiကလေ Ireneကြောင့် တကယ်ကို ပြောင်းလဲသွားပါပြီ...  ဒါကြောင့်မို့ သူ့ကိုယုံကြည်ပေးလိုက်ပါ သူသာ သစ္စာ ထပ်ဖောက်ရင် Chuu ကိုယ်တိုင် ဂျပန်ကိုပြန်ပို့ပစ်မှာ "

Jennie တိတ်ဆိတ်နေတော့ Jisooမှာ Jennie လက်ကလေးကို ကိုင်ပြီး သူမမျက်နှာပေါ်တင်လိုက်သည်

"Jendeukie လေး သဝန်တိုနေပြန်ပြီထင်တယ် "

"တိုရတာပေါ့ Chuu က Seulgiအကြောင်း အရမ်းသိပြီး သူ့ကို အရမ်း ကာကွယ်ပေးနေတာကိုး...."

Jennieရဲ့ စကားကြောင့် Jisoo ရယ်လိုက်သည်

"ကဲပါ Seulgi သူ့ကိစ္စကို သူ ဖြေရှင်းလိမ့်မယ်.."

Jisoo တစ်ယောက် Seulgi ဘယ်လိုဖြစ်နေမယ်ဆိုတာ တွေးမိပြီး ရယ်လိုက်ပြန်သည

"H. ..Hi Sunmi "

Seulgiမှာ သူနာပြုမလေးနဲ့ မန်နေဂျာကြားရပ်ပြီး ထိတ်လန့်စွာဖြင့် သူနာပြုမလေးကို နှုတ်ဆက်လိုက်သည်

"Youကို ကြည့်ရတာ စိတ်လှုပ်ရှားနေသလိုဘဲ "

Sunmiမှာ ပြောပြီး Seulgiရဲ့ လက်ကို ကိုင်လိုက်သည်

"ဆေးရုံမှာ ယုံကြည်ချက်ရှိရှိ တို့ကိုနမ်းသွားတဲ့ Seulgiလေး ဘယ်ရောက်သွားလည်း "

Seulgiမှာ Sunmiရဲ့ စကားကြောင့် အာခေါင်တွေ ခြောက်လာသလို ခံစားရလို့ အနားရှိ စားပွဲခုံပေါ်က အအေးကို ယူသောက်လိုက်သည်

Irene ဘက်ကို မသိမသာခိုးကြည့်တော့ Ireneက သူမကို မျက်စောင်းထိုးကာ ကြည့်နေသည်

Sunmiမှာလည်း Ireneရှိတာ အနေရခက်နေလို့ Ireneကို မျက်စောင်းတွေ ထိုးပြန်သည်

"Umm Miss. ..ရှင် ထွက်သွားပေးလို့ရလား ကျွန်မ Seulgiနဲ့ ပြောစရာ "

"ဘာလို့ ကျွန်မက ထွက်သွားပေးရမှာလည်း.... ကျွန်မ ဒီမှာ ရှိနေတော့ရော ဘာဖြစ်လည်း ရှင်တို့က မဟုတ်တရုတ်တွေ လုပ်မှာမို့ ကျွန်မက ဒီမှာရှိနေပေးလို့မရတာလား "

Irene ခပ်တည်တည်နဲ့ ပြောလိုက်တဲ့ စကားကြောင့် Sunmi နည်းနည်း လန့်သွားတယ်

"ကျွန်မကို ဂရုမစိုက်ဘဲ ရှင်တို့ ပြောစရာရှိတာ ဆက်ပြောပါ "

"ကောင်းပြီ Seul. ..ရှင်လေ ဒီ shirt အညိုလေးနဲ့ တအားလှတာဘဲ"

Sunmiမှာ ပြောပြီး Seulgi မျက်နှာလေးကို ကိုင်လိုက်သည်

Sunmiရဲ့ ရှက်နေတဲ့ မျက်နှာလေးကြည့်ပြီး မိန်းကလေးတွေက သူ့ကြောင့် ရှက်သွားတာမြင်ရင် ကျေနပ်တတ်တဲ့ Seulgi တစ်ယောက် ပြုံးမိသွားတယ်

သို့သော် ထိုအပြုံးတွေက ကြာရှည်မခံပါ...ဘာလို့ဆို သူမ ဘယ်လက်ခြေထောက်ပေါ်သို့ Ireneရဲ့ ဒေါက်ဖိနပ်လေးရောက်လာသောကြောင့် ဖြစ်သည်

"အာ...ကျေးကျေးဇူးပါ.. "

Seulgi နာကျင်မှု ဒဏ်ကို သည်းခံပြီး ကျေးဇူးတင်စကားပြောလိုက်သည်

"Sunmi ပြန်ကြစို့..."

လူနာတင်ယာဥ်မောင်းတဲ့ သူရဲ စကားကြောင့် Seulgiရှေ့ Sunmi နှုတ်ခမ်းစူလိုက်သည်

Ireneမှာ သူမရှေ့က သူနာပြုမကို ဆွဲလုပ်ချင်စိတ်ကို မနည်းထိန်းထားရသည်

သူမရဲ့ စိတ်ရှည်မှုတွေ တဖြည်းဖြည်း လျော့နည်းလာပြီလေ

"Sunmi ပြန်သင့်ပြီထင်..."

Seulgi စကားမဆုံးသေး သူမမျက်နှာကို လာနမ်းတဲ့ Sunmiကြောင့် Seulgiရော Ireneပါ အံသြသွားကြသည်

"သွားပြီနော် bye seul. ..."

Sunmi ထွက်သွားတော့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့ မန်နေဂျာကို Seulgi သွားလေးဖြဲပြပြီး ရယ်ပြနေသည်

"မရယ်နဲ့... "

Irene ပြောပြီး ရုတ်တရက် Seulgi နှုတ်ခမ်းကို နမ်းလိုက်သောကြောင့် Seulgiမှာ မျက်လုံးအပြူးသားနဲ့ အံ့သြနေသည်

"ဒီ eyesmile လေးရော ဒီမျက်နှာရော ဒီနှုတ်ခမ်းလေးက ငါ့အပိုင်ဘဲ "

Seulgiမှာ Irene ဘာဖြစ်နေတယ်ဆိုတာ သဘောပေါက်ပြီး အခွင့်အရေးကို လက်လွှတ်မခံဘဲ Irene မျက်နှာလေးကို ကိုင်ကာ နှုတ်ခမ်းလေးကို ပြန် နမ်းလိုက်သည်

ရိုက်ကွင်းက ဝန်ထမ်းတွေကတော့ Seulreneတို့ နမ်းတာကြည့်ပြီး တဝိုးဝိုးနဲ့ ဖြစ်နေသည်

ဓာတ်ပုံဆရာ Lisaမှာ ဘက်ပေါင်းစုံကနေ Seulrene နမ်းနေတာကို ကင်မရာနဲ့ ရိုက်ထားလေသည်

"Seulrene done. ..Chaelisaနဲ့ Jensooဘဲ ကျန်တော့တယ်..."

Mino ကော်ဖီသောက်ရင်း ပြောတော့ Jinwooမှာ ထောက်ခံလိုက်သည်

"Chaelisa က မကြာခင် တွဲတော့မယ့် အနေအထားရှိတယ် Jensooသာ ခက်နေတာ "

"Jennie သဝန်တိုအောင် ပိုလုပ်ရမလား "

"Yes နင် မကြာခဏ လုပ်သင့်တယ် Soojoo. .."

"ငါ့ကြောင့်ထင်တယ် အရင်ကနဲ့မတူဘူး သူတို့ ပိုရင်းနှီးလာသလားလို့ "

Soojooပြောတော့ Mino ခေါင်းညိတ်ပြီး

"ဟုတ်တယ် ခုနတောင် ကားပါကင်ဘက် သွားတဲ့
Jennieနောက် Jisoo လိုက်သွားတာတွေ့သေးတယ် "

"Gosh. .."

ရုတ်တရက် သူမတို့ နားနေခန်းထဲ ဝင်လာတဲ့ Jisooကြောင့် Minoတို့ လန့်သွားတယ်

သို့သော် Jisooကတော့ ဖုန်းနဲ့ တစ်စုံတစ်ယောက်ကို message ပို့နေပုံပေါ်သည်

"ဘယ်သူနဲ့ စာပို့နေတာလည်း "

"Sir Taeyangရဲ့ သမီးနဲ့ ပြောနေတာ Soojoo.... သူကပြောတယ် သူ့ချစ်သူကောင်မလေးက သူ့ကိုနမ်းလိုက်တိုင်း အရမ်းရင်ခုန်ရလို့တဲ့ "

"Oh Sir Taeyangရဲ့ သမီးမှာ ချစ်သူရှိတယ်ပေါ့ "

"ရှိတယ် Lisa. .."

"Jensoo shipလေး safe ဖြစ်ပြီဟေး "

Lisa စကားကြောင့် Jisoo ရယ်ချင်စိတ်ကို ထိန်းထားရသည်

သူ့သူငယ်ချင်းတွေက Jennieနဲ့သူ့ကို ပြန်တွဲစေချင်ကြတာလေ .....

"ကဲပါ ပစ္စည်းတွေသိမ်းကြစို့ ...ခဏနေ Sir Taeyangနဲ့ တွေ့ရအုံးမှာ "

Jisoo ပြောပြီး ရိုက်ကွင်းကို သိမ်းဖို့ နားနေခန်းက ထွက်သွားတယ်

******************

"ထိုင်လေ Jisoo "

"ဟုတ်.. "

Jisooမှာ သူ့ဆရာ Taeyangကို နှုတ်ဆက်ပြီး Taeyangရှေ့တွင် ဝင်ထိုင်လိုက်သည်

"အလုပ်ရော အဆင်ပြေလား"

Jisooမှာ သူ့ဆရာက ငိုနေတဲ့ပုံစံဖြစ်နေတာ သတိထားမိလို့ စိတ်ပူသွားသည်

"Sir. ..တစ်ခုခုဖြစ်နေတာလား အဆင်ပြေရဲ့လား "

Taeyangမှာ မျက်ရည်တွေ မထိန်းနိုင်တော့ဘဲ Jisoo လက်ကို ဆွဲကိုင်ကာ ငိုလေသည်

"အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ် Jisoo. .."

"Sir ဘာပြောတာလည်းမသိဘူး "

Taeyang ဘာပြောချင်နေမှန်း Jisoo သဘောမပေါက်ပေ

Taeyang ပြောမလိုလုပ်ပေမယ့် စားပွဲထိုးရောက်လာပြီး ဟင်းတွေချပေးသောကြောင့်် စကားစပြတ်သွားသည်

စားပြီးနောက် Taeyang ပိုက်ဆံရှင်းဖို့ ကြိုးစားပေမယ့် သူ့တပည့် Jisoo ကို မနိုင်ပေ Jisooကဘဲ အကုန်ရှင်းသွားသည်

"ဒါဆို သွားခွင့်ပြုပါအုံး Sir. .ကားကို ဖြည်းဖြည်းမောင်းနော် "

"Jisoo "

"ဟုတ် Sir. ..ဘာပြောစရာရှိလို့လည်းဟင် "

"Jeongyeonရဲ့ company anniversary က နောက်အပတ်နော် ဟုတ်တယ်မလား "

"ဟုတ်တယ် Sir. ..chaw လည်း သူ့ဆီက ဖိတ်စာရထားတယ်..."

"ဟုတ်လား ကောင်းတာပေါ့ ဒါနဲ့ Jisooကို ငါ အကူအညီတစ်ခု တောင်းလို့ရလား "

"ဘာများလည်း ဆရာ... "

"ငါ့ရဲ့ သမီးလေးလည်း အဲ့ Party တက်မှာလေ အဲ့တာ "

"ဟုတ် "

"Jisooက သူ့ပါတနာလုပ်ပေးပါလားလို့ "

Taeyang စကားကြောင့် Jisoo ရှော့ခ်ရသွားတယ်

"Jisoo အဆင်ပြေရဲ့လား"

Jisooမှာ သူမတွင် ပါတနာရှိပြီးသားဆိုတာ ပြောသင့်မပြောသင့် စဥ်းစားနေသည်...သို့သော်လည်း Jennieနဲ့သူက  silent တွဲနေတာလေ ....

Jisoo ငြင်းလိုက်ရင်လည်း Taeyangက ဘာလို့လည်းဆိုတာ မေးအုံးမယ်

Jisooလည်း ရွေးချယ်စရာမရှိတာနဲ့ လက်ခံလိုက်သည်

"အဆင်ပြေပါတယ် Sir. ..လက်ခံပါတယ် "

"ကျေးဇူးတင်ပါတယ် Jisoo "

Taeyangမှာ Jisooကို ဖက်ပြီး ကျေးဇူးတင်စကားပြောလိုက်သည်

******

ရေချိုးပြီးနောက် Jisooမှာ Sir Taeyang ရဲ့ သမီးဆီ message ပို့လေသည်

To Sir Taeyang's daughter

Hello. ...Yoo Jeongyeon ရဲ့ Company anniversary ကျ ငါက နင့် ပါတနာလုပ်ရမယ်တဲ့ တွေ့ရတော့မယ်နော်

Jisooမှာ စာပို့ပြီးနောက် သူ့ကောင်မလေးဆီ ဖုန်းဆက်လိုက်သည်

"Hello Jen"

"Ashhh "

"Jen ဘာဖြစ်လို့လည်း "

Jisooမှာ တစ်ဖက်က မကျေမနပ် ညည်းညူနေတဲ့ သူ့ကောင်မလေး အသံကြောင့် လန့်သွားတယ်

"Appaက ခုနခါ်ပြောတယ် Company anniversary Partyမယ် Jenအတွက် ပါတနာတွေ့ထားတယ်ဆိုပြီး "

Jennie စကားကြောင့် Jisoo စိတ်တိုသွားတယ်

Jennieကို တစ်ခြားတစ်ယောက်နဲ့လက်ချင်းတွဲပြီး ကော်ဇောနီပေါ် လျှောက်နေတာကို ပုံဖော်ရင်း တစ်ဖက်က ဖုန်းကိုင်ထားတဲ့ Jennieကို မေ့နေသည်

"Chuu Hello Chuu ရေ "

Jennie အသံကြောင့် Jisoo သတိပြန်ဝင်လာသည်

"Ah Sorry Jen. ..တကယ်တော့ Chuuလည်း Jenကို ပြောစရာရှိတယ်..."

"ဘာများလည်း "

"Chuuရဲ့ဆရာကလည်း Chuu အတွက် ပါတနာရှာပေးထားတယ်...."

#tbc

#Zawgyi



"Chuu လည်း မသိဘူးလေ "


















"H. ..Hi Sunmi "
















"အာ...ကျေးကျေးဇူးပါ.. "


"Sunmi ပြန်ကြစို့..."




"Sunmi ပြန်သင့်ပြီထင်..."


"သွားပြီနော် bye seul. ..."


"မရယ်နဲ့... "














"Gosh. .."






"ရှိတယ် Lisa. .."






******************

"ထိုင်လေ Jisoo "

"ဟုတ်.. "


"အလုပ်ရော အဆင်ပြေလား"







Taeyang ပြောမလိုလုပ်ပေမယ့် စားပွဲထိုးရောက်လာပြီး ဟင်းတွေချပေးသောကြောင့် စကားစပြတ်သွားသည်



"Jisoo "





"ဘာများလည်း ဆရာ... "


"ဟုတ် "



"Jisoo အဆင်ပြေရဲ့လား"







******





"Hello Jen"

"Ashhh "

"Jen ဘာဖြစ်လို့လည်း "


"Appaက ခုနခ်ါပြောတယ် Company anniversary Partyမယ် Jenအတွက် ပါတနာတွေ့ထားတယ်ဆိုပြီး "



"Chuu Hello Chuu ရေ "



"ဘာများလည်း "


#tbc

Bạn đang đọc truyện trên: Truyen3h.Co