Part 36
#unicode
Jensoo နှစ်ယောက် ပြန်တွဲနေတာ နှစ်ပတ်ကျော်ရှိသွားခဲ့ပြီ
ရှုတင် break ချိန်တိုင်းတွင်လည်း ဘယ်သူမှ မရိပ်မိအောင် Jensoo နှစ်ယောက်က flirt သေးသည်
Jennieရဲ့ Dramaက စရိုက်နေပြီး အရာအားလုံးကလည်း အဆင်ပြေချောမွတ်နေသည်
"Baby. ..ဒီစာကြောင်းလေး သရုပ်ဆောင်ချင်တာ ကူညီပေးပါလား "
Soojooမှာ နှုတ်ခမ်းလေးစူပြီး Jisooကို ချွဲလေသည် ....ရိုက်ကူးရေးကာလအတွင်းမှာလည်း Jisoo ပခုံးကို မှီလိုက် အီစီကလီလုပ်လိုက်နဲ့ Jennie သဝန်တိုအောင် Soojoo မှာ Lisaတို့ မြှောက်ပေးတဲ့အတိုင်း လုပ်နေသေးသည်
ထိုအခါမျိုးတွင်လည်း Jisooမှာ သူမကို သဝန်တိုလို့ မကျေနပ်တဲ့ အကြည့်တွေနဲ့ ကြည့်တဲ့ Jennieကို ခိုးကြည့်ပြီး Soojooကို တွန်းလွှတ်ရသည်
"Ah ok ဘာများလည်း "
Jisooမှာ Soojoo လက်ထဲက ဇာတ်ညွှန်းစာအုပ်ကို ယူလိုက်သည်
"Aww Kiss scene အပိုင်းဘဲ.... မင်းသားကနမ်းတဲ့အခါ နင်က ဘာမှမဖြစ်သလို နေရမှာလေ "
"တစ်ခါမှ မနမ်းဖူးတော့ မနမ်းတတ်ဘူး Baby "
Soojoo က မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ်လုပ်ပြီးပြောတော့ ရိုက်ကူးရေးက ဝန်ထမ်းတစ်ချို့က Jisooနဲ့ သူ့ကိုစနောက်နေကြသည်
"အဲ့တာ ငါ့ပြဿနာ မဟုတ်ဘူးလေ Jooရ...ကိုယ့်ဘာသာကိုယ် မှန်နဲ့ လေ့ကျင့်ကြည့် "
Soojooက သူမကို နမ်းစေချင်မှန်း Jisoo သိလို့ အခြေအနေမဆိုးခင် Soojoo နားကနေ အမြန် Jisoo ထွက်လာခဲ့သည်
Jisoo သူမတို့ နားနေခန်းဘက်သွားစဥ် Jennieဆီက message ဝင်လာသည်
From Jendeukie
Jenကို စကားလာမပြောနဲ့ 🙄
Jisooမှာ Jennie message ကို ဖတ်ပြီး မရယ်သင့်မှန်းသိပေမယ့် Jennieပို့တဲ့ emojiအတိုင်း Jennie မျက်နှာလေးကို မြင်ယောင်မိပြီး ရယ်လေသည်
To Jendeukie
Chuu က ဘာမှမပြောရသေးဘူးလေ Jenကဘဲ အရင် Chuuကို message ပို့တာ
တစ်ဖက်က Jennieမှာ Jisoo ပို့တဲ့ message ကို ဖတ်နေသည်
"Stupid shitttt "
Phoneကို ကြည့်ရင်း ကျိန်ဆဲနေတဲ့ သူမ Idolကို Irene လှမ်းကြည့်လိုက်သည်
"ဘာဖြစ်တာလည်း "
"ဘာမှမဖြစ်ဘူး "
Ireneကို ပြန်ဖြေပြီး Jennie တစ်စုံတစ်ယောက်ဆီ message ပို့လိုက်သည်
To Rabbit Kim
Hi
CEOဆီက ချက်ချင်း replyရတော့ Jennie ပြုံးသွားတယ်
From Rabbit Kim
What?
To Rabbit Kim
Humm အေးတိအေးစက်နဲ့ ဘယ်လိုကြီးလည်း အရင်က Appaရဲ့ dorky တပည့်လေး ဘယ်ရောက်သွားလည်း
From Rabbit Kim
Sorry ငါ တစ်ခုခုကိုတွေးနေလို့
To Rabbit Kim
ဘာများလည်း
From Rabbit Kim
ဘာမှမဟုတ်ပါဘူး ဒါနဲ့ နင်က ဘာလို့ ငါ့ဆီ စာပို့တာလည်း
To Rabbit Kim
တစ်ယောက်ယောက်နဲ့ စကားပြောချင်လို့...တကယ်က ငါနဲ့ ငါ့ကောင်မလေး ရန်ဖြစ်ထားတာ...အာ ရန်ဖြစ်တာတော့ မဟုတ်ဘူးပေါ့ စကားနည်းနည်းများထားတာ
From Rabbit Kim
ဟင် တကယ်လား Hahahaha ဒါဆို ငါတို့ အခြေအနေတူတာပေါ့
To Rabbit Kim
နင့်မှာလည်း ရည်းစားရှိတယ်ပေါ့
From Rabbit Kim
ရှိတယ် သူအခု ငါ့ကို စိတ်ဆိုးနေတာ
To Rabbit Kim
Aww ဟုတ်လား ဒါဆို သူ့ကို ချော့လိုက်အုံး Stupid ...Bye
Jennie သက်ပြင်းချပြီး စောင်ခြုံကာ နံရံဘက်ကို မှီလိုက်သည်
ထိုစဥ် သူမ နားနေခန်းထဲ Jisoo ဝင်လာပြီး သူမဘေးနားကို ဝင်ထိုင်လာသည်
"ဘာလာလုပ်တာလည်း "
Jennie မေးတော့ Jisoo မတ်တပ်ထရပ်ပြီး Jen Jennie ပေါင်ပေါ်တက်ထိုင်သည်
Jennieမှာ Jisoo အပြူအမူကြောင့် ပြုံးချင်စိတ်ကို ထိန်းထားရသည်
"Jisoo ဖယ်စမ်းပါ "
Jennie ပြောပေမယ့် Jisooက မဖယ်ပေးဘဲ Jennie ရင်ခွင်ထဲ ခေါင်းလေးတိုးဝှေ့ကာ ချွဲလေသည်
"Chuu တောင်းပန်ပါတယ် "
Jisooက တောင်းပန်ပေမယ့် Jennieကတော့ Jisooကို တွန်းဖယ်နေသည်
"Chuu တစ်ယောက်ယောက်က မြင်သွားလိမ့်မယ် "
Jennieမှာ Jisoo သူမကို ဒီလိုလေး လာချော့တာ သဘောကျပေမယ့် တစ်ယောက်ယောက် မြင်သွားမှာ စိတ်ပူနေသည် အထူးသဖြင့် Irene မြင်သွားမှာ စိတ်ပူသည်
"ဒီလိုလေး ခဏလောက်နေရအောင် "
Jisooအသံက ပင်ပန်းနေပေါ်ပေါက်နေမှန်း Jennie သတိထားမိသွားသည်
"Chuu အလုပ်တွေထပ်နေတာ ခဏလောက် အနားယူသင့်တယ်ထင်တယ် "
Jennieပြောပြီး Jisooနောက်ကျောလေးကို ပွတ်ပေးလိုက်သည်
"Chuu အဆင်ပြေပါတယ် Jenရဲ့ ပွေ့ဖက်ထားတာလေး ခံချင်တာ...Jenရဲ့ ပွေ့ဖက်မှုက Chuuရဲ့ အားဆေးလေ"
Kim Jisoo ဆိုတာလေ Jennie Kimကို ရင်ခုန်မြန်အောင် အမြဲလုပ်နိုင်တယ်....သူ့စကားကြောင့် Jennie စိတ်ဆိုးနေတာတွေတောင် ပျောက်ကုန်ပြီလေ.....
"Drama trailer ကရော "
"Seulgi edit လုပ်နေတယ် ...Chuu ကိုဖက်ထားပေးလို့ ကျေးဇူးတင်ပါတယ် ....."
"ကိုယ့်ကိုကိုယ် ဂရုစိုက်ပါနော် Chuu. ..ဒီရိုက်ကွင်းမှာ Chuu တစ်ခုခုဖြစ်သွားရင် Jenက ဘာမှလုပ်ပေးနိုင်မှာ မဟုတ်ဘူး "
Jisooမှာ မတ်တပ်ထရပ်ပြီး ကလေးလေးတစ်ယောက်လို ခေါင်းညိတ်ပြသည်
"ချစ်တယ် Jen "
"Jenလည်း Chuuကို အရမ်းချစ်တယ် ကျန်းကျန်းမာမာနေနော် "
Jennie ထပ်ရပ်ပြီး Jisooနှုတ်ခမ်းကို ပြွတ်ခနဲ နမ်းလိုက်သည်
Jisooလည်း Jennieကို ပြန်နမ်းမလို့ရှိသေး ရုတ်တရက်တံခါးဖွင့်ဝင်လာတဲ့ Ireneကြောင့် အမြန် Jennieနဲ့ ခွာနေလိုက်သည်
"Jennie ငါ နင့်ရဲ့ oh Jisooပါလား ဒီကို ဘာလာလုပ်တာလည်း "
Jisooကို မြင်တော့ Irene နှုတ်ဆက်လိုက်သည်
"Hi Irene. ..Jennieကို သူ့ linesတွေအတွက် ကူညီပေးနေတာ ဒါနဲ့ ဘာဖြစ်လို့လည်း Irene "
"Soohyukလေ အိမ်သာခုံကို ချိုးပစ်တာ နည်းနည်း ခိုက်မိသွားလို့ "
"ဟင် အိမ်သာခုံကို ဘယ်လိုချိုးတာ "
Jennie မျက်မှောင်ကြုတ်ပြီးမေးသော်လည်း Jisooကတော့ စိတ်ပူသွားသည်
"သူက Joohyukနဲ့ တူတူပုန်းတိုင်း ဆော့ရင်း အိမ်သာထဲ ဝင်ပုန်းပြီး ချော်လဲရင်း ဖြစ်တာတဲ့ "
Irene စကားကြောင့် Jennie ရယ်ချင်စိတ်ကို ထိန်းရသည်...အသက်ကဖြင့် သုံးဆယ်တွင်း ဝင်တော့မှာကို တူတူပုန်းတိုင်း ဆော့နေတယ်တဲ့လား
"ဒါမို့ Jennie နင့်ကင်မရာလေး ခဏငှား "
"ဟယ် ဘာလို့ "
"သူတို့ပုံ ရိုက်ထားပြီး memory bookထဲ ထည့်ထားချင်လို့ "
Memory bookနဲ့ ပတ်သက်ပြီး မပြောဖို့ Ireneကို Jennie အချက်ပြပေမယ့်...
"Memory bookက ဘာလည်း "
"ငါတို့မှာ memory book နှစ်အုပ်ရှိတယ် တစ်ခုက ငါ့ဟာ နောက်တစ်ခုက သူ့ဟာ...Diaryလိုမျိူးပေါ့ သိတယ်မလား "
"Aww Babe အာ....ကလေးကျနေတာဘဲ "
Jisoo စကားကြောင့် Irene ရှိနေလို့ Jennie ရန်မလုပ်နိုင်ဘဲ Jisooကို မျက်စောင်းသာ ထိုးလိုက်သည်
"Ireneရေ ကင်မရာ အမြန်ယူလာဟ "
နားနေခန်းထဲ ဝင်လာတဲ့ Mino စကားကြောင့် Jennie အိတ်ထဲက ကင်မရာကို ယူပြီး Irene မှာ Minoနဲ့အတူ မင်းသားတွေဆီ ပြေးသွားလေသည်
Ireneတို့လည်း အခန်းထဲ ထွက်သွားရော Jennieမှာ Jisooလက်မောင်းကို လက်သီးနဲ့ ထုလေသည်
"သူတို့နဲ့အတူရှိနေရင် အရမ်းမsweetပါနဲ့ Chuu "
"ရော် စိတ်ဆိုးပြန်ပြီလား"
"ဟုတ်တယ် နောက်တစ်ခါ sweetရဲ sweetကြည့် Chuuကို ဟောဒီလိုတက်ခွပြီး နမ်းပစ်မှာ "
Jennie ပြောပြီး Jisooအပေါ် တက်ခွပြီး Jisooနှုတ်ခမ်းလေးကို နမ်းလိုက်သည်
"Aigoo Jendeukie ငဆိုးမလေး "
"ဆိုးတော့ ဘာဖြစ်လည်း "
"ဘာမှမဖြစ်ပါဘူး ဆိုးတာလေးဘဲ ချစ်နေရတာ "
Jisooတို့မှာ နားနေခန်းထဲ အာဘွားပေးပြီးနောက် Soohyukကို အဆင်ပြေလားမေးဖို့ ထွက်လာသည်
"အဆင်ပြေရဲ့လား Lee Soohyuk shii "
"ပြေပါတယ် ဒါရိုက်တာကြီး ဆေးထည့်လိုက်ရင် သက်သာမှာပါ "
"ဟုတ်ပါတယ် ခု သူ့ဒဏ်ရာကို ဆေးထည့်ပေးထားလို့ နှစ်ရက်လောက်နေရင် အမာရွတ်တောင်မကျန်စေရဘူး ပျောက်သွားလိမ့်မယ် "
သူနာပြုမလေးမှာ Jisooကို ကြည့်ပြီး ပြောလိုက်သည်
ထိုစဥ် သူမတို့ဆီကို ကောင်မလေး တစ်ယောက် ပြေးလာသည်
"Seulgi. ..ဒီကိုဘာလာလုပ်တာလည်း "
"Ireneက Joohyuk အရေးပေါ်ဖြစ်နေလို့ဆိုပြီး ဖုန်းဆက်ခေါ်လို့ "
Seulgiမှာ Ireneကြောင့် အပြေးလာရလို့ မောနေသည်
"Seulgiလည်း လာပြီဆိုတော့ ပုံရိုက်မယ် "
Ireneမှာ သူမလက်ထဲက ကင်မရာကို ဝန်ထမ်းတစ်ယောက်ဆီပေးပြီး သူမတို့ကို group ဓာတ်ပုံရိုက်ခိုင်းလေသည်
Seulgiမှာ အူကြောင်ကြောင်ဖြင့် မေးလေသည်
"ငါဒီကို အပြေးလာရတာက group photoကြောင့်လား..."
"Hey တို့ကို မှတ်မိလား "
သူမ ပခုံးကို လာတို့တဲ့ သူနာပြုမလေးကြောင့် Seulgi လန့်သွားသည်
"Sumi "
"Seulgi သူက နင့်ဇယားထဲက တစ်ယောက်လား "
Seulgi နားကပ်ပြီး Jisoo တိုးတိုးလေးမေးတော့ Seulgi ခေါင်းညိတ်ပြပြီး တိုးတိုးလေး ပြန်ပြောလိုက်သည်
"ဟုတ်တယ် ဟိုတစ်ခါ ဆေးရုံမှာထင်တယ် "
"နင် သူ့ကို အီခဲ့လား..."
"သူ့ပါးကိုတောင် နမ်းခဲ့သေးတယ် "
"ဟူး နောက်မှပြောရအောင် "
Jisoo သက်ပြင်းချပြီး သူမတို့နားက ဆောင့်အောင့်ပြီး ထွက်သွားတဲ့ Jennieနောက် မသိမသာလိုက်သွားလေသည်
"Oh come on ထပ်ပြီး စိတ်မဆိုးပါနဲ့တော့ Mandukieရ..."
Jisoo တိုးတိုးလေးရေရွတ်လိုက်သည်
Joohyukလည်း သူ့နားနေခန်းထဲ သွားနားနေပြီး တခြားသူတွေကလည်း လုပ်စရာအလုပ်တွေကို ဆက်လုပ်နေကြသည်
သို့သော်လည်း သူမကို ဝါးစားမတတ်ကြည့်နေတဲ့ မန်နေဂျာနဲ့ သူနာပြုမလေးကြားတွင် Kang Seulgiမှာ ကူရာမဲ့နေသည်
#Tbc
#Zawgyi
Jensoo ႏွစ္ေယာက္ ျပန္တြဲေနတာ ႏွစ္ပတ္ေက်ာ္ရွိသြားခဲ့ၿပီ
ရႈတင္ break ခ်ိန္တိုင္းတြင္လည္း ဘယ္သူမွ မရိပ္မိေအာင္ Jensoo ႏွစ္ေယာက္က flirt ေသးသည္
Jennieရဲ႕ Dramaက စရိုက္ေနၿပီး အရာအားလုံးကလည္း အဆင္ေျပေခ်ာမြတ္ေနသည္
"Baby. ..ဒီစာေၾကာင္းေလး သ႐ုပ္ေဆာင္ခ်င္တာ ကူညီေပးပါလား "
Soojooမွာ ႏႈတ္ခမ္းေလးစူၿပီး Jisooကို ခြၽဲေလသည္ ....ရိုက္ကူးေရးကာလအတြင္းမွာလည္း Jisoo ပခုံးကို မွီလိုက္ အီစီကလီလုပ္လိုက္နဲ႕ Jennie သဝန္တိုေအာင္ Soojoo မွာ Lisaတို႔ ျမႇောက္ေပးတဲ့အတိုင္း လုပ္ေနေသးသည္
ထိုအခါမ်ိဳးတြင္လည္း Jisooမွာ သူမကို သဝန္တိုလို႔ မေက်နပ္တဲ့ အၾကည့္ေတြနဲ႕ ၾကည့္တဲ့ Jennieကို ခိုးၾကည့္ၿပီး Soojooကို တြန္းလႊတ္ရသည္
"Ah ok ဘာမ်ားလည္း "
Jisooမွာ Soojoo လက္ထဲက ဇာတ္ၫႊန္းစာအုပ္ကို ယူလိုက္သည္
"Aww Kiss scene အပိုင္းဘဲ.... မင္းသားကနမ္းတဲ့အခါ နင္က ဘာမွမျဖစ္သလို ေနရမွာေလ "
"တစ္ခါမွ မနမ္းဖူးေတာ့ မနမ္းတတ္ဘူး Baby "
Soojoo က မ်က္လုံးေလး ပုတ္ခတ္ပုတ္ခတ္လုပ္ၿပီးေျပာေတာ့ ရိုက္ကူးေရးက ဝန္ထမ္းတစ္ခ်ိဳ႕က Jisooနဲ႕ သူ႕ကိုစေနာက္ေနၾကသည္
"အဲ့တာ ငါ့ျပႆနာ မဟုတ္ဘူးေလ Jooရ...ကိုယ့္ဘာသာကိုယ္ မွန္နဲ႕ ေလ့က်င့္ၾကည့္ "
Soojooက သူမကို နမ္းေစခ်င္မွန္း Jisoo သိလို႔ အေျခအေနမဆိုးခင္ Soojoo နားကေန အျမန္ Jisoo ထြက္လာခဲ့သည္
Jisoo သူမတို႔ နားေနခန္းဘက္သြားစဥ္ Jennieဆီက message ဝင္လာသည္
From Jendeukie
Jenကို စကားလာမေျပာနဲ႕ 🙄
Jisooမွာ Jennie message ကို ဖတ္ၿပီး မရယ္သင့္မွန္းသိေပမယ့္ Jennieပို႔တဲ့ emojiအတိုင္း Jennie မ်က္ႏွာေလးကို ျမင္ေယာင္မိၿပီး ရယ္ေလသည္
To Jendeukie
Chuu က ဘာမွမေျပာရေသးဘူးေလ Jenကဘဲ အရင္ Chuuကို message ပို႔တာ
တစ္ဖက္က Jennieမွာ Jisoo ပို႔တဲ့ message ကို ဖတ္ေနသည္
"Stupid shitttt "
Phoneကို ၾကည့္ရင္း က်ိန္ဆဲေနတဲ့ သူမ Idolကို Irene လွမ္းၾကည့္လိုက္သည္
"ဘာျဖစ္တာလည္း "
"ဘာမွမျဖစ္ဘူး "
Ireneကို ျပန္ေျဖၿပီး Jennie တစ္စုံတစ္ေယာက္ဆီ message ပို႔လိုက္သည္
To Rabbit Kim
Hi
CEOဆီက ခ်က္ခ်င္း replyရေတာ့ Jennie ၿပဳံးသြားတယ္
From Rabbit Kim
What?
To Rabbit Kim
Humm ေအးတိေအးစက္နဲ႕ ဘယ္လိုႀကီးလည္း အရင္က Appaရဲ႕ dorky တပည့္ေလး ဘယ္ေရာက္သြားလည္း
From Rabbit Kim
Sorry ငါ တစ္ခုခုကိုေတြးေနလို႔
To Rabbit Kim
ဘာမ်ားလည္း
From Rabbit Kim
ဘာမွမဟုတ္ပါဘူး ဒါနဲ႕ နင္က ဘာလို႔ ငါ့ဆီ စာပို႔တာလည္း
To Rabbit Kim
တစ္ေယာက္ေယာက္နဲ႕ စကားေျပာခ်င္လို႔...တကယ္က ငါနဲ႕ ငါ့ေကာင္မေလး ရန္ျဖစ္ထားတာ...အာ ရန္ျဖစ္တာေတာ့ မဟုတ္ဘူးေပါ့ စကားနည္းနည္းမ်ားထားတာ
From Rabbit Kim
ဟင္ တကယ္လား Hahahaha ဒါဆို ငါတို႔ အေျခအေနတူတာေပါ့
To Rabbit Kim
နင့္မွာလည္း ရည္းစားရွိတယ္ေပါ့
From Rabbit Kim
ရွိတယ္ သူအခု ငါ့ကို စိတ္ဆိုးေနတာ
To Rabbit Kim
Aww ဟုတ္လား ဒါဆို သူ႕ကို ေခ်ာ့လိုက္အုံး Stupid ...Bye
Jennie သက္ျပင္းခ်ၿပီး ေစာင္ၿခဳံကာ နံရံဘက္ကို မွီလိုက္သည္
ထိုစဥ္ သူမ နားေနခန္းထဲ Jisoo ဝင္လာၿပီး သူမေဘးနားကို ဝင္ထိုင္လာသည္
"ဘာလာလုပ္တာလည္း "
Jennie ေမးေတာ့ Jisoo မတ္တပ္ထရပ္ၿပီး Jen Jennie ေပါင္ေပၚတက္ထိုင္သည္
Jennieမွာ Jisoo အျပဴအမူေၾကာင့္ ၿပဳံးခ်င္စိတ္ကို ထိန္းထားရသည္
"Jisoo ဖယ္စမ္းပါ "
Jennie ေျပာေပမယ့္ Jisooက မဖယ္ေပးဘဲ Jennie ရင္ခြင္ထဲ ေခါင္းေလးတိုးေဝွ႕ကာ ခြၽဲေလသည္
"Chuu ေတာင္းပန္ပါတယ္ "
Jisooက ေတာင္းပန္ေပမယ့္ Jennieကေတာ့ Jisooကို တြန္းဖယ္ေနသည္
"Chuu တစ္ေယာက္ေယာက္က ျမင္သြားလိမ့္မယ္ "
Jennieမွာ Jisoo သူမကို ဒီလိုေလး လာေခ်ာ့တာ သေဘာက်ေပမယ့္ တစ္ေယာက္ေယာက္ ျမင္သြားမွာ စိတ္ပူေနသည္ အထူးသျဖင့္ Irene ျမင္သြားမွာ စိတ္ပူသည္
"ဒီလိုေလး ခဏေလာက္ေနရေအာင္ "
Jisooအသံက ပင္ပန္းေနေပၚေပါက္ေနမွန္း Jennie သတိထားမိသြားသည္
"Chuu အလုပ္ေတြထပ္ေနတာ ခဏေလာက္ အနားယူသင့္တယ္ထင္တယ္ "
Jennieေျပာၿပီး Jisooေနာက္ေက်ာေလးကို ပြတ္ေပးလိုက္သည္
"Chuu အဆင္ေျပပါတယ္ Jenရဲ႕ ေပြ႕ဖက္ထားတာေလး ခံခ်င္တာ...Jenရဲ႕ ေပြ႕ဖက္မႈက Chuuရဲ႕ အားေဆးေလ"
Kim Jisoo ဆိုတာေလ Jennie Kimကို ရင္ခုန္ျမန္ေအာင္ အၿမဲလုပ္နိုင္တယ္....သူ႕စကားေၾကာင့္ Jennie စိတ္ဆိုးေနတာေတြေတာင္ ေပ်ာက္ကုန္ၿပီေလ.....
"Drama trailer ကေရာ "
"Seulgi edit လုပ္ေနတယ္ ...Chuu ကိုဖက္ထားေပးလို႔ ေက်းဇူးတင္ပါတယ္ ....."
"ကိုယ့္ကိုကိုယ္ ဂ႐ုစိုက္ပါေနာ္ Chuu. ..ဒီရိုက္ကြင္းမွာ Chuu တစ္ခုခုျဖစ္သြားရင္ Jenက ဘာမွလုပ္ေပးနိုင္မွာ မဟုတ္ဘူး "
Jisooမွာ မတ္တပ္ထရပ္ၿပီး ကေလးေလးတစ္ေယာက္လို ေခါင္းညိတ္ျပသည္
"ခ်စ္တယ္ Jen "
"Jenလည္း Chuuကို အရမ္းခ်စ္တယ္ က်န္းက်န္းမာမာေနေနာ္ "
Jennie ထပ္ရပ္ၿပီး Jisooႏႈတ္ခမ္းကို ႁပြတ္ခနဲ နမ္းလိုက္သည္
Jisooလည္း Jennieကို ျပန္နမ္းမလို႔ရွိေသး ႐ုတ္တရက္တံခါးဖြင့္ဝင္လာတဲ့ Ireneေၾကာင့္ အျမန္ Jennieနဲ႕ ခြာေနလိုက္သည္
"Jennie ငါ နင့္ရဲ႕ oh Jisooပါလား ဒီကို ဘာလာလုပ္တာလည္း "
Jisooကို ျမင္ေတာ့ Irene ႏႈတ္ဆက္လိုက္သည္
"Hi Irene. ..Jennieကို သူ႕ linesေတြအတြက္ ကူညီေပးေနတာ ဒါနဲ႕ ဘာျဖစ္လို႔လည္း Irene "
"Soohyukေလ အိမ္သာခုံကို ခ်ိဳးပစ္တာ နည္းနည္း ခိုက္မိသြားလို႔ "
"ဟင္ အိမ္သာခုံကို ဘယ္လိုခ်ိဳးတာ "
Jennie မ်က္ေမွာင္ၾကဳတ္ၿပီးေမးေသာ္လည္း Jisooကေတာ့ စိတ္ပူသြားသည္
"သူက Joohyukနဲ႕ တူတူပုန္းတိုင္း ေဆာ့ရင္း အိမ္သာထဲ ဝင္ပုန္းၿပီး ေခ်ာ္လဲရင္း ျဖစ္တာတဲ့ "
Irene စကားေၾကာင့္ Jennie ရယ္ခ်င္စိတ္ကို ထိန္းရသည္...အသက္ကျဖင့္ သုံးဆယ္တြင္း ဝင္ေတာ့မွာကို တူတူပုန္းတိုင္း ေဆာ့ေနတယ္တဲ့လား
"ဒါမို႔ Jennie နင့္ကင္မရာေလး ခဏငွား "
"ဟယ္ ဘာလို႔ "
"သူတို႔ပုံ ရိုက္ထားၿပီး memory bookထဲ ထည့္ထားခ်င္လို႔ "
Memory bookနဲ႕ ပတ္သက္ၿပီး မေျပာဖို႔ Ireneကို Jennie အခ်က္ျပေပမယ့္...
"Memory bookက ဘာလည္း "
"ငါတို႔မွာ memory book ႏွစ္အုပ္ရွိတယ္ တစ္ခုက ငါ့ဟာ ေနာက္တစ္ခုက သူ႕ဟာ...Diaryလိုမ်ိဴးေပါ့ သိတယ္မလား "
"Aww Babe အာ....ကေလးက်ေနတာဘဲ "
Jisoo စကားေၾကာင့္ Irene ရွိေနလို႔ Jennie ရန္မလုပ္နိုင္ဘဲ Jisooကို မ်က္ေစာင္းသာ ထိုးလိုက္သည္
"Ireneေရ ကင္မရာ အျမန္ယူလာဟ "
နားေနခန္းထဲ ဝင္လာတဲ့ Mino စကားေၾကာင့္ Jennie အိတ္ထဲက ကင္မရာကို ယူၿပီး Irene မွာ Minoနဲ႕အတူ မင္းသားေတြဆီ ေျပးသြားေလသည္
Ireneတို႔လည္း အခန္းထဲ ထြက္သြားေရာ Jennieမွာ Jisooလက္ေမာင္းကို လက္သီးနဲ႕ ထုေလသည္
"သူတို႔နဲ႕အတူရွိေနရင္ အရမ္းမsweetပါနဲ႕ Chuu "
"ေရာ္ စိတ္ဆိုးျပန္ၿပီလား"
"ဟုတ္တယ္ ေနာက္တစ္ခါ sweetရဲ sweetၾကည့္ Chuuကို ေဟာဒီလိုတက္ခြၿပီး နမ္းပစ္မွာ "
Jennie ေျပာၿပီး Jisooအေပၚ တက္ခြၿပီး Jisooႏႈတ္ခမ္းေလးကို နမ္းလိုက္သည္
"Aigoo Jendeukie ငဆိုးမေလး "
"ဆိုးေတာ့ ဘာျဖစ္လည္း "
"ဘာမွမျဖစ္ပါဘူး ဆိုးတာေလးဘဲ ခ်စ္ေနရတာ "
Jisooတို႔မွာ နားေနခန္းထဲ အာဘြားေပးၿပီးေနာက္ Soohyukကို အဆင္ေျပလားေမးဖို႔ ထြက္လာသည္
"အဆင္ေျပရဲ႕လား Lee Soohyuk shii "
"ေျပပါတယ္ ဒါရိုက္တာႀကီး ေဆးထည့္လိုက္ရင္ သက္သာမွာပါ "
"ဟုတ္ပါတယ္ ခု သူ႕ဒဏ္ရာကို ေဆးထည့္ေပးထားလို႔ ႏွစ္ရက္ေလာက္ေနရင္ အမာ႐ြတ္ေတာင္မက်န္ေစရဘူး ေပ်ာက္သြားလိမ့္မယ္ "
သူနာျပဳမေလးမွာ Jisooကို ၾကည့္ၿပီး ေျပာလိုက္သည္
ထိုစဥ္ သူမတို႔ဆီကို ေကာင္မေလး တစ္ေယာက္ ေျပးလာသည္
"Seulgi. ..ဒီကိုဘာလာလုပ္တာလည္း "
"Ireneက Joohyuk အေရးေပၚျဖစ္ေနလို႔ဆိုၿပီး ဖုန္းဆက္ေခၚလို႔ "
Seulgiမွာ Ireneေၾကာင့္ အေျပးလာရလို႔ ေမာေနသည္
"Seulgiလည္း လာၿပီဆိုေတာ့ ပုံရိုက္မယ္ "
Ireneမွာ သူမလက္ထဲက ကင္မရာကို ဝန္ထမ္းတစ္ေယာက္ဆီေပးၿပီး သူမတို႔ကို group ဓာတ္ပုံရိုက္ခိုင္းေလသည္
Seulgiမွာ အူေၾကာင္ေၾကာင္ျဖင့္ ေမးေလသည္
"ငါဒီကို အေျပးလာရတာက group photoေၾကာင့္လား..."
"Hey တို႔ကို မွတ္မိလား "
သူမ ပခုံးကို လာတို႔တဲ့ သူနာျပဳမေလးေၾကာင့္ Seulgi လန့္သြားသည္
"Sumi "
"Seulgi သူက နင့္ဇယားထဲက တစ္ေယာက္လား "
Seulgi နားကပ္ၿပီး Jisoo တိုးတိုးေလးေမးေတာ့ Seulgi ေခါင္းညိတ္ျပၿပီး တိုးတိုးေလး ျပန္ေျပာလိုက္သည္
"ဟုတ္တယ္ ဟိုတစ္ခါ ေဆး႐ုံမွာထင္တယ္ "
"နင္ သူ႕ကို အီခဲ့လား..."
"သူ႕ပါးကိုေတာင္ နမ္းခဲ့ေသးတယ္ "
"ဟူး ေနာက္မွေျပာရေအာင္ "
Jisoo သက္ျပင္းခ်ၿပီး သူမတို႔နားက ေဆာင့္ေအာင့္ၿပီး ထြက္သြားတဲ့ Jennieေနာက္ မသိမသာလိုက္သြားေလသည္
"Oh come on ထပ္ၿပီး စိတ္မဆိုးပါနဲ႕ေတာ့ Mandukieရ..."
Jisoo တိုးတိုးေလးေရ႐ြတ္လိုက္သည္
Joohyukလည္း သူ႕နားေနခန္းထဲ သြားနားေနၿပီး တျခားသူေတြကလည္း လုပ္စရာအလုပ္ေတြကို ဆက္လုပ္ေနၾကသည္
သို႔ေသာ္လည္း သူမကို ဝါးစားမတတ္ၾကည့္ေနတဲ့ မန္ေနဂ်ာနဲ႕ သူနာျပဳမေလးၾကားတြင္ Kang Seulgiမွာ ကူရာမဲ့ေနသည္
#Tbc
Bạn đang đọc truyện trên: Truyen3h.Co