Part 40
#Unicode
"Congratulation Chaeyoungie "
Jisooပြောပြီး သူ့လက်ထဲက ထောပတ်သီးခြင်းကို Idol အသစ်လေးအား ပေးလိုက်သည်
"Ewwwww အဲ့ shitကြီးကို ငါ့ရှေ့က ဖယ်ပေးကြပါအုံး "
Chaeyoung အော်ပြီး သူ့လက်ထဲရောက်နေတဲ့ ထောပတ်သီးခြင်းကို Jisooဆီ ပြန်ပေးလိုက်သည်
"Jisoo. ..Chaeလေးက ထောပတ်သီးမကြိုက်ဘူးဟ "
Lisaပြောပြီး Jisoo လက်က ထောပတ်သီးခြင်းကို ယူကာ Chaeyoungရဲ့ ဖုန်းကို ကလိနေတဲ့ Seulgiဆီ ပေးလိုက်သည်
"Hey Lisa. ..ငါ ဂိမ်းဆော့နေတာ မမြင်ဘူးလားဟ "
Seulgi ရန်လုပ်ပြီး ဂိမ်းပြန်ဆော့ဖို့ လုပ်ပေမယ့် သူမလက်ထဲက ဖုန်းကို Lisa ဆွဲယူလိုက်သည်
"Hey Manoban. ..."
Seulgiမှာ ဂိမ်းဆော့လက်စကြီးမို့ နှုတ်ခမ်းစူကာ ရန်လုပ်လိုက်သည်
"ကိုယ့်ဖုန်းနဲ့ကိုယ်ဆော့လေ ဝက်ဝံစုတ်ရဲ့ "
"Aigoo over Protective ဖြစ်နေတဲ့ ချစ်သူပါဘဲ "
Lisa ကို ကြည့်ပြီး Mino ရေရွတ်လိုက်သည်
Chaeyoung solo Debut တာ တစ်ပတ် ပြည့်သွားပြီလေ..... Debut လုပ်လုပ်ချင်းမှာဘဲ နိုင်ငံပေါင်းစုံက ပရိတ်သတ်တွေ အမြောက်အမြားရရှိခဲ့လို့ Chaeyoung အရမ်းပျော်နေတယ်
သူ့သီချင်းကို ပရိတ်သတ်တွေက လိုက်ဆိုတဲ့ videoတွေ ဆိုရှယ်မီဒီယာမှာ မြင်ရရင် Chaeyoung အရမ်း ကျေနပ်နေတယ်လေ
"Jisooနဲ့ Minoရေ.....ပြီးကျ Kang Seulgi..... Chaelisaတို့အတွဲကို လွှတ်ပေးထားလိုက်ကြပါဟ သူတို့ဘာသာ နှစ်ယောက်တည်း အေးဆေးနေပါစေ "
ဧည့်ခန်းထဲက Jinwooမှာ လှမ်းဆူလေသည်
Jinwoo စကားကြောင့် Jisooတို့ ရယ်လိုက်ကြသည်
Jeongyeon ကျေးဇူးကြောင့် Lisaနဲ့ Chaeyoung ချစ်သူတွေ ဖြစ်သွားကြတယ်လေ
"God. ..Lisa တောင် Single မဟုတ်တော့ဘူး ချစ်သူ ရှိသွားပြီဘဲ နင်ရော Kim Jisoo. ...Jennieနဲ့ ပြန်မတွဲတော့ဘူးလား....Jensoo ship က မြုပ်သွားပြီလား.... "
Jisooကို ကြည့်ပြီး Seulgi မေးလိုက်သည်
Jisooမှာ Seulgi မေးခွန်းကို မဖြေဘဲ ပြုံးသာပြုံးပြလိုက်သည်
သူမနဲ့ Jennie ပြန်တွဲနေပြီဆိုတာ သူ့သူငယ်ချင်းတွေကို ပြောပြချင်လွန်းလို့ Jisoo တစ်ပိုင်းသေနေပြီလေ ...ဒါပေမယ့် Jennieရဲ့ ဆုံးဖြတ်ချက်ကို လေးစားသမှုထားတဲ့အနေနဲ့ မပြောဘဲ အောင့်အီးသီးခံနေရသည်
"Guys. ..ငါ အခု Vlogging လုပ်မလို့...."
"ဒါဆို Mukbang လုပ်ပါလား အခုတလော ခေတ်စားနေတာလေ... "
Seulgi အကြံပေးတော့ Mino သဘောတူသည်
"ဒါဆို ငါတို့ စူပါမားကတ်ကို သွားပြီး လိုအပ်တာဝယ်ရအောင် "
Jinwoo လက်ဖျောက်တီးပြီးပြောတော့ Mino နဲ့ Seulgiလည်း သဘောတူကြသည်
"Jisoo ငါတို့ စူပါမားကတ်ကို သွားအုံးမယ် ထောပတ်သီးကို ဘာလုပ်လို့ရလည်း ရှာထားအုံး တစ်ခုခုဆိုဖုန်းဆက်မှာလိုက် ငါတို့ဝယ်ခဲ့မယ်.... "
"Okk. .."
Jisoo ခေါင်းညိတ်ပြီး Seulgiတို့ကို သွားခိုင်းလိုက်သည်
Seulgiတို့လည်း ထွက်သွားရော Jisoo ဧည့်ခန်းထဲတွင် နားအေးပါးအေးနဲ့ လွတ်လွတ်လပ်လပ် ဖုန်းသုံးနေသည်....ထို့နောက် ရေဆာလို့ မီးဖိုခန်းဘက်သွားစဥ် Lisa အခန်းထဲမှ Chaeyoungရဲ့ Moanသံတွေကို ကြားရလေသည်
Jisooလည်း မျက်နှာတွေပူလာပြီး ရေမသောက်တော့ဘဲ အိမ်ထဲကနေ ပြေးထွက်သွားတယ်
Chaelisaတို့ အတွဲကတော့ တော်တော်ကဲပါသည်
"Miss Kimအတွက် ကြက်ကြော်တစ်ပွဲ..."
စားပွဲထိုးမလေးက သူမနာမည်နဲ့ မှာလိုက်တော့ Jisoo ကျေးဇူးတင်စကားပြောလိုက်သည်
"Gomawo. .."
"ဟို ဟိုလေ Chawက Jisooရဲ့ Fan ပါ ဓာတ်ပုံအတူတူရိုက်လို့ရလားဟင် "
"ရတာပေါ့ လာလေ ဘေးနားဝင်ထိုင်..."
Jisooမှာ စားပွဲထိုးမလေးကို သူမဘေးနားဝင်ထိုင်ခိုင်းလိုက်သည်
စားပွဲထိုးမလေးနဲ့ Jisooမှာ ဓာတ်ပုံအတူတူရိုက်ပြီးနောက်
"ဟိုလေ Sign ထိုးပေးလို့ရလားဟင် "
"ရတာပေါ့ "
Jisoo ခေါင်းညိတ်ပြတော့ စားပွဲထိုးမလေးမှာ စာအုပ်နဲ့ဘောပင်ကို ပြေးယူလိုက်သည်
Jisooမှာ စားပွဲထိုးမလေးရဲ့ စာအုပ်ကို ကြည့်ပြီး
"ကျောင်းသူလား မင်းက "
"ဟုတ်ပါတယ် ကျောင်းတက်ဖို့ အချိန်ပိုင်းအလုပ်ဝင်လုပ်တာပါ "
Jisoo ခေါင်းညိတ်ပြီး စာအုပ်တွင် လက်မှတ်ထိုးပေးလိုက်သည်
စားပွဲထိုးမလေးလည်း ကျေးဇူးတင်စကားပြောပြီး ထွက်သွားမယ်လုပ်တော့ Jisooမှာ စားပွဲထိုးမလေးရဲ့လက်ကို ဆွဲလိုက်သည်
"Hey ငါ့ရဲ့ ကင်မရာနဲ့ ပုံအတူရိုက်ချင်လို့ "
Jisoo စကားကြောင့် စားပွဲထိုးမလေးမှာ ပျော်ပြီး Jisoo ဘေးနားဝင်ထိုင်လိုက်သည်
ထို့နောက် ဓာတ်ပုံအတူတူရိုက်တော့ စားပွဲထိုးကျောင်းသူလေးမှာ peace sign လုပ်လေသည်
Jisoo ဖြူစင်တဲ့ ကျောင်းသူလေး အပြုအမူကြောင့် ရယ်လိုက်သည်
ထို့နောက် ကြက်ကြော်ရလာတော့ Jisoo ကြက်ကြော်စားရင်း ဖုန်းကြည့်နေသည်
ထိုစဥ် စားပွဲထိုးမလေးနဲ့ မန်နေဂျာရဲ့ ငြင်းခုန်သံတွေကြားရလို့ Jisoo ဖုန်းသုံးတာရပ်သွားသည်
"ကျွန်မ အကောင်းဆုံး အလုပ်ကြိုးစားလုပ်တာကို ဘာလို့ အလုပ်ဖြုတ်ရတာလည်း "
"သူဌေးပြောတဲ့ အတိုင်း ငါ လုပ်ရလို့ Sorry ပါ "
မန်နေဂျာမှာ ကျောင်းသူလေးကို မကြည့်ဘဲ တောင်းပန်လိုက်တော့ Jisoo ထရပ်ကာ သူတို့ဆီ သွားလေသည်
"Hey. ..သူ့ကို အလုပ်ထုတ်လို့ တောင်းပန်မယ်ဆိုရင်လည်း သူ့မျက်လုံးကို သေချာကြည့်ပြီး တောင်းပန်စကားပြောလေ "
"Excuse me Madam. ..Madamက ဘယ်သူ..."
"ငါ ဘယ်သူလည်းက အရေးမကြီးဘူး မင်း သူဌေးက ဘယ်သူလည်း "
Jisoo မေးတော့ မန်နေဂျာဖြေမလို့လုပ်ပေမယ့် ဖုန်းဝင်လာသည်
"ဟုတ် မမလေး ..."
မန်နေဂျာမှာ ဖုန်းပြောပြီးနောက် Jisooနဲ့ ကောင်မလေးကို ဦးညွှတ်ကာ တောင်းပန်လိုက်သည်
"Madamနဲ့Winterကို တောင်းပန်ပါတယ်...."
"မင်း နာမည်က Winter တဲ့လား "
"ဟုတ်ပါတယ် ကူညီပေးလို့ ကျေးဇူးတင်ပါတယ်.... ဒီနေ့ကို တကယ်မမေ့ပါဘူး.... Jisoo shiiက chaw ရဲ့ role model ပါဘဲ "
Winter မှာ ငိုချင်စိတ်ကို ထိန်းပြီး ဆိုင်ထဲကနေ ပြေးထွက်သွားတယ်
Jisooလည်း စိတ်မကောင်းဖြစ်ပြီး ဆက်မစားတော့ဘဲ ပိုက်ဆံရှင်းကာ ဆိုင်ထဲက ထွက်လာသည်
ထိုစဥ် Jisooဆီ ဖုန်းဝင်လာလို့ ကြည့်လိုက်တော့ Jennieဆီက ဖြစ်နေသည်
"Hello babe. .."
"ဘာလို့ အဲ့လိုလုပ်ရတာလည်း "
အဆုံးမရှိအစမရှိတဲ့ Jennie မေးခွန်းကြောင့် Jisoo မျက်မှောင်ကြုတ်သွားသည်
"Jen ဘာကို ပြောချင်တာလည်း "
"အဲ့ကလေးမ အတွက် မန်နေဂျာနဲ့ ရန်ဖြစ်ရတဲ့အထိ..... "
"ဘာ..Jen ဘယ်လိုလုပ်..."
Jisooမှာ ဖုန်းပြောရင်း တစ်ခုခုကို သဘောပေါက်သွားသည်
"အဲ့ဆိုင်ကို ဘယ်သူပိုင်တာလည်း "
"Jen အမေပိုင်တာလေ ဘာလို့လည်း "
Jennie ရယ်ပြီး မေးလိုက်တော့ Jisoo စိတ်တိုသွားတယ်...အခု Jennie တစ်နေရာရာကနေ သူမကို ကြည့်နေမှန်းလည်း Jisoo သိသည်
"ပုန်းနေရာက ထွက်လာခဲ့ Jennie Kim. ..."
"Oh wow. ..Jennie Kimလို့တောင် by name တပ်ခေါ်"
"ပုန်းနေရာက ထွက်လာခဲ့လို့ ငါပြောနေတယ်လေ "
Jennie သက်ပြင်းချပြီး Jisooရှေ့ ရောက်လာသည်
"ကျေနပ်ပြီလား "
Jisooမှာ ဖုန်းချပြီး Jennieကို ကားထဲဆွဲခေါ်သွားသည်
"Winter ကို အလုပ်ဖြုတ်ကို ပြောတာ Jen လား "
Jisooမေးတော့ Jennie ခေါင်းညိတ်ပြီး
"ဟုတ်တယ်လေ ..."
"ဘာလို့လည်း "
"သူက Chuuနဲ့ အီစီကလီလုပ်နေတာကိုး "
"သူက Fanလေ Jennie "
"ဘာ ဘာလို့Jennieလို့ ခေါ်ရတာလည်း ပြီးကျ ဘာလို့ Jenကို ရန်လာလုပ်နေတာလည်း Chuu တကယ်ဘဲ အဲ့ကလေးမကို ကြိုက်နေတာလား "
"Jennie သူက ငါ့fanလေ ငါ့fan. ...မင်းလည်း မင်း fanတွေကို ဂရုစိုက်သလို ငါလည်း ငါ့fanတွေကို ဂရုစိုက်တာ ဘာဖြစ်လို့လည်း "'
"Jen fanတွေကို ဆွဲမထည့်နဲ့..."
"ငါ့ fanတွေကိုလည်း အပြစ်မရှာနဲ့လေ....ငါနဲ့ ဓာတ်ပုံလေးတွဲရိုက်မိရုံနဲ့ မင်း သူ့ကို အလုပ်မဖြုတ်သင့်ဘူး သူက အခုမှ ကျောင်းသူရှိသေးတယ် သူကျောင်းတက်နိုင်ဖို့ ပိုက်ဆံရှာနေရတာ "
"အဲ့တော့ ဘာဖြစ်လည်း Jen ဂရုမစိုက်ဘူး သူ ကျောင်းတက်ဖို့ ပိုက်ဆံရှာရမယ့်သူက သူ့မိဘတွေ မဟုတ်ဘူးလား "
Jennie စကားကြောင့် Jisooမှာ Jennie လက်ကို ဆောင့်ဆွဲပြီး
"Jennie မင်း ဘာစကားပြောလိုက်တယ် "
"Jen ပြောတာ မဟုတ်လို့လား"
"မင်းပြောတာ မှန်ပါတယ် Jennie ဒါပေမယ့် သူ့မိဘတွေက သူ့သမီး ကျောင်းတက်ဖို့ ပိုက်ဆံရှာဖို့ထက် တစ်ခြား အရာအတွက် အလုပ်များနေရင်ရော ဒါမှမဟုတ် မိဘမရှိရင်ရော ဒါမှမဟုတ်...... "
"ဘာလည်း "
"Come on Jennie. ..မင်း ချမ်းသာတာနဲ့ တစ်ခြားသူတွေကို လျစ်လျူရှုမနေနဲ့လေ "
"ဘာ Chuu ပြောတာက Jenက ချမ်းသာလို့ ခုလို လုပ်တာပေါ့ ဟုတ်လား fuckဘဲ '
Jennie ကားမောင်းနေတဲ့ Jisooကို ဆဲလိုက်သည်
Jisooကတော့ ဘာမှဆက်မပြောဘဲ ကားကိုဘဲ အာရုံစိုက် မောင်းလိုက်သည်
"ရောက်ပြီ "
Jennie ရဲ့ အိမ်ရှေ့ရောက်တော့ Jisoo ကားရပ်လိုက်သည်
Jennieမှာ သူ့ပိုက်ဆံအိတ်နဲ့ ဖုန်းကို ယူပြီး ကားထဲက ထွက်လာသည်
"1...2...3..."
Jisooက ကားထဲက ထွက်လာပြီး သူ့လက်ကိုဆွဲကာ နမ်းလိုက်မယ့်အချိန်ကို Jennie တိုးတိုးလေး ရေတွက်နေသည်
သို့သော် Jisooကတော့ ကားစက်နှိုးပြီး မောင်းထွက်သွားသည်
"သူ ငါ့ကို ထားခဲ့တာဘဲ...."
Jennie မျက်ရည်မကျမိအောင် မျက်တောင်တွေကို ပုတ်ခတ်ပုတ်ခတ်လုပ်နေရင်း winter အပေါ် လုပ်ခဲ့တဲ့ သူမ အမှားတွေကို Jennie သတိထားမိသွားသည်
သဝန်တိုမိရုံနဲ့ တစ်ဖက်သူရဲ့ ကျောင်းသူရဲ့ ထမင်းအိုးကို သူမ ရိုက်ခွဲမိသလို ဖြစ်နေတယ်လေ
ဒါကြောင့် သူမ အမေဆီ Jennie ဖုန်းဆက်လိုက်သည်
"Hello Omma. ...ဟုတ်တယ် Personal caseမို့ စိတ်တိုပြီး အလုပ်ထုတ်မိတာ....ဒါကြောင့်မို့ သူ့ကို အလုပ်ပြန်ခန့်ပေးပါလား....ဟင် တကယ် Omma အလုပ်ပြန်ခန့်လိုက်တယ်လား...ကျေးဇူးတင်ပါတယ် Omma "
"Good night လူဆိုးမလေး..... မနက်ဖြန်မှ ဒိတ်ဖို့လာခေါ်မယ် ဒီတစ်ညတော့ အပြစ်ပေးထားအုံးမယ် "
Jisoo ရေရွတ်ပြီး သူ့ဖုန်းထဲက Jennieပုံလေးကို နမ်းလိုက်သည်
#TBC
#Zawgyi
"Congratulation Chaeyoungie "
"Hey Manoban. ..."
"Okk. .."
"Gomawo. .."
"ရတာပေါ့ "
"ကျောင်းသူလား မင်းက "
"ဟုတ် မမလေး ..."
"Hello babe. .."
"ဘာ..Jen ဘယ်လိုလုပ်..."
"ကျေနပ်ပြီလား "
"ဟုတ်တယ်လေ ..."
"ဘာလို့လည်း "
"သူက Fanလေ Jennie "
"ဘာလည်း "
"ရောက်ပြီ "
"1...2...3..."
"သူ ငါ့ကို ထားခဲ့တာဘဲ...."
#TBC
Bạn đang đọc truyện trên: Truyen3h.Co