Part 41
#Unicode
"Jisoo နဲ့ အလုပ်လုပ်ရတာ ဘယ်လိုလည်း "
Hyorin မေးတော့ Jennie ခေါင်းခါပြပြီး သူမ ပန်းကန်ထဲ ဟင်းတွေထည့်လိုက်သည်
အခုချိန် Jennie ဘယ်သူ့ကိုမှ စကားပြောချင်စိတ် မရှိဘူးလေ
Hyorin သက်ပြင်းချပြီး သူ့သမီးရှေ့ ဝင်ထိုင်လေသည်
Jennieကို ကြည့်ရတာ ပင်ပန်းပြီး ဝမ်းနည်းနေတဲ့ပုံပေါ်နေတယ်ဆိုတာ Hyorin သတိထားမိတယ်လေ
"တစ်ခုခုဖြစ်ခဲ့တာလား "
Jennieရဲ့ လက်ကို ကိုင်ပြီး Hyorin မေးပေမယ့် Jennieက ထပ်ပြီး ခေါင်းခါပြသည်
"တစ်ခုခုတော့ ဖြစ်နေပါတယ် သမီးကြည့်ရတာ တိတ်ဆိတ်နေတာ....စားသောက်ဆိုင်မှာ တစ်ခုခုဖြစ်ခဲ့တယ်မလား "
Jennieမှာ ဇွန်းနဲ့ခရင်းကို ကျစ်ကျစ်ပါအောင် ကိုင်ပြီး အချိန်မရွေးပေါက်ကွဲနိုင်တဲ့ သူ့ဒေါသတွေကို ထိန်းထားနေရသည်
"Omma. ..ထမင်းကို နားအေးပါးအေးနဲ့ စားပါရစေ "
Hyorin ထပ်ပြီးမေးဖို့လုပ်ပေမယ့် Taeyangက ရောက်လာသည်
"Good Evening..... "
"Appa "
Jennieထပြီး သူမ အဖေကို ပြေးဖက်သည်
"ထမင်းစားမလား ခူးပေးမယ်လေ "
"တော်ပြီ မစားတော့ဘူး ခုနမှ Appaရဲ့ တပည့်တွေနဲ့ စားလာတာ "
"Nae. .."
"Jenလေး ထမင်းစားပြီးရင် အခန်းထဲ ခဏသွားနော်....Appa ommaနဲ့ ပြောစရာရှိလို့ "
"Nae. .."
Jennie စားလတ်စ ထမင်းကို ကုန်အောင်စားပြီး ပန်းကန်ဆေးကာ အခန်းထဲ ဝင်သွားတယ်
Hyorinလည်း ပန်းကန်ဆေးပြီးနောက် Taeyangရှိတဲ့ ဧည့်ခန်းကို ရောက်လာသည်
"ဘာပြောစရာရှိလို့လည်း..."
"ငါ့တပည့်တွေ..."
"ရှင့်တပည့်တွေက ဘာလည်း "
"မင်းရဲ့ company ကို ကယ်နိုင်ဖို့ သူတို့က ကူညီပေးခဲ့တာ .....သူတို့ပေးတဲ့ ပိုက်ဆံတွေကြောင့် မင်း company ဒေဝါလီမခံခဲ့ရတာ "
"အဲ့တော့ ဘာဖြစ်လည်း.... ကျွန်မက ဘာလုပ်ပေးရမှာလည်း"
Taeyang သက်ပြင်းချပြီး
"Jennieရယ် Jisooနဲ့ မင်းကြားက အတိတ်ကိုမေ့ပစ်ပြီး မင်းရဲ့ မာနတွေကို ခဝါချပြီး ကလေးနှစ်ယောက်ကို တောင်းပန်လိုက် ..."
"နေပါအုံး ရှင်က အဲ့နှစ်ယောက်ကို ပြန်တွဲစေချင်နေတာလား "
"အေးလေ အဲ့တာမှ ကိုယ့်သမီးက ပျော်ရွှင်မှာကို ဘာလို့ မတွဲစေချင်ဘဲနေရမလည်း"
"Sorryဘဲ "
"ဘာကိုလည်း "
"ရှင် ခိုင်းသမျှ ဘာမဆို ကျွန်မလုပ်ပေးနိုင်ပေမယ့် သူတို့ကို ပြန်တွဲဖို့ဆိုတာတော့ ကျွန်မ လက်မခံနိုင်ဘူး ...."
Taeyang ပြန်ပြောမလို့လုပ်ပေမယ့် Jennieက အခန်းထဲကနေ ဝုန်းဒိုင်းကြဲ အော်ဟစ်ပြီး ထွက်လာသည်
"Omma ဘာထပ်လုပ်ပြန်ပြီလည်းဟာ "
Jennie သူ့အမေကို လက်ညိုးထိုးပြီး အော်တော့ Taeyangမှာ သူ့သမီးကို စိတ်တည်ငြိမ်အောင် ပခုံးကိုကိုင်ပြီး ချော့လေသည်
"သမီး ဘာဖြစ်လို့လည်း စိတ်ကိုလျော့ပြီး Appaကိုပြော "
"သူလေ သူ့သူငယ်ချင်း သတင်းထောက်ကို Nam Joohyukနဲ့ Chawက တွဲနေသလို သွားပြောတာ "
Jennie အော်ပြောရင်း မျက်ရည်တွေကလည်း ကျလာသည်
"အခု သတင်းထဲပါလာပြီး တစ်ကမ္ဘာလုံးက ဒီသောက်သတင်းကို တကယ် ထင်တော့မှာ ချီးပဲ "
Jennie စကားကြောင့် Taeyang မျက်လုံးပြူးသွားတယ်
"အဲ့တော့ ဘာဖြစ်လည်း သမီးရဲ့ Dramaကို JenHyuk chemistry ကြောင့်တောင် ပိုပြီး လူကြည့်များလာအုံးမယ်လေ "
"ဘာစကားတွေပြောနေတာလည်း Chawနဲ့ Jisooက ပြန်တွဲနေပြီ သိရဲ့လား "
Taeyang မှာ သူ့မိန်းမနဲ့သူ့သမီးကြား ရပ်ရင်း ဘာလုပ်ရမှန်းမသိပေ
"Chaw တို့ကို ခွဲဖို့ ဘာလို့ Omma အမြဲ ကြိုးစားနေရတာလည်း ...Ommaကို အရမ်းမုန်းတာဘဲ Chaw အမေ မဟုတ်ရင်ကောင်းမယ် ....Omma သေပါစေလို့ ဆုတောင်းတယ် shit "
Jennie သူ့အမေကို ကျိန်ဆဲပြီး အိမ်ထဲကနေ ပြေးထွက်သွားတယ်
Taeyangမှာ ဒေါသတွေကိုထိန်းပြီး Hyorin ဘက်ကို လှည့်ကာ
"မင်းကွာ...ဘာလို့ အဲ့လိုထပ်လုပ်ရတာလည်း "
"Jennieက Jisoo ထက် ပိုသာတဲ့သူနဲ့ တွေ့သင့်တာလေ "
Taeyang တဟားဟားနဲ့ ရယ်ပြီး နံရံကို လက်သီးနဲ့ ပိတ်ထိုးကာ သူ့ဒေါသတွေကို ဖြေလျော့နေသည်
"မင်းလည်း မင်းအမေတို့နဲ့တူတူပါဘဲ ကြည့်ရတာ မင်းက ငါ့သမီးကို စိတ်ဆင်းရဲစရာတွေဘဲပေးနေတော့..... ရော့ ဒီလက်စွပ်ကို ပြန်ယူလိုက်....ငါကတော့ ငါ့မိသားစုနဲ့ ပျော်ပျော်ရွင်ရွင်နေဖို့ ပြန်လာပေမယ့် မင်းက အကုန်ဖျက်စီးပစ်တယ်.......Jennieကို ရှေ့လျှောက် ငါဘဲ စောင့်ရှောက်မယ် မင်းလို အမေမျိုးလက်ထဲ ငါ့သမီးကို မထားနိုင်ဘူး "
Taeyangပြောပြီး လက်စွပ်ကို ချွတ်ကာ Hyorinရှေ့ လွှင့်ပစ်ကာ ထွက်သွားတယ်
Hyorinမှာ ထွက်သွားတဲ့ သားအဖ နှစ်ယောက်ကို ကြည့်ရင်း ဒူးထောက်ရက်သား လဲကျသွားသည်
"ငါ ဘာလုပ်ရမလည်း ငါဘာလုပ်ရမလည်း... Chuu ဘယ်မှာလည်း ဘာလို့ဖုန်းမကိုင်တာလည်းဟာ "
Jennieမှာ စိတ်လှုပ်ရှားပြီး သူ့လက်သည်းကို ကိုက်နေသည်
Jennieမှာ Jisooဆီ ဖုန်းဆက်ပေမယ့် Jisooက ဖုန်းစက်ပိတ်ထားသည်
"Chuu. ..Jenကို စိတ်ဆိုးနေတာတော့ မဟုတ်ပါဘူးနော် "
JennieမှာRumorတွေကြောင့် ဖိအားတွေရနေတဲ့အပြင် Jisooက သူမကို အထင်လွဲသွားမှာ စိတ်ပူပြီး ငိုချင်လာသည် .....မနေ့ကမှ သူမတို့ စကားများထားတာလေ
Jennie မှာ သူမ Agency ကို ရောက်တော့ ကားပါကင်တွင် ကားထိုးပြီး အစောင့်တွေအကူအညီနဲ့အတူ သတင်းထောက်တွေကို ကျော်ဖြတ်ကာ Agencyထဲ ဝင်သွားတယ်
Jeongyeon ကလည်း အခြေအနေတွေကို ကြိုမြင်လို့ အစောင့်တွေထားထားခြင်းဖြစ်သည်
"CEO "
"hey ငါ့ကို ရန်မလုပ်နဲ့နော် ငါအခုထိ ဘာ statement မှ မထုတ်ရသေးဘူး အမှန်တရားကိုသိချင်တယ် "
"သူနဲ့ ငါက ဘာမှမဟုတ်ဘူး သူငယ်ချင်းဘဲကို အီးဟီးဟီး "
Jennie ပြောပြီး ထိုင်ငိုတော့ Jeongyeon မှာ Jennieပခုံးကို ပုတ်ပေးပြီး ချော့နေသည်
"မငိုပါနဲ့ ငါ ငြင်းလိုက်ပါမယ် ရော့ ရေသောက်လိုက်အုံး "
Jeongyeon ရေဘူးဖောက်ပေးပြီး Jennieကို ပေးလိုက်သည်
"Miss Yoo ငြင်းလို့မရတော့ဘူးထင်တယ် "
Jeongyeon ရဲ့ အတွင်းရေးမှူးမှာ ဖုန်းကိုကြည့်ရင်း ပြောလိုက်သည်
"ဘာလို့လည်း..."
"ဟိုဘက်က Lee Soohyuk agencyက အဲ့သတင်းကို အတည်ပြုလိုက်ပြီ "
"Shitttttt အဲ့သောက် Agency ကို ဖုန်းခေါ်ကြစမ်းပါ သောက်ရူးထပြီး ဘာမှမဟုတ်တာကို ဘာတွေအတည်ပြုနေတာလည်း "
Jennie အော်ဟစ်နေတော့ Jeongyeonမှာ လိုက်ထိန်းပြီး Jeongyeonအတွင်းရေးမှူးကတော့ တစ်ဖက်က Agencyဆီ ဖုန်းဆက်နေသည်
"ဖုန်းမကိုင်ဘူး.....'
"အခုချက်ချင်း အဲ့ Agency ကို မီးသွားရှို့မယ် "
"Jennie စိတ်ထိန်း "
"မထိန်းနိုင်ဘူး Jisooနဲ့ ငါ ပြန်တွဲနေပြီ ထပ်ပြီး ငါတို့ Relationship ကို အပျက်အစီးမခံနိုင်ဘူး....."
Jennie ငိုရင်း Lee Soohyuk ဆီ ဖုန်းဆက်သည်
"သူကလည်း ဖုန်းမကိုင်ဘူး shittttt Jisooလည်း ဖုန်းမကိုင်ဘူး ငါ့ကို သူ စိတ်ပျက်သွားတာလားမသိဘူး ငါ ဘာလုပ်ရမလည်း သူ့ကိုထပ်ပြီး အဆုံးရှုံးမခံနိုင်ဘူး..... "
Jeongyeon ဘာလုပ်ရမှန်းမသိတာနဲ့ ငိုနေတဲ့Jennieကို ပွေ့ဖက်ထားပြီး နှစ်သိမ့်ပေးနေသည်
#TBC
#zawgyi
"Jisoo နဲ႕ အလုပ္လုပ္ရတာ ဘယ္လိုလည္း "
Hyorin ေမးေတာ့ Jennie ေခါင္းခါျပၿပီး သူမ ပန္းကန္ထဲ ဟင္းေတြထည့္လိုက္သည္
အခုခ်ိန္ Jennie ဘယ္သူ႕ကိုမွ စကားေျပာခ်င္စိတ္ မရွိဘူးေလ
Hyorin သက္ျပင္းခ်ၿပီး သူ႕သမီးေရွ႕ ဝင္ထိုင္ေလသည္
Jennieကို ၾကည့္ရတာ ပင္ပန္းၿပီး ဝမ္းနည္းေနတဲ့ပုံေပၚေနတယ္ဆိုတာ Hyorin သတိထားမိတယ္ေလ
"တစ္ခုခုျဖစ္ခဲ့တာလား "
Jennieရဲ႕ လက္ကို ကိုင္ၿပီး Hyorin ေမးေပမယ့္ Jennieက ထပ္ၿပီး ေခါင္းခါျပသည္
"တစ္ခုခုေတာ့ ျဖစ္ေနပါတယ္ သမီးၾကည့္ရတာ တိတ္ဆိတ္ေနတာ....စားေသာက္ဆိုင္မွာ တစ္ခုခုျဖစ္ခဲ့တယ္မလား "
Jennieမွာ ဇြန္းနဲ႕ခရင္းကို က်စ္က်စ္ပါေအာင္ ကိုင္ၿပီး အခ်ိန္မေ႐ြးေပါက္ကြဲနိုင္တဲ့ သူ႕ေဒါသေတြကို ထိန္းထားေနရသည္
"Omma. ..ထမင္းကို နားေအးပါးေအးနဲ႕ စားပါရေစ "
Hyorin ထပ္ၿပီးေမးဖို႔လုပ္ေပမယ့္ Taeyangက ေရာက္လာသည္
"Good Evening..... "
"Appa "
Jennieထၿပီး သူမ အေဖကို ေျပးဖက္သည္
"ထမင္းစားမလား ခူးေပးမယ္ေလ "
"ေတာ္ၿပီ မစားေတာ့ဘူး ခုနမွ Appaရဲ႕ တပည့္ေတြနဲ႕ စားလာတာ "
"Nae. .."
"Jenေလး ထမင္းစားၿပီးရင္ အခန္းထဲ ခဏသြားေနာ္....Appa ommaနဲ႕ ေျပာစရာရွိလို႔ "
"Nae. .."
Jennie စားလတ္စ ထမင္းကို ကုန္ေအာင္စားၿပီး ပန္းကန္ေဆးကာ အခန္းထဲ ဝင္သြားတယ္
Hyorinလည္း ပန္းကန္ေဆးၿပီးေနာက္ Taeyangရွိတဲ့ ဧည့္ခန္းကို ေရာက္လာသည္
"ဘာေျပာစရာရွိလို႔လည္း..."
"ငါ့တပည့္ေတြ..."
"ရွင့္တပည့္ေတြက ဘာလည္း "
"မင္းရဲ႕ company ကို ကယ္နိုင္ဖို႔ သူတို႔က ကူညီေပးခဲ့တာ .....သူတို႔ေပးတဲ့ ပိုက္ဆံေတြေၾကာင့္ မင္း company ေဒဝါလီမခံခဲ့ရတာ "
"အဲ့ေတာ့ ဘာျဖစ္လည္း.... ကြၽန္မက ဘာလုပ္ေပးရမွာလည္း"
Taeyang သက္ျပင္းခ်ၿပီး
"Jennieရယ္ Jisooနဲ႕ မင္းၾကားက အတိတ္ကိုေမ့ပစ္ၿပီး မင္းရဲ႕ မာနေတြကို ခဝါခ်ၿပီး ကေလးႏွစ္ေယာက္ကို ေတာင္းပန္လိုက္ ..."
"ေနပါအုံး ရွင္က အဲ့ႏွစ္ေယာက္ကို ျပန္တြဲေစခ်င္ေနတာလား "
"ေအးေလ အဲ့တာမွ ကိုယ့္သမီးက ေပ်ာ္႐ႊင္မွာကို ဘာလို႔ မတြဲေစခ်င္ဘဲေနရမလည္း"
"Sorryဘဲ "
"ဘာကိုလည္း "
"ရွင္ ခိုင္းသမွ် ဘာမဆို ကြၽန္မလုပ္ေပးနိုင္ေပမယ့္ သူတို႔ကို ျပန္တြဲဖို႔ဆိုတာေတာ့ ကြၽန္မ လက္မခံနိုင္ဘူး ...."
Taeyang ျပန္ေျပာမလို႔လုပ္ေပမယ့္ Jennieက အခန္းထဲကေန ဝုန္းဒိုင္းႀကဲ ေအာ္ဟစ္ၿပီး ထြက္လာသည္
"Omma ဘာထပ္လုပ္ျပန္ၿပီလည္းဟာ "
Jennie သူ႕အေမကို လက္ညိုးထိုးၿပီး ေအာ္ေတာ့ Taeyangမွာ သူ႕သမီးကို စိတ္တည္ၿငိမ္ေအာင္ ပခုံးကိုကိုင္ၿပီး ေခ်ာ့ေလသည္
"သမီး ဘာျဖစ္လို႔လည္း စိတ္ကိုေလ်ာ့ၿပီး Appaကိုေျပာ "
"သူေလ သူ႕သူငယ္ခ်င္း သတင္းေထာက္ကို Nam Joohyukနဲ႕ Chawက တြဲေနသလို သြားေျပာတာ "
Jennie ေအာ္ေျပာရင္း မ်က္ရည္ေတြကလည္း က်လာသည္
"အခု သတင္းထဲပါလာၿပီး တစ္ကမၻာလုံးက ဒီေသာက္သတင္းကို တကယ္ ထင္ေတာ့မွာ ခ်ီးပဲ "
Jennie စကားေၾကာင့္ Taeyang မ်က္လုံးျပဴးသြားတယ္
"အဲ့ေတာ့ ဘာျဖစ္လည္း သမီးရဲ႕ Dramaကို JenHyuk chemistry ေၾကာင့္ေတာင္ ပိုၿပီး လူၾကည့္မ်ားလာအုံးမယ္ေလ "
"ဘာစကားေတြေျပာေနတာလည္း Chawနဲ႕ Jisooက ျပန္တြဲေနၿပီ သိရဲ႕လား "
Taeyang မွာ သူ႕မိန္းမနဲ႕သူ႕သမီးၾကား ရပ္ရင္း ဘာလုပ္ရမွန္းမသိေပ
"Chaw တို႔ကို ခြဲဖို႔ ဘာလို႔ Omma အၿမဲ ႀကိဳးစားေနရတာလည္း ...Ommaကို အရမ္းမုန္းတာဘဲ Chaw အေမ မဟုတ္ရင္ေကာင္းမယ္ ....Omma ေသပါေစလို႔ ဆုေတာင္းတယ္ shit "
Jennie သူ႕အေမကို က်ိန္ဆဲၿပီး အိမ္ထဲကေန ေျပးထြက္သြားတယ္
Taeyangမွာ ေဒါသေတြကိုထိန္းၿပီး Hyorin ဘက္ကို လွည့္ကာ
"မင္းကြာ...ဘာလို႔ အဲ့လိုထပ္လုပ္ရတာလည္း "
"Jennieက Jisoo ထက္ ပိုသာတဲ့သူနဲ႕ ေတြ႕သင့္တာေလ "
Taeyang တဟားဟားနဲ႕ ရယ္ၿပီး နံရံကို လက္သီးနဲ႕ ပိတ္ထိုးကာ သူ႕ေဒါသေတြကို ေျဖေလ်ာ့ေနသည္
"မင္းလည္း မင္းအေမတို႔နဲ႕တူတူပါဘဲ ၾကည့္ရတာ မင္းက ငါ့သမီးကို စိတ္ဆင္းရဲစရာေတြဘဲေပးေနေတာ့..... ေရာ့ ဒီလက္စြပ္ကို ျပန္ယူလိုက္....ငါကေတာ့ ငါ့မိသားစုနဲ႕ ေပ်ာ္ေပ်ာ္႐ြင္႐ြင္ေနဖို႔ ျပန္လာေပမယ့္ မင္းက အကုန္ဖ်က္စီးပစ္တယ္.......Jennieကို ေရွ႕ေလွ်ာက္ ငါဘဲ ေစာင့္ေရွာက္မယ္ မင္းလို အေမမ်ိဳးလက္ထဲ ငါ့သမီးကို မထားနိုင္ဘူး "
Taeyangေျပာၿပီး လက္စြပ္ကို ခြၽတ္ကာ Hyorinေရွ႕ လႊင့္ပစ္ကာ ထြက္သြားတယ္
Hyorinမွာ ထြက္သြားတဲ့ သားအဖ ႏွစ္ေယာက္ကို ၾကည့္ရင္း ဒူးေထာက္ရက္သား လဲက်သြားသည္
"ငါ ဘာလုပ္ရမလည္း ငါဘာလုပ္ရမလည္း... Chuu ဘယ္မွာလည္း ဘာလို႔ဖုန္းမကိုင္တာလည္းဟာ "
Jennieမွာ စိတ္လႈပ္ရွားၿပီး သူ႕လက္သည္းကို ကိုက္ေနသည္
Jennieမွာ Jisooဆီ ဖုန္းဆက္ေပမယ့္ Jisooက ဖုန္းစက္ပိတ္ထားသည္
"Chuu. ..Jenကို စိတ္ဆိုးေနတာေတာ့ မဟုတ္ပါဘူးေနာ္ "
JennieမွာRumorေတြေၾကာင့္ ဖိအားေတြရေနတဲ့အျပင္ Jisooက သူမကို အထင္လြဲသြားမွာ စိတ္ပူၿပီး ငိုခ်င္လာသည္ .....မေန႕ကမွ သူမတို႔ စကားမ်ားထားတာေလ
Jennie မွာ သူမ Agency ကို ေရာက္ေတာ့ ကားပါကင္တြင္ ကားထိုးၿပီး အေစာင့္ေတြအကူအညီနဲ႕အတူ သတင္းေထာက္ေတြကို ေက်ာ္ျဖတ္ကာ Agencyထဲ ဝင္သြားတယ္
Jeongyeon ကလည္း အေျခအေနေတြကို ႀကိဳျမင္လို႔ အေစာင့္ေတြထားထားျခင္းျဖစ္သည္
"CEO "
"hey ငါ့ကို ရန္မလုပ္နဲ႕ေနာ္ ငါအခုထိ ဘာ statement မွ မထုတ္ရေသးဘူး အမွန္တရားကိုသိခ်င္တယ္ "
"သူနဲ႕ ငါက ဘာမွမဟုတ္ဘူး သူငယ္ခ်င္းဘဲကို အီးဟီးဟီး "
Jennie ေျပာၿပီး ထိုင္ငိုေတာ့ Jeongyeon မွာ Jennieပခုံးကို ပုတ္ေပးၿပီး ေခ်ာ့ေနသည္
"မငိုပါနဲ႕ ငါ ျငင္းလိုက္ပါမယ္ ေရာ့ ေရေသာက္လိုက္အုံး "
Jeongyeon ေရဘူးေဖာက္ေပးၿပီး Jennieကို ေပးလိုက္သည္
"Miss Yoo ျငင္းလို႔မရေတာ့ဘူးထင္တယ္ "
Jeongyeon ရဲ႕ အတြင္းေရးမႉးမွာ ဖုန္းကိုၾကည့္ရင္း ေျပာလိုက္သည္
"ဘာလို႔လည္း..."
"ဟိုဘက္က Lee Soohyuk agencyက အဲ့သတင္းကို အတည္ျပဳလိုက္ၿပီ "
"Shitttttt အဲ့ေသာက္ Agency ကို ဖုန္းေခၚၾကစမ္းပါ ေသာက္႐ူးထၿပီး ဘာမွမဟုတ္တာကို ဘာေတြအတည္ျပဳေနတာလည္း "
Jennie ေအာ္ဟစ္ေနေတာ့ Jeongyeonမွာ လိုက္ထိန္းၿပီး Jeongyeonအတြင္းေရးမႉးကေတာ့ တစ္ဖက္က Agencyဆီ ဖုန္းဆက္ေနသည္
"ဖုန္းမကိုင္ဘူး.....'
"အခုခ်က္ခ်င္း အဲ့ Agency ကို မီးသြားရွို႔မယ္ "
"Jennie စိတ္ထိန္း "
"မထိန္းနိုင္ဘူး Jisooနဲ႕ ငါ ျပန္တြဲေနၿပီ ထပ္ၿပီး ငါတို႔ Relationship ကို အပ်က္အစီးမခံနိုင္ဘူး....."
Jennie ငိုရင္း Lee Soohyuk ဆီ ဖုန္းဆက္သည္
"သူကလည္း ဖုန္းမကိုင္ဘူး shittttt Jisooလည္း ဖုန္းမကိုင္ဘူး ငါ့ကို သူ စိတ္ပ်က္သြားတာလားမသိဘူး ငါ ဘာလုပ္ရမလည္း သူ႕ကိုထပ္ၿပီး အဆုံးရႈံးမခံနိုင္ဘူး..... "
Jeongyeon ဘာလုပ္ရမွန္းမသိတာနဲ႕ ငိုေနတဲ့Jennieကို ေပြ႕ဖက္ထားၿပီး ႏွစ္သိမ့္ေပးေနသည္
#TBC
Bạn đang đọc truyện trên: Truyen3h.Co