Truyen3h.Co

Hurt

Part 43

KimFany059

#unicode

Jisooမှာ သူမရှေ့က Hyorinနဲ့ အကြည့်ချင်းမဆုံမိအောင် တစ်ခြားနေရာကို လျှောက်ကြည့်နေသည်

Hyorinရှေ့မှာ အဆင်မပြေသလို ခံစားရပြီး သူမကို ဘာကြောင့်ခေါ်တွေ့တာလည်း မေးချင်ပေမယ့် Jisoo မမေးရဲပေ

"Jisoo ငါ ညည်းနဲ့ စကားပြောချင်လို့ ခေါ်လိုက်တာ ဒါကြောင့် လျှောက်ကြည့်နေတာ ရပ်တော့ "

Hyorin စကားကြောင့် Jisoo တံတွေးမျိုချပြီး ခေါင်းညိတ်ကာ Hyorinမျက်လုံးကို ကြည့်ဖို့ ကြိုးစားလေသည်

"Good Morning ပါ Mrs. Kim "

Jisooမှာ ရုတ်တရက်ထရပ်ပြီး Hyorinကို နှုတ်ဆက်လေသည်

"ငါ ညည်းကိုပြောစရာရှိလို့ "

Jisoo နှုတ်ဆက်တာကို လျစ်လျူရှုပြီး Hyorin ပြောလိုက်သည်

Jisoo ချောင်းဟန့်ပြီး ရေသောက်လိုက်သည်

"ဒီတိုင်း တောင်းပန်ပါတယ်လို့ ပြောချင်တာ...."

Hyorin စကားကြောင့် Jisooမှာ အံ့သြပြီး ရေတွေကို ထွေးမထုတ်မိအောင် မနည်းမျိုချနေရသည်

"ညည်းတို့က ငါ့ companyကို ကယ်ပေးခဲ့တာလို့ Taeyangက ပြောတယ် "

"ဘယ်က company လည်းဟင် ပြီးတော့ Mrs. Kimက Sir Taeyangနဲ့ သိနေတာလား "

Jisooရဲ့ စကားကြောင့် Hyorin မျက်မှောင်ကြုတ်သွားတယ်

"သူက ငါ့ ယောက်ျားလေ သူ ညည်းကို ပြောမပြခဲ့ဘူးလား "

"ဟင် တကယ်လား ဒါဆို....အန်... အန်တီက သူ့မိန်းမပေါ့ ဟုတ်လား "

Jisoo အံ့သြပြီး ထပ်မေးပြန်သည်

"ဟုတ်တယ်လေ ဘာဖြစ်လို့လည်း "

"ဘာ...ဘာမှမဖြစ်ပါဘူး ...ဒီတိုင်း မေးကြည့်တာ..."

Jisoo နဲ့ Mrs. Kimကြား တိတ်ဆိတ်မှုက ဝင်ရောက်လာသည်

သို့သော်လည်း Jisoo တစ်ယောက် တစ်ခုခုကို သတိထားမိပြီး မျက်လုံးပြူးသွားတယ်

"နေ နေပါအုံး အန်တီက Jennieရဲ့ အမေဆိုတော့ Sir Taeyangရဲ့ သမီးက...."

Hyorinမှာ Jisooကို ဥာဏ်ကောင်းတဲ့ ကလေးလို့ သိထားပေမယ့် ဆွေမျိုးစပ်ရင်း လည်နေတဲ့ Jisooကို ကြည့်ပြီး ခေါင်းခေါက်ချင်စိတ်တွေပေါ်လာသည်

"What the heck"

Jisoo တိုးတိုးလေး ရေရွတ်လိုက်သည်

မနက်ဖြန် Jeongyeon ရဲ့ company partyမှာ သူမက Jennieရဲ့ ပါတနာဆိုတာ Jennieသိရင် ဘယ်လိုတုံ့ပြန်မလည်းဆိုတာ သိချင်နေသည်

"ပြီးတော့လေ အတိတ်ကရော...ခုရော လုပ်ခဲ့တဲ့ အရာတွေအတွက် တောင်းပန်ပါတယ် Jisoo "

Hyorinက ထပ်ပြီး တောင်းပန်သောကြောင့် Jisoo မနေတတ်တော့ပေ

"ညည်းနဲ့ ညည်း အဖွဲ့သားတွေ ငါ့ company အတွက် လုပ်ပေးခဲ့တာတွေကို Taeyangက ပြောပြတယ် ...ညည်းနဲ့ Jennieကို ခွဲခဲ့မိတဲ့အတွက်ရော Nam Joohyukနဲ့ Rumorတွေအတွက်ရော တောင်းပန်ပါတယ် "

Hyorinပြောရင်း မျက်ရည်တွေ ကျလာသောကြောင့် Jisooမှာ ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်

"ငါကလေ....ငါက ညည်းနဲ့ Jennie ကို ခွဲရတဲ့အကြောင်းအရင်းက Taeyangလို Jennieကို ထားသွားမှာ ကြောက်လို့ပါ....Jennie ထပ်ငိုမှာကို ငါ မမြင်ချင်ခဲ့ဘူးလေ "

Jisooမှာ သက်ပြင်းချပြီး တစ်ရှူးတွေကို ယူကာ Hyorin ဘေးနားဝင်ထိုင်လိုက်သည်

ထို့နောက် Hyorin ပါးပေါ်က မျက်ရည်တွေသုတ်ပေးပြီး

"Mrs. Kim အတိတ်မှာ Chawနဲ့ Jennieကို ခွဲခဲ့တာတွေက အတိတ်မှာဘဲ ကျန်ခဲ့ပါပြီ...Jennieနဲ့လည်း ပြန်တွဲနေပြီမို့ Chaw စိတ်ထဲမထားတော့ပါဘူး ..ပြီးတော့ Mrs. Kimကိုလည်း chaw က ခွင့်လွှတ်ပြီးသားပါ "

"ငါ တကယ် တောင်းပန်ပါတယ် Jisooရယ်...ငါ့ companyကို ကယ်ခဲ့ပြီး ငါ့သမီးကို ပျော်အောင်ထပ်လုပ်ပေးလို့ တကယ်ကျေးဇူးတင်ပါတယ် "

"ကျေးဇူးတင်စရာ မလိုပါဘူး Mrs. Kim "

"Mrs. Kimလို့ ထပ်မခေါ်နဲ့တော့ "

Hyorin သူ့မျက်ရည်တွေကို သုတ်ပြီး Jisooကို ပြောလိုက်သည်

"အခုစပြီး Ommaလို့ဘဲ ခေါ်တော့....ညည်းနဲ့ ငါ့သမီးကို ငါ သဘောတူလိုက်ပြီမို့ ရှေ့လျှောက် Ommaလို့ဘဲခေါ်တော့ "

Hyorinရဲ့ စကားကြောင့် Jisoo အံ့သြပြီး ဝမ်းသာသွားတယ် မဟုတ်ရင်တောင် ခဏနေကြ Hyorin ကို Jennieနဲ့ သဘောတူပေးဖို့ တောင်းဆိုမလို့လေ

Jisoo အရမ်းပျော်လို့ ထအော်ချင်ပေမယ့် စားသောက်ဆိုင်ထဲမှာမို့ အော်ချင်စိတ်ကို ထိန်းထားရသည်

"ကျေးဇူးတင်ပါတယ် Mrs. .အာ Omma. ...Chaw လေ Jenကို အမြဲ ဂရုစိုက်ပြီး ပျော်အောင်ထားပါမယ်လို့ ကတိပေးပါတယ် "

Hyorin ခေါင်းညိတ်ပြီး သူမချွေးမလောင်းလေးကို ဖက်လိုက်သည်

စားသောက်ပြီးနောက် Jisooမှာ Hyorin ကို သူမ ကားထိလိုက်ပို့ပေးသည် Hyorinကလည်း တောင်းပန်စကားသာ ခဏခဏပြောနေသည်

"ကဲ သွားတော့မယ်နော် Jisoo. ...Jenလေးကို ဂရုစိုက်ပြီး ချစ်ပေးပါအုံး သူ ခုတလော ပိန်လာလို့ "

"Nae. ...Ommaလည်း Sir Taeyangနဲ့ အဆင်ပြေပါစေ "

Jisoo အပြန်ကျ Partyအတွက် အဝတ်အစားတွေ ဝင်ဝယ်လိုက်သည်

ထို့နောက် ထိုအဝတ်အစားတွေကို သူမရဲ့ အသင်းသားတွေနဲ့ အတူနေတဲ့ အိမ်ဘက် သွားထားလိုက်သည်

"Unnie နင် အဆင်ပြေရဲ့လား "

Lisaက စိတ်ပူပြီးမေးတော့ Jinwooက Jisoo လက်ထဲက အိတ်တွေ ကူသယ်ပေးသည်

Jisoo ဆိုဖာတွင် ထိုင်လိုက်တော့ Seulgiကပါ လိုက်ထိုင်ပြီး Jisoo စကားပြောမယ့် အချိန်စောင့်နေသည်

"ငါ အဆင်ပြေပါတယ်ဟ Jennieက fake newဆိုတာပြောပြတယ် အဲ့တာ Mrs. Kim လက်ချက်လေ သူ့အသိကို သွားပြောတာတဲ့ "

Jisoo စကားကြောင့် lisa စိတ်တိုသွားပြီး အံကိုကြိတ်ထားရသည် Seulgiမှာတော့ Minoနဲ့အတူ Hyorin ကို blogပေါ်တွင် နာမည်ဖျက်ဖို့ တွေးနေသည်

"ဒါပေမယ့် ခုနက Mrs. Kimက ငါ့ကို ခေါ်ပြီး တောင်းပန်တယ် "

"အဲ့တော့ နင် ဘာလုပ်လိုက်လည်း Jisoo "

"ခွင့်လွှတ်ပေးလိုက်တယ်လေ Minoရ ...ပြီးတော့လေ သူက..."

Jisooမှာ သူနဲ့ Jennie အကြောင်း ရုတ်တရက်ပြောထွက်မိတော့မှာမို့ ပါးစပ်ကို အမြန်ပိတ်လိုက်သည်

"Arr မေ့နေတာ meeting ရှိတယ် သွားလိုက်အုံးမယ် "

"ဟဲ့ Sundayကြီးကို ဘယ်က meetingလည်း "

Lisa မေးပေမယ့် Jisoo မကြားချင်ယောင်ဆောင်ပြီး အိမ်ထဲကနေထွက်သွားသည်

"သူ တစ်ခုခုကို ဖုံးကွယ်ထားတာ သိသာတယ်ရော် "

Jisooကို ကြည့််ပြီး Jinwooပြောလိုက်သည်

Seulgiမှာ Jisooနောက်လိုက်ချောင်းဖို့ လုပ်ပေမယ့် Ireneဆီက ဖုန်းဝင်လာလို့ သူမအခန်းထဲ ပြေးဝင်သွားသည်

Jisoo သူမတို့အိမ်ပြန်ရောက်တော့ Jennieက နေ့လည်စာအတွက် ပြင်ဆင်နေသည်

Jisooကို တွေ့တော့ Jennie တစ်ယောက် နှုတ်ခမ်းစူသွားလို့ Jisooမှာ ရယ်လေသည်

"အမလေး မနက်ကတည်းက မုန့်သွားယူတာ နေ့လည်ကျမှ ပြန်ရောက်လာတယ်တော် Jenက Chuu အဲ့မှာ စာဖိုမှူးများဝင်လုပ်နေသလား တွေးနေတာ "

"မဟုတ်ပါဘူး Jenကိုပြောဖို့မေ့နေတာ မနက်ဖြန် partyအတွက် အဝတ်အစား ဝင်ယူနေတာလေ...လာပါ နေ့လည်စာစားကြစို့ "

Jisoo သူယူလာတဲ့ အစားအသောက်တွေကို ပန်းကန်ပြားတွေထဲ ထည့်ပြီး Jennie နဖူးလေးကို နမ်းလိုက်သည်

"အရမ်းချစ်တယ် Jendeukie. ..."

#tbc

#zawgyi

Jisooမွာ သူမေရွ႕က Hyorinနဲ႕ အၾကည့္ခ်င္းမဆုံမိေအာင္ တစ္ျခားေနရာကို ေလွ်ာက္ၾကည့္ေနသည္

Hyorinေရွ႕မွာ အဆင္မေျပသလို ခံစားရၿပီး သူမကို ဘာေၾကာင့္ေခၚေတြ႕တာလည္း ေမးခ်င္ေပမယ့္ Jisoo မေမးရဲေပ

"Jisoo ငါ ညည္းနဲ႕ စကားေျပာခ်င္လို႔ ေခၚလိုက္တာ ဒါေၾကာင့္ ေလွ်ာက္ၾကည့္ေနတာ ရပ္ေတာ့ "

Hyorin စကားေၾကာင့္ Jisoo တံေတြးမ်ိဳခ်ၿပီး ေခါင္းညိတ္ကာ Hyorinမ်က္လုံးကို ၾကည့္ဖို႔ ႀကိဳးစားေလသည္

"Good Morning ပါ Mrs. Kim "

Jisooမွာ ႐ုတ္တရက္ထရပ္ၿပီး Hyorinကို ႏႈတ္ဆက္ေလသည္

"ငါ ညည္းကိုေျပာစရာရွိလို႔ "

Jisoo ႏႈတ္ဆက္တာကို လ်စ္လ်ဴရႈၿပီး Hyorin ေျပာလိုက္သည္

Jisoo ေခ်ာင္းဟန့္ၿပီး ေရေသာက္လိုက္သည္

"ဒီတိုင္း ေတာင္းပန္ပါတယ္လို႔ ေျပာခ်င္တာ...."

Hyorin စကားေၾကာင့္ Jisooမွာ အံ့ၾသၿပီး ေရေတြကို ေထြးမထုတ္မိေအာင္ မနည္းမ်ိဳခ်ေနရသည္

"ညည္းတို႔က ငါ့ companyကို ကယ္ေပးခဲ့တာလို႔ Taeyangက ေျပာတယ္ "

"ဘယ္က company လည္းဟင္ ၿပီးေတာ့ Mrs. Kimက Sir Taeyangနဲ႕ သိေနတာလား "

Jisooရဲ႕ စကားေၾကာင့္ Hyorin မ်က္ေမွာင္ၾကဳတ္သြားတယ္

"သူက ငါ့ ေယာက္်ားေလ သူ ညည္းကို ေျပာမျပခဲ့ဘူးလား "

"ဟင္ တကယ္လား ဒါဆို....အန္... အန္တီက သူ႕မိန္းမေပါ့ ဟုတ္လား "

Jisoo အံ့ၾသၿပီး ထပ္ေမးျပန္သည္

"ဟုတ္တယ္ေလ ဘာျဖစ္လို႔လည္း "

"ဘာ...ဘာမွမျဖစ္ပါဘူး ...ဒီတိုင္း ေမးၾကည့္တာ..."

Jisoo နဲ႕ Mrs. Kimၾကား တိတ္ဆိတ္မႈက ဝင္ေရာက္လာသည္

သို႔ေသာ္လည္း Jisoo တစ္ေယာက္ တစ္ခုခုကို သတိထားမိၿပီး မ်က္လုံးျပဴးသြားတယ္

"ေန ေနပါအုံး အန္တီက Jennieရဲ႕ အေမဆိုေတာ့ Sir Taeyangရဲ႕ သမီးက...."

Hyorinမွာ Jisooကို ဥာဏ္ေကာင္းတဲ့ ကေလးလို႔ သိထားေပမယ့္ ေဆြမ်ိဳးစပ္ရင္း လည္ေနတဲ့ Jisooကို ၾကည့္ၿပီး ေခါင္းေခါက္ခ်င္စိတ္ေတြေပၚလာသည္

"What the heck"

Jisoo တိုးတိုးေလး ေရ႐ြတ္လိုက္သည္

မနက္ျဖန္ Jeongyeon ရဲ႕ company partyမွာ သူမက Jennieရဲ႕ ပါတနာဆိုတာ Jennieသိရင္ ဘယ္လိုတုံ႕ျပန္မလည္းဆိုတာ သိခ်င္ေနသည္

"ၿပီးေတာ့ေလ အတိတ္ကေရာ...ခုေရာ လုပ္ခဲ့တဲ့ အရာေတြအတြက္ ေတာင္းပန္ပါတယ္ Jisoo "

Hyorinက ထပ္ၿပီး ေတာင္းပန္ေသာေၾကာင့္ Jisoo မေနတတ္ေတာ့ေပ

"ညည္းနဲ႕ ညည္း အဖြဲ႕သားေတြ ငါ့ company အတြက္ လုပ္ေပးခဲ့တာေတြကို Taeyangက ေျပာျပတယ္ ...ညည္းနဲ႕ Jennieကို ခြဲခဲ့မိတဲ့အတြက္ေရာ Nam Joohyukနဲ႕ Rumorေတြအတြက္ေရာ ေတာင္းပန္ပါတယ္ "

Hyorinေျပာရင္း မ်က္ရည္ေတြ က်လာေသာေၾကာင့္ Jisooမွာ ဘာလုပ္ရမွန္းမသိ ျဖစ္ေနသည္

"ငါကေလ....ငါက ညည္းနဲ႕ Jennie ကို ခြဲရတဲ့အေၾကာင္းအရင္းက Taeyangလို Jennieကို ထားသြားမွာ ေၾကာက္လို႔ပါ....Jennie ထပ္ငိုမွာကို ငါ မျမင္ခ်င္ခဲ့ဘူးေလ "

Jisooမွာ သက္ျပင္းခ်ၿပီး တစ္ရႉးေတြကို ယူကာ Hyorin ေဘးနားဝင္ထိုင္လိုက္သည္

ထို႔ေနာက္ Hyorin ပါးေပၚက မ်က္ရည္ေတြသုတ္ေပးၿပီး

"Mrs. Kim အတိတ္မွာ Chawနဲ႕ Jennieကို ခြဲခဲ့တာေတြက အတိတ္မွာဘဲ က်န္ခဲ့ပါၿပီ...Jennieနဲ႕လည္း ျပန္တြဲေနၿပီမို႔ Chaw စိတ္ထဲမထားေတာ့ပါဘူး ..ၿပီးေတာ့ Mrs. Kimကိုလည္း chaw က ခြင့္လႊတ္ၿပီးသားပါ "

"ငါ တကယ္ ေတာင္းပန္ပါတယ္ Jisooရယ္...ငါ့ companyကို ကယ္ခဲ့ၿပီး ငါ့သမီးကို ေပ်ာ္ေအာင္ထပ္လုပ္ေပးလို႔ တကယ္ေက်းဇူးတင္ပါတယ္ "

"ေက်းဇူးတင္စရာ မလိုပါဘူး Mrs. Kim "

"Mrs. Kimလို႔ ထပ္မေခၚနဲ႕ေတာ့ "

Hyorin သူ႕မ်က္ရည္ေတြကို သုတ္ၿပီး Jisooကို ေျပာလိုက္သည္

"အခုစၿပီး Ommaလို႔ဘဲ ေခၚေတာ့....ညည္းနဲ႕ ငါ့သမီးကို ငါ သေဘာတူလိုက္ၿပီမို႔ ေရွ႕ေလွ်ာက္ Ommaလို႔ဘဲေခၚေတာ့ "

Hyorinရဲ႕ စကားေၾကာင့္ Jisoo အံ့ၾသၿပီး ဝမ္းသာသြားတယ္ မဟုတ္ရင္ေတာင္ ခဏေနၾက Hyorin ကို Jennieနဲ႕ သေဘာတူေပးဖို႔ ေတာင္းဆိုမလို႔ေလ

Jisoo အရမ္းေပ်ာ္လို႔ ထေအာ္ခ်င္ေပမယ့္ စားေသာက္ဆိုင္ထဲမွာမို႔ ေအာ္ခ်င္စိတ္ကို ထိန္းထားရသည္

"ေက်းဇူးတင္ပါတယ္ Mrs. .အာ Omma. ...Chaw ေလ Jenကို အၿမဲ ဂ႐ုစိုက္ၿပီး ေပ်ာ္ေအာင္ထားပါမယ္လို႔ ကတိေပးပါတယ္ "

Hyorin ေခါင္းညိတ္ၿပီး သူမေခြၽးမေလာင္းေလးကို ဖက္လိုက္သည္

စားေသာက္ၿပီးေနာက္ Jisooမွာ Hyorin ကို သူမ ကားထိလိုက္ပို႔ေပးသည္ Hyorinကလည္း ေတာင္းပန္စကားသာ ခဏခဏေျပာေနသည္

"ကဲ သြားေတာ့မယ္ေနာ္ Jisoo. ...Jenေလးကို ဂ႐ုစိုက္ၿပီး ခ်စ္ေပးပါအုံး သူ ခုတေလာ ပိန္လာလို႔ "

"Nae. ...Ommaလည္း Sir Taeyangနဲ႕ အဆင္ေျပပါေစ "

Jisoo အျပန္က် Partyအတြက္ အဝတ္အစားေတြ ဝင္ဝယ္လိုက္သည္

ထို႔ေနာက္ ထိုအဝတ္အစားေတြကို သူမရဲ႕ အသင္းသားေတြနဲ႕ အတူေနတဲ့ အိမ္ဘက္ သြားထားလိုက္သည္

"Unnie နင္ အဆင္ေျပရဲ႕လား "

Lisaက စိတ္ပူၿပီးေမးေတာ့ Jinwooက Jisoo လက္ထဲက အိတ္ေတြ ကူသယ္ေပးသည္

Jisoo ဆိုဖာတြင္ ထိုင္လိုက္ေတာ့ Seulgiကပါ လိုက္ထိုင္ၿပီး Jisoo စကားေျပာမယ့္ အခ်ိန္ေစာင့္ေနသည္

"ငါ အဆင္ေျပပါတယ္ဟ Jennieက fake newဆိုတာေျပာျပတယ္ အဲ့တာ Mrs. Kim လက္ခ်က္ေလ သူ႕အသိကို သြားေျပာတာတဲ့ "

Jisoo စကားေၾကာင့္ lisa စိတ္တိုသြားၿပီး အံကိုႀကိတ္ထားရသည္ Seulgiမွာေတာ့ Minoနဲ႕အတူ Hyorin ကို blogေပၚတြင္ နာမည္ဖ်က္ဖို႔ ေတြးေနသည္

"ဒါေပမယ့္ ခုနက Mrs. Kimက ငါ့ကို ေခၚၿပီး ေတာင္းပန္တယ္ "

"အဲ့ေတာ့ နင္ ဘာလုပ္လိုက္လည္း Jisoo "

"ခြင့္လႊတ္ေပးလိုက္တယ္ေလ Minoရ ...ၿပီးေတာ့ေလ သူက..."

Jisooမွာ သူနဲ႕ Jennie အေၾကာင္း ႐ုတ္တရက္ေျပာထြက္မိေတာ့မွာမို႔ ပါးစပ္ကို အျမန္ပိတ္လိုက္သည္

"Arr ေမ့ေနတာ meeting ရွိတယ္ သြားလိုက္အုံးမယ္ "

"ဟဲ့ Sundayႀကီးကို ဘယ္က meetingလည္း "

Lisa ေမးေပမယ့္ Jisoo မၾကားခ်င္ေယာင္ေဆာင္ၿပီး အိမ္ထဲကေနထြက္သြားသည္

"သူ တစ္ခုခုကို ဖုံးကြယ္ထားတာ သိသာတယ္ေရာ္ "

Jisooကို ၾကည့္္ၿပီး Jinwooေျပာလိုက္သည္

Seulgiမွာ Jisooေနာက္လိုက္ေခ်ာင္းဖို႔ လုပ္ေပမယ့္ Ireneဆီက ဖုန္းဝင္လာလို႔ သူမအခန္းထဲ ေျပးဝင္သြားသည္

Jisoo သူမတို႔အိမ္ျပန္ေရာက္ေတာ့ Jennieက ေန႕လည္စာအတြက္ ျပင္ဆင္ေနသည္

Jisooကို ေတြ႕ေတာ့ Jennie တစ္ေယာက္ ႏႈတ္ခမ္းစူသြားလို႔ Jisooမွာ ရယ္ေလသည္

"အမေလး မနက္ကတည္းက မုန့္သြားယူတာ ေန႕လည္က်မွ ျပန္ေရာက္လာတယ္ေတာ္ Jenက Chuu အဲ့မွာ စာဖိုမႉးမ်ားဝင္လုပ္ေနသလား ေတြးေနတာ "

"မဟုတ္ပါဘူး Jenကိုေျပာဖို႔ေမ့ေနတာ မနက္ျဖန္ partyအတြက္ အဝတ္အစား ဝင္ယူေနတာေလ...လာပါ ေန႕လည္စာစားၾကစို႔ "

Jisoo သူယူလာတဲ့ အစားအေသာက္ေတြကို ပန္းကန္ျပားေတြထဲ ထည့္ၿပီး Jennie နဖူးေလးကို နမ္းလိုက္သည္

"အရမ္းခ်စ္တယ္ Jendeukie. ..."

#tbc

Bạn đang đọc truyện trên: Truyen3h.Co