Part 42
#unicode
Jisooမှာ ဖြစ်ပျက်နေတာတွေ မသိဘဲ Soojoo တိုက်ခန်းတွင် Soojoo ရဲ့ ဖုန်းနဲ့ tiktok ရိုက်နေသည်
Jennieနဲ့ ဒိတ်တဲ့အခါ ထို videoတွေကို ပြဖို့ Jisoo တွေးထားတယ်လေ
Jennieက Jisoo ပေါက်ကရလုပ်သမျှ အမြဲ ရယ်မောနေတတ်တာ Jisoo သိတယ်လေ
Jisoo ဖုန်းကတော့ ဖုန်းအားမရှိလို့ စက်ပိတ်သွားတော့ ဖုန်းအားသွင်းထားရခြင်း ဖြစ်သည်
Jisoo Tiktok videoတွေ ရိုက်ပြီး ဖုန်းကိုယူကာ Jennieနဲ့ Irene အိမ်ကို Jisoo ထွက်လာသည်
ထိုစဥ် Seulgi ဆီကနေ ဖုန်းဝင်လာသည်
"Hello Seul. .."
"နင် ဘယ်တွေရောက်နေတာလည်း Jisoo "
တစ်ဖက်က Seulgi အော်သံကြောင့် Jisoo လန့်သွားတယ်
"ဘာဖြစ်လို့လည်း "
"နင် ဘာသတင်းမှ မကြားဘူးလား "
"ဘယ်လိုလုပ်ကြားမှာလည်း ဟိုမယ် Soojooနဲ့ tiktok ရိုက်နေတာကို "
Seulgiဘေးနားကနေ လှမ်းပြောတဲ့ Lisa အသံကို Jisoo ကြားနေရသည်
"Jisoo ကျေးဇူးပြုပြီး.... Jinwoo ပို့ပေးတဲ့ linkထဲ ဝင်ကြည့်လိုက် "
Seulgi ဖုန်းချလိုက်တော့ Jisoo လမ်းဘေးတွင် ကားခဏရပ်ပြီး Jinwoo ပို့ပေးတဲ့ linkထဲဝင်ကြည့်လိုက်သည်
ဆောင်းပါးတစ်ခုလုံးကို ဖတ်ပြီး Jisoo ရင်ထဲနာကျင်သွားပေမယ့် Jennieဆီက ပြောမယ့်စကားတွေလည်း Jisoo ကြားချင်သေးသည်
ထိုစဥ် Jeongyeonဆီက ဖုန်းဝင်လာလို့ Jisoo ဖုန်းကိုင်လိုက်သည်
"Oh god တော်သေးတာပေါ့ နောက်ဆုံးတော့ နင် ဖုန်းကိုင်ပြီဘဲ Jisoo. ..."
"Ahh Sorry Jeong. ..နင် ဖုန်းခေါ်ထားတာတွေ ငါမသိလိုက်လို့ "
"ရပါတယ် ငါနင့်ကို ဖုန်းခေါ်ရတဲ့အကြောင်းအရင်းက Jennieက အခု ငါ့ရုံးခန်းမယ်....ခုန သူ ငိုပြီး သတိလစ်သွားလို့ နင်သိတယ်မလား ငါတို့ Humm ဟိုအကြောင်းပြောနေတာ "
"Nam Joohyuk နဲ့ သူ့အကြောင်းလား "
Jisooမေးတော့ Jeongyeon ချောင်းဟန့်လိုက်သည်
"ဟုတ်တယ် ဒါပေမယ့် စိတ်မပူပါနဲ့ ငါ ပြန်ပြီး ဖြေရှင်းမှာပါ အခုက ဟိုသောက် agency ကို ဖုန်းဆက်လို့ကိုမရသေးဘူး "
Jeongyeon စကားကြောင့် Jisoo ရယ်လိုက်သည်
"ငါအခု သူ့ကိုလာခေါ်မယ် Jeongyeon "
"ကောင်းပြီ ငါ သတင်းထောက်တွေကို ရှင်းပေးထားမယ် "
Jisoo ဖုန်းချပြီး Ireneတို့အိမ်သွားတဲ့ လမ်းကနေ Jeongyeonရဲ့ company ကို သွားလိုက်သည်
"အဲ့သတင်းကြားပြီး သူ အရမ်းကိုငိုတာဘဲ Jisoo. သူက နင့်ဆီ ဖုန်းခေါ်ပေမယ့် နင်က ဖုန်းမကိုင်လို့ သူ့ကို စိတ်ဆိုးသွားပြီလို့ ထင်နေတာ နင်က ဘယ်တွေရောက်နေတာတုံးဟဲ့ "
Jisooရဲ့ နောက်ကျောပေါ် Jennie ကို ကူတင်ပေးရင်း Jeongyeon မေးလိုက်သည်
"ငါ့ဖုန်းက စက်ပိတ်သွားလို့လေ Soojooအိမ်မယ် tiktokဆော့နေတာ..."
Jisooပြောရင်း Jennie အတွက် စိတ်မကောင်းဖြစ်သွားသည်
"ဘာဘဲဖြစ်ဖြစ် Jennieကို ထိန်းထားပေးလို့ ကျေးဇူးဘဲ Jeong "
Jeongyeonရဲ့ ကျေးဇူးကြောင့် သတင်းထောက်တွေနဲ့ မတွေ့ဘဲ Jisooတို့ သူ့အိမ်ကို ပြန်ရောက်လာသည်
Jisoo သူမ နောက်ကျောပေါ်က Jennieကို ကုတင်ပေါ် သေချာ တင်ပေးလိုက်သည်
ထို့နောက် Jisoo ရေချိုးဖို့ အဝတ်အစားလဲရန် တွေးနေသည်
ထိုစဥ် Jennieက သူမ လက်ကို လာကိုင်သည်
"Chuu ...."
Jennie မျက်ရည်လေးတွေနဲ့ သူမလက်ကို လှမ်းဆွဲတော့ Jisooမှာ Jennieကို ပြုံးပြပြီး Jennieရဲ့ နဖူးလေးကို နမ်းလိုက်သည်
"အဲ့တာ မဟုတ်ဘူးသိလား ....တကယ် Jenတို့က သူငယ်ချင်းတွေဆိုတာ ကျိန်ရဲတယ် Jenက Chuuကိုဘဲ ချစ်တာ Chuuကို အဆုံးရှုံး "
Jennie ပြောရင်း အသံလေးတိုးဝင်သွားတော့ Jisooမှာ သူ့ကောင်မလေးကို တင်းတင်းကြပ်ကြပ် ဖက်လိုက်သည်
"Chuu သိပါတယ် Jen ရ...Chuuလည်း Jenကို အရမ်းချစ်တာ သိတယ်မလား ဒါကြောင့် မငိုနဲ့တော့နော်...Jenဘေးနား Chuu အမြဲရှိနေမှာ "
Jisoo ငိုနေတဲ့ကောင်မလေးရဲ့ မျက်ရည်တွေကို သုတ်ပေးရင်း နဖူးလေးကို ထပ်နမ်းလိုက်ပြန်သည်
"Jen တောင်းပန်ပါတယ် Jenကို မထားခဲ့ပါနဲ့နော် "
"Jenလေးကို ဘယ်တော့မှထားမသွားပါဘူး "
Jennieရဲ့ ပါးနှစ်ဖက်ကို ဆွဲညှစ်ပြီး Jisoo ပြောလိုက်သည်
"ဒီသတင်းကြောင့် Chuuလေ Jenကို ပိုပြီး စိတ်ဆိုးသွားမယ်လို့ တွေးမိနေတာ "
Jennieမှာ ခေါင်းလေးငုံ့ပြီးပြောတော့ Jennie မေးစေ့လေးကို ကိုင်ပြီး Jennieရဲ့ နှုတ်ခမ်းလေးကို Jisoo နမ်းလိုက်သည်
"Jenကို စိတ်မဆိုးပါဘူး...."
Jisoo ပြောပြီး ပြုံးပြတော့ Jennieမှာ ခုန စိတ်ညစ်စရာတွေ မေ့သွားလေသည်
"Jenရဲ့ စာတွေမဖတ်မိလို့ ဖုန်းမကိုင်မိလို့ တောင်းပန်ပါတယ်နော် Chuuက tiktokဆော့နေလို့ "
"ဟင် Chuuက တောသားတွေဘဲ ဆော့တဲ့ tiktokဆော့တယ်ပေါ့ "
Jennie စကားကြောင့် Jisoo နှုတ်ခမ်းစူပြီး Jennieဘေးနားဝင်ထိုင်လိုက်သည်
"တောသားတွေဘဲ ဆော့တဲ့ tiktok မဟုတ်ပါဘူး Jen ရ ပျော်စရာကောင်းတယ် မယုံရင် ဒီမှာကြည့် "
Soojoo ဆီက ကူးလာတဲ့ သူမဆော့ထားတဲ့ tiktok Video တွေကို Jennie အား ပြလိုက်သည်
Jisoo ပြတဲ့ Videoတွေကို ကြည့်ပြီး Jennie တဟားဟားနဲ့ သဘောကျစွာရယ်လေသည်
Jisooကတော့ သူမ tiktok videoထက် ကလေးတစ်ယောက်လို ရယ်မောနေတဲ့ Jennie မျက်နှာလေးကိုဘဲ စိုက်ကြည့်နေတယ်
"လွမ်းလိုက်တာ "
Jisoo ပြောပြီး Jennieရဲ့ ရင်ခွင်ထဲ တိုးဝင်လိုက်သည်
"Jenလည်း အရမ်းလွမ်းတယ် ပြီးတော့ တောင်းပန်ပါတယ်..."
"တောင်းပန်စရာမလိုပါဘူး Jen လုပ်တာမှမဟုတ်တာ Jenကြောင့် မဟုတ်ဘူးလေ "
"Jen Ommaကြောင့်....."
"ဟင် ဘယ်လို "
Jisoo မေးတော့ Jennie သက်ပြင်းချပြီး Jisooရဲ့ ဖုန်းကို စားပွဲပေါ်သို့ တင်လိုက်သည်
ထို့နောက် Jisoo မျက်နှာကို Jennie စိုက်ကြည့်ပြီး
"Ommaက သူ့သူငယ်ချင်း သတင်းထောက်ကို Jenနဲ့ Joohyukက တွဲနေသလို သွားပြောတာ ...သူကလေ Jenတို့ကို ထပ်ပြီး ခွဲချင်နေတာ Jenသူ့ကို အရမ်းစိတ်ဆိုးတာဘဲ...သီးမခံနိုင်တော့လို့ သူ့ကိုတောင် ကျိန်ဆဲခဲ့မိသေးတယ် "
"နေပါအုံး ကျိန်ဆဲတယ် ဟုတ်လား "
"ဟုတ်တယ် Jen အမေ မဖြစ်လာရင် ကောင်းမယ်လို့ပြောခဲ့တာ "
Jisooမှာ သက်ပြင်းချပြီး Jennieရဲ့ ခေါင်းလေးကို ပုတ်ပြီး
"Ommaကို အဲ့လိုမပြောရဘူးလေ Jenလေးရဲ့ ..."
"သူက မကောင်းတာကို "
"ဘာဖြစ်ဖြစ်လေ သူက အမေဘဲကို ကဲပါ ငိုထားရတော့ ပင်ပန်းနေမှာပေါ့ လာ အိပ်ရအောင် "
Jisoo ကုတင်ပေါ် လှဲအိပ်ပြီး သူမ လက်မောင်းပေါ် လာအိပ်ဖို့ Jennieကို အချက်ပြသည်
Jennieလည်း စောင်ခြုံပြီး Jisoo လက်မောင်းပေါ် လှဲအိပ်ကာ Jisooကို ဖက်ထားလေသည်
***** ******
"Hello Sir. ...ဖုန်းတွေဘာတွေခေါ်လို့ chawကို သတိရနေတာလား "
Jisoo သူမဆီ ဖုန်းဆက်တဲ့ Taeyangကို Jennieအတွက် မနက်စာပြင်ရင်း စနောက်လိုက်သည်
"ငါ ငါ့မိန်းမကို လွှတ်ပေးလိုက်ပြီ ဆက်ပြီး သည်းမခံနိုင်တော့ဘူး "
"ဘာလို့လည်း Sir. ..ဘာဖြစ်ကြတာလည်း "
Jisoo ခွက်ထဲ coffee တစ်ချို့ ငှဲ့ရင်း မေးလိုက်သည်
"သူလေ ငါ့သမီးကို ထိခိုက်အောင် ထပ်လုပ်လို့ "
"Sir သေချာရဲ့လား "
Jisooမှာ သူ့ဆရာတို့ကြားထဲ ဘာဖြစ်မှန်းမသိပေမယ့် Taeyangက သူ့မိန်းမကို တော်တော်ချစ်တာ သိတယ်လေ
"သေချာတယ် ငါ သူ့ကို ချစ်ပေမယ့် သူက ကိုင်တွယ်မရအောင်ကို ဆိုးလွန်းနေတယ် "
"သူတောင် Sirကို ဒုတိယ အခွင့်အရေး ပေးခဲ့တာဘဲ Sirလည်း တစ်ခါလောက်အခွင့်အရေးပေးလိုက်ပါ....ခဏလောက် သူ့ကို ပစ်ထားလိုက်ပါ သူ နှစ်ရက်သုံးရက်အတွင်း နောင်တရလာလိမ့်မယ် "
"Aigoo မင်းက အရမ်းကြင်နာတတ်တာဘဲ ဘယ်ကမ္ဘာက လာတာလည်း "
"Sirရဲ့ တပည့်တွေထဲက ချစ်ဖို့အကောင်းဆုံး တပည့်မလေးပါ "
Jisoo ဖုန်းပြောရင်း သူမ ခါးကို Jennie လာဖက်တာ ခံစားမိလို့ Taeyangနဲ့ စကားဖြတ်ဖို့ ကြိုးစားလေသည်
"Sir ဒါဘဲနော် Breakfast စားတော့မလို့ "
"ဟုတ်ပြီ ဟုတ်ပြီ သေချာစားနော် Jisoo ဒါဘဒနော်"
Taeyang ဖုန်းချလိုက်တော့ Jisooမှာ Jennie ဘက်လှည့်လာသည်
"Good morningပါ Chuuရဲ့ Manduလေး "
Jennieရဲ့ နှုတ်ခမ်းကို Jisoo နမ်းမယ်လုပ်တော့ Jennieက လက်နဲ့ကာလိုက်သည်
"Wae "
"Jen သွားမတိုက်ရသေးဘူး ..."
"သွားမတိုက်ရသေးလည်း နမ်းတယ်ကွာ "
Jisoo အတင်းနမ်းတော့ Jennieမှာ သွားတိုက်ဖို့ ရေချိုးခန်းထဲ ထွက်ပြေးသွားလေသည်
Jisooမှာ Jennieကို ကြည့်ရင်း ရယ်ပြီး ကျန်ခဲ့သည်
Jensooတို့ နှစ်ယောက် မနက်စာစားနေရင်း
"မနေ့က ကိစ္စအတွက် တောင်းပန်ပါတယ် Chuu "
"ရပါတယ် Chuuလည်း ဒီနေ့ Jenကို စားသောက်ဆိုင်တစ်ခုကို ခေါျသှားပွိီး ဒိတ်ဖို့ ပြင်ဆင်ထားတာ ဒါပေမယ့် ဟိုသတင်းကြောင့် Jen အပြင်ထွက်လို့ရမယ်မထင်ဘူး သတင်းထောက်တွေက Jenကို ချောင်းနေကြတာလေ "
Jisoo စကားကြောင့် Jennie မျက်နှာလေး ရှုံ့မဲ့သွားသည်
"ကဲပါ ကိုယ်အခု စားသောက်ဆိုင်ကို သွားပြီး မုန့်တွေ ယူခဲ့မယ်လေ အိမ်မှာဘဲ ပြင်ဆင်စားကြတာပေါ့ "
"ကောင်းသားဘဲ ..."
မနက်စာ စားပြီးနောက် Jisooမှာ သူမ ဘိုကင်လုပ်ထားတဲ့ စားသောက်ဆိုင်ကို သွားလေသည်
ထိုစဥ် သူမဆီသို့ အမည်မသိ message တစ်စောင် ဝင်လာသည်
From Unknown number
Jisoo. ..ငါ Jennie အမေပါ ငါတို့ တွေ့လို့ရမလား
Jisooမှာ messageကို ဖတ်ပြီး လန့်သွားတယ်
သို့သော်လည်း ချက်ချင်းဘဲ Hyorin ဆီ စာပြန်ပို့လိုက်သည်
To unknown Number
ရပါတယ်...Mrs. Kimဆီ ကျွန်မလာခဲ့မှာမို့ နေရာလေးပြောပေးပါ
#TBC
#zawgyi
"Hello Seul. .."
"ဘာဖြစ်လို့လည်း "
"Chuu ...."
"လွမ်းလိုက်တာ "
"Jen Ommaကြောင့်....."
"ဟင် ဘယ်လို "
"သူက မကောင်းတာကို "
***** ******
"Sir သေချာရဲ့လား "
"Wae "
"ရပါတယ် Chuuလည်း ဒီနေ့ Jenကို စားသောက်ဆိုင်တစ်ခုကို ခေါသြှားပှီး ဒိတ်ဖို့ ပြင်ဆင်ထားတာ ဒါပေမယ့် ဟိုသတင်းကြောင့် Jen အပြင်ထွက်လို့ရမယ်မထင်ဘူး သတင်းထောက်တွေက Jenကို ချောင်းနေကြတာလေ "
"ကောင်းသားဘဲ ..."
From Unknown number
To unknown Number
#TBC
Bạn đang đọc truyện trên: Truyen3h.Co