Part 46
#unicode
"Jennie "
Nam Joohyukမှာ ရိုက်ကွင်းတွင် ခဏနားတဲ့အချိန် Jennieဆီ လျှောက်လာသည်
"ဖြစ်ခဲ့သမျှအတွက် ကျွန်တော် တောင်းပန်စကား ပြောချင်လို့ပါ .....ကျွန်တော်တို့ နှစ်ယောက်အကြား တစ်ခုခုရှိနေတယ်လို့ ကျွန်တော် တွေးမိတာ မှားသွားတယ်.....ကျွန်တော် ထင်ယောင်ထင်မှား ဖြစ်ခဲ့တာ ...သိတယ်မလား Jennieကို ကျွန်တော် သဘောကျနေတာ ကြာပြီလေ...Jennieလည်း ကျွန်တော့်ကို ပြန်ပြီး သဘောကျလာတယ်လို့ တွေးမိခဲ့တာ "
Nam Joohyuk ပြောရင်း ရှက်လို့ ခေါင်းငုံ့ထားသည်
"Director Jisooနဲ့ ထာဝရ ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ် "
Nam Joohyuk ပြုံးပြီးပြောတော့ Jennieလည်း ခေါင်းညိတ်ပြပြီး ပြန်ပြုံးပြလိုက်သည်
Kim coupleတို့ public ချပြတာ တစ်ပတ်ကျော်သွားပြီလေ....အခုဆို သူမတို့ သတင်းတွေ bad commentတွေလည်း လျော့နည်းသွားတာမို့ နှစ်ယောက်လုံး စိတ်ချမ်းသာနေသည်
"ရပါတယ် Joohyuk shii နောက်တစ်ခါ ထပ်မလုပ်ရဘူးနော် "
Jennie စလိုက်တော့ Joohyuk ရယ်လိုက်သည်
"ရိုက်ကွင်းပြန်စမယ် "
Seulgi ကင်မရာအနေအထားစစ်ပြီး အော်လိုက်သောကြောင့် Jennieတို့ အဆင်သင့်ပြင်လိုက်ကြသည်
"Action "
Jisooအသံကြောင့် Jennieတို့ ပြန်ပြီး သရုပ်ဆောင်ကြလေသည်
ဇာတ်သိမ်းပိုင်းရဲ့ နောက်ဆုံး အပိုင်း ရိုက်ကူးပြီးနောက် အားလုံးမှာ တစ်ယောက်ကိုတစ်ယောက် ကျေးဇူးတင်စကားပြောကြလေသည်
"ဖြစ်ခဲ့သမျှ ပြဿနာတွေအတွက် ကျွန်တော် တောင်းပန်ပါတယ်နော် Jisoo "
Nam Joohyukက တောင်းပန်တော့ Jisooမှာ ခေါင်းညိတ်ပြပြီး Nam Joohyuk ပခုံးကို ပုတ်လိုက်သည်
"ပြီးသွားတာတွေလည်း ပြီးသွားပြီမို့ ရပါတယ် ..."
"Hey Everyone.... "
Lisa လက်မှတ်လေး ကိုင်ရင်း အော်ပြီး ဝင်လာသည်
"ဘာများလည်း '
Jinwooမေးတော့ Lisaမှာ ထိုလက်မှတ်လေးကို Jinwooကို ပြလိုက်သည်
Minoလည်း သိချင်လို့ အမြန် Jinwooဆီ ပြေးကြည့်သည်
"Wow စားသောက်ဆိုင်မှာ နင် ဘိုကင်လုပ်လာတာလား "
"ဒါပေါ့ ရိုက်ကွင်းသိမ်းပြီး စားသောက်ဆိုင်မှာ သွားစားကြစို့လေ "
ဒီနေ့ ရိုက်ကူးရေး နောက်ဆုံးမို့ သန်ဘက်ခါတွင် ရိုက်ကွင်းက ဝန်ထမ်းအားလုံး မင်းသားမင်းသမီးတွေနဲ့အတူ Dinner ပါတီ လုပ်ဖို့ သတင်းထောက်တွေပါ Jisooခေါ်ထားတယ်လေ
"Appa "
Taeyang က သူမ အဝတ်လဲအခန်းထဲ ဝင်လာလို့ Jennie နှုတ်ဆက်လိုက်သည်
"Appa ဒီကိုလာမယ်ဆိုတာ Chawကိုလည်း မပြောဘူး ဟွန့် "
"Appa မေ့သွားလို့ Sorryပါကွယ် ..."
"Appa ထိုင်လေ "
"Koreaမှာ ရှိတဲ့ projectတွေ ပြီးသွားရင် Jisooတို့က ဂျပန်ကို ပြန်သွားမယ်ဆိုတာ သမီးသိတယ်မလား "
Taeyang မေးခွန်းကြောင့် Jennie ဝမ်းနည်းသွားသည် Jisoo တစ်ခါပြောပြဖူးလို့ Jennie သိတယ်လေ
"ဟုတ် Chaw သိပါတယ် Appa "
"သမီး အဆင်သင့် ဖြစ်ပြီလား "
Taeyangမေးတော့ Jennieမှာ သက်ပြင်းရှည်ကြီး ချပြီး ခေါင်းခါပြသည်
"Chaw သူ့ကို သတိရနေတော့မှာ..."
Jennieမှာ သူ့ချစ်သူကို ကိုရီးယားမှာဘဲ နေစေချင်ပေမယ့် သူ့ချစ်သူက အလုပ်နဲ့ပတ်သက်ရင် အရမ်းအဆိပ်ပြင်းတာကို Jennie သိတယ်လေ
"သမီးမှာ အစီအစဉ် မရှိဘူးလား "
"Chaw ဘာလုပ်ရမလည်း မသိတော့ဘူး Jisooက သူ့အလုပ်ကို ချစ်တော့ Chawလည်း မတားချင်ဘူး..ဒါပေမယ့် Chaw တို့အဆင်ပြေတာ တစ်လတောင် မပြည့်သေးဘူး ထပ်ပြီး ခွဲရမှာမို့ ဝမ်းနည်းမိတယ် "
"Video callပြောလို့ရပါတယ် Jen ရ Video callခေါ်ပြီး တဝကြီး စကားပြောလို့ ရတယ်လေ "
"ဒါပေမယ့် Chawတို့နှစ်ယောက်ထဲက တစ်ယောက်က ဝမ်းနည်းနေရင် ဘယ်လို နှစ်သိမ့်ရမလည်း...တစ်ယောက်နဲ့တစ်ယောက် ဘယ်လို ဖက်ရမလည်း နမ်းရမလည်း အင်တာနက်ပေါ်မှာ လုပ်လို့မရတဲ့ အရာတွေ အများကြီး ရှိတယ် Appaရ "
Taeyang သက်ပြင်းချပြီး သူ့သမီးပြောတာ မှန်တယ်လို့ ခေါင်းညိတ်ကာ ထောက်ခံလိုက်သည်
"Dinner ပြီးရင် Jisooနဲ့ စကားပြောကြည့်လေ နော် "
Taeyang ပြောပြီး Jennie အခန်းထဲက ထွက်လာသည် ထို့နောက် Jisooရဲ့ နားနေခန်းဘက်ကို သွားလေသည်
"Oh Sir Taeyang လာတယ် "
Jisooမှာ အခန်းထဲဝင်လာတဲ့ Taeyangကို ဦးညွှတ်ကာ နှုတ်ဆက်လေသည်
"မင်းရဲ့ အစီအစဥ်က ဘာလည်း "
Taeyang ရုတ်တက်ပြောတဲ့ စကားကို Jisoo နားမလည်သောကြောင့် ရယ်ပြီး ပြန်မေးလိုက်သည်
"Sir Taeyang ဘာပြောတာလည်း မသိဘူး...."
"မင်းက မကြာခင် Japanကို ပြန်တော့မှာမလား အဲ့တာမို့ ငါ့ သမီးနဲ့ ပတ်သက်ပြီး ဘာတွေ စီစဥ်ထားလည်းလို့မေးတာ "
Taeyang စကားကြောင့် Jisoo လန့်သွားတယ် သူမတို့ ဂျပန်ကိုပြန်ရမယ့်အကြောင်း လုံးဝမေ့နေမိတာလေ
"Oh my god. ...chaw မေ့နေတာ တောင်းပန်ပါတယ် Sir "
"Long distance Relationshipက ခက်ခဲတယ်ဆိုတာ ငါသိပါတယ်....မင်းတို့နှစ်ယောက်လုံးကလည်း အလုပ်ကို မစွန့်လွှတ်နိုင်ဘူးဆိုတော့....Jennieနဲ့ သေချာပြောကြည့်အုံးလေနော် "
Taeyang ပြောပြီး အခန်းထဲက ထွက်သွားသည်
"Wow စားဖူးသမျှထဲ အကောင်းဆုံး အမဲသားဘဲ "
Lisaမှာ အမဲသားကင်ကို ဝါးရင်း လက်မထောင်ပြီး ပြောလိုက်သည်
"ဖြည်းဖြည်း စားပါ အချစ်ကလေးရ.... အသားတွေအများကြီး ယူထားတာ ကုန်ရောကုန်ရဲ့လား "
အစားသောင်းကျန်းတဲ့ Chaeyoungတောင် သူ့ချစ်သူ အမဲသားကင်စားနေတာကြည့်ပြီး တားယူရသည်
"ကုန်တာပေါ့ Chaeလေးရ စိတ်မပူပါနဲ့ ဒါတွေအကုန် Jisoo ရှင်းလိမ့်မယ် "
"နင် စားနေတာတွေကို ကြောင်သားအဖြစ် တွေးကြည့်ပါလား Lisa "
Jisoo ရုတ်တရက်ပြောလိုက်တဲ့ စကားကြောင့် Lisa သီးသွားလေသည်
"အဟွတ် ဟွတ် "
"ချစ်ကလေး အဆင်ပြေရဲ့လား '
Chaeyoungမှာ သီးသွားတဲ့ သူ့ချစ်သူကို ရေတိုက်နေသည်
"Chuuကလည်း အဲ့လို မပြောနဲ့လေ "
Jennieမှာ Lisaကို ကြည့်ပြီး တဟားဟားရယ်နေတဲ့ Jisooကို ဆူလိုက်သည်
"Japanကို ပြန်သွားမယ်လို့ ကြားတယ် အဲ့တာဟုတ်လား Seul "
Seulgiကို Ireneမေးတော့ Seulgi ခေါင်းညိတ်ပြသည်
"ဟုတ်တယ် လေယာဥ်လက်မှတ်တွေတောင် ဝယ်ပြီးပြီ "
Irene ပခုံးကိုဖက်ပြီး Seulgi ပြောတော့ Ireneမှာ တစ်ဖက်ကို လှည့်သွားတယ်
"စိတ်မပူပါနဲ့ နှစ်နှစ်ပြီးရင် ဂျပန် companyနဲ့ စာချုပ်သက်တမ်းပြည့်ပြီမို့ Korea ကို ပြောင်းလာလို့ ရပြီလေ အဲ့ကျ ထပ်ခွဲစရာမလိုတော့ပါဘူး "
"နှစ်နှစ် ဟုတ်လား "
Seulgi စကားကြောင့် Jennie အံ့သြပြီး Jisooကို မေးလိုက်သည်
Jisooက ဂျပန်ပြန်သွားရမယ့်အကြောင်းဘဲ ပြောတာလေ ဘယ်နှနှစ်နေရမယ်ဆိုတာ မပြောခဲ့ဘူးလေ
"ဟုတ်တယ် ဂျပန်မှာ ငါတို့ ရိုက်စရာတွေရှိသေးတယ် projectတွေရောဆိုတော့.... "
Seulgi ပြောရင်း Jennie မျက်ရည်တွေဝဲလာတာ သတိထားမိလို့ စားပွဲခုံအောက်ကနေ Jisooရဲ့ ခြေထောက်ကို ကန်လိုက်သည်
"Wae. .."
Jisooမှာ Seulgiကို မျက်မှောင်ကြုတ်ကာ ကြည့်တော့ Seulgiမှာ Jennieကို မျက်စပစ်ပြသည်
"Jen ဘာဖြစ်လို့လည်း "
Jennieရဲ့ လက်ကို ကိုင်ပြီး Jisoo မေးလိုက်သည်
"Chuu နှစ်နှစ်တောင်နေမှာကို Jenကို ဘာလို့မပြောတာလည်း "
Jisoo သက်ပြင်းချပြီး Jennieကို တောင်းပန်လိုက်သည်
"Chuuတောင်းပန်ပါတယ် Jen. ..ပြီးကျ နှစ်နှစ်ဆိုတာ အလုပ်များတဲ့ ကိုယ်တို့အတွက် ခဏလေးလို ဖြစ်သွားမှာပါ မဟုတ်ဘူးလား "
"Jen သိပါတယ် အဲ့တာကြောင့် ပိုဝမ်းနည်းတာ....Jenတို့ အလုပ်များနေတော့ တစ်ယောက်ကိုတစ်ယောက် အချိန်မပေးနိုင်ဘူးလေ "
Jennie ပြောတာလည်း ဟုတ်သည် Seulgiတို့က ဂျပန် Project အတွက် လုပ်ရမှာတွေများသလို Jennieကလည်း World tour လှည့်ရမှာဆိုတော့ သူတို့တစ်ယောက်ကိုတစ်ယောက် အချိန်သိပ်မပေးနိုင်လောက်ဘူးလေ
"ပြီးကျ နိုင်ငံပေါင်းစုံက မိန်းကလေးတွေက Jenဆီကနေ Chuuကို လုဖို့ကြိုးစားနေကြမှာ...."
Jennie နှုတ်ခမ်းစူကာ ပြောတော့ Jisoo ရယ်လိုက်သည်
"Aigoo ဘယ်သူမှ Jenဆီကနေ Chuu ကို မလုနိုင်ပါဘူး "
Jisooပြောပြီး Jennieကို ဖက်လိုက်သည်
"လွန်ခဲ့တဲ့ ခုနှစ်နှစ်လုံး Chuuနဲ့ flirt ဖို့ ကြိုးစားတဲ့သူတွေ အများကြီး ရှိခဲ့တယ်မလား ဒါပေမယ့် သူတို့အခု Chuuကို ပိုင်ဆိုင်သွားကြလား ဟင့်အင်း မပိုင်ဆိုင်သွားဘူးလေ Chuuကို ဟောဒီက manduလေးဘဲ ထပ်ပြီး ပိုင်ဆိုင်သွားတာမဟုတ်ဘူးလား "
Jisooရဲ့ စကားကြောင့် Minoတို့ ထအော်တော့ Jennieရှက်ပြီး Jisooရင်ခွင်ထဲ တိုးဝင်လိုက်သည်
ထို့နောက် Jisooတို့တွေ သူတို့ရဲ့အမှတ်တရတွေ ဟာသတွေပြောရင်း သောက်ကြစားကြရင်း မူးနေကြပြီလေ
"Jisoo နင့်ကောင်မလေး မူးနေပြီ ထင်တယ် "
"နင့်ကောင်မလေးရောဘဲ Seul "
Jisooပြောတော့ Seulgi ရယ်ပြီး Ireneရဲ့ ပေါင်ကို ကိုင်လိုက်သည်
"Oh သူ့ကြည့်ရတာ တော်တော်လေးမယ့်ပုံဘဲ "
Seulgi စကားကြောင့် Jisooတို့ ရယ်ကြသည်
"ကဲ ပြန်ရအောင် မိုးလည်းချုပ်နေပြီဆိုတော့ နောက်နေ့မှ တွေ့ကြတာပေါ့ "
Jisoo နှုတ်ဆက်ပြီး ပိုက်ဆံရှင်းကာ Jennieကို တွဲပြီး သူမကားဘက် ထွက်လာသည်
ထို့နောက် အိမ်သို့ ပြန်ရင်း လမ်းတွင် ညလယ်စာအတွက် ခေါက်ဆွဲဘူးနဲ့ မုန့်တွေဝယ်ဖို့ Convenience storeရှေ့တွင် Jisoo ကားရပ်လိုက်သည်
Jisoo ကားပေါ်ကဆင်းမယ်လုပ်တော့ Jennie က Jisoo လက်ကို ဆွဲသည်
"Jenကို မထားခဲ့ပါနဲ့ "
"အထဲကို မုန့်သွားဝယ်မလို့လေ....."
Jennie နှုတ်ခမ်းစူတော့ Jisooရယ်ပြီး
"ကဲပါ အတူ သွားကြစို့ "
အရက်နည်းနည်းမူးနေတဲ့ Jennieကို တွဲခေါ်ပြီး storeဆိုင်ထဲ Jisoo ဝင်သွားတယ်
မုန့်တွေဝယ်ပြီး ပိုက်ဆံရှင်းဖို့လုပ်တော့ cashier ကောင်လေးမှာ Jisooတို့ကို သတိထားမိသွားတယ်
"Kim Jisoo မဟုတ်လား "
Jisooမှာ အခုမှ သူမတို့ public ရှေ့ရောက်နေတာ သတိရသွားတယ်
"အာ ဟုတ် ဟုတ်ပါတယ် ဟိုလေ လျို့ဝှက်ထားပေးလို့ရလား "
"အာ ရတာပေါ့ စိတ်ချပါ ကျွန်တော် ဘာမှမပြောပါဘူး ..."
Jisooတို့ ခေါက်ဆွဲပြုတ်စားဖို့ ထိုင်ခုံမှာ ထိုင်လိုက်တော့ cashier ကောင်လေးမှာ အပြင်ဘက်က လူတွေမမြင်ရအောင် လိုက်ကာဆွဲချပေးလေသည်
"ကျေးဇူးတင်ပါတယ် "
Jisoo ထိုအခါမှ စိတ်သက်တောင့်သက်သာရှိသွားသည်
"ရပါတယ် လိုအပ်တာရှိရင် လှမ်းခေါ်လိုက်ပါနော် "
Cashier ကောင်လေးလည်း ထွက်သွားရော Jisooမှာ သူမ ကလေး Jennieကို ခေါက်ဆွဲခွံ့ကျွေးနေသည်
သူမ မသိတာတစ်ခုက သူမတို့ကို cashier ကောင်လေးက ဓာတ်ပုံခိုးရိုက်နေခြင်းပင် ဖြစ်သည်
ထို့နောက် storeဆိုင်ကနေ Jisooတို့ ပြန်လာစဥ် Jennieကတော့ အမူးပြေနေပြီမို့ ဖုန်းကြည့်ပြီး လိုက်လာသည်
Jennie ဖုန်းကြည့်ရင်း ရယ်နေသောကြောင့် Jisoo သိချင်ပြီး မေးလိုက်သည်
"ဘာလို့ရယ်နေတာလည်း Jenလေး...."
"Jenတို့ ခုနစတိုးဆိုင်မှာ ရှိတုံးက တစ်ယောက်ယောက်က ပုံခိုးရိုက်တာထင်တယ် ခု အင်တာနက်မယ် ပုံတွေပြန့်နေပြီ "
Jennie စကားကြောင့် Jisoo လမ်းဘေးတွင် ကားထိုးရပ်ပြီး သူမဖုန်းကို ဖွင့်ကြည့်လိုက်သည်
From Lisa
Jisoo dude ...နင် ဓာတ်ပုံထဲ တော်တော် ချစ်စရာကောင်းတယ်...Chaeလေးသာ အဲ့လိုအရက်မူးလို့ကတော့ ဟီးဟီးဟီး
From Mino
Wjere tre yio (မူးနေတော့ typing တလွဲ)
From Seulgi
ကားသေချာမောင်းအုံး
From Jinwoo
ငါ့သမီး အီးပါချတယ်ဟေး
Jisoo Message တွေဖတ်ပြီး မျက်မှောင်ကြုတ်လိုက်သည်
ထို့နောက် အင်တာနက်တွင် သူမတို့ ဓာတ်ပုံတွေကို ရှာလိုက်သည်
Jensoo Moment ထပ်ထွက်လာပါတယ်.....အရက်မူးနေတဲ့ Jennieလေးကို CEO Kim Jisooက ဂရုတစိုက် မုန့်ခွံ့ကျွေးနေတဲ့ပုံလေးပါ
"Oh my god Jenတို့ တော်တော်ချစ်ဖို့ကောင်းတာဘဲ "
Jennie အော်ပြီး ဖုန်းထဲက သူမတို့အတွဲပုံလေးကို နမ်းလိုက်သည်
"Jen အရက်မူးနေတဲ့ အခါတိုင်း အပြင်ထွက် ဒိတ်ကြစို့ "
Jennieရဲ့ စကားကြောင့် Jisoo ရယ်လိုက်သည်
Jisooလည်း အင်တာနက်က ပုံလေးတွေ saveပြီး ကားစက်နှိုးလိုက်သည်
Jennieကတော့ Jisoo လက်မောင်းလေးကိုမှီပြီး လိုက်လာသည်
#tbc
#zawgyi
"Jennie "
"ရိုက်ကွင်းပြန်စမယ် "
"Action "
"Hey Everyone.... "
"ဘာများလည်း '
"Appa "
"Appa ထိုင်လေ "
"ဟုတ် Chaw သိပါတယ် Appa "
"Oh Sir Taeyang လာတယ် "
"အဟွတ် ဟွတ် "
"နှစ်နှစ် ဟုတ်လား "
"Wae. .."
"Jen ဘာဖြစ်လို့လည်း "
"Jenကို မထားခဲ့ပါနဲ့ "
"ကဲပါ အတူ သွားကြစို့ "
"Kim Jisoo မဟုတ်လား "
"ကျေးဇူးတင်ပါတယ် "
From Lisa
From Mino
From Seulgi
ကားသေချာမောင်းအုံး
From Jinwoo
Bạn đang đọc truyện trên: Truyen3h.Co