Part 47
#Unicode
"Humm "
Jisoo အိပ်ရာက နိုးနိုးချင်း သူမကို ဖက်ပြီး အိပ်ပျော်နေတဲ့ Jennieကို ကြည့်လိုက်သည်
"ဘယ်အချိန်ရှိသွားပြီလည်း "
Jisoo ရေရွတ်ရင်း ဖုန်းက နာရီကို ကြည့်လိုက်သည်
10:46AM
Jisoo အိပ်ရာက ချက်ချင်းထပြီး ရေချိူးလိုက်သည်
ထို့နောက် သူမတို့အတွက် မနက်စာနဲ့ နေ့လည်စာကို ပေါင်းချက်ဖို့ ပြင်ဆင်နေသည်
မိနစ်အနည်းငယ်ကြာတော့ သူမဆီလျှောက်လာတဲ့ ခြေသံကို Jisoo ကြားရသည်
လှည့်ကြည့်စရာမလိုဘဲ ဘယ်သူမှန်းသိနေလို့ Jisoo ဟင်းချက်ရင်း ပြုံးလိုက်သည်
"Chuuက Jenကို နှိုးလည်းမနှိုးဘူး ...Jenက ဟင်းချက်ပေးလို့ ရတာကို "
Jennieပြောပြီး Jisooရဲ့ ခါးလေးကို ဖက်လိုက်သည်
Jisoo မှာ ရယ်ပြီး ဟင်းတွေကို ပန်းကန်ပြားထဲထည့်လိုက်သည်
"မနေ့ညက အရမ်းသောက်ထားတော့ Jen ခေါင်းကိုက်နေမှာဆိုးလို့ Chuuက မနှိုးတာပါ "
"ဟွန့်..."
"ကဲပါ ထမင်းစားရအောင်.... စားပြီးရင် ဆေးသောက်ရမယ်နော် Jen ခေါင်းကိုက်မှာဆိုးလို့ "
"အင်းပါ Jen သောက်ပါမယ် "
"ဆေးသောက်ပြီးရင် အဝတ်အစားလဲပြီး ပြင်ဆင်ထားနော် "
"အဝတ်အစားလဲပြီး ပြင်ဆင်ထားရမယ် ဟုတ်လား ဘာလို့လည်း "
Jisoo မေးခွန်းကို နားမလည်လို့ Jennie မေးလိုက်သည်
Jisooမှာ ပြန်မဖြေဘဲ Jennieကို တစ်ချက်ကြည့်ပြီး ထမင်းဆက်စားနေသောကြောင့် Jennie နှုတ်ခမ်းစူသွားတယ်
"Aww မနေ့က Jen မူးနေတုံး ပြောလိုက်လို့ မမှတ်မိတာထင်တယ် "
Jisoo စိတ်ပျက်သွားတဲ့ပုံစံ ဟန်ဆောင်ပြီး ပြောလိုက်သည်
Jennieမှာ သူပြောခဲ့တဲ့ စကားကို မှတ်မိဖို့ ပြန်စဥ်းစားပေမယ့် ခေါင်းက ပိုကိုက်လာသည်
"တောင်းပန်ပါတယ် Jen မမှတ်မိဘူး..."
Jennie မှာ တောင်းပန်စကားပြောပြီး ဝမ်းနည်းစွာဖြင့် ထမင်းဆက်စားနေသည်
Jisooမှာ Jennieကို မသိမသာခိုးကြည့်ပြီး စိတ်မကောင်းဖြစ်သွားတယ် ဘာလို့ဆို Jennieက သူ့ကိုယ်သူစိတ်ဆိုးပြီး သူ့ပါးသူတောင် ပြန်ရိုက်နေခြင်းကြောင့် ဖြစ်သည်
"Umm Jen. .."
Jisooက သူမကိုခေါ်လို့ Jennie ထမင်းစားရာက ရပ်ပြီး ကြည့်လိုက်သည်
"Jenက ဒီနေ့ Chuu နဲ့ အပြင်ထွက်ပြီး ဒိတ်ချင်တယ်လို့ပြောခဲ့တာလေ "
Jisoo ပြောရင်း ရှက်နေသည်
Jisoo စကားကြောင့် Jennie ထမင်းတွေ သီးကုန်သည်
"Jen အဆင်ပြေရဲ့လား "
Jisoo အမြန်ထပြီး Jennieရဲ့ နောက်ကျောကို ပုတ်ပေးကာ မေးလိုက်သည်
"Jen အဆင်ပြေပါတယ်...."
Jennie သူ့ရင်ဘတ်ကို သူ ထုပြီး ပြောလိုက်သည်
Jisooလည်း ခေါင်းညိတ်ပြီး ထိုင်ခုံတွင် ပြန်ထိုင်လိုက်သည်
"What the fuck ငါ ဘာလုပ်ရမလည်း ....ငါ့ထဲ ဒိတ်လုပ်တဲ့အခါ ဝတ်ဖို့ အဝတ်အစားတွေမရှိဘူးဟ "
Jennie စိတ်ထဲတွေးရင်း စိတ်ပူနေသည်
Jennie ဒိတ်တဲ့အခါ ဝတ်မယ့် အဝတ်အစားတွေအကြောင်း တွေးရင်း စိတ်ဖောက်လာသည်
သို့သော်လည်း Jisoo ရဲ့ ချိုသာတဲ့စကားကြောင့် Jennie ကြည်နူးသွားတယ်
"Jen ဘာဝတ်ရမလည်း တွေးနေတာမလား....Chuu သိနေတယ်လေ...ဒီမှာရှိတဲ့ အဝတ်အစားတွေ ဝတ်လေ...မကြိုက်ဘူးဆို Chuu အဝတ်အစားတွေဝတ်ပေါ့ ...သာမန်အဝတ်အစားနဲ့ဆို Jenက ရုပ်ဆိုးတယ်ဆိုပြီး လျှောက်တွေးမနေနဲ့ ...စျေးကြီးတဲ့အဝတ်အစားတွေ fancyကျတဲ့ အဝတ်အစားတွေထက် သာမန်အဝတ်အစားလေးကို ပိုသဘောကျတယ် "
Jisooပြောပြီး Jennieရဲ့ နဖူးကို နမ်းလိုက်သည်
"Chuu အဝတ်အစားတွေရွေးပြီး တစ်ခြားအခန်းမှာ သွားလဲလိုက်မယ် Jenကတော့ Chuuတို့အခန်းထဲ အဝတ်အစားတွေ ရွေးပြီးလဲလိုက်နော် ...."
Jennie ခေါင်းညိတ်ပြီး Jisoo နှုတ်ခမ်းလေးကို နမ်းလိုက်သည်
"ချစ်တယ် Chuu "
"ရုတ်တရက် ချစ်တယ်ပြောနေပါလား "
"ရော် ချစ်လို့ချစ်တယ်ပြောတာကို သွားပါ အဝတ်အစားတွေ ရွေးနှင့်နော် Jen ပန်းကန်တွေ ဆေးလိုက်မယ်..."
"Okk "
Jisooလည်း အဝတ်အစား ရွေးဖို့ ထွက်သွားရော Jennieလည်း ပန်းကန်စဆေးလေသည်
"Irene ရ ငါ့မှာ စကတ်တို ဘောင်းဘီတိုနဲ့ spot braတွေဘဲ ရှိတာဟ "
Jennie မှာ အဝတ်ဗီဒိုကို ဖွရင်း ပြောလိုက်သည်
"အဲ့တော့ ဘာဖြစ်လည်း အဲ့အဝတ်အစားတွေ နင် Party သွားတဲ့အခါတောင် ဝတ်သေးတာဘဲ "
"ငါက အခု Partyသွားမှာ မဟုတ်ဘူးလေ Bitch ရ ဒိတ်လုပ်ဖို့ သွားမှာ "
Ireneကို အကြံဥာဏ်တောင်းပါတယ်ဆိုမှ တစ်ဖက်က Ireneက ဘုကလန့်တွေ ဖြေနေသောကြောင့် Jennie ပိုပြီး စိတ်တိုလာသည်
"Jisooက သူ့အဝတ်အစားတွေ ယူဝတ်ဖို့ပြောတယ်မလား "
"Yeah သူပြောပါတယ် ဒါပေမယ့် ...."
Jennie စကားမဆုံးသေး တစ်ဖက်ကနေ ထရယ်တဲ့ Ireneအသံကြောင့် Jennie မျက်မှောင်ကြုတ်လိုက်သည်
"နင့်ချစ်သူရဲ့ hoodiesတွေကို သဘောကျတယ်ဆိုတာ ငါသိပါတယ် bitchရယ် သဘောမကျသလို ဟန်ဆောင်မနေနဲ့ "
"နင်လည်း Seulgiရဲ ဂျာကင်ကို သဘောမကျဘူးလား ဟွန်း "
"သဘောကျတာပေါ့ Seulgiနဲ့ ပတ်သက်သမျှ အားလုံးကို သဘောကျတယ် "
Jennie သက်ပြင်းချပြီး ဗီဒိုကို ထပ်ကြည့်လိုက်သည်
"ငါ သွားတော့မယ် Jennie... Seulgi ရောက်လာပြီ ငါတို့ ရုပ်ရှင် သွားကြည့်မလို့ bye "
Irene ဖုန်းချလိုက်တော့ Jennie သက်ပြင်းချပြီး ဖုန်းချလိုက်သည်
"ငါ ဘာလုပ်ရမလည်း.... "
Jennie နောက်ဆုံးတော့ Jisooကို အကူအညီတောင်းဖို့ အခန်းထဲက ထွက်လာသည်
"Oh babe. ..အခုထိ မလဲရသေးဘူးလား '
Jisooကို Jennie ကြည့်လိုက်တော့ ဂျင်းဘောင်းဘီ အဖြူလေးရယ် T shirtလေးနဲ့ ကြည့်ကောင်းနေသည်
"Umm Jenလေး Jenနဲ့လိုက်မယ် အဝတ်အစား မရွေးတတ်လို့ ဟို....Shit "
Jennie မှာ သူမကို Jisoo စိုက်ကြည့်နေသောကြောင့် ရှက်ပြီး စကားထစ်နေလို့ သူမကိုယ်သူမ ကျိန်ဆဲလိုက်သည်
"Jen အကူအညီလိုလို့လား "
Jisooမေးတော့ Jennie မှာ Jisooကို မကြည့်ဘဲ ခေါင်းညိတ်လိုက်သည်
"Aigoo ရှက်နေတာဘဲ ကလေးလေးက "
"သိပါတယ်နော်...."
"ကဲပါ လာ အဝတ်အစားသွားရွေးကြစို့ "
Jennie ပါးဖောင်းလေးကို Jisoo ဆွဲညှစ်လိုက်သည်
"Jennie Kimလို ချစ်စရာကောင်းတဲ့ ကောင်မလေးကို ပိုင်ဆိုင်ထားရတာ အရမ်းကံကောင်းတာဘဲ "
Jisoo ပြောရင်း သူမ အခန်းထဲ ဝင်သွားတော့ ရှုပ်ပွနေတဲ့ အဝတ်ပုံကြီးကို ကြည့်ပြီး ပါးစပ်အဟောင်းသား ဖြစ်သွားတယ်
"ဘာဖြစ်သွားတာလည်း "
"အဝတ်အစားတွေ ရွေးရင်း စိတ်ဖောက်လာလို့ "
Jennie စကားကြောင့် Jisoo ခေါင်းခါပြီး ဘောင်းဘီတွေ စကတ်တွေကို ယူကာ ခေါက်သိမ်းလိုက်သည်
Jisoo သက်ပြင်းချပြီး ရှုပ်ပွနေတဲ့ အဝတ်အစားတွေကို အရင်ရှင်းလိုက်သည်
ထို့နောက် Jennieနဲ့လိုက်တဲ့ အဝတ်အစားရွေးပေးပြီး
"Chuu ကားထဲမှာ စောင့်နေမယ်နော်....ပြင်ဆင်ပြီးရင် ထွက်ခဲ့တော့ အော် မေ့လို့ မိတ်ကပ်တွေ တအားမလိမ်းနဲ့နော် Jenရဲ့ ဘာမှမလိမ်းတဲ့ မျက်နှာလေးကို ပိုသဘောကျလို့ "
Jennieရဲ့ ပါးဖောင်းလေးကို နမ်းပြီး Jisoo ပြောကာ အခန်းထဲက ထွက်သွားသည်
"Umm. ..Date လုပ်မယ်ဆို..."
Jennie ပြောတော့ Jisooမှာ ပြုံးပြီး Jennieရဲ့ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်
"ဒါက Dateလုပ်နေတာဘဲလေ "
Jisooရဲ့ စကားကြောင့် Jennie မျက်မှောင်ကြုတ်သွားတယ်
"ဘယ်လိုလည်း...အခုက Jenတို့ ငယ်ငယ်ကတက်ခဲ့တဲ့ ကျောင်းကိုရောက်နေတာလေ မဟုတ်ဘူးလား "
"Jen ဒီကိုလာရတာ မကြိုက်မှန်း Chuu သိပါတယ်...'
ဟုတ်ပါတယ် ကျောင်းမှာ Jenရဲ့ ဝတ်စားပုံနဲ့ပတ်သက်ပြီး ဆရာမတွေက မကောင်းပြောကြလို့ Jen ကျောင်းတက်ရတာကို မုန်းခဲ့တာလေ
"ဒါပေမယ့် ဒီကျောင်းမှာဘဲ ကိုယ်တို့ စတွေ့ခဲ့တာ မဟုတ်ဘူးလား..."
Jisoo သူမတို့အတူတက်ခဲ့တဲ့ အခန်း ရှေ့ကို ရောက်တော့ အခန်းတံခါး ခေါက်လိုက်သည်
အခန်းထဲကိုလည်း ဝင်လိုက်ရော ကျောင်းသူကျောင်းသားတွေမှာ Jensooတို့ကို တွေ့ပြီး အရမ်းအံ့သြပြီး အော်ကြလေသည်
တစ်ချို့ကဆို ဖုန်းတွေထုတ်ပြီး ဓာတ်ပုံတွေ videoတွေ ရိုက်ကြသည်
"Jisoo Jennie oh my god နင်တို့ ဒီကို ဘာလာလုပ်တာလည်း yah. .yah ဘာလုပ်နေကြတာလည်း သူတို့ကို နှုတ်ဆက်လိုက်လေ..."
Jisoo ရဲ့ ကျောင်းနေဖက် သူငယ်ချင်း ဖြစ်တဲ့ Doyoungက ပြောလိုက်သည်
"တွေ့ရတာ ဝမ်းသာပါတယ် Miss Kim Jisooနဲ့ Jennie Kim "
"တွေ့ရတာ ဝမ်းသာပါတယ် ကလေးတို့... မတွေ့ရတာ အတော်ကြာရောပေါ့ Doyoung "
Jisoo ရယ်ပြီး ပြောလိုက်သည်
"ဟုတ်ပါ့ ဒီကို ဘာလာလုပ်တာလည်း "
"Jennieနဲ့ အလည်လာတာရယ် စာဆက်သင်အုံးနော် ငါတို့သွားပြီ "
Jisoo သူ့သူငယ်ချင်းကို နှုတ်ဆက်ပြီး Jennie လက်ကို တွဲကာ ကျောင်းခေါင်မိုးထပ်ကို ခေါ်လာသည်
"ဒီနေရာလေး မှတ်မိသေးတယ် လူဆိုးမလေး Jendeukie အတန်းလစ်ပြီး ဒီကို လာလာအိပ်တာလေ "
"ဟုတ်ပါ့ အဲ့အချိန်ဆို Chuuက ရောက်ရောက်လာပြီး နှိုးပြီး အတန်းထဲပြန်ခေါ်တာလေ "
Jensooတို့ အတိတ်ကိုပြန်ပြောရင်း ရယ်လိုက်ကြသည်
"ပြီးတော့ ဒီနေရာက Chuuတို့ first anniversary ကို အတူဖြတ်သန်းခဲ့တဲ့ နေရာနော် "
Jisooရဲ့ စကားကြောင့် Jennie ရှက်သွားတယ်
"Chuuနော်.. "
"Jen အပြစ်လုပ်ထားလို့ ဆရာမတွေက Jenကို စာကြည့်တိုက်မှာ စာအုပ်တွေ စီခိုင်းတာလေ အဲ့တာကို Chuuကပါ စာကြည့်တိုက်ထိ လာဆူလို့ Jen စိတ်ဆိုးပြီး ခေါင်းမိုးထပ် ဆွဲခေါ်လာပြီး နမ်းတာလေ ဟဟ..."
Jisooက စတော့ Jennie နှုတ်ခမ်းစူပြီး ဘေးနားဝန်းကျင်ကို တစ်ချက်ကြည့်လိုက်သည်
ဘယ်သူမှမရှိမှန်းလည်း သိရော Jisooကို ဆွဲဖက်ကာ နှုတ်ခမ်းလေးကို နမ်းလိုက်သည်
#tbc
#Zawgyi
"Humm "
Jisoo အိပ္ရာက နိုးနိုးခ်င္း သူမကို ဖက္ၿပီး အိပ္ေပ်ာ္ေနတဲ့ Jennieကို ၾကည့္လိုက္သည္
"ဘယ္အခ်ိန္ရွိသြားၿပီလည္း "
Jisoo ေရ႐ြတ္ရင္း ဖုန္းက နာရီကို ၾကည့္လိုက္သည္
10:46AM
Jisoo အိပ္ရာက ခ်က္ခ်င္းထၿပီး ေရခ်ိဴးလိုက္သည္
ထို႔ေနာက္ သူမတို႔အတြက္ မနက္စာနဲ႕ ေန႕လည္စာကို ေပါင္းခ်က္ဖို႔ ျပင္ဆင္ေနသည္
မိနစ္အနည္းငယ္ၾကာေတာ့ သူမဆီေလွ်ာက္လာတဲ့ ေျခသံကို Jisoo ၾကားရသည္
လွည့္ၾကည့္စရာမလိုဘဲ ဘယ္သူမွန္းသိေနလို႔ Jisoo ဟင္းခ်က္ရင္း ၿပဳံးလိုက္သည္
"Chuuက Jenကို ႏွိုးလည္းမႏွိုးဘူး ...Jenက ဟင္းခ်က္ေပးလို႔ ရတာကို "
Jennieေျပာၿပီး Jisooရဲ႕ ခါးေလးကို ဖက္လိုက္သည္
Jisoo မွာ ရယ္ၿပီး ဟင္းေတြကို ပန္းကန္ျပားထဲထည့္လိုက္သည္
"မေန႕ညက အရမ္းေသာက္ထားေတာ့ Jen ေခါင္းကိုက္ေနမွာဆိုးလို႔ Chuuက မႏွိုးတာပါ "
"ဟြန့္..."
"ကဲပါ ထမင္းစားရေအာင္.... စားၿပီးရင္ ေဆးေသာက္ရမယ္ေနာ္ Jen ေခါင္းကိုက္မွာဆိုးလို႔ "
"အင္းပါ Jen ေသာက္ပါမယ္ "
"ေဆးေသာက္ၿပီးရင္ အဝတ္အစားလဲၿပီး ျပင္ဆင္ထားေနာ္ "
"အဝတ္အစားလဲၿပီး ျပင္ဆင္ထားရမယ္ ဟုတ္လား ဘာလို႔လည္း "
Jisoo ေမးခြန္းကို နားမလည္လို႔ Jennie ေမးလိုက္သည္
Jisooမွာ ျပန္မေျဖဘဲ Jennieကို တစ္ခ်က္ၾကည့္ၿပီး ထမင္းဆက္စားေနေသာေၾကာင့္ Jennie ႏႈတ္ခမ္းစူသြားတယ္
"Aww မေန႕က Jen မူးေနတုံး ေျပာလိုက္လို႔ မမွတ္မိတာထင္တယ္ "
Jisoo စိတ္ပ်က္သြားတဲ့ပုံစံ ဟန္ေဆာင္ၿပီး ေျပာလိုက္သည္
Jennieမွာ သူေျပာခဲ့တဲ့ စကားကို မွတ္မိဖို႔ ျပန္စဥ္းစားေပမယ့္ ေခါင္းက ပိုကိုက္လာသည္
"ေတာင္းပန္ပါတယ္ Jen မမွတ္မိဘူး..."
Jennie မွာ ေတာင္းပန္စကားေျပာၿပီး ဝမ္းနည္းစြာျဖင့္ ထမင္းဆက္စားေနသည္
Jisooမွာ Jennieကို မသိမသာခိုးၾကည့္ၿပီး စိတ္မေကာင္းျဖစ္သြားတယ္ ဘာလို႔ဆို Jennieက သူ႕ကိုယ္သူစိတ္ဆိုးၿပီး သူ႕ပါးသူေတာင္ ျပန္ရိုက္ေနျခင္းေၾကာင့္ ျဖစ္သည္
"Umm Jen. .."
Jisooက သူမကိုေခၚလို႔ Jennie ထမင္းစားရာက ရပ္ၿပီး ၾကည့္လိုက္သည္
"Jenက ဒီေန႕ Chuu နဲ႕ အျပင္ထြက္ၿပီး ဒိတ္ခ်င္တယ္လို႔ေျပာခဲ့တာေလ "
Jisoo ေျပာရင္း ရွက္ေနသည္
Jisoo စကားေၾကာင့္ Jennie ထမင္းေတြ သီးကုန္သည္
"Jen အဆင္ေျပရဲ႕လား "
Jisoo အျမန္ထၿပီး Jennieရဲ႕ ေနာက္ေက်ာကို ပုတ္ေပးကာ ေမးလိုက္သည္
"Jen အဆင္ေျပပါတယ္...."
Jennie သူ႕ရင္ဘတ္ကို သူ ထုၿပီး ေျပာလိုက္သည္
Jisooလည္း ေခါင္းညိတ္ၿပီး ထိုင္ခုံတြင္ ျပန္ထိုင္လိုက္သည္
"What the fuck ငါ ဘာလုပ္ရမလည္း ....ငါ့ထဲ ဒိတ္လုပ္တဲ့အခါ ဝတ္ဖို႔ အဝတ္အစားေတြမရွိဘူးဟ "
Jennie စိတ္ထဲေတြးရင္း စိတ္ပူေနသည္
Jennie ဒိတ္တဲ့အခါ ဝတ္မယ့္ အဝတ္အစားေတြအေၾကာင္း ေတြးရင္း စိတ္ေဖာက္လာသည္
သို႔ေသာ္လည္း Jisoo ရဲ႕ ခ်ိဳသာတဲ့စကားေၾကာင့္ Jennie ၾကည္ႏူးသြားတယ္
"Jen ဘာဝတ္ရမလည္း ေတြးေနတာမလား....Chuu သိေနတယ္ေလ...ဒီမွာရွိတဲ့ အဝတ္အစားေတြ ဝတ္ေလ...မႀကိဳက္ဘူးဆို Chuu အဝတ္အစားေတြဝတ္ေပါ့ ...သာမန္အဝတ္အစားနဲ႕ဆို Jenက ႐ုပ္ဆိုးတယ္ဆိုၿပီး ေလွ်ာက္ေတြးမေနနဲ႕ ...ေစ်းႀကီးတဲ့အဝတ္အစားေတြ fancyက်တဲ့ အဝတ္အစားေတြထက္ သာမန္အဝတ္အစားေလးကို ပိုသေဘာက်တယ္ "
Jisooေျပာၿပီး Jennieရဲ႕ နဖူးကို နမ္းလိုက္သည္
"Chuu အဝတ္အစားေတြေ႐ြးၿပီး တစ္ျခားအခန္းမွာ သြားလဲလိုက္မယ္ Jenကေတာ့ Chuuတို႔အခန္းထဲ အဝတ္အစားေတြ ေ႐ြးၿပီးလဲလိုက္ေနာ္ ...."
Jennie ေခါင္းညိတ္ၿပီး Jisoo ႏႈတ္ခမ္းေလးကို နမ္းလိုက္သည္
"ခ်စ္တယ္ Chuu "
"႐ုတ္တရက္ ခ်စ္တယ္ေျပာေနပါလား "
"ေရာ္ ခ်စ္လို႔ခ်စ္တယ္ေျပာတာကို သြားပါ အဝတ္အစားေတြ ေ႐ြးႏွင့္ေနာ္ Jen ပန္းကန္ေတြ ေဆးလိုက္မယ္..."
"Okk "
Jisooလည္း အဝတ္အစား ေ႐ြးဖို႔ ထြက္သြားေရာ Jennieလည္း ပန္းကန္စေဆးေလသည္
"Irene ရ ငါ့မွာ စကတ္တို ေဘာင္းဘီတိုနဲ႕ spot braေတြဘဲ ရွိတာဟ "
Jennie မွာ အဝတ္ဗီဒိုကို ဖြရင္း ေျပာလိုက္သည္
"အဲ့ေတာ့ ဘာျဖစ္လည္း အဲ့အဝတ္အစားေတြ နင္ Party သြားတဲ့အခါေတာင္ ဝတ္ေသးတာဘဲ "
"ငါက အခု Partyသြားမွာ မဟုတ္ဘူးေလ Bitch ရ ဒိတ္လုပ္ဖို႔ သြားမွာ "
Ireneကို အႀကံဥာဏ္ေတာင္းပါတယ္ဆိုမွ တစ္ဖက္က Ireneက ဘုကလန့္ေတြ ေျဖေနေသာေၾကာင့္ Jennie ပိုၿပီး စိတ္တိုလာသည္
"Jisooက သူ႕အဝတ္အစားေတြ ယူဝတ္ဖို႔ေျပာတယ္မလား "
"Yeah သူေျပာပါတယ္ ဒါေပမယ့္ ...."
Jennie စကားမဆုံးေသး တစ္ဖက္ကေန ထရယ္တဲ့ Ireneအသံေၾကာင့္ Jennie မ်က္ေမွာင္ၾကဳတ္လိုက္သည္
"နင့္ခ်စ္သူရဲ႕ hoodiesေတြကို သေဘာက်တယ္ဆိုတာ ငါသိပါတယ္ bitchရယ္ သေဘာမက်သလို ဟန္ေဆာင္မေနနဲ႕ "
"နင္လည္း Seulgiရဲ ဂ်ာကင္ကို သေဘာမက်ဘဴးလား ဟြန္း "
"သေဘာက်တာေပါ့ Seulgiနဲ႕ ပတ္သက္သမွ် အားလုံးကို သေဘာက်တယ္ "
Jennie သက္ျပင္းခ်ၿပီး ဗီဒိုကို ထပ္ၾကည့္လိုက္သည္
"ငါ သြားေတာ့မယ္ Jennie... Seulgi ေရာက္လာၿပီ ငါတို႔ ႐ုပ္ရွင္ သြားၾကည့္မလို႔ bye "
Irene ဖုန္းခ်လိဳက္ေတာ့ Jennie သက္ျပင္းခ်ၿပီး ဖုန္းခ်လိဳက္သည္
"ငါ ဘာလုပ္ရမလည္း.... "
Jennie ေနာက္ဆုံးေတာ့ Jisooကို အကူအညီေတာင္းဖို႔ အခန္းထဲက ထြက္လာသည္
"Oh babe. ..အခုထိ မလဲရေသးဘူးလား '
Jisooကို Jennie ၾကည့္လိုက္ေတာ့ ဂ်င္းေဘာင္းဘီ အျဖဴေလးရယ္ T shirtေလးနဲ႕ ၾကည့္ေကာင္းေနသည္
"Umm Jenေလး Jenနဲ႕လိုက္မယ္ အဝတ္အစား မေ႐ြးတတ္လို႔ ဟို....Shit "
Jennie မွာ သူမကို Jisoo စိုက္ၾကည့္ေနေသာေၾကာင့္ ရွက္ၿပီး စကားထစ္ေနလို႔ သူမကိုယ္သူမ က်ိန္ဆဲလိုက္သည္
"Jen အကူအညီလိုလို႔လား "
Jisooေမးေတာ့ Jennie မွာ Jisooကို မၾကည့္ဘဲ ေခါင္းညိတ္လိုက္သည္
"Aigoo ရွက္ေနတာဘဲ ကေလးေလးက "
"သိပါတယ္ေနာ္...."
"ကဲပါ လာ အဝတ္အစားသြားေ႐ြးၾကစို႔ "
Jennie ပါးေဖာင္းေလးကို Jisoo ဆြဲညွစ္လိုက္သည္
"Jennie Kimလို ခ်စ္စရာေကာင္းတဲ့ ေကာင္မေလးကို ပိုင္ဆိုင္ထားရတာ အရမ္းကံေကာင္းတာဘဲ "
Jisoo ေျပာရင္း သူမ အခန္းထဲ ဝင္သြားေတာ့ ရႈပ္ပြေနတဲ့ အဝတ္ပုံႀကီးကို ၾကည့္ၿပီး ပါးစပ္အေဟာင္းသား ျဖစ္သြားတယ္
"ဘာျဖစ္သြားတာလည္း "
"အဝတ္အစားေတြ ေ႐ြးရင္း စိတ္ေဖာက္လာလို႔ "
Jennie စကားေၾကာင့္ Jisoo ေခါင္းခါၿပီး ေဘာင္းဘီေတြ စကတ္ေတြကို ယူကာ ေခါက္သိမ္းလိုက္သည္
Jisoo သက္ျပင္းခ်ၿပီး ရႈပ္ပြေနတဲ့ အဝတ္အစားေတြကို အရင္ရွင္းလိုက္သည္
ထို႔ေနာက္ Jennieနဲ႕လိုက္တဲ့ အဝတ္အစားေ႐ြးေပးၿပီး
"Chuu ကားထဲမွာ ေစာင့္ေနမယ္ေနာ္....ျပင္ဆင္ၿပီးရင္ ထြက္ခဲ့ေတာ့ ေအာ္ ေမ့လို႔ မိတ္ကပ္ေတြ တအားမလိမ္းနဲ႕ေနာ္ Jenရဲ႕ ဘာမွမလိမ္းတဲ့ မ်က္ႏွာေလးကို ပိုသေဘာက်လိဳ႕ "
Jennieရဲ႕ ပါးေဖာင္းေလးကို နမ္းၿပီး Jisoo ေျပာကာ အခန္းထဲက ထြက္သြားသည္
"Umm. ..Date လုပ္မယ္ဆို..."
Jennie ေျပာေတာ့ Jisooမွာ ၿပဳံးၿပီး Jennieရဲ႕ လက္ကို တင္းတင္းၾကပ္ၾကပ္ ဆုပ္ကိုင္လိုက္သည္
"ဒါက Dateလုပ္ေနတာဘဲေလ "
Jisooရဲ႕ စကားေၾကာင့္ Jennie မ်က္ေမွာင္ၾကဳတ္သြားတယ္
"ဘယ္လိုလည္း...အခုက Jenတို႔ ငယ္ငယ္ကတက္ခဲ့တဲ့ ေက်ာင္းကိုေရာက္ေနတာေလ မဟုတ္ဘူးလား "
"Jen ဒီကိုလာရတာ မႀကိဳက္မွန္း Chuu သိပါတယ္...'
ဟုတ္ပါတယ္ ေက်ာင္းမွာ Jenရဲ႕ ဝတ္စားပုံနဲ႕ပတ္သက္ၿပီး ဆရာမေတြက မေကာင္းေျပာၾကလို႔ Jen ေက်ာင္းတက္ရတာကို မုန္းခဲ့တာေလ
"ဒါေပမယ့္ ဒီေက်ာင္းမွာဘဲ ကိုယ္တို႔ စေတြ႕ခဲ့တာ မဟုတ္ဘူးလား..."
Jisoo သူမတို႔အတူတက္ခဲ့တဲ့ အခန္း ေရွ႕ကို ေရာက္ေတာ့ အခန္းတံခါး ေခါက္လိုက္သည္
အခန္းထဲကိုလည္း ဝင္လိုက္ေရာ ေက်ာင္းသူေက်ာင္းသားေတြမွာ Jensooတို႔ကို ေတြ႕ၿပီး အရမ္းအံ့ၾသၿပီး ေအာ္ၾကေလသည္
တစ္ခ်ိဳ႕ကဆို ဖုန္းေတြထုတ္ၿပီး ဓာတ္ပုံေတြ videoေတြ ရိုက္ၾကသည္
"Jisoo Jennie oh my god နင္တို႔ ဒီကို ဘာလာလုပ္တာလည္း yah. .yah ဘာလုပ္ေနၾကတာလည္း သူတို႔ကို ႏႈတ္ဆက္လိုက္ေလ..."
Jisoo ရဲ႕ ေက်ာင္းေနဖက္ သူငယ္ခ်င္း ျဖစ္တဲ့ Doyoungက ေျပာလိုက္သည္
"ေတြ႕ရတာ ဝမ္းသာပါတယ္ Miss Kim Jisooနဲ႕ Jennie Kim "
"ေတြ႕ရတာ ဝမ္းသာပါတယ္ ကေလးတို႔... မေတြ႕ရတာ အေတာ္ၾကာေရာေပါ့ Doyoung "
Jisoo ရယ္ၿပီး ေျပာလိုက္သည္
"ဟုတ္ပါ့ ဒီကို ဘာလာလုပ္တာလည္း "
"Jennieနဲ႕ အလည္လာတာရယ္ စာဆက္သင္အုံးေနာ္ ငါတို႔သြားၿပီ "
Jisoo သူ႕သူငယ္ခ်င္းကို ႏႈတ္ဆက္ၿပီး Jennie လက္ကို တြဲကာ ေက်ာင္းေခါင္မိုးထပ္ကို ေခၚလာသည္
"ဒီေနရာေလး မွတ္မိေသးတယ္ လူဆိုးမေလး Jendeukie အတန္းလစ္ၿပီး ဒီကို လာလာအိပ္တာေလ "
"ဟုတ္ပါ့ အဲ့အခ်ိန္ဆို Chuuက ေရာက္ေရာက္လာၿပီး ႏွိုးၿပီး အတန္းထဲျပန္ေခၚတာေလ "
Jensooတို႔ အတိတ္ကိုျပန္ေျပာရင္း ရယ္လိုက္ၾကသည္
"ၿပီးေတာ့ ဒီေနရာက Chuuတို႔ first anniversary ကို အတူျဖတ္သန္းခဲ့တဲ့ ေနရာေနာ္ "
Jisooရဲ႕ စကားေၾကာင့္ Jennie ရွက္သြားတယ္
"Chuuေနာ္.. "
"Jen အျပစ္လုပ္ထားလို႔ ဆရာမေတြက Jenကို စာၾကည့္တိုက္မွာ စာအုပ္ေတြ စီခိုင္းတာေလ အဲ့တာကို Chuuကပါ စာၾကည့္တိုက္ထိ လာဆူလို႔ Jen စိတ္ဆိုးၿပီး ေခါင္းမိုးထပ္ ဆြဲေခၚလာၿပီး နမ္းတာေလ ဟဟ..."
Jisooက စေတာ့ Jennie ႏႈတ္ခမ္းစူၿပီး ေဘးနားဝန္းက်င္ကို တစ္ခ်က္ၾကည့္လိုက္သည္
ဘယ္သူမွမရွိမွန္းလည္း သိေရာ Jisooကို ဆြဲဖက္ကာ ႏႈတ္ခမ္းေလးကို နမ္းလိုက္သည္
#tbc
Bạn đang đọc truyện trên: Truyen3h.Co