Part 6
#Unicode
"Excuse me. ..."
Seulgi ရဲ့အပြုံးကြောင့် ဆေးရုံက သူနာပြုမလေးမှာ မျက်နှာလေး နီရဲပြီး ရှက်သွားသည်
"ဟုတ် ဟုတ် ဘာများ ကူညီပေးရမလည်းရှင့် "
သူနာပြုမလေးမှာ ရှက်သွားတော့ Seulgi မျက်စိမှိတ်ပြပြီး သူမရဲ့ ရွှေအိုရောင် ဆံပင်ကို လက်ဖြင့် သပ်တင်ကာ
"Doctor Chanyeolနဲ့ တွေ့ချင်လို့ပါ "
"အော် ဟုတ် သူနဲ့တွေ့ဖို့ ချိန်းထားသေးလားရှင့် "
Seulgi ခေါင်းခါပြရင်း သူနာပြုမလေးနား တဖြည်းဖြည်း တိုးလာသည်
"ကိုယ်က သူ့သူငယ်ချင်းပါ သူ့ကို ပေးစရာရှိလို့ "
"အာ ဟုတ် ဟုတ် သုံးထပ်မှာ သူ့ ရုံးခန်းရှိပါတယ်ရှင့် "
Seulgiမှာ သူမရဲ့ ကိတ်လှတဲ့ တင်ပါးကို ကြည့်နေပြန်သောကြောင့် သူနာပြုမလေးမှာ ပိုပြီး ရှက်လာလို့ စကားတွေ ထစ်နေသည်
"Ok thank you Miss Sunmi "
Seulgi မှာ သူနာပြုမလေး ရင်ဘတ်က Name tagကို ဖတ်ပြီး ကျေးဇူးတင်စကား ပြောလိုက်သည်
ထို့နောက် ဓာတ်လှေကားကိုခေါ်ပြီး ရပ်စောင့်နေစဥ် ရုတ်တရက် ဓာတ်လှေကားပွင့်လာတော့ အထဲက ရင်းနှီးတဲ့ ကောင်မလေးကို မြင်ပြီး Seulgi အံ့သြသွားတယ်
"Seulgi "
"Jennie. ..."
Jennie ဓာတ်လှေကားထဲက ထွက်လာပြီး
"Hey ဘယ်လိုလည်း အဆင်ပြေနေကောင်းရဲ့လား "
Jennieက သူမကို လာနှုတ်ဆက်လို့ Seulgi က ဘာဖြေရမှန်းမသိ ဖြစ်နေသည်
"Ash သူနဲ့ ဘာလို့ လာတွေ့နေရတာလည်း "
"Ah ပြေပါတယ် ဒီလိုဘဲပေါ့ "
"မတွေ့ရတာ ခြောက်နှစ်တောင်ကျော်ရောပေါ့ ငါ့မှာ သတိတွေရနေတာ လာပါ တွေ့တုံးလေး coffee သွားသောက်ရအောင် "
Seulgi ငြင်းချိန်မရ အဘယ်ကြောင့်ဆိုသော် Jennieက သူမကို ဆွဲခေါ်သွားသောကြောင့် ဖြစ်သည်
"ဘယ်လိုလည်း အဆင်ပြေရဲ့လား "
Jennieမှာ သူမရဲ့ ငယ်သူငယ်ချင်းကို ပြန်တွေ့ရလို့ အရမ်းပျော်နေသည်
"ခုနက ပြောသလိုဘဲ ပြေပါတယ် ....ပြီးကျ ငါက ရုပ်ရှင် studio တစ်ခုရဲ့ ပိုင်ရှင်ဖြစ်နေပြီလေ...."
Seulgi ကော်ဖီသောက်ရင်း ပြန်ဖြေလိုက်သည်
"အာ ဟုတ်သား နင့်အကြောင်းတွေ မနေ့က ငါ အင်တာနက်မှာ တွေ့လိုက်သေးတယ် ...နင်က တကယ် နာမည်ကြီးနေပြီဘဲ .....Drama တစ်ကားလောက်ရိုက်ဖို့ ငါ့ကို မကမ်းလှမ်းချင်ဘူးလား "
Jennie စနောက် ပြောပြီး Seulgiရဲ့ လက်မောင်းကို လှမ်းရိုက်လိုက်သည်
"မနက်ဖြန် YJY Agency ဆီ ငါ လာခဲ့မယ်လေ "
Seulgiက ပြန်စနောက်လိုက်ပေမယ့် Jennieမှာ အံ့သြသွားတယ်.....သူမက စလိုက်တာကို Seulgiက တကယ်ထင်သွားတယ်လို့ Jennie တွေးနေတယ်လေ
"Wow ငါက စတာပါဟ ...."
Jennie ပြောတော့ Seulgi ခေါင်းရမ်းပြီး ရယ်လိုက်သည်
ထို့နောက် သူမ သူငယ်ချင်းကို Seulgi စိုက်ကြည့်ပြီး
"နင် အရင်ကထက် ပိုလှလာတယ် Jen Jen "
"Hey Seul နင်က ငါ့အတွက် သူငယ်ချင်းလိုဘဲနော် "
Seulgiကို ပြောင်ပြပြီး Jennie စနောက်လိုက်တော့ Seulgi eyesmile လေးပေါ်အောင် ရယ်လေသည်
"အေးပါ အေးပါ ငါရောပါဘဲ ရည်းစားအတည်တကျမထားချင်သလို နင်ကလည်း ငါ့ type မဟုတ်ပါဘူးနော် "
"နင်အခုထိ ရည်းစားအတည်တကျ မတွဲသေးဘူးလား Seul "
"မထားတော့ ဘာဖြစ်လည်း...ငါ့ကြောင့် မိန်းကလေးတွေ ရှက်ပြီး မနေတတ်မထိုင်တတ် ဖြစ်သွားတာမျိုး တွေ့ရရင် အရမ်းသဘောကျတာဟ "
"ဆိုးလိုက်တာ "
"Haha ဒါပေမယ့် ငါတကယ်ပြောနေတာ သိလား Jen. .."
"ဘာကိုလည်း "
"ငါ ဒရာမတစ်ခု စီစဥ်နေတာ ရေးလက်စဘဲ ရှိပါသေးတယ် အဲ့ Dramaကို နင်လက်ခံမယ်ဆို သိပ်ကောင်းမှာဘဲ "
"အင်း ငါ စဥ်းစားကြည့်ပါအုံးမယ်......မကြာခင် ငါ့ comeback ကလည်း လုပ်တော့မှာဆိုတော့ မအားလောက်ဘူးထင်တယ် "
"ဟာ တကယ် comeback လုပ်မလို့လား ငါတော့ လိုချင်တဲ့ pcမရမချင်း နင့်fanတွေနဲ့ Album လုဝယ်ရတော့မှာဘဲ "
"ဟဟ "
Jennieတို့ တစ်ယောက်ကိုတစ်ယောက် စနောက်ပြီး မုန့်စားနေရင်း ရုတ်တရက် တစ်စုံတစ်ယောက်ကို Jennie သတိရသွားတယ်
Seulgiကို သူမ အကြောင်းမေးရင်ကောင်းမလား မမေးဘဲနေရမလားဆိုပြီး Jennie တွေဝေနေသည်
"Jen. ..Jen. .."
Seulgi အသံကြောင့် Jennieတွေဝေနေရာက လန့်သွားတယ်
"ဟင် "
"နင် အတွေးလွန်နေတာဘဲ....ဟိုလေ ငါကိစ္စရှိလို့ ဆေးရုံကို ပြန်သွားတော့မယ်....အချိန်လည်း သိပ်မရှိလို့လေ "
"Aww ရပါတယ် သွားပါ အာ ဒါနဲ့ Seulgi ငါ တစ်ခုလောက်မေးလို့ရမလား "
"မေးလေ ရပါတယ် "
"ငါ ဟိုတစ်ယောက်နဲ့တွေ့ဖြစ်လားလို့ မေးရင်ကောင်းမလား "
"နင်က ဘာလို့ ဆေးရုံသွားတာလည်း တစ်ခုခုဖြစ်လို့လား "
Jennie အတွေးထဲကမေးခွန်းနဲ့ ပါးစပ်ကထွက်သွားတဲ့ မေးခွန်းမှာ မာနကြောင့် တစ်ခြားစီကွဲထွက်သွားသည်
"မဟုတ်ပါဘူး ငါ့အသိ ဆရာဝန်တစ်ယောက်ကို ပေးစရာရှိလို့ "
"Aww အင်းပါ ဒါဆို comeback ပြီးရင် Dramaကိစ္စ နင့်ကို အကြောင်းပြန်မယ်နော် Seul "
"Ok bye see u jen "
Jennieကို နှုတ်ဆက်ပြီး Seulgi ဆေးရုံသို့ ထွက်လာသည်
"Happy lalala "
Seulgi သီချင်းလေး ညည်းရင်း သူ့သူငယ်ချင်း Chanyeol ရဲ့ ရုံးခန်းသို့ သွားနေသည်
"Happy ဟဲ့ သောက်ပလုတ်တုတ် ဘာကြီးတုံး "
ကော်ရစ်တာတွင် ကောင်မလေးတစ်ယောက် လဲကျနေတာ မြင်လို့ Seulgi လန့်သွားသည်
"ဆေးရုံဝတ်စုံနဲ့ဆိုတော့ လူနာဖြစ်မယ် "
Seulgiမှာ ကောင်မလေးဆီသို့ သွားလိုက်သည်
"ဒီမှာ... ဒီမှာ ဟေး...."
ကောင်မလေးမှာ ခေါ်လို့မရဘဲ သတိလစ်နေတာ မြင်တော့ Seulgi ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်
ကောင်မလေးကို ထားခဲ့ပြီး ဆရာဝန်တွေကို သွားခေါ်ဖို့လည်း သတိလစ်နေတော့ စိတ်မချ......ထို့ကြောင့် ဘာမှမတွေးတော့ဘဲ ကောင်မလေးကိုပွေ့ချီကာ Chanyeolရဲ့ ရုံးခန်းရှိရာသို့ပြေးသွားလေသည်
Chanyeolမှာ လူနာအခန်းတစ်ခန်းထဲ ခေါ်သွားပြီး ကောင်မလေးကို စမ်းသပ်နေသည်
"သူ့အခြေအနေကောင်းရဲ့လား chanyeol "
"အင်း သူ အစာလွန်ပြီး သတိလစ်သွားတာ....ဘာလို့ဆို ခုန သူအစာအဆိပ်သင့်သွားတယ်လေ ငါတို့ပိုက်နဲ့ ဆွဲစုပ်ပြီး ကယ်ထားရတာ...ဒါနဲ့ လူနာရှင်က ဘယ်ရောက်သွားလို့ သူတစ်ယောက်တည်း အခန်းအပြင်လဲနေရတာလည်း "
"ငါလည်း မသိဘူး နင့်ဆီလာရင်း တွေ့တာဘဲ "
"ဒီအခြေအနေနဲ့ဆို သူ့ကိုတစ်ယောက်တည်း ထားလို့အဆင်မပြေသေးဘူး ငါကလည်း လူနာတွေရှိသေးတော့...."
"Chanyeol နင် ခဏဘဲ စောင့်ပေး သူ့အတွက် ငါ မုန့်သွားဝယ်ပေးလိုက်မယ်လေ သူ ဘာနဲ့တည်လည်း ငါ့ပြောပြ "
"နင်က သူနဲ့သိလို့လား "
"မသိပါဘူး ငါက Jisoo နင့်ကို ပေးခိုင်းတဲ့ fileကို ပေးဖို့ရောက်လာတာ သူက မအားလို့ မလာနိုင်ဘူးလေ "
"Jisooကတော့ အမြဲ အလုပ်များနေတာဘဲ..."
Seulgiပေးတဲ့ fileကို Chanyeol ယူလိုက်သည်
Seulgiကတော့ Chanyeol ပြောတဲ့ ဆန်ပြုတ်ကို ဆေးရုံရှေ့က ဆိုင်တွင် သွားဝယ်လေသည်
ထို့နောက် သတိလစ်နေတဲ့ ကောင်မလေး နိုးလာတဲ့အချိန်ထိ ထိုင်စောင့်ရင်း ကောင်မလေးကို Seulgi စိုက်ကြည့်နေသည်
ကောင်မလေးကို စိုက်ကြည့်ရင်း သူမဘဝမှာ တစ်ခါမှ မခံစားဘူးတဲ့ ရင်ခုန်ခြင်းကို Seulgi ခံစားနေရသည်
"Oh my god ရှင် ရှင် ဘယ်သူလည်း "
ကောင်မလေးမှာ သတိရလာပြီး မျက်လုံးဖွင့်ကြည့်တော့ သူမကို စိုက်ကြည့်နေတဲ့ Seulgi ကို မြင်ပြီး လန့်သွားလေသည်
"Kang Seulgiပါ မင်း သတိမေ့နေတာမြင်လို့ လာစောင့်ပေးနေတာ ဒီလိုလေ "
Seulgiမှာ ဖြစ်သမျှအကြောင်းစုံကို ပြန်ရှင်းပြနေသည်
"အာ ကူညီပေးလို့ ကျေးဇူးတင်ပါတယ် ...."
ကောင်မလေးက ကျေးဇူးတင်စကားပြောတော့ Seulgi ခေါင်းညိတ်ပြီး ထရပ်ကာ တစ်ခုခုကို ပြင်ဆင်နေသည်
"ရှင် ဘာလုပ်နေတာလည်း "
"မင်းကို ဆန်ပြုတ်ကျွေးမလို့လေ မင်းဗိုက်ထဲ အစာမရှိဘူးလို့ ဆရာဝန်က ပြောထားလို့ "
"ထပ်ပြီး ကျေးဇူးတင်ပါတယ် "
ကောင်မလေးမှာ ကျေးဇူးတင်စကားပြောပြီး Seulgi လက်က ဆန်ပြုတ်ပန်းကန်ကို လိုက်လုလေသည်
"ဟင့်အင်း ကိုယ် ခွံ့ကျွေးမယ် မင်းက အားရှိသေးတာလည်း မဟုတ်ဘူး "
သူစိမ်းကောင်မလေးတစ်ယောက်ဆီက ဆန်ပြုတ်ခွံ့ကျွေးတာ ခံရလို့ ကောင်မလေးမှာ အရမ်းရှက်နေသည်
"Fuck သူ အရမ်းလှတာဘဲ "
Seulgiမှာ ကောင်မလေးကို ဆန်ပြုတ်ခွံ့ကျွေးရင်း သူမ အလှမှာ နစ်မြောနေသည်
ဆန်ပြုတ်စားပြီးနောက် Seulgiမှာ ရေဘူးအဖုံးဖွင့်ပေးကာ Ireneကို ပေးလိုက်သည်
"ကျေးဇူးတင်စကားပြောမယ့်အစား မင်းနာမည် ပြောပြပါလား "
ကောင်မလေးမှာ သူမကို ကျေးဇူးတင်စကားပြောအုံးမယ်ဆိုတာ Seulgi ကြိုသိလို့ နာမည်ပြောပြဖို့ တောင်းဆိုလိုက်သည်
"Irene Bae ပါ...."
#TBC
ဒီအပိုင်းကတော့ Seulrene အပိုင်းပေါ့နော့်😁 Seulကတော့ ရည်းစားရတော့မယ် အကိုနိုကတော့ ဘယ်ချိန်ရမယ်မသိ xD Updateမှန်ပေးနေတယ်နော် ဟိဟိ ခုတလော Jensoo mood တအား Onနေလို့
#Zawgyi
"Excuse me. ..."
Seulgi ရဲ႕အၿပဳံးေၾကာင့္ ေဆး႐ုံက သူနာျပဳမေလးမွာ မ်က္ႏွာေလး နီရဲၿပီး ရွက္သြားသည္
"ဟုတ္ ဟုတ္ ဘာမ်ား ကူညီေပးရမလည္းရွင့္ "
သူနာျပဳမေလးမွာ ရွက္သြားေတာ့ Seulgi မ်က္စိမွိတ္ျပၿပီး သူမရဲ႕ ေ႐ႊအိုေရာင္ ဆံပင္ကို လက္ျဖင့္ သပ္တင္ကာ
"Doctor Chanyeolနဲ႕ ေတြ႕ခ်င္လို႔ပါ "
"ေအာ္ ဟုတ္ သူနဲ႕ေတြ႕ဖို႔ ခ်ိန္းထားေသးလားရွင့္ "
Seulgi ေခါင္းခါျပရင္း သူနာျပဳမေလးနား တျဖည္းျဖည္း တိုးလာသည္
"ကိုယ္က သူ႕သူငယ္ခ်င္းပါ သူ႕ကို ေပးစရာရွိလို႔ "
"အာ ဟုတ္ ဟုတ္ သုံးထပ္မွာ သူ႕ ႐ုံးခန္းရွိပါတယ္ရွင့္ "
Seulgiမွာ သူမရဲ႕ ကိတ္လွတဲ့ တင္ပါးကို ၾကည့္ေနျပန္ေသာေၾကာင့္ သူနာျပဳမေလးမွာ ပိုၿပီး ရွက္လာလို႔ စကားေတြ ထစ္ေနသည္
"Ok thank you Miss Sunmi "
Seulgi မွာ သူနာျပဳမေလး ရင္ဘတ္က Name tagကို ဖတ္ၿပီး ေက်းဇူးတင္စကား ေျပာလိုက္သည္
ထို႔ေနာက္ ဓာတ္ေလွကားကိုေခၚၿပီး ရပ္ေစာင့္ေနစဥ္ ႐ုတ္တရက္ ဓာတ္ေလွကားပြင့္လာေတာ့ အထဲက ရင္းႏွီးတဲ့ ေကာင္မေလးကို ျမင္ၿပီး Seulgi အံ့ၾသသြားတယ္
"Seulgi "
"Jennie. ..."
Jennie ဓာတ္ေလွကားထဲက ထြက္လာၿပီး
"Hey ဘယ္လိုလည္း အဆင္ေျပေနေကာင္းရဲ႕လား "
Jennieက သူမကို လာႏႈတ္ဆက္လို႔ Seulgi က ဘာေျဖရမွန္းမသိ ျဖစ္ေနသည္
"Ash သူနဲ႕ ဘာလို႔ လာေတြ႕ေနရတာလည္း "
"Ah ေျပပါတယ္ ဒီလိုဘဲေပါ့ "
"မေတြ႕ရတာ ေျခာက္ႏွစ္ေတာင္ေက်ာ္ေရာေပါ့ ငါ့မွာ သတိေတြရေနတာ လာပါ ေတြ႕တုံးေလး coffee သြားေသာက္ရေအာင္ "
Seulgi ျငင္းခ်ိန္မရ အဘယ္ေၾကာင့္ဆိုေသာ္ Jennieက သူမကို ဆြဲေခၚသြားေသာေၾကာင့္ ျဖစ္သည္
"ဘယ္လိုလည္း အဆင္ေျပရဲ႕လား "
Jennieမွာ သူမရဲ႕ ငယ္သူငယ္ခ်င္းကို ျပန္ေတြ႕ရလို႔ အရမ္းေပ်ာ္ေနသည္
"ခုနက ေျပာသလိုဘဲ ေျပပါတယ္ ....ၿပီးက် ငါက ႐ုပ္ရွင္ studio တစ္ခုရဲ႕ ပိုင္ရွင္ျဖစ္ေနၿပီေလ...."
Seulgi ေကာ္ဖီေသာက္ရင္း ျပန္ေျဖလိုက္သည္
"အာ ဟုတ္သား နင့္အေၾကာင္းေတြ မေန႕က ငါ အင္တာနက္မွာ ေတြ႕လိုက္ေသးတယ္ ...နင္က တကယ္ နာမည္ႀကီးေနၿပီဘဲ .....Drama တစ္ကားေလာက္ရိုက္ဖို႔ ငါ့ကို မကမ္းလွမ္းခ်င္ဘူးလား "
Jennie စေနာက္ ေျပာၿပီး Seulgiရဲ႕ လက္ေမာင္းကို လွမ္းရိုက္လိုက္သည္
"မနက္ျဖန္ YJY Agency ဆီ ငါ လာခဲ့မယ္ေလ "
Seulgiက ျပန္စေနာက္လိုက္ေပမယ့္ Jennieမွာ အံ့ၾသသြားတယ္.....သူမက စလိုက္တာကို Seulgiက တကယ္ထင္သြားတယ္လို႔ Jennie ေတြးေနတယ္ေလ
"Wow ငါက စတာပါဟ ...."
Jennie ေျပာေတာ့ Seulgi ေခါင္းရမ္းၿပီး ရယ္လိုက္သည္
ထို႔ေနာက္ သူမ သူငယ္ခ်င္းကို Seulgi စိုက္ၾကည့္ၿပီး
"နင္ အရင္ကထက္ ပိုလွလာတယ္ Jen Jen "
"Hey Seul နင္က ငါ့အတြက္ သူငယ္ခ်င္းလိုဘဲေနာ္ "
Seulgiကို ေျပာင္ျပၿပီး Jennie စေနာက္လိုက္ေတာ့ Seulgi eyesmile ေလးေပၚေအာင္ ရယ္ေလသည္
"ေအးပါ ေအးပါ ငါေရာပါဘဲ ရည္းစားအတည္တက်မထားခ်င္သလို နင္ကလည္း ငါ့ type မဟုတ္ပါဘူးေနာ္ "
"နင္အခုထိ ရည္းစားအတည္တက် မတြဲေသးဘူးလား Seul "
"မထားေတာ့ ဘာျဖစ္လည္း...ငါ့ေၾကာင့္ မိန္းကေလးေတြ ရွက္ၿပီး မေနတတ္မထိုင္တတ္ ျဖစ္သြားတာမ်ိဳး ေတြ႕ရရင္ အရမ္းသေဘာက်တာဟ "
"ဆိုးလိုက္တာ "
"Haha ဒါေပမယ့္ ငါတကယ္ေျပာေနတာ သိလား Jen. .."
"ဘာကိုလည္း "
"ငါ ဒရာမတစ္ခု စီစဥ္ေနတာ ေရးလက္စဘဲ ရွိပါေသးတယ္ အဲ့ Dramaကို နင္လက္ခံမယ္ဆို သိပ္ေကာင္းမွာဘဲ "
"အင္း ငါ စဥ္းစားၾကည့္ပါအုံးမယ္......မၾကာခင္ ငါ့ comeback ကလည္း လုပ္ေတာ့မွာဆိုေတာ့ မအားေလာက္ဘူးထင္တယ္ "
"ဟာ တကယ္ comeback လုပ္မလို႔လား ငါေတာ့ လိုခ်င္တဲ့ pcမရမခ်င္း နင့္fanေတြနဲ႕ Album လုဝယ္ရေတာ့မွာဘဲ "
"ဟဟ "
Jennieတို႔ တစ္ေယာက္ကိုတစ္ေယာက္ စေနာက္ၿပီး မုန့္စားေနရင္း ႐ုတ္တရက္ တစ္စုံတစ္ေယာက္ကို Jennie သတိရသြားတယ္
Seulgiကို သူမ အေၾကာင္းေမးရင္ေကာင္းမလား မေမးဘဲေနရမလားဆိုၿပီး Jennie ေတြေဝေနသည္
"Jen. ..Jen. .."
Seulgi အသံေၾကာင့္ Jennieေတြေဝေနရာက လန့္သြားတယ္
"ဟင္ "
"နင္ အေတြးလြန္ေနတာဘဲ....ဟိုေလ ငါကိစၥရွိလို႔ ေဆး႐ုံကို ျပန္သြားေတာ့မယ္....အခ်ိန္လည္း သိပ္မရွိလို႔ေလ "
"Aww ရပါတယ္ သြားပါ အာ ဒါနဲ႕ Seulgi ငါ တစ္ခုေလာက္ေမးလို႔ရမလား "
"ေမးေလ ရပါတယ္ "
"ငါ ဟိုတစ္ေယာက္နဲ႕ေတြ႕ျဖစ္လားလို႔ ေမးရင္ေကာင္းမလား "
"နင္က ဘာလို႔ ေဆး႐ုံသြားတာလည္း တစ္ခုခုျဖစ္လို႔လား "
Jennie အေတြးထဲကေမးခြန္းနဲ႕ ပါးစပ္ကထြက္သြားတဲ့ ေမးခြန္းမွာ မာနေၾကာင့္ တစ္ျခားစီကြဲထြက္သြားသည္
"မဟုတ္ပါဘူး ငါ့အသိ ဆရာဝန္တစ္ေယာက္ကို ေပးစရာရွိလို႔ "
"Aww အင္းပါ ဒါဆို comeback ၿပီးရင္ Dramaကိစၥ နင့္ကို အေၾကာင္းျပန္မယ္ေနာ္ Seul "
"Ok bye see u jen "
Jennieကို ႏႈတ္ဆက္ၿပီး Seulgi ေဆး႐ုံသို႔ ထြက္လာသည္
"Happy lalala "
Seulgi သီခ်င္းေလး ညည္းရင္း သူ႕သူငယ္ခ်င္း Chanyeol ရဲ႕ ႐ုံးခန္းသို႔ သြားေနသည္
"Happy ဟဲ့ ေသာက္ပလုတ္တုတ္ ဘာႀကီးတုံး "
ေကာ္ရစ္တာတြင္ ေကာင္မေလးတစ္ေယာက္ လဲက်ေနတာ ျမင္လို႔ Seulgi လန့္သြားသည္
"ေဆး႐ုံဝတ္စုံနဲ႕ဆိုေတာ့ လူနာျဖစ္မယ္ "
Seulgiမွာ ေကာင္မေလးဆီသို႔ သြားလိုက္သည္
"ဒီမွာ... ဒီမွာ ေဟး...."
ေကာင္မေလးမွာ ေခၚလို႔မရဘဲ သတိလစ္ေနတာ ျမင္ေတာ့ Seulgi ဘာလုပ္ရမွန္းမသိ ျဖစ္ေနသည္
ေကာင္မေလးကို ထားခဲ့ၿပီး ဆရာဝန္ေတြကို သြားေခၚဖို႔လည္း သတိလစ္ေနေတာ့ စိတ္မခ်......ထို႔ေၾကာင့္ ဘာမွမေတြးေတာ့ဘဲ ေကာင္မေလးကိုေပြ႕ခ်ီကာ Chanyeolရဲ႕ ႐ုံးခန္းရွိရာသို႔ေျပးသြားေလသည္
Chanyeolမွာ လူနာအခန္းတစ္ခန္းထဲ ေခၚသြားၿပီး ေကာင္မေလးကို စမ္းသပ္ေနသည္
"သူ႕အေျခအေနေကာင္းရဲ႕လား chanyeol "
"အင္း သူ အစာလြန္ၿပီး သတိလစ္သြားတာ....ဘာလို႔ဆို ခုန သူအစာအဆိပ္သင့္သြားတယ္ေလ ငါတို႔ပိုက္နဲ႕ ဆြဲစုပ္ၿပီး ကယ္ထားရတာ...ဒါနဲ႕ လူနာရွင္က ဘယ္ေရာက္သြားလို႔ သူတစ္ေယာက္တည္း အခန္းအျပင္လဲေနရတာလည္း "
"ငါလည္း မသိဘူး နင့္ဆီလာရင္း ေတြ႕တာဘဲ "
"ဒီအေျခအေနနဲ႕ဆို သူ႕ကိုတစ္ေယာက္တည္း ထားလို႔အဆင္မေျပေသးဘူး ငါကလည္း လူနာေတြရွိေသးေတာ့...."
"Chanyeol နင္ ခဏဘဲ ေစာင့္ေပး သူ႕အတြက္ ငါ မုန့္သြားဝယ္ေပးလိုက္မယ္ေလ သူ ဘာနဲ႕တည္လည္း ငါ့ေျပာျပ "
"နင္က သူနဲ႕သိလို႔လား "
"မသိပါဘူး ငါက Jisoo နင့္ကို ေပးခိုင္းတဲ့ fileကို ေပးဖို႔ေရာက္လာတာ သူက မအားလို႔ မလာနိုင္ဘူးေလ "
"Jisooကေတာ့ အၿမဲ အလုပ္မ်ားေနတာဘဲ..."
Seulgiေပးတဲ့ fileကို Chanyeol ယူလိုက္သည္
Seulgiကေတာ့ Chanyeol ေျပာတဲ့ ဆန္ျပဳတ္ကို ေဆး႐ုံေရွ႕က ဆိုင္တြင္ သြားဝယ္ေလသည္
ထို႔ေနာက္ သတိလစ္ေနတဲ့ ေကာင္မေလး နိုးလာတဲ့အခ်ိန္ထိ ထိုင္ေစာင့္ရင္း ေကာင္မေလးကို Seulgi စိုက္ၾကည့္ေနသည္
ေကာင္မေလးကို စိုက္ၾကည့္ရင္း သူမဘဝမွာ တစ္ခါမွ မခံစားဘူးတဲ့ ရင္ခုန္ျခင္းကို Seulgi ခံစားေနရသည္
"Oh my god ရွင္ ရွင္ ဘယ္သူလည္း "
ေကာင္မေလးမွာ သတိရလာၿပီး မ်က္လုံးဖြင့္ၾကည့္ေတာ့ သူမကို စိုက္ၾကည့္ေနတဲ့ Seulgi ကို ျမင္ၿပီး လန့္သြားေလသည္
"Kang Seulgiပါ မင္း သတိေမ့ေနတာျမင္လို႔ လာေစာင့္ေပးေနတာ ဒီလိုေလ "
Seulgiမွာ ျဖစ္သမွ်အေၾကာင္းစုံကို ျပန္ရွင္းျပေနသည္
"အာ ကူညီေပးလို႔ ေက်းဇူးတင္ပါတယ္ ...."
ေကာင္မေလးက ေက်းဇူးတင္စကားေျပာေတာ့ Seulgi ေခါင္းညိတ္ၿပီး ထရပ္ကာ တစ္ခုခုကို ျပင္ဆင္ေနသည္
"ရွင္ ဘာလုပ္ေနတာလည္း "
"မင္းကို ဆန္ျပဳတ္ေကြၽးမလို႔ေလ မင္းဗိုက္ထဲ အစာမရွိဘူးလို႔ ဆရာဝန္က ေျပာထားလို႔ "
"ထပ္ၿပီး ေက်းဇူးတင္ပါတယ္ "
ေကာင္မေလးမွာ ေက်းဇူးတင္စကားေျပာၿပီး Seulgi လက္က ဆန္ျပဳတ္ပန္းကန္ကို လိုက္လုေလသည္
"ဟင့္အင္း ကိုယ္ ခြံ႕ေကြၽးမယ္ မင္းက အားရွိေသးတာလည္း မဟုတ္ဘူး "
သူစိမ္းေကာင္မေလးတစ္ေယာက္ဆီက ဆန္ျပဳတ္ခြံ႕ေကြၽးတာ ခံရလို႔ ေကာင္မေလးမွာ အရမ္းရွက္ေနသည္
"Fuck သူ အရမ္းလွတာဘဲ "
Seulgiမွာ ေကာင္မေလးကို ဆန္ျပဳတ္ခြံ႕ေကြၽးရင္း သူမ အလွမွာ နစ္ေျမာေနသည္
ဆန္ျပဳတ္စားၿပီးေနာက္ Seulgiမွာ ေရဘူးအဖုံးဖြင့္ေပးကာ Ireneကို ေပးလိုက္သည္
"ေက်းဇူးတင္စကားေျပာမယ့္အစား မင္းနာမည္ ေျပာျပပါလား "
ေကာင္မေလးမွာ သူမကို ေက်းဇူးတင္စကားေျပာအုံးမယ္ဆိုတာ Seulgi ႀကိဳသိလို႔ နာမည္ေျပာျပဖို႔ ေတာင္းဆိုလိုက္သည္
"Irene Bae ပါ...."
#TBC
ဒီအပိုင္းကေတာ့ Seulrene အပိုင္းေပါ့ေနာ့္😁 Seulကေတာ့ ရည္းစားရေတာ့မယ္ အကိုနိုကေတာ့ ဘယ္ခ်ိန္ရမယ္မသိ xD Updateမွန္ေပးေနတယ္ေနာ္ ဟိဟိ ခုတေလာ Jensoo mood တအား Onေနလို႔
Bạn đang đọc truyện trên: Truyen3h.Co