Truyen3h.Co

Hurt

Part 5

KimFany059

#Unicode

"Korea မရောက်ဖြစ်တာတောင် ခြောက်နှစ်လောက် ရှိပြီ....."

Jinwoo တစ်ယောက် လေယာဥ်ပေါ်က ဆင်းတာနဲ့ လက်ဆန့်တန်းပြီး အော်လိုက်သည်

"ငါ့ မွေးရပ်မြေလေးကို လွမ်းလိုက်တာ "

"ငါတို့ ဒီမှာ အလုပ်ကိစ္စ project ကြောင့် တစ်နှစ်နီးပါးနေရမှာ အဲ့တစ်နှစ်အတွင်း ပျော်ပျော်နေရမယ် ဟေး ဘာလို့ဆို ဘယ်ချိန် ဒီကို ပြန်လာရမယ်မသိ "

Lisa ပြောပြီး သူ့ရဲ့အိတ်တွေကို သယ်လိုက်သည်

Lisa စကားကြောင့် Seulgi ပြုံးလိုက်ပြီး Jisooဆီ ဖုန်းဆက်လိုက်သည်

Seulgi တို့ လေဆိပ်ထဲကနေလည်း ထွက်လာရော သူမတို့ကို ဓာတ်ပုံတွေ ဝိုင်းရိုက်ကြတဲ့ Reporter တွေနဲ့ Fanတွေအများကြီးကို တွေ့ရသည်

"ဟျောင့်တွေ ဟိုမှာ reporter တွေ အများကြီးဘဲ ကြည့်စမ်း "

Jinwoo လက်ညိုးထိုးပြရာကို Lisa ကြည့်တော့ သူမတို့ကို ဓာတ်ပုံဝိုင်းရိုက်နေကြတဲ့ reporter တွေ Fanတွေနဲ့အတူ သူမတို့ဆီ ပြေးမလာအောင် တားထားတဲ့ Security တွေကိုလည်း တွေ့ရလေသည်

"ငါတို့ ဒီမှာ တော်တော် နာမည်ကြီးနေတာဘဲ "

Lisa ပြောတော့ Seulgi ခေါင်းညိတ်ပြီး

"ဟုတ်ပါ့ ဟီး ပျော်တာ "

"နာမည်ကြီးမှာပေါ့ ငါတို့ရဲ့ solo လုပ်ငန်းတွေူလည်း အောင်မြင်နေတာကိုး ဥပမာ Minoက Music producer ငါက အဆိုတော် နင်တို့နှစ်ယောက်က ပြိုင်ဖက်ကင်းတဲ့ Dancerတွေကိုး "

Jinwoo ပြောတော့ Seulgiတို့ လက်မထောင်ပြလိုက်သည်

"Hey "

Jinwooတို့မှာ သူတို့ကို လာကြိုတဲ့ Minoနဲ့ Jisooကို မြင်တော့ ပျော်ပြီး ပြေးဖက်ကြသည်

"ဟဲ့ ဟဲ့ ငါတော့ အရိုးကျိုးကုန်တော့မှာဘဲ ဖြေးဖြေးဖက်ပါ "

Jisoo သူမကို အတင်းဖက်ထားတဲ့ Lisaတို့ကို မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်

"မတွေ့ရတာ ကြာပြီလေ ခေါင်းဆောင်ရ အရမ်းသတိရနေတာသိလား "

Lisaပြောပြီး Lisaပါးကို ရွှတ်ခနဲနမ်းလေသည်

"Hey နင်တင် မနမ်းနဲ့ ငါလည်းနမ်းမှာ "

Lisaကို ရိုက်ပြီး Seulgiပြောကာ Jisooကို ရွှတ်ခနဲ နမ်းပြန်သည်

"Ash သွားရည်တွေ "

Jisoo သူ့မျက်နှာကို လက်နဲ့သုတ်တုံး Jinwooက မျက်ခုံးပင့်ပြပြီး သူမကို ပြုံးပြနေတော့

"ဟဲ့ နင့်ရုပ်က ဘာဖြစ်တာတုံး ငါ့လာနမ်းကြည့်နော် ချခံရမယ် "

"အမလေး လူလည်ခေါင်မှာ မနမ်းရဲပါဘူးဗျာ ဟိုမှာ ကင်မရာတွေက တဈပုံကွိီးကို "

"အထုပ်တွေထားခဲ့ပြီနော် ခေါင်းဆောင် သယ်ခဲ့လိုက်တော့ ဟီးဟီး "

Lisa ပြောပြီး Seulgiလက်ကို ဆွဲကာ သူမတို့ ကားရှိရာသို့ ထွက်သွားလေသည်

Jisooကတော့ သက်ပြင်းချပြီး Lisaတို့ အထုပ်တွေကို Minoနဲ့အတူ သယ်ခဲ့လိုက်သည်

လေဆိပ်ကနေ အိမ်မပြန်ဘဲ နေ့လည်စာ စားဖို့ စားသောက်ဆိုင်တစ်ဆိုင်ကို Lisaတို့အား Jisoo ခေါ်သွားလေသည်

"Japan ရဲ့ နာမည်ကြီး company တစ်ခုဖြစ်တဲ့
JSLM company ရဲ့ Song Mino,  Kim Jinwoo,  Kang Seulgi နဲ့ Lalisa Manoban တို့ အားလုံး ကိုရီးယားကို ပြန်ရောက်လာကြပါပြီ..   Koreaက ပြည်သူတွေကတော့ သူတို့ရဲ့ Project အသစ်ကိို ဘယ်လိုအဆန်းအပြားတွေနဲ့ ချပြမလည်းဆိုတာ စိတ်ဝင်စားနေကြပါတယ် ....အဲ့တာအပြင် Koreaက ပြည်သူတွေက လေဆိပ်မှာ Lisaတို့ရဲ အထုပ်တွေသယ်ပေးတဲ့ ကောင်မလေးကိုလည်း သူမ visual ကြောင့် သတိထားမိနေကြပါတယ် သူမဟာ JSLM Company က ဝန်ထမ်းများလား........ဒါဆိုရင်တော့ JSLM companyက ဝန်ထမ်းကအစ Visual ကောင်းလွန်းတာဘဲ....."

Lisa တစ်ယောက် နေ့လည်စာစားရင်း ဖုန်းသုံးနေသည်

ထိုစဥ် Social media တင်တဲ့ သတင်းကို တွေ့ပြီး Jisooတို့ကို ဖတ်ပြကာ တခွီးခွီးရယ်လေသည်

"Oh my god ငါတော့ ရယ်ရလွန်းလို့ အူနာသေတော့မှာဘဲ "

"ဝန်ထမ်းတဲ့လား ဟားဟားဟား "

Jisoo သူမ အဖွဲ့သားတွေကို ရုပ်တည်နဲ့သာ ကြည့်နေသည်

"ဒါကြောင့်မို့ ခေါင်းဆောင်ကို ငါပြောသားဘဲ ...Company ရဲ့ CEOဆိုတာ ကြော်ငြာလိုက်ပါလို့....အခုတော့ CEOကနေ ဝန်ထမ်းဖြစ်သွားပြီ ဟီးဟီး "

Seulgi Jisoo လက်မောင်းကို ရိုက်ပြီး ပြောလိုက်သည်

"Song Mino ....Japanက နာမည်ကြီး Music producerက သူ့သီချင်းအတွက် နာမည်ကြီး female idolကို ကမ်းလှမ်းခဲ့ပါတယ် ဘယ်သူများ ဖြစ်မလည်းတဲ့ ဟဲ့ Mino နင် ဘယ်သူ့ကိုကမ်းလှမ်းခဲ့တာလည်း "

Lisa သတင်းဆက်ဖတ်ရင်း Mino သတင်းကိုမြင်တော့ စိတ်ဝင်စားပြီး မေးလိုက်သည်

"လျှို့ဝှက်ချက်ပေါ့ မကြာခင် ချပြတော့မှာကို ဖြေးဖြေး "

Mino Wink လုပ်ပြပြီး နေ့လည်စာ ဆက်စားလိုက်သည်

"Jennie ဘာလုပ်နေတာတုံး "

Jennie ရဲ့ မန်နေဂျာဖြစ်တဲ့ Irene တစ်ယောက် သူမ idolက ရေခဲသေတ္တာထဲက ရေအေးကို ယူသောက်နေတာကို တွေ့လို့ လှမ်းအော်လိုက်သည်

"Wae ရေဆာလို့ ရေသောက်တာ ဘာဖြစ်လို့လည်း..."

"ရေအေးတွေ တအားမသောက်နဲ့လေ အသံပျက်သွားမှာ စိတ်မပူဘူးလား...နောက်တစ်ပတ်ကျ Recording စတော့မှာကို ပေး အဲ့ရေဘူး "

Jennie လက်ထဲကနေ ရေဘူးကို Irene ဆွဲယူလိုက်တော့ နှုတ်ခမ်းစူကာ Ireneကို jennie ကြည့်လိုက်သည်

"ရား နှုတ်ခမ်းလာစူပြမနေနဲ့ ဆွဲကုတ်လိုက်မယ် ဘာတုံး နင်တစ်ခုခုဖြစ်ရင် ငါဘဲ CEOဆီက အဆူခံရမှာ....."

"Humm.... အင်းပါ ထားပါတော့ Irene ငါ မုန့်လုပ်မလို့ စားအုံးမလား "

"အင်း စားမယ် ပြင်ထားနော် ငါ ရေချိူးလိုက်အုံးမယ် ဒါနဲ့ မုန့်ကိုမုန့်လိုပြင်နော် ပေါက်တတ်ကရတွေ မလုပ်ထားနဲ့...."

Ireneပြောပြီး သူမ အခန်းထဲ ဝင်သွားပြီး ရေချိုးတော့ Jennieမှာ Ireneကို မျက်စောင်းထိုးကာ

"သူက ငါ့မန်နေဂျာလား ငါ့ antiလားမသိ အားတိုင်း ငါ့ကို လာ dissနေတယ်......ဟွန်း "

Jennie ပြောပြီး Sandwich လုပ်စားဖို့ ပြင်လေသည်

Irene ရေချိုးပြီး ထွက်လာတော့ Sandwich တွေ တွေ့တာနဲ့ ယူစားလိုက်သည်

"စားလို့တော့ ကောင်းသားဘဲ ဘယ်သူ့ဆီက သင်လာတာလည်း "

"ခုနကျ ငါ့ကို လာ dissနေပြီး "

Jennie ကော်ဖီဖျော်ရင်း Ireneကို မျက်စောင်းထိုးကာ ပြောလိုက်သည်

"အား..."

Irene တစ်ယောက် ရုတ်တရက် ဗိုက်နာလာပြီး ချွေးစေးတွေလည်း ပြန်လာသည်

"Irene ဘာဖြစ်တာလည်း.... "

Jennieမှာ သူမ မန်နေဂျာ တစ်ခုခုဖြစ်နေမှန်း သတိထားမိပြီး စိတ်ပူသွားသည်

"Sandwich ထဲ ဘာပါလည်း Jennie "

"ကြက်သား "

"Shit ငါက ကြက်သားနဲ့ မတည့်ဘူး "

"ဟာ ဒါဆို ဆေးရုံသွားမှ ဖြစ်မယ် လာ "

Ireneကို သူမကားဆီသို့ တွဲခေါ်သွားပြီး ဆေးရုံသို့ Jennie လိုက်ပို့လေသည်

#tbc

#zawgyi












"ဟုတ်ပါ့ ဟီး ပျော်တာ "



"Hey "








"Ash သွားရည်တွေ "



"အမလေး လူလည်ခေါင်မှာ မနမ်းရဲပါဘူးဗျာ ဟိုမှာ ကင်မရာတွေက တဈပုံကွီးကို "





JSLM company ရဲ့ Song Mino,  Kim Jinwoo,  Kang Seulgi နဲ့ Lalisa Manoban တို့ အားလုံး ကိုရီးယားကို ပြန်ရောက်လာကြပါပြီ..   Koreaက ပြည်သူတွေကတော့ သူတို့ရဲ့ Project အသစ်ကို ဘယ်လိုအဆန်းအပြားတွေနဲ့ ချပြမလည်းဆိုတာ စိတ်ဝင်စားနေကြပါတယ် ....အဲ့တာအပြင် Koreaက ပြည်သူတွေက လေဆိပ်မှာ Lisaတို့ရဲ အထုပ်တွေသယ်ပေးတဲ့ ကောင်မလေးကိုလည်း သူမ visual ကြောင့် သတိထားမိနေကြပါတယ် သူမဟာ JSLM Company က ဝန်ထမ်းများလား........ဒါဆိုရင်တော့ JSLM companyက ဝန်ထမ်းကအစ Visual ကောင်းလွန်းတာဘဲ....."



















"အင်း စားမယ် ပြင်ထားနော် ငါ ရေချိုးလိုက်အုံးမယ် ဒါနဲ့ မုန့်ကိုမုန့်လိုပြင်နော် ပေါက်တတ်ကရတွေ မလုပ်ထားနဲ့...."








"အား..."


"Irene ဘာဖြစ်တာလည်း.... "



"ကြက်သား "




#Tbc

Bạn đang đọc truyện trên: Truyen3h.Co