Part 8
#Unicode
"Jennie နင်ကြိုက်သလောက် မှာစား ငါတို့ဝယ်ကျွေးမှာပါ......"
နေ့လည်စာကို သေချာမစားဘဲ ဟင်းပန်းကန်တွေကို ဟိုတို့ဒီတို့လုပ်နေတဲ့ Jennieကို Seulgi ပြောလိုက်သည်
"Idolတွေက diet လုပ်ရတယ်ဆိုတာ သိပေမယ့် ဒီတစ်ခါတော့ ဝဝလင်လင်စားစမ်းပါ Jennie ရ....နောက်လည်း ပြန်ပြီးdietလုပ်လို့ ရတာကို "
Lisaကပါ ဝင်ပြောနေသောကြောင့် Jennie ခေါင်းညိတ်ပြပြီး ဟင်းတွေ ယူစားတော့သည်
"ဒါနဲ့ ဘယ်သူ ရှင်းမှာလည်းဟင် "
Jennieမေးတော့ Mino လက်မြှောက်ပြသည်
"Jenသာ အများကြီး စားလိုက်ရင် မှာလိုက်ရင် ရှင့် credit cardထဲက ငွေတွေ အကုန် ပြောင်ကုန်မှာပေါ့ "
Jennie ပြောတော့ Mino ရယ်ပြီး ခေါင်းခါပြသည်
"စိတ်မပူပါနဲ့ ငါ့ card မယူလာပါဘူး ဟီးဟီး "
Mino စကားကြောင့် Lisaတို့ပါ အံ့သြပြီး စားနေရာက ရပ်သွားကြသည်
"CEOရဲ့ card ယူလာတာ "
Mino စကားကြောင့် အကုန်လုံး ထရယ်ကြလေသည်
"CEO ထားသေးတာလား နင်တို့အားလုံးက Owner မဟုတ်ဘူးလား "
Jennie သိချင်တာနဲ့ မေးလိုက်သည်
"ငါတို့အားလုံးက ownerဆိုပေမယ့်....ကိစ္စတွေကို managementကျ ငါတို့ မလုပ်နိုင်ဘူးလေ သူကဘဲ အကုန်လုပ်ပေးသွားတာ "
Jinwoo ရေသောက်ရင်း ဝင်ပြောလိုက်သည်
"ဟင် ဘယ်လိုမျိုးလည်း "
"ငါတို့ ဒီအခြေအနေရောက်လာတာ သူ့ကြောင့်ပါတယ် အခက်အခဲကြားက သူကရှေ့ဆောင်လမ်းပြလုပ်ပေးပြီး အားပေးခဲ့လို့ ငါတို့ အခုလို အောင်မြင်ခဲ့တာ......Jennie သူနဲ့ အလုပ်တွဲလုပ်ရင် ငါပြောချင်တဲ့ အဓိပ္ပာယ် နားလည်လာလိမ့်မယ် "
"ဒါဆို နင်တို့က ငါးယောက်ရှိတာပေါ့ ဒါဆို သူကရော ဘယ်မှာလည်း သူ့ကိုမြင်ဖူးချင်လို့ "
Jennie စကားကြောင့် အားလုံး ငြိမ်သက်သွားကြသည်
ခေါင်းဆောင်က Jisooဆိုတာ ပြောပြရမလား ဒါမှမဟုတ် လိမ်ပြောထားရမလား တွေးနေကြသည်
"အာ ငါတို့လည်း သူ့ကိုနင်နဲ့ တွေ့ပေးချင်တယ် ဒါမယ့် သူက CEOဆိုတော့ သိတယ်မလား အရမ်း အလုပ်ရှုပ်တာ ဟုတ်တယ်နော့် "
"Mino ပြောတာ ဟုတ်တယ် အလုပ်ရှုပ်လွန်းလို့ ငါတို့တောင် သူ့ကို မနည်းလိုက်ဖမ်းရတယ် "
Mino ပြောတဲ့ စကားကို Seulgi ထောက်ခံလိုက်သည်
အကုန်လုံးစားသောက်ပြီးနောက် Mino ဘေသွားရှင်းတော့ ငွေပမာဏကို ကြည့်ပြီး အရမ်းလန့်သွားတယ်
"Oh my god. .....ငါတော့ ခေါင်းဆောင်သတ်တာ ခံရတော့မယ် "
Mino မျက်နှာပျက်သွားတာကို jennie မြင်တော့
"Mino ဘာဖြစ်လို့လည်းဟင် "
"Aww အစားများသွားတာ အစာမကြေသလို ခံစားရလို့ "
Mino ဘေရှင်းပြီး Cardကို အမြန်သိမ်းလိုက်သည်
"Aww Jenဆီမှာ ဆေးပါတယ် ရော့ "
Jennie သူမ အိတ်ထဲက ဆေးတွေထုတ်ပေးပြီး Minoကို ပေးလိုက်သည်
"Guys နင်တို့ ဘာတွေများ စားလာခဲ့ကြတာလည်း "
Jisooက ခါးထောက်ပြီး မေးနေစဥ် သူမ အဖွဲ့သားတွေက ခေါင်းငုံ့ပြီး ကြမ်းပြင်ကိုသာ ကြည့်နေကြသည်
Jisoo cardကို မြှောက်ပြပြီး
"Cardထဲက ငွေ လေးပုံပုံရင် တစ်ပုံက ပြုတ်သွားပြီ "
"Sorryပါဟယ် ငါတို့ စျေးမကြည့်ဘဲ မှာလိုက်မိတာ "
Lisa ခေါင်းငုံ့ပြီး တောင်းပန်လိုက်သည်
"ငါတို့ လစာထဲက ဖြတ်လိုက်ပါ ခေါင်းဆောင်ရ "
Seulgi ပြောတော့ Minoတို့ ခေါင်းညိတ်ပြသည်
"တောင်းပန်ပါတယ် ခေါင်းဆောင်ရ "
Jisooမှာ အားလုံးက သူ့ကိုတောင်းပန်နေကြသောကြောင့် အံ့သြနေသည်
"နေပါအုံး နင်တို့က ဘာလို့ ငါ့ကို တောင်းပန်နေကြတာလည်း "
"ဟင်... ငါတို့က နင့် cardထဲက ငွေတွေ သုံးပစ်မိသွားတာလေ "
"ရော် သုံးတော့ ဘာဖြစ်လည်း အဲ့ပိုက်ဆံတွေက နင်တို့ ရှာပေးထားတာလေ ငါ သိချင်တာက နင်တို့ ဘာစားလာလည်းဘဲ..... အဲ့တာ သိချင်လို့မေးတာ "
"အာ ...အဲ့တာမေးတာလား... ရှက်လိုက်တာ မသိဘဲ တောင်းပန်နေလို့..."
Mino ရှက်ပြီး ပြောတော့ Jinwooကလည်း ရယ်ပြီး
"ဟုတ်ပါ့ ငါလည်း ဒူးထောက်ပြီးတောင် တောင်းပန်တော့မလို့ "
"Hahaha. ..."
Minoတို့ကြောင့် Jisoo သဘောကျပြီး ရယ်လေသည်။
"ငါတို့ korea အစားသောက်တွေ စားခဲ့တာ......မစားရတာ အတော်ကြာလို့လေ.... "
Seulgi ပြောတော့ Jisoo နှုတ်ခမ်းစူပြီး
"ဟုတ်ပါ့ ငါလည်း စားချင်လိုက်တာ.....ဟိုမှာဆို ဂျပန်စာချည်း စားနေရတာ "
"ဒါဆို Dinner အတူလိုက်စားလေ ခေါင်းဆောင်ရ...... ငါတို့နဲ့ ညစာအတူမစားတာ ဘယ်လောက်ကြာပြီလည်း "
"ဟမ်း....."
Jisoo အမြဲတမ်း အလုပ်များနေလို့ Seulgiတို့နဲ့ အတူ ညစာလိုက်မစားနိုင်ခဲ့ပေ.......
"ငါတို့နဲ့ ညစာအတူစားမယ့် သူက ဘယ်သူလည်း သိရင်တော့ ခေါင်းဆောင် သေချာပေါက် လိုက်စား "
Lisa ပြောတော့ Seulgi အမြန် Lisa ပါးစပ်ကို လှမ်းပိတ်လိုက်သည်
"ဘယ်သူများလည်း "
"ဟို ငါ့ သီချင်းကို ဆိုပေးမယ့် idolပါ "
"Aww ဟုတ်လား "
Jisoo ခေါင်းညိတ်ပြီး သူမဖုန်းကို ထုတ်ကာ တစ်ခုခုကို ရှာနေသည်
Seulgiကတော့ Lisaကို မျက်နှာအမူအရာတွေနဲ့ သေတော့မယ်ဆိုပြီး ပြောနေသည်
"ဒါနဲ့ Mino အဲ့ idolက ဘယ်သူလည်းဆိုတာ ငါ့ကို အခုထိ မပြောသေးဘူးနော် "
Jisoo သတင်းတစ်ပုဒ်ကို တွေ့ပြီး Minoကို မေးလိုက်သည်
"ဟို ဟို "
"Jennie မဟုတ်လား ...."
"ဟုတ် ဟုတ်ပါတယ် ကြိုမပြောမိလို့ တောင်းပန်ပါတယ် ခေါင်းဆောင်....'
Jisoo သက်ပြင်းချလိုက်တော့ Mino စိတ်မကောင်းဖြစ်သွားသည်
"ခေါင်းဆောင်....."
"အင်း ငါ အဆင်ပြေပါတယ် ငါဒီတိုင်း သူ့ကို ဘယ်လို ရင်ဆိုင်ရမလည်း မသိလို့.....ကွောကျနမျေိတယျ "
"မကြောက်ပါနဲ့ Jisooရယ် သူက ပြောင်းလဲမသွားပါဘူး ငါတို့ သိတဲ့ Jennie ပါဘဲ "
Seulgi အားပေးစကားပြောလိုက်သည်
"ခေါင်းဆောင်ရဲ့ အတိတ်ကို ရင်ဆိုင်ဖို့ အချိန်ရောက်ပြီနော် "
"အင်းပါ ငါသိပါတယ်....ကြည့်ပါအုံး အဲ့အပြုံးလေးနဲ့ အခုထိ လူသတ်နေတုံး"
Jisoo သတင်းထဲက Jennieပုံကို ကြည့်ပြီး ပြောလိုက်သည်
"ဘေးနားက ငါတို့ပုံတွေလည်း ကြည့်ပါအုံး "
Lisaတစ်ယောက် fall in love ဖြစ်နေတဲ့ Jisooကို စနောက်လိုက်သည်
"သူ ဘာစားလည်း အစားရော ကောင်းကောင်းစားရဲ့လား "
"စားပါ့ဗျာ ခေါင်းဆောင်က သူ့ကို အရမ်းချစ်တာ သိလို့ မခွံ့ကျွေးရုံတမယ်ဘဲ ငါတို့က ဂရုစိုက်ပေးပါ့ "
Jinwoo စကားကြောင့် Jisoo ပြုံးလိုက်သည်
"သူ အိမ်ရော ကောင်းကောင်းပြန်ရဲ့လား သူ့ကိုနင်တို့ လိုက်ပို့တာလား ဒါမှမဟုတ် သူ့ဘာသာသူ ကားမောင်းပြန်တာလား ဒါမှမဟုတ် Taxi ငှားပြန်တာလား ဟယ် နင်တို့ Taxi သေချာရှာပေးရဲ့လား မဟုတ်သေးပါဘူး....သူ ..."
Mino မှာ သူ့ရဲ့ခေါင်းဆောင် ဖြစ်ပျက်နေတာကြည့်ပြီး အမြင်ကတ်တာနဲ့ သူ့လက်ထဲက ချိုချဥ်ကို ဖောက်ပြီး Jisoo ပါးစပ်ထဲ ထည့်ပစ်လိုက်သည်
"ဘာကြီးတုန်း "
Jisoo ထွေးထုတ်ပစ်ဖို့ လုပ်ပေမယ့် Minoမှာ Jisoo ပါးစပ်ကို လက်နဲ့ပိတ်ပြီး
"ထွေးထုတ်မယ် မကြံနဲ့ အဲ့တာ Jennie ငါ့ကိုပေးထားတာ အစာမကြေဘူးလို့ ပြောတုံးက .....သူ့အိတ်ထဲက ထုတ်ပေးတာ "
"အာ ချိုချဥ်လေးက ကောင်းလိုက်တာ "
ချက်ချင်း အမူအရာပြောင်းသွားတဲ့ သူမတို့ CEOကြောင့် Seulgi တို့ တဟားဟားနဲ့ ရယ်လေသည်
#TBC
#Zawgyi
"CEOရဲ့ card ယူလာတာ "
"ဟင် ဘယ်လိုမျိုးလည်း "
"Sorryပါဟယ် ငါတို့ ဈေးမကြည့်ဘဲ မှာလိုက်မိတာ "
"Hahaha. ..."
"ဟမ်း....."
"ဘယ်သူများလည်း "
"Aww ဟုတ်လား "
"ဟို ဟို "
"Jennie မဟုတ်လား ...."
"ခေါင်းဆောင်....."
"ဘာကြီးတုန်း "
#TBC
Bạn đang đọc truyện trên: Truyen3h.Co