Truyen3h.Co

Hurt

Part 9

KimFany059

#Unicode

"Omma. ...ဒီလအတွက် လစာကို chaw မပေးနိုင်တော့ဘူး ထင်တယ် ..... မဟုတ်ပါဘူး Ommaကို စိတ်ဆိုးတာလည်း မဟုတ်ဘူး .......chaw ဝယ်ထားတာလေးတွေ ရှိလို့ ....Omma please...... Ummm အင်းပါလေ Ommaရဲ့ bank account ထဲ ငွေလွှဲပေးလိုက်ပါမယ် "

Jennie သက်ပြင်းချပြီး သူမ ဖုန်းကို အိတ်ထဲသို့ ထည့်လိုက်သည်

နေပြန်ကောင်းလာတဲ့ Ireneမှာ Jennieဘေးနား ထိုင်ပြီး ဘာလို့လည်းဆိုတဲ့ အကြည့်နဲ့ ကြည့်နေသည်

"နင့်အမေကို နင့်လစာတွေ ပေးမလို့ ဟုတ်လား ထပ်ပြီးလား Jennie "

Irene စိတ်ပျက်နေတဲ့ အကြည့်နဲ့ ကြည့်ပြီး မေးတော့ Jennie ခေါင်းညိတ်ပြသည်

"နင်သိလား Jen. ..နင့်အမေက နင့်ကို ဂရုစိုက်ပေးလို့ မွေးမိခင်မို့ လစာတွေ အကုန်ပေးတယ်ဆိုတာ ငါသိပေမယ့် ဒါကြီးက မလွန်လွန်းဘူးလား နင့်လစာတွေ အကုန် သူဘဲ ယူနေတာ .....နင် အလုပ်ကြိုးစားလုပ်ပြီး ပိုက်ဆံရှာတာက နင့် အနာဂတ်အတွက်လား သူ့အတွက်လား ....နင့် အနာဂတ်အတွက်လည်း ဂရုစိုက်သင့်တယ် စုသင့်တယ်"

Irene ပြောတာ မှန်နေလို့ Jennie ဘာမှပြန်မငြင်းနိုင်ပေ...ပြီးကျ Ireneက Jennie ကို အရမ်းအနိုင်ကျင့်လို့ Hyorinကို မုန်းနေတယ်ဆိုတာလည်း Jennie သိတယ်လေ

"ကျစ် နင်က ငွေထုတ်စက်မဟုတ်ဘူး သူ့သမီးလေးဟယ် "

Jennie ဘာမှပြန်မပြောဘဲ ဖုန်းကို ထုတ်ကာ သူမ bank accountထဲက ငွေတွေကို စစ်ဆေးနေသည်

ဒီ kpop လောကထဲ ကျင်လည်နေတာ ငါးနှစ်ကျော်ပြီဆိုပေမယ့် အချမ်းသာဆုံး idol စာရင်းထဲတွင် Jennie မပါပေ ဘာလို့ဆို ရသမျှ ပိုက်ဆံအားလုံး သူမအမေက အကုန်သုံးဖြုန်းနေသောကြောင့် ဖြစ်သည်

Jennie သူမကိုယ်သူမ အားငယ်ပြီး သိမ်ငယ်သလို ခံစားရသည်

Ireneမှာ Jennie မျက်နှာ အမူအရာပျက်နေတာကို သတိထားမိပြီး Jennie မျက်နှာလေးကို ဆွဲညှစ်ကာ

"Yah yah ဘာမှလျှောက်မတွေးနေနဲ့ ...."

Jennieမှာ ဘာဖြစ်နေနေ irene က သူမဘေးနား အမြဲရှိနေပြီး Support ပေးတဲ့အတွက် ပြုံးမိသွားတယ်

"လာပါ ဖက်ထားပါရစေအုံး "

Irene မှာ Jennieကို ဆွဲဖက်လေသည်

"Jen. ...ဒါ နောက်ဆုံး နင့်အမေကို ပိုက်ဆံလွှဲပေးတာပါလို့ ငါ့ကို ကတိပေး .....နင်လည်း အရွယ်ရောက်လာပါပြီ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်နေသင့်တယ် နေရာတကာ Mama girl လုပ်မနေသင့်တော့ဘူး "

Jennie ဘာမှပြန်မပြောဘဲ တိတ်ဆိတ်နေသည်

သူမ မန်နေဂျာပြောစကား နားထောင်ရမလား ဒါမှမဟုတ် သူမ အမေရဲ့ အိမ်မွေးငွေထုတ်စက်အဖြစ် နေရမလား တွေဝေနေသည်

"Jennie "

"Ok ok ငါ သေချာ တွေးကြည့်ပါမယ် ....အမြဲတမ်း ငါ့ဘေးနား ရှိနေပြီး Support ပေးလို့ ကျေးဇူးတင်ပါတယ် Irene ငါ့ဘေးမှာဘဲ အမြဲ ရှိပေးနော် ငါ့ကို ထားမသွားရဘူး Irene"

Jennie ပြောပြီး သူမ မန်နေဂျာကို ပြန်ဖက်လိုက်သည်

"ဒါပေါ့ ငါ နင့်အတွက် အမြဲ ရှိနေပေးမယ် နင့်ရဲ့ ပထမဆုံးနဲ့ နောက်ဆုံး မန်နေဂျာက ငါဘဲ ဖြစ်ရမယ်  "

Irene တစ်ခုခုကို သတိရသွားပြီး Jennieကို ဖက်ထားရာက ခွာလိုက်သည်

"အာ ငါ နင့်ကိုပြောစရာရှိတယ် Irene "

Irene တစ်ခုခုကို တွေးမိပြီး ရှက်နေလို့ မျက်နှာလေးနီလာသည်

Jennieကလည်း သူမ မန်နေဂျာ ရှက်နေတာကို သတိထားမိပြီး သူမမန်နေဂျာ မေးစေ့ကို ဆွဲကိုင်ကာ

"ပြောပါအုံး ဘာများလည်း ဘာမို့လို့ အဲ့လောက် ရှက်ပြီး မျက်နှာလေးက နီလာတာလည်း "

"ဆေးရုံကော်ရစ်တာမှာ ငါမေ့လဲသွားတယ်လို့ ဒေါက်တာပြောတာကို မှတ်မိလား ....အဲ့တုံးကလေ ကောင်မလေးတစ်ယောက်က ငါ့ကို ကူညီပေးတာ တကယ် နင်သိလား Jennie သူကကွာ ကောင်လေးတွေထက် ကျားယားပြီး အရမ်းချောတာဘဲ ....သူနဲ့ငါက မသိပေမယ့်လေ သူ ငါ့ကို အဲ့လို ဂရုစိုက်ပေးတော့ အရမ်းပျော်မိနေတာ ပြန်တွေးတိုင်း....အား ငါဘာဖြစ်နေမှန်းမသိဘူး "

Jennieမှာ သူမရဲ့ မန်နေဂျာကို ကြည့်ပြီး ရယ်လေသည်

"မရယ်နဲ့ "

Jennieမှာ သူမ မန်နေဂျာက မျက်စောင်းထိုးပြီး ရန်လုပ်နေလို့ ရယ်ချင်စိတ်ကို ထိန်းထားနေသည်

"Ok ok ဆက်ပြောပါ "

"ငါ သတိရတဲ့အထိကွာ သူအခန်းထဲ စောင့်နေပေးပြီး ငါ သတိရလာတော့ ဆန်ပြုတ်ပါ ခွံ့ကျွေးသေးတာ ...."

"အား..... "

Jennie ရုတ်တရက် ထအော်တော့ Irene မျက်မှောင်ကြုတ်ပြီး

"ဘာဖြစ်တာလည်း ဖင်ထဲ ပုရွက်ဆိတ်ဝင်သွားတာလား "

"Dramaကားထဲကလို Roဆန်နေလို့ "

"Come on Jen. ..ငါ သူ့ကိုသဘောမကျပါဘူး "

"ဘယ်သူက မေးလို့ ဖြေနေတာလည်း Irene shii "

"နင့်ရဲ့ ပြီတီတီ အကြည့်ကြီးကို ငါသိတယ် Jennie နင့်ပါးစပ်က ဘာမှမပြောပေမယ့် နင့်မျက်လုံးက တရစပ်ကို ပြောနေတာ ဟင်း "

Ireneမှာ Jennieကို ရန်လုပ်ပြီး Tvကို ဖွင့်လိုက်တော့

"JAPAN က နာမည်ကြီး JSLM company မှ  Jennie ရဲ့comebackအတွက် music produce ပေးမည့်အပြင် Dramaအတွက်လည်း စာချုပ်ချုပ်ထားပါတယ် လို့ အတည်ပြုလိုက်ပါတယ် "

Irene Tvက သတင်းကို ဖတ်ရင်း Seulgiရဲ့ပုံကို မြင်တော့ အရမ်းအံ့သြသွားတယ်

"သူ သူဘဲ "

Irene လက်ညိုးထိုးပြရာကို Jennieကြည့်တော့ Seulgiကို တွေ့လိုက်ရသည်

Jennie မျက်လုံးပြူးသွားပြီး Irene ပခုံးကို ဆောင့်ကိုင်ကာ

"သူ့ကို မကြိုက်နဲ့နော် စိတ်ထိန်း Irene "

"Yah ငါက ကြိုက်တယ်ပြောမလို့လား သူ့ပုံစံလေးက မိုက်တယ်လို့ဘဲပြောတာလေ "

Ireneမှာ Jennieကို ထိုသို့ပြောပေမယ့် သူမ ရင်ထဲမှာတော့ Seulgiနဲ့ ပတ်သက်ပြီး ခံစားချက်ရှိနေသည်

Seulgiက သူမ သူငယ်ချင်းဖြစ်ပြီး Seulgiကို Jennie ချစ်ပေမယ့် Ireneကို Jennie ပိုချစ်သည်

Seulgi ငပွေမလေးက သူမရဲ့ မန်နေဂျာကို တစ်ခြားမိန်းကလေးတွေလို သဘောထားပြီး နာကျင်အောင်လုပ်မှာကို Jennie မလိုလား .....

"အင်း သီချင်းက တော်တော် ခက်ထန်တယ် "

Jennieဆိုမယ့် Minoရဲ့ သီချင်းကို Jisoo အစမ်းနားထောင်ကြည့်နေသည်

"သီချင်းနဲ့ လိုက်အောင် outfitတွေကို sexyဆန်ဆန် ဖန်တီးရင်ကောင်းမယ်ထင်တယ် ....."

Jisoo သီချင်းနားထောင်ရင်း သူမ ထင်မြင်ချက်ကို ပြောတော့ တစ်သင်းလုံး ခေါင်းညိတ်ပြီး ထောက်ခံကြသည်

"Woo ဒါဆို ပြောချင်တာက Jennieကို sexy outfitတွေနဲ့ တွေ့ရတော့မယ်လို့ ပြောတော့ပေါ့ ဝေါင်း.....စိတ်ဝင်စားစရာဘဲ ခေါင်းဆောင်အတွက် တကယ့် good view ဖြစ်မှာ သေချာတယ် "

Lisa ပြီတီတီ ရုပ်နဲ့ Jisooကို လှမ်းကြည့်ပြီး စလိုက်သည် 

"Lisaပြောတာ မှန်တယ် ဟီးဟီး ငါတော့ Jisoo တစ်ယောက် သူ့  exကို ကြည့်နေတဲ့ပုံစံလေး မြင်ယောင်လာပြီ "

Jinwoo ဘောပင်ကို ကိုက်ရင်း Lisa ဘက်က ဝင်ထောက်ခံလိုက်သည်

"MV ရိုက်တဲ့အခါ ငါ လာကြည့်နိုင်ပါ့မလားတောင် မသေချာဘူး ဘာလို့ဆို အလုပ်တွေ အရမ်း များနေလို့ "

Jisoo သက်ပြင်းချပြီး ပြောလိုက်သည်

"ဟင် ဘာလို့မလာနိုင်တာလည်း Jensoo moment ကို ဘယ်လိုလုပ်မလည်း "

Mino စကားကြောင့် Jisoo အံ့သြပြီး

"Jensooက ဘာလည်း "

"Jennieနဲ့ Jisooကို ပေါင်းပြီး Jensooလို့ခေါ်တာလေ "

Mino ပြန်ရှင်းပြတော့ Seulgi ထအော်ပြန်သည်

"Jen နာမည်က ရှေ့ကဆိုတော့ Jenက Topပေါ့ "

Seulgi စကားကြောင့် Lisa နားမလည်နိုင် ဖြစ်သွားသည်

"ဘယ်လို "

"ဒီလိုလေ SNSD အဖွဲ့က Taeyeonနဲ့ Tiffanyကို သူတို့ fanတွေက shipကြတယ်လေ ship nameက Taeny တဲ့ Taeyeonကtopလေ ဟိဟိ "

Seulgi ရှင်းပြတော့ Jisoo မျက်မှောင်ကြုတ်ပြီး

"Yah Kang Seulgi ပေါက်ကရပြောတာ ရပ်ပြီး Jennieရဲ့ မန်နေဂျာဆီ ဖုန်းဆက်....Jennie အချိန်ဇယားအကြောင်းမေးပြီး recording လုပ်မယ့် ရက်ရွေးလိုက် "

"Nae ခေါင်းဆောင် "

"Lisaက Dramaအတွက် မင်းသားတွေရှာထား Jinwooက MVအတွက် ရိုက်ကူးဖို့ outdoor ရှာမယ်နော် Mino နင်က Recording သွင်းတဲ့အခါ Jennie ကို သေချာဂရုစိုက်ပေးပါ "

"Ok ခေါင်းဆောင် "

Jisoo သူ့အသင်းသားတွေကို အလုပ်တွေ ခွဲပေးပြီး ထွက်လာခဲ့သည်

#TBC

#zawgyi















"လာပါ ဖက်ထားပါရစေအုံး "





"Jennie "











"မရယ်နဲ့ "


"Ok ok ဆက်ပြောပါ "


"အား..... "










"သူ သူဘဲ "




















"Jensooက ဘာလည်း "





"ဘယ်လို "




"Nae ခေါင်းဆောင် "


"Ok ခေါင်းဆောင် "


#TBC

Bạn đang đọc truyện trên: Truyen3h.Co