Truyen3h.Co

Lies

Part 1

KimFany059

#Unicode

Jennie တစ်ယောက် Emailတွေနဲ့ စာချုပ်တွေကို ကြည့်ရင်း အလုပ်ရှုပ်နေသည်

ရုတ်တရက် တံခါးခေါက်သံနဲ့တံခါးဖွင့်သံကြားလို့ လှမ်းကြည့်တော့ သူမရဲ့ စိတ်အနှောင့်ယှက်ပေးတတ်တဲ့ သူငယ်ချင်းဖြစ်သူ ဒါမှမဟုတ် အတွင်းရေးမှူးဖြစ်သူက သူမကို ကြောက်စရာကောင်းတဲ့အပြုံးနဲ့ ပြုံးပြနေတာကို တွေ့လိုက်ရသည်

"ဘာကိစ္စရှိလို့လည်း "

Jennie မေးပြီး သူမရှေ့က စာရွက်တွေဆီဘဲ အာရုံပြန်ထားလိုက်သည်

Jennie မနှစ်ကဘဲ ဘွဲ့ရပြီး ယခု သူမ မိဘတွေရဲ့ လုပ်ငန်းထဲ ဝင်လုပ်နေရသည်

ဖိအားနည်းနည်းများတာကလွဲလို့ အလုပ်လုပ်ရတာကို Jennie သဘောကျသည်

Jennie အခုမှ လုပ်ငန်းခွင်ထဲ စဝင်ပေမယ့် CEOက ဖြစ်နေပြီ ...သူမ မိဘတွေရဲ့ company ဖြစ်တာက တစ်ကြောင်း သူမ အလုပ်ကြိုးစားခဲ့လို့ ရှယ်ယာရှင်တွေဆီကပါ ထောက်ခံချက်တွေနဲ့အတူ CEO ဖြစ်လာခဲ့ခြင်း ဖြစ်သည်

"နေ့လည်စာ စားချိန်ရောက်ပြီဟ နင့်ရှေ့က ချီးထုပ်တွေဘဲ အာရုံစိုက်လုပ်နေရင် ငတ်သေလိမ့်မယ်...."

"အဲ့တာ ချီးထုပ်တွေ မဟုတ်ဘူး Lisaရဲ့ ငွေ တွေ ငွေတွေ "

Jennie မျက်မှောင်ကြုတ်ပြီး Lisaကို ငေါက်လိုက်သည်

"နင့်မှာ ပိုက်ဆံတွေအများကြီး ရှိနေတာကို ဘာတွေ ဖြစ်နေတာလည်း လာပါ ငါတို့နဲ့ နေ့လည်စာ လိုက်စားစမ်းပါ နင် အဆာလွန်ပြီး အစာအိမ်ဖြစ်လိမ့်မယ် "

"ပိုက်ဆံက အများကြီးရှိပေမယ့် နောင်ရေးအတွက်လည်း ရှာရသေးတယ်လေ Lisa ရ...ကဲပါ နင်နဲ့အတူ နေ့လည်စာလိုက်စားပါမယ် ငါလည်း ဗိုက်ဆာနေပြီ "

Jennieပြောပြီး သူမရဲ့ ကားသော့နဲ့ဖုန်းကို ပိုက်ဆံအိတ်ထဲ ထည့်လိုက်သည် ထို့နောက် တိုင်မှာ ချိတ်ထားတဲ့ သူမရဲ့ coatကို ယူဝတ်လိုက်သည်

"Chaeyoungကရော "

"သူက studioထဲမှာ....ငါတို့ တစ်ခါတည်း ဝင်ခေါ်မယ်လေ ရတယ်မလား "

"ရတာပေါ့ သွားကြစို့ "

Chaeyoung က Lisaရဲ့ ချစ်သူပါ သူမတို့ တွဲနေတာ နှစ်နှစ် ရှိပါပြီ

Lisaလို ကြောင်တောင်တောင် မိန်းကလေးက Chaeyoungလို သိမ်သိမ်မွေ့မွေ့ နူးနူးညံ့ညံ့နဲ့ လှပပြီး အရည်အချင်းရှိတဲ့ ကောင်မလေးကို ဘယ်လိုများ လိုက်ခဲ့လည်းလို့ Jennie စဥ်းစားလို့မရပေ

Chaeyoung စိတ်ဆိုးစိတ်တိုတာမျိုး Jennie တစ်ခါမှ မမြင်ဖူးပေ....Lisaကတော့ စိတ်တိုပြီဆိုရင် ရပ်ကွက်ပျက်အောင် ထအော်တတ်သည်

Jennieကတော့ Lisa ကို ကျောင်းမှာကတည်းက ခင်ခဲ့တော့ Lisaအကြောင်း သိတယ်လေ Lisa စိတ်တိုပြီဆိုတာနဲ့ Lisaနဲ့ ဝေးရာကိုသွားရင်းသွားနေ မသွားနိုင်ရင် နားကြပ်တပ်ပြီး သီချင်းဖွင့် နားထောင်ရသည်

"Hey Jennie "

Chaeyoungမှာ Jennieရဲ့ ကားထဲကို ဝင်လာပြီး Jennieကို နှုတ်ဆက်လိုက်သည်

"Recording လုပ်ရတာ ဘယ်လိုလည်း အဆင်ပြေလား Chaeyoung "

Jennie ကားစမောင်းရင်း မေးလိုက်သည်

"ပြေပါတယ် မကြာခင် သီချင်း အကုန် သွင်းပြီးတော့မှာ "

Chaeyoung ပြုံးပြီး ပြောလိုက်သည်

"Album အသစ်ထွက်လာတဲ့အခါ နင့် Fanတွေတော့ ရူးခါတော့မှာ..."

Jennie ပြောပြီး ရယ်လိုက်သည်

Chaeyoung နာမည်ကြီးတဲ့ သီချင်းရေးဆရာနဲ့ အဆိုတော်ပါ သူမမှာ Jennieနဲ့ Lisa အပါအဝင် ကမ္ဘာတစ်ဝန်းက ပရိတ်သတ်တွေ millionsနဲ့ ချီပြီး ရှိပါတယ် 

စားသောက်ဆိုင်ကို ရောက်တော့ Jennieတို့ အစားအစာတွေမှာထားပြီး စကားပြောနေကြသည်

Chaelisa တို့ အရမ်းကဲပြ sweetပြနေလို့ Jennie စားသောက်ဆိုင်ကနေတောင် ပြေးထွက်ချင်နေပြီလေ

"နင်တို့တွေ ငြိမ်ငြိမ်စားလို့ မရဘူးလား "

တစ်ယောက်ကိုတစ်ယောက် ခွံ့ကျွေးနေတဲ့ Chaelisaကို ကြည့်ပြီး Jennie စိတ်ကုန်တဲ့ လေသံနဲ့ မေးလိုက်သည်

"ကဲပါ ငိုသံကြီးနဲ့ မပြောနဲ့ Jennie "

Lisa လျှာထုတ်ပြောင်ပြပြီး Jennie ကို စနောက်လိုက်သည်

"တစ်ယောက်ယောက်နဲ့ ချိန်းတွေ့ကြည့်ပါလား "

Chaeyoung ပြောတော့ Jennie ခေါင်းခါပြသည်

"ချိန်းတွေ့ဖို့အတွက် ငါ့မှာ အချိန်မရှိဘူး "

"Come on နင့် အသက် ၂၃နှစ် ရှိနေပြီ အခုထိ ကောင်လေးမရသေးဘူး"

"ကောင်မလေးပါ Lisa "

Jennie ထမင်းစားရင်း Lisa စကားကို ထောက်ပြောလိုက်သည်

Jennie ဘဝမှာ တစ်ခါမှ ကောင်လေးတွေကို ဆွဲဆောင်မှုရှိတယ်လို့ မတွေးဖူးသလို ချိန်းတွေ့ချင်စိတ်လည်း မရှိခဲ့ဖူးပေ

"ထားပါတော့ ကောင်မလေး.......အနည်းဆုံးတော့ ဒိတ်ကြည့်သင့်တယ် မဟုတ်ရင် နင် "

"Yah Lalisa နင် ပေါက်ကရတွေ ပြောဖို့ မစဥ်းစားနဲ့ "

Jennie သူမ သူငယ်ချင်းက ပေါက်ကရပြောတော့မယ်ဆိုတာ သိလို့ Lisaကို ထရိုက်တော့ Lisa ရှောင်ရင်း ထမင်းပန်းကန်မှောက်ကျသွားသည်

"Noo "

Lisa သူစားနေတဲ့ ထမင်းမှောက်ကျသွားတော့ မျက်နှာငယ်လေးနဲ့ အော်လိုက်သည်

Chaeyoungမှာ သူ့ချစ်သူ မျက်နှာလေးကို နမ်းလိုက်ပြီး

"ကဲပါ Chaeနဲ့ အတူစားမယ်လေ Chaeလည်း သိပ်ဆာတာ မဟုတ်ဘူး come backအတွက်လည်း ဝိတ်ထိန်းရမှာမို့ တူတူစားရအောင် "

"အာ ချစ်လိုက်တာ Chaeရယ် "

Lisa ပျော်ပြီး Chaeyoungကို ဖက်နမ်းသည်

"Aigoo စောင်အတွဲတွေနဲ့ ငါ စားချင်စိတ်ကို မရှိတော့ဘူး "

Jennieကတော့ ခေါင်းခါပြီး ရေရွတ်လိုက်သည်

************

အလုပ်ဆင်းချိန် ရောက်တော့ Jennie အလုပ်ကနေ တိုက်ခန်းကို ပြန်လာသည်

ပင်ပန်းနေသော်လည်း ညစာအတွက် ထမင်းကြော်ပြီး သူမခွေးလေး Kumaကိုလည်း ညစာကျွေးလိုက်သည်

ညစာစားပြီးနောက်မှာတော့ Jennie သူမအခန်းထဲ ပစ်လှဲပြီး laptopကို ဖွင့်ကာ Netflix က 13 reasons why ရုပ်ရှင်ကို ကြည့်နေသည်

အပိုင်းနှစ်ပိုင်း ကြည့်ပြီးနောက်မှာတော့ Jennie မနက်ဖြန် အလုပ်သွားရအုံးမှာမို့ အိပ်ဖို့ စဥ်းစားပြီး laptopကို ပိတ်လိုက်သည်

သူမဘေးနား အိပ်ပျော်နေတဲ့ Kuma ခေါင်းလေးကို နမ်းပြီး Jennie စောင်ခြုံကာ အိပ်လိုက်သည်

နောက်တစ်နေ့ မနက်နိုးလာတော့ Lisa က သူမဆီ ဖုန်းဆက်လာသည်

"Hello Lisa "

"ငါ ဒီနေ့ ခွင့်ယူလို့ရလားဟင် "

"ဘာလို့လည်း "

"Chaeရဲ့ သူငယ်ချင်းလေ ဆေးရုံတင်ထားရလို့ အဲ့တာ လူနာသွားမေးမလို့ "

"အင်းပါ ဒါဆိုလည်း ဒီနေ့ Schedule တွေ ငါ့ကို emailပို့လိုက်နော် "

"Ok ကျေးဇူး Jennie Bye "

ဒီနေ့တော့ နားပူနားဆာလုပ်မယ့် အတွင်းရေးမှူး မရှိတော့ Jennie နားအေးပါးအေး အလုပ်လုပ်နေနိုင်သည်

Jennie ညနေစောင်းတော့ အိမ်ပြန်လာပြီး ဧည့်ခန်းထဲတွင် ခဏထိုင်နားနေသည်

ထိုစဥ် မီးဖိုခန်းထဲက အသံကြားလို့ ထကြည့်တော့ Kuma တစ်ကောင် သူ့စားခွက်ကို တွန်းဆော့နေတာ တွေ့ရသည်

Jennieလည်း ဧည့်ခန်းထဲ ပြန်လာပြီး ထိုင်နေစဥ် Kumaက သူမကိုယ်ပေါ်ပြေးတက်လာသည်

Kuma အမွှေးလေးတွေကို ပွတ်ပေးရင်း မီးဖိုခန်းထဲက အသံထပ်ကြားရပြန်သည်

Kuma က သူမကိုယ်ပေါ်က ဆင်းသွားပြီး မီးဖိုခန်းထဲ ကြည့်ကာ ဟောင်နေသောကြောင့် Jennie လန့်သွားသည်

"ဘာလား...ငါ အိမ်တံခါးလော့ချထားပါတယ်ဟ "

"Hey Bubby clam down "

Jennie ချက်ချင်းဘဲ မီးဖိုခန်းဘက်သွားစဥ်  အက်ကွဲပြီးလေးနက်တဲ့ အသံကြောင့် သူမနှလုံးခုန်နှုန်း မြန်သွားလေသည်

Kumaကလည်း ဟောင်တာရပ်သွားပြီး ချွဲနေသလို တအီအီနဲ့အော်နေသည်

Jennie မီးဖိုခန်းထဲ ဝင်သွားတော့ သူမ ရေခဲသေတ္တာရှေ့ ရပ်နေတဲ့ ကောင်မလေးကို ကြည့်ပြီး မျက်လုံး ပြူးသွားသည်

ကောင်မလေးကတော့ Jennieကို ကျောပေးပြီး ရေခဲသေတ္တာထဲက မုန့်တွေ ယူစားနေသည်

"နင် ဘယ်သူလည်း "

ကောင်မလေးမှာ ရေခဲသေတ္တာကို ပိတ်ပြီး Jennieဘက်လှည့်ကာ ရယ်ပြလေသည်

"ဘာလို့ ရယ်ပြနေတာလည်း "

Jennie ရန်လုပ်ပြီး ထိုကောင်မလေးဆီသို့ လျှောက်သွားကာ ကောင်မလေး လက်ထဲက မုန့်ကိုဆွဲလုလိုက်သည်

"ငါ့မုန့်တွေ မစားနဲ့ "

Jennie ပြောပြီး ကောင်မလေးကို ကြည့်တော့ ကောင်မလေးမှာ အသားအရေဖြူဖတ်ဖြူရော် ဖြစ်နေပြီး မျက်ကွင်းတွေက ညိုနေသည်

အသည်းပုံနှုတ်ခမ်းလေးကလည်း ခြောက်သွေ့ပြီးကွဲအက်နေသည်

"နင် ဘယ်သူလည်း ငါ့အိမ်ထဲ ဘယ်လိုရောက်လာတာလည်း "

#Tbc

Happy Jensoo DayJensoo Dayမို့ ကျွန်တော် လက်တလော ဖတ်နေတဲ့ Jensoo Fic လေး Author ဆီက ခွင့်တောင်းပြီး Tranလိုက်ပါတယ်

#Zawgyi

Jennie တစ္ေယာက္ Emailေတြနဲ႕ စာခ်ဳပ္ေတြကို ၾကည့္ရင္း အလုပ္ရႈပ္ေနသည္

႐ုတ္တရက္ တံခါးေခါက္သံနဲ႕တံခါးဖြင့္သံၾကားလို႔ လွမ္းၾကည့္ေတာ့ သူမရဲ႕ စိတ္အႏွောင့္ယွက္ေပးတတ္တဲ့ သူငယ္ခ်င္းျဖစ္သူ ဒါမွမဟုတ္ အတြင္းေရးမႉးျဖစ္သူက သူမကို ေၾကာက္စရာေကာင္းတဲ့အၿပဳံးနဲ႕ ၿပဳံးျပေနတာကို ေတြ႕လိုက္ရသည္

"ဘာကိစၥရွိလို႔လည္း "

Jennie ေမးၿပီး သူမေရွ႕က စာ႐ြက္ေတြဆီဘဲ အာ႐ုံျပန္ထားလိုက္သည္

Jennie မႏွစ္ကဘဲ ဘြဲ႕ရၿပီး ယခု သူမ မိဘေတြရဲ႕ လုပ္ငန္းထဲ ဝင္လုပ္ေနရသည္

ဖိအားနည္းနည္းမ်ားတာကလြဲလို႔ အလုပ္လုပ္ရတာကို Jennie သေဘာက်သည္

Jennie အခုမွ လုပ္ငန္းခြင္ထဲ စဝင္ေပမယ့္ CEOက ျဖစ္ေနၿပီ ...သူမ မိဘေတြရဲ႕ company ျဖစ္တာက တစ္ေၾကာင္း သူမ အလုပ္ႀကိဳးစားခဲ့လို႔ ရွယ္ယာရွင္ေတြဆီကပါ ေထာက္ခံခ်က္ေတြနဲ႕အတူ CEO ျဖစ္လာခဲ့ျခင္း ျဖစ္သည္

"ေန႕လည္စာ စားခ်ိန္ေရာက္ၿပီဟ နင့္ေရွ႕က ခ်ီးထုပ္ေတြဘဲ အာ႐ုံစိုက္လုပ္ေနရင္ ငတ္ေသလိမ့္မယ္...."

"အဲ့တာ ခ်ီးထုပ္ေတြ မဟုတ္ဘူး Lisaရဲ႕ ေငြ ေတြ ေငြေတြ "

Jennie မ်က္ေမွာင္ၾကဳတ္ၿပီး Lisaကို ေငါက္လိုက္သည္

"နင့္မွာ ပိုက္ဆံေတြအမ်ားႀကီး ရွိေနတာကို ဘာေတြ ျဖစ္ေနတာလည္း လာပါ ငါတို႔နဲ႕ ေန႕လည္စာ လိုက္စားစမ္းပါ နင္ အဆာလြန္ၿပီး အစာအိမ္ျဖစ္လိမ့္မယ္ "

"ပိုက္ဆံက အမ်ားႀကီးရွိေပမယ့္ ေနာင္ေရးအတြက္လည္း ရွာရေသးတယ္ေလ Lisa ရ...ကဲပါ နင္နဲ႕အတူ ေန႕လည္စာလိုက္စားပါမယ္ ငါလည္း ဗိုက္ဆာေနၿပီ "

Jennieေျပာၿပီး သူမရဲ႕ ကားေသာ့နဲ႕ဖုန္းကို ပိုက္ဆံအိတ္ထဲ ထည့္လိုက္သည္ ထို႔ေနာက္ တိုင္မွာ ခ်ိတ္ထားတဲ့ သူမရဲ႕ coatကို ယူဝတ္လိုက္သည္

"Chaeyoungကေရာ "

"သူက studioထဲမွာ....ငါတို႔ တစ္ခါတည္း ဝင္ေခၚမယ္ေလ ရတယ္မလား "

"ရတာေပါ့ သြားၾကစို႔ "

Chaeyoung က Lisaရဲ႕ ခ်စ္သူပါ သူမတို႔ တြဲေနတာ ႏွစ္ႏွစ္ ရွိပါၿပီ

Lisaလို ေၾကာင္ေတာင္ေတာင္ မိန္းကေလးက Chaeyoungလို သိမ္သိမ္ေမြ႕ေမြ႕ ႏူးႏူးညံ့ညံ့နဲ႕ လွပၿပီး အရည္အခ်င္းရွိတဲ့ ေကာင္မေလးကို ဘယ္လိုမ်ား လိုက္ခဲ့လည္းလို႔ Jennie စဥ္းစားလို႔မရေပ

Chaeyoung စိတ္ဆိုးစိတ္တိုတာမ်ိဳး Jennie တစ္ခါမွ မျမင္ဖူးေပ....Lisaကေတာ့ စိတ္တိုၿပီဆိုရင္ ရပ္ကြက္ပ်က္ေအာင္ ထေအာ္တတ္သည္

Jennieကေတာ့ Lisa ကို ေက်ာင္းမွာကတည္းက ခင္ခဲ့ေတာ့ Lisaအေၾကာင္း သိတယ္ေလ Lisa စိတ္တိုၿပီဆိုတာနဲ႕ Lisaနဲ႕ ေဝးရာကိုသြားရင္းသြားေန မသြားနိုင္ရင္ နားၾကပ္တပ္ၿပီး သီခ်င္းဖြင့္ နားေထာင္ရသည္

"Hey Jennie "

Chaeyoungမွာ Jennieရဲ႕ ကားထဲကို ဝင္လာၿပီး Jennieကို ႏႈတ္ဆက္လိုက္သည္

"Recording လုပ္ရတာ ဘယ္လိုလည္း အဆင္ေျပလား Chaeyoung "

Jennie ကားစေမာင္းရင္း ေမးလိုက္သည္

"ေျပပါတယ္ မၾကာခင္ သီခ်င္း အကုန္ သြင္းၿပီးေတာ့မွာ "

Chaeyoung ၿပဳံးၿပီး ေျပာလိုက္သည္

"Album အသစ္ထြက္လာတဲ့အခါ နင့္ Fanေတြေတာ့ ႐ူးခါေတာ့မွာ..."

Jennie ေျပာၿပီး ရယ္လိုက္သည္

Chaeyoung နာမည္ႀကီးတဲ့ သီခ်င္းေရးဆရာနဲ႕ အဆိုေတာ္ပါ သူမမွာ Jennieနဲ႕ Lisa အပါအဝင္ ကမၻာတစ္ဝန္းက ပရိတ္သတ္ေတြ millionsနဲ႕ ခ်ီၿပီး ရွိပါတယ္ 

စားေသာက္ဆိုင္ကို ေရာက္ေတာ့ Jennieတို႔ အစားအစာေတြမွာထားၿပီး စကားေျပာေနၾကသည္

Chaelisa တို႔ အရမ္းကဲျပ sweetျပေနလို႔ Jennie စားေသာက္ဆိုင္ကေနေတာင္ ေျပးထြက္ခ်င္ေနၿပီေလ

"နင္တို႔ေတြ ၿငိမ္ၿငိမ္စားလို႔ မရဘူးလား "

တစ္ေယာက္ကိုတစ္ေယာက္ ခြံ႕ေကြၽးေနတဲ့ Chaelisaကို ၾကည့္ၿပီး Jennie စိတ္ကုန္တဲ့ ေလသံနဲ႕ ေမးလိုက္သည္

"ကဲပါ ငိုသံႀကီးနဲ႕ မေျပာနဲ႕ Jennie "

Lisa လွ်ာထုတ္ေျပာင္ျပၿပီး Jennie ကို စေနာက္လိုက္သည္

"တစ္ေယာက္ေယာက္နဲ႕ ခ်ိန္းေတြ႕ၾကည့္ပါလား "

Chaeyoung ေျပာေတာ့ Jennie ေခါင္းခါျပသည္

"ခ်ိန္းေတြ႕ဖို႔အတြက္ ငါ့မွာ အခ်ိန္မရွိဘူး "

"Come on နင့္ အသက္ ၂၃ႏွစ္ ရွိေနၿပီ အခုထိ ေကာင္ေလးမရေသးဘူး"

"ေကာင္မေလးပါ Lisa "

Jennie ထမင္းစားရင္း Lisa စကားကို ေထာက္ေျပာလိုက္သည္

Jennie ဘဝမွာ တစ္ခါမွ ေကာင္ေလးေတြကို ဆြဲေဆာင္မႈရွိတယ္လို႔ မေတြးဖူးသလို ခ်ိန္းေတြ႕ခ်င္စိတ္လည္း မရွိခဲ့ဖူးေပ

"ထားပါေတာ့ ေကာင္မေလး.......အနည္းဆုံးေတာ့ ဒိတ္ၾကည့္သင့္တယ္ မဟုတ္ရင္ နင္ "

"Yah Lalisa နင္ ေပါက္ကရေတြ ေျပာဖို႔ မစဥ္းစားနဲ႕ "

Jennie သူမ သူငယ္ခ်င္းက ေပါက္ကရေျပာေတာ့မယ္ဆိုတာ သိလို႔ Lisaကို ထရိုက္ေတာ့ Lisa ေရွာင္ရင္း ထမင္းပန္းကန္ေမွာက္က်သြားသည္

"Noo "

Lisa သူစားေနတဲ့ ထမင္းေမွာက္က်သြားေတာ့ မ်က္ႏွာငယ္ေလးနဲ႕ ေအာ္လိုက္သည္

Chaeyoungမွာ သူ႕ခ်စ္သူ မ်က္ႏွာေလးကို နမ္းလိုက္ၿပီး

"ကဲပါ Chaeနဲ႕ အတူစားမယ္ေလ Chaeလည္း သိပ္ဆာတာ မဟုတ္ဘူး come backအတြက္လည္း ဝိတ္ထိန္းရမွာမို႔ တူတူစားရေအာင္ "

"အာ ခ်စ္လိုက္တာ Chaeရယ္ "

Lisa ေပ်ာ္ၿပီး Chaeyoungကို ဖက္နမ္းသည္

"Aigoo ေစာင္အတြဲေတြနဲ႕ ငါ စားခ်င္စိတ္ကို မရွိေတာ့ဘူး "

Jennieကေတာ့ ေခါင္းခါၿပီး ေရ႐ြတ္လိုက္သည္

************

အလုပ္ဆင္းခ်ိန္ ေရာက္ေတာ့ Jennie အလုပ္ကေန တိုက္ခန္းကို ျပန္လာသည္

ပင္ပန္းေနေသာ္လည္း ညစာအတြက္ ထမင္းေၾကာ္ၿပီး သူမေခြးေလး Kumaကိုလည္း ညစာေကြၽးလိုက္သည္

ညစာစားၿပီးေနာက္မွာေတာ့ Jennie သူမအခန္းထဲ ပစ္လွဲၿပီး laptopကို ဖြင့္ကာ Netflix က 13 reasons why ႐ုပ္ရွင္ကို ၾကည့္ေနသည္

အပိုင္းႏွစ္ပိုင္း ၾကည့္ၿပီးေနာက္မွာေတာ့ Jennie မနက္ျဖန္ အလုပ္သြားရအုံးမွာမို႔ အိပ္ဖို႔ စဥ္းစားၿပီး laptopကို ပိတ္လိုက္သည္

သူမေဘးနား အိပ္ေပ်ာ္ေနတဲ့ Kuma ေခါင္းေလးကို နမ္းၿပီး Jennie ေစာင္ၿခဳံကာ အိပ္လိုက္သည္

ေနာက္တစ္ေန႕ မနက္နိုးလာေတာ့ Lisa က သူမဆီ ဖုန္းဆက္လာသည္

"Hello Lisa "

"ငါ ဒီေန႕ ခြင့္ယူလို႔ရလားဟင္ "

"ဘာလို႔လည္း "

"Chaeရဲ႕ သူငယ္ခ်င္းေလ ေဆး႐ုံတင္ထားရလို႔ အဲ့တာ လူနာသြားေမးမလို႔ "

"အင္းပါ ဒါဆိုလည္း ဒီေန႕ Schedule ေတြ ငါ့ကို emailပို႔လိုက္ေနာ္ "

"Ok ေက်းဇူး Jennie Bye "

ဒီေန႕ေတာ့ နားပူနားဆာလုပ္မယ့္ အတြင္းေရးမႉး မရွိေတာ့ Jennie နားေအးပါးေအး အလုပ္လုပ္ေနနိုင္သည္

Jennie ညေနေစာင္းေတာ့ အိမ္ျပန္လာၿပီး ဧည့္ခန္းထဲတြင္ ခဏထိုင္နားေနသည္

ထိုစဥ္ မီးဖိုခန္းထဲက အသံၾကားလို႔ ထၾကည့္ေတာ့ Kuma တစ္ေကာင္ သူ႕စားခြက္ကို တြန္းေဆာ့ေနတာ ေတြ႕ရသည္

Jennieလည္း ဧည့္ခန္းထဲ ျပန္လာၿပီး ထိုင္ေနစဥ္ Kumaက သူမကိုယ္ေပၚေျပးတက္လာသည္

Kuma အေမႊးေလးေတြကို ပြတ္ေပးရင္း မီးဖိုခန္းထဲက အသံထပ္ၾကားရျပန္သည္

Kuma က သူမကိုယ္ေပၚက ဆင္းသြားၿပီး မီးဖိုခန္းထဲ ၾကည့္ကာ ေဟာင္ေနေသာေၾကာင့္ Jennie လန့္သြားသည္

"ဘာလား...ငါ အိမ္တံခါးေလာ့ခ်ထားပါတယ္ဟ "

"Hey Bubby clam down "

Jennie ခ်က္ခ်င္းဘဲ မီးဖိုခန္းဘက္သြားစဥ္  အက္ကြဲၿပီးေလးနက္တဲ့ အသံေၾကာင့္ သူမႏွလုံးခုန္ႏႈန္း ျမန္သြားေလသည္

Kumaကလည္း ေဟာင္တာရပ္သြားၿပီး ခြၽဲေနသလို တအီအီနဲ႕ေအာ္ေနသည္

Jennie မီးဖိုခန္းထဲ ဝင္သြားေတာ့ သူမ ေရခဲေသတၱာေရွ႕ ရပ္ေနတဲ့ ေကာင္မေလးကို ၾကည့္ၿပီး မ်က္လုံး ျပဴးသြားသည္

ေကာင္မေလးကေတာ့ Jennieကို ေက်ာေပးၿပီး ေရခဲေသတၱာထဲက မုန့္ေတြ ယူစားေနသည္

"နင္ ဘယ္သူလည္း "

ေကာင္မေလးမွာ ေရခဲေသတၱာကို ပိတ္ၿပီး Jennieဘက္လွည့္ကာ ရယ္ျပေလသည္

"ဘာလို႔ ရယ္ျပေနတာလည္း "

Jennie ရန္လုပ္ၿပီး ထိုေကာင္မေလးဆီသို႔ ေလွ်ာက္သြားကာ ေကာင္မေလး လက္ထဲက မုန့္ကိုဆြဲလုလိုက္သည္

"ငါ့မုန့္ေတြ မစားနဲ႕ "

Jennie ေျပာၿပီး ေကာင္မေလးကို ၾကည့္ေတာ့ ေကာင္မေလးမွာ အသားအေရျဖဴဖတ္ျဖဴေရာ္ ျဖစ္ေနၿပီး မ်က္ကြင္းေတြက ညိုေနသည္

အသည္းပုံႏႈတ္ခမ္းေလးကလည္း ေျခာက္ေသြ႕ၿပီးကြဲအက္ေနသည္

"နင္ ဘယ္သူလည္း ငါ့အိမ္ထဲ ဘယ္လိုေရာက္လာတာလည္း "

#Tbc

Happy Jensoo DayJensoo Dayမို႔ ကြၽန္ေတာ္ လက္တေလာ ဖတ္ေနတဲ့ Jensoo Fic ေလး Author ဆီက ခြင့္ေတာင္းၿပီး Tranလိုက္ပါတယ္

Bạn đang đọc truyện trên: Truyen3h.Co