Truyen3h.Co

Lies

Part 2

KimFany059

#Unicode

"နင် ဘယ်သူလည်း နင် ငါ့အိမ်ထဲ ဘယ်လိုရောက်လာတာလည်း "

Jennieမှာ သူမ လက်ထဲက ပစ္စည်းနဲ့ ကောင်မလေးကို ချိန်ထားပြီး မေးလေသည်

"Oh please နင့်လက်ထဲက အရုပ်ချထားစမ်းပါ ... ကလေးလည်း မဟုတ်ဘူး အရုပ်နဲ့ ဘာလုပ်နေတာလည်း "

ကောင်မလေးရဲ့ စကားကြောင့် Jennie မှာ လက်ထဲက အရုပ်ကို ပစ်ချလိုက်သည်

သူမ ခုနက လန့်ပြီး Kumaရဲ့ အရုပ်ကို ကောက်ယူလာခဲ့ခြင်း ဖြစ်သည်

"အာ.....ဟေး ရေခဲသေတ္တာထဲက ငါ့မုန့်တွေ ယူမစားနဲ့လေ "

"လုပ်ပါဟာ ငါ့ကို စားခွင့်ပေးစမ်းပါ ငါဗိုက်အရမ်း ဆာနေလို့.... ဘယ်အချိန်က နောက်ဆုံးစားခဲ့မှန်းတောင် မမှတ်မိတော့ဘူး ....."

သူမရဲ့ အိမ်လို သဘောထားပြီး ရေခဲသေတ္တာထဲက မုန့်တွေယူစားနေတဲ့ ကောင်မလေးကို မယုံနိုင်တဲ့ အကြည့်နဲ့ Jennie ကြည့်နေသည်

"ငါ လုံခြုံရေးကို သွားခေါ်မှာနော် "

Jennie ပြောပြီး မီးဖိုခန်းထဲက ထွက်ကာ ဧည့်ခန်းထဲသို့ သွားသည် ထို့နောက် ဖုန်းကို ကိုင်ပြီး တိုက်ခန်း လုံခြုံရေးရဲ့ ဖုန်းနံပါတ်ကို ရှာနေသည်

"မလုပ်ပါနဲ့ဟာ "

ရုတ်တရက် အနောက်ကနေ ရောက်လာတဲ့ သူမကြောင့် Jennie လန့်သွားသည်

"သောက်ပလုတ်တုတ် လန့်တာဟယ် "

"လုပ်ပါ လုံခြုံရေးကို ဖုန်းမဆက်ပါနဲ့ "

သနားစရာကောင်းတဲ့ ခွေးပေါက်လေး မျက်လုံးနဲ့ Jennieကို နှုတ်ခမ်းလေးစူပြီး ကြည့်နေတဲ့ ကောင်မလေးကို Jennie မျက်စောင်းထိုးလိုက်သည်

"ငါ့ကို အဲ့လိုလာကြည့်လည်း သနားပြီး စိတ်ပြောင်းမယ် မထင်နဲ့.... "

"အီ..."

ခွေးပေါက်လေး တစ်ကောင်လို ချစ်စရာကောင်းတဲ့အသံလေးနဲ့ သနားစရာကောင်းတဲ့ ကောင်မလေးရဲ့ မျက်နှာပေးကြောင့် Jennie ဖုန်းခေါ်နေရာကနေ ဖုန်းချပစ်လိုက်သည်

"ကောင်းပြီ ငါ ဖုန်းမခေါ်တော့ဘူး ဒါပေမယ့် နင့်အကြောင်းနဲ့ နင် ဘယ်ကနေဘယ်လိုလုပ် ငါ့ဆီရောက်လာတာလည်း ပြောပြရမယ်..."

"Hey နင် အခုမှ တွေ့တဲ့လူကို အကုန်သိချင်နေတာက ဥပဒေနဲ့ မညီညွတ်ဘူးနော် "

ကောင်မလေးရဲ့ စကားကြောင့် Jennie မျက်မှောင်ကြုတ်သွားသည်

"ဘာ ဘယ်လို ဥပဒေနဲ့ မညီညွတ်ဘူး ဟုတ်လား ဘာတွေလျှောက်ပြောနေ နင်သာ ဥပပေနဲ့ မညီညွတ်တာ လုပ်တာ သိရဲ့လား သူများအိမ်ထဲ ခွင့်ပြုချက် မရှိဘဲ ဝင်လာတာလေ "

ကောင်မလေးရဲ့ ပခုံးကို လက်ညိုးနဲ့ ထိုးပြီး Jennie ပြောလိုက်သည်

"ဟော ဟော သူများ အသားကို ခွင့်ပြုချက် မရှိဘဲ လာထိတာ ရိုင်းပါတယ်နော် "

ကောင်မလေးရဲ့ စကားကြောင့် Jennke သူမလျှာကို ပါးစောင်ဘက်ထိုးကာ စိတ်လျော့နေရသည်

"ထိုင် "

Jennieက ထိုင်ခိုင်းတော့ ကောင်မလေးမှာ ဆိုဖာတွင် ထိုင်လိုက်သည်

Jennieက ကောင်မလေးနဲ့ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်တယ်

"နင့်နာမည်က...."

Jennie မေးတော့ ကောင်မလေးမှာ စဥ်းစားနေသည်

"ငါ့နာမည်က...."

"ငါ့ကို လိမ်ပြောဖို့ မစဥ်းစားနဲ့နော်...အမှန်တိုင်းပြော.... "

Jennieမှာ မျက်စောင်းထိုးကာ ကောင်မလေးကို ပြောလိုက်သည်

"ငါ မသိတော့ဘူး ငါ့နာမည်ငါ မမှတ်မိဘူး ...."

ကောင်မလေးမှာ ပြောပြီး ခေါင်းငုံ့ထားလိုက်သည်

" ငါ နင်နဲ့ ဆော့နေတာ မဟုတ်ဘူးနော် တကယ် မေးနေတာ ငါမေးတာ အမှန်တိုင်း ဖြေရင်ဖြေ မဖြေရင် လုံခြုံရေးတွေကို ခေါ်လိုက်မှာ "

Jennieစကားကြောင့် ကောင်မလေးမှာ Jennie ရဲ့ မျက်နှာကို မော့ကြည့်လိုက်သည်

ကောင်မလေးရဲ့ မျက်ဝန်းတွေကို Jennie ဖတ်လို့မရ....နားမလည်ပေ...တစ်ခုခုပျောက်ဆုံးနေသလို ခံစားနေရသည်

"ငါ တကယ်ပြောနေတာ ငါ့ နာမည် ငါ မမှတ်မိဘူး "

Jennie မှာ သက်ပြင်းချပြီး ကောင်မလေးရဲ့ မျက်လုံးကို စိုက်ကြည့်လိုက်သည်

"ဒါဆို အိမ်ထဲ နင် ဘယ်လိုရောက်လာတာလည်း "

"အဲ့တာလည်း ငါမသိဘူး "

ကောင်မလေးမှာ သက်ပြင်းချပြီး ဆက်ပြောလေသည်

"နင့်ရဲ့ ခွေးက ငါ့မျက်နှာကို လျှာနဲ့ရက်နေလို့ ငါ သတိရလာတာ သတိရလာတော့ ငါ ကြမ်းပြင်အေးကြီးပေါ် လဲနေတာဘဲ "

"နင် အဲ့လိုပြောတာနဲ့ ပြီးသွားမယ်ထင်နေတာလား ဘာစကားတွေပြောနေတာလည်း "

"ဒီအခြေအနေမှာ ငါက လိမ်ပြောပါ့မလား ငါအမှန်တိုင်း ပြောနေတာပါဟာ "

"ကောင်းပြီ ဒါဆို အခုထွက်သွားပြီး ဘယ်တော့မှ ပြန်မလာနဲ့တော့ "

"ငါက ဘယ်ကို သွားရမလည်း "

"ဘာလို့ ငါ့လာမေးနေတာလည်း နင့်အိမ်နင်ပြန်ပေါ့ "

"ငါ့နာမည်တောင် ငါမမှတ်မိပါဘူးဆို အိမ်ကို ဘယ်လိုလုပ်မှတ်မိမှာလည်းဟာ "

ကောင်မလေးရဲ့ စကားကြောင့် Jennie သက်ပြင်းထပ်ချပြန်သည်

"ငါ ဘာကိုမှ မမှတ်မိဘူး "

ကောင်မလေးမှာ ပြောရင်း ငိုလာသောကြောင့် သူမ လိမ်တော့မပြောလောက်ပါဘူး အမှန်တိုင်းပြောနေတာ နေမှာပါလို့ Jennie တွေးမိလာသည်

ဒါပေမယ့် Drama ကားထဲကလို ဟန်ဆောင်နေင်ရောဆိုပြီး Jennie ထပ်တွေးမိပြန်သည်

"မမှတ်မိလည်း ထွက်သွား.... "

Jennieရဲ့ စကားကြောင့် ကောင်မလေးမှာ မျက်ရည်တွေ သုတ်ပြီး ထရပ်လိုက်သည်

"ကောင်းပြီလေ ငါ ထွက်သွားပေးပါမယ် "

Jennie ကို သနားစရာကောင်းတဲ့ အကြည့်လေးနဲ့ ကြည့်ပြီး တံခါးဘက်သို့ သွားလေသည်

Jennieလည်း ဖုန်းကိုကောက်ကိုင်ဖွင့်လိုက်တော့ ည ကိုးနာရီကျော်သွားတာကို တွေ့လိုက်ရသည်

"ညကိုးနာရီကျော်မှာ Taxiတွေ ရှိပါအုံးမလား....သူ တစ်ယောက်တည်း အပြင်မှာ အန္တရာယ်များတယ် ခုခေတ်က Taxi သမားလည်း ယုံရတာ မဟုတ်ဘူး "

Jennieမှာ ကောင်မလေးကို ရုတ်တရက် စိတ်ပူသွားပြီး တိုက်ခန်းထဲက ပြေးထွက်လာသည်

ဓာတ်လှေကားခလုတ်ကို ဆက်တိုက်နှိပ်တော့ ဓာတ်လှေကားက ပွင့်လာသည် အထဲမှာ ဘယ်သူမှမရှိပေ .... Jennie ဓာတ်လှေကားထဲ ဝင်ပြီး အောက်ကိုဆင်းကာ ကောင်မလေးကို လိုက်ရှာပေမယ့် တိုက်ခန်းအနီးအနားတဝိုက်တွင် ကောင်မလေးရဲ့ အရိပ်အယောင်ကိုမတွေ့ရပေ

"Shit ခုမှတွေ့ဖူးတဲ့ ကောင်မလေးအတွက် ငါ ဘာတွေလုပ်နေတာလည်း "

Jennie သူ့ကိုယ်သူ ကျိန်ဆဲပြီး တိုက်ခန်းကိုပြန်လာသည်

နောက်တစ်နေ့မနက်တွင် ဖုန်းမြည်သံကြောင့် Jennie လန့်နိုးလာသည်

"Good Morning Jennie. ...နင့်အတွက် အချိန်ဇယားတွေ emailက ပို့လိုက်ပြီနော် Bye "

Jennie ဘက်က ဘာမှပြောချိန်မရ Lisa သူမပြောချင်တာပြောပြီး ဖုန်းချလိုက်သည်

Jennie လည်း ဖုန်းပိတ်ပြီး အိပ်မပျော်တော့တာနဲ့ မျက်နှာထသစ်လေသည်

ထို့နောက် အိပ်ခန်းတံခါးဖွင့်လိုက်သောအခါ သူမ အခန်းရှေ့ ရပ်နေတဲ့ ကောင်မလေးကိုတွေ့ပြီး လန့်သွားတယ်

"အား....နင် ..."

ကောင်မလေးကို Jennie လက်ညိုထိုးပြီး အော်တော့ ကောင်မလေးမှာ ပခုံးတွန့်ပြသည်

"နင့်ကိုငါ ထွက်သွားပြီး ပြန်မလာတော့ဖို့ပြောတယ်လေ နင် ဘာလို့ပြန်လာတာလည်း "

"မသိဘူး ငါ ဘယ်သွားသွား ဒီကိုဘဲ ပြန်ရောက်နေတာ "

"အဓိပ်ပါယျ မရှိတာတွေ မပြောနဲ့တော့ ငါ တကယ် လုံခြုံရေးကို ဖုန်းဆက်ခေါ်လိုက်မယ် "

"ခေါ်လေ သူတို့ ငါ့ကို မြင်မှာ မဟုတ်ဘူး "

ကောင်မလေးမှာ မျက်ခုံးပင့်ကာ ပြောတော့ Jennie မျက်မှောင်ကြုတ်သွားတယ်

"ဘာ..."

"မနေ့ညက ငါ အပြင်ထွက်သွားတော့ လူတွေက ငါ့ကို မရှောင်ဘဲ ဝင်တိုက်သွားတာ ဒါပေမယ့် ငါ့အသားလည်းမနာဘဲ ငါ့ကိုယ်ကနေ ဖြတ်ကျော်သွားကြတာ...."

"ဘာနေနေ နင့်ကိုမယုံဘူး Hello... အခန်းနံပါတ် 005 ကပါ အခန်းထဲ ဝင်ရောက်ကျူးကျော်လာတဲ့သူရှိလို့ အမြန်လာခဲ့ပေးပါ "

Jennie ပြောပြီး ဖုန်းချတော့ ကောင်မလေးမှာ ခေါင်းခါရင်း Kuma ခေါင်းလေးကို ပွတ်ကာ

"နင် လုံခြုံရေးတွေကို ခေါ်လိုက်တာ မှားသွားပြီ "

"ခဏနေ သူတို့ရောက်လာတဲ့အခါ ဘယ်သူမှားလည်း မှန်လည်း တွေ့ရလိမ့်မယ် "

"သူတို့ ငါ့ကိုမမြင်နိုင်ပါဘူးဆိုဟာ "

ခဏကြာတော့ လုံခြုံရေးတွေ ရောက်လာသည်

Jennie တံခါးဖွင့်ပေးပြီး အိမ်ထဲသို့ ဝင်ခိုင်းလိုက်သည်

"တရားခံက ဘယ်မှာလည်း "

"ဆိုဖာပေါ်မှာလေ ခွေးလေးနဲ့ ဆော့နေတာ "

Jennie စကားကြောင့် လုံခြုံရေးမှာ ဆိုဖာကို ကြောင်တောင်တောင်နဲ့ ကြည့်နေသည်

"Excuse Me Miss. ..ကျွန်တော့်ကို မနောက်ပါနဲ့ တရားခံက ဘယ်မှာလည်း "

"ဆိုဖာပေါ်မှာ ခွေးနဲ့ဆော့နေတာ မမြင်ဘူးလား "

"Miss ကတော့နောက်ပြီ ခွေးလေးဘဲ ဆိုဖာပေါ်ဆော့နေတာလေ ဘယ်မှာလည်း တရားခံက "

လုံခြုံရေး စကားကြောင့် Jennie အံ့သြပြီး ကောင်မလေးဆီ သွားကာ လက်ညိုးထိုးပြသည်

"ဒီမှာလေ "

"အာ...Miss ရုပ်ရှင်ကြည့်တာလေးလျော့ပါ....တကယ်လိုအပ်မှ ကျွန်တော်တို့ကို ဖုန်းဆက်ပါဗျာ.....သွားခွင့်ပြုပါအုံး "

လုံခြုံရေးမှာ Jennieကို နှုတ်ဆက်ပြီး ထွက်သွားသည်

ကောင်မလေးမှာ လုံခြုံရေး ထွက်သွားတော့ လက်ခုပ်တီးပြီး

"ငါပြောပါတယ် ဘယ်သူမှ မမြင်နိုင်ပါဘူးဆို "

"ဒါဆို ငါက ဘာလို့ မြင်ရတာလည်း "

"ဒါတော့ ငါမသိဘူးလေ "

Jennieမှာ ကောင်မလေး လက်ကို ကိုင်လိုက်တော့

"Oh my god နင့်လက်တွေ အေးစက်နေတာဘဲ "

"နင် သရဲတွေကို ယုံလား "

ကောင်မလေးရဲ့ စကားကြောင့် Jennie မျက်လုံးပြူးသွားသည်

"နင်က သေပြီးသားလား သရဲလား "

"မသိဘူးလေ ငါက သေသွားတာလား သတ်ခံရတာလား ဒါမှမဟုတ်..... '

ကောင်မလေးရဲ့ စကားမဆုံးသေး Jennieမှာ မေ့လဲသွားလေသည်

#TBC

#zawgyi

"နင္ ဘယ္သူလည္း နင္ ငါ့အိမ္ထဲ ဘယ္လိုေရာက္လာတာလည္း "

Jennieမွာ သူမ လက္ထဲက ပစၥည္းနဲ႕ ေကာင္မေလးကို ခ်ိန္ထားၿပီး ေမးေလသည္

"Oh please နင့္လက္ထဲက အ႐ုပ္ခ်ထားစမ္းပါ ... ကေလးလည္း မဟုတ္ဘူး အ႐ုပ္နဲ႕ ဘာလုပ္ေနတာလည္း "

ေကာင္မေလးရဲ႕ စကားေၾကာင့္ Jennie မွာ လက္ထဲက အ႐ုပ္ကို ပစ္ခ်လိဳက္သည္

သူမ ခုနက လန့္ၿပီး Kumaရဲ႕ အ႐ုပ္ကို ေကာက္ယူလာခဲ့ျခင္း ျဖစ္သည္

"အာ.....ေဟး ေရခဲေသတၱာထဲက ငါ့မုန့္ေတြ ယူမစားနဲ႕ေလ "

"လုပ္ပါဟာ ငါ့ကို စားခြင့္ေပးစမ္းပါ ငါဗိုက္အရမ္း ဆာေနလို႔.... ဘယ္အခ်ိန္က ေနာက္ဆုံးစားခဲ့မွန္းေတာင္ မမွတ္မိေတာ့ဘူး ....."

သူမရဲ႕ အိမ္လို သေဘာထားၿပီး ေရခဲေသတၱာထဲက မုန့္ေတြယူစားေနတဲ့ ေကာင္မေလးကို မယုံနိုင္တဲ့ အၾကည့္နဲ႕ Jennie ၾကည့္ေနသည္

"ငါ လုံၿခဳံေရးကို သြားေခၚမွာေနာ္ "

Jennie ေျပာၿပီး မီးဖိုခန္းထဲက ထြက္ကာ ဧည့္ခန္းထဲသို႔ သြားသည္ ထို႔ေနာက္ ဖုန္းကို ကိုင္ၿပီး တိုက္ခန္း လုံၿခဳံေရးရဲ႕ ဖုန္းနံပါတ္ကို ရွာေနသည္

"မလုပ္ပါနဲ႕ဟာ "

႐ုတ္တရက္ အေနာက္ကေန ေရာက္လာတဲ့ သူမေၾကာင့္ Jennie လန့္သြားသည္

"ေသာက္ပလုတ္တုတ္ လန့္တာဟယ္ "

"လုပ္ပါ လုံၿခဳံေရးကို ဖုန္းမဆက္ပါနဲ႕ "

သနားစရာေကာင္းတဲ့ ေခြးေပါက္ေလး မ်က္လုံးနဲ႕ Jennieကို ႏႈတ္ခမ္းေလးစူၿပီး ၾကည့္ေနတဲ့ ေကာင္မေလးကို Jennie မ်က္ေစာင္းထိုးလိုက္သည္

"ငါ့ကို အဲ့လိုလာၾကည့္လည္း သနားၿပီး စိတ္ေျပာင္းမယ္ မထင္နဲ႕.... "

"အီ..."

ေခြးေပါက္ေလး တစ္ေကာင္လို ခ်စ္စရာေကာင္းတဲ့အသံေလးနဲ႕ သနားစရာေကာင္းတဲ့ ေကာင္မေလးရဲ႕ မ်က္ႏွာေပးေၾကာင့္ Jennie ဖုန္းေခၚေနရာကေန ဖုန္းခ်ပစ္လိုက္သည္

"ေကာင္းၿပီ ငါ ဖုန္းမေခၚေတာ့ဘူး ဒါေပမယ့္ နင့္အေၾကာင္းနဲ႕ နင္ ဘယ္ကေနဘယ္လိုလုပ္ ငါ့ဆီေရာက္လာတာလည္း ေျပာျပရမယ္..."

"Hey နင္ အခုမွ ေတြ႕တဲ့လူကို အကုန္သိခ်င္ေနတာက ဥပေဒနဲ႕ မညီၫြတ္ဘူးေနာ္ "

ေကာင္မေလးရဲ႕ စကားေၾကာင့္ Jennie မ်က္ေမွာင္ၾကဳတ္သြားသည္

"ဘာ ဘယ္လို ဥပေဒနဲ႕ မညီၫြတ္ဘူး ဟုတ္လား ဘာေတြေလွ်ာက္ေျပာေန နင္သာ ဥပေပနဲ႕ မညီၫြတ္တာ လုပ္တာ သိရဲ႕လား သူမ်ားအိမ္ထဲ ခြင့္ျပဳခ်က္ မရွိဘဲ ဝင္လာတာေလ "

ေကာင္မေလးရဲ႕ ပခုံးကို လက္ညိုးနဲ႕ ထိုးၿပီး Jennie ေျပာလိုက္သည္

"ေဟာ ေဟာ သူမ်ား အသားကို ခြင့္ျပဳခ်က္ မရွိဘဲ လာထိတာ ရိုင္းပါတယ္ေနာ္ "

ေကာင္မေလးရဲ႕ စကားေၾကာင့္ Jennke သူမလွ်ာကို ပါးေစာင္ဘက္ထိုးကာ စိတ္ေလ်ာ့ေနရသည္

"ထိုင္ "

Jennieက ထိုင္ခိုင္းေတာ့ ေကာင္မေလးမွာ ဆိုဖာတြင္ ထိုင္လိုက္သည္

Jennieက ေကာင္မေလးနဲ႕ မ်က္ႏွာခ်င္းဆိုင္တြင္ ထိုင္လိုက္တယ္

"နင့္နာမည္က...."

Jennie ေမးေတာ့ ေကာင္မေလးမွာ စဥ္းစားေနသည္

"ငါ့နာမည္က...."

"ငါ့ကို လိမ္ေျပာဖို႔ မစဥ္းစားနဲ႕ေနာ္...အမွန္တိုင္းေျပာ.... "

Jennieမွာ မ်က္ေစာင္းထိုးကာ ေကာင္မေလးကို ေျပာလိုက္သည္

"ငါ မသိေတာ့ဘူး ငါ့နာမည္ငါ မမွတ္မိဘူး ...."

ေကာင္မေလးမွာ ေျပာၿပီး ေခါင္းငုံ႕ထားလိုက္သည္

" ငါ နင္နဲ႕ ေဆာ့ေနတာ မဟုတ္ဘူးေနာ္ တကယ္ ေမးေနတာ ငါေမးတာ အမွန္တိုင္း ေျဖရင္ေျဖ မေျဖရင္ လုံၿခဳံေရးေတြကို ေခၚလိုက္မွာ "

Jennieစကားေၾကာင့္ ေကာင္မေလးမွာ Jennie ရဲ႕ မ်က္ႏွာကို ေမာ့ၾကည့္လိုက္သည္

ေကာင္မေလးရဲ႕ မ်က္ဝန္းေတြကို Jennie ဖတ္လို႔မရ....နားမလည္ေပ...တစ္ခုခုေပ်ာက္ဆုံးေနသလို ခံစားေနရသည္

"ငါ တကယ္ေျပာေနတာ ငါ့ နာမည္ ငါ မမွတ္မိဘူး "

Jennie မွာ သက္ျပင္းခ်ၿပီး ေကာင္မေလးရဲ႕ မ်က္လုံးကို စိုက္ၾကည့္လိုက္သည္

"ဒါဆို အိမ္ထဲ နင္ ဘယ္လိုေရာက္လာတာလည္း "

"အဲ့တာလည္း ငါမသိဘူး "

ေကာင္မေလးမွာ သက္ျပင္းခ်ၿပီး ဆက္ေျပာေလသည္

"နင့္ရဲ႕ ေခြးက ငါ့မ်က္ႏွာကို လွ်ာနဲ႕ရက္ေနလို႔ ငါ သတိရလာတာ သတိရလာေတာ့ ငါ ၾကမ္းျပင္ေအးႀကီးေပၚ လဲေနတာဘဲ "

"နင္ အဲ့လိုေျပာတာနဲ႕ ၿပီးသြားမယ္ထင္ေနတာလား ဘာစကားေတြေျပာေနတာလည္း "

"ဒီအေျခအေနမွာ ငါက လိမ္ေျပာပါ့မလား ငါအမွန္တိုင္း ေျပာေနတာပါဟာ "

"ေကာင္းၿပီ ဒါဆို အခုထြက္သြားၿပီး ဘယ္ေတာ့မွ ျပန္မလာနဲ႕ေတာ့ "

"ငါက ဘယ္ကို သြားရမလည္း "

"ဘာလို႔ ငါ့လာေမးေနတာလည္း နင့္အိမ္နင္ျပန္ေပါ့ "

"ငါ့နာမည္ေတာင္ ငါမမွတ္မိပါဘူးဆို အိမ္ကို ဘယ္လိုလုပ္မွတ္မိမွာလည္းဟာ "

ေကာင္မေလးရဲ႕ စကားေၾကာင့္ Jennie သက္ျပင္းထပ္ခ်ျပန္သည္

"ငါ ဘာကိုမွ မမွတ္မိဘူး "

ေကာင္မေလးမွာ ေျပာရင္း ငိုလာေသာေၾကာင့္ သူမ လိမ္ေတာ့မေျပာေလာက္ပါဘူး အမွန္တိုင္းေျပာေနတာ ေနမွာပါလို႔ Jennie ေတြးမိလာသည္

ဒါေပမယ့္ Drama ကားထဲကလို ဟန္ေဆာင္ေနင္ေရာဆိုၿပီး Jennie ထပ္ေတြးမိျပန္သည္

"မမွတ္မိလည္း ထြက္သြား.... "

Jennieရဲ႕ စကားေၾကာင့္ ေကာင္မေလးမွာ မ်က္ရည္ေတြ သုတ္ၿပီး ထရပ္လိုက္သည္

"ေကာင္းၿပီေလ ငါ ထြက္သြားေပးပါမယ္ "

Jennie ကို သနားစရာေကာင္းတဲ့ အၾကည့္ေလးနဲ႕ ၾကည့္ၿပီး တံခါးဘက္သို႔ သြားေလသည္

Jennieလည္း ဖုန္းကိုေကာက္ကိုင္ဖြင့္လိုက္ေတာ့ ည ကိုးနာရီေက်ာ္သြားတာကို ေတြ႕လိုက္ရသည္

"ညကိုးနာရီေက်ာ္မွာ Taxiေတြ ရွိပါအုံးမလား....သူ တစ္ေယာက္တည္း အျပင္မွာ အႏၱရာယ္မ်ားတယ္ ခုေခတ္က Taxi သမားလည္း ယုံရတာ မဟုတ္ဘူး "

Jennieမွာ ေကာင္မေလးကို ႐ုတ္တရက္ စိတ္ပူသြားၿပီး တိုက္ခန္းထဲက ေျပးထြက္လာသည္

ဓာတ္ေလွကားခလုတ္ကို ဆက္တိုက္ႏွိပ္ေတာ့ ဓာတ္ေလွကားက ပြင့္လာသည္ အထဲမွာ ဘယ္သူမွမရွိေပ .... Jennie ဓာတ္ေလွကားထဲ ဝင္ၿပီး ေအာက္ကိုဆင္းကာ ေကာင္မေလးကို လိုက္ရွာေပမယ့္ တိုက္ခန္းအနီးအနားတဝိုက္တြင္ ေကာင္မေလးရဲ႕ အရိပ္အေယာင္ကိုမေတြ႕ရေပ

"Shit ခုမွေတြ႕ဖူးတဲ့ ေကာင္မေလးအတြက္ ငါ ဘာေတြလုပ္ေနတာလည္း "

Jennie သူ႕ကိုယ္သူ က်ိန္ဆဲၿပီး တိုက္ခန္းကိုျပန္လာသည္

ေနာက္တစ္ေန႕မနက္တြင္ ဖုန္းျမည္သံေၾကာင့္ Jennie လန့္နိုးလာသည္

"Good Morning Jennie. ...နင့္အတြက္ အခ်ိန္ဇယားေတြ emailက ပို႔လိုက္ၿပီေနာ္ Bye "

Jennie ဘက္က ဘာမွေျပာခ်ိန္မရ Lisa သူမေျပာခ်င္တာေျပာၿပီး ဖုန္းခ်လိဳက္သည္

Jennie လည္း ဖုန္းပိတ္ၿပီး အိပ္မေပ်ာ္ေတာ့တာနဲ႕ မ်က္ႏွာထသစ္ေလသည္

ထို႔ေနာက္ အိပ္ခန္းတံခါးဖြင့္လိုက္ေသာအခါ သူမ အခန္းေရွ႕ ရပ္ေနတဲ့ ေကာင္မေလးကိုေတြ႕ၿပီး လန့္သြားတယ္

"အား....နင္ ..."

ေကာင္မေလးကို Jennie လက္ညိုထိုးၿပီး ေအာ္ေတာ့ ေကာင္မေလးမွာ ပခုံးတြန့္ျပသည္

"နင့္ကိုငါ ထြက္သြားၿပီး ျပန္မလာေတာ့ဖို႔ေျပာတယ္ေလ နင္ ဘာလို႔ျပန္လာတာလည္း "

"မသိဘူး ငါ ဘယ္သြားသြား ဒီကိုဘဲ ျပန္ေရာက္ေနတာ "

"အဓိပ္ပါယ် မရွိတာေတြ မေျပာနဲ႕ေတာ့ ငါ တကယ္ လုံၿခဳံေရးကို ဖုန္းဆက္ေခၚလိုက္မယ္ "

"ေခၚေလ သူတို႔ ငါ့ကို ျမင္မွာ မဟုတ္ဘူး "

ေကာင္မေလးမွာ မ်က္ခုံးပင့္ကာ ေျပာေတာ့ Jennie မ်က္ေမွာင္ၾကဳတ္သြားတယ္

"ဘာ..."

"မေန႕ညက ငါ အျပင္ထြက္သြားေတာ့ လူေတြက ငါ့ကို မေရွာင္ဘဲ ဝင္တိုက္သြားတာ ဒါေပမယ့္ ငါ့အသားလည္းမနာဘဲ ငါ့ကိုယ္ကေန ျဖတ္ေက်ာ္သြားၾကတာ...."

"ဘာေနေန နင့္ကိုမယုံဘူး Hello... အခန္းနံပါတ္ 005 ကပါ အခန္းထဲ ဝင္ေရာက္က်ဴးေက်ာ္လာတဲ့သူရွိလို႔ အျမန္လာခဲ့ေပးပါ "

Jennie ေျပာၿပီး ဖုန္းခ်ေတာ့ ေကာင္မေလးမွာ ေခါင္းခါရင္း Kuma ေခါင္းေလးကို ပြတ္ကာ

"နင္ လုံၿခဳံေရးေတြကို ေခၚလိုက္တာ မွားသြားၿပီ "

"ခဏေန သူတို႔ေရာက္လာတဲ့အခါ ဘယ္သူမွားလည္း မွန္လည္း ေတြ႕ရလိမ့္မယ္ "

"သူတို႔ ငါ့ကိုမျမင္နိုင္ပါဘူးဆိုဟာ "

ခဏၾကာေတာ့ လုံၿခဳံေရးေတြ ေရာက္လာသည္

Jennie တံခါးဖြင့္ေပးၿပီး အိမ္ထဲသို႔ ဝင္ခိုင္းလိုက္သည္

"တရားခံက ဘယ္မွာလည္း "

"ဆိုဖာေပၚမွာေလ ေခြးေလးနဲ႕ ေဆာ့ေနတာ "

Jennie စကားေၾကာင့္ လုံၿခဳံေရးမွာ ဆိုဖာကို ေၾကာင္ေတာင္ေတာင္နဲ႕ ၾကည့္ေနသည္

"Excuse Me Miss. ..ကြၽန္ေတာ့္ကို မေနာက္ပါနဲ႕ တရားခံက ဘယ္မွာလည္း "

"ဆိုဖာေပၚမွာ ေခြးနဲ႕ေဆာ့ေနတာ မျမင္ဘူးလား "

"Miss ကေတာ့ေနာက္ၿပီ ေခြးေလးဘဲ ဆိုဖာေပၚေဆာ့ေနတာေလ ဘယ္မွာလည္း တရားခံက "

လုံၿခဳံေရး စကားေၾကာင့္ Jennie အံ့ၾသၿပီး ေကာင္မေလးဆီ သြားကာ လက္ညိုးထိုးျပသည္

"ဒီမွာေလ "

"အာ...Miss ႐ုပ္ရွင္ၾကည့္တာေလးေလ်ာ့ပါ....တကယ္လိုအပ္မွ ကြၽန္ေတာ္တို႔ကို ဖုန္းဆက္ပါဗ်ာ.....သြားခြင့္ျပဳပါအုံး "

လုံၿခဳံေရးမွာ Jennieကို ႏႈတ္ဆက္ၿပီး ထြက္သြားသည္

ေကာင္မေလးမွာ လုံၿခဳံေရး ထြက္သြားေတာ့ လက္ခုပ္တီးၿပီး

"ငါေျပာပါတယ္ ဘယ္သူမွ မျမင္နိုင္ပါဘူးဆို "

"ဒါဆို ငါက ဘာလို႔ ျမင္ရတာလည္း "

"ဒါေတာ့ ငါမသိဘူးေလ "

Jennieမွာ ေကာင္မေလး လက္ကို ကိုင္လိုက္ေတာ့

"Oh my god နင့္လက္ေတြ ေအးစက္ေနတာဘဲ "

"နင္ သရဲေတြကို ယုံလား "

ေကာင္မေလးရဲ႕ စကားေၾကာင့္ Jennie မ်က္လုံးျပဴးသြားသည္

"နင္က ေသၿပီးသားလား သရဲလား "

"မသိဘူးေလ ငါက ေသသြားတာလား သတ္ခံရတာလား ဒါမွမဟုတ္..... '

ေကာင္မေလးရဲ႕ စကားမဆုံးေသး Jennieမွာ ေမ့လဲသြားေလသည္

#TBC

Bạn đang đọc truyện trên: Truyen3h.Co