Part 11
#Unicode
Jisooနဲ့ Jennie အတူနေတာ ယခုဆို သုံးပတ်ရှိနေပြီ
တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးပြီးနောက် Jisoo အပေါ် ထားတဲ့ Jennie ရဲ့ စိတ်က အရင်လို မဟုတ်ဘဲ ပြောင်းလဲလာတယ်
အဲ့လို စိတ်မျိုး မဖြစ်လာစေရန်....လူလား သရဲလား ရေရေရာရာမသိရတဲ့ Jisooအပေါ် ခံစားချက် မရှိသင့်ဘူးဆိုတာ Jennie သိပေမယ့် ....Jennieရဲ့ ခံစားချက်တွေက ကြီးထွားလာနေတယ်
တစ်နေ့နေ့ကျရင် Jisoo က မြူမှုန်စတွေလို သတိမထားမိခင် ပျောက်ကွယ်သွားမှာ သိသောကြောင့် မနာကျင်ရအောင် Jennie သူမစိတ်ကို သူမထိန်းနေသည်
Jisoo ကို သဘောကျနေတာ မမှန်ကန်တဲ့ လုပ်ရပ်မို့လို့...Jisooကို တစ်နေ့ကျ မပူမပင်မရှိ လက်လွှတ်နိုင်အောင် Jennie သူမခံစားချက်တွေကို ရှေ့ဆက်မတိုးအောင် ထိန်းနေသည်
Jennieမှာ အချိန်တစ်ပတ်သာ ကျန်တော့သည်
အချိန်သုံးပတ်အတွင်း Jisooရဲ့ နာမည်နဲ့ ဓာတ်ပုံသာ သိပြီး ကျန်တာ ဘာမှဆက်မသိရပေ
Ireneကလည်း Jisoo အကြောင်းရှာနေပေမယ့် အခုထိ ဘာသတင်းမှ မထူးသေးပေ....
ဒီတစ်ပတ်အတွင်း Jenne တစ်ယောက် Jisooအကြောင်း သေချာသိရမှ ဖြစ်မည်....Jisooလည်း သူမအတိတ်မှာ ဘာဖြစ်ခဲ့တယ်ဆိုတာ သိသင့်တယ်လေ ပြီးတော့ .....Jisoo အကြောင်းစုံသိရပြီးရင် Jisooကို နှင်ထုတ်နိုင်မှာလေ
ကျစ် ဒီလိုအခြေအနေမျိုး ဘာလို့ Jennieကျမှ လာဖြစ်နေရတာလည်း
Jennie စိတ်ရှုပ်ပြီး ဘောပင်ကို စားပွဲခုံတွင် တထောက်ထောက်နဲ့ ခေါက်လိုက်သည်
"Jennie "
Jennieရှိတဲ့ ရုံးခန်းငယ်လေးထဲ Jisoo ဝင်လာသည်
"ငါ နင်နဲ့ စကားမပြောချင်သေးဘူး Jisoo"
Jennie သွေးအေးအေးနဲ့ ပြောလိုက်သည်
"ဟိုလေ ..."
"ကျစ် Jisoo ရာ ကျေးဇူးပြုပြီး.... နင့်ချီးထုပ်တွေ ငါရှင်းနေတာ မမြင်ဘူးလား ဟမ်"
Jennie အသံမြှင့်ပြီး Jisoo ကို အော်လိုက်သည်
Jennie တကယ်တော့ Jisooနဲ့ ပတ်သက်တဲ့ ခံစားချက်တွေ ရှုပ်ထွေးနေလို့ Jisooကို အော်မိမှန်းသိပေမယ့် ပြန်ထိန်းလို့မရတော့ဘူးလေ
Jisoo မျက်နှာက လန့်သွားတဲ့ရုပ်ကိုကြည့်ပြီး Jennie စိတ်မကောင်းဖြစ်မိသွားတယ်
"ဟို ငါ ငါနင့်ကို အော်ဖို့ မရည်ရွယ်ပါဘူး Jisoo "
"ရပါတယ် ငါ တောင်းပန်ပါတယ် "
Jisoo စကားပြောရင်း အသံလေးက တိုးဝင်သွားသည်
Damn it! Jennie နင် သူ့ခံစားချက်တွေကို နာကျင်အောင်လုပ်လိုက်ပြီဘဲ
"ငါက နင့်ကို ပြောစရာရှိလို့ရယ်....ထားလိုက်ပါတော့ ဘာမှမဟုတ်တော့ဘူး "
Jisoo ပြောပြီး သက်ပြင်းချကာ ရုံးခန်းထဲက ထွက်သွားသည်
"ကောင်းတယ် Jennie Kim.... သောက်တလွဲလုပ်နေလိုက် "
Jennie စိတ်တွေရှုပ်လာလို့ ရေခဲမုန့် စားဖို့ မီးဖိုခန်းထဲ ထွက်လာခဲ့သည်
မီးဖိုခန်းထဲ Jisooကို မတွေ့ရလို့ Jennie သက်ပြင်းချလိုက်သည်
သို့သော် ထမင်းစားပွဲပေါ်တွင် ဖက်ထုပ်ပေါင်းလေးတွေ ထည့်ထားတဲ့ ပန်းကန်ကို Jennie တွေ့လိုက်ရသည်
ထိုအခါမှ Jennie မနက်က သူမ အလုပ်မှာ စိတ်ပင်ပန်းနေလို့ နားရက်မှာ ဖက်ထုပ်ပေါင်းလေး စားရရင် ကောင်းမယ်လို့ Jisooရဲ့ ရှေ့မှာ ညည်းညူခဲ့မိတာကို သတိရသွားတယ်
"ငါ့အတွက် ဖက်ထုပ်လုပ်ထားလို့ ငါ့ကို စားစေချင်လို့ သူက လာခေါ်တာလား shit အဲ့တာကို ငါက စိတ်ရှုပ်ပြီး သူ့ကို အော်လိုက်မိတယ် "
Jennie သူမကိုယ်သူမ အပြစ်တင်ပြီး စားပွဲပေါ်က ဖက်ထုပ်ကို ယူစားလိုက်သည်
"အာ စားကောင်းလိုက်တာ "
Jennie သူမကိုယ်သူမတောင် မသိလိုက်ဘဲ စားပွဲပေါ် က ပန်းကန်ထဲမှ ဖက်ထုပ်တွေအကုန်လုံးကို စားလိုက်သည်
ဖက်ထုပ်ကုန်သွားတော့ Jennie ပန်းကန်ဆေးပြီး မီးဖိုခန်းထဲက ထွက်လာသည်
ဧည့်ခန်းထဲတွင် လှဲနေတဲ့ Kumaကို တွေ့တော့ Jennie သက်ပြင်းချမိသည်
ပုံမှန်ဆို Jisooနောက် Jisoo ဘယ်သွားသွား တစ်ကောက်ကောက် လိုက်တတ်တဲ့ Kumaက ဧည့်ခန်းထဲ လှဲအိပ်နေတော့ Jennie သူမ အခန်းထဲများ Jisooရှိနေမလားဆိုပြီး အခန်းတံခါးဖွင့်ကြည့်ပေမယ့် Jisooကို မတွေ့ရပေ
"သူ ဘယ်ရောက်သွားတာလည်း..... ထွက်သွားတာလား....ငါ့ကြောင့် သူ စိတ်ထိခိုက်သွားတာလား "
Jisooဆီ ဖုန်းခေါ်ပေမယ့် Jisooရဲ့ ဖုန်းက သူမ ကုတင်ပေါ်တွင် ရှိနေသည်
Jennie သက်ပြင်းချပြီး စိတ်ကြည်လင်အောင် laptopဖြင့် ရုပ်ရှင်ကြည့်နေသည်
Jisoo ပြန်ရောက်လာရင် Jennie တောင်းပန်ဖို့ လုပ်ပေမယ့် ညနေစောင်းတဲ့ထိ Jisooက ပြန်မလာပေ
Jennie ရုပ်ရှင်ကြည့်ရင်း ဗိုက်ဆာလာလို့ အပြင်ထွက်ပြီး ထမင်းစားဖို့ တွေးလိုက်သည်
နေ့လည်က စိတ်ရှုပ်နေလို့ Jennie ထမင်းမချက်နိုင်ဘူးလေ
Jennie အိမ်နားလေးက စားသောက်ဆိုင်ဘက် လမ်းလျှောက်ပြီး သွားလိုက်သည်
Jennie ညစာစားရင်း တစ်ဖက် ဝိုင်းက ကောင်လေးက သူမကို စိုက်ကြည့်နေသောကြောင့် စိတ်မကြည်တာနဲ့ စားလက်စ ထမင်းကို လက်စသတ်ပြီး ဆိုင်ထဲကနေ ထွက်လာသည်
ထိုကောင်လေးမှာလည်း Jennie နောက်ကနေလိုက်လာသည်
"ဟိတ် "
သူမကို ခေါ်မှန်း Jennieသိလို့ လမ်းကို ခပ်သွက်သွက် လျှောက်မိသည်
"ငါ ခေါ်နေတယ်လေ အချောလေးရဲ့ "
ကောင်လေးမှာ သူမရဲ့ လက်ကို လှမ်းဆွဲသောကြောင့် Jennie စိတ်တိုသွားတယ်
တစ်နေ့လုံး စိတ်မကြည်ပါဘူးဆို ဒီတဏှာရူးက တစ်မျိုး
"ဘာလည်း ငါ့လက်ကို လွှတ်စမ်း "
"အိမ်ပြန်မလို့လား ကိုယ်လိုက်ပို့ပေးမယ်လေ ကိုယ့်ကားကို လိုက်စီးပါလား "
"မလိုဘူး နင့်ကားလည်း မစီးချင်ဘူး "
"ဒါဆို ကိုယ့်ကို စီးလေ ဟဲဟဲ "
ကောင်လေးမှာ တဏှာရူးစကားတွေပြောလို့ Jennie စိတ်တိုပြီး ပါးရိုက်မလို လုပ်ပေမယ့် လူတစ်ယောက်က ဝင်လာပြီး ကောင်လေးရဲ့ အင်ကျီကို ဆောင့်ဆွဲကာ ပိတ်ထိုးလေသည်
ကောင်လေး နှာခေါင်းက သွေးတွေထွက်လာသောကြောင့် Jennieမှာ အံ့သြမိပြီး အော်မိသွားသည်
Hoodie အကြီးကြီးဝတ်ထားပေမယ့် ခန္ဓာကိုယ် ပုံစံကိုကြည့်ရတာ မိန်းကလေးမှန်းသိသာသည်
မိန်းကလေးတစ်ယောက်က ကောင်လေးတစ်ယောက်ကို လဲကပြွိီး သွေးတွေထွက်အောင် ထိုးနိုင်တဲ့အထိ အားကြီးလို့ Jennie တော်တော်အံ့သြမိသည်
"နင့်အရိုးတွေ မချိုးပစ်ခင် ထွက်သွားစမ်း "
ကောင်မလေးက ကောင်လေးကို ပြောလိုက်တဲ့ စကားကို Jennie မကြားလိုက်ပေ ဘာလို့ဆို သူမဘေးနား ဘတ်စ်ကားက ဖြတ်သွားပြီး ဟွန်းတီးလိုက်သောကြောင့် ဖြစ်သည်
ကောင်လေးမှာ လန့်ပြီး လဲကျရာက ကုန်းရုန်းထပြီး ထွက်ပြေးသွားသည်
"ကျေးဇူးတင်ပါတယ်..."
Jennieမှာ ကောင်မလေးကို ကျေးဇူးတင်စကားပြောပေမယ့် ကောင်မလေးမှာ ခေါင်းငုံ့ကာ ထွက်သွားသည်
"ဘယ်လိုကောင်မလေးလည်းဟ "
Jennie ရေရွတ်ပြီး ညကျ ဗိုက်ဆာရင်စားဖို့ မုန့်ဝင်ရန် စတိုးဆိုင်ဘက် သွားလေသည်
Jennie အိမ်ပြန်ရောက်ပြီး အခန်းထဲဝင်လိုက်တော့ သူမကုတင်ပေါ် လှဲအိပ်နေတဲ့ Jisooကို တွေ့လိုက်ရသည်
"Jisoo "
"နင် ဘယ်တွေ သွားနေတာလည်း Jennie "
Jisooက သူမကို စကားပြောသောကြောင့် Jennie ပျော်သွားသည်
"အံမယ် အဲ့စကားက ငါပြောရမှာ အဲ့မေးခွန်းက ငါမေးရမှာပါနော်
"ငါ ဒီမှာ ရှိပါတယ်ဟ "
"ဒါပေမယ့် နင့်ကို ငါမတွေ့ပါဘူးနော် Jisoo "
"နင် မတွေ့အောင် ပုန်းနေတာလေ "
ယခုချိန်က Jisooကို တောင်းပန်ဖို့ အချိန်ဆိုတာ Jennie တွေးမိသွားသည်
"Jisoo ငါ တောင်းပန်ပါတယ် "
Jisooက ဘာမှပြန်မပြောသောကြောင့် Jennieမှာ ကုတင်ပေါ်တင်လိုက်သည်
"Jisoo ငါ တောင်းပန်ပါတယ်လို့ ပြောနေတယ်လေ "
"ငါ ကြားပါတယ်..."
"ဒါဆို ဘာလို့ ပြန်မပြောတာလည်း "
"စိတ်ရင်းမပါသလို ခံစားရလို့ "
Jisooကို Jennie မျက်စောင်းထိုးပြီး Jisooရဲ့ မျက်နှာကို Jennie ကိုင်လိုက်သည်
ထို့နောက် Jisooရဲ့ နဖူးကို ငုံ့နမ်းကာ တောင်းပန်လိုက်သည်
"ငါတောင်းပန်ပါတယ်နော် Jichu "
What the fuck ဘာလို့ အရမ်း ရင်တွေခုန်နေရတာလည်း
Jisooကို နမ်းလိုက်ချိန် သူမ ရင်တွေ တအား ခုန်သွားလို့ Jennie သူမကိုယ်သူမ ကျိန်ဆဲလိုက်သည်
#TBC
#zawgyi
Jisooနဲ႕ Jennie အတူေနတာ ယခုဆို သုံးပတ္ရွိေနၿပီ
တစ္ေန႕ၿပီးတစ္ေန႕ ကုန္ဆုံးၿပီးေနာက္ Jisoo အေပၚ ထားတဲ့ Jennie ရဲ႕ စိတ္က အရင္လို မဟုတ္ဘဲ ေျပာင္းလဲလာတယ္
အဲ့လို စိတ္မ်ိဳး မျဖစ္လာေစရန္....လူလား သရဲလား ေရေရရာရာမသိရတဲ့ Jisooအေပၚ ခံစားခ်က္ မရွိသင့္ဘူးဆိုတာ Jennie သိေပမယ့္ ....Jennieရဲ႕ ခံစားခ်က္ေတြက ႀကီးထြားလာေနတယ္
တစ္ေန႕ေန႕က်ရင္ Jisoo က ျမဴမႈန္စေတြလို သတိမထားမိခင္ ေပ်ာက္ကြယ္သြားမွာ သိေသာေၾကာင့္ မနာက်င္ရေအာင္ Jennie သူမစိတ္ကို သူမထိန္းေနသည္
Jisoo ကို သေဘာက်ေနတာ မမွန္ကန္တဲ့ လုပ္ရပ္မို႔လို႔...Jisooကို တစ္ေန႕က် မပူမပင္မရွိ လက္လႊတ္နိုင္ေအာင္ Jennie သူမခံစားခ်က္ေတြကို ေရွ႕ဆက္မတိုးေအာင္ ထိန္းေနသည္
Jennieမွာ အခ်ိန္တစ္ပတ္သာ က်န္ေတာ့သည္
အခ်ိန္သုံးပတ္အတြင္း Jisooရဲ႕ နာမည္နဲ႕ ဓာတ္ပုံသာ သိၿပီး က်န္တာ ဘာမွဆက္မသိရေပ
Ireneကလည္း Jisoo အေၾကာင္းရွာေနေပမယ့္ အခုထိ ဘာသတင္းမွ မထူးေသးေပ....
ဒီတစ္ပတ္အတြင္း Jenne တစ္ေယာက္ Jisooအေၾကာင္း ေသခ်ာသိရမွ ျဖစ္မည္....Jisooလည္း သူမအတိတ္မွာ ဘာျဖစ္ခဲ့တယ္ဆိုတာ သိသင့္တယ္ေလ ၿပီးေတာ့ .....Jisoo အေၾကာင္းစုံသိရၿပီးရင္ Jisooကို ႏွင္ထုတ္နိုင္မွာေလ
က်စ္ ဒီလိုအေျခအေနမ်ိဳး ဘာလို႔ Jennieက်မွ လာျဖစ္ေနရတာလည္း
Jennie စိတ္ရႈပ္ၿပီး ေဘာပင္ကို စားပြဲခုံတြင္ တေထာက္ေထာက္နဲ႕ ေခါက္လိုက္သည္
"Jennie "
Jennieရွိတဲ့ ႐ုံးခန္းငယ္ေလးထဲ Jisoo ဝင္လာသည္
"ငါ နင္နဲ႕ စကားမေျပာခ်င္ေသးဘူး Jisoo"
Jennie ေသြးေအးေအးနဲ႕ ေျပာလိုက္သည္
"ဟိုေလ ..."
"က်စ္ Jisoo ရာ ေက်းဇူးျပဳၿပီး.... နင့္ခ်ီးထုပ္ေတြ ငါရွင္းေနတာ မျမင္ဘူးလား ဟမ္"
Jennie အသံျမႇင့္ၿပီး Jisoo ကို ေအာ္လိုက္သည္
Jennie တကယ္ေတာ့ Jisooနဲ႕ ပတ္သက္တဲ့ ခံစားခ်က္ေတြ ရႈပ္ေထြးေနလို႔ Jisooကို ေအာ္မိမွန္းသိေပမယ့္ ျပန္ထိန္းလို႔မရေတာ့ဘူးေလ
Jisoo မ်က္ႏွာက လန့္သြားတဲ့႐ုပ္ကိုၾကည့္ၿပီး Jennie စိတ္မေကာင္းျဖစ္မိသြားတယ္
"ဟို ငါ ငါနင့္ကို ေအာ္ဖို႔ မရည္႐ြယ္ပါဘူး Jisoo "
"ရပါတယ္ ငါ ေတာင္းပန္ပါတယ္ "
Jisoo စကားေျပာရင္း အသံေလးက တိုးဝင္သြားသည္
Damn it! Jennie နင္ သူ႕ခံစားခ်က္ေတြကို နာက်င္ေအာင္လုပ္လိုက္ၿပီဘဲ
"ငါက နင့္ကို ေျပာစရာရွိလို႔ရယ္....ထားလိုက္ပါေတာ့ ဘာမွမဟုတ္ေတာ့ဘူး "
Jisoo ေျပာၿပီး သက္ျပင္းခ်ကာ ႐ုံးခန္းထဲက ထြက္သြားသည္
"ေကာင္းတယ္ Jennie Kim.... ေသာက္တလြဲလုပ္ေနလိုက္ "
Jennie စိတ္ေတြရႈပ္လာလို႔ ေရခဲမုန့္ စားဖို႔ မီးဖိုခန္းထဲ ထြက္လာခဲ့သည္
မီးဖိုခန္းထဲ Jisooကို မေတြ႕ရလို႔ Jennie သက္ျပင္းခ်လိဳက္သည္
သို႔ေသာ္ ထမင္းစားပြဲေပၚတြင္ ဖက္ထုပ္ေပါင္းေလးေတြ ထည့္ထားတဲ့ ပန္းကန္ကို Jennie ေတြ႕လိုက္ရသည္
ထိုအခါမွ Jennie မနက္က သူမ အလုပ္မွာ စိတ္ပင္ပန္းေနလို႔ နားရက္မွာ ဖက္ထုပ္ေပါင္းေလး စားရရင္ ေကာင္းမယ္လို႔ Jisooရဲ႕ ေရွ႕မွာ ညည္းၫူခဲ့မိတာကို သတိရသြားတယ္
"ငါ့အတြက္ ဖက္ထုပ္လုပ္ထားလို႔ ငါ့ကို စားေစခ်င္လို႔ သူက လာေခၚတာလား shit အဲ့တာကို ငါက စိတ္ရႈပ္ၿပီး သူ႕ကို ေအာ္လိုက္မိတယ္ "
Jennie သူမကိုယ္သူမ အျပစ္တင္ၿပီး စားပြဲေပၚက ဖက္ထုပ္ကို ယူစားလိုက္သည္
"အာ စားေကာင္းလိုက္တာ "
Jennie သူမကိုယ္သူမေတာင္ မသိလိုက္ဘဲ စားပြဲေပၚ က ပန္းကန္ထဲမွ ဖက္ထုပ္ေတြအကုန္လုံးကို စားလိုက္သည္
ဖက္ထုပ္ကုန္သြားေတာ့ Jennie ပန္းကန္ေဆးၿပီး မီးဖိုခန္းထဲက ထြက္လာသည္
ဧည့္ခန္းထဲတြင္ လွဲေနတဲ့ Kumaကို ေတြ႕ေတာ့ Jennie သက္ျပင္းခ်မိသည္
ပုံမွန္ဆို Jisooေနာက္ Jisoo ဘယ္သြားသြား တစ္ေကာက္ေကာက္ လိုက္တတ္တဲ့ Kumaက ဧည့္ခန္းထဲ လွဲအိပ္ေနေတာ့ Jennie သူမ အခန္းထဲမ်ား Jisooရွိေနမလားဆိုၿပီး အခန္းတံခါးဖြင့္ၾကည့္ေပမယ့္ Jisooကို မေတြ႕ရေပ
"သူ ဘယ္ေရာက္သြားတာလည္း..... ထြက္သြားတာလား....ငါ့ေၾကာင့္ သူ စိတ္ထိခိုက္သြားတာလား "
Jisooဆီ ဖုန္းေခၚေပမယ့္ Jisooရဲ႕ ဖုန္းက သူမ ကုတင္ေပၚတြင္ ရွိေနသည္
Jennie သက္ျပင္းခ်ၿပီး စိတ္ၾကည္လင္ေအာင္ laptopျဖင့္ ႐ုပ္ရွင္ၾကည့္ေနသည္
Jisoo ျပန္ေရာက္လာရင္ Jennie ေတာင္းပန္ဖို႔ လုပ္ေပမယ့္ ညေနေစာင္းတဲ့ထိ Jisooက ျပန္မလာေပ
Jennie ႐ုပ္ရွင္ၾကည့္ရင္း ဗိုက္ဆာလာလို႔ အျပင္ထြက္ၿပီး ထမင္းစားဖို႔ ေတြးလိုက္သည္
ေန႕လည္က စိတ္ရႈပ္ေနလို႔ Jennie ထမင္းမခ်က္နိုင္ဘူးေလ
Jennie အိမ္နားေလးက စားေသာက္ဆိုင္ဘက္ လမ္းေလွ်ာက္ၿပီး သြားလိုက္သည္
Jennie ညစာစားရင္း တစ္ဖက္ ဝိုင္းက ေကာင္ေလးက သူမကို စိုက္ၾကည့္ေနေသာေၾကာင့္ စိတ္မၾကည္တာနဲ႕ စားလက္စ ထမင္းကို လက္စသတ္ၿပီး ဆိုင္ထဲကေန ထြက္လာသည္
ထိုေကာင္ေလးမွာလည္း Jennie ေနာက္ကေနလိုက္လာသည္
"ဟိတ္ "
သူမကို ေခၚမွန္း Jennieသိလို႔ လမ္းကို ခပ္သြက္သြက္ ေလွ်ာက္မိသည္
"ငါ ေခၚေနတယ္ေလ အေခ်ာေလးရဲ႕ "
ေကာင္ေလးမွာ သူမရဲ႕ လက္ကို လွမ္းဆြဲေသာေၾကာင့္ Jennie စိတ္တိုသြားတယ္
တစ္ေန႕လုံး စိတ္မၾကည္ပါဘူးဆို ဒီတဏွာ႐ူးက တစ္မ်ိဳး
"ဘာလည္း ငါ့လက္ကို လႊတ္စမ္း "
"အိမ္ျပန္မလို႔လား ကိုယ္လိုက္ပို႔ေပးမယ္ေလ ကိုယ့္ကားကို လိုက္စီးပါလား "
"မလိုဘူး နင့္ကားလည္း မစီးခ်င္ဘူး "
"ဒါဆို ကိုယ့္ကို စီးေလ ဟဲဟဲ "
ေကာင္ေလးမွာ တဏွာ႐ူးစကားေတြေျပာလို႔ Jennie စိတ္တိုၿပီး ပါးရိုက္မလို လုပ္ေပမယ့္ လူတစ္ေယာက္က ဝင္လာၿပီး ေကာင္ေလးရဲ႕ အင္က်ီကို ေဆာင့္ဆြဲကာ ပိတ္ထိုးေလသည္
ေကာင္ေလး ႏွာေခါင္းက ေသြးေတြထြက္လာေသာေၾကာင့္ Jennieမွာ အံ့ၾသမိၿပီး ေအာ္မိသြားသည္
Hoodie အႀကီးႀကီးဝတ္ထားေပမယ့္ ခႏၶာကိုယ္ ပုံစံကိုၾကည့္ရတာ မိန္းကေလးမွန္းသိသာသည္
မိန္းကေလးတစ္ေယာက္က ေကာင္ေလးတစ္ေယာက္ကို လဲကပြွိီး ေသြးေတြထြက္ေအာင္ ထိုးနိုင္တဲ့အထိ အားႀကီးလို႔ Jennie ေတာ္ေတာ္အံ့ၾသမိသည္
"နင့္အရိုးေတြ မခ်ိဳးပစ္ခင္ ထြက္သြားစမ္း "
ေကာင္မေလးက ေကာင္ေလးကို ေျပာလိုက္တဲ့ စကားကို Jennie မၾကားလိုက္ေပ ဘာလို႔ဆို သူမေဘးနား ဘတ္စ္ကားက ျဖတ္သြားၿပီး ဟြန္းတီးလိုက္ေသာေၾကာင့္ ျဖစ္သည္
ေကာင္ေလးမွာ လန့္ၿပီး လဲက်ရာက ကုန္း႐ုန္းထၿပီး ထြက္ေျပးသြားသည္
"ေက်းဇူးတင္ပါတယ္..."
Jennieမွာ ေကာင္မေလးကို ေက်းဇူးတင္စကားေျပာေပမယ့္ ေကာင္မေလးမွာ ေခါင္းငုံ႕ကာ ထြက္သြားသည္
"ဘယ္လိုေကာင္မေလးလည္းဟ "
Jennie ေရ႐ြတ္ၿပီး ညက် ဗိုက္ဆာရင္စားဖို႔ မုန့္ဝင္ရန္ စတိုးဆိုင္ဘက္ သြားေလသည္
Jennie အိမ္ျပန္ေရာက္ၿပီး အခန္းထဲဝင္လိုက္ေတာ့ သူမကုတင္ေပၚ လွဲအိပ္ေနတဲ့ Jisooကို ေတြ႕လိုက္ရသည္
"Jisoo "
"နင္ ဘယ္ေတြ သြားေနတာလည္း Jennie "
Jisooက သူမကို စကားေျပာေသာေၾကာင့္ Jennie ေပ်ာ္သြားသည္
"အံမယ္ အဲ့စကားက ငါေျပာရမွာ အဲ့ေမးခြန္းက ငါေမးရမွာပါေနာ္
"ငါ ဒီမွာ ရွိပါတယ္ဟ "
"ဒါေပမယ့္ နင့္ကို ငါမေတြ႕ပါဘူးေနာ္ Jisoo "
"နင္ မေတြ႕ေအာင္ ပုန္းေနတာေလ "
ယခုခ်ိန္က Jisooကို ေတာင္းပန္ဖို႔ အခ်ိန္ဆိုတာ Jennie ေတြးမိသြားသည္
"Jisoo ငါ ေတာင္းပန္ပါတယ္ "
Jisooက ဘာမွျပန္မေျပာေသာေၾကာင့္ Jennieမွာ ကုတင္ေပၚတင္လိုက္သည္
"Jisoo ငါ ေတာင္းပန္ပါတယ္လို႔ ေျပာေနတယ္ေလ "
"ငါ ၾကားပါတယ္..."
"ဒါဆို ဘာလို႔ ျပန္မေျပာတာလည္း "
"စိတ္ရင္းမပါသလို ခံစားရလို႔ "
Jisooကို Jennie မ်က္ေစာင္းထိုးၿပီး Jisooရဲ႕ မ်က္ႏွာကို Jennie ကိုင္လိုက္သည္
ထို႔ေနာက္ Jisooရဲ႕ နဖူးကို ငုံ႕နမ္းကာ ေတာင္းပန္လိုက္သည္
"ငါေတာင္းပန္ပါတယ္ေနာ္ Jichu "
What the fuck ဘာလို႔ အရမ္း ရင္ေတြခုန္ေနရတာလည္း
Jisooကို နမ္းလိုက္ခ်ိန္ သူမ ရင္ေတြ တအား ခုန္သြားလို႔ Jennie သူမကိုယ္သူမ က်ိန္ဆဲလိုက္သည္
#TBC
Bạn đang đọc truyện trên: Truyen3h.Co