Part 12
#Unicode
Jennie အိပ်ရာကနိုးလာတော့ အိပ်မောကျနေသော Jisooရဲ့ လှပတဲ့ မျက်နှာလေးကို တွေ့လိုက်ရသည်
Jennie အချိန်ဘယ်လောက်ကြာကြာ Jisooကို စိုက်ကြည့်မိနေတယ်မသိ........
Jisooရဲ့ ညာဘက်မျက်နှာပေါ်က ဒဏ်ရာလေးကို မြင်တော့ Jennie မျက်မှောင်ကြုတ်သွားသည်
"အဲ့ဒဏ်ရာက ဘယ်လိုရလာတာလည်း နေပါအုံး သရဲတွေက ဒဏ်ရာရတတ်လို့လား "
Jennie ရေရွတ်ပြီး Jisoo မျက်နှာပေါ်က ဒဏ်ရာကို လက်နဲ့တို့လိုက်သည်
"အာ..."
Jisoo မှာ အိပ်နေရာက ညည်းညူပြီး မျက်မှောင်ကြုတ်လိုက်သည်
Jisoo မျက်လုံးမဖွင့်ခင် Jennieမှာ သူမရဲ့ လက်ကို အမြန်ပြန်ရုတ်လိုက်သည်
"ဘာလို့ အစောကြီး နိုးနေတာလည်း "
Jisoo မျက်လုံးဖွင့်ပြီး Jennieနဲ့ မျက်လုံးချင်းဆုံပြီး မေးလိုက်သည်
Jisooနဲ့ အကြည့်ချင်းဆုံသွားတော့ Jennieမှာ ရင်တွေအရမ်း ခုန်သွားပြီး ဗိုက်ထဲလိပ်ပြာတွေ ပျံဝဲသွားသလို သွေးတွေ ပြောင်းပြန်စီးဆင်းသွားသလို ခံစားရသည်
"Umm. ..အဲ့ဒဏ်ရာက ဘယ်လိုရလာတာလည်း "
Jennieရဲ့ မေးခွန်းကို Jisooက နားလည်တဲ့ပုံမပေါ်ပေ ခေါင်းလေးစောင်းကာ Jennieကို ကြည့်နေသည်
နောက်မှ Jennie မေးချင်တာကို သဘောပေါက်ပြီး
"aww အဲ့တာလား Kumaနဲ့ဆော့ရင်း စားပွဲခုံနဲ့ ခိုက်မိတာ "
Jisoo ပြောရင်း သူ့ဒဏ်ရာကို ကိုင်ကြည့်လိုက်သည်
"အရူးမ "
Jennieပြောပြီး ထရပ်ကာ အခန်းအပြင်ဘက်ကို ထွက်သွားသည်
"ဘာ ဘာပြောတယ် ငါကြားတယ်နော် "
Jisooရဲ့ စကားကို Jennie ကြားပေမယ့် အခန်းတံခါးကို ပိတ်ပြီး မီးဖိုခန်းဘက် သွားလိုက်သည်
ရေခဲသေတ္တာထဲက ရေခဲတုံးတစ်ချို့ကို ခွက်ထဲထည့်ပြီး Jennie ယူလာသည်
အခန်းတံခါး မဖွင့်ခင် အခန်းထဲက Jisooရဲ့ အသံကို ကြားရလေသည်
"အခု နင်နဲ့တွေ့လို့မရသေးဘူးလေ ကျစ် ကလေးဆန်ပြန်ပြီ ကောင်းပြီ နောက်ကျ အဲ့နေရာမှာဘဲ တွေ့မယ်လေ "
Jennie တံခါးပိတ်ထားလို့ အထဲက Jisoo တိုးတိုးနဲ့ ပြောတဲ့စကားကို သေချာမကြားလိုက်ရပေ
အခန်းတံခါး ဖွင့်လိုက်တော့ ကုတင်ပေါ်က ပြုတ်ကျနေတဲ့ Jisooကို တွေ့ရလေသည်
"Ah နာလိုက်တာ "
Jisoo သူ့နောက်ကျောကို ကိုင်ပြီး ကြမ်းပြင်ပေါ်က ထလိုက်သည်
"အရူး "
"Ash မိုးလင်း မျက်လုံးနှစ်ဖက်လုံး ပွင့်ကတည်းက ကြားနေရတဲ့ စကား အရူးတဲ့ ဘယ်လိုတောင်လား "
Jisoo ပြောပြီး ကုတင်ပေါ်တွင် ထိုင်လိုက်သည်
"အရူးဆိုတဲ့ နာမည်က နင်နဲ့ မလိုက်ဖက်ဘူးလား "
Jennieပြောပြီး Jisoo ဘေးနား ဝင်ထိုင်လိုက်သည်
ထို့နောက် Jisooကို သူမဘက်သို့ လှည့်ခိုင်းသည်
"ဘာလည်း ငါ့ကို နမ်းမလို့လား "
"အိမ်မက်မက်နေလိုက် Jisoo "
Jennie ပြောပြီး Jisooရဲ့ နှာခေါင်းကို လက်နဲ့ ဆွဲလိမ်လိုက်သည်
"နင်က တကယ်ကြမ်းတမ်းတာဘဲ သိလား Jennie "
Jisoo နှုတ်ခမ်းစူပြီး ပြောတော့ Jennie ရယ်လိုက်သည်
"ငါ သိပါတယ် "
"ပြီးတော့ နင်က အရမ်းနူးညံ့တာဘဲ Jen "
Jisoo ပြောပြီး သူမ မျက်နှာလေးကို ကိုင်လိုက်သည်
Jisoo တဖြည်းဖြည်းနဲ့ သူမ မျက်နှာနား တိုးလာတာကို Jennie သတိထားမိပြီး Jisooရဲ့ မျက်နှာကို လက်ထဲက ရေခဲတုံးနဲ့ ကပ်လိုက်သည်
"နောက်တစ်ခါ ကလေးလို ခွေးနဲ့ပြိုင်ပြီး ကြမ်းပြင်မှာ လူးလှိမ့်ဆော့မနေနဲ့ နောက်ဆုံး နင်ဘဲ ခိုက်မိလာတာမဟုတ်လား "
"အခုက နင်ငါ့ကို စိတ်ပူတာလား ဒါမှမဟုတ် ဆဲနေတာလားဟင် Jennie "
"ဆဲနေတယ်လို့ သတ်မှတ်လိုက်ပေါ့ "
"ကျေးဇူး Jen "
"Welcome Chu "
********** ************
"တံခါးခေါက်ပြီးမှ ရုံးခန်းထဲ ဝင်ရမယ်လေ Lisa shii "
ရုံးခန်းတံခါး မခေါက်ဘဲ အထဲကို ဝင်လာတဲ့ Lisaကို Jennie ဆူလိုက်သည်
"နောက်တစ်ခါကျ ခေါက်ပါမယ် Jennieရယ်"
"နင် အဲ့လိုပြောတာ ဘယ်နှခါရှိပြီမှန်း ငါမမှတ်မိတော့ဘူး "
Lisaကို မျက်စောင်းထိုးပြီး Jennie ပြောလိုက်သည်
"နောက်တစ်ခါကျ တကယ်ခေါက်ပါမယ်လို့ ကတိပေးတယ် တကယ် "
"ထားပါတော့ အခု ဘာလိုချင်လို့လည်း "
"ငါ အိမ်ကို စောစောပြန်လို့ရလားဟင် အခု "
"နင်သိလား Lisa နင့်ကို ငါ့အတွင်းရေးမှူးအဖြစ် ခန့်မိတာ ငါတကယ်မှားတာဘဲ "
"နင်ကလည်းဟာ ငါ့ကို အဲ့လိုမပြောပါနဲ့ ငါတကယ် အလုပ်ကြိုးစားခဲ့တယ်လေ "
"အပိုတွေပြောမနေနဲ့ Chaeyoungနဲ့ တွေ့ဖို့ အလုပ်ကနေ စောပြန်တာ တစ်ပတ်မှာ ရှစ်ရက်ရှိတယ် "
"အင်းပါလေ နင်ကမှ ငါ့ကိုမလိုအပ်တော့တာ ငါသိသွားပြီ Jennieရယ် "
"အမလေး တစ်ယောက်တည်း မင်းသမီးလုပ်ပြီး Dramaတွေ ချိုးနေပြန်ပြီ ကဲ ပြန်ချင်တယ်ဆိုလည်း ပြန်ပါရှင် "
"Yeah ဒါမှ ငါတို့ Boss Jennie Kimကွ "
Lisa အော်ပြီး Jennieကို ဖက်လိုက်သည်
"ဖယ်ပါဟယ် အလုပ်မအားရတဲ့အထဲ "
"ဒါဆို ပြန်ပြီနော် တာ့တာ "
Jennieကို နှုတ်ဆက်ပြီး Lisa ရုံးခန်းအပြင်ဘက်ကို ထွက်သွားသည်
Jennieကတော့ Lisaကို ကြည့်ရင်း ခေါင်းခါပြီး ကျန်ခဲ့သည်
"Aww မေ့လို့ နေ့လည်ကျ Illusion စားသောက်ဆိုင်မှာ Mr. Juneက နင့်ကို နေ့လည်စာစားဖို့ ချိန်းထားတယ် သွားလိုက်အုံး bye "
Lisa ရုံးခန်းတံခါးဖွင့်ပြီး Jennieကို အော်ပြောလိုက်သည်
"ချိန်းထားတာ ရှိလို့ Miss Kim ပါ '
"ဟုတ် Mr. Juneက ရောက်နေပါပြီ ကျွန်တော့်နောက်လိုက်ခဲ့ပါ "
Jennieလည်း ခေါင်းညိတ်ပြပြီး ဝန်ထမ်းနောက် လိုက်သွားသည်
"တွေ့ရတာ ဝမ်းသာပါတယ် Miss Kim "
"ဟုတ်ကဲ့ အတူတူပါဘဲ "
Jennie ခေါင်းညိတ်ပြီး Mr. Juneနဲ့ လက်ဆွဲနှုတ်ဆက်လိုက်သည်
"စားသောက်စရာတွေကတော့ ကြိုမှာပြီးသွားပြီ စိတ်မဆိုးပါနဲ့နော် "
"Aww ရပါတယ်ရှင် "
Jennieနဲ့ Juneတို့ စားသောက်ရင်း အလုပ်ကိစ္စတွေ ဆွေးနွေးနေကြသည်
"ဒါဆို ကျွန်မကို စဥ်းစားခွင့်ပေးပါအုံး ကျွန်မဘက်က စာချုပ်ချုပ်မယ်ဆို ဆက်သွယ်လိုက်ပါမယ် Mr. June "
"ဟုတ်ကဲ့ဗျာ့ ကျွန်တော့်ကို ဆက်သွယ်ပေးမယ်လို့ မျှော်လင့်ပါတယ် "
"ဟုတ်ကဲ့ "
Mr. Juneနဲ့ Jennieတို့ စကားပြောရင်း ကားပါကင်သို့ ရောက်လာကြသည်
"ဒါဆို ဂရုစိုက်ပြန်ပါဗျာ့ "
"ဟုတ် Mr. June "
Juneကို နှုတ်ဆက်ပြီး Jennie ကားပေါ်သို့ တက်လိုက်သည်
ကားစက်နှိုးပြီး ကားမှန်ကို ကြည့်လိုက်တော့ တစ်စုံတစ်ယောက်က သူမကားနောက်တွင် ပုန်းရှိုးကွယ်ရှိုးလုပ်နေသည်
Jennieလည်း ဂရုမစိုက်ဘဲ စားသောက်ဆိုင်ကနေ ထွက်လာခဲ့သည်
Jennie ကားမောင်းရင်း Irene ကို သတိရသွားသည် Jisooနဲ့ ပတ်သက်ပြီး ဘာသတင်းတွေများ သိရမလည်းလို့ Ireneဆီ ဖုန်းဆက်ဖို့ Jennie သူ့အိတ်ထဲက ဖုန်းကို ယူလိုက်သည်
သို့သော် အိတ်ထဲတွင် ဖုန်းမရှိသောကြောင့် Jennie မျက်လုံးပြူးသွားတယ်
"အာ စားသောက်ဆိုင်မှာ ကျန်ခဲ့တာဘဲ "
Jennie သူမ စားသောက်ဆိုင်က စားပွဲပေါ် ဖုန်းတင်ထားမိတာကို သတိရပြီး ကားကို ပြန်ကွေ့လိုက်သည်
စားသောက်ဆိုင်ကို ရောက်တော့ Jennie သူမတို့ထိုင်ခဲ့တဲ့ စားပွဲဘက် သွားပေမယ့် သူမဖုန်းကို မတွေ့ရပေ
Jennie အနားက ဖြတ်သွားတဲ့ ဝန်ထမ်းကို လှမ်းခေါ်တော့ ခုန သူမတို့ကို ဟင်းလာချပေးတဲ့ ဝန်ထမ်းဖြစ်နေသည်
"ဟုတ် Madam ဘာကူညီပေးရမလည်းဗျာ့ "
"ကျွန်မဖုန်း ဒီစားပွဲပေါ်မှာ ကျန်ခဲ့လို့လေ "
"အာ ဟုတ် ကျွန်တော် တွေ့လို့ မန်နေဂျာဆီမှာ အပ်ထားတယ် သွားယူပေးမယ် ခဏထိုင်စောင့်ပါအုံးဗျာ့ "
"ဟုတ် ကျေးဇူးတင်ပါတယ် သိမ်းထားပေးလို့ "
"ရပါတယ်ဗျာ့ "
ဝန်ထမ်းကောင်လေး ဖုန်းသွားယူစဥ် Jennieမှာ စားသောက်ဆိုင်ထဲ လျှောက်ကြည့်နေသည်
ကြည့်ရင်းနဲ့ တစ်နေရာရောက်တော့ စားပွဲဝိုင်းတစ်ဝိုင်းတွင် ကောင်မလေးနှစ်ယောက် တဟားဟားရယ်နေကြတာကို Jennie တွေ့လိုက်ရသည်
ကောင်မလေးတစ်ယောက်က Jennieကို ကျောပေးထားလို့ မမြင်ရပေမယ့် နောက်တစ်ယောက်ကတော့ Jennie သိတဲ့သူနဲ့ တူသောကြောင့် Jennie အံ့သြသွားတယ်
ထိုကောင်မလေးမှာ ရယ်မောရင်း Jennieနဲ့ အကြည့်ချင်းဆုံသွားတော့ အရမ်းလန့်ပြီး ထရပ်လိုက်သည်
"What the fuck "
Jennieမှာ ထိုကောင်မလေးက ဘယ်သူလည်းဆိုတာ သိလို့ ကျိန်ဆဲလိုက်သည်
#Tbc
Happy new yearပါ ကြိုနှုတ်ဆက်ထားတာ😁 reader အပေါင်း နှစ်သစ်မှာ ပျော်ရွှင်ပါစေ ❤
#Zawgyi
"အာ..."
"အရူးမ "
"Ah နာလိုက်တာ "
"အရူး "
"ငါ သိပါတယ် "
"ကျေးဇူး Jen "
"Welcome Chu "
********** ************
"ဟုတ်ကဲ့ အတူတူပါဘဲ "
"Aww ရပါတယ်ရှင် "
"ဟုတ်ကဲ့ "
"ဟုတ် Mr. June "
"ရပါတယ်ဗျာ့ "
"What the fuck "
#Tbc
Bạn đang đọc truyện trên: Truyen3h.Co