Truyen3h.Co

Lies

Part 19

KimFany059

#unicode

"Dalgomရေ အခုချက်ချင်း ပါးစပ်ထဲကနေ ချလိုက်စမ်း "

Jisooမှာ ဘောင်းဘီဝတ်ရင်း သူ့ခွေးလေးကို လှမ်းအော်နေသည်

Jisoo ကြည့်ရတာ ကလေးတစ်ယောက်ကို အော်ဆူနေတဲ့ အမေလိုပင်

"Dlagom....."

Jisoo အော်လိုက်သော်လည်း Dalgomမှာတော့ Jisoo ခြေအိတ်ကို ကိုက်ထားပြီး Jisooကို လှည့်ကြည့်သည်

ထို့နောက် Jisooရဲ့ အခန်းထဲကနေ ပြေးထွက်သွားတယ်

"Dalgom ခွေးကောင်လေးရေ ငါ့အချစ်ကလေးကို သွားတွေ့မလို့ ခြေအိတ်ပြန်ပေးပါဟဲ့ "

Jisoo ဘောင်းဘီဝတ်ပြီးနောက် Dalgomနောက် ပြေးလိုက်သွားသည်

အမေတူ ခေါင်းမာတဲ့ Dalgomမှာလည်း Jisooကို ခြေအိတ်မပေးဘဲ ဧည့်ခန်းထဲ ပတ်ပြေးနေသည်

နောက်ဆုံး Dalgomကို Jisoo ဖမ်းမိပြီး Dalgomနဲ့ အပြိုင် ခြေအိတ်ကို လုဆွဲရင်း Jisooရဲ့ ခြေအိတ်မှာ ဗြိခနဲ ပြဲသွားလေသည်

Dalgom ကို Jisoo မျက်စောင်းထိုးပြီး ကြည့်တော့ ခွေးကောင်လေးကလည်း ဘာလည်းဆိုတဲ့ပုံစံနဲ့ ဂျစ်ကန်ကန်အကြည့်နဲ့ Jisooကို ပြန်ကြည့်နေသည်

"အံမယ် ငါ့ကို ဘာအကြည့်နဲ့ ကြည့်နေတာလည်း လမ်းပေါ် ပြန်လွှင့်ပစ်လိုက်ရ "

Jisooရဲ့ စကားကြောင့် Dalgomမှာ ရုတ်တရက် အမြီးယမ်းပြီး Jisoo ပေါင်ပေါ် ပြေးတက်ကာ Jisooရဲ့ မျက်နှာကို နမ်းလေသည်

"ဟင်းဟင်း အခုမှ လာဖားမနေနဲ့ သွား "

Dalgom ရဲ့ ခေါင်လေးကို ပွတ်ပေးပြီး Jisooမှာ သူမ အခန်းထဲ ပြန်ဝင်သွားပြီး နောက် ခြေအိတ်တစ်စုံထပ် ထုတ်လိုက်သည်

ထိုစဥ် Jisooဆီသို့ ဖုန်းဝင်လာသည်

Limario calling

Lisa ဖုန်းခေါ်မှန်း တွေ့တော့ အကြောင်းသိ Jisooမှာ စပီကာပွင့်ပြီး ဖုန်းကို စားပွဲပေါ် တင်လိုက်သည် အဘယ်ကြောင့်ဆိုသော်

"Jisooooooooooooo "

တစ်ဖက်ကနေ အာပြဲနဲ့ အော်တတ်တဲ့ Lisaရဲ့ အကြောင်း သိနေလို့ပင်

"Yah ဘာလို့ ဖုန်းထဲ ဇွတ်ဖင်ကုန်းအော်နေတာလည်း Lisa ရ "

Jisoo ခြေအိတ်ဝတ်ရင်း Lisaကို ပြန်အော်လိုက်သည်

"Sorry ဟီးဟီး "

Jisooကို တောင်းပန်စကားပြောရင်း Lisa ရယ်လိုက်သည်

"ဒါနဲ့ နင် Instagram ကို ကြည့်ပြီးပြီလား နင် သဝန်တိုနေမယ်ဆိုတာ ငါလောင်းရဲတယ် ဟိ "

"မကြည့်ရသေးဘူး ဘာလို့လည်း ဘယ်ဆိုင်က ကြက်ကြော်ကို ခြင်းတစ်ခြင်းစာ ဘယ်သူ့ကို အလကားပေးလိုက်လို့လည်း "

"မဟုတ်ဘူး မဟုတ်ဘူး နင်မကြည့်ရသေးဘူး မဟုတ်လား ကြည့်လိုက်အုံးလေ ဒါဘဲနော် ဟိဟိ "

Lisa ပြောပြီး ဖုန်းချသွားသောကြောင့် Jisoo ခေါင်းခါပြီး Instagram ကို ဖွင့်ကြည့်လိုက်သည်

Jennieရဲ့ Instagram account ထဲ ဝင်ကြည့်တော့ မြင်လိုက်ရတဲ့ ပုံတွေကြောင့် Jisooရဲ့ သွေးတွေဆူပွက်လာသည်

Jennieက ကလေးလေးတစ်ယောက်လို ကောင်မလေးတစ်ယောက်ကို ကုတ်တွယ်ဖက်ထားတယ်လေ

ပုံတင်ထားတာ ဆယ်မိနစ်လောက်ဘဲရှိပြီး ဘယ်နေရာမှန်းမသိ Sundayလည်း ဖြစ်သောကြောင့် Jisooမှာ အတွေးတွေလွန်လာသည်

Shit!

Jisoo ချက်ချင်းဘဲ Lisaဆီ ဖုန်းခေါ်လိုက်သည်

"ငါ နိုင်တယ် ပေးတော့ ပိုက်ဆံ "

"အဲ့တာ ဘယ်နေရာလည်း Lisa. ..."

"မသိဘူးလေ Joyရဲ့ အိမ်မှာ နေမှာပေါ့ "

"Joy. ..အဲ့တာ ပုံထဲက ကောင်မလေးလား "

"ဟုတ်တယ်....ကြည့်ရတာ Jennie အဲ့ကောင်မလေးရဲ့ အိမ်မှာ တစ်နေကုန်နေမယ်ထင်တယ် "

"ဘာလို့လည်း Lisa. ..သူနဲ့ အဲ့ကောင်မလေးက ဘယ်လိုဆက်ဆံရေးလည်း "

"မသိဘူးလေ ငါ သိတာတော့ Joyနဲ့သူက သူငယ်ဂျင်း အာ သူငယ်ချင်းလေ ...."

Lisaမှာ Jisoo စိတ်တိုနေတာသိလို့ မီးထပ်ရှို့လေသည်

Jisoo သက်ပြင်းချပြီး ဖုန်းချလိုက်သည်

သူမနဲ့တုံးကတောင် Jennie တစ်ခါမှ Joyကို တွယ်ကပ်ဖက်တွယ်ထားတာလိုမျိုး မလုပ်ဖူးပေ

Jisooကိုဆို အမြဲ စိတ်မရှည်ဘဲ နှင်ထုတ်သည်

တစ်ခါမှ အထိအတွေ့ပူးကပ်ဖက်တွယ်တာမျိုး Jisooအပေါ် Jennie မလုပ်ဖူးပေ

Jisooက သူ့ချစ်သူပါလို့ Jinwooကို ပြောတုံးက Jisoo အရမ်းပျော်သွားပေမယ့် Jisooက Jennieကို ဖက်တဲ့အခါ တွန်းလွှတ်...လက်ကိုင်တဲ့အခါ ဖယ်ချခဲ့သည်...

Jisooက ပြောတော့ သူက Jisooရဲ့ ချစ်သူ မဟုတ်ဘူးလို့ Jennieက ပြန်ရန်လုပ်သည်

Jennie ဘာဖြစ်ချင်နေမှန်း ဘာဖြစ်နေမှန်း Jisoo မသိတော့ပေ

Jisoo သက်ပြင်းချပြီး Jennieရဲ့ အိမ်ကို သွားလိုက်သည်

Jennieရဲ့ အိမ်ကိုရောက်တော့ Kumaက Jisoo ကို အမြီးနှံ့ကာ ကြိုနေသည်

Jisoo နာရီကို လှမ်းကြည့်တော့ နေ့လည်သုံးနာရီကျော်သွားပြီ

ညစာချက်ဖို့ Jisoo မီးဖိုးခန်းထဲကို ဝင်သွားသည်

ရေခဲသေတ္တာထဲ က စားစရာတွေ ကို Jisooထုတ်ပြီး ညစာချက်ဖို့ ပြင်လေသည်

ကြက်သွန်လှီးရင်း Jisoo လက်ကို ဓားရှမိသွားသော်လည်း Jisooကတော့ သီချင်းလေး ညည်းပြီး လက်ကသွေးတွေကို ရေဆေးချရင်း ဟင်းဆက်ချက်နေသည်

Jisoo ဟင်းချက်ပြီးလို့ နာရီကို ကြည့်တော့ ညနေ ငါးနာရီကျော်နေပြီ

Jisooလည်း ဟင်းတွေကို စားပွဲခုံပေါ်တင်ပြီး Jennie ဆီ ဖုန်းဆက်လိုက်သည်....

Jennieဆီ ဖုန်းဝင်သော်လည်း Jennieက ဖုန်းမကိုင်သောကြောင့် ကားမောင်းနေလို့ မကိုင်တာဘဲလို့ Jisooတွေးပြီး ဖုန်းထပ်မဆက်ဘဲနေလိုက်သည်

ခုနှစ်နာရီကျော်သွားပြီး ဟင်းတွေ အေးစက်သွားသော်လည်း Jennieက ပြန်မလာသေးပေ...

Jennieကို Jisoo အပြစ်ပြောလို့လည်း မရဘူးလေ သူမ ဒီရောက်နေမှန်း Jennieမှ မသိတာ

ည ကိုးနာရီခွဲထိ Jennie ပြန်မလာသေးသောကြောင့် jisooမှာ ဟင်းတွေကို ရေခဲသေတ္တာထဲ ပြန်သိမ်းပြီး noteလေးရေးကာ ရေခဲသေတ္တာတံခါးတွင် ကပ်လိုက်သည်

ထို့နောက် အိမ်ပြန်ဖို့ Jennieရဲ့ တံခါးကိုဖွင့်လိုက်သောအခါ

"Jisoo. ..."

"Jen. .."

Jennieရဲ့ လည်ပင်းက တစ်စုံတစ်ခုကို မြင်တော့ Jisoo မျက်နှာပျက်သွားတယ်

"ဒီကို ဘာလာလုပ်တာလည်း "

"ဘာမှမဟုတ်ပါဘူး Kumaကို သတိရလို့ လာကြည့်တာ "

Jisoo အေးစက်စက်ပြောပြီး Jennie အိမ်ထဲကနေ ထွက်လာသည်

"နေပါအုံး နောက်ကျနေပြီ ....ပြန်တော့မလို့လား "

Jisooရဲ့ လက်ကို ဆွဲပြီး Jennie ပြောလိုက်သည်

"အင်း ပြန်မလို့ ငါ့ကိုယ့်ငါ စောင့်ရှောက်နိုင်ပါတယ်..."

Jisoo ပြန်ပြောပြီး Jennieရဲ့ လက်ကို ပုတ်ချလိုက်သည်

"ဒါပေမယ့် အပြင်မှာ တော်တော် နောက်ကျနေပြီ နင် တစ်ယောက်တည်း ပြန်ရင် အန္တရာယ် များတယ် မကောင်းတာ တစ်ခုခုဖြစ်လိမ့်မယ် "

"မကောင်းတာက ဖြစ်ပြီးပြီ Jennie. ..ပြီးတော့ တစ်ခုရှိသေးတယ် ငါက နင့် ချစ်သူမဟုတ်လို့ ငါ့ကို နင့်ချစ်သူကို ဂရုစိုက်သလို လာဂရုမစိုက်ပါနဲ့လာယ "

"ငါ ဂရုစိုက်ရမယ်လေ နင်က ငါ့သူငယ်ချင်းလေ Jisoo "

"သူငယ်ချင်း ဟုတ်တာပေါ့ နင့်ကို စောက်ရမ်းချစ်ပြီး စောက်ရမ်းလိုချင်နေတဲ့ ငါ့အတွက် အဲ့သူငယ်ချင်းဆိုတဲ့ စကားက သေမလိုနာကျင်စေတယ်ဟ "

Jisoo စိတ်မထိန်းနိုင်တော့ဘဲ Jennieရှေ့တွင် ငိုချမိလိုက်သည်

"နင့်ကို ဘယ်လောက်ချစ်ကြောင်း ငါအမြဲ ထုတ်ပြခဲ့တယ် Jen ...ငါ့အချစ်တွေကိုလည်း နင်အမြဲ ခံစားမိမယ်လို့လည်း ငါ့ကိုယ်ငါ ယုံကြည်ခဲ့တာ ဒါပေမယ့် ငါလုပ်သမျှ  အားလုံးက စောက်ရေးမပါခဲ့ဘူးဘဲ ....ဘာလို့လည်းဆိုတော့ နင်က ငါ့ကို အခွင့်အရေး မပေးခဲ့ဘူး ....တော်ပြီ ငါ ငါအရမ်း ပင်ပန်းနေပြီ Jennieရာ "

"Jisoo ငါက....."

"တော်တော့ Jen. ..ငါ အဆင်ပြေပါတယ် အဆင်ပြေသွားမှာပါ  ...နင်ကတော့ နင်သဘောကျတဲ့သူနဲ့ တစ်နေကုန်ပျော်ခဲ့မှာပေါ့...."

Jennie ကို ပြုံးပြပြီး Jisoo လှည့်ထွက်လာခဲ့သည်

ဘာလို့လည်း.....သူ ငါ့ကို ပြန်မချစ်နိုင်တာက သူ့မှာ ချစ်ရတဲ့သူ ရှိနေလို့လား ...ချီးဘဲ သူ့လည်ပင်းက hickey......ငါ့ကို သေအောင်သတ်နေသလိုဘဲ စောက်ရူးဘဲ....ငါက တကယ် စောက်ရူးဘဲ

Jisooမှာ ကားစီယာတိုင်ကို တဘုန်းဘုန်းထုရင်း ငိုနေလေသည်

"Jisoo ညီမလေး ဘာလို့ ငိုနေတာလည်း "

Jinwooမှာ အိမ်ကို ငိုရင်း ပြန်ရောက်လာတဲ့ သူ့ညီမလေးကို တွေ့တော့ အံ့သြသွားတယ်

"Oppa. .."

Jisooမှာ သူ့အကိုကိုပြေးဖက်ပြီး ငိုလေသည်

Jinwooမှာတော့ သူ့ညီမလေးကို ဖက်ထားပြီး ချော့နေသည်

"Hey hey အဆင်ပြေသွားမှာပါ မငိုနဲ့တော့နော် အိပ်နေတဲ့ Ommaတို့ နိုးလာလိမ့်မယ် "

"Oppaရာ ငါ ဒီလိုခံစားနေရတာကြီးကို မုန်းလိုက်တာ "

"သောက်မလား လာ "

Jinwooမှာ သူ့ညီမလေးကို မီးဖိုခန်းဘက် ခေါ်သွားပြီး ရေခဲသေတ္တာထဲက ဘီယာဘူးကို ထုတ်ပေးလေသည်

Jisooမှာ Jinwooပေးတဲ့ ဘီယာကို တစ်ကျိုက်တည်း မော့ချလေသည်

#tbc

#zawgyi




"Dlagom....."













Limario calling


"Jisooooooooooooo "




"Sorry ဟီးဟီး "









Shit!






























"Jisoo. ..."

"Jen. .."


"ဒီကို ဘာလာလုပ်တာလည်း "













"Jisoo ငါက....."







"Oppa. .."





"သောက်မလား လာ "



#tbc

Bạn đang đọc truyện trên: Truyen3h.Co