Part 18
#Unicode
After One Week
Jennie တစ်ယောက် အိပ်ရာကနေ နောက်ကျမှ နိုးလာသည်
အဘယ်ကြောင့်ဆိုသော် မနေ့ညက Jisooက ညနက်တဲ့အထိ Jennieကို ဖုန်းဆက်ပြီး ဖုန်းချခွင့်မပေးဘူးလေ
Jennieကို လွမ်းလွန်းလို့ Jennieရဲ့ အိမ်ကို လာမယ်လို့တောင် လုပ်နေလို့ ညနက်နေပြီဖို့ မလာဖို့ Jennieမှာ တားရသည်
ညမိုးချုပ်မှာ မိန်းကလေး တစ်ယောက်တည်း အပြင်ထွက်ရတာ အန္တရာယ် ရှိတယ်လေ သိတယ်မလား ခေတ်ပျက်ကြီးထဲ Jisooလို မိန်းမလှလေးတစ်ယောက်တည်း လမ်းမပေါ်မှာ ရှိနေရင် .....အန္တရာယ် တော်တော် များလွန်းတယ်လေ
Jennie ရေချိုးပြီး အလုပ်ကို ထွက်လာခဲ့သည်
အလုပ်ရောက်သောအခါ သူမ ရုံးခန်းရှေ့က စားပွဲခုံတွင် Lisaကို မတွေ့ရသောကြောင့် Jennie မျက်မှောင်ကြုတ်သွားတယ်
"သူက ငါ့ထက် အလုပ်နောက်ကျနေတာလား "
Jennie တွေးပြီး ရုံးခန်းတံခါး ဖွင့်လိုက်သောအခါ
"Yah နင်တို့နှစ်ယောက် ဘာလုပ်နေတာလည်း...."
Lisaမှာ Jennie အော်သံကြောင့် Chaeyoungရဲ့ လည်ပင်းကို နမ်းနေရာမှ ရပ်သွားသည်
Chaeyoungကလည်း ချက်ချင်း Lisa ပေါင်ပေါ်က ဖယ်ပြီး Jennieကို ရယ်ပြနေသည်
"ငါ့ရုံးခန်းက ဟိုတယ်နဲ့တူနေတာလား..."
Jennie မျက်စောင်းထိုးပြီး ပြောတော့ Chaeyoungမှာ စပ်ဖြီးဖြီးနဲ့ Jennieကို တောင်းပန်သည်
"အဟီး Sorry ပါ Jennieရယ် "
"နင့်လူကတော့ ငါ့ကို တောင်းပန်ချင်တဲ့ပုံမပေါ်ဘူး '
နှုတ်ခမ်းစူပြီး သူမကို ကြည့်နေတဲ့ Lisaကို Jennie လက်ညိုးထိုးကာ ပြောလိုက်သည်
"နင်က ရုတ်တရက် ဝင်ချလာတာကိုး....ငါက နင်မလာတော့ဘူးထင်လို့.... "
"ငါ့ရုံးခန်း ငါဝင်ချင်တဲ့အချိန် ဝင်မှာပေါ့ "
"ကဲပါ ရန်မဖြစ်နဲ့တော့ Chae အခု Entertainment ကို ခဏသွားအုံးမယ် နေ့လည်ကျ ထမင်းအတူသွားစားဖို့ လာခေါ်မယ် "
"Ok Chae. .."
Chaeyoung ထွက်သွားတော့ Lisaလည်း Chaeyoung ရဲ့ အနောက်ကို လိုက်သွားသည်
Jennie ကတော့ Chaelisaကို ကြည့်ရင်း ခေါင်းတစ်ခါခါနဲ့ ကျန်ခဲ့သည်
Knock knock
"ဝင်ခဲ့ပါ "
"Jen အလုပ် ပြီးပြီလား နေ့လည်စာသွားစားရအောင် "
Chaeyoungက အခန်းထဲဝင်လာခေါ်သောကြောင့် Jennie လုပ်လက်စ အလုပ်ကို ရပ်လိုက်သည်
"ကောင်းပြီလေ သွားစားကြစို့ ဒါနဲ့ Lisaရော "
"သူ အိမ်သာခဏသွားတယ် ကားထဲ သွားစောင့်ရအောင်လေ "
"ဟုတ်ပြီ "
Jennieနဲ့ Chaeyoung တို့ ကားရှိရာကို သွားကြသည်
"Hey နင် Dating rumor ထပ်ထွက်နေတယ်နော် "
Jennieရဲ့ စကားကြောင့် Chaeyoung ရယ်လိုက်သည်
"ဟုတ်ပါ့ အဲ့ကိစ္စကြောင့် Lisa ငါ့ကို စိတ်ကောက်နေတာလေ မနက်က ချော့ထားရတာ "
"ဒီတစ်ခါတော့ Suzyနော်... "
"ဟုတ်တယ် သူနဲ့ collaboration လုပ်ဖို့ Entertainment က ကြော်ငြာလိုက်တာနဲ့ fanတွေက ကောက်shipကြတော့တာဘဲ "
"ဒီကြားထဲ Instagram မှာ နင်တို့ တင်တဲ့ပုံတွေရဲ့ နေရာတွေကလည်း တူနေတော့ Rumor ထွက်လာတာပေါ့ "
"ဟုတ်ပါ့ "
"ဘာဖြစ်ဖြစ် Suzyက ချောတော့ Rumor ထွက်လည်း အေးဆေးပေါ့ အမှန်တိုင်းပြောရရင် Lisa ထက်တောင် ချောသေး "
"Hey ငါ့ အချစ်ကလေးကို ဘာတွေလျှောက်ပြောနေလည်း ဂျပု "
Lisaမှာ အိမ်သာက ပြန်လာရင်း Jennieတို့ဆီ ပြေးလာရာမှ Jennie ပြောစကားကို ကြားပြီး ရန်လုပ်လိုက်သည်
"Aww Suzyက နင့်ထက် ပိုချောတယ် Datingထွက်တာ မိုက်တယ်ပြောတာပါ "
"Yah "
"ငါ အဲ့လိုပြောလည်း Chaeyoungက နင့်ကိုဘဲ ချစ်တာပါ နင်ကလွဲပြီး ဘယ်သူ့မှ မချစ်ဘူးတဲ့ "
Jennieရဲ့ စကားကြောင့် Lisa ဂုဏ်ယူတဲ့ အပြုံးနဲ့ ပြုံးလိုက်သည်
"နင့်လို ရုပ်ဆိုးမကို ဘာတွေအရမ်းချစ်နေတယ်မသိ "
"Yah Jenပု "
"ကဲပါ ဒီ CEOနဲ့ အတွင်းရေးမှူးက အမြဲ ရန်ဖြစ်နေတာဘဲ Chae ဗိုက်ဆာလာပြီ သွားစားကြစို့ "
Jennieတို့ စားသောက်ဆိုင်ထဲ ဝင်လာစဥ်
"ဟိုမှာ Jisoo မဟုတ်လား "
Lisa စကားကြောင့် Lisa လက်ညိုးထိုးပြရာကို Jennieကြည့်တော့ ကောင်လေးတစ်ယောက်နဲ့ စကားပြော ရယ်မောနေတဲ့ Jisooကို တွေ့ရလေသည်
"Jinwoo Oppa မဟုတ်လား "
"ဘယ်ကကောင်လည်း သူက "
"Jennie ငါတို့စားပွဲက ဟိုမှာလေ "
Chaelisaက တားသော်လည်း သဝန်တိုနေတဲ့ Jennie တစ်ယောက် Jisooတို့ စားပွဲဆီ ရောက်သွားသည်
"Kim Jisoo shii "
"ဟင် Jen... ဒီကို ဘယ်လိုရောက်လာတာလည်း "
Jennieကို တွေ့တော့ Jisooမှာ လန့်ပြီး ထရပ်လိုက်သည်
"စားသောက်ဆိုင်ကို လာပါတယ်ဆို စားဖို့လာတာပေါ့ ဘာလုပ်ဖို့လာရမှာလည်း "
"Aww. ..အင်းပါ လာ မိတ်ဆက်ပေးရအုံးမယ် Oppa သူက Jennie Kim "
"Jisooရဲ့ ချစ်သူပါ "
Jennieက ဝင်ပြီး နှုတ်ဆက်လိုက်သောကြောင့် Jisooတို့မှာ အံ့သြသွားကြသည်
"Jisoo မင်းမှာ ချစ်သူ ရှိတာ Oppaလည်း မသိပါလား "
"Chawတောင် ခုမှသိတာ "
Jennieမှာတော့ Jisooက သူ့ကွယ်ရာမှာ ကောင်လေးတစ်ယောက်နဲ့ ဒိတ်နေတယ်ဆိုပြီး အူတိုနေတယ်လေ
"တွေ့ရတာ ဝမ်းသာပါတယ် ကျွန်တော်က Jisooရဲ့ အကို Kim Jinwooပါ "
Jennieမှာ Jinwooရဲ့ စကားကြောင့် လန့်သွားတယ်
"ဟင် Jisooရဲ့ ရည်းစားကောင်လေး "
"အာ Jennieကတော့ မောင်နှမချင်းပေးစားနေတာဘဲ......ကျွန်တော့်မှာ မိန်းမရှိပါတယ်... Jisooက အဖေတို့နဲ့စကားများပြီး အိမ်ကထွက်သွားတာ တစ်လကျော်ထိ အကြောင်းမကြားလို့ ကျွန်တော်က လာတွေ့တာ..."
"အယ်...Jenက Jisoo ဖောက်ပြန် "
"Jennie ကတော့ ပေါက်ကရတွေးပြန်ပြီ Kim Jisooလို မယက က Jennie ကွယ်ရာမှာ ဖောက်ပြန်မယ်ထင်နေတာလား "
"Oppaကတော့ ကိုယ့်ညီမကို အရှက်ပြန်ခွဲပြန်ပြီ "
"Haha ထားပါတော့ Oppa သွားတော့မယ် Jennieနဲ့ အတူတူနေ့လည်စာ စားလိုက်အုံး Jennie Shii ခွင့်ပြုပါအုံး "
"Nae ကောင်းကောင်းသွားပါ...."
စားပွဲဝိုင်းတွင် JiChaelisaတို့က ရယ်မောစကားပြောနေပေမယ့် Jennieကတော့ ခုန သူမ အထင်လွဲပြီး ရန်လုပ်မိတာတွေးပြီး ရှက်လို့ ငြိမ်နေသည်
"Lisa နင်သိလား အခု ငါက Jennie ချစ်သူ ဖြစ်သွားပြီ သူခုနက ငါ့အကိုရှေ့မှာ သူက ငါ့ချစ်သူဆိုတာ ပြောသွားတယ် "
"Yah အဲ့တာ မတော်တဆပြောမိတာ မရဘူး ထည့်မတွက်ဘူး "
Jennieရဲ့ စကားကြောင့် Lisaမှာ Chaeyoungအတွက် အသားလှီးပေးရင်း ရယ်လိုက်သည်
ထို့နောက် အသားပန်းကန်ကို Chaeyoungအား ပေးလိုက်သည်
"Jen ငါ့ကိုလည်း အသားလှီးပေးပါလား "
"နင့်လက်တွေက ဘာလုပ်ဖို့လည်း Jisoo "
"နင့် ခန္ဓာကိုယ်ကို ထိတွေ့...."
Jisoo စကားမဆုံးခင် Jennie မှာ Jisooရဲ့ ပါးစပ်ကို အမြန်လှမ်းပိတ်လိုက်သည်
"Yah yah အဲ့ပါးစပ်က နေရာတကာ လျှောက်မပြောနဲ့လေ....ပိတ်ထား "
"ညကျရင်ရော ပိတ်ထားရမှာလား "
Jisoo စကားကြောင့် Jennie ရှက်ပြီး မျက်နှာကြီးနီလာသည်
"Kim Jisoo "
Chaelisaတို့အတွဲမှာ Jensooတို့ကို ကြည့်ပြီး သဘောကျစွာ ရယ်နေကြသည်
#Tbc
#
After One Week
"Ok Chae. .."
Knock knock
"ဝင်ခဲ့ပါ "
"ဟုတ်ပြီ "
"ဒီတစ်ခါတော့ Suzyနော်... "
"ဟုတ်ပါ့ "
"Yah "
"Yah Jenပု "
"ဟိုမှာ Jisoo မဟုတ်လား "
"Jinwoo Oppa မဟုတ်လား "
"ဘယ်ကကောင်လည်း သူက "
"Kim Jisoo shii "
"Jisooရဲ့ ချစ်သူပါ "
"Chawတောင် ခုမှသိတာ "
"Kim Jisoo "
#Tbc
Bạn đang đọc truyện trên: Truyen3h.Co