Part 21
#Unicode
"Baby ချစ်လေး ဘယ်မှာလည်း "
Jisoo မှာ Jennieရဲ့ အိမ်တံခါးကို ဖွင့်ပြီး အော်လိုက်သည်
Lisaက Jennie နေမကောင်းလို့ အလုပ်မလာဘူးလို့ Jisooဆီ ဖုန်းဆက်လို့ Jisooမှာ လုပ်စရာအလုပ်တွေ ပစ်ထားပြီး Jennie ဆီ ပြေးလာခဲ့သည်
"Jen. ..."
Jennieရဲ့ အခန်းတံခါးကို ဖွင့်လိုက်သောအခါ ရေညှိထမင်းလိပ်လို စောင်နဲ့ပတ်ထားတဲ့ နေမကောင်းတဲ့ ကလေးလေးကို ကုတင်ပေါ်တွင် တွေ့လိုက်ရသည်
"Jisoo မလာနဲ့......Jenက ဖျားနေတာမို့ Ji ဒီကို မလာသင့်ဘူး "
Jisoo အခန်းထဲ ဝင်လာတာကို Jennie တွေ့ပြီး အော်လိုက်သည်
"ဘာလို့မလာသင့်ရမှာလည်း Jiရဲ့ နေမကောင်းတဲ့ ကလေးလေးကို စောင့်ရှောက်ဖို့ ဒီကို အပြေးလာခဲ့တာ "
"မရဘူး Ji အဖျားကူးလိမ့်မယ် ...."
"ကူးလည်း ကူးပါစေ Jenကို ဂရုစိုက်ပေးချင်တာ "
Jisoo ပြောပြီး Jennieရဲ့ နဖူးလေးကို နမ်းလိုက်သည်
"Ji အဖျားကူးတာမျိုး မဖြစ်စေချင်လို့ကို "
Jennieမှာ ကလေးတစ်ယောက်လို နှုတ်ခမ်းစူပြီး ပြောလေသည်
"Aigoo... "
Jisooမှာ နှုတ်ခမ်းစူနေတဲ့ ကလေးလေးကို အူယားပြီး ပါးဖောင်းဖောင်းလေးကို နမ်းတော့ Jennieမှာ လက်ကာပြသည်
"No kissing No. ..အဖျားကူးပါမယ်ဆို ဘယ်လိုဖြစ်နေ...."
Jennie စကားမဆုံးသေး Jennieရဲ့ နှုတ်ခမ်းလေးကို ပြွတ်ခနဲ Jisoo နမ်းလိုက်သည်
"Jisoo. .တံတွေးတွေက တဆင့် အဖျားဗိုင်းရပ်တွေ ကူးကုန်ပါမယ်ဆို ဘယ်လိုဖြစ်နေတာလည်း "
"ဟီးဟီး ဆေးသောက်ပြီးပြီလား Jen "
"မသောက်ရသေးဘူး တစ်ကိုယ်လုံးညောင်းညာကိုက်ခဲနေလို့ အိပ်ရာကနေတောင် မထနိုင်ဘူး..."
"Aww သနားစရာ ကလေးလေး...Ji အခု ဆန်ပြုတ်သွားပြုတ်လိုက်အုံးမယ် ဆန်ပြုတ်စားပြီး ဆေးသောက်ရအောင်နော် "
Jennie ခေါင်းညိတ်ပြတော့ Jisoo ပြုံးပြီး သူ့ဖုန်းကို ထုတ်ယူလိုက်သည်
ထို့နောက် Jennieရဲ့ ပုံကို ရိုက်သောအခါ
"Ji ဘာလုပ်တာလည်း "
"ထမင်းလိပ်လေးနဲ့တူလို့ ချစ်စရာလေးမို့ ဓာတ်ပုံရိုက်လိုက်တာ "
"ဟွန့် Jiနော် "
Jennieက သူမကို မျက်စောင်းထိုးတော့ Jisoo ရယ်ပြီး ဆန်ပြုတ်ပြုတ်ဖို့ မီးဖိုခန်းဘက် ထွက်သွားလေသည်
ခဏကြာတော့ ဆန်ပြုတ်ဗန်းနဲ့ ဆေးတွေယူလာပြီး Jisoo အခန်းထဲ ပြန်ဝင်လာသည်
"ဆန်ပြုတ်ရပြီ အချစ်ကလေး...."
ဆန်ပြုတ်ဗန်းကို စားပွဲခုံပေါ် ခဏတင်ပြီး Jennieကို Jisoo ဆွဲထူလေသည်
"ကဲ ဒီတစ်ဇွန်းဘဲ....."
"Ji. ..အဲ့လိုပြောပြီး ကျွေးနေတာ ဆယ်ဇွန်းရှိပြီ Jen မစားနိုင်တော့ဘူး အန်ထွက်တော့မယ် "
"ဒီတစ်ခါ တကယ်ကျွေးတာ တကယ်...."
Jisoo ပြောပြီး ဇွတ်ကျွေးတော့ Jisooကို မျက်စောင်းထိုးကာ Jennie ဆန်ပြုတ်ကို စားလိုက်သည်
"ကဲ ပြီးပါပြီ..ဆေးသောက်ရအောင် "
Jennie ဆေးသောက်ပြီးနောက်
"သက်သာလား Jen "
"ခေါင်းတော့ နည်းနည်းကိုက်တယ်...."
"Ji air con လျော့ပေးမယ်နော် "
Jisoo ပြောပြီး air conကို အအေးလျော့ပေးလေသည်
ထို့နောက် Jennieကို စောင်သေချာခြုံပေးပြီး Jennie ဘေးနား ဝင်အိပ်လေသည်
"အဖျားကူးပါမယ်လို့ ပြောနေတာ ဆယ်ခါလောက်ရှိနေပြီ နားမထောင်ဘူးတော့ "
သူမကို လာဖက်တဲ့ Jisooကို Jennie နှုတ်ခမ်းစူကာ ရန်လုပ်တော့ Jisooမှာ ရယ်လိုက်သည်
"Jenကို ဖက်အိပ်ချင်လို့ "
"ဟွန့် ပြီးရော ဒါဆို Jen အဖျားပျောက်တဲ့အထိ ဖက်အိပ်ပေး "
"အမိန့်တော်အတိုင်းပါ....."
Jennieမှာ Jisooကို ပြန်ဖက်ပြီး အိပ်နေစဥ် Jisoo ဖုန်းမြည်သံကြောင့် လန့်နိုးလာသည်
"Ji ဖုန်းပိတ်လိုက် "
Jisoo စားပွဲခုံပေါ်က သူ့ဖုန်းကို အသံပိတ်ဖို့ လှမ်းယူစဥ် Nayeonခေါ်မှန်း တွေ့ပြီး တစ်ခုခုကို သတိရသွားသည်
"အာ Jen ခဏနော် ဖုန်းသွားပြော "
Jisoo ထရပ်မယ်လုပ်တော့ Jennieက လှမ်းတားသည်
"ဘယ်အပြင်မှ မထွက်နဲ့ ဒီမှာပြော "
Jennieရဲ့ လေသံမာမာနဲ့ စကားကြောင့် Jisoo ဇက်ကလေးပုသွားသည်
"Ok "
Jisoo တံတွေးမျိုချပြီး ဖုန်းကိုင်လိုက်သောအခါ တစ်ဖက်က Nayeon အော်သံကို ကြားလိုက်ရသည်
"Yah Kim Jisoo နင် ဘယ်ကမ္ဘာကို ရောက်နေတာလည်း ငါ စောင့်နေရတာ ခြေထောက်ကနေ အမြစ်ထွက်တော့မယ် "
Nayeon အော်သံက တော်တော်ကျယ်တော့ Jisooမှာ Jennieကို မသိမသာလှမ်းကြည့်လိုက်တော့ Jennieမှာ မျက်မှောင်ကြုတ်ကာ Jisooကို ကြည့်နေသည်
"အာ တောင်းပန်ပါတယ် ငါ မေ့သွားလို့ "
"ဘာဖြစ်လို့ မေ့ရတာလည်း ပြောပါအုံး အကြောင်းပြချက် ကောင်းကောင်းပေးနော် မဟုတ်ရင် နင့်ကို Eiffel တာဝါမှာ ချိတ်ဆွဲပစ်မှာ "
"ငါ့ကောင်မလေးက တော်တော်လေး နေမကောင်းဖြစ်နေလို့ဟ အဲ့တာကြောင့် မလာနိုင်တာ နောက်မှ တွေ့ကြမယ်လေနော် "
Jisoo ပြောရင်း Jennieကို ကြည့်တော့ Jennie မှာ ဘာဇယားတွေရှုပ်နေတာလည်းဆိုတဲ့ အကြည့်နဲ့ Jisooကို ကြည့်နေသည်
"Aww နင်က ငါ့ကို ထားသွားပြီး အသစ်နေပြီပေါ့ နင့်ကို ငါမှန်းတယ် Jisooရယ် "
Nayeon ပေါက်ကရတွေ ပြောပြီး ဆေးထိုးတော့မှာ သိလို့ Jisoo ဖုန်းအမြန်ချလိုက်သည်
Nayeon ဖုန်းထပ်ခေါ်မှာဆိုးလို့ Jisoo ဖုန်းစက်ကို ပိတ်ပစ်လိုက်သည်
"အိပ်ပြီလား ကလေးလေး "
သူမကို ကျောပေးကာ အိပ်နေတဲ့ Jennieရဲ့ခါးလေးကို Jisoo ကိုင်လိုက်တော့ Jennieမှာ Jisoo လက်ကို ရိုက်ချသည်
Jisooမှာ နှာခေါင်းလေးရှုံ့ကာ ပြုံးပြီး Jennie ရဲ့ ခါးကို ဖက်လိုက်သည်
"ငါ့ကို လာမထိနဲ့ သွား "
"ဘာဖြစ်လို့လည်း Jendeukie ရ "
"ငါ့လာမမေးနဲ့ ကိုယ့်ဘာသာကိုယ်မေး "
"ရော် ငါမသိတဲ့ မေးခွန်းကို ငါက ဘယ်လိုဖြေနိုင်မှာလည်းလို့ "
Jennieရဲ့ ပခုံးလေးကို Jisoo နမ်းတော့ Jennie ရုန်းလိုက်သည်
"မသိမချင်း မပြောပြဘူး "
"ဟင်း ....ဖျားနေတဲ့ အာပေတူးလေးဟာ ငါမသိတဲ့မေးခွန်းတွေနဲ့ ခက်ခဲအောင် လုပ်နေပါတယ် "
Jisooမှာ ပြောရင်း လက်က Jennie ခါးကို သွားထိပြန်သည်
"အာ သိပြီ....Jenလေးက သဝန်တိုနေတာ မဟုတ်လား "
"Fuck you Kim Jisoo "
"သဝန်မတိုပါနဲ့ Jenရ...Jiက Jen တစ်ယောက်တည်းကိုဘဲ ချစ်တာ "
Jisoo ပြောပြီး Jennieရဲ့ လည်ပင်းလေးကို နမ်းလေသည်
"ဒါဆို ဘာလို့ တခြားကောင်မလေးတစ်ယောက်နဲ့ တွေ့နေတာလည်း "
"Aww Nayeonမှာ ချစ်သူရှိပါတယ် Jenရ သူက Jenကို တွေ့ချင်တယ်တောင် ပြောနေတာ အစကJenနဲ့ တွေ့ပေးမလို့လေ Jenက နေမကောင်းဖြစ်နေတော့..."
Jisoo စကားကြောင့် Jisoo ဘက်ကို Jennie ပြန်လှည့်လိုက်သည်
"တကယ်ပြောတာလား "
"ဒါ့ပေါ့ Jenရ...Jiမှာ တစ်ခြားတစ်ယောက် ထားဖို့ မပြောနဲ့ Jenကိုတောင် ချစ်မဝဘူး "
Jisoo စကားကြောင့် Jennieမှာ သွားဖုံးလေးပေါ်အောင် ပြုံးပြီး Jisoo နှုတ်ခမ်းလေးကို နမ်းလေသည်.....
Jisooလည်း Jennie နှုတ်ခမ်းကို ပြန်နမ်းရင်း Jennie ရဲ့ နောက်ကျောလေးကို ပွတ်ပေးနေသည် (Jennie Kimက ဖျားနေတာနော် စိတ်ထိန်းပါ ရှင်)
#TBC
Happy Birthday Jendeukie😍
#PricelessJennieDay
#BonJennieversaire
#zawgyi
"Baby ခ်စ္ေလး ဘယ္မွာလည္း "
Jisoo မွာ Jennieရဲ႕ အိမ္တံခါးကို ဖြင့္ၿပီး ေအာ္လိုက္သည္
Lisaက Jennie ေနမေကာင္းလို႔ အလုပ္မလာဘူးလို႔ Jisooဆီ ဖုန္းဆက္လို႔ Jisooမွာ လုပ္စရာအလုပ္ေတြ ပစ္ထားၿပီး Jennie ဆီ ေျပးလာခဲ့သည္
"Jen. ..."
Jennieရဲ႕ အခန္းတံခါးကို ဖြင့္လိုက္ေသာအခါ ေရညွိထမင္းလိပ္လို ေစာင္နဲ႕ပတ္ထားတဲ့ ေနမေကာင္းတဲ့ ကေလးေလးကို ကုတင္ေပၚတြင္ ေတြ႕လိုက္ရသည္
"Jisoo မလာနဲ႕......Jenက ဖ်ားေနတာမို႔ Ji ဒီကို မလာသင့္ဘူး "
Jisoo အခန္းထဲ ဝင္လာတာကို Jennie ေတြ႕ၿပီး ေအာ္လိုက္သည္
"ဘာလို႔မလာသင့္ရမွာလည္း Jiရဲ႕ ေနမေကာင္းတဲ့ ကေလးေလးကို ေစာင့္ေရွာက္ဖို႔ ဒီကို အေျပးလာခဲ့တာ "
"မရဘူး Ji အဖ်ားကူးလိမ့္မယ္ ...."
"ကူးလည္း ကူးပါေစ Jenကို ဂ႐ုစိုက္ေပးခ်င္တာ "
Jisoo ေျပာၿပီး Jennieရဲ႕ နဖူးေလးကို နမ္းလိုက္သည္
"Ji အဖ်ားကူးတာမ်ိဳး မျဖစ္ေစခ်င္လို႔ကို "
Jennieမွာ ကေလးတစ္ေယာက္လို ႏႈတ္ခမ္းစူၿပီး ေျပာေလသည္
"Aigoo... "
Jisooမွာ ႏႈတ္ခမ္းစူေနတဲ့ ကေလးေလးကို အူယားၿပီး ပါးေဖာင္းေဖာင္းေလးကို နမ္းေတာ့ Jennieမွာ လက္ကာျပသည္
"No kissing No. ..အဖ်ားကူးပါမယ္ဆို ဘယ္လိုျဖစ္ေန...."
Jennie စကားမဆုံးေသး Jennieရဲ႕ ႏႈတ္ခမ္းေလးကို ႁပြတ္ခနဲ Jisoo နမ္းလိုက္သည္
"Jisoo. .တံေတြးေတြက တဆင့္ အဖ်ားဗိုင္းရပ္ေတြ ကူးကုန္ပါမယ္ဆို ဘယ္လိုျဖစ္ေနတာလည္း "
"ဟီးဟီး ေဆးေသာက္ၿပီးၿပီလား Jen "
"မေသာက္ရေသးဘူး တစ္ကိုယ္လုံးေညာင္းညာကိုက္ခဲေနလို႔ အိပ္ရာကေနေတာင္ မထနိုင္ဘူး..."
"Aww သနားစရာ ကေလးေလး...Ji အခု ဆန္ျပဳတ္သြားျပဳတ္လိုက္အုံးမယ္ ဆန္ျပဳတ္စားၿပီး ေဆးေသာက္ရေအာင္ေနာ္ "
Jennie ေခါင္းညိတ္ျပေတာ့ Jisoo ၿပဳံးၿပီး သူ႕ဖုန္းကို ထုတ္ယူလိုက္သည္
ထို႔ေနာက္ Jennieရဲ႕ ပုံကို ရိုက္ေသာအခါ
"Ji ဘာလုပ္တာလည္း "
"ထမင္းလိပ္ေလးနဲ႕တူလို႔ ခ်စ္စရာေလးမို႔ ဓာတ္ပုံရိုက္လိုက္တာ "
"ဟြန့္ Jiေနာ္ "
Jennieက သူမကို မ်က္ေစာင္းထိုးေတာ့ Jisoo ရယ္ၿပီး ဆန္ျပဳတ္ျပဳတ္ဖို႔ မီးဖိုခန္းဘက္ ထြက္သြားေလသည္
ခဏၾကာေတာ့ ဆန္ျပဳတ္ဗန္းနဲ႕ ေဆးေတြယူလာၿပီး Jisoo အခန္းထဲ ျပန္ဝင္လာသည္
"ဆန္ျပဳတ္ရၿပီ အခ်စ္ကေလး...."
ဆန္ျပဳတ္ဗန္းကို စားပြဲခုံေပၚ ခဏတင္ၿပီး Jennieကို Jisoo ဆြဲထူေလသည္
"ကဲ ဒီတစ္ဇြန္းဘဲ....."
"Ji. ..အဲ့လိုေျပာၿပီး ေကြၽးေနတာ ဆယ္ဇြန္းရွိၿပီ Jen မစားနိုင္ေတာ့ဘူး အန္ထြက္ေတာ့မယ္ "
"ဒီတစ္ခါ တကယ္ေကြၽးတာ တကယ္...."
Jisoo ေျပာၿပီး ဇြတ္ေကြၽးေတာ့ Jisooကို မ်က္ေစာင္းထိုးကာ Jennie ဆန္ျပဳတ္ကို စားလိုက္သည္
"ကဲ ၿပီးပါၿပီ..ေဆးေသာက္ရေအာင္ "
Jennie ေဆးေသာက္ၿပီးေနာက္
"သက္သာလား Jen "
"ေခါင္းေတာ့ နည္းနည္းကိုက္တယ္...."
"Ji air con ေလ်ာ့ေပးမယ္ေနာ္ "
Jisoo ေျပာၿပီး air conကို အေအးေလ်ာ့ေပးေလသည္
ထို႔ေနာက္ Jennieကို ေစာင္ေသခ်ာၿခဳံေပးၿပီး Jennie ေဘးနား ဝင္အိပ္ေလသည္
"အဖ်ားကူးပါမယ္လို႔ ေျပာေနတာ ဆယ္ခါေလာက္ရွိေနၿပီ နားမေထာင္ဘူးေတာ့ "
သူမကို လာဖက္တဲ့ Jisooကို Jennie ႏႈတ္ခမ္းစူကာ ရန္လုပ္ေတာ့ Jisooမွာ ရယ္လိုက္သည္
"Jenကို ဖက္အိပ္ခ်င္လို႔ "
"ဟြန့္ ၿပီးေရာ ဒါဆို Jen အဖ်ားေပ်ာက္တဲ့အထိ ဖက္အိပ္ေပး "
"အမိန့္ေတာ္အတိုင္းပါ....."
Jennieမွာ Jisooကို ျပန္ဖက္ၿပီး အိပ္ေနစဥ္ Jisoo ဖုန္းျမည္သံေၾကာင့္ လန့္နိုးလာသည္
"Ji ဖုန္းပိတ္လိုက္ "
Jisoo စားပြဲခုံေပၚက သူ႕ဖုန္းကို အသံပိတ္ဖို႔ လွမ္းယူစဥ္ Nayeonေခၚမွန္း ေတြ႕ၿပီး တစ္ခုခုကို သတိရသြားသည္
"အာ Jen ခဏေနာ္ ဖုန္းသြားေျပာ "
Jisoo ထရပ္မယ္လုပ္ေတာ့ Jennieက လွမ္းတားသည္
"ဘယ္အျပင္မွ မထြက္နဲ႕ ဒီမွာေျပာ "
Jennieရဲ႕ ေလသံမာမာနဲ႕ စကားေၾကာင့္ Jisoo ဇက္ကေလးပုသြားသည္
"Ok "
Jisoo တံေတြးမ်ိဳခ်ၿပီး ဖုန္းကိုင္လိုက္ေသာအခါ တစ္ဖက္က Nayeon ေအာ္သံကို ၾကားလိုက္ရသည္
"Yah Kim Jisoo နင္ ဘယ္ကမၻာကို ေရာက္ေနတာလည္း ငါ ေစာင့္ေနရတာ ေျခေထာက္ကေန အျမစ္ထြက္ေတာ့မယ္ "
Nayeon ေအာ္သံက ေတာ္ေတာ္က်ယ္ေတာ့ Jisooမွာ Jennieကို မသိမသာလွမ္းၾကည့္လိုက္ေတာ့ Jennieမွာ မ်က္ေမွာင္ၾကဳတ္ကာ Jisooကို ၾကည့္ေနသည္
"အာ ေတာင္းပန္ပါတယ္ ငါ ေမ့သြားလို႔ "
"ဘာျဖစ္လို႔ ေမ့ရတာလည္း ေျပာပါအုံး အေၾကာင္းျပခ်က္ ေကာင္းေကာင္းေပးေနာ္ မဟုတ္ရင္ နင့္ကို Eiffel တာဝါမွာ ခ်ိတ္ဆြဲပစ္မွာ "
"ငါ့ေကာင္မေလးက ေတာ္ေတာ္ေလး ေနမေကာင္းျဖစ္ေနလို႔ဟ အဲ့တာေၾကာင့္ မလာနိုင္တာ ေနာက္မွ ေတြ႕ၾကမယ္ေလေနာ္ "
Jisoo ေျပာရင္း Jennieကို ၾကည့္ေတာ့ Jennie မွာ ဘာဇယားေတြရႈပ္ေနတာလည္းဆိုတဲ့ အၾကည့္နဲ႕ Jisooကို ၾကည့္ေနသည္
"Aww နင္က ငါ့ကို ထားသြားၿပီး အသစ္ေနၿပီေပါ့ နင့္ကို ငါမွန္းတယ္ Jisooရယ္ "
Nayeon ေပါက္ကရေတြ ေျပာၿပီး ေဆးထိုးေတာ့မွာ သိလို႔ Jisoo ဖုန္းအျမန္ခ်လိဳက္သည္
Nayeon ဖုန္းထပ္ေခၚမွာဆိုးလို႔ Jisoo ဖုန္းစက္ကို ပိတ္ပစ္လိုက္သည္
"အိပ္ၿပီလား ကေလးေလး "
သူမကို ေက်ာေပးကာ အိပ္ေနတဲ့ Jennieရဲ႕ခါးေလးကို Jisoo ကိုင္လိုက္ေတာ့ Jennieမွာ Jisoo လက္ကို ရိုက္ခ်သည္
Jisooမွာ ႏွာေခါင္းေလးရႈံ႕ကာ ၿပဳံးၿပီး Jennie ရဲ႕ ခါးကို ဖက္လိုက္သည္
"ငါ့ကို လာမထိနဲ႕ သြား "
"ဘာျဖစ္လို႔လည္း Jendeukie ရ "
"ငါ့လာမေမးနဲ႕ ကိုယ့္ဘာသာကိုယ္ေမး "
"ေရာ္ ငါမသိတဲ့ ေမးခြန္းကို ငါက ဘယ္လိုေျဖနိုင္မွာလည္းလို႔ "
Jennieရဲ႕ ပခုံးေလးကို Jisoo နမ္းေတာ့ Jennie ႐ုန္းလိုက္သည္
"မသိမခ်င္း မေျပာျပဘူး "
"ဟင္း ....ဖ်ားေနတဲ့ အာေပတူးေလးဟာ ငါမသိတဲ့ေမးခြန္းေတြနဲ႕ ခက္ခဲေအာင္ လုပ္ေနပါတယ္ "
Jisooမွာ ေျပာရင္း လက္က Jennie ခါးကို သြားထိျပန္သည္
"အာ သိၿပီ....Jenေလးက သဝန္တိုေနတာ မဟုတ္လား "
"Fuck you Kim Jisoo "
"သဝန္မတိုပါနဲ႕ Jenရ...Jiက Jen တစ္ေယာက္တည္းကိုဘဲ ခ်စ္တာ "
Jisoo ေျပာၿပီး Jennieရဲ႕ လည္ပင္းေလးကို နမ္းေလသည္
"ဒါဆို ဘာလို႔ တျခားေကာင္မေလးတစ္ေယာက္နဲ႕ ေတြ႕ေနတာလည္း "
"Aww Nayeonမွာ ခ်စ္သူရွိပါတယ္ Jenရ သူက Jenကို ေတြ႕ခ်င္တယ္ေတာင္ ေျပာေနတာ အစကJenနဲ႕ ေတြ႕ေပးမလို႔ေလ Jenက ေနမေကာင္းျဖစ္ေနေတာ့..."
Jisoo စကားေၾကာင့္ Jisoo ဘက္ကို Jennie ျပန္လွည့္လိုက္သည္
"တကယ္ေျပာတာလား "
"ဒါ့ေပါ့ Jenရ...Jiမွာ တစ္ျခားတစ္ေယာက္ ထားဖို႔ မေျပာနဲ႕ Jenကိုေတာင္ ခ်စ္မဝဘူး "
Jisoo စကားေၾကာင့္ Jennieမွာ သြားဖုံးေလးေပၚေအာင္ ၿပဳံးၿပီး Jisoo ႏႈတ္ခမ္းေလးကို နမ္းေလသည္.....
Jisooလည္း Jennie ႏႈတ္ခမ္းကို ျပန္နမ္းရင္း Jennie ရဲ႕ ေနာက္ေက်ာေလးကို ပြတ္ေပးေနသည္ (Jennie Kimက ဖ်ားေနတာေနာ္ စိတ္ထိန္းပါ ရွင္)
#TBC
Happy Birthday Jendeukie😍
#PricelessJennieDay
#BonJennieversaire
Bạn đang đọc truyện trên: Truyen3h.Co