Truyen3h.Co

Lies

Part 22

KimFany059

#unicode

"ဟပ်ချိုး "

Jisoo တစ်ယောက် နှာချေပြီး သူမ နှာခေါင်းကို လက်နဲ့ပွတ်လိုက်သည်

"အဖျားကူးမယ်လို့ ပြောနေတာ နားမထောင်ဘူး အခု ကူးပြီ တွေ့လား Chuu "

Jisoo ဘေးနားက Jennieမှာ သက်ပြင်းချပြီး ပြောတော့ Jennie ဘက်ကို လှည့်ပြီး Jisoo ပြုံးပြလိုက်သည်

Jennie မျက်မှာလေးက အပြစ်ရှိသလို ခံစားနေတဲ့ပုံလေးပေါ်နေလို့ Jisooမှာ Jennie ရဲ့ ပါးဖောင်းဖောင်းလေးကို ကိုင်လိုက်သည်

"အဲ့တာ Jen အပြစ်မဟုတ်ပါဘူး....ကုတင်ပေါ်မှာ  ကိုယ်တို့ နှစ်ယောက်လုံး ဖျားနေတာ ပျော်ဖို့မကောင်းဘူးလား ...."

"မဖျားဘူးဆို ပိုပြီး ပျော်ဖို့ကောင်းမှာကို "

Jennie နှုတ်ခမ်းလေးစူပြီး ပြောတော့ Jennieကို Jisoo နမ်းမလို့ရှိသေး

"နေမကောင်းတဲ့ အချိန်မှာတောင် နှာဘူးထတဲ့ အစ်မတို့ ဆန်ပြုတ်ရပါပြီ "

Lisa အော်ပြီး တံခါးကို ခြေထောက်နဲ့ ဆောင့်ကန်ဖွင့်ကာ အခန်းထဲ ဝင်လာသည်

Chaeyoungကတော့ ဆန်ပြုတ်ဗန်းကိုင်ထားတဲ့ Lisaရဲ့ အနောက်ကနေ လိုက်လာတယ်

"ငါ့တံခါးကို ထပ်ပြီး ကန်ရဲကန်ကြည့် နင့်ခြေထောက် ဖြတ်ပစ်မယ် Lisa "

Jennieကပြောတော့ Lisaမှာ ပြောင်ချော်ချော်လုပ်ကာ ခေါင်းညိတ်လိုက်သည်

"တကယ်ဆို ဒီအခန်းထဲ Jisoo တစ်ယောက်ဘဲ ရှိရမှာ ခုတော့ နင်နဲ့ Jisoo ဟော်မုန်းတွေ မထိန်းနိုင်ဘဲ ဖျားနေတာတောင် fuck နေကြတော့ ငါတို့က ရောက်လာရရော "

"နင်က ငါ့အမေလား Lisaရဲ့ ပွစိပွစိနဲ့ နားငြီးလိုက်တာ "

Jisooမှာ သူတို့ကိုပြောဆိုနေတဲ့ Lisaကို မျက်စောင်းထိုးကာ ပြောလိုက်သည်

"မဟုတ်ဘူး Chaeyoungက နင့်အမေ ဟိုမှာ Jennie ကို ပြုစုပေးနေတာ "

Chaeyoung မှာ Jennieကို  အဖျားတိုင်းပြီး

"အင်း Jenက အဖျားကျသွားပါပြီ ..."

"ဟီး ဟိုဟာကြောင့် ဖြစ်မယ် "

Jisooက စပ်ဖြီးဖြီးနဲ့ ပြောတော့ Jennieမှာ Jisooကို မျက်စောင်းထိုးလိုက်သည်

"Aww သိပြီ ဟီးဟီး ငါလည်း ဖျားတဲ့အခါကျ "

Lisaမှာ Jisoo ပြောတဲ့ ဗဟုသုတတွေကို စပ်ဖြီးဖြီးနဲ့ နားထောင်ပြီး ပြောတော့ Chaeyoungက ဖြတ်ပြောလိုက်သည်

"ပေါက်ကရတွေးမနေနဲ့ Lisa "

Jennieကို ဆန်ပြုတ်ကျွေးရင်း Lisaကို မျက်စောင်းထိုးကာ ပြောလိုက်သည်

"ဘာလည်း ဘာလို့လည်း ငါက တွေးတောင်တွေးပြီနေပြီကို "

"မရဘူး ဖျားနေတဲ့အခါ ဖောင်းဒိုင်းခွင့်မပြုပါ "

"ဘာလို့လည်း Jennieတောင် ဖျားနေရာက Jisooနဲ့ ဖောင်းဒိုင်းလုပ်လို့ သက်သာပြီး စွာနိုင်နေတယ်လေ "

ဖောင်းဒိုင်းချင်နေတဲ့ Lisaလေးမှာ Chaeyoung ကို ရအောင် နားချသော်လည်း Chaeyoungက ခေါင်းခါပြသည်

"မဟုတ်ဘူးလေ Jennie သက်သာတာက ဖောင်းဒိုင်းလုပ်လို့ သက်သာတာမှ မဟုတ်တာ ဆေးသောက်လို့ သက်သာတာလေ အခုကြည့် Jisooတောင် ဖျားနေတဲ့သူနဲ့ ဖောင်းဒိုင်းမိလို့ အဖျားကူးသွားတယ်လေ "

"ကဲ Chuရေ ရှင်စလိုက်တဲ့ ဇာတ်လမ်းက အငယ်နှစ်ကောင် ငြင်းနေကြပြီ "

Jisooကို မျက်စောင်းထိုးပြီး Jennie ပြောတော့ Jisooမှာ ရယ်လိုက်သည်

"ခဏနေ ရပ်သွားလိမ့်မယ် Lisaက မယကပါဟာ Chaeyoungကို နိုင်အောင်ပြောနိုင်မယ်မထင်ဘူး '

Jisoo ပြောတဲ့အတိုင်းပင် Chaeyoungက Yah Lalisaလို့ အော်လိုက်တာနဲ့ Lisa ပါးစပ်ပိတ်သွားသည်

"Yah Lisa နင်မညစ်နဲ့လေ "

Jisoo ပြန်သက်သာလာလို့ Lisaနဲ့အတူ ဂိမ်းဆော့နေသည်

"ဘယ်မှာ ညစ်နေလို့လည်း "

"Lisa နင်နော် "

ဧည့်ခန်းထဲ ဆူညံနေသောကြောင့် အခန်းထဲ စကားပြောနေကြတဲ့ Chaennie နှစ်ယောက်မှာ ထွက်လာကြသည်

"ဘာဖြစ်နေကြတာလည်း ဆူညံနေတာဘဲ "

"နင့်ချစ်သူ Lisaလေ သစ္စာဖောက်နေတာ "

"ဘာ Lisaက သစ္စာဖောက်တယ် ဟုတ်လား ဘယ်သူ့ကိုလည်း Chaeကိုလား Yahhhh "

Lisa လက်မောင်းကို ရိုက်ပြီး Chaeyoung ပြောတော့ Lisaမှာ ဂိမ်းဆော့နေရာက ရပ်ပြီး Chaeyoung ရိုက်ချက်တွေကို ရှောင်ရှားနေရသည်

"ဂိမ်းကစားနေတာပါ အချစ်လေးရ ဂိမ်းထဲမှာ သူ့ကို ကိုယ် သစ္စာဖောက်သွားလို့ သူကအော်နေတာ Chae ထင်သလို မဟုတ်ပါဘူးဗျာ Chaeကို သစ္စာ ဖောက်ဖို့ မပြောနဲ့ ချစ်လို့တောင်မဝဘူး "

"သစ္စာ ဖောက်ရဲ ဖောက်ကြည့်လေ ခြေထောက်ကို ကြိုးတုပ်ပြီး မိချောင်းစာကျွေးပစ်မယ် "

Chaeyoungရဲ့ စကားကြောင့် Lisa ဇက်ကလေးပုသွားသည်

"ထိုင်းနိုင်ငံမှာ နာမည်ကြီး မိချောင်းတွေရှိတဲ့ နေရာ ငါသိတယ် Chaeyoung "

"Yah Kim Jisoo ကလေးကို လျှောက်မြှောက်ပြောမနေနဲ့ "

Lisaမှာ Jisooကို မျက်စောင်းထိုးကာ ရန်လုပ်လိုက်သည်

Jennieမှာ Jisoo ပေါင်ပေါ်တက်ထိုင်လိုက်တော့ Jennieရဲ့ ပါးဖောင်းဖောင်းလေးကို Jisoo နမ်းလေသည်

"Wow ငါတို့ရှေ့မှာတောင် နမ်းနေကြပြီ "

"ဒီလောက် hotပြီး ချစ်စရာကောင်းတဲ့ ကောင်မလေးကို မနမ်းဘဲ မနေနိုင်ဘူး Lisaရ "

"အမှန်ဘဲ ငါလည်း Chaeyoung ကို တွေ့ရင် အသည်းယားလွန်းလို့ မနမ်းဘဲ မနေနိုင်ဘူး hehe "

"နင်တို့ နှစ်ယောက်လုံးက နှာဘူးတွေဘဲ "

"အဲ့နှာဘူးတွေကို နင်တို့က ချစ်နေကြတာ မဟုတ်ဘူးလား Jennie "

Lisa စကားကြောင့် Chaennieတို့ နှုတ်ခမ်းစူသွားကြတော့ Jisooမှာ ရယ်ပြီး Lisaနဲ့ လက်ဝါးချင်း ရိုက်လိုက်သည်

"Jisoo "

Nayeonမှာ Jisooကို ပြေးဖက်တော့ Jennieမှာ သူမတွဲထားတဲ့ Jisooလက်ကို ဆွဲညှစ်လေသည်

"Yah Nayeon ငါ့ကိုမသေစေချင်ရင် ဖက်ထားရာက ခွာတော့ Jennie သဝန်တိုနေပြီ "

သူမကို ဖက်ထားတဲ့ Nayeonကို Jisoo တိုးတိုးလေး ပြောလိုက်သည်

"Jennie ဖြစ်ရမယ် ငါက Jisoo သူငယ်ချင်း Nayeonပါ...ငါ့ ချစ်သူကတော့ နိုင်ငံခြားကို အလုပ်ကိစ္စနဲ့ ထွက်သွားလို့ ပါမလာဘူး "

"Jennie Kim ပါ တွေ့ရတာ ဝမ်းသာပါတယ် "

Jennieနဲ့ လက်ဆွဲနှုတ်ဆက်ပြီး Chaeyoungတို့ကို Nayeon ကြည့်လိုက်သည်

"Jisoo နင့်squad က ကောင်မလေးတွေက တော်တော်လှတယ်နော် "

"ဟီး ကျေးဇူးပါ ငါက Lisa သူက ငါ့ချစ်သူ Chaeyoungတဲ့..."

Nayeonမှာ မိနစ်ပိုင်းအတွင်း Jennie တို့နဲ့ ရင်းနှီးသွားပြီး မုန့်ဆိုင်ထဲတွင် ရယ်မောကာ စကားပြောနေသည်

"ဟောတော် ဘာလုပ်တာလည်း "

Jisooက ရုတ်တရက် Jennieကို နမ်းလိုက်သောကြောင့် Jennieမှာ ရှက်သွားတယ်

"ဆိုင်ထဲက ကောင်တွေက Jenကို ကြည့်နေကြလို့ ဟို Lisaမ ငါ့ကို စပ်ဖြီးဖြီးနဲ့ လာမကြည့်နဲ့ နင့် Chaeyoungကိုလည်း မျက်လုံးကျွတ်ကျမတတ် "

Jisoo စကားမဆုံးသေး Lisaမှာ Chaeyoung နှုတ်ခမ်းကို ပြွတ်ခနဲ နမ်းချသည်

"Yah. ..Chae မုန့်စားနေတာကို ဘာလုပ်တာလည်း "

Nayeonမှာတော့ overဖြစ်နေတဲ့ Lisoo ကို ကြည့်ပြီး ခေါင်းတခါခါနဲ့ ရယ်နေသည်

#tbc

#zawgyi

"ဟပ္ခ်ိဳး "


































"Yah Lisa နင်မညစ်နဲ့လေ "


"ဘယ်မှာ ညစ်နေလို့လည်း "

"Lisa နင်နော် "



















"Jisoo "










"ဟောတော် ဘာလုပ်တာလည်း "






#tbc

Bạn đang đọc truyện trên: Truyen3h.Co