Part 23
#unicode
Jennieက သူ့ကို ဖက်ထားတဲ့ Jisooရဲ့ လက်မောင်းကို ဖယ်နေမှန်း Jisoo သိတော့ Jennieရဲ့ လက်ကို ခပ်တင်းတင်း ပြန်ဆွဲလိုက်သည်
"ဘာလုပ်နေတာလည်း babyရ"
Jisoo စကားကြောင့် Jennie သက်ပြင်းချလိုက်သည်
"အိမ်သာခဏ သွားချင်လို့ Chu ရ ပြီးကျ မိုးလင်းနေပြီလေ Jenတို့ Shopping ထွက်ရအုံးမယ်ဆိုတာ မေ့နေပြီလား "
"ဒီလိုလေး ခဏဖက်ပြီး အိပ်ရအောင်ပါ အချစ်ရယ် "
"ခဏဖက်အိပ်တာက အိပ်လို့ရတယ်လေ ဒါပေမယ့် Jen ရှူးရှူးပေါက်ချင်နေပြီ....အိပ်ရာတွေ စိုသွားလိမ့်မယ် "
Jennieရဲ့ စကားကြောင့် Jisoo မျက်လုံးမှိတ်ထားရာက ပြုံးပြီး
"စိုတော့ ဘာဖြစ်လည်း Chuက စိုရွဲနေရင် ပိုတောင်ကြိုက် Ouch.... "
Jennieမှာ ရှူးပေါက်ချင်လွန်းလို့ သူမကို ဆွဲထားတဲ့ Jisooကို ထိုးပြီး ကုတင်ပေါ်က အမြန်ဆင်းပြေးသွားသည်
အိမ်သာက ပြန်လာတော့ လက်မောင်းလေးကို ပွတ်ပြီး သူ့ကိုကြည့်နေတဲ့ Jisooကို စိတ်မကောင်းဖြစ်သွားသည်
ထို့အပြင် လက်မောင်းကလည်း နီရဲနေတော့ Jennie တော်တော်လေး စိတ်မကောင်းဖြစ်သွားပြီး မျက်ရည်တွေ ဝဲလာသည်
"အာ လက်မောင်းက နီရဲသွားတာဘဲ တော်တော်နာသွားလားဟင် Jen တောင်းပန်ပါတယ်နော် z'
ကလေးလေးတစ်ယောက်လို မျက်ရည်တွေဝဲပြီး သူမကို အားနာနေတဲ့ Jennieကို ကြည့်ပြီး Jisoo အူတွေယားနေသည်
"ခဏနော် ရေခဲကပ်ရအောင် ရေခဲသွားယူ "
Jisooမှာ ရေခဲသွားယူတော့မယ့် Jennie လက်ကို လှမ်းဆွဲလိုက်သည်
"ရေခဲမလိုပါဘူး အာဘွားပေးရင် ပျောက်တယ် "
Jisoo နှုတ်ခမ်းထော်ပြီး ပြောသောအခါ
"Jen သွားမတိုက်ရသေးဘူး"
"သွားမတိုက်ရသေးလည်း ဘာဖြစ်လည်း နမ်းမှာဘဲ လာ "
Jennieကို ပြောပြီး Jisoo ဆွဲနမ်းလိုက်သည်
"ချစ်တယ် "
"Jenက ပိုချစ်တယ် "
Jennie ပြောပြီး Jisooရဲ့ အသည်းပုံနှုတ်ခမ်းလေးကို နမ်းလိုက်သည်
ကုတင်ထောင့်စွန်းတွင် မျက်မှောင်ကြုတ်ကာ ထိုင်နေတဲ့ Jisooကို ကြည့်ပြီး Jennie သဘောကျလို့ တခွီးခွီးနဲ့ ရယ်နေသည်
"အဲ့စူပုပ်ပုပ် မျက်နှာလေးက ဘယ်လိုဖြစ်နေတာလည်း အချစ်လေးရ "
Jennie ပြောပြီး Jisooရဲ့ မျက်နှာကို ကိုင်လိုက်သည်
"Jenရဲ့ glowနေတဲ့ ခြေထောက်လေးကို ငမ်းရတာ ငါ သဘောကျပါတယ် ဒါပေမယ့် ငါ တစ်ယောက်ဘဲ ကြည့်ချင်တာလေ အဲ့စကတ်ထပ် ရှည်တဲ့ စကတ်လေး ဝတ်စမ်းပါ အချစ်ရ "
"အူတိုနေတာလေးက ချစ်စရာလေးကြည့်အုံး "
Jennie ပြောပြီး Jisooရဲ့ နှုတ်ခမ်းကိုနမ်းတော့ Jisooမှာ ပိုလို့ နှုတ်ခမ်းစူလာသည်
"Jen အဲ့စကတ်မလဲဘူးဆို ငါ ချစ်စရာကောင်းတော့မှာ မဟုတ်ဘူးနော် ....ငါ စိတ်ဆိုးပစ်တော့မှာ ဟင်း..."
"တကယ်လား... အင်း Jenကတော့ Chuu စိတ်ဆိုးနေတာလေး ပိုသဘောကျမယ်ထင်တယ် စိတ်ဆိုးနေတဲ့ Jisoo က အရမ်း hotတယ်လေ "
Jennieက သူမ နားလေးသို့ ကပ်ပြောသောကြောင့် Jisooမှာ Jennieကို ဆွဲပြီး သူမပေါင်ပေါ်သို့ ထိုင်ခိုင်းလေသည်
Jennieမှာ Jisooရဲ့ လည်ပင်းကို ဖက်ပြီး မျက်နှာလေးအပ်ကာ နှာခေါင်းလေးနဲ့ Jisoo လည်ပင်းကို ပွတ်လေသည်
"စိတ်ဆိုးနေတဲ့ Jisooကို သဘောကျတယ်ပေါ့ ဟုတ်လား "
Jisooရဲ့ sexyကျတဲ့ အသံကြောင့် Jennie ကြက်သီးထသွားသည်
"ဒါဆို Jenရဲ့ စကတ်ကို ငါကဘဲ လဲပေးရမှာပေါ့ "
Jisoo ပြောပြီး Jenniရဲ့ စကတ်အောက်ထဲ လက်လျိုဝင်သွားသည်
"Humm Ji. ...."
Jennieမှာ ညည်းတွားပြီး Jisooရဲ့ လည်ပင်းကို ဖွဖွလေး ကိုက်လိုက်သည်
(ဒီနေ့ သူတို့ shoppingရော သွားကြအုံးမလား မသိ🙂)
"Jendeukie ရေ အဲ့အဝတ်အစားတွေ အကုန်ဝယ်မလို့လား "
Jisoo တစ်ယောက် အဝတ်အစားတွေ မနိုင်မနင်းသယ်ရင်း Jennieနောက် လိုက်သွားသည်
Jennie မှာ အဝတ်လဲခန်းထဲဝင်ပြီး Jisooလက်ထဲက အဝတ်အစားတွေကို ယူလိုက်သည်
"May be Ji ခဏစောင့်ပေးနော် အဝတ်အစားတွေ ဝတ်ကြည့်အုံးမယ် "
Jennie ပြောပြီး အဝတ်လဲခန်းတံခါးကို ပိတ်လိုက်သည်
"ငါတော့ တစ်နာရီလောက် စောင့်နေရတော့မှာဘဲ"
"ငါ ကြားတယ်နော် Jisoo ...ဘယ်မှမသွားဘဲ အဲ့မှာစောင့်နေ...."
အဝတ်လဲခန်းထဲက Jennie အော်သံကြောင့် Jisoo ဇက်ကလေး ပုသွားသည်
"ငါ ထိုင်လို့မရဘူးလား ခြေထောက်တွေနာလို့ "
Jisoo ပြောလိုက်စဥ် တစ်စုံတစ်ယောက်က Jisooကို လှမ်းဆွဲပြီး ထိုင်ခုံတွင် ထိုင်ခိုင်းသည်
"Oh ကျေးဇူးတင်ပါတယ် "
"ခုနကောင်မလေးက နင့်ချစ်သူလား "
သူမကို ထိုင်ခုံပေးတဲ့ ကောင်မလေးက မေးလို့ Jisoo ဖြေလိုက်သည်
"ဟုတ်ပါ့ shopping ထွက်ရတာ တော်တော်ကြိုက်လေ ခုတောင် တစ်ဆိုင်လုံးသိမ်းမလို့လားမသိ "
"အာ ဒါဆို ငါတို့က တူတူဘဲပေါ့ ငါ့ချစ်သူလည်း shopping ထွက်ရတာ တော်တော်ကြိုက်တာ ..."
Jisoo ဘေးနားက ကောင်မလေးက ရယ်ပြီး ပြောလိုက်သည်
"သူလည်း အဲ့အဝတ်လဲခန်းထဲမှာလား "
Jisoo မေးတော့ ကောင်မလေးမှာ သူ့လက်က ပတ်ထားတဲ့ နာရီကို တစ်ချက်ကြည့်ပြီး
"ဟုတ်ပါ့ သူ ဝင်သွားတာ ဆယ့်ငါးမိနစ်ရှိပြီ ခုထိ ထွက်မလာသေးဘူး "
"တော်တော်ကြာနေပြီဘဲ ဒါဆို ငါတို့ ဘယ်သူအရင် အဝတ်လဲခန်းထဲက ထွက်လာမလည်းလို့ လောင်းကြမလား ....ရှုံးတဲ့သူ မုန့်လိုက်ကျွေးကြေး"
ကောင်မလေးကို ကြည့်ပြီး Jisoo မျက်ခုံးပင့်ပြကာ မေးလိုက်သည်
"သဘောတူတယ် လောင်းကြမယ်လေ "
Jisooနဲ့ ကောင်မလေးမှာ အလောင်းအစားလုပ်လိုက်ကြသည်
15 minutes later
"အား သူတို့က ထွက်မလာသေးဘူးလား ထိုင်စောင့်နေရတာ ဖင်ကနေ အမြစ်တွေ ထွက်လာပြီး သစ်ပင်လူသားဖြစ်တော့မယ် "
Jisoo စကားကြောင့် ကောင်မလေးမှာ ရယ်လိုက်သည်
"ငါ့ဖင်ဆို ပြားချပ်နေပြီ သူshopping ထွက်တိုင်း ထိုင်စောင့်ရလွန်းလို့ "
"Haha. ..ဒါနဲ့ ငါတို့ စကားတွေသာ ပြောနေတယ် တစ်ယောက်နာမည်တစ်ယောက် မသိရသေးဘူးနော် "
"ငါ့နာမည်က Yeri နင်က "
"ငါက Kim Jisoo "
Yeriက လက်ကမ်းပေးသောကြောင့် Jisooလည်း Yeriနဲ့ လက်ဆွဲနှုတ်ဆက်လိုက်သည်
ထိုစဥ် ချောင်းဟန့်သံကြားလို့ Jisoo လှမ်းကြည့်တော့ Jennie ဖြစ်နေသည်
"Jen ပြီးပြီပေါ့ "
"မမြင်ဘူးလား "
Jennie လက်ပိုက်ပြီး Jisooကို လေသံခပ်မာမာနဲ့ ပြောလိုက်သည်
"ငါတော့ နင့်ကို မုန့်လိုက်ကျွေးရတော့မယ် Jisoo "
Yeriရဲ့ စကားကြောင့် Jennie မျက်မှောင်ကြုတ်သွားတယ်
Jennie မျက်မှောင်ကြုတ်သွားတာကို မြင်တဲ့ Jisoo မှာ အသက်အန္တရာယ် ရှိလာနိုင်တာကို သဘောပေါက်ပြီး စကားတွေ ထစ်ကုန်သည်
"အာ အင်း... ဟုတ်...ဟုတ်ပါ့ "
"ဘယ်နေ့တွေ့မလည်း "
Yeriမှာ Jennie သဝန်တိုနေတာ သတိထားမိလို့ စချင်လာတာနဲ့ မေးလိုက်တော့ Jennie တစ်ယောက် လှည့်ထွက်သွားလေသည်
Jennieကို ကြည့်ပြီး Yeri ရယ်ကာ
"Jisoo နင့်ကောင်မလေးက တော်တော် သဝန်တိုတတ်တာဘဲ...ခုနကဆို သူ ငါ့ကို ဝါးစားမတတ်ကြည့်နေတာ "
"ဟုတ်ပါ့ သူ ကျား အဖြစ်မပြောင်းခင် ငါ "
"Kim Jisoo ဘာလုပ်နေတာလည်း လာလေ "
Jennieမှာ ဆိုင်ထဲက လူတွေကို ဂရုမစိုက်ဘဲ သူ့နောက်လာမလာတဲ့ Yeriနဲ့ စကားပြောနေသေးတဲ့ Jisooကို ကျားတစ်ကောင်လို မာန်ဖီကာ အော်လိုက်သည်
"Oopps ငါသွားမှ ဖြစ်တော့မယ် တာ့တာ "
Jisooမှာ Yeriကို နှုတ်ဆက်ပြီး Jennieဆီ ပြေးသွားလေသည်
Jennie မှာ ပိုက်ဆံရှင်းပြီး သူမ ဝယ်ထားတဲ့ အိတ်တွေကို Jisoo အား ပြစ်ဒဏ်ပေးတဲ့ အနေနဲ့ အကုန်လုံးသယ်ခိုင်းပြီး ဆိုင်ထဲက ထွက်သွားတယ်
Jisooကတော့ အိတ်တွေ မနိုင်မနင်းသယ်ရင်း Jennieနောက်ကို လိုက်သွားလေသည်
#tbc
#zawgyi
Jennieက သူ႕ကို ဖက္ထားတဲ့ Jisooရဲ႕ လက္ေမာင္းကို ဖယ္ေနမွန္း Jisoo သိေတာ့ Jennieရဲ႕ လက္ကို ခပ္တင္းတင္း ျပန္ဆြဲလိုက္သည္
"ဘာလုပ္ေနတာလည္း babyရ"
Jisoo စကားေၾကာင့္ Jennie သက္ျပင္းခ်လိဳက္သည္
"အိမ္သာခဏ သြားခ်င္လို႔ Chu ရ ၿပီးက် မိုးလင္းေနၿပီေလ Jenတို႔ Shopping ထြက္ရအုံးမယ္ဆိုတာ ေမ့ေနၿပီလား "
"ဒီလိုေလး ခဏဖက္ၿပီး အိပ္ရေအာင္ပါ အခ်စ္ရယ္ "
"ခဏဖက္အိပ္တာက အိပ္လို႔ရတယ္ေလ ဒါေပမယ့္ Jen ရႉးရႉးေပါက္ခ်င္ေနၿပီ....အိပ္ရာေတြ စိုသြားလိမ့္မယ္ "
Jennieရဲ႕ စကားေၾကာင့္ Jisoo မ်က္လုံးမွိတ္ထားရာက ၿပဳံးၿပီး
"စိုေတာ့ ဘာျဖစ္လည္း Chuက စို႐ြဲေနရင္ ပိုေတာင္ႀကိဳက္ Ouch.... "
Jennieမွာ ရႉးေပါက္ခ်င္လြန္းလို႔ သူမကို ဆြဲထားတဲ့ Jisooကို ထိုးၿပီး ကုတင္ေပၚက အျမန္ဆင္းေျပးသြားသည္
အိမ္သာက ျပန္လာေတာ့ လက္ေမာင္းေလးကို ပြတ္ၿပီး သူ႕ကိုၾကည့္ေနတဲ့ Jisooကို စိတ္မေကာင္းျဖစ္သြားသည္
ထို႔အျပင္ လက္ေမာင္းကလည္း နီရဲေနေတာ့ Jennie ေတာ္ေတာ္ေလး စိတ္မေကာင္းျဖစ္သြားၿပီး မ်က္ရည္ေတြ ဝဲလာသည္
"အာ လက္ေမာင္းက နီရဲသြားတာဘဲ ေတာ္ေတာ္နာသြားလားဟင္ Jen ေတာင္းပန္ပါတယ္ေနာ္ z'
ကေလးေလးတစ္ေယာက္လို မ်က္ရည္ေတြဝဲၿပီး သူမကို အားနာေနတဲ့ Jennieကို ၾကည့္ၿပီး Jisoo အူေတြယားေနသည္
"ခဏေနာ္ ေရခဲကပ္ရေအာင္ ေရခဲသြားယူ "
Jisooမွာ ေရခဲသြားယူေတာ့မယ့္ Jennie လက္ကို လွမ္းဆြဲလိုက္သည္
"ေရခဲမလိုပါဘူး အာဘြားေပးရင္ ေပ်ာက္တယ္ "
Jisoo ႏႈတ္ခမ္းေထာ္ၿပီး ေျပာေသာအခါ
"Jen သြားမတိုက္ရေသးဘူး"
"သြားမတိုက္ရေသးလည္း ဘာျဖစ္လည္း နမ္းမွာဘဲ လာ "
Jennieကို ေျပာၿပီး Jisoo ဆြဲနမ္းလိုက္သည္
"ခ်စ္တယ္ "
"Jenက ပိုခ်စ္တယ္ "
Jennie ေျပာၿပီး Jisooရဲ႕ အသည္းပုံႏႈတ္ခမ္းေလးကို နမ္းလိုက္သည္
ကုတင္ေထာင့္စြန္းတြင္ မ်က္ေမွာင္ၾကဳတ္ကာ ထိုင္ေနတဲ့ Jisooကို ၾကည့္ၿပီး Jennie သေဘာက်လိဳ႕ တခြီးခြီးနဲ႕ ရယ္ေနသည္
"အဲ့စူပုပ္ပုပ္ မ်က္ႏွာေလးက ဘယ္လိုျဖစ္ေနတာလည္း အခ်စ္ေလးရ "
Jennie ေျပာၿပီး Jisooရဲ႕ မ်က္ႏွာကို ကိုင္လိုက္သည္
"Jenရဲ႕ glowေနတဲ့ ေျခေထာက္ေလးကို ငမ္းရတာ ငါ သေဘာက်ပါတယ္ ဒါေပမယ့္ ငါ တစ္ေယာက္ဘဲ ၾကည့္ခ်င္တာေလ အဲ့စကတ္ထပ္ ရွည္တဲ့ စကတ္ေလး ဝတ္စမ္းပါ အခ်စ္ရ "
"အူတိုေနတာေလးက ခ်စ္စရာေလးၾကည့္အုံး "
Jennie ေျပာၿပီး Jisooရဲ႕ ႏႈတ္ခမ္းကိုနမ္းေတာ့ Jisooမွာ ပိုလို႔ ႏႈတ္ခမ္းစူလာသည္
"Jen အဲ့စကတ္မလဲဘူးဆို ငါ ခ်စ္စရာေကာင္းေတာ့မွာ မဟုတ္ဘူးေနာ္ ....ငါ စိတ္ဆိုးပစ္ေတာ့မွာ ဟင္း..."
"တကယ္လား... အင္း Jenကေတာ့ Chuu စိတ္ဆိုးေနတာေလး ပိုသေဘာက်မယ္ထင္တယ္ စိတ္ဆိုးေနတဲ့ Jisoo က အရမ္း hotတယ္ေလ "
Jennieက သူမ နားေလးသို႔ ကပ္ေျပာေသာေၾကာင့္ Jisooမွာ Jennieကို ဆြဲၿပီး သူမေပါင္ေပၚသို႔ ထိုင္ခိုင္းေလသည္
Jennieမွာ Jisooရဲ႕ လည္ပင္းကို ဖက္ၿပီး မ်က္ႏွာေလးအပ္ကာ ႏွာေခါင္းေလးနဲ႕ Jisoo လည္ပင္းကို ပြတ္ေလသည္
"စိတ္ဆိုးေနတဲ့ Jisooကို သေဘာက်တယ္ေပါ့ ဟုတ္လား "
Jisooရဲ႕ sexyက်တဲ့ အသံေၾကာင့္ Jennie ၾကက္သီးထသြားသည္
"ဒါဆို Jenရဲ႕ စကတ္ကို ငါကဘဲ လဲေပးရမွာေပါ့ "
Jisoo ေျပာၿပီး Jenniရဲ႕ စကတ္ေအာက္ထဲ လက္လ်ိဳဝင္သြားသည္
"Humm Ji. ...."
Jennieမွာ ညည္းတြားၿပီး Jisooရဲ႕ လည္ပင္းကို ဖြဖြေလး ကိုက္လိုက္သည္
(ဒီေန႕ သူတို႔ shoppingေရာ သြားၾကအုံးမလား မသိ🙂)
"Jendeukie ေရ အဲ့အဝတ္အစားေတြ အကုန္ဝယ္မလို႔လား "
Jisoo တစ္ေယာက္ အဝတ္အစားေတြ မနိုင္မနင္းသယ္ရင္း Jennieေနာက္ လိုက္သြားသည္
Jennie မွာ အဝတ္လဲခန္းထဲဝင္ၿပီး Jisooလက္ထဲက အဝတ္အစားေတြကို ယူလိုက္သည္
"May be Ji ခဏေစာင့္ေပးေနာ္ အဝတ္အစားေတြ ဝတ္ၾကည့္အုံးမယ္ "
Jennie ေျပာၿပီး အဝတ္လဲခန္းတံခါးကို ပိတ္လိုက္သည္
"ငါေတာ့ တစ္နာရီေလာက္ ေစာင့္ေနရေတာ့မွာဘဲ"
"ငါ ၾကားတယ္ေနာ္ Jisoo ...ဘယ္မွမသြားဘဲ အဲ့မွာေစာင့္ေန...."
အဝတ္လဲခန္းထဲက Jennie ေအာ္သံေၾကာင့္ Jisoo ဇက္ကေလး ပုသြားသည္
"ငါ ထိုင္လို႔မရဘူးလား ေျခေထာက္ေတြနာလို႔ "
Jisoo ေျပာလိုက္စဥ္ တစ္စုံတစ္ေယာက္က Jisooကို လွမ္းဆြဲၿပီး ထိုင္ခုံတြင္ ထိုင္ခိုင္းသည္
"Oh ေက်းဇူးတင္ပါတယ္ "
"ခုနေကာင္မေလးက နင့္ခ်စ္သူလား "
သူမကို ထိုင္ခုံေပးတဲ့ ေကာင္မေလးက ေမးလို႔ Jisoo ေျဖလိုက္သည္
"ဟုတ္ပါ့ shopping ထြက္ရတာ ေတာ္ေတာ္ႀကိဳက္ေလ ခုေတာင္ တစ္ဆိုင္လုံးသိမ္းမလို႔လားမသိ "
"အာ ဒါဆို ငါတို႔က တူတူဘဲေပါ့ ငါ့ခ်စ္သူလည္း shopping ထြက္ရတာ ေတာ္ေတာ္ႀကိဳက္တာ ..."
Jisoo ေဘးနားက ေကာင္မေလးက ရယ္ၿပီး ေျပာလိုက္သည္
"သူလည္း အဲ့အဝတ္လဲခန္းထဲမွာလား "
Jisoo ေမးေတာ့ ေကာင္မေလးမွာ သူ႕လက္က ပတ္ထားတဲ့ နာရီကို တစ္ခ်က္ၾကည့္ၿပီး
"ဟုတ္ပါ့ သူ ဝင္သြားတာ ဆယ့္ငါးမိနစ္ရွိၿပီ ခုထိ ထြက္မလာေသးဘူး "
"ေတာ္ေတာ္ၾကာေနၿပီဘဲ ဒါဆို ငါတို႔ ဘယ္သူအရင္ အဝတ္လဲခန္းထဲက ထြက္လာမလည္းလို႔ ေလာင္းၾကမလား ....ရႈံးတဲ့သူ မုန့္လိုက္ေကြၽးေၾကး"
ေကာင္မေလးကို ၾကည့္ၿပီး Jisoo မ်က္ခုံးပင့္ျပကာ ေမးလိုက္သည္
"သေဘာတူတယ္ ေလာင္းၾကမယ္ေလ "
Jisooနဲ႕ ေကာင္မေလးမွာ အေလာင္းအစားလုပ္လိုက္ၾကသည္
15 minutes later
"အား သူတို႔က ထြက္မလာေသးဘူးလား ထိုင္ေစာင့္ေနရတာ ဖင္ကေန အျမစ္ေတြ ထြက္လာၿပီး သစ္ပင္လူသားျဖစ္ေတာ့မယ္ "
Jisoo စကားေၾကာင့္ ေကာင္မေလးမွာ ရယ္လိုက္သည္
"ငါ့ဖင္ဆို ျပားခ်ပ္ေနၿပီ သူshopping ထြက္တိုင္း ထိုင္ေစာင့္ရလြန္းလို႔ "
"Haha. ..ဒါနဲ႕ ငါတို႔ စကားေတြသာ ေျပာေနတယ္ တစ္ေယာက္နာမည္တစ္ေယာက္ မသိရေသးဘူးေနာ္ "
"ငါ့နာမည္က Yeri နင္က "
"ငါက Kim Jisoo "
Yeriက လက္ကမ္းေပးေသာေၾကာင့္ Jisooလည္း Yeriနဲ႕ လက္ဆြဲႏႈတ္ဆက္လိုက္သည္
ထိုစဥ္ ေခ်ာင္းဟန့္သံၾကားလို႔ Jisoo လွမ္းၾကည့္ေတာ့ Jennie ျဖစ္ေနသည္
"Jen ၿပီးၿပီေပါ့ "
"မျမင္ဘူးလား "
Jennie လက္ပိုက္ၿပီး Jisooကို ေလသံခပ္မာမာနဲ႕ ေျပာလိုက္သည္
"ငါေတာ့ နင့္ကို မုန့္လိုက္ေကြၽးရေတာ့မယ္ Jisoo "
Yeriရဲ႕ စကားေၾကာင့္ Jennie မ်က္ေမွာင္ၾကဳတ္သြားတယ္
Jennie မ်က္ေမွာင္ၾကဳတ္သြားတာကို ျမင္တဲ့ Jisoo မွာ အသက္အႏၱရာယ္ ရွိလာနိုင္တာကို သေဘာေပါက္ၿပီး စကားေတြ ထစ္ကုန္သည္
"အာ အင္း... ဟုတ္...ဟုတ္ပါ့ "
"ဘယ္ေန႕ေတြ႕မလည္း "
Yeriမွာ Jennie သဝန္တိုေနတာ သတိထားမိလို႔ စခ်င္လာတာနဲ႕ ေမးလိုက္ေတာ့ Jennie တစ္ေယာက္ လွည့္ထြက္သြားေလသည္
Jennieကို ၾကည့္ၿပီး Yeri ရယ္ကာ
"Jisoo နင့္ေကာင္မေလးက ေတာ္ေတာ္ သဝန္တိုတတ္တာဘဲ...ခုနကဆို သူ ငါ့ကို ဝါးစားမတတ္ၾကည့္ေနတာ "
"ဟုတ္ပါ့ သူ က်ား အျဖစ္မေျပာင္းခင္ ငါ "
"Kim Jisoo ဘာလုပ္ေနတာလည္း လာေလ "
Jennieမွာ ဆိုင္ထဲက လူေတြကို ဂ႐ုမစိုက္ဘဲ သူ႕ေနာက္လာမလာတဲ့ Yeriနဲ႕ စကားေျပာေနေသးတဲ့ Jisooကို က်ားတစ္ေကာင္လို မာန္ဖီကာ ေအာ္လိုက္သည္
"Oopps ငါသြားမွ ျဖစ္ေတာ့မယ္ တာ့တာ "
Jisooမွာ Yeriကို ႏႈတ္ဆက္ၿပီး Jennieဆီ ေျပးသြားေလသည္
Jennie မွာ ပိုက္ဆံရွင္းၿပီး သူမ ဝယ္ထားတဲ့ အိတ္ေတြကို Jisoo အား ျပစ္ဒဏ္ေပးတဲ့ အေနနဲ႕ အကုန္လုံးသယ္ခိုင္းၿပီး ဆိုင္ထဲက ထြက္သြားတယ္
Jisooကေတာ့ အိတ္ေတြ မနိုင္မနင္းသယ္ရင္း Jennieေနာက္ကို လိုက္သြားေလသည္
#tbc
Bạn đang đọc truyện trên: Truyen3h.Co