Truyen3h.Co

Lies

Part 9

KimFany059

#Unicode

'သူမ ဘေးနားမှာ အိပ်နေတဲ့ ကောင်မလေးနဲ့အတူ Jennie အိပ်ရာက နိုးလာသည်

သူမဘေးနားမှာ အိပ်ပျော်နေတဲ့ ကောင်မလေးကို ကြည့်လိုက်သည်

Kim Jisooဆိုတဲ့ ကောင်မလေးက ချောလွန်းလှလွန်းတယ် တစ်ခါတစ်ခါ sexyတောင် ကျသေးသလို ဆူညံပြီး စိတ်ပျက်စရာကောင်းအောင်လည်း လုပ်တတ်သေးသည်

"ငါ့ကို ကြည့်လို့မဝသေးဘူးလား "

Jisooမှာ မျက်လုံးမဖွင့်သေးဘဲ ပြုံးပြီး Jennieကို မေးလိုက်သည်

"ဘယ်သူက နင့်ကို ကြည့်နေပါတယ်လို့ ပြောလို့လည်း "

Jennieမှာ Jisoo ကို အကြည့်လွှဲပြီး ရန်လုပ်လိုက်သည်

"Oh ဗြောင်ငြင်းနေပြန်ပြီ "

Jisoo ပြောပြီး မျက်လုံးကို ဖွင့်လိုက်သည်

ထို့နောက် Jennieကို ကြည့််ပြီး

"နင် သိလား နင်ငါ့ကို ကြည့်ရင်း ငါက အရမ်းဆွဲဆောင်မှုရှိတာကို ရှာတွေ့ခဲ့ကြောင်း ဝန်ခံလိုက်လို့ လက်ခံလိုက်လို့ရတယ်ဆိုတာ "

"နင် စိတ်ကူးယဥ်နေတာရော သိရဲ့လား  "

Jisoo ရဲ့ နဖူးကို တောက်ပြီး Jennie ပြောလိုက်သည်

"မဟုတ်တာ စိတ်ကူးယဥ်တာ မဟုတ်ပါနော် ငါက အမှန်တရားကို ပြောပြတာ "

Jisoo သူ့ဘာသာသူ ပြောပြီး တဟားဟားရယ်နေတာကို Jennie ငေးကြည့်နေမိသည်

"ဟော နင် ငါ့ကို ငေးကြည့်နေပြန်ပြီ "

Jisoo စကားကြောင့် Jennie သူခိုးလူမိသွားသလိုဖြစ်ပြီး ရှက်သွားတယ်

Jennie ချက်ချင်း အိပ်ရာက ထပြီး စောင်ကို ဆွဲယူကာ ခေါက်လိုက်သည်

"အိပ်ရာကထတော့မလို့လား ဒီနေ့ စနေနေ့လေ အလုပ်နားတယ် မဟုတ်လား "

Jennie ရဲ့ အင်ကျီကို လှမ်းဆွဲပြီး Jisoo မေးလိုက်သည်

"ဟုတ်တယ် အလုပ်နားရက်ဆိုပေမယ့် ငါ လုပ်စရာရှိလို့ "

သူ့အင်ကျီကို ဆွဲထားတဲ့ Jisooရဲ့ လက်ကို ရိုက်ပြီး Jennie ပြောလိုက်သည်

"ဘာများလည်း "

Jisooမှာ မေးရင်း စောင်ခေါက်နေတဲ့ Jennieကို ကုတင်ပေါ်သို့ ဆွဲခေါ်လိုက်သည်

"Grrr "

Jennieမှာ အော်ရင်း Jisooရဲ့ ဘေးနားသို့ ရောက်လာသည်

"နင်နဲ့ ပတ်သက်တာလေ Kim Jisoo "

"နင် တကယ်ဘဲ ငါ့ကို ရှိမနေစေချင်ဘူး နှင်ထုတ်ချင်နေတာလား...."

Jisoo အသံလေးက စိတ်မကောင်းဖြစ်သွားတဲ့အသံဖြစ်နေလို့ Jisooကို မနာကျင်အောင် Jennie ဘယ်လို ပြောရမလည်း တွေးနေသည်

Jisoo က စိတ်ပျက်စရာကောင်းအောင် Jennieကို စနောက်ပေမယ့်လည်း Jennieမှာ သနားကြင်နာတတ်တဲ့ နှလုံးသားရှိတယ်လေ

Kim Jisooသာ ပျောက်ကွယ်သွားရင် သူမနှလုံးသားလည်း ဗလာဖြစ်နေမှာကို Jennie သိတယ်လေ ဒါပေမယ့်.....

"မဟုတ်ပါဘူး ငါတို့ သဘောတူထားတာကို လုပ်ရုံပါ "

"အမှန်တရားကို ရှာတွေ့သွားရင်ရော နင်ငါ့ကို မုန်းသွားမှာလား Jennie "

"ဟင် နင်ဘာပြောလိုက်တယ် "

Jisooရဲ့ စကားကြောင့် Jennie အံ့သြသွားတယ်

"ဘာမှမဟုတ်တော့ဘူး "

Jisoo ခေါင်းခါပြပြီး အိပ်ရာက ထလိုက်သည်

"ငါတို့အတွက် မနက်စာကို ငါပြင်ပေးမယ်လေ "

"No မလုပ်နဲ့ ငါ့မီးဖိုခန်း ပြာကျသွားမယ် "

"ငါ နင့်မီးဖိုခန်းကို မီးလောင်အောင် မလုပ်ပါဘူးဟ "

Jisooပြောပြီး အခန်းထဲက ထွက်သွားတယ်

Jennieလည်း Jisooကို အပြည့်အဝမယုံကြည်သောကြောင့် အိပ်ရာကအမြန်ထပြီး Jisoo နောက် ပြေးလိုက်သွားသည်

မီးဖိုခန်းထဲတွင် ကြက်ဥကို လက်တစ်ဖက်တည်းနဲ့ professional ဆန်ဆန်ခွဲနေတဲ့ Jisoo ကို မြင်တော့ Jennie အံ့သြသွားတယ်

"နင် ဘယ်လိုလုပ်တာလည်း ငါတောင် လက်နှစ်ဖက်နဲ့ ကြက်ဥကို မနည်းခွဲနေရတာ နင်က လက်တစ်ဖက်တည်း ခွဲတတ်တယ်ပေါ့ "

Jennie မယုံနိုင်တဲ့ လေသံနဲ့ Jisooကို မေးလိုက်သည်

"ဒီတိုင်း လုပ်လိုက်တာဘဲ ash! "

Jisoo စကားပြောရင်း ကြက်ဥတစ်လုံး ခွဲမိသွားတော့ Jennie ခေါင်းခါလိုက်သည်

"ထင်တဲ့အတိုင်းပါဘဲ အမှိုက်ဖွပြန်ပြီ "

"ပွစိပွစိ မပြောဘဲ ထိုင်စောင့်နေပါဟယ် "

"နေပါအုံး နင်က ငါ့ကို ဘာလုပ်ညာလုပ်နဲ့ အမိန့်လာပေးနေတာလား "

"ထိုင်ဖို့ဘဲပြောတာလေ အမိန့်ပေးတာမှ မဟုတ်တာ "

"ဒါပေမယ့် "

"နင် တကယ် အဘွားအိုပေါက်စကျနေတာဘဲ"

"ဘာပြောတယ် "

"နင့်အသံကြောင့် ငါ ကြက်ဥကြော်တာကို အာရုံစိုက်လို့ကို မရဘူး "

"အာရုံစိုက်မရအောင် နင်က ငါ့ကို အမိန့်လာပေးနေ... "

Jennie မှာ ပြောလက်စ စကားပျောက်ဆုံးသွားသည်

အဘယ်ကြောင့်ဆိုသော် Jisooမှ သူမနှုတ်ခမ်းကို လာနမ်းသောကြောင့် ဖြစ်သည်

"ဟီးဟီး နင့်ကို ပါးစပ်ပိတ်နည်း ငါ သိပြီ "

"နှာ နှာဘူး နင် ထပ်နမ်းပြန်ပြီ ငါ့ကို "

"နင် ကြိုက်သလိုသာ ခေါ်လိုက်ပါတော့ ဒါပေမယ့် နင့်နှုတ်ခမ်းက အရမ်းအရသာရှိတာ သိလား"

Jisooမှာ သူ့နှုတ်ခမ်းကိုသူ ကိုင်ကြည့်ရင်း မျက်ခုံးပင့်ပြကာ Jennieကို ပြောလိုက်သည်

"ဒီသရဲမနဲ့တော့....."

******************************

"Yo Man! '

Bell တီးသံကြောင့် Jennie တံခါးဖွင့်လိုက်တော့ သူမကို ပြုံးပြီး နှုတ်ဆက်နေတဲ့ Lisaကို တွေ့ရသည်

"ဘာလာလုပ်တာလည်း "

"ဘာမှမဟုတ်ပါဘူး "

"ဒါဆို ထွက်သွား "

အိမ်ထဲဝင်လာတဲ့ Lisaကို အိမ်အပြင်သို့ ပြန်ရောက်အောင် Jennie တွန်းလွှတ်လိုက်သည်

"နေ နေပါအုံး Jennie ရ "

"ငါ အလုပ်များနေတယ် မြင်လား လာမနှောင့်ယှက်နဲ့ သွား "

Jennie ဧည့်ခန်းထဲက စားပွဲပေါ် မှ စာရွက်စာတမ်းတွေကို လက်ညိုးထိုးပြပြီး Lisaကို ပြောလိုက်သည်

"ငါ ကူညီပေးမယ်လေ "

"နင် ကူညီပေးလို့မရပါဘူး "

"အချက်အလက်တစ်ချို့သာ ငါ့ကိုပြောပြ ငါ ကူညီပေးနိုင်ပါတယ် "

"နေပါအုံး နင်က ဘယ်တုံးက ငါ့ကို ကူညီပေးချင်စိတ်တွေ ရှိလာတာလည်း Lazy staffက "

"ဘာ ဘာပြောတယ် ငါက နင့်အတွင်းရေးမှူးနော် Jennie နင့်အလုပ်မှန်သမျှ ငါသိနေတာ "

"ဘာဖြစ်ဖြစ် နင် မကူညီနိုင်ပါဘူးဟာ "

Lisa ကို နှင်ထုတ်လို့မရတာနဲ့ Jennie ဧည့်ခန်းထဲ ပြန်လာလိုက်သည်

Lisaလည်း Jennieရဲ့ နောက်ကနေ လိုက်လာသည်

"Jennie "

အခန်းထဲက Jisoo အော်သံကြောင့် Jennie လန့်သွားသည်

Lisa များ ကြားသွားမလားလို့ Lisaကို လှမ်းကြည့်ပေမယ့် Lisa က ဆိုဖာတွင် ထိုင်ပြီး စားပွဲခုံပေါ်က စာရွက်တွေကို ယူကြည့်နေသည်

Jennie ထိုအခါမှ စိတ်သက်သာရာရသွားပြီး သူမ အခန်းထဲ ဝင်သွားသည်

"ဧည့်သည်ရှိတယ် လျှောက်အော်မနေနဲ့ Jisoo "

"အော်မယ်ဆိုရင်ရော "

"Jisoo အခုချိန်က ငါ့ကို စိတ်တိုအောင်လုပ်ဖို့ အချိန်ကောင်း မဟုတ်ဘူးနော် "

"ဒါပေမယ့် ငါ လုပ်ချင်လာတယ် "

Jisooမှာ Jennieရဲ့ ပခုံးကို တို့ပြီး ပြောလိုက်သည်

"Yah "

"Wae "

Jennieရဲ့ ပခုံးနှစ်ဖက်ကို ကိုင်ပြီး Jisoo တဖြည်းဖြည်း ရှေ့တိုးလာသည်

Jennieမှာ Lisaများ မြင်မလားလို့ လှည့်ကြည့်ပေမယ့် Lisaကတော့ စာရွက်တွေသာ သေချာဖတ်နေသည်

Jennieလည်း Jisoo ဘက် ပြန်လှည့်လာရော Jisoo မှာ သူမ နှုတ်ခမ်းကို ထပ်နမ်းပြန်သည်

"အဟွတ်ဟွတ် "

Lisaရဲ့ ချောင်းဟန့်သံကြောင့် Jisooကို Jennieတွန်းလွှတ်ကာ အခန်းတံခါးကို ပိတ်လိုက်သည်

ထို့နောက် ခပ်တည်တည်နဲ့ Lisaဆီ Jennie လျှောက်လာသည်

"ငါ ဖတ်ကြည့်သလောက် ဒါတွေက နင့်အလုပ်နဲ့ မဆိုင်ပါဘူး "

"အင်း ဟုတ်တယ် "

"ဒါဆို ဘာတွေလည်း ..မတော်တဆမှုတွေနဲ့ ပတ်သက်တဲ့အကြောင်းတွေ နင် အဲ့တာတွေနဲ့ ဘာလုပ်နေတာလည်း "

Lisaက သူမရဲ့ အခင်ဆုံး သူငယ်ချင်းမို့ Lisaကို ပြောပြရမလား မပြောဘဲနေရမလားဆိုတာ Jennie တွေးတောနေသည် ....

Lisaကို ယုံကြည်တာမို့ သရဲနဲ့နေတဲ့အကြောင်းကလွဲလို့ ကျန်တာ ပြောဖို့ Jennie တွေးလိုက်သည်

"သူငယ်ချင်းတစ်ယောက်ကို ကူညီပေးဖို့ လုပ်နေတာ "

"Aww သူ့နာမည်က ဘယ်သူလည်း "

"နင်က ဘာလို့မေးတာလည်း "

"အော် ငါများ ကူညီပေးနိုင်မလားလို့ သူ့ ဓာတ်ပုံ နင့်ထဲရှိလား "

Jennie ခေါင်းညိတ်ပြီး Jisooဆီက ယူလာတဲ့ သူ့ဖုန်းကို ဖွင့်လိုက်သည်

"ဟယ် သူက ဘယ်သူလည်း နင့်ကောင်မလေးလား "

Jennie ဖုန်း wallpaper က Jisooပုံကို မြင်ပြီး Lisa ဝမ်းသာအားရမေးလိုက်သည်

"Ash ချီးထုပ် Kim Jisooက လုပ်ပြန်ပြီ "

Jennie စိတ်ထဲကနေ Jisooကို ကျိန်ဆဲလိုက်သည်

"မဟုတ်ပါဘူး "

"ဒါဆို ဘာလို့ wallpaper ထားတာလည်း "

"နင်မေးတဲ့ ကောင်မလေးက သူဘဲ "

"အဟင်းဟင်း ငါတော့ အနံ့ရနေပြီနော် Jennie"

"Shut up Lisa "

"ကောင်မလေးက ရှက်နေပြီဟေး "

"ပါးစပ်ပိတ်ထား Lisa မဟုတ်ရင် အိမ်ကနေ ငါ နင့်ကို နှင်ထုတ်မှာနော် "

"ဟုတ်ပါပြီ ဒါနဲ့ နင်က သူနဲ့ ဘာလုပ်တာလည်း "

"သူ ဘာဖြစ်ခဲ့တယ်ဆိုတာ စုံစမ်းနေတာ "

"ဘာလို့လည်း "

"သူနဲ့ အပေးအယူ ရှိလို့ "

"Humm "

ထိုစဥ် Lisaဆီ Chaeyoungရဲ့ ဖုန်းဝင်လာသည်

"Chae ဖုန်းဆက်ခေါ်နေပြီ ငါသွားတော့မယ်နော် Jennie "

"ကြွကြွ..."

Lisa ထွက်သွားမှ Jennie သက်ပြင်းချမိသွားသည်

#Tbc

#Zawgyi

#Unicode

'သူမ ေဘးနားမွာ အိပ္ေနတဲ့ ေကာင္မေလးနဲ႕အတူ Jennie အိပ္ရာက နိုးလာသည္

သူမေဘးနားမွာ အိပ္ေပ်ာ္ေနတဲ့ ေကာင္မေလးကို ၾကည့္လိုက္သည္

Kim Jisooဆိုတဲ့ ေကာင္မေလးက ေခ်ာလြန္းလွလြန္းတယ္ တစ္ခါတစ္ခါ sexyေတာင္ က်ေသးသလို ဆူညံၿပီး စိတ္ပ်က္စရာေကာင္းေအာင္လည္း လုပ္တတ္ေသးသည္

"ငါ့ကို ၾကည့္လို႔မဝေသးဘူးလား "

Jisooမွာ မ်က္လုံးမဖြင့္ေသးဘဲ ၿပဳံးၿပီး Jennieကို ေမးလိုက္သည္

"ဘယ္သူက နင့္ကို ၾကည့္ေနပါတယ္လို႔ ေျပာလို႔လည္း "

Jennieမွာ Jisoo ကို အၾကည့္လႊဲၿပီး ရန္လုပ္လိုက္သည္

"Oh ေျဗာင္ျငင္းေနျပန္ၿပီ "

Jisoo ေျပာၿပီး မ်က္လုံးကို ဖြင့္လိုက္သည္

ထို႔ေနာက္ Jennieကို ၾကည့္္ၿပီး

"နင္ သိလား နင္ငါ့ကို ၾကည့္ရင္း ငါက အရမ္းဆြဲေဆာင္မႈရွိတာကို ရွာေတြ႕ခဲ့ေၾကာင္း ဝန္ခံလိုက္လို႔ လက္ခံလိုက္လို႔ရတယ္ဆိုတာ "

"နင္ စိတ္ကူးယဥ္ေနတာေရာ သိရဲ႕လား  "

Jisoo ရဲ႕ နဖူးကို ေတာက္ၿပီး Jennie ေျပာလိုက္သည္

"မဟုတ္တာ စိတ္ကူးယဥ္တာ မဟုတ္ပါေနာ္ ငါက အမွန္တရားကို ေျပာျပတာ "

Jisoo သူ႕ဘာသာသူ ေျပာၿပီး တဟားဟားရယ္ေနတာကို Jennie ေငးၾကည့္ေနမိသည္

"ေဟာ နင္ ငါ့ကို ေငးၾကည့္ေနျပန္ၿပီ "

Jisoo စကားေၾကာင့္ Jennie သူခိုးလူမိသြားသလိုျဖစ္ၿပီး ရွက္သြားတယ္

Jennie ခ်က္ခ်င္း အိပ္ရာက ထၿပီး ေစာင္ကို ဆြဲယူကာ ေခါက္လိုက္သည္

"အိပ္ရာကထေတာ့မလို႔လား ဒီေန႕ စေနေန႕ေလ အလုပ္နားတယ္ မဟုတ္လား "

Jennie ရဲ႕ အင္က်ီကို လွမ္းဆြဲၿပီး Jisoo ေမးလိုက္သည္

"ဟုတ္တယ္ အလုပ္နားရက္ဆိုေပမယ့္ ငါ လုပ္စရာရွိလို႔ "

သူ႕အင္က်ီကို ဆြဲထားတဲ့ Jisooရဲ႕ လက္ကို ရိုက္ၿပီး Jennie ေျပာလိုက္သည္

"ဘာမ်ားလည္း "

Jisooမွာ ေမးရင္း ေစာင္ေခါက္ေနတဲ့ Jennieကို ကုတင္ေပၚသို႔ ဆြဲေခၚလိုက္သည္

"Grrr "

Jennieမွာ ေအာ္ရင္း Jisooရဲ႕ ေဘးနားသို႔ ေရာက္လာသည္

"နင္နဲ႕ ပတ္သက္တာေလ Kim Jisoo "

"နင္ တကယ္ဘဲ ငါ့ကို ရွိမေနေစခ်င္ဘူး ႏွင္ထုတ္ခ်င္ေနတာလား...."

Jisoo အသံေလးက စိတ္မေကာင္းျဖစ္သြားတဲ့အသံျဖစ္ေနလို႔ Jisooကို မနာက်င္ေအာင္ Jennie ဘယ္လို ေျပာရမလည္း ေတြးေနသည္

Jisoo က စိတ္ပ်က္စရာေကာင္းေအာင္ Jennieကို စေနာက္ေပမယ့္လည္း Jennieမွာ သနားၾကင္နာတတ္တဲ့ ႏွလုံးသားရွိတယ္ေလ

Kim Jisooသာ ေပ်ာက္ကြယ္သြားရင္ သူမႏွလုံးသားလည္း ဗလာျဖစ္ေနမွာကို Jennie သိတယ္ေလ ဒါေပမယ့္.....

"မဟုတ္ပါဘူး ငါတို႔ သေဘာတူထားတာကို လုပ္႐ုံပါ "

"အမွန္တရားကို ရွာေတြ႕သြားရင္ေရာ နင္ငါ့ကို မုန္းသြားမွာလား Jennie "

"ဟင္ နင္ဘာေျပာလိုက္တယ္ "

Jisooရဲ႕ စကားေၾကာင့္ Jennie အံ့ၾသသြားတယ္

"ဘာမွမဟုတ္ေတာ့ဘူး "

Jisoo ေခါင္းခါျပၿပီး အိပ္ရာက ထလိုက္သည္

"ငါတို႔အတြက္ မနက္စာကို ငါျပင္ေပးမယ္ေလ "

"No မလုပ္နဲ႕ ငါ့မီးဖိုခန္း ျပာက်သြားမယ္ "

"ငါ နင့္မီးဖိုခန္းကို မီးေလာင္ေအာင္ မလုပ္ပါဘူးဟ "

Jisooေျပာၿပီး အခန္းထဲက ထြက္သြားတယ္

Jennieလည္း Jisooကို အျပည့္အဝမယုံၾကည္ေသာေၾကာင့္ အိပ္ရာကအျမန္ထၿပီး Jisoo ေနာက္ ေျပးလိုက္သြားသည္

မီးဖိုခန္းထဲတြင္ ၾကက္ဥကို လက္တစ္ဖက္တည္းနဲ႕ professional ဆန္ဆန္ခြဲေနတဲ့ Jisoo ကို ျမင္ေတာ့ Jennie အံ့ၾသသြားတယ္

"နင္ ဘယ္လိုလုပ္တာလည္း ငါေတာင္ လက္ႏွစ္ဖက္နဲ႕ ၾကက္ဥကို မနည္းခြဲေနရတာ နင္က လက္တစ္ဖက္တည္း ခြဲတတ္တယ္ေပါ့ "

Jennie မယုံနိုင္တဲ့ ေလသံနဲ႕ Jisooကို ေမးလိုက္သည္

"ဒီတိုင္း လုပ္လိုက္တာဘဲ ash! "

Jisoo စကားေျပာရင္း ၾကက္ဥတစ္လုံး ခြဲမိသြားေတာ့ Jennie ေခါင္းခါလိုက္သည္

"ထင္တဲ့အတိုင္းပါဘဲ အမွိုက္ဖြျပန္ၿပီ "

"ပြစိပြစိ မေျပာဘဲ ထိုင္ေစာင့္ေနပါဟယ္ "

"ေနပါအုံး နင္က ငါ့ကို ဘာလုပ္ညာလုပ္နဲ႕ အမိန့္လာေပးေနတာလား "

"ထိုင္ဖို႔ဘဲေျပာတာေလ အမိန့္ေပးတာမွ မဟုတ္တာ "

"ဒါေပမယ့္ "

"နင္ တကယ္ အဘြားအိုေပါက္စက်ေနတာဘဲ"

"ဘာေျပာတယ္ "

"နင့္အသံေၾကာင့္ ငါ ၾကက္ဥေၾကာ္တာကို အာ႐ုံစိုက္လို႔ကို မရဘူး "

"အာ႐ုံစိုက္မရေအာင္ နင္က ငါ့ကို အမိန့္လာေပးေန... "

Jennie မွာ ေျပာလက္စ စကားေပ်ာက္ဆုံးသြားသည္

အဘယ္ေၾကာင့္ဆိုေသာ္ Jisooမွ သူမႏႈတ္ခမ္းကို လာနမ္းေသာေၾကာင့္ ျဖစ္သည္

"ဟီးဟီး နင့္ကို ပါးစပ္ပိတ္နည္း ငါ သိၿပီ "

"ႏွာ ႏွာဘူး နင္ ထပ္နမ္းျပန္ၿပီ ငါ့ကို "

"နင္ ႀကိဳက္သလိုသာ ေခၚလိုက္ပါေတာ့ ဒါေပမယ့္ နင့္ႏႈတ္ခမ္းက အရမ္းအရသာရွိတာ သိလား"

Jisooမွာ သူ႕ႏႈတ္ခမ္းကိုသူ ကိုင္ၾကည့္ရင္း မ်က္ခုံးပင့္ျပကာ Jennieကို ေျပာလိုက္သည္

"ဒီသရဲမနဲ႕ေတာ့....."

******************************

"Yo Man! '

Bell တီးသံေၾကာင့္ Jennie တံခါးဖြင့္လိုက္ေတာ့ သူမကို ၿပဳံးၿပီး ႏႈတ္ဆက္ေနတဲ့ Lisaကို ေတြ႕ရသည္

"ဘာလာလုပ္တာလည္း "

"ဘာမွမဟုတ္ပါဘူး "

"ဒါဆို ထြက္သြား "

အိမ္ထဲဝင္လာတဲ့ Lisaကို အိမ္အျပင္သို႔ ျပန္ေရာက္ေအာင္ Jennie တြန္းလႊတ္လိုက္သည္

"ေန ေနပါအုံး Jennie ရ "

"ငါ အလုပ္မ်ားေနတယ္ ျမင္လား လာမႏွောင့္ယွက္နဲ႕ သြား "

Jennie ဧည့္ခန္းထဲက စားပြဲေပၚ မွ စာ႐ြက္စာတမ္းေတြကို လက္ညိုးထိုးျပၿပီး Lisaကို ေျပာလိုက္သည္

"ငါ ကူညီေပးမယ္ေလ "

"နင္ ကူညီေပးလို႔မရပါဘူး "

"အခ်က္အလက္တစ္ခ်ိဳ႕သာ ငါ့ကိုေျပာျပ ငါ ကူညီေပးနိုင္ပါတယ္ "

"ေနပါအုံး နင္က ဘယ္တုံးက ငါ့ကို ကူညီေပးခ်င္စိတ္ေတြ ရွိလာတာလည္း Lazy staffက "

"ဘာ ဘာေျပာတယ္ ငါက နင့္အတြင္းေရးမႉးေနာ္ Jennie နင့္အလုပ္မွန္သမွ် ငါသိေနတာ "

"ဘာျဖစ္ျဖစ္ နင္ မကူညီနိုင္ပါဘူးဟာ "

Lisa ကို ႏွင္ထုတ္လို႔မရတာနဲ႕ Jennie ဧည့္ခန္းထဲ ျပန္လာလိုက္သည္

Lisaလည္း Jennieရဲ႕ ေနာက္ကေန လိုက္လာသည္

"Jennie "

အခန္းထဲက Jisoo ေအာ္သံေၾကာင့္ Jennie လန့္သြားသည္

Lisa မ်ား ၾကားသြားမလားလို႔ Lisaကို လွမ္းၾကည့္ေပမယ့္ Lisa က ဆိုဖာတြင္ ထိုင္ၿပီး စားပြဲခုံေပၚက စာ႐ြက္ေတြကို ယူၾကည့္ေနသည္

Jennie ထိုအခါမွ စိတ္သက္သာရာရသြားၿပီး သူမ အခန္းထဲ ဝင္သြားသည္

"ဧည့္သည္ရွိတယ္ ေလွ်ာက္ေအာ္မေနနဲ႕ Jisoo "

"ေအာ္မယ္ဆိုရင္ေရာ "

"Jisoo အခုခ်ိန္က ငါ့ကို စိတ္တိုေအာင္လုပ္ဖို႔ အခ်ိန္ေကာင္း မဟုတ္ဘူးေနာ္ "

"ဒါေပမယ့္ ငါ လုပ္ခ်င္လာတယ္ "

Jisooမွာ Jennieရဲ႕ ပခုံးကို တို႔ၿပီး ေျပာလိုက္သည္

"Yah "

"Wae "

Jennieရဲ႕ ပခုံးႏွစ္ဖက္ကို ကိုင္ၿပီး Jisoo တျဖည္းျဖည္း ေရွ႕တိုးလာသည္

Jennieမွာ Lisaမ်ား ျမင္မလားလို႔ လွည့္ၾကည့္ေပမယ့္ Lisaကေတာ့ စာ႐ြက္ေတြသာ ေသခ်ာဖတ္ေနသည္

Jennieလည္း Jisoo ဘက္ ျပန္လွည့္လာေရာ Jisoo မွာ သူမ ႏႈတ္ခမ္းကို ထပ္နမ္းျပန္သည္

"အဟြတ္ဟြတ္ "

Lisaရဲ႕ ေခ်ာင္းဟန့္သံေၾကာင့္ Jisooကို Jennieတြန္းလႊတ္ကာ အခန္းတံခါးကို ပိတ္လိုက္သည္

ထို႔ေနာက္ ခပ္တည္တည္နဲ႕ Lisaဆီ Jennie ေလွ်ာက္လာသည္

"ငါ ဖတ္ၾကည့္သေလာက္ ဒါေတြက နင့္အလုပ္နဲ႕ မဆိုင္ပါဘူး "

"အင္း ဟုတ္တယ္ "

"ဒါဆို ဘာေတြလည္း ..မေတာ္တဆမႈေတြနဲ႕ ပတ္သက္တဲ့အေၾကာင္းေတြ နင္ အဲ့တာေတြနဲ႕ ဘာလုပ္ေနတာလည္း "

Lisaက သူမရဲ႕ အခင္ဆုံး သူငယ္ခ်င္းမို႔ Lisaကို ေျပာျပရမလား မေျပာဘဲေနရမလားဆိုတာ Jennie ေတြးေတာေနသည္ ....

Lisaကို ယုံၾကည္တာမို႔ သရဲနဲ႕ေနတဲ့အေၾကာင္းကလြဲလို႔ က်န္တာ ေျပာဖို႔ Jennie ေတြးလိုက္သည္

"သူငယ္ခ်င္းတစ္ေယာက္ကို ကူညီေပးဖို႔ လုပ္ေနတာ "

"Aww သူ႕နာမည္က ဘယ္သူလည္း "

"နင္က ဘာလို႔ေမးတာလည္း "

"ေအာ္ ငါမ်ား ကူညီေပးနိုင္မလားလို႔ သူ႕ ဓာတ္ပုံ နင့္ထဲရွိလား "

Jennie ေခါင္းညိတ္ၿပီး Jisooဆီက ယူလာတဲ့ သူ႕ဖုန္းကို ဖြင့္လိုက္သည္

"ဟယ္ သူက ဘယ္သူလည္း နင့္ေကာင္မေလးလား "

Jennie ဖုန္း wallpaper က Jisooပုံကို ျမင္ၿပီး Lisa ဝမ္းသာအားရေမးလိုက္သည္

"Ash ခ်ီးထုပ္ Kim Jisooက လုပ္ျပန္ၿပီ "

Jennie စိတ္ထဲကေန Jisooကို က်ိန္ဆဲလိုက္သည္

"မဟုတ္ပါဘူး "

"ဒါဆို ဘာလို႔ wallpaper ထားတာလည္း "

"နင္ေမးတဲ့ ေကာင္မေလးက သူဘဲ "

"အဟင္းဟင္း ငါေတာ့ အနံ႕ရေနၿပီေနာ္ Jennie"

"Shut up Lisa "

"ေကာင္မေလးက ရွက္ေနၿပီေဟး "

"ပါးစပ္ပိတ္ထား Lisa မဟုတ္ရင္ အိမ္ကေန ငါ နင့္ကို ႏွင္ထုတ္မွာေနာ္ "

"ဟုတ္ပါၿပီ ဒါနဲ႕ နင္က သူနဲ႕ ဘာလုပ္တာလည္း "

"သူ ဘာျဖစ္ခဲ့တယ္ဆိုတာ စုံစမ္းေနတာ "

"ဘာလို႔လည္း "

"သူနဲ႕ အေပးအယူ ရွိလို႔ "

"Humm "

ထိုစဥ္ Lisaဆီ Chaeyoungရဲ႕ ဖုန္းဝင္လာသည္

"Chae ဖုန္းဆက္ေခၚေနၿပီ ငါသြားေတာ့မယ္ေနာ္ Jennie "

"ႂကြႂကြ..."

Lisa ထြက္သြားမွ Jennie သက္ျပင္းခ်မိသြားသည္

#Tbc

Bạn đang đọc truyện trên: Truyen3h.Co