Truyen3h.Co

Lies

Part 8

KimFany059

#Zawgyi

Jennie.. ..

သူမ နားထဲ တုိး၀င္​လာတဲ့ Jisoo အသံ​ေၾကာင္​့ Jennie အိပ္​​ေပ်ာ္​ရာက ႏုိးလာသည္​

ဘုရား​ေရ ဆုိဖာ​ေပၚ တစ္​ညလုံး Jisooနဲ႔ အတူ အိပ္​​ေနခ​ဲ့တာလား

Jennie စိတ္​ထဲက​ေန သူ႔ကိုယ္​သူ က်ိန္​ဆဲလိုက္​သည္​

"Kuma​ေရ သြား သြား သူ႔မ်က္​ႏွာကုိ လ်ွာနဲ႔ယက္​လုိက္​ "

Jisooရဲ႕ စကားကုိ Kuma နား​ေထာင္​မယ္​ဆုိတာ သိလုိ႔ Jennie ​ေခါင္​းအုံးနဲ႔ အျမန္​ မ်က္​ႏွာကုိ ကာလိုက္​သည္​

"ၾကည္​့ပါအုံး သူ႔မ်က္​ႏွာကုိ ​ေခါင္​းအုံးနဲ႔ကာလုိက္​ၿပီ သူ႔ကုိ ငါတုိ႔ Morning kiss ​ေပးလုိ႔မရ​ေတာ့ဘူး Kuma​ေရ "

Jennieမွာ Jisooကို လ်စ္​လ်ဴ ႐ႈၿပီး ျပန္​အိပ္​ဖုိ႔ ႀကိဳးစား​ေနသည္​

သို႔​ေသာ္​ သူမကုိ တစ္​စုံတစ္​​ေယာက္​က ​ေပြ႔ခ်ီၿပီး ​ေလ​ေပၚပ်ံ​ေနသလို ခံစားရလုိ႔ မ်က္​လုံးဖြင္​့ၾကည္​့​ေတာ့ Jisooက သူမကုိ ​ေပြ႔ခ်ီထားသည္​

"ဘာလုပ္​တာလည္​း ငါ့ကုိ ​ေအာက္​ျပန္​ခ်​ေပး Jisoo "

"Shuu ျပန္​အိပ္​​ေနလိုက္​​ေနာ္​ "

Jisooမွာ Jennieကုိ ​ေျပာၿပီး ​Jennieရဲ႕ အခန္​းတံခါးကုိ ​ေျခ​ေထာက္​နဲ႔ ​ေဆာင္​့ကန္​ဖြင္​့လုိက္​သည္​

ထုိ႔​ေနာက္​ Jennie ကို ကုတင္​​ေပၚသုိ႔ ပစ္​ခ်လုိက္​သည္​

"What the fuck Kim Jisoo "

Jennie ကုိ ျပန္​အိပ္​ဖုိ႔​ေျပာၿပီး ကုတင္​​ေပၚ ၾကမ္​းတမ္​းစြာ ပစ္​ခ်လုိက္​တဲ့ Jisoo ကို Jennie ​ေအာ္​ဆဲလုိက္​သည္​

"Hehe I'm sorry "

"နင္​က တကယ္​ စိတ္​ပ်က္ဖုိ႔ ​ေကာင္​းတာဘဲ "

"​ေနာက္​ဆုိ ငါနဲ႔ ​ေနသားက်သြားမွာပါ "

"​ေသလုိက္​ Kim Jisoo "

Jennieက သူမကုိ က်ိန္​ဆဲလုိက္​​ေတာ့ Jisoo ရယ္​ၿပီး အခန္​းထဲက ထြက္​သြားသည္​

Jennie တစ္​​ေယာက္​ အလုပ္​သြားရမွာကို သတိရၿပီး အိပ္​ရာက ထကာ မ်က္​ႏွာသစ္​ဖုိ႔ ​ေရခ်ိဳးခန္​းထဲ ၀င္​သြားသည္​

"နင္​ သိလား Jennie "

"ငါ မသိဘူး Lisa "

Lisa ​ေျပာမယ္​့ စကားကုိ Jennie ျဖတ္​ခ်လိုက္​သည္​

"ငါ့စကားကုိ ၿပီဆံုးေအာင္​ နား​ေထာင္​ပါအုံးဟ "

"​ေအးပါ ဆက္​​ေျပာ "

Lisa မ်က္​ႏွာ ဆူပုပ္​သြား​ေသာ​ေၾကာင္​့ Jennie တဟားဟားနဲ႔ ရယ္​လုိက္​သည္​

"Tsk ထားပါ ငါ ​ေျပာအု​ံးမယ္​ နင္​ Chaeyoungရဲ႕ သူငယ္​ခ်င္​းနဲ႔ ​ေတြ႔သင္​့တယ္​​ေနာ္​! "

"ငါက ဘာလုိ႔ Chaeyoungရဲ႕ သူငယ္​ခ်င္​းနဲ႔ ​ေတြ႕ရမွာတုံး "

Jennie မ်က္​ခုံးပင္​့ၿပီး Lisaကို ​ေမးလိုက္​သည္​

"ဘာလုိ႔လည္​းဆုိ​ေတာ့ သူက နင္​့ရဲ႕ ideal typeမုိ႔လုိ႔ ငါ ​ေသခ်ာ ​ေလာင္​းရဲတယ္​ သိလား "

Lisa စပ္​ၿဖီးၿဖီးနဲ႔ Jennie ကို ​ေျပာလိုက္​သည္​

"ငါ စိတ္​မ၀င္​စားဘူး "

"စိတ္​မ၀င္​စားလုိ႔မရဘူး "

Lisa ​ေအာ္​ၿပီး Jennieရဲ႕ စားပြဲခံုကုိ ဘုန္​းခနဲ႐ုိက္​လုိက္​သည္​

"Lisa! "

Jennie ကလည္​း Lisaကို ျပန္​​ေအာ္​လုိက္​သည္​

"ဘယ္​အခ်ိန္​က်မွ အခ်စ္​​ေရးကုိ စိတ္​၀င္​စားမွာလည္​း Jennie Kim နင္​့ရဲ႕ ​ေမွာင္​​ေနတဲ့ ဘ၀ထဲ အခ်စ္​သက္​တံ့အ​ေရာင္​​ေလး​ေတ​ြ ၀င္​လာခုိင္​းလုိက္​ပါ "

Lisa အသံက stress ပိ​ေနတဲ့အသံ​​ေပါက္​​ေနလုိ႔ Jennie ရယ္​လုိက္​မိသည္​

"အခ်စ္​​ေရးနဲ႔ ပတ္​သက္ၿပီး ကာယကံ႐ွင္​ ငါ့ထက္​ နင္​က ဘာလုိ႔ stress ပိ​ေနတဲ့ ​ေလသံ​ေပါက္​​ေနတာလည္​း "

"ခ်စ္​သူမ႐ွိဘဲ နင္​ ငွက္​​ေပ်ာပင္ဖက္​ၿပီး ​ေသသြားရမွာဆုိးလုိ႔​ေဟး "

"အဲ့လုိ ဘယ္​​ေတာ့မွ ျဖစ္​လာမွာ မဟုတ္​ဘူး Lisa "

"အဲ့လုိမျဖစ္​​ေစခ်င္​ဘူးဆုိရင္​ Chaeyoungရဲ႕ သူငယ္​ခ်င္​းနဲ႔ ​ေတြ႔သင္​့တယ္​ Jennie ငါ အတည္​​ေျပာ​ေနတာ "

"ငါ စိတ္​မ၀င္​စားပါဘူးလုိ႔ နင္​့ကုိ ​ေျပာၿပီးၿပီ​ေလ" 

"​ေသခ်ာ ​စဥ္​းစားၾကည္​့ပါအံုး ငါကလည္​း ခုခ်က္​ခ်င္​း နင္​့ကုိ သူနဲ႔ ​ေတြ႔ခိုင္​း​ေနတာ မဟုတ္​ဘူး ဘာလို႔ဆို သူက အခု သတိ ​လစ္​​ေနတာ "

"ဟင္​ သတိလစ္​တယ္​ဆုိတာ ဘာ​ေျပာတာလည္​း "

Lisaရဲ႕ စကားကုိ Jennie ျဖတ္​ၿပီး ​ေမးလိုက္​သည္​

"အင္​း ​ေျပာရရင္​ သူက ကုိမာ၀င္​ၿပီး သတိလစ္​​ေနတာ မၾကာခင္​ သတိရလာမယ္​လုိ႔ ​ေမ်ွာ္​လင္​့ရတာဘ​ဲ "

"​ေနပါအုံး အခု နင္​က ငါ့ရဲ႕ ideal typeနဲ႔တူတယ္​ဆုိတဲ့ ​ေဆး႐ုံက ကုတင္​​ေပၚမွာ​ ကုိမာ၀င္​သတိလစ္​​ေနတဲ့ ႐ွင္​မလား ​ေသမလားမသိတဲ့ ​ေကာင္​မ​ေလးကုိ ​ေတြ႔ခုိင္​း​ေနတာလား နင္​ ႐ူး​ေနတာလား Lisa "

"နင္​ကလည္​း စိတ္​​ေလ်ာ့စမ္​းပါ "

"မ​ေလ်ာ့ႏုိင္​ဘူး အဲ့​ေကာင္​မ​ေလးနဲ႔လည္​း မ​ေတြ႕ႏုိင္​ဘူး ဒါဘဲ "

​ေန႔လည္​​ေရာက္​​ေတာ့ Ireneကို Cafeဆုိင္​လာဖုိ႔ ခ်ိန္​းထားလုိ႔ Jennie ထြက္​လာခဲ့သည္​

"နင္​ ႐ွာ​ေနတဲ့ ​ေကာင္​မ​ေလးကုိ ႐ွာ​ေတြ႔ၿပီလား Jennie "

Irene အ​ေအး​ေသာက္​ရင္​း ​ေမးလုိက္​သည္​

"အင္​း ​ေတြ႔တာ​ေတာ့​ေတြ႔ၿပီ ဒါ​ေပမယ္​့ လူခ်င္​းမ​ေတြ႔ရ​ေသးဘူး "

"ဘာလုိ႔လည္​း "

"ငါ အလုပ္​​ေတြ ႐ႈပ္​​ေနလုိ႔ရယ္​ ခု နင္​ ငါနဲ႔ လုိက္​ခဲ့ပါလား Irene "

"အယ္​ ငါ နင္​နဲ႔မလုိက္​ႏိုင္​ဘူး Jennie ခဏ​ေန ခ်ိန္​းထားတာ႐ွိလုိ႔ "

"မနက္​ျဖန္​​ေရာ "

'မနက္​ျဖန္​ မိသားစုနဲ႔ ထမင္​းစားဖုိ႔ ခ်ိန္​းထားတယ္​ "

"သန္​ဘက္​ခါ​ေရာ "

"သန္​ဘက္​ခါက် "

"Come on Irene နင္​က အုိဘားမားထက္​​ေတာင္​ ​​ေသာက္​လုပ္​႐ႈပ္​​ေနတာဘဲ ဘာလည္​း ငါနဲ႔ မသြားခ်င္​လုိ႔ နင္​ အရမ္​း အလုပ္​႐ႈပ္​ျပ​ေနတာ မဟုတ္​လား "

"အလုပ္​က တကယ္​႐ႈပ္​​ေနတာပါ Jennieရယ္​ ၿပီး​ေတာ့ နင္​​ေျပာတဲ့ထဲ ​ေကာင္​မ​ေလးအ​ေၾကာင္​း ႐ွာ​ေပးဖုိ႔ဘဲ ပါတာ​ေလ အတူ လိုက္​႐ွာ​​ေပးလုိ႔ နင္​မ​ေျပာခဲ့ဖူးသလုိ ငါလည္​း လုိက္​႐ွာ​ေပးမယ္​လုိ႔ သ​ေဘာမတူခဲ့ဘူး​ေလ နင္​ ႐ွာခုိင္​းတဲ့ သတင္​းအခ်က္​အလက္​​ေတြ ငါ ႐ွာ​ေပးၿပီးၿပီမုိ႔ က်န္​တာ နင္​့ဘာသာနင္​ ႐ွာ​ေလ Jennieရ "

"ဘာ...ငါက အလုပ္​မ်ားတဲ့သူဆုိတာ နင္​သိပါတယ္​ Irene အခုဟာက ငါ့စာရင္​းထဲ မပါဘူး "

"နင္​ အလုပ္​မ်ားတဲ့သူဆုိတာ ငါသိပါတယ္​ နင္​့စာရင္​းထဲ မပါရင္​ ဘာလုိ႔ အ့ဲ​ေကာင္​မ​ေလးကုိ ႐ွာခ်င္​​ေနရတာတုံး Jennie Kimရဲ႕ "

"ငါ တတ္​ႏုိင္​သမ်ွ သူ႔အ​ေၾကာင္​း​ေတြ ႐ွာခ်င္​လုိ႔ရယ္​ "

Irene မၾကား​ေအာင္​ Jennie တုိးတုိး​ေလး ​ေျပာလိုက္​သည္​

ထုိစဥ္​ Irene ဖုန္​းထဲ message ၀င္​လာသည္​

Jennie လွမ္​းၾကည္​့​ေတာ့ Bearဆုိတဲ့ နာမည္​​ေလး ဖုန္​း screen ​ေပၚတြင္​ ​ေပၚ​ေနသည္​

Irene မ်က္​ႏွာကလည္​း ႐ုတ္​တရက္​ ျပဳံးသြားတာကုိ Jennie သတိထားမိသည္​

"ဘယ္​သူလဲ "

"Nothing"

"Aww Nothing​ဆုိတဲ့ တစ္​​ေယာက္​က နင္​့ကုိ ခ်က္​ခ်င္​းျပံဳးသြား​ေအာင္​ လုပ္​ႏုိင္​တယ္​​ေနာ္​ ခုန ငါနဲ႔စကား​ေျပာ​ေတာ့ အဲ့မ်က္​ႏွာထား မဟုတ္​ပါဘူး "

"Shut up အလုပ္​​ေပၚလာလုိ႔ သြား​ေတာ့မယ္​ "

Irene သူ႔ပုိက္​ဆံအိတ္​ကို ​ေကာက္​လြယ္​ၿပီး ဆုိင္​ထဲက​ေန ​ေျပးထြက္​သြားသည္​

Jennie အိမ္​ျပန္​လမ္​းတြင္​ ၾကက္​သားကင္​ ​ေရာင္​း​ေနတဲ့ တြန္​းလွည္​း​ေလးကုိ ​ေတြ႔​ေတာ့ ႐ုတ္​တရက္​ ကားရပ္​လုိက္​မိသည္​

သူမကုိယ္​ သူမ​ေတာင္​ မသိဘ​ဲ ကား​ေပၚက ဆင္​းၿပီး ၾကက္​သားကင္​ဗူး​ေတြ ၀ယ္​​ေနသည္​

Jennie တုိက္​ခန္​းကုိ ျပန္​လာ​ေတာ့ hoodie အနက္​​ေရာင္​၀တ္​ၿပီး ဦးထုပ္​​ေဆာင္​းကာ ​ေခါင္​းငုိက္​ၿပီး လမ္​း​ေလွ်ာက္​လာတ​ဲ့ ​ေကာင္​မ​ေလးကုိ ​ေတြ႔လုိက္​ရသည္​

​ေခါင္​းငံု႔ထားၿပီး ဦးထုပ္​​ေဆာင္​းထား​ေသာ​ေၾကာင္​့ ဘယ္​သူမွန္​း Jennie မသိ​ေပမယ္​့ ​ေကာင္​မ​ေလးက သူ႔​ေဘးနားက ျဖတ္​သြားစဥ္​ ​ေကာင္​မ​ေလးဆီက Lisa ရဲ႕ ​ေရ​ေမႊး​နံ႔ရလုိ႔ လွည္​့​ၾကည္​့​ေသာအခါ ​ေကာင္​မ​ေလးက ဓာတ္​​ေလွကားထဲ ၀င္​သြားသည္​

Jennie သူမ တုိက္​ခန္​းတံခါးကုိ ဖြင္​့လိုက္​​ေတာ့ Kumaက သူမကုိ အၿမီးႏွံ႔ၿပီး ႀကိဳ​ေနသည္​

ဧည္​့ခန္​းထဲမွာ Jisooကို မ​ေတြ႔ရ​ေပမယ္​့ Jisoo စားထားတဲ့ မုန္​႔ထုပ္​ အခြံ​ေတြ​ေတာ့ Jennie ​ေတြ႔လုိက္​ရသည္​

အမႈိက္​​ေတြကုိ Jennie လိုက္​​ေကာက္​ရင္​း တစ္​ခါတစ္​ခါ သရဲက ဘာလုိ႔ စားႏုိင္​​ေသာက္​ႏုိင္​လည္​းဆုိတာ Jennie ​ေတြးလုိ႔မရ​ေပ

"Hey ျပန္​​ေရာက္​ၿပီလား "

ဧည္​့ခန္​းထဲ ၀င္​လာတဲ့ Jisooကုိ Jennie မ်က္​​ေစာင္​းထုိးလိုက္​သည္​

"ဒီမယ္​ ငါ နင္​့ကုိ ပုိက္​ဆံမယူဘဲ ​ေနစရာ​ေရာ​ေပးထား စားစရာလည္​း ​ေကြၽးထားတယ္​​ေနာ္​ အနည္​းဆံုး ငါ့အိမ္​ကုိ သပ္​ရပ္​​ေအာင္​ ထား​ေပးပါလား "

"Omo ၾကက္​သားကင္​ဗူး​ဘဲ ငါ့အတြက္​ ၀ယ္​လာတာလား "

"မဟုတ္​ဘူး ငါ့ဘာသာငါ စားဖုိ႔ "

Jisooမွာ ၾကက္​သားကင္​ဗူးကုိ ​ေကာက္​ယူၾကည္​့လိုက္​သည္​

"ငါ့အတြက္​ မဟုတ္​ဘူးလား boxမွာ Jich...."

Jisoo စကားမဆုံး​ေသး Jisoo လက္​ထဲက ၾကက္​သားကင္​ဗူးကုိ Jennie လုယူလုိက္​သည္​

"မဟုတ္​ပါဘူး ငါ့နာမည္​​ေရးတာပါဟ "

"Come on ငါ မကန္​း​ေသးပါဘူး Jichuလုိ႔​ေရးထားတာပါဟ နင္​့နာမည္​က Jennie​ေလ...Jiဆုိတာ ငါ့နာမည္​ နင္​ ငါ့ကုိ nickname ​ေပးထားတာ ဟုတ္​တယ္​မလား Jichuဆုိၿပီး​ေလ "

Jisooရဲ႕ စကား​ေၾကာင္​့ Jennie ႐ွက္​သြားသည္​ သူမ ဘာလုိ႔ ဒီသရဲမအတြက္​ ၾကက္​သားကင္​ ၀ယ္​​ေပးၿပီး နာမည္​​ေျပာင္​​ေပးမိမွန္​း သူမကုိယ္​ သူမ​ေတာင္​ နားမလည္​ႏုိင္​​ေတာ့​ေပ

#Tbc

#Unicode

Jennie.. ..

သူမ နားထဲ တိုးဝင်လာတဲ့ Jisoo အသံကြောင့် Jennie အိပ်ပျော်ရာက နိုးလာသည်

ဘုရားရေ ဆိုဖာပေါ် တစ်ညလုံး Jisooနဲ့ အတူ အိပ်နေခဲ့တာလား

Jennie စိတ်ထဲကနေ သူ့ကိုယ်သူ ကျိန်ဆဲလိုက်သည်

"Kumaရေ သွား သွား သူ့မျက်နှာကို လျှာနဲ့ယက်လိုက် "

Jisooရဲ့ စကားကို Kuma နားထောင်မယ်ဆိုတာ သိလို့ Jennie ခေါင်းအုံးနဲ့ အမြန် မျက်နှာကို ကာလိုက်သည်

"ကြည့်ပါအုံး သူ့မျက်နှာကို ခေါင်းအုံးနဲ့ကာလိုက်ပြီ သူ့ကို ငါတို့ Morning kiss ပေးလို့မရတော့ဘူး Kumaရေ "

Jennieမှာ Jisooကို လျစ်လျူ ရှုပြီး ပြန်အိပ်ဖို့ ကြိုးစားနေသည်

သို့သော် သူမကို တစ်စုံတစ်ယောက်က ပွေ့ချီပြီး လေပေါ်ပျံနေသလို ခံစားရလို့ မျက်လုံးဖွင့်ကြည့်တော့ Jisooက သူမကို ပွေ့ချီထားသည်

"ဘာလုပ်တာလည်း ငါ့ကို အောက်ပြန်ချပေး Jisoo "

"Shuu ပြန်အိပ်နေလိုက်နော် "

Jisooမှာ Jennieကို ပြောပြီး Jennieရဲ့ အခန်းတံခါးကို ခြေထောက်နဲ့ ဆောင့်ကန်ဖွင့်လိုက်သည်

ထို့နောက် Jennie ကို ကုတင်ပေါ်သို့ ပစ်ချလိုက်သည်

"What the fuck Kim Jisoo "

Jennie ကို ပြန်အိပ်ဖို့ပြောပြီး ကုတင်ပေါ် ကြမ်းတမ်းစွာ ပစ်ချလိုက်တဲ့ Jisoo ကို Jennie အော်ဆဲလိုက်သည်

"Hehe I'm sorry "

"နင်က တကယ် စိတ်ပျက်ဖို့ ကောင်းတာဘဲ "

"နောက်ဆို ငါနဲ့ နေသားကျသွားမှာပါ "

"သေလိုက် Kim Jisoo "

Jennieက သူမကို ကျိန်ဆဲလိုက်တော့ Jisoo ရယ်ပြီး အခန်းထဲက ထွက်သွားသည်

Jennie တစ်ယောက် အလုပ်သွားရမှာကို သတိရပြီး အိပ်ရာက ထကာ မျက်နှာသစ်ဖို့ ရေချိုးခန်းထဲ ဝင်သွားသည်

"နင် သိလား Jennie "

"ငါ မသိဘူး Lisa "

Lisa ပြောမယ့် စကားကို Jennie ဖြတ်ချလိုက်သည်

"ငါ့စကားကို ပြီဆုံးအောင် နားထောင်ပါအုံးဟ "

"အေးပါ ဆက်ပြော "

Lisa မျက်နှာ ဆူပုပ်သွားသောကြောင့် Jennie တဟားဟားနဲ့ ရယ်လိုက်သည်

"Tsk ထားပါ ငါ ပြောအုံးမယ် နင် Chaeyoungရဲ့ သူငယ်ချင်းနဲ့ တွေ့သင့်တယ်နော်! "

"ငါက ဘာလို့ Chaeyoungရဲ့ သူငယ်ချင်းနဲ့ တွေ့ရမှာတုံး "

Jennie မျက်ခုံးပင့်ပြီး Lisaကို မေးလိုက်သည်

"ဘာလို့လည်းဆိုတော့ သူက နင့်ရဲ့ ideal typeမို့လို့ ငါ သေချာ လောင်းရဲတယ် သိလား "

Lisa စပ်ဖြီးဖြီးနဲ့ Jennie ကို ပြောလိုက်သည်

"ငါ စိတ်မဝင်စားဘူး "

"စိတ်မဝင်စားလို့မရဘူး "

Lisa အော်ပြီး Jennieရဲ့ စားပွဲခုံကို ဘုန်းခနဲရိုက်လိုက်သည်

"Lisa! "

Jennie ကလည်း Lisaကို ပြန်အော်လိုက်သည်

"ဘယ်အချိန်ကျမှ အချစ်ရေးကို စိတ်ဝင်စားမှာလည်း Jennie Kim နင့်ရဲ့ မှောင်နေတဲ့ ဘဝထဲ အချစ်သက်တံ့အရောင်လေးတွေ ဝင်လာခိုင်းလိုက်ပါ "

Lisa အသံက stress ပိနေတဲ့အသံပေါက်နေလို့ Jennie ရယ်လိုက်မိသည်

"အချစ်ရေးနဲ့ ပတ်သက်ပြီး ကာယကံရှင် ငါ့ထက် နင်က ဘာလို့ stress ပိနေတဲ့ လေသံပေါက်နေတာလည်း "

"ချစ်သူမရှိဘဲ နင် ငှက်ပျောပင်ဖက်ပြီး သေသွားရမှာဆိုးလို့ဟေး "

"အဲ့လို ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး Lisa "

"အဲ့လိုမဖြစ်စေချင်ဘူးဆိုရင် Chaeyoungရဲ့ သူငယ်ချင်းနဲ့ တွေ့သင့်တယ် Jennie ငါ အတည်ပြောနေတာ "

"ငါ စိတ်မဝင်စားပါဘူးလို့ နင့်ကို ပြောပြီးပြီလေ" 

"သေချာ စဉ်းစားကြည့်ပါအုံး ငါကလည်း ခုချက်ချင်း နင့်ကို သူနဲ့ တွေ့ခိုင်းနေတာ မဟုတ်ဘူး ဘာလို့ဆို သူက အခု သတိ လစ်နေတာ "

"ဟင် သတိလစ်တယ်ဆိုတာ ဘာပြောတာလည်း "

Lisaရဲ့ စကားကို Jennie ဖြတ်ပြီး မေးလိုက်သည်

"အင်း ပြောရရင် သူက ကိုမာဝင်ပြီး သတိလစ်နေတာ မကြာခင် သတိရလာမယ်လို့ မျှော်လင့်ရတာဘဲ "

"နေပါအုံး အခု နင်က ငါ့ရဲ့ ideal typeနဲ့တူတယ်ဆိုတဲ့ ဆေးရုံက ကုတင်ပေါ်မှာ ကိုမာဝင်သတိလစ်နေတဲ့ ရှင်မလား သေမလားမသိတဲ့ ကောင်မလေးကို တွေ့ခိုင်းနေတာလား နင် ရူးနေတာလား Lisa "

"နင်ကလည်း စိတ်လျော့စမ်းပါ "

"မလျော့နိုင်ဘူး အဲ့ကောင်မလေးနဲ့လည်း မတွေ့နိုင်ဘူး ဒါဘဲ "

နေ့လည်ရောက်တော့ Ireneကို Cafeဆိုင်လာဖို့ ချိန်းထားလို့ Jennie ထွက်လာခဲ့သည်

"နင် ရှာနေတဲ့ ကောင်မလေးကို ရှာတွေ့ပြီလား Jennie "

Irene အအေးသောက်ရင်း မေးလိုက်သည်

"အင်း တွေ့တာတော့တွေ့ပြီ ဒါပေမယ့် လူချင်းမတွေ့ရသေးဘူး "

"ဘာလို့လည်း "

"ငါ အလုပ်တွေ ရှုပ်နေလို့ရယ် ခု နင် ငါနဲ့ လိုက်ခဲ့ပါလား Irene "

"အယ် ငါ နင်နဲ့မလိုက်နိုင်ဘူး Jennie ခဏနေ ချိန်းထားတာရှိလို့ "

"မနက်ဖြန်ရော "

'မနက်ဖြန် မိသားစုနဲ့ ထမင်းစားဖို့ ချိန်းထားတယ် "

"သန်ဘက်ခါရော "

"သန်ဘက်ခါကျ "

"Come on Irene နင်က အိုဘားမားထက်တောင် သောက်လုပ်ရှုပ်နေတာဘဲ ဘာလည်း ငါနဲ့ မသွားချင်လို့ နင် အရမ်း အလုပ်ရှုပ်ပြနေတာ မဟုတ်လား "

"အလုပ်က တကယ်ရှုပ်နေတာပါ Jennieရယ် ပြီးတော့ နင်ပြောတဲ့ထဲ ကောင်မလေးအကြောင်း ရှာပေးဖို့ဘဲ ပါတာလေ အတူ လိုက်ရှာပေးလို့ နင်မပြောခဲ့ဖူးသလို ငါလည်း လိုက်ရှာပေးမယ်လို့ သဘောမတူခဲ့ဘူးလေ နင် ရှာခိုင်းတဲ့ သတင်းအချက်အလက်တွေ ငါ ရှာပေးပြီးပြီမို့ ကျန်တာ နင့်ဘာသာနင် ရှာလေ Jennieရ "

"ဘာ...ငါက အလုပ်များတဲ့သူဆိုတာ နင်သိပါတယ် Irene အခုဟာက ငါ့စာရင်းထဲ မပါဘူး "

"နင် အလုပ်များတဲ့သူဆိုတာ ငါသိပါတယ် နင့်စာရင်းထဲ မပါရင် ဘာလို့ အဲ့ကောင်မလေးကို ရှာချင်နေရတာတုံး Jennie Kimရဲ့ "

"ငါ တတ်နိုင်သမျှ သူ့အကြောင်းတွေ ရှာချင်လို့ရယ် "

Irene မကြားအောင် Jennie တိုးတိုးလေး ပြောလိုက်သည်

ထိုစဉ် Irene ဖုန်းထဲ message ဝင်လာသည်

Jennie လှမ်းကြည့်တော့ Bearဆိုတဲ့ နာမည်လေး ဖုန်း screen ပေါ်တွင် ပေါ်နေသည်

Irene မျက်နှာကလည်း ရုတ်တရက် ပြုံးသွားတာကို Jennie သတိထားမိသည်

"ဘယ်သူလဲ "

"Nothing"

"Aww Nothingဆိုတဲ့ တစ်ယောက်က နင့်ကို ချက်ချင်းပြုံးသွားအောင် လုပ်နိုင်တယ်နော် ခုန ငါနဲ့စကားပြောတော့ အဲ့မျက်နှာထား မဟုတ်ပါဘူး "

"Shut up အလုပ်ပေါ်လာလို့ သွားတော့မယ် "

Irene သူ့ပိုက်ဆံအိတ်ကို ကောက်လွယ်ပြီး ဆိုင်ထဲကနေ ပြေးထွက်သွားသည်

Jennie အိမ်ပြန်လမ်းတွင် ကြက်သားကင် ရောင်းနေတဲ့ တွန်းလှည်းလေးကို တွေ့တော့ ရုတ်တရက် ကားရပ်လိုက်မိသည်

သူမကိုယ် သူမတောင် မသိဘဲ ကားပေါ်က ဆင်းပြီး ကြက်သားကင်ဗူးတွေ ဝယ်နေသည်

Jennie တိုက်ခန်းကို ပြန်လာတော့ hoodie အနက်ရောင်ဝတ်ပြီး ဦးထုပ်ဆောင်းကာ ခေါင်းငိုက်ပြီး လမ်းလျှောက်လာတဲ့ ကောင်မလေးကို တွေ့လိုက်ရသည်

ခေါင်းငုံ့ထားပြီး ဦးထုပ်ဆောင်းထားသောကြောင့် ဘယ်သူမှန်း Jennie မသိပေမယ့် ကောင်မလေးက သူ့ဘေးနားက ဖြတ်သွားစဉ် ကောင်မလေးဆီက Lisa ရဲ့ ရေမွှေးနံ့ရလို့ လှည့်ကြည့်သောအခါ ကောင်မလေးက ဓာတ်လှေကားထဲ ဝင်သွားသည်

Jennie သူမ တိုက်ခန်းတံခါးကို ဖွင့်လိုက်တော့ Kumaက သူမကို အမြီးနှံ့ပြီး ကြိုနေသည်

ဧည့်ခန်းထဲမှာ Jisooကို မတွေ့ရပေမယ့် Jisoo စားထားတဲ့ မုန့်ထုပ် အခွံတွေတော့ Jennie တွေ့လိုက်ရသည်

အမှိုက်တွေကို Jennie လိုက်ကောက်ရင်း တစ်ခါတစ်ခါ သရဲက ဘာလို့ စားနိုင်သောက်နိုင်လည်းဆိုတာ Jennie တွေးလို့မရပေ

"Hey ပြန်ရောက်ပြီလား "

ဧည့်ခန်းထဲ ဝင်လာတဲ့ Jisooကို Jennie မျက်စောင်းထိုးလိုက်သည်

"ဒီမယ် ငါ နင့်ကို ပိုက်ဆံမယူဘဲ နေစရာရောပေးထား စားစရာလည်း ကျွေးထားတယ်နော် အနည်းဆုံး ငါ့အိမ်ကို သပ်ရပ်အောင် ထားပေးပါလား "

"Omo ကြက်သားကင်ဗူးဘဲ ငါ့အတွက် ဝယ်လာတာလား "

"မဟုတ်ဘူး ငါ့ဘာသာငါ စားဖို့ "

Jisooမှာ ကြက်သားကင်ဗူးကို ကောက်ယူကြည့်လိုက်သည်

"ငါ့အတွက် မဟုတ်ဘူးလား boxမှာ Jich...."

Jisoo စကားမဆုံးသေး Jisoo လက်ထဲက ကြက်သားကင်ဗူးကို Jennie လုယူလိုက်သည်

"မဟုတ်ပါဘူး ငါ့နာမည်ရေးတာပါဟ "

"Come on ငါ မကန်းသေးပါဘူး Jichuလို့ရေးထားတာပါဟ နင့်နာမည်က Jennieလေ...Jiဆိုတာ ငါ့နာမည် နင် ငါ့ကို nickname ပေးထားတာ ဟုတ်တယ်မလား Jichuဆိုပြီးလေ "

Jisooရဲ့ စကားကြောင့် Jennie ရှက်သွားသည် သူမ ဘာလို့ ဒီသရဲမအတွက် ကြက်သားကင် ဝယ်ပေးပြီး နာမည်ပြောင်ပေးမိမှန်း သူမကိုယ် သူမတောင် နားမလည်နိုင်တော့ပေ

#Tbc

Bạn đang đọc truyện trên: Truyen3h.Co