Truyen3h.Co

Living Doll

Part 1

KimFany059

"Seoyeon သမီး မူႀကိဳေနာက္က်ေတာ့မွာဘဲ အျမန္ လုပ္ေနာ္ "

Taeyeon အိမ္ေ႐ွ႕ကေန အိမ္ထဲက သူ႔သမီးကုိ လွမ္းေအာ္ေျပာလုိက္သည္

"လာၿပီ Mommy "

Seoyeon အိမ္ထဲကေန ျပန္တုံ႔ျပန္သည္

"ျမန္ျမန္လုပ္ ေကာင္မေလးေရ "

Taeyeon ျပန္ေအာ္ျပန္သည္

"ေရာက္ၿပီ Mommy "

Seoyeonေလးမွာ အိမ္ျပင္ေရာက္လာၿပီး ကားေပၚကုိ တက္လုိက္သည္

Taeyeon သူ႔သမီးကုိ ခါးပတ္ပတ္ဖုိ႔ ကားတံခါးဆြဲဖြင့္လုိက္သည္

"ခါးပတ္ပတ္မယ္ သမီးေလး Oh ဒီအ႐ုပ္ကုိ ထပ္ယူလာျပန္ၿပီလား "

Taeyeonမွာ သူ႔သမီးက အ႐ုပ္မေလးကုိ ဖက္ထားတာကုိ ျမင္ၿပီး ေမးလုိက္သည္

"ဟုတ္တယ္ Mommy......Tiffanyက သမီး သူငယ္ခ်င္းေလ သမီး ဘယ္သြားသြား သူ႔ကုိအျမဲ ေခၚသြားမွာ "

"Ok ok သမီးေခၚသြားခ်င္တယ္ဆုိလည္း ေခၚသြားေနာ္ ဒါေပမယ့္ စာသင္ခ်ိန္က် သူ႔ကုိ ၿငိမ္ၿငိမ္ေနခုိင္းေနာ္ "

"Nae....."

Taeyeonလည္း သူ႔သမီးကုိ ခါးပတ္ပတ္ေပးၿပီး ကားေပၚတက္ကာ ကားအင္ဂ်င္စက္ႏႈိးလုိက္သည္

"Ready ျဖစ္ၿပီလား သမီး "

"Nae...."

"ဒါဆုိ သြားစုိ႔ "

Taeyeon ကားေမာင္းရင္း ကားမွန္ကေန ကားေနာက္ခန္းက သူ႔သမီးကို လွမ္းၾကည့္ေနသည္

သူ႔သမီးေလးမွာ သူမ လုပ္ေပးထားတဲ့ အ႐ုပ္မေလးနဲ႔ ေဆာ့ေနသည္

ဟုတ္ပါတယ္ Tiffany ဆုိတဲ့ ဘုိမ႐ုပ္ေလးကုိ Taeyeon ကုိယ္တုိင္ လုပ္ၿပီး သူ႔သမီးကုိ ေမြးေန႔လက္ေဆာင္ေပးထားတာပါ.....ၿပီးက် Taeyeonက Seoul ၿမိဳ႕ရဲ႕ နာမည္ႀကီးဆုံး အ႐ုပ္ေတြထုတ္တဲ့ company ပုိင္႐ွင္ေလ

"ဒါနဲ႔ သမီးေလး....သမီးေလးရဲ႕ ေမေမ Seolhyunက သမီးေလးကုိ စကားေျပာခ်င္လုိ႔တဲ့ ".

Taeyeon ေျပာေတာ့ Seoyeonေလးမွာ ဝမ္းနည္းတဲ့မ်က္ႏွာျဖင့္

"Mommy သမီး သူနဲ႔ စကားမေျပာခ်င္ဘူး "

Taeyeon သက္ျပင္းခ်ၿပီး
"ခဏေလးပါ သမီးရယ္ သူက သမီးကုိ သတိရေနတာ "

"သတိရတယ္သာ ေျပာတယ္ သမီးတုိ႔ကိုက် ပစ္ထားတယ္ သူသာ သမီးတုိ႔ကုိ တကယ္ခ်စ္ရင္..... သမီးတုိ႔ကုိ ထားမသြားဘူးေလ Mommy ......တကယ္ခ်စ္တဲ့သူက အလုပ္မ်ားေနေန ဘာျဖစ္ေနေန စိတ္ပ်က္ၿပီး ထားမသြားဘူးလုိ႔ ဆရာမ ေျပာတာ ၾကားဖူးတယ္ Mommy "

"အ့ဲလုိ မေျပာပါနဲ႔ Mommy အမွားေတြလည္း ပါတယ္ေလ သမီးရဲ႕ Mommyကမွ သူ႔ကုိ ေသခ်ာ ဂ႐ုမစုိက္ႏုိင္ခဲ့တာ "

Taeyeon အသံက ဝမ္းနည္းေနတဲ့ပုံေပါက္ေတာ့ Seoyeonမွာ ခ်က္ခ်င္းဘဲ သူ႔အေမကုိ ႏွစ္သိမ့္လုိက္သည္

"Mommy.... ဘာျဖစ္ေနေန သမီးက Mommyနားမွာ အျမဲ ႐ွိေနမွာပါ Mommyကုိ ထားမသြားဘူး "

"ဟုတ္ပါၿပီ "

"ၿပီးက် Tiffanyကလည္း Mommyကို အျမဲ ဂ႐ုစုိက္ေပးမွာ Mommy ကလည္း Tiffanyကို ဂ႐ုစိုက္ေပးရမယ္ေနာ္ "

"ဟုတ္ပါၿပီ Mommy ဂ႐ုစုိက္ေပးပါမယ္ "

Taeyeon သူ႔သမီး မူႀကိဳကုိေရာက္ေတာ့

"ကဲ သမီးေလး မူႀကိဳေရာက္ၿပီ.....စာေသခ်ာသင္ခဲ့ေနာ္ "

"Nae Mommy "

Seoyeonေလးမွာ Taeyeonကို လက္ျပႏႈတ္ဆက္ၿပီး မူႀကိဳထဲ ဝင္သြားသည္

Taeyeon လည္း သူ႔companyဆီသုိ႔ ေမာင္းလာလုိက္သည္

Carကုိ ပါကင္ထုိးၿပီးေနာက္ companyထဲ ဝင္လာစဥ္ Companyက Lobbyထဲ ေစာင့္ေနသူေၾကာင့္ Taeyeon မ်က္ႏွာပ်က္သြားသည္

"Taeyeon "

သူမကေတာ့ တစ္ျခားသူမဟုတ္ Taeyeon ခ်စ္ခဲ့ဖူးေသာ မိန္းမ....တစ္ျခားေယာကၤ်ားအတြက္နဲ႔ Taeyeonနဲ႔ သမီးကုိ ထားသြားေသာ မိန္းမျဖစ္သည္

"မင္း ဘာလာလုပ္တာလည္း ညေနမွ Seoyeonနဲ႔အတူ မင္းကုိ မုန္႔ဆုိင္မွာလာေတြ႔မယ္လု႔ိ ေျပာထားတယ္ေလ "

"ေျပာစရာ႐ွိလုိ႔ပါ "

"Ok ႐ုံးခန္းလုိက္ခဲ့ "

Taeyeonလည္း သူ႔မိန္းမကုိ ႐ုံးခန္းသုိ႔ ေခၚသြားေလသည္

"မင္းန႔ဲ မင္း သတုိ႔သားေရာ အေျခအေနက ဘယ္လုိလည္း ဘယ္ေန႔ လက္ထပ္ၾကမွာလည္း "

"ငါတုိ႔ လက္ထပ္ပြဲဖ်က္ၿပီး လမ္းခြဲလုိက္ၿပီ "

Taeyeon ပခုံးတြန္႔ၿပီး

"Too bad ဒါနဲ႔ မင္းက ဒီကုိ ဘာလာလုပ္တာလည္း "

"ငါ နင္တုိ႔ကုိ ေတာင္းပန္ဖုိ႔လာတာပါ Seoyeonနဲ႔ နင့္ကုိ ငါ ထားမသြားသင့္ဘူး ငါ ငါနင့္ကုိ နာက်င္ေအာင္ မလုပ္ခဲ့သင့္ဘူး Taeyeon "

Taeyeon သက္ျပင္းခ်ကာ

"ဒီမယ္ Seolhyun မင္း ငါ့ဆီက ခြင့္လႊတ္မႈလုိခ်င္တယ္ဆုိရင္ ငါ မင္းကုိ ခြင့္လႊတ္ပါတယ္ ဒါေပမယ့္ မင္းကုိ ျပန္လက္ခံဖုိ႔ ေျပာရင္ေတာ့ အေျဖက Noဘဲ Seolhyun.....မင္းေၾကာင့္ ငါတုိ႔ ေသေလာက္ေအာင္ နာက်င္ခဲ့ၿပီးၿပီ "

Taeyeonရဲ႕ စကားေၾကာင့္ Seolhyunငုိေလသည္

Taeyeon ျငင္းဆန္မႈေၾကာင့္ Taeyeonကို ေသြးေအးတဲ့သူလို႔ ထင္ၾကလိမ့္မယ္ ဒါေပမယ့္ သူ Taeyeonကို သစၥာေဖာက္ခ့ဲတယ္

အျမဲတမ္း အလုပ္မ်ားေနၿပီး ဂ႐ုမစုိက္ဘူးဆုိတဲ့အေၾကာင္းျပခ်က္ႀကီးနဲ႔ ေနာက္လူေနာက္ Seolhyun ပါသြားတယ္

အ့ဲလုိ မိန္းမတစ္ေယာက္ကုိ Taeyeon ထပ္ၿပီး ယုံၾကည္ႏုိင္ေတာ့မလား

"ဒါဆုိ နင္ ငါ့ကုိ လက္မခံေတာ့ဘူးေပါ့ "

Taeyeon ေခါင္းညိတ္ျပေတာ့ Seolhyun ငုိၿပီး ထြက္သြားေလသည္

Taeyeon စိတ္႐ႈပ္တာနဲ႔ သူ႔ဖုန္းက wallpaper ေလးကုိ ၾကည့္လုိက္သည္

သူ႔သမီး Seoyeon ပုံေလး ျမင္ေတာ့ Taeyeon စိတ္႐ႈပ္တာေတြ ေပ်ာက္ၿပီး ျပံဳးမိသည္

ထုိစဥ္ Seoyeon ရဲ႕ မူႀကိဳဆရာမဆီက ဖုန္းဝင္လာေတာ့ Taeyeon ph ကုိင္လုိက္သည္

"Hello "

Taeyeon မီးသတ္ကားသံေတြေၾကာင့္ စိတ္ပူသြားသည္

"Hello Mrs.Kim ....Hello Hello "

ဆူညံေနတဲ့ မီးသတ္ကားသံေတြေၾကာင့္ Taeyeon ဖုန္းခ်လုိက္ၿပီး သူ႔သမီး မူႀကိဳ႐ွိရာသုိ႔ အျမန္ ေမာင္းသြားေလသည္

မီးပိြဳင့္ေတြကို ဂ႐ုမစုိက္ႏုိင္ဘဲ သူ႔သမီး႐ွိရာ မူႀကိဳသာ အျမန္ေမာင္းသြားသည္

မူႀကိဳကုိေရာက္ေတာ့ ျပာက်ေနတဲ့ အေဆာက္အဦးရယ္ အေလာင္းေတြေ႐ွ႕မွာ ထုိင္ငုိေနတဲ့ မူႀကိဳဆရာမကို ျမင္ေတာ့ Taeyeon ထိတ္လန္႔သြားသည္

"Seoyeon yahhhh"

Taeyeon သူ႔သမီး အေလာင္းကုိ ျမင္ေတာ့ ယူၾကံဳးမရေအာင္ ငုိေလသည္

"စိတ္မေကာင္းပါဘူး Mrs.Kim...တကယ္ဆုိ Seoyeonေလးက ကြၽန္မနဲ႔ အတူ႐ွိေနလုိ႔ အျပင္ကုိ ေရာက္ႏွင့္ၿပီးပါၿပီ သူ႔အေမလုပ္ေပးတဲ့ အ႐ုပ္မေလးက်န္ခဲ့လုိ႔ဆုိၿပီး....အထဲကို ေျပးဝင္သြားခဲ့တာကေန "

"Seoyeon သမီးေလး သမီး..... သမီး Mommy လာၿပီေလ သမီးရာ Mommyကို ဘာလုိ႔ အ့ဲလုိႀကီး ထားသြားတာလည္း......Seoyeonေလး "

Taeyeon ယူၾကဳံးမရျဖစ္ၿပီး ငုိေနစဥ္......Seoyeon အေလာင္းေဘးနားက အ႐ုပ္မေလးမွာလည္း Taeyeon ကုိ ၾကည့္ၿပီး မ်က္ရည္က်လာသည္....

#TBC

Taeyeon ကုိယ္တုိင္လုပ္ထားတဲ့ အ႐ုပ္မေလးဟာ အသက္ဝင္ေနမွန္း Taeyeon သိရင္...။ဘာဆက္ျဖစ္မလည္း......

#unicode

"Seoyeon သမီး မူကြိုနောက်ကျတော့မှာဘဲ အမြန် လုပ်နော် "

Taeyeon အိမ်ရှေ့ကနေ အိမ်ထဲက သူ့သမီးကို လှမ်းအော်ပြောလိုက်သည်

"လာပြီ Mommy "

Seoyeon အိမ်ထဲကနေ ပြန်တုံ့ပြန်သည်

"မြန်မြန်လုပ် ကောင်မလေးရေ "

Taeyeon ပြန်အော်ပြန်သည်

"ရောက်ပြီ Mommy "

Seoyeonလေးမှာ အိမ်ပြင်ရောက်လာပြီး ကားပေါ်ကို တက်လိုက်သည်

Taeyeon သူ့သမီးကို ခါးပတ်ပတ်ဖို့ ကားတံခါးဆွဲဖွင့်လိုက်သည်

"ခါးပတ်ပတ်မယ် သမီးလေး Oh ဒီအရုပ်ကို ထပ်ယူလာပြန်ပြီလား "

Taeyeonမှာ သူ့သမီးက အရုပ်မလေးကို ဖက်ထားတာကို မြင်ပြီး မေးလိုက်သည်

"ဟုတ်တယ် Mommy......Tiffanyက သမီး သူငယ်ချင်းလေ သမီး ဘယ်သွားသွား သူ့ကိုအမြဲ ခေါ်သွားမှာ "

"Ok ok သမီးခေါ်သွားချင်တယ်ဆိုလည်း ခေါ်သွားနော် ဒါပေမယ့် စာသင်ချိန်ကျ သူ့ကို ငြိမ်ငြိမ်နေခိုင်းနော် "

"Nae....."

Taeyeonလည်း သူ့သမီးကို ခါးပတ်ပတ်ပေးပြီး ကားပေါ်တက်ကာ ကားအင်ဂျင်စက်နှိုးလိုက်သည်

"Ready ဖြစ်ပြီလား သမီး "

"Nae...."

"ဒါဆို သွားစို့ "

Taeyeon ကားမောင်းရင်း ကားမှန်ကနေ ကားနောက်ခန်းက သူ့သမီးကို လှမ်းကြည့်နေသည်

သူ့သမီးလေးမှာ သူမ လုပ်ပေးထားတဲ့ အရုပ်မလေးနဲ့ ဆော့နေသည်

ဟုတ်ပါတယ် Tiffany ဆိုတဲ့ ဘိုမရုပ်လေးကို Taeyeon ကိုယ်တိုင် လုပ်ပြီး သူ့သမီးကို မွေးနေ့လက်ဆောင်ပေးထားတာပါ.....ပြီးကျ Taeyeonက Seoul မြို့ရဲ့ နာမည်ကြီးဆုံး အရုပ်တွေထုတ်တဲ့ company ပိုင်ရှင်လေ

"ဒါနဲ့ သမီးလေး....သမီးလေးရဲ့ မေမေ Seolhyunက သမီးလေးကို စကားပြောချင်လို့တဲ့ ".

Taeyeon ပြောတော့ Seoyeonလေးမှာ ဝမ်းနည်းတဲ့မျက်နှာဖြင့်

"Mommy သမီး သူနဲ့ စကားမပြောချင်ဘူး "

Taeyeon သက်ပြင်းချပြီး
"ခဏလေးပါ သမီးရယ် သူက သမီးကို သတိရနေတာ "

"သတိရတယ်သာ ပြောတယ် သမီးတို့ကိုကျ ပစ်ထားတယ် သူသာ သမီးတို့ကို တကယ်ချစ်ရင်..... သမီးတို့ကို ထားမသွားဘူးလေ Mommy ......တကယ်ချစ်တဲ့သူက အလုပ်များနေနေ ဘာဖြစ်နေနေ စိတ်ပျက်ပြီး ထားမသွားဘူးလို့ ဆရာမ ပြောတာ ကြားဖူးတယ် Mommy "

"အ့ဲလို မပြောပါနဲ့ Mommy အမှားတွေလည်း ပါတယ်လေ သမီးရဲ့ Mommyကမှ သူ့ကို သေချာ ဂရုမစိုက်နိုင်ခဲ့တာ "

Taeyeon အသံက ဝမ်းနည်းနေတဲ့ပုံပေါက်တော့ Seoyeonမှာ ချက်ချင်းဘဲ သူ့အမေကို နှစ်သိမ့်လိုက်သည်

"Mommy.... ဘာဖြစ်နေနေ သမီးက Mommyနားမှာ အမြဲ ရှိနေမှာပါ Mommyကို ထားမသွားဘူး "

"ဟုတ်ပါပြီ "

"ပြီးကျ Tiffanyကလည်း Mommyကို အမြဲ ဂရုစိုက်ပေးမှာ Mommy ကလည်း Tiffanyကို ဂရုစိုက်ပေးရမယ်နော် "

"ဟုတ်ပါပြီ Mommy ဂရုစိုက်ပေးပါမယ် "

Taeyeon သူ့သမီး မူကြိုကိုရောက်တော့

"ကဲ သမီးလေး မူကြိုရောက်ပြီ.....စာသေချာသင်ခဲ့နော် "

"Nae Mommy "

Seoyeonလေးမှာ Taeyeonကို လက်ပြနှုတ်ဆက်ပြီး မူကြိုထဲ ဝင်သွားသည်

Taeyeon လည်း သူ့companyဆီသို့ မောင်းလာလိုက်သည်

Carကို ပါကင်ထိုးပြီးနောက် companyထဲ ဝင်လာစဉ် Companyက Lobbyထဲ စောင့်နေသူကြောင့် Taeyeon မျက်နှာပျက်သွားသည်

"Taeyeon "

သူမကတော့ တစ်ခြားသူမဟုတ် Taeyeon ချစ်ခဲ့ဖူးသော မိန်းမ....တစ်ခြားယောင်္ကျားအတွက်နဲ့ Taeyeonနဲ့ သမီးကို ထားသွားသော မိန်းမဖြစ်သည်

"မင်း ဘာလာလုပ်တာလည်း ညနေမှ Seoyeonနဲ့အတူ မင်းကို မုန့်ဆိုင်မှာလာတွေ့မယ်လု့ိ ပြောထားတယ်လေ "

"ပြောစရာရှိလို့ပါ "

"Ok ရုံးခန်းလိုက်ခဲ့ "

Taeyeonလည်း သူ့မိန်းမကို ရုံးခန်းသို့ ခေါ်သွားလေသည်

"မင်းန့ဲ မင်း သတို့သားရော အခြေအနေက ဘယ်လိုလည်း ဘယ်နေ့ လက်ထပ်ကြမှာလည်း "

"ငါတို့ လက်ထပ်ပွဲဖျက်ပြီး လမ်းခွဲလိုက်ပြီ "

Taeyeon ပခုံးတွန့်ပြီး

"Too bad ဒါနဲ့ မင်းက ဒီကို ဘာလာလုပ်တာလည်း "

"ငါ နင်တို့ကို တောင်းပန်ဖို့လာတာပါ Seoyeonနဲ့ နင့်ကို ငါ ထားမသွားသင့်ဘူး ငါ ငါနင့်ကို နာကျင်အောင် မလုပ်ခဲ့သင့်ဘူး Taeyeon "

Taeyeon သက်ပြင်းချကာ

"ဒီမယ် Seolhyun မင်း ငါ့ဆီက ခွင့်လွှတ်မှုလိုချင်တယ်ဆိုရင် ငါ မင်းကို ခွင့်လွှတ်ပါတယ် ဒါပေမယ့် မင်းကို ပြန်လက်ခံဖို့ ပြောရင်တော့ အဖြေက Noဘဲ Seolhyun.....မင်းကြောင့် ငါတို့ သေလောက်အောင် နာကျင်ခဲ့ပြီးပြီ "

Taeyeonရဲ့ စကားကြောင့် Seolhyunငိုလေသည်

Taeyeon ငြင်းဆန်မှုကြောင့် Taeyeonကို သွေးအေးတဲ့သူလို့ ထင်ကြလိမ့်မယ် ဒါပေမယ့် သူ Taeyeonကို သစ္စာဖောက်ခ့ဲတယ်

အမြဲတမ်း အလုပ်များနေပြီး ဂရုမစိုက်ဘူးဆိုတဲ့အကြောင်းပြချက်ကြီးနဲ့ နောက်လူနောက် Seolhyun ပါသွားတယ်

အ့ဲလို မိန်းမတစ်ယောက်ကို Taeyeon ထပ်ပြီး ယုံကြည်နိုင်တော့မလား

"ဒါဆို နင် ငါ့ကို လက်မခံတော့ဘူးပေါ့ "

Taeyeon ခေါင်းညိတ်ပြတော့ Seolhyun ငိုပြီး ထွက်သွားလေသည်

Taeyeon စိတ်ရှုပ်တာနဲ့ သူ့ဖုန်းက wallpaper လေးကို ကြည့်လိုက်သည်

သူ့သမီး Seoyeon ပုံလေး မြင်တော့ Taeyeon စိတ်ရှုပ်တာတွေ ပျောက်ပြီး ပြုံးမိသည်

ထိုစဉ် Seoyeon ရဲ့ မူကြိုဆရာမဆီက ဖုန်းဝင်လာတော့ Taeyeon ph ကိုင်လိုက်သည်

Bạn đang đọc truyện trên: Truyen3h.Co