Part 2
"Mrs.Kim နေ့လည်စာ စားချိန် ကျော်သွားပြီနော် "
Taeyeonရဲ့ အတွင်းရေးမှူးမှာ နေ့လည်စာမစားဘဲ အလုပ်ကို နင်းကန်လုပ်နေတဲ့ သူ့သူဌေးကို သတိပေးလိုက်သည်
Taeyeon လျစ်လျူ ရှုပြီး စာရွက်တွေနဲ့ အလုပ်ရှုပ်နေသည်
"Mrs.Kim လုပ်ပါ ဒီလိုမစားဘဲ နေရင် ကြာလာရင် ကျန်းမာရေးထိခိုက်လာမယ် "
"ခဏနေ လာခဲ့မယ် အခုတော့ ငါတယောက်တည်း နေချင်တယ် "
အတွင်းရေးမှူး Seulgiမှာ သက်ပြင်းချပြီး Taeyeonကို ထားခဲ့ကာ ထွက်သွားသည်
Taeyeon သူ့သမီးအကြောင်း မတွေးမိအောင် အလုပ်ကို အာရုံစိုက် လုပ်နေစဉ် ဖုန်းမြည်လာလို့ ကိုင်လိုက်သည်
"Hello "
"What the hell Kim Taeyeon နင့်ရဲ့ အတွင်းရေးမှူးက ငါ့ဆီဖုန်းဆက်တယ် နင် ထမင်းလည်း မစားဘူး အလုပ်ဘဲ နင်းကန်လုပ်နေတယ်ဆိုပြီး ပြောနေတယ် နင့် သမီးရှိရာ နတ်ပြည်လိုက်သွားမလို့ဆိုပြီး မပြောနဲ့နော် ငါက နတ်ပြည်ထိ လိုက်ဆွဲချပြီး နင့်ကို ငရဲပြည် ပို့ပစ်မယ် အပိုလုပ်နေတာ ရပ်ပြီး ထမင်းစား အေး မစားလို့ကတော့ ငါကိုယ်တိုင် လိုက်ခွံ့ကျွေးမှာ Choi Sooyoungကို ဘာမှတ်နေလည်း"
"အာ..... "
Taeyeon စကားမဆုံးသေး Sooyoung phချသွားသည်
"နားတွေကို ပူထူသွားတာဘဲ အော်လိုက်တာဆိုတာ "
Taeyeon ရေရွတ်ပြီး လုပ်လက်စအလုပ်ကို ဆက်လုပ်နေသည်
"ငါ သိတယ် သူ စကားနားမထောင်ဘူးဆိုတာ လာစမ်း Kim Taeyeon "
ဝုန်းခနဲ တံခါးပွင့်လာသံနဲ့အတူ သူမကို ဆွမ်းကြီးလောင်းဖို့ ဝင်လာကြသော Yuri Sooyoung Hyoyeonတို့ကို မြင်တော့ Taeyeon တံတွေးမျိုချမိသွားသည်
Taeyeon ထပြေးမယ်လုပ်တော့ သုံးယောက်လုံးက Taeyeon ရှေ့ပိတ်ရပ်ပြီး
"နင် ဘယ်မှထွက်ပြေးဖို့ မကြိုးစားနဲ့ Kim Taeyeon "
Taeyeon သူတို့သုံးယောက်ကြားက လှစ်ခနဲပြေးသော်လည်း ရုံးခန်းတံခါးက အပြင်ကနေ ပိတ်ထားသည်
"Seulgi တံခါးဖွင့်ပေး "
"Sorryပါ... chaw သူတို့ အမိန့်နားထောင်ရမှာမို့ "
Hyoyeonမှာ သူ့အိတ်ထဲက ထမင်းဘူးကို ထုတ်ပြီး
"Come On Tae ထမင်းတစ်ဇွန်းက မင်းကို မထိခိုက်စေပါဘူး "
Taeyeon လည်း သက်ပြင်းချပြီး
"ငါ ပြောမယ် ငါ ထမင်းစားချင်စိတ်လည်း မရှိဘူး အလုပ်လုပ်မှဖြစ်မယ် မဟုတ်ရင် Seoyeon ကို ငါ သတိရလွန်းလို့ ရူးမတတ်ဖြစ်နေလိမ့်မယ် "
"ဒါဆို မင်း အလုပ်လုပ်နေရင် Seoyeonကို မေ့သွားမယ်ပေါ့ ဟုတ်လား နင်က သူ့ကို မေ့ဖို့ကြိုးစားနေတာ သူသိရင် ....."
Sooyoung ပြောတော့ Taeyeon သူ့ထိုင်ခုံမှာပြန်ထိုင်ပြီး
"အဲ့လိုသဘောမျိုး မဟုတ်ဘူးလေ Sooyoung....ငါက ဆုံးရှုံးလိုက်ရတဲ့ နာကျင်မှုကို မေ့ပျောက်ထားချင်တာ သူက ငါ ပိုင်ဆိုင်တဲ့ ရတနာလေးဖြစ်ပြီး သူ့ကိုငါ မကာကွယ်ခဲ့နိုင်ဘူး "
Taeyeon ပြောပြီး မျက်ရည်တွေကျလာသည်
"အဲ့တာ နင့်အမှား မဟုတ်ပါဘူး Taeyeonရာ ဖြစ်ချိန်တန်လို့ ဖြစ်သွားကြတာချည်းဘဲ လူဆိုတာ သေမျိုးဘဲလေ "
Taeyeonရဲ့ ပခုံးကို ပုတ်ပြီး Hyoyeon နှစ်သိမ့်လိုက်သည်
"ဟုတ်တော့ ဟုတ်ပေမယ့် သူ့ကို ဒီလိုမျိုး ဆုံးရှုံးရလိမ့်မယ်လို့ တစ်ခါမှ တွေးမထားမိဘူး "
"Taeyeon သူက ငါတို့ရဲ့ နတ်သမီးလေးပါ ငါတို့ရဲ့ နတ်သမီးလေးကို ငါတို့ ဆုံးရှုံးလိုက်ရတယ် သူ မွေးကတည်းက နင်နဲ့ အတူ ငါတို့ သူ့ဘေးမှာ ရှိနေခဲ့တာဘဲ သူငိုရင် ငါတို့ချော့ကြတယ် သူနဲ့အတူ ငါတို့ဆော့ကစားကြတယ် နင် အခုလို ဖြစ်နေတာကို Seoyeon သိရင် သူ စိတ်မကောင်းဖြစ်မှာပေါ့ "
"နင့်မှာ ငါတို့ရှိပါသေးတယ် Taeyeonရာ ငါတို့က သူငယ်ချင်းမဟုတ်ဘူးလေ မိသားစုလိုတောင် ဖြစ်နေပြီမလား "
"အင်းပါ ငါ ဖြည်းဖြည်းချင်းနေတတ်လာအောင် ကြိုးစားပါမယ်"
"ကဲ လိမ်မာတယ်....နင့်အတွက် Hyoyeon ဈေးသွားပြီး ချက်ပြုတ်လာတဲ့ အမဲရိုးစွပ်ပြုတ်လေး အားရှိအောင် သောက်လိုက်အုံး "
Taeyeon သူ စားဖို့ ထမင်းဟင်းတွေ ပြင်ဆင်ပေးနေတဲ့ သူ့သူငယ်ချင်းတွေကို ကြည့်ရင်း မျက်ရည်ထပ်ကျလာပြန်သည်
Taeyeon အိမ်ကို ပြန်ရောက်တော့ အရင်လို သူ့ဘေးနား တီတီတာတာပြောပြီး ဆော့ကစားမယ့် Seoyeonလေး မရှိတော့ အိမ်ကြီးဟာ ခြောက်ကပ်နေသည်
Taeyeon ခေါင်းမူးလာလို့ ခဏလောက် အိပ်ဖို့ တွေးပြီး သူ့အခန်းဘက် လျှောက်လာစဉ် မိန်းကလေးတစ်ယောက် ရှိုက်ငိုသံကို ကြားလိုက်ရသည်
Taeyeon သူများ နားကြားမှားတာလားဆိုပြီး လမ်းလျှောက်ရာက ရပ်ပြီး နားထောင်ပေမယ့် ငိုသံနဲ့ရှိုက်သံက ပိုကျယ်လာသည်
Taeyeon သူ့အခန်းတံခါးကို ဖွင့်ကြည့်တော့ ဘာမှမတွေ့ပေ....သို့သော် ငိုသံက ပျောက်မသွားသေး
"Seoyeon လေးများ ငါ့ကို ခြောက်နေတာလား "
Seoyeonရဲ့ အရုပ်တွေထားရာ အခန်းကို သွားကြည့်တော့ အခန်းထဲက ငိုသံကြားရတယ်.....
Taeyeon စိတ်ကို တင်းတင်းထားပြီး အခန်းတံခါးကို ဖွင့်လိုက်တော့ ဘာကိုမှမတွေ့သလို ငိုသံလည်း ပျောက်သွားသည်.....
အရုပ်တွေကို တစ်ချက် Taeyeon ကြည့်ရင်း ခုံပေါ်က ပြုတ်ကျနေတဲ့ Tiffany အရုပ်လေးကို တွေ့တော့ Taeyeon ကောက်ယူပြီး ခုံပေါ်ကို တင်လိုက်သည်
"မင်းနဲ့ ကစားနေကျ ပိုင်ရှင်မရှိတော့ မင်း ဝမ်းနည်းနေမှာပေါ့ "
Tiffanyကို စိုက်ကြည့်ပြီး ပြောရင်း Tiffany မျက်ရည်တွေကျနေတာ မြင်တော့ Taeyeon လန့်သွားသည်
"အရုပ်မက ငိုနေတယ်! ဟာ မဖြစ်နိုင်တာ ငါ အယောင်ယောင်အမှားမှား ဖြစ်နေတာပါ....အရုပ်က ဘယ်လိုငိုမှာလည်း....ကဲ အခန်းထဲက အရုပ်တွေရေ အထီးမကျန်နဲ့တော့နော် မနက်ဖြန်ကျ မင်းတို့ အားလုံးကို ပိုင်ရှင်အသစ်ဆီ လိုက်ပို့ပေးမယ် "
Taeyeon အရုပ်တွေကို ကြည့်ပြီး ပြောကာ အခန်းထဲက ထွက်သွားသည်
#TBC
Bạn đang đọc truyện trên: Truyen3h.Co