Part 14
#zawgyi
Flashback
"ဘာတွေ ပြောနေကြတာလည်း "
End of Flashback
"ဘာတွေ တွေးနေတာလည်း "
"ဒိတ်....ဒိတ်ဆိုတာ ပြက္ခဒိန်ကဟာမျိုးလား Seoyeonပြောတာ ကြားဖူးလို့ "
"Aww "
"Come on"
"Tae....ဒါက ..."
"ဟုတ်လား "
"လာ မင်းကို အင်္ကျီဝယ်ပေးမယ် "
အင်္ကျီဆိုင်တွင် Tiffanyကို ဂါဝန်လှလှလေး အစမ်းဝတ်ခိုင်းပြီး Taeyeon စောင့်နေချိန်
"Hey Taengoo "
"Jessica....."
Taeyeonတို့ ဖက်နေကြတာ မြင်တော့ Tiffany သဝန်တိုပြီး Taeyeon လက်မောင်းကို ဆွဲလိုက်သည်
"Taeyeon နင် အရမ်းလှတဲ့ ကောင်မလေး ရထားတာကို မပြောနဲ့ လျိုထား ကြားလား ဟွန့် "
"ဘယ်မှာလည်း ဒီမှာလား "
"ဟုတ်ပါ့ "
Jessica စကားမဆုံးသေး
"Yeoboo "
Seolhyun မေးသောအခါ
Seolhyunမှာ ရှက်ပြီး
#tbc
#unicode
Flashback
Taeyeon အခန်းတံခါးဆောင့်ဖွင့်ဝင်သွားတော့ Yuriနဲ့ Hyoyeon တို့ တိုးတိုးတိတ်တိတ်နဲ့ စကားပြောနေကြသည်
"ဘာတွေ ပြောနေကြတာလည်း "
Tiffany သိချင်တာနဲ့မေးလိုက်သည်
"Taeyeonက ချစ်တယ်ဆိုတာ ပြောဖို့ ငြင်းနေတာကို အတင်းတုပ်နေတာ "
Yuriဆီက ချစ်တယ်ဆိုတဲ့ စကားလုံးလေးကြားတော့ Tiffany ရင်ထဲ တလှပ်လှပ်နဲ့ ခံစားရသည်
"ချစ်တယ်.....အဲ့တာက ဘာအဓိပ္ပါယ်လဲဟင် "
Tiffanyလည်း မေးရော Yuriတို့ Devil smile တွေနဲ့ပြုံးပြီး
"မင်းနဲ့ Taeyeon တစ်ယောက်ပေါ်တစ်ယောက် ခံစားချက်ရှိနေတာကို ပြောတာ "
"ဟင်....Hyoyeon ဘာပြောတာလည်း ငါ နားမလည်ဘူး "
"Taeyeonကို မေးကြည့်လိုက် သွား.... ငါတို့လည်း ပြန်တော့မယ် အေးဆေးစကားပြောကြနော် "
Tiffany ကို Taeyeon အခန်းရှေ့ Yuri လိုက်ပို့ပြီး ထွက်ပြေးသွားကြသည်
End of Flashback
"Tiffany ဘာတွေတွေးနေတာလည်း လာလေ "
Tiffany တံခါးပေါက်မှာ ရပ်ပြီး တွေးနေသောကြောင့် Taeyeon မှာ Tiffanyရဲ့ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်
"ဘာတွေ တွေးနေတာလည်း "
"ဘာ ဘာမှမဟုတ်ပါဘူး ဘယ်သွားမလို့လည်း "
"မင်း မြို့ထဲ မရောက်ဖူးသေးဘူးမလား ကိုယ် လိုက်ပို့မယ် ဒိတ်လုပ်ကြတာပေါ့ "
"ဒိတ်....ဒိတ်ဆိုတာ ပြက္ခဒိန်ကဟာမျိူ းလား Seoyeonပြောတာ ကြားဖူးလို့ "
Tiffany စကားကြောင့် Taeyeon သဘောကျပြီး ရယ်လိုက်သည်
"မဟုတ်ပါဘူး ဒိတ်ဆိုတာ လူနှစ်ယောက်တည်း လျှောက်သွားကြတာကို ပြောတာ "
"Aww "
"Come on"
Taeny တို့ ကားဖြင့် မြို့ထဲသို့ ထွက်လာကြသည်
ကြီးမားတဲ့ အဆောက်အဦးရှေ့ရောက်တော့ Taeyeonကားရပ်လိုက်သည်
Tiffany ကားပေါ်က ဆင်းတော့ Taeyeonလည်း ကားပါကင်ထိုးပြီး Tiffany လက်ကို တွဲလိုက်သည်
"Tae....ဒါက ..."
"Shopping Mallလို့ခေါ်တယ် ဒီအဆောက်အဦးထဲ မင်းကြိုက်တဲ့ အဝယ်အစား အစားအသောက် ပစ္စည်း အစုံဝယ်လို့ရတယ် "
"ဟုတ်လား "
"လာ မင်းကို အကျႌဝယ်ပေးမယ် "
Taeny တို့ mall ထဲကို ဝင်သွားကြသည်
အကျႌဆိုင်တွင် Tiffanyကို ဂါဝန်လှလှလေး အစမ်းဝတ်ခိုင်းပြီး Taeyeon စောင့်နေချိန်
"Hey Taengoo "
"Jessica....."
Taeyeonနဲ့ Jessicaတို့ တစ်ယောက်ကိုတစ်ယောက် ဖက်လိုက်စဉ် Tiffany အဝတ်လဲခန်းထဲက ထွက်လာသည်
Taeyeonတို့ ဖက်နေကြတာ မြင်တေ့ာ Tiffany သဝန်တိုပြီး Taeyeon လက်မောင်းကို ဆွဲလိုက်သည်
"Aww Tiffany အိုး လှလိုက်တာ "
Taeyeonမှာ နောက်ကို လှည့်ကြည့်တော့ ဂါဝန်အနီလေးနဲ့ Tiffanyကို မြင်ပြီး အရမ်းအံ့သြနေသည်
"Taeyeon နင် အရမ်းလှတဲ့ ကောင်မလေး ရထားတာကို မပြောနဲ့ လျိူထား ကြားလား ဟွန့် "
Jessica မျက်စောင်းထိုးတော့ Taeyeon ရယ်ပြီး
"Tiffany သူက Yuri ရဲ့ ချစ်သူ Jessicaလေ "
"ဘာ ချစ်သူလည်း သူ့ကိုအခုထိ အဖြေမပေးရသေးပါဘူးနော် "
"နင်ကလည်း မူနေ ငါတောင် ကလေးတစ်ယောက် ရပြီး နောက်မိန်းမရတော့မယ် နင်က မူကောင်းတုံး ဘိုးဘွားရိပ်သာရောက်မှ Yuri ကို အဖြေပြန်ပေးမှာလား Jessica....."
"အေးပါဟာ ဒါနဲ့ ငါ ဟိုတစ်ယောက်ကို တွေ့ခဲ့တယ် "
"ဘယ်မှာလည်း ဒီမှာလား "
"ဟုတ်ပါ့ "
Jessica စကားမဆုံးသေး
"Yeoboo "
Seolhyunရဲ့ ရုံပတီသီးလို ချွဲပစ်တဲ့အသံကြောင့် Taeyeon မျက်နှာကြီး ရှုံ့မဲ့သွားတယ်
"Yeoboo shopping ထွက်နေတာလား "
Tiffany လက်ကို Taeyeon တွဲလိုက်တော့ Seolhyun မျက်နှာ ပျက်သွားသည်
"သူက ဘယ်သူလည်း ဟဲ့ နင် ငါ့ yeoboo နဲ့ ဘာလုပ်နေတာလည်း "
Seolhyun မေးသောအခါ
"ဒိတ်နေတာလေ ဘာလို့လည်း "
သူ သိထားသလို ပြောလိုက်တဲ့ Tiffany စကားကြောင့် Jessicaရော Taeyeonရော သဘောကျပြီး ရယ်လိုက်ကြသည်
Seolhyunမှာ ရှက်ပြီး
"ကောင်မ နင်ကများ Taeyeon အငယ်အနှောင်းအဖြစ် နေရတာကို ဘဝမှတ်နေတာလား "
Seolhyun စိတ်တိုပြီး Tiffany ကို ရိုက်မယ်လုပ်တော့ Taeyeon ရှေ့ကနေ ဝင်ကာပြီး
"Seolhyun မင်း မမိုက်ရိုင်းနဲ့ မင်းနဲ့ငါက ကွာရှင်းပြီးသား...သူ့ကို အငယ်အနှောင်းလို့ ပြောစရာမလိုဘူး ထပ်ပြီး သူ့ကို လက်ပါဖို့မပြောနဲ့ စကားနဲ့ နာကျင်အောင် ပြောရဲပြောကြည့် တရားရုံးမှာ တွေ့ကြတာပေါ့....Jessica နောက်မှ အေးဆေးတွေ့ကြတာပေါ့ ....Honey လာ သွားမယ် "
Tiffany လက်ကိုတွဲပြီး Seolhyun ကို တိုက်ပစ်ကာ Taeyeon ဆိုင်က ထွက်လာလိုက်သည်
Mall အပြင်ဘက် ကားပါကင်ကို ရောက်တော့
"Tiffany ခုနကအတွက် ကိုယ် တောင်းပန်ပါတယ် ခုကစပြီး မင်းကို ဘယ်သူမှ အန္တရာယ် မပေးနိုင်အောင် ကိုယ် ကာကွယ်ပေးပါမယ် "
Taeyeonပြောပြီး Tiffanyရဲ့ နဖူးကို နမ်းလိုက်သည်
#tbc
Bạn đang đọc truyện trên: Truyen3h.Co