Truyen3h.Co

Living Doll

Part 13

KimFany059

#zawgyi






"ဘာမေးမလို့လည်း "








"သဝန်တိုတယ်ဆိုတာက မင်းချစ်ပြီး ဂရုစိုက်တဲ့သူက တစ်ခြားသူကို ချစ်ပြီး ဂရုစိုက်မှာကို မလိုလားတဲ့ခံစားချက်မျိုး ဒါမှမဟုတ် မင်းမှာမရှိတဲ့အရာက သူများထဲရှိနေတဲ့အခါ လိုချင်လာတဲ့ ခံစားချက်မျိုးတဲ့ Taeက အဲ့လိုပြောဖူးတယ် ဒါဆို Taeက Chawကို ချစ်နေတာလား "





"အား မသိတော့ဘူး "




"Tae Tae...."


"Omm "




"Tae...."










"ဟမ်...."







#tbc

#Unicode

Tiffany အကြောင်း သိတဲ့နေ့က စပြီး Yuriတို့ Taeyeon အိမ်ကို နေ့တိုင်းနီးပါး လာလည်နေကြသည်

အဆိုးဆုံးကတော့ Yuriနဲ့ Hyoyeon....Taeyeonတောင် တစ်ခါတစ်ခါ သူ့သူငယ်ချင်းတွေကို အမြင်ကတ်နေမိသည်

"Tiffany မင်းကို ငါ မေးစရာရှိတယ် "

Yuri စကားကြောင့် Taeyeon Tv ကြည့်နေရာကနေ မသိမသာ Tiffanyကို လှမ်းကြည့်လိုက်သည်

Tiffanyကတော့ ဧည့်ခန်းထဲ တံမြက်စည်းလှည်းနေရာကရပ်ပြီး

"ဘာမေးမလို့လည်း "

Tiffany ပြုံးပြီး ပြန်ပြောလိုက်တော့ Taeyeon အံ့သြပြီး မျက်ခုံးပင့်မိသွားသည်

"အံမယ် ငါ့အပြင် သူက တခြားသူတွေနဲ့တောင် တရင်းတနှီးပြောနေတယ် "

"မင်း ဘာလို့ အရမ်းချစ်ဖို့ကောင်းနေတာလည်း "
Yuri မျက်စိမှိတ်ပြပြီး မေးတော့ Taeyeon မျက်မှောင်ကြုတ်မိသွားတယ်

Tiffany ပြန်မဖြေခင် Taeyeon ကြားဖြတ်ဝင်ဖြေလိုက်သည်

"ဘာလို့လည်းဆိုတော့ ငါ ဖန်တီးထားလို့ပေါ့ဟဲ့ ပေါက်ကရမေးတာတွေ ရပ်တော့ "

"နေပါအုံး Yuriက သူ့ဘာသာသူ မေးတာကို နင်က ဘာတွေဖြစ်နေတာလည်း သဝန်တိုနေတာလား "

Hyoyeon စကားကြောင့် Taeyeon ရှက်ပြီး နာရွက်တွေ နီရဲလာတယ်

"သဝန်တိုတယ်ဆိုတာက မင်းချစ်ပြီး ဂရုစိုက်တဲ့သူက တစ်ခြားသူကို ချစ်ပြီး ဂရုစိုက်မှာကို မလိုလားတဲ့ခံစားချက်မျိူ း ဒါမှမဟုတ် မင်းမှာမရှိတဲ့အရာက သူများထဲရှိနေတဲ့အခါ လိုချင်လာတဲ့ ခံစားချက်မျိုးတဲ့ Taeက အဲ့လိုပြောဖူးတယ် ဒါဆို Taeက Chawကို ချစ်နေတာလား "

Hyoyeon စကားကို Tiffany ပြန်ဖြေလိုက်သည်

Tiffany စကားကြောင့် Taeyeon ရင်တွေအရမ်းခုန်သွားတယ်

"Tiffany မေးနေတယ်လေ ပြန်ဖြေလိုက် Taeyeon "

Sooyoungက ကြားကနေ ဝင်မြှောက်ပေးနေပြန်သည်

"အား မသိတော့ဘူး "
Taeyeon အော်ပြီး အခန်းထဲ ပြေးဝင်သွားတယ်

Taeyeon ကုတင်ပေါ်ထိုင်လိုက်ပြီး

"Ash ငါ ဘာလို့ အဲ့လိုဖြစ်နေရတာလည်း....Tiffany အပေါ် အဲ့လို မဖြစ်ရဘူးလေဟာ ဟိုကောင်တွေ ပြောသလို ဖြစ်နေတာလား....fuck ဘာလို့ ရင်တွေအရမ်းခုန်နေရတာလည်း ....ထပ်ချစ်လို့ မရဘူးနော် တစ်ခါခံရဖူးပြီးသား Taeyeon.....ဒါပေမယ့်လည်း Tiffanyက Seolhyunနဲ့ မတူပါဘူးဆိုတာ ငါ သိတယ်ဆိုပေမယ့် ငါ တွေဝေနေမိတယ် ဟုတ်ပါတယ် Tiffanyက လှတယ် ရိုးသားတယ် ဖြူ စင်တယ် စိတ်ထားလှတယ် Seolhyunလည်း အရင်က အဲ့လိုပါဘဲ.....Tiffanyက အရုပ်လေ...အရုပ်ပြန်ဖြစ်သွားရင်ရော "

Taeyeon ကုတင်ပေါ် ပစ်လှဲရင်း အတွေးပေါင်း များစွာနဲ့ ရှုပ်ထွေးနေသည်

"Tae Tae...."

Tiffany အသံကြောင့် Taeyeon ချက်ချင်းထထိုင်လိုက်သည်

"Omm "

Tiffany ပြောစရာရှိတာကို ချက်ချင်းမပြောဘဲ သူမ အောက်နှုတ်ခမ်းကို ကိုက်နေတော့ Taeyeon စိတ်ထဲ တစ်မျိုးဖြစ်လာပြီး တံတွေးမျိုချမိသွားသည်

"Umm Sooyoung တို့က ပြန်သွားပြီ.သူတို့က Taeဆီ သွားသင့်တယ်ပြောလို့ "

Tiffany ပြောပြီး အခန်းထဲဝင်လာကာ Taeyeon ဘေးနားဝင်ထိုင်လိုက်သည်

"Tae...."

Tiffany ခေါ်နေပေမယ့် Taeyeonမှာ Tiffanyကို မကြည့်ဘဲ အခန်းထဲကို လျှောက်ကြည့်နေသည်

"ဘာလို့ chawကို မကြည့်တာလည်း "

"Ahh Stop Taeyeon...ဘာမှမသိတဲ့ အရုပ်မလေးကို လျှောက်ပြီး မတွေးနဲ့ 💭"

ထိုစဉ် ရုတ်တရက် Taeyeon ph ထဲ Message ဝင်လာသည်

Taeyeon ဖွင့်ကြည့်တော့ Yuri ဆီက ဖြစ်နေတယ်

📲Taeyeon ....Tiffanyကို ငါ အရမ်း သဘောကျနေတာ ဒါပေမယ့် မင်းက သဝန်တိုနေတော့ မင်းလည်း သဘောကျနေမှာ ငါသိလို့ မင်းခံစားချက်ကို ပြောပြလိုက်ပါ ဘာနေနေ ငါတို့ မင်းဘေးနားကနေ support နေမယ်

Taeyeon သက်ပြင်းချပြီး ဖုန်းကို ပိတ်လိုက်သည်

ပတ်ဝန်ကျင်းက ရုတ်တရက် ထူးဆန်းနေသလို Taeyeon ခံစားနေရတယ်

"Tae.....ချစ်တယ်ဆိုတာ ဘာအဓိပ္ပါယ်လဲဟင် "

"ဟမ်...."

"Yuriတို့ ပြောတာ ကြားလို့ ဘာအဓိပ္ပါယ်လဲလို့ သူတို့ကိုမေးတော့ကျ လေ သူတို့က Taeyeonက ဖြေပေးလိမ့်မယ်ဆိုပြီး ပြောလို့ "

Tiffany စကားကြောင့် Taeyeon ရင်တွေ အရမ်းခုန်သွားတယ်

ထို့နောက် သူမအဖြစ်ကို သူမ သဘောကျပြီး Taeyeon အဒေါ်ကြီးအသံနဲ့ တဟားဟားရယ်လိုက်တယ်

ပြီးနောက် Tiffany လက်လေးကို ကိုင်ပြီး

"သိပ်မကြာခင်မှာ အဲ့အဓိပ္ပါယ်ကို ပြောပြမယ် ခုတော့ တစ်နေရာရာသွားရအောင်...."

Tiffany လက်ကို တွဲပြီး Taeyeon အပြင်ကိုခေါ်သွားသည်

Bạn đang đọc truyện trên: Truyen3h.Co